စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.3K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 5

1K 39 0
By Ex_0069

Unicode
Episode _ 5

တောထဲကိုရောက်တော့ သစ်ကြီးပင်တွေ၊ ခြုံနွယ်တွေကအုံ့မှိုင်းလွန်းသည်။ နွေရာသီပူပြင်းလှတဲ့အချိန်မှာတောင် ဒီတောထဲကိုစဝင်လိုက်ပြီဆိုတာနဲ့ အအေးဓာတ်ကိုခံစားလိုက်ရသည်။ အအေးဒဏ်မခံနိုင်တဲ့ဆင်ပေါက်ကို တောထဲစရောက်ကတည်းက ကျုပ်ယူလာတဲ့လက်ရှည်အင်္ကျီကိုထပ်ဝတ်ခိုင်းလိုက်ရသည်။

" ဟေ့ကောင် ဇော်ဝင်း.. မင်းတို့သုံးယောက်က သပ်သပ်စီခွဲသွားပြီး ပန်းတွေရှာချိုးခဲ့ကြ...၊ ငါတို့အိမ်အတွက်ပါ ပိုချိုးခဲ့ကြနော် "

" အဲ့တာဆို မင်းနဲ့ရှင်မွှေးက ဘာလုပ်ကြမှာလဲ "

ဇော်ဝင်းက ကျုပ်ကိုအူကြောင်ကြောင်နဲ့ပြန်မေးသည်။

" ငါတို့လည်း လိုက်မှာပါ...၊ ဒါပေမဲ့ ဒီအရှုပ်ထုပ်ပါနေတော့ သူ့ကိုထိန်းရအုံးမှာလေ.... "

" ငါ့ကို မလိုပါဘူး...၊ မင်းဘာသာ လုက်စရာရှိတာလုပ်၊ ငါ့ဘာသာ တိုးလွင်တို့နဲ့လိုက်သွားမယ် ဟွန့်! "

" ပြန်ထိုင်စမ်း!! ဆင်ပေါက် "

ကျုပ်စကားကြောင့် မကျေမနပ်နဲ့ပြန်ခံပြောပြီး လှည်းပေါ်ကနေဆောင့်အောင့်ကာဆင်းတော့မဲ့ ဆင်ပေါက်ကို ကျုပ်လေသံမာမာနဲ့ငေါက်လိုက်သည်။ အစကတည်းက ကျုပ်ခွင့်မပြုတာကို အဘနဲ့အမေဆီကပ်ချွဲပြီးလိုက်လာတာကြောင့် ဒေါသထွက်နေပါတယ်ဆိုမှ ဒင်းက ကျုပ်စကားကိုကလန်ဂဆန်လုပ်ချင်နေသေးတယ်။ ကျုပ် တော်တော်စိတ်လည်းဆိုးတယ်၊ ဒေါသလည်းထွက်တယ်။ ကျုပ်ရဲ့စိတ်ကို ဒင်းက ဘယ်လိုမှ နားမလည်ပေးဘူးဗျာ။

ကျုပ်ကို မျက်စောင်းခဲပြီး ဒင်းက နဂိုနေရာမှာပြန်ထိုင်သည်။ ကျုပ်လည်း ပြန်ပြီးကျုပ်ဒေါသထွက်နေကြောင်းသိအောင် စိုက်ကြည့်ပေးလိုက်သည်။ အကြည့်ချင်းစစ်ခင်းနေတဲ့ကျုပ်တို့နှစ်ယောက်ကြောင့် ဟိုသုံးကောင်က ချက်ချင်းပဲ ကျုပ်တို့ကိုနှုတ်ဆက်ပြီး ထွက်သွားကြသည်။ ကျုပ်တို့နှစ်ယောက်ကတော့ တိုးလွင်တို့ထွက်သွားတာကြာသည်အထိ အကြည့်ချင်းစစ်ခင်းနေပြီး စကားတစ်လုံးမှမပြောဖြစ်ကြပေ။ နောက်ဆုံး အလျော့ပေးနေကြဖြစ်တဲ့ဆင်ပေါက်ကပဲ အကြည့်ကိုစပြီးလွှဲသွားသည်။

" အဲ့တာဆိုလည်း ပြီးတာပဲ...၊ ငါက အခုဘာလုပ်ရမှာလဲ "

" မင်းလုပ်ချင်တာ လုပ်လေ..၊ တစ်ခုပဲ ငါ့စကားကိုနားထောင်.. ငါ့အနားကနေဘယ်ကိုမှလျှောက်မသွားနဲ့ "

" အင်း "

ကျွန်တော်လည်း တေလွန်းကိုမနိုင်တာမို့ သူ့သဘောအတိုင်းသာ နေရသည်။ ကျွန်တော့်ဘက်က အလျော့ပေးမှပဲ တေလွန်းရဲ့မျက်နှာကဒေါသတွေဟာ တဖြည်းဖြည်းလျော့သွားသည်၊ သို့ပေမဲ့ မျက်နှာကတော့ တည်ထားဆဲ။

" လာ ငါ့နောက်ကနေ လိုက်ခဲ့ "

