Chapter 60

285 23 1
                                    

Chapter 60

ရိုစီနာ နှင့် အီဘယ်လာ တို့သည် လက်ဖက်ရည်သောက်ရင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုအကြောင်း ပြောနေကြသည်။ ဂုဏ်သိက္ခာရှိပြီး ဟန်လုပ်ပြောရသော အကြောင်းအရာများ မဟုတ်ဘဲ  ဝါသနာ သို့မဟုတ် နေ့စဉ် ကြုံရသည့် အဖြစ်အပျက်များ သို့မဟုတ် ပူလောင်သော အကြောင်းအရာများသာ။ ခဏလောက် စကားစမြည်ပြောနေရင်း၊ အီဘယ်လာ က လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။

"မင်းသမီး…မြို့ဝန်မင်း ဂျာဂန် ကို သိလား..."

ရိုစီနာ သည် မမျှော်လင့်ထားသော နာမည်ကြောင့် မျက်လုံးပြူးသွားသည်။ မြို့ဝန်မင်း ဂျာဂန် သည် သူမ ဖခင်၏ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏  အခန်းတွင် သူမ တွေ့ရှိခဲ့သောစာပိုင်ရှင်ဖြစ်သည်။ စာအိတ်ပေါ်ရှိ ဖယောင်းတံဆိပ်ကို သူမ မြင်ကတည်းက၊စာပို့သူမှာ မြို့ဝန်မင်း ဂျာဂန်မြို့ဝန်မင်း ဂျာဂန် ဖြစ်ကြောင်း သူမ သိလိုက်သည်။သို့သော်လည်း သူမနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာနေပြီး သူနေထိုင်သည့် မြို့က မြို့တော်နှင့်အတော်လေးဝေးပေသည်။မြို့ဝန်မင်းထံမှ သူမ အဖေအကြောင်းကို သိချင်မိသော်လည်း သူနှင့်တွေ့ရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။

ရိုစီနာ သည် အဘယ်ကြောင့် မြို့ဝန်မင်း ဂျာဂန် အကြောင်း ရုတ်တရက် ထပြောမှန်းကို သဘောမပေါက်သဖြင့် ကြောင်စီစီ ဖြစ်နေလေသည်။ထို့နောက် အီဘယ်လာ က တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။

"သူက ညီမရဲ့ အဖေပါ..."

ရိုစီနာ က သူမကို ခဏလောက်ကြည့်ရင်း လွဲမှားနေသလားလို့ တွေးမိတယ်။

"အဖေက အစ်မကိုတွေ့ချင်နေတယ်..."

ရိုစီနာသည် အံဩလွန်းနေသဖြင့် ဘာမှ‌တောင် ပြန်မပြောနိုင်သေးပေ။ယခင်က သူမသည် အီဘယ်လာ ၏မိဘများအကြောင်းကို မေးရန် စဉ်းတောင်မစဉ်းစားခဲ့ပေ။ အီဘယ်လာသည် အတော်လေးအဆင့်မြင့်သည့် မိသားစုမှ လာသည်ဟုသာ သိထားခဲ့၏။

"မြို့ဝန်မင်းက အခုတစ်လော ဘာတွေလုပ်နေလဲဟင်..."

ရိုစီနာ သည် ပဟေဠိ ဖြစ်နေသော မျက်နှာဖြင့် စကားကို မှုန်ဝါးဝါးပြောနေစဉ် အီဘယ်လာ က လက်ဖက်ရည်ခွက်ကို ပွတ်သပ်ကာ ပြန်ဖြေလိုက်သည်။

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Where stories live. Discover now