Chapter 73

199 15 1
                                    

Chapter 73

ရာဟန် တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်မည်ဟု အကြောင်းကြားသောအခါ  ဇီဂရစ် သည် အခွင့်အရေးတစ်ခုရပြိီဟု တွေးခဲ့သည်။ ရာဟန် နှင့် သူ့ အကြားက ခြားနားချက်ကို အနည်းငယ် ပိုရှင်းလင်းအောင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် တည်ထောင်ခြင်း အခမ်းအနားတွင် မကောင်းဆိုးဝါးကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။

ရာဟန် အင်အားတောင့်လာပုံကို သူ သတိပြုမိသဖြင့် သူ့ကိုယ်ပိုင် အရည်အချင်းများကို မှူးမတ်များအား ပြသရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက် တောင်းခံပြီးနောက် မြို့တော်မှ လူအများကို စုရုံးကာ မကောင်းဆိုးဝါးများကို တစ်ကယ် အမဲလိုက်ခဲ့ရသည်။ သူ၏ မြင့်မြတ်သော နတ်တန်ခိုးတော်သည် အားနည်းသော်လည်း၊လူအင်အားကြောင့် သိပ်တော့မဆိုးပေ။သူ့ဘက်က လူများအသေအပျောက်များပြီးနောက်တွင် မကောင်းဆိုးဝါးတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် မြေအောက်ရှိ အနက်ရှိုင်းဆုံး အကျဉ်းထောင်ထဲတွင် မကောင်းဆိုးဝါးကို သော့ခတ်ပိတ်ထားခဲ့သည်။ တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သော မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ်တွင် ကြိုးအထပ်ထပ်နှင့် ချုပ်နှောင် ထားရှိသည်။ ထို့နောက် တည်ထောင်ခြင်းအခမ်းအနား မပြီးမချင်း မကောင်းဆိုးဝါးကို မေ့ဆေးပေးထားခဲ့သည်။ မေ့ဆေးကြောင့်လားမသိ၊အတန်ကြာတော့ မကောင်းဆိုးဝါးသည် အနည်းငယ် နာခံတတ်လာသည်။

ဇီဂရစ် ၏ အစီအစဉ်သည် ရိုးရှင်းသည်။ မှူးမတ်များသည်  နတ်ဆိုးကို မမြင်ဖူးသဖြင့် ကြောက်ရွံ့နေမည်ကို အခွင့်ကောင်းယူပြီး သူ၏ အစွမ်းသတ္တိကို ပြသရန် ရည်ရွယ်ထားခဲ့သည်။ မကောင်းဆိုးဝါးကို အချိန်တန်မှ လွှတ်ပေးပြီး သူက နှိမ်နင်းနိုင်ကြောင်း ပြသလိုက်မည်ဆိုလျှင် မှူးမတ်တွေအပေါ်ကို သူ လွှမ်းမိုးနိုင်လာပေမည်။ စကားအခွန်းတစ်ရာ ပြောမည့်အစား အလုပ်နှင့် တစ်ကြိမ်ပြသတာက ပိုကောင်းပေသည်။

ပွဲတော်စတင်သည့်နေ့တွင် သူသည် ရာဟန် လောက် မျက်နှာပန်းမလှပခဲ့ပေ။ ရာဟန် သည် နတ်ဘုရားဝတ်ပြုခြင်း အခမ်းအနားတွင် ယခင်နှစ်များက သူတို့သားအဖ၏ စွမ်းဆောင်ရည်ထက် များစွာပိုမိုကောင်းမွန်သော အလုပ်ကို လုပ်ဆောင်ခဲ့သည်။အကြောင်းမှာ ရိုစီနာ ကို သူအပိုင်ရထားတာကြောင့် ဖြစ်၏။သူ့အတွက် ဘာမှမဖြစ်သွားနိုင်သော်လည်း ရာဟန်၏ စွမ်းအားက သူ့ကို လှောင်ရယ်နေသလိုပင်။

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Where stories live. Discover now