ကျုပ်လည်း ဆင်ပေါက်ရဲ့လက်ကိုဆွဲပြီး တောစပ်နားက အလွယ်ရတဲ့သစ်ခက်၊ပန်းတွေကိုသာ လိုက်ရှာပြီးအညွှန့်ပါတဲ့ကိုင်းလိုက်ပဲ ချိုးယူထားလိုက်သည်။

" တေလွန်း... "

" အင်း ဘာလဲ "

" ဟို ငါ ဟိုပန်းလေးတွေကို လိုချင်လို့... "

ဆင်ပေါက်က သစ်ကြီးပင်ပေါ်မှာအနွယ်လိုက်တွယ်တက်ပြီးပေါက်နေတဲ့တောပန်းကိုလက်ညှိုးထိုးပြသည်။ တောပန်းလေးက အစုလိုက်အထွေးလိုက်ပွင့်နေပြီး အဝါရောင်နဲ့အနီရောင်ရောနေသည်။

" အင်း... ငါ ခူးပေးမယ် "

ကျုပ်လည်း ကျုပ်လက်ထဲကချိုးထားတဲ့သင်္ကြန်အကြိုပန်းတွေကို မြေကြီးပေါ်ပစ်ချလိုက်သည်။ ဆင်ပေါက်ကိုတော့ မကိုင်ခိုင်းပါ။ တချို့သစ်ခက်တွေက ဆူးတွေပါနေတော့ မကိုင်တက်ရင် ဆူးစူးနိုင်သည်။ အဲ့တာကြောင့် ကျုပ်လည်း သူ့ကို မပေးဘဲ မြေကြီးပေါ်ပစ်ချလိုက်သည်။

" ဒီမှာပဲ ရပ်စောင့်နေ၊ ဒါတွေကို မကိုင်နဲ့နော်... ဆူးတွေပါတယ် "

" အင်းပါ...၊ မင်း သေချာတက်အုံးနော် "

" ဒီလောက်ကတော့ အေးဆေးပါ... "

" ငါက စိတ်ပူလို့ပြောတာကို "

ကျွန်တော့်စေတနာကို ဒီတေလွန်းဆိုတဲ့ကောင်က တကယ်ကိုနားမလည်ဘူး။ သူ့ကိုယ်သူပဲ အထင်တွေဇွတ်ကြီးနေတာ၊ အမြင်ကပ်စရာကောင်းလိုက်တာ။

" အေးပါကွာ... မင်းကလည်း၊ မင်းတို့အိမ်က မန်ဒါလီကြီးလို နှုတ်ခမ်းကြီးစူမနေပါနဲ့.. "

" မင်း!... "

" ဟား... ဒီမှာပဲ နေ၊ အပင်နားကပ်မလာနဲ့... အပင်ပေါ်ကနေ ခါချဥ်တွေရှိနေမယ်... "

" အင်းပါ...၊ ခါချဥ်ကောင်တွေရှိရင် မခူးခဲ့နဲ့နော်...၊ မင်းပါ ကိုက်ခံနေရမယ် "

" အင်း... "

ဆင်ပေါက်လိုချင်တဲ့ပန်းက သစ်ကြီးပင်ရဲ့အလယ်ကျော်ကျော် ကိုင်းကွဲထွက်နေတဲ့ခွဆုံမှာဗျ။ ကျုပ်လည်း ဝတ်လာတဲ့ပုဆိုးကိုခါးထောင်းကျိုက်လိုက်၍ဖိနပ်ချွတ်ကာ အပိုပါလာတဲ့ပုဆိုးကို မြေကြီးပေါ်သေချာဖြန့်ခင်းပြီးတော့ သစ်ပင်ပေါ်တတ်သည်။ ဝိုင်းထဲကအပင်တွေပေါ်ကို ငယ်ငယ်ဆလးကတည်းက အမေနဲ့အဘရိုက်တိုင်း တက်ပြေးနေကျဆိုတော့ ကျုပ်အတွက်တော့ အပင်တက်တယ်ဆိုတာ အေးဆေးပဲလေ။

" တေလွန်း...!! "

" ဟေ.. "

" ဟို ငါ သေးပေါက်ချင်လို့... "

" အေး.. ပေါက်လေ "

" တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ခွင့်တောင်းရသေးတယ်မလား "

ကျုပ်တို့က တောနက်ထဲမှာမဟုတ်ပေမဲ့ တောစပ်မှာမို့ ကျုပ်လည်း ဆင်ပေါက်ပြောတာကိုခေါင်းငြိမ့်ပြလိုက်သည်။

" အဲ့တာ ဘယ်လိုပြောရမှာလဲ... "

" မှားတာရှိရင် ခွင့်လွှတ်ပါ...၊ မှန်တာရှိရင် မုန့်များများစားရပါစေလို့ပြောပြီး ပေါက်... "

" တေလွန်း..!! ငါ့ကို မစနဲ့လို့ ငါတကယ် သေးပေါက်ချင်နေပြီ "

