Chapter 37.2

399 44 2
                                    

Chapter 37.2

မက်စယ်လာ က သူမ အမေအကြောင်း ဘာကြောင့် မပြောတာလဲ… သူမကို 'သမီး' အဖြစ် ဟန်ဆောင်ထားပြီး အသုံးချချင်တာလား…

"ရောက်လာပြီလား..."

ရိုစီနာ သည် အသံကြားရာဘက်ကို ‌ကြည့်လိုက်ရာ ဥယျာဉ်အလယ်တွင် ရပ်နေသည့် ရာဟန်ကို တွေ့လိုက်ရသည်။သူမက ဘာမှပြန်မပြောဘဲ အသာ ကြည့်နေစဉ် သူက တဖြည်းဖြည်း ချဉ်းကပ်လာသည်။

"ရထားလုံးသံကြားလို့ ကိုယ် ထွက်လာတာ...”

သူမ ရှေ့မှ လျှောက်လာသည့် ရာဟန် က သူဝတ်ထားသည့် ‌အပေါ်ထပ်အင်္ကျီကို ချွတ်ပေးလိုက်သည်။ထို့နောက် သူ ၀တ်ဆင်ထားသည့် အင်္ကျီအပါးကို သူမ ပခုံးပေါ်  တင်ပေးလိုက်သည်။ ထိုမှသာ သူမသည် ပန်းခြံထဲတွင် လေအေးများ တိုက်နေမှန်း သတိထားမိသွားရသည်။လေညှင်းကလည်း သူမ ဆံပင်ကို ခါယမ်းလွင့်ခါသွားစေလောက်အောင် ပြင်းထန်လှသည်။ထို့နောက် သူမလည်း ကြောင်စီစီဖြင့် ရာဟန်ကို မော့ကြည့်လိုက်သည်။အတတ်နိုင်ဆုံး ဝမ်းနည်းနေသည့် သူမ ပုံစံကို သူ့အား မပြချင်ပေ။

"တစ်ခုခု ဖြစ်ခဲ့တာလား..."

ရာဟန်ကလည်း သူမ တစ်ခုခုဖြစ်ခဲ့သည်ကို ရိပ်မိတာကြောင့် စိုးရိမ်သွားရလေသည်။ သို့သော်လည်း သူမအပြောကိုသာ စောင့်နေမိသည်။ 

ရိုစီနာ ၏ နှုတ်ခမ်းများ အနည်းငယ် တုန်ခါသွားသည်။ သာမာန်အားဖြင့် သူမဘာသာသူမ မြိုသိပ်ထားလေ့ရှိသော်လည်း ယနေ့မှ ထူးထူးခြားခြား ပင် သူ့မျက်လုံးများကို ကြည့်ကာ အရာအားလုံးကို ပြောချင်နေခဲ့သည်။

“ဒီနေ့ ကျွန်မ မိသားစုနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ...”

မယ်စယ်လာတို့ သားအမိနှစ်ယောက်ကြောင့် သူမ စိတ်ထိခိုက်နေမှန်း သူတို့သားအမိသာ သိလျှင် ရှေ့ဆက်ပြီး စိတ်ဆင်းရဲအောင် လုပ်မှာမဟုတ်ဟု မျှော်လင့်ထားဖူးသည်။ သို့သော်၊ မက်စယ်လာတို့ သားအမိသည် သူမအား အမျိုးမျိုး ဒုက္ခပေးဖို့ရာသာ စဉ်းစားကြလိမ့်မည် ဖြစ်သည်။ထို့ကြောင့် အီလီယန် ကို ကာကွယ်ပေးရန်အတွက် များစွာ စဉ်းစားပြီးနောက် မိသားစုနှင့် သူမ၏ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