" အေးပါကွာ သွား.. သွား၊ တောင်တွေပေါက်လှည့်မပေါက်နဲ့..၊ ကန်တော့ ကန်တော့ အမှားရှိရင် ခွင့်လွှတ်ပါ တောစောင့်နတ်၊ တောင်စောင့်နတ်တို့ ဆိုပြီးပြော.. ပေါက်၊ ထိုင်ပေါက်နော်... အဝေးကြီးမသွားနဲ့၊ ဟိုနားက ခြုံနောက်ကိုပဲသွား.. ဆင်ပေါက် "

" အင်း... "

ကျုပ်လည်း ဆင်ပေါက် ဘယ်ခြုံနောက်ကိုပြေးသွားတယ်ဆိုတာကို အတည်ပြုပြီးမှ ကျုပ်နဲ့လက်တစ်ကမ်းအလိုမှာရှိတဲ့ပန်းတွေကို အထွေးလိုက်လှမ်းခူးလိုက်သည်။ အောက်ကကြည့်ရင်သာ နိမ့်တယ်လို့ထင်ရပေမဲ့ အပင်ပေါ်ကကြည့်ရင် ပန်းတွေရှိတဲ့နေရာက မြေကြီးနဲ့တော်တော်ဝေးတယ်ဗျ။ ပန်းတွေက အောက်ကကြည့်ရင်သာအထွေးလိုက်ပွင့်နေတယ်လို့ထင်ရပေမဲ့ တစ်ကိုင်းတည်းမှာမဟုတ်ဘဲ အပွင့်သေးသေးလေးတွေ တစ်ပွင့်ချင်းစီကစုပြီးပွင့်နေတာ။ ဆင်ပေါက်လိုချင်နေတဲ့ပန်းတွေမို့ ကျုပ်လည်း အသေအချာကိုတစ်ပွင့်ချင်းစီခူးပြီး အောက်ကခင်းထားတဲ့ပုဆိုးပေါ်အသာအယာပစ်ချလိုက်သည်။

ကျွန်တော်လည်း တေလွန်းပြောတဲ့နေရာကိုရောက်တော့ တေလွန်းကိုလှမ်းကြည့်ကာ ဒီနေရာလားဆိုပြီး လက်ညှိုးထိုးပြ၍မေးလိုက်သည်။ သစ်ပင်ပေါ်က တေလွန်းက ခေါင်းခြိမ့်ပြမှ ထိုနေရာမှာ ထိုင်လိုက်ပြီးတင်းထားသမျှကို လျော့လိုက်သည်။ ပါးစပ်ကနေလည်း တောစောင့်နတ်၊ တောင်စောင့်နတ်တွေကိုတောင်းပန်ရသည်။

" ရှပ်... ရှပ်...!! ရှီး.......... "

နားထဲမှာ ခြေသံလိုလိုကြားလိုက်တာကြောင့် ကျွန်တော်လည်း တေလွန်းလိုက်လာတာထင်ပြီး မတ်တပ်အမြန်ရပ်လိုက်သည်။ ထို့နောက် ပုဆိုးကိုအသေအချာပြန်ဝတ်ပြီး တေလွန်းကို စကားပြောဖို့ကြည့်လိုက်သည်။

" ဟင်... ငါ ဘယ်ရောက်လာတာလဲ "

ကျွန်တော်ထင်သလို စောနကအသံဟာ တေလွန်းရဲ့ခြေရာမဟုတ်သလို အစောကထိရှိနေသေးတဲ့တေလွန်းနဲ့သစ်ကြီးပင်ဟာလည်း သူ့မြင်ကွင်းထဲကနေပျောက်သွားပြီဖြစ်သည်။ ပတ်ပတ်လည်မှာ သစ်ပင်တွေနဲ့အုံ့ဆိုင်းနေပြီး ရုတ်တရက် ငှက်အသံတွေကဆူညံသွားသည်။

" ရှီး..... ရှီး!! "

ရုတ်တရက် ငှက်သံတွေတိတ်သွားသည်။ ဒါပေမဲ့ ငှက်သံထက်ပိုဆိုးတဲ့လေတိုးသံတွေက ကျွန်တော့်အနားမှာ ရစ်သိုင်းလားသည်။ ပတ်ပတ်လည်မှာလည်း သစ်ပုတ်ခြုံနွယ်တွေနဲ့ပြည့်နှက်နေပြီး သူရပ်နေတဲ့နေရာတစ်ခုလေးကပဲ ရှင်းလင်းနေသည်။ အသံက မြွေချွန်သံနဲ့တူသည်။ သို့သော် တစ်ကောင်တည်းမဟုတ်၊ အုပ်လိုက်ကျင်းလိုက် တွန်နေသလိုပင် အသံတွေက ရောထွေးနေသည်။

" မောင်ငယ်.... "

ကျွန်တော့်နားထဲကိုဝင်လာတဲ့အမျိုးသမီး၏လွမ်းလွမ်းဆွေးဆွေးခေါ်သံကြောင့် ကြက်သီးမွေးညှင်းတွေတစ်ကိုယ်လုံးရှပ်ပြေးသွားသည်။ ပတ်ပတ်လည်ကိုရှာကြည့်ပေမဲ့ လူနဲ့တူတာဘာမှမရှိပေ။ ထိုအသံဟာ ဘယ်ကနေလာသနည်း။

" မောင်ငယ်.... အမတော်တို့ဆီ ပြန်လာခဲ့ပါတော့ "

" ဘယ်သူလဲ... "

ကျွန်တော့်ရဲ့စိတ်ထဲမှာ မသိုးမသန့်သလိုခံစားလာရသည်။ လူတစ်ယောက်မှမတွေ့ဘဲ အသံချည်းသာကြားနေရတာကြောင့် စိတ်ထဲကနေကြောက်ရွံ့မှုက တစ်ဖြည်းဖြည်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှိုက်စားလာသည်။

" မောင်ငယ်.... "

ကျွန်တော့်နောက်ကျောဘက်က အလွန်နီးကပ်စွာ ထိုအသံကထွက်လာသည်။ ကျွန်တော် နောက်ဘက်ကိုလှည့်ကြည့်လျှင် ထိုအသံပိုင်ရှင်မိန်းကလေးကို တွေ့ရတော့မည်။ သို့သော် ကျွန်တော် နောက်လှည့်ကြည့်ဖို့ မဝံ့ရဲတော့ပေ။ ထိုမိန်းကလေးဟာ လူသားတစ်ဦးဆိုရင် ကိစ္စမရှိပေမဲ့ လူမဟုတ်တဲ့အခြားအရာတစ်ခုဖြစ်နေမှာကို ကျွန်တော်တွေးမိပြီး ထိတ်လန့်ခြောက်ခြားမိသည်။ ရုတ်တရက်ဆန်တဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်ပါ လူက ဇောချွေးတွေနဲ့နှလုံးခုန်နှုန်းတွေက သွေးကြောတွေအကုန်လုံးကိုတုန်ခါနေသည်။

" မောင်ငယ် အမတော်နဲ့လိုက်ခဲ့တော့နော်... "

နှာခေါင်းဝကိုကျီစယ်လာတဲ့ နံ့သာအမွှေးနံ့တစ်ခုကို ကျွန်တော် ထိုစကားသံရဲ့နောက်ကနေ တဖြည်းဖြည်းချင်းရှူရှိုက်လိုက်မိသည်။ နံ့သာအမွှေးနံ့ကိုရပြီးကတည်းက ကျွန်တော်ရဲ့ခေါင်းတွေမူးနောက်လာသည်။ အမြင်အာရုံတွေဟာ သဲသဲကွဲကွဲမမြင်ရတော့ပေ။ ကျွန်တော့်ရဲ့အနောက်ဘက်ကနေ ခြေလှမ်းသံကိုကြားလိုက်ရသည်။ ထို့နောက် ရုတ်တရက် သူ့ပခုံးပေါ်ကိုရောက်လာတဲ့လက်တစ်ဖက်။

" ဆင်ပေါက်!! "

" တေလွန်း..!! ၊... ဟင့် !!..... "

ကျုပ်အပင်ပေါ်ကဆင်းပြီး တောပန်းတွေကိုခင်ထားတဲ့ပုဆိုးထဲသေချာထည့်ပြီး ဆင်ပေါက်ရှိတဲ့နေရာကိုသွားတော့ ဆင်ပေါက်က ခြုံအနောက်မှာမရှိတော့ဘူး။ ကျုပ်စိတ်ထဲ လန့်သွားတာပဲဗျာ။ ကျုပ် ဆင်ပေါက်ကို ဟိုတစ်ခါကလို ပြန်ဖြစ်မှာကြောက်တယ်။ ကျုပ်လည်း အနီးနားပတ်ပတ်လည်ကိုလျှောက်ကြည့်တော့ ဆင်ပေါက်က တောအတွင်းဘက်ထဲကိုမျက်နှာမူပြီးမတ်တပ်ရပ်နေတာ။ ကျုပ်လည်း ဆင်ပေါက် ဘာမှမဖြစ်တာကိုမြင်တော့မှ စိတ်အေးသွားတာပဲ။ ကျုပ် ဆင်ပေါက်ရဲ့အနားကိုသွားပြီး ဆင်ပေါက်ရဲ့ပခုံးပေါ်လက်တင်ပြီးခေါ်လိုက်တော့ ခန္ဓာကိုယ်ကဆတ်ခနဲတုန်ယင်သွားပြီး ဆင်ပေါက်ရဲ့မျက်နှာကဖြူဖျော့နေပြီး ကြောက်ရွံ့နေတာကို ကျုပ်မြင်လိုက်ရတယ်။ ကျုပ်ကိုမြင်တော့ ဆင်ပေါက်က အားကိုးတကြီးနဲ့ဆွဲဖက်တော့တာပဲ။ ပြီးတော့ ကျုပ်ရင်ခွင်ထဲမှာ မျက်နှာကိုအပ်ပြီး ငိုတာဗျာ။ ကျုပ်မှာ သူ့ကို ဘာများဖြစ်သွားလဲလို့စိုးရိမ်ပြီး မေးဖို့ကြိုးစားပေမဲ့ ဆင်ပေါက်က ကျုပ်ကိုလုံးဝလွှတ်မပေးဘူး။ နောက်ဆုံး ကျုပ်လည်း သူ့ကိုကလေးပွေ့သလိုပွေ့ချီပြီး လှည်းဆီပြန်လာခဲ့တယ်။

" မင်းတို့ပြန်လာပြီလား...၊ ရှင်မွှေးက ဘာဖြစ်လို့လဲ "

ကျုပ်ပခုံးပေါ်မှာခေါင်းကိုတင်ပြီးမျက်နှာဖွတ်ထားတဲ့ဆင်ပေါက်ကို တိုးလွင်တို့က ထူးဆန်းသလိုမေးသည်။

" အေး..  ငါတို့ပြန်ရအောင်၊ ဇော်ဝင်း မင်း ဟိုနားမှာ ငါ ချိုးထားတဲ့သင်္ကြန်ပန်းတွေနဲ့ ပုဆိုးနဲ့ထုပ်ထားတဲ့အထုတ်တစ်ထုတ်ရှိတယ်... ငါ့ဖိနပ်ရောပဲ၊ မင်း ယူခဲ့လိုက်အုံး "

" အေး .. အေး "

တိုးလွင်နဲ့နိုင်ထွန်းကလည်း ကျုပ်ရဲ့မျက်နှာကိုကြည့်ပြီး ဘာမှမမေးတော့ဘဲ လှည်းကို ရွာဝင်လမ်းဘက်ပြန်လှည့်ထားလိုက်ကာ ဇော်ဝင်းပြန်ရောက်တာနဲ့ တောစပ်ကနေ ပြန်လာခဲ့သည်။ ကျုပ်က တပ္ပလင်ခွေထိုင်ထားပြီး ဆင်ပေါက်က ကျုပ်ရင်ခွင်ထဲကနေ ငြိမ်ငြိမ်လေးပဲလိုက်လာသည်။

~~~~~~~~~~~~~~~~~~~~~~~~~

ကျုပ်တို့ရွာရဲ့အတာသင်္ကြန်အကျနေ့ကို ရောက်လာပြီ။ မနေ့က ကျုပ်တို့တောထဲသွားပြီးချိုးခဲ့တဲ့အတာပန်းတွေကို အမေက  သင်္ကြန်အိုး(မြေအိုးသေး)လေးထဲမှာစုပြုံပြီးအိမ်အပေါ်ထပ်က ဝရံတာမှာစားပွဲနဲ့တင်ထားသည်။ ဒီနှစ်ကတော့ ထူးထူးခြားခြားဗျ။ အိမ်က အတာအကြိုအိုးက နှစ်လုံးထားရတယ်။ ဒီနှစ် ဗုဒ္ဓဟူးသားသမီးတွေအတာစားတယ်လို့ အတာဟောကိန်းထုတ်ထားတယ်တဲ့ဗျာ။ အဘနဲ့အမေက ဆင်ပေါက်အတွက် အတာအိုးနှစ်လုံးထားတာလေ။

" အဘရေ...မပြီးသေးဘူးလားဗျ "

" ဟေ့ကောင် မင်း ဘယ်လိုဖြစ်နေတာလဲ...၊ အရင်နေ့တွေကတော့ ဘုန်းကြီးကျောင်းကိုသွားဖို့မနည်းပြောနေရတဲ့ကောင်က ဒီနေ့ကျမှဖင်တကြွကြွနဲ့ "

" ကဲပါ.. ကိုစံသောင်းရယ်၊ ရှင့်သားအကြောင်းလည်းသိသားနဲ့... "

" ငါက ပြီးပါပြီ..၊ ကြိုင် ငါ့သမီးကြီးရော "

" အဘရဲ့သမီးက ဘုန်းကြီးကျောင်းတောင်ရောက်လို့ တစ်ရေးအိပ်နေလောက်ပြီ.. "

" သမီးကြီးက ဥပုဂ်သည်တွေအတွက် ကြာဇံဟင်းချက်ဖို့ အစောကြီးကတည်းက ရွာကအပျိုတွေနဲ့ပါသွားပြီလေ... ကိုစံသောင်းရဲ့ "

" ဟာ.. အဘနဲ့အမေရာ လမ်းသွားရင်းလည်း အဲ့တာတွေပြောရပါတယ်...၊ ကျုပ် စိတ်မရှည်တော့ဘူးနော် "

" အောင်မာ...၊ ဘယ်သူက မင်းကိုစိတ်ရှည်ခိုင်းနေလို့လဲ...၊ မင်း မစောင့်ချင်လည်း ကိုယ့်ဘာသာတစ်ယောက်တည်းသွားနှင့်လေ "

ဒါက ကျုပ်ကို အဘ သက်သက်မဲ့ဖဲ့လိုက်တာဗျ။ ကျုပ်ကလည်း ကျုပ်ပါပဲ။ ရွာထဲနဲ့ရွာပြင် ဘယ်နေရာကိုမဆို ကျုပ်မသွားရဲတဲ့နေရာမရှိဘူးဗျ။ ဒါပေမဲ့ ကျုပ်က ဘုန်းကြီးကျောင်းကိုတော့ တစ်ယောက်တည်းမသွားရဲဘူး။ ဒါကလည်း ဘုန်းကြီးကျောင်းမှာရှိတဲ့ဘီလူးရုပ်ထုကြီးနှစ်ခုကြောင့်ဗျ။ မုဒ်ဦးပေါက်မှာ ထုံးတွေနဲ့သစ်စေးအမဲကြီးသုတ်ထားတဲ့လူနှစ်ရပ်စာ ဘီလူးရုပ်ထုကြီးနှစ်ခုကို ကျုပ် သေမတက်ကြောက်တာဗျ။ ဘီလူးတစ်ကောင်ရဲ့လက်ထဲမှာက တင်းပုတ်ကြီးကိုင်ထားပြီး ကျန်တဲ့ဘီလူးတစ်ကောင်က သံလျက်( ရှေးဘုရင်တို့ကိုင်ဆောင်သောမိုးကြိုးသွားပါသည့်ဓား) ကြီးကိုကိုင်ထားတဲ့ပုံက ကျုပ်ကိုကျောချမ်းစေတယ်ဗျ။ သရဲ၊ တစ္ဆေမကြောက်တဲ့ကျွန်တော်က အဲ့ဘီလူးနှစ်ကောင်ကိုတော့ ကြောက်ပါတယ်ဗျ။ ဘာလို့ဆို တကယ့်သရဲ၊ တစ္ဆေတွေက ကျုပ်ရဲ့ဘုန်းကံကြောင့် ကျုပ်အနားကိုတောင်မကပ်ရဲကြဘူးလေ။ ဒါပေမဲ့ ဒီရုပ်ထုကြီးနှစ်ခုက တကယ့်အစစ်တွေမှမဟုတ်ဘဲ၊ ကျုပ်ရဲ့ဘုန်းကံကဘယ်လောက်မြင့်မြင့် သူတို့က ကျုပ်ကိုကြောက်ပြီးထွက်ပြေးမှာမှမဟုတ်တာ။ ကျုပ်မှာဘယ်လောက်ပဲဘုန်းကံမြင့်တယ်ပြောပြော၊ သတ္တိရှိတယ်ပြောပြော ကျုပ်ကိုဘာမှမလုပ်နိုင်တဲ့ဒီဘီလူးနှစ်ကောင်ရုပ်ထုကိုတော့ တကယ်ကြောက်ပါသည်။

Next episode ........

Zawgyi
Episode _ 5

ေတာထဲကိုေရာက္ေတာ့ သစ္ႀကီးပင္ေတြ၊ ၿခံဳႏြယ္ေတြကအံု႔မိႈင္းလြန္းသည္။ ေနြရာသီပူျပင္းလွတဲ့အခ်ိန္မွာေတာင္ ဒီေတာထဲကိုစဝင္လိုက္ၿပီဆိုတာနဲ႔ အေအးဓာတ္ကိုခံစားလိုက္ရသည္။ အေအးဒဏ္မခံႏိုင္တဲ့ဆင္ေပါက္ကို ေတာထဲစေရာက္ကတည္းက က်ဳပ္ယူလာတဲ့လက္ရွည္အက်ႌကိုထပ္ဝတ္ခိုင္းလိုက္ရသည္။

" ေဟ့ေကာင္ ေဇာ္ဝင္း.. မင္းတို႔သံုးေယာက္က သပ္သပ္စီခြဲသြားၿပီး ပန္းေတြရွာခ်ိဳးခဲ့ၾက...၊ ငါတို႔အိမ္အတြက္ပါ ပိုခ်ိဳးခဲ့ၾကေနာ္ "

" အဲ့တာဆို မင္းနဲ႔ရွင္ေမႊးက ဘာလုပ္ၾကမွာလဲ "

ေဇာ္ဝင္းက က်ဳပ္ကိုအူေၾကာင္ေၾကာင္နဲ႔ျပန္ေမးသည္။

" ငါတို႔လည္း လိုက္မွာပါ...၊ ဒါေပမဲ့ ဒီအရႈပ္ထုပ္ပါေနေတာ့ သူ႔ကိုထိန္းရအံုးမွာေလ.... "

" ငါ့ကို မလိုပါဘူး...၊ မင္းဘာသာ လုက္စရာရိွတာလုပ္၊ ငါ့ဘာသာ တိုးလြင္တို႔နဲ႔လိုက္သြားမယ္ ဟြန္႔! "

" ျပန္ထိုင္စမ္း!! ဆင္ေပါက္ "

က်ဳပ္စကားေၾကာင့္ မေက်မနပ္နဲ႔ျပန္ခံေျပာၿပီး လွည္းေပၚကေနေဆာင့္ေအာင့္ကာဆင္းေတာ့မဲ့ ဆင္ေပါက္ကို က်ဳပ္ေလသံမာမာနဲ႔ေငါက္လိုက္သည္။ အစကတည္းက က်ဳပ္ခြင့္မျပဳတာကို အဘနဲ႔အေမဆီကပ္ခြၽဲၿပီးလိုက္လာတာေၾကာင့္ ေဒါသထြက္ေနပါတယ္ဆိုမွ ဒင္းက က်ဳပ္စကားကိုကလန္ဂဆန္လုပ္ခ်င္ေနေသးတယ္။ က်ဳပ္ ေတာ္ေတာ္စိတ္လည္းဆိုးတယ္၊ ေဒါသလည္းထြက္တယ္။ က်ဳပ္ရဲ့စိတ္ကို ဒင္းက ဘယ္လိုမွ နားမလည္ေပးဘူးဗ်ာ။

က်ဳပ္ကို မ်က္ေစာင္းခဲၿပီး ဒင္းက နဂိုေနရာမွာျပန္ထိုင္သည္။ က်ဳပ္လည္း ျပန္ၿပီးက်ဳပ္ေဒါသထြက္ေနေၾကာင္းသိေအာင္ စိုက္ၾကည့္ေပးလိုက္သည္။ အၾကည့္ခ်င္းစစ္ခင္းေနတဲ့က်ဳပ္တို႔ႏွစ္ေယာက္ေၾကာင့္ ဟိုသံုးေကာင္က ခ်က္ခ်င္းပဲ က်ဳပ္တို႔ကိုႏႈတ္ဆက္ၿပီး ထြက္သြားၾကသည္။ က်ဳပ္တို႔ႏွစ္ေယာက္ကေတာ့ တိုးလြင္တို႔ထြက္သြားတာၾကာသည္အထိ အၾကည့္ခ်င္းစစ္ခင္းေနၿပီး စကားတစ္လံုးမွမေျပာျဖစ္ၾကေပ။ ေနာက္ဆံုး အေလ်ာ့ေပးေနၾကျဖစ္တဲ့ဆင္ေပါက္ကပဲ အၾကည့္ကိုစၿပီးလႊဲသြားသည္။

" အဲ့တာဆိုလည္း ၿပီးတာပဲ...၊ ငါက အခုဘာလုပ္ရမွာလဲ "

" မင္းလုပ္ခ်င္တာ လုပ္ေလ..၊ တစ္ခုပဲ ငါ့စကားကိုနားေထာင္.. ငါ့အနားကေနဘယ္ကိုမွေလ်ွာက္မသြားနဲ႔ "

" အင္း "

ကြၽန္ေတာ္လည္း ေတလြန္းကိုမႏိုင္တာမို႔ သူ႔သေဘာအတိုင္းသာ ေနရသည္။ ကြၽန္ေတာ့္ဘက္က အေလ်ာ့ေပးမွပဲ ေတလြန္းရဲ့မ်က္ႏွာကေဒါသေတြဟာ တျဖည္းျဖည္းေလ်ာ့သြားသည္၊ သို႔ေပမဲ့ မ်က္ႏွာကေတာ့ တည္ထားဆဲ။

" လာ ငါ့ေနာက္ကေန လိုက္ခဲ့ "

က်ဳပ္လည္း ဆင္ေပါက္ရဲ့လက္ကိုဆြဲၿပီး ေတာစပ္နားက အလြယ္ရတဲ့သစ္ခက္၊ပန္းေတြကိုသာ လိုက္ရွာၿပီးအၫႊန္႔ပါတဲ့ကိုင္းလိုက္ပဲ ခ်ိဳးယူထားလိုက္သည္။

" ေတလြန္း... "

" အင္း ဘာလဲ "

" ဟို ငါ ဟိုပန္းေလးေတြကို လိုခ်င္လို႔... "

ဆင္ေပါက္က သစ္ႀကီးပင္ေပၚမွာအႏြယ္လိုက္တြယ္တက္ၿပီးေပါက္ေနတဲ့ေတာပန္းကိုလက္ၫွိုးထိုးျပသည္။ ေတာပန္းေလးက အစုလိုက္အေထြးလိုက္ပြင့္ေနၿပီး အဝါေရာင္နဲ႔အနီေရာင္ေရာေနသည္။

" အင္း... ငါ ခူးေပးမယ္ "

က်ဳပ္လည္း က်ဳပ္လက္ထဲကခ်ိဳးထားတဲ့သႂကၤန္အႀကိဳပန္းေတြကို ေျမၾကီးေပၚပစ္ခ်လိုက္သည္။ ဆင္ေပါက္ကိုေတာ့ မကိုင္ခိုင္းပါ။ တခ်ိဳ႕သစ္ခက္ေတြက ဆူးေတြပါေနေတာ့ မကိုင္တက္ရင္ ဆူးစူးႏိုင္သည္။ အဲ့တာေၾကာင့္ က်ဳပ္လည္း သူ႔ကို မေပးဘဲ ေျမၾကီးေပၚပစ္ခ်လိုက္သည္။

" ဒီမွာပဲ ရပ္ေစာင့္ေန၊ ဒါေတြကို မကိုင္နဲ႔ေနာ္... ဆူးေတြပါတယ္ "

" အင္းပါ...၊ မင္း ေသခ်ာတက္အံုးေနာ္ "

" ဒီေလာက္ကေတာ့ ေအးေဆးပါ... "

" ငါက စိတ္ပူလို႔ေျပာတာကို "

ကြၽန္ေတာ့္ေစတနာကို ဒီေတလြန္းဆိုတဲ့ေကာင္က တကယ္ကိုနားမလည္ဘူး။ သူ႔ကိုယ္သူပဲ အထင္ေတြဇြတ္ႀကီးေနတာ၊ အျမင္ကပ္စရာေကာင္းလိုက္တာ။

" ေအးပါကြာ... မင္းကလည္း၊ မင္းတို႔အိမ္က မန္ဒါလီႀကီးလို ႏႈတ္ခမ္းႀကီးစူမေနပါနဲ႔.. "

" မင္း!... "

" ဟား... ဒီမွာပဲ ေန၊ အပင္နားကပ္မလာနဲ႔... အပင္ေပၚကေန ခါခ်ဥ္ေတြရိွေနမယ္... "

" အင္းပါ...၊ ခါခ်ဥ္ေကာင္ေတြရိွရင္ မခူးခဲ့နဲ႔ေနာ္...၊ မင္းပါ ကိုက္ခံေနရမယ္ "

" အင္း... "

ဆင္ေပါက္လိုခ်င္တဲ့ပန္းက သစ္ႀကီးပင္ရဲ့အလယ္ေက်ာ္ေက်ာ္ ကိုင္းကြဲထြက္ေနတဲ့ခြဆံုမွာဗ်။ က်ဳပ္လည္း ဝတ္လာတဲ့ပုဆိုးကိုခါးေထာင္းက်ိဳက္လိုက္၍ဖိနပ္ခြၽတ္ကာ အပိုပါလာတဲ့ပုဆိုးကို ေျမၾကီးေပၚေသခ်ာျဖန္႔ခင္းၿပီးေတာ့ သစ္ပင္ေပၚတတ္သည္။ ဝိုင္းထဲကအပင္ေတြေပၚကို ငယ္ငယ္ဆလးကတည္းက အေမနဲ႔အဘရိုက္တိုင္း တက္ေျပးေနက်ဆိုေတာ့ က်ဳပ္အတြက္ေတာ့ အပင္တက္တယ္ဆိုတာ ေအးေဆးပဲေလ။

" ေတလြန္း...!! "

" ေဟ.. "

" ဟို ငါ ေသးေပါက္ခ်င္လို႔... "

" ေအး.. ေပါက္ေလ "

" ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္ေတြကို ခြင့္ေတာင္းရေသးတယ္မလား "

က်ဳပ္တို႔က ေတာနက္ထဲမွာမဟုတ္ေပမဲ့ ေတာစပ္မွာမို႔ က်ဳပ္လည္း ဆင္ေပါက္ေျပာတာကိုေခါင္းၿငိမ့္ျပလိုက္သည္။

" အဲ့တာ ဘယ္လိုေျပာရမွာလဲ... "

" မွားတာရိွရင္ ခြင့္လႊတ္ပါ...၊ မွန္တာရိွရင္ မုန္႔မ်ားမ်ားစားရပါေစလို႔ေျပာၿပီး ေပါက္... "

" ေတလြန္း..!! ငါ့ကို မစနဲ႔လို႔ ငါတကယ္ ေသးေပါက္ခ်င္ေနၿပီ "

" ေအးပါကြာ သြား.. သြား၊ ေတာင္ေတြေပါက္လွည့္မေပါက္နဲ႔..၊ ကန္ေတာ့ ကန္ေတာ့ အမွားရိွရင္ ခြင့္လႊတ္ပါ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္တို႔ ဆိုၿပီးေျပာ.. ေပါက္၊ ထိုင္ေပါက္ေနာ္... အေဝးႀကီးမသြားနဲ႔၊ ဟိုနားက ၿခံဳေနာက္ကိုပဲသြား.. ဆင္ေပါက္ "

" အင္း... "

က်ဳပ္လည္း ဆင္ေပါက္ ဘယ္ၿခံဳေနာက္ကိုေျပးသြားတယ္ဆိုတာကို အတည္ျပဳျပီးမွ က်ဳပ္နဲ႔လက္တစ္ကမ္းအလိုမွာရိွတဲ့ပန္းေတြကို အေထြးလိုက္လွမ္းခူးလိုက္သည္။ ေအာက္ကၾကည့္ရင္သာ နိမ့္တယ္လို႔ထင္ရေပမဲ့ အပင္ေပၚကၾကည့္ရင္ ပန္းေတြရိွတဲ့ေနရာက ေျမၾကီးနဲ႔ေတာ္ေတာ္ေဝးတယ္ဗ်။ ပန္းေတြက ေအာက္ကၾကည့္ရင္သာအေထြးလိုက္ပြင့္ေနတယ္လို႔ထင္ရေပမဲ့ တစ္ကိုင္းတည္းမွာမဟုတ္ဘဲ အပြင့္ေသးေသးေလးေတြ တစ္ပြင့္ခ်င္းစီကစုၿပီးပြင့္ေနတာ။ ဆင္ေပါက္လိုခ်င္ေနတဲ့ပန္းေတြမို႔ က်ဳပ္လည္း အေသအခ်ာကိုတစ္ပြင့္ခ်င္းစီခူးၿပီး ေအာက္ကခင္းထားတဲ့ပုဆိုးေပၚအသာအယာပစ္ခ်လိုက္သည္။

ကြၽန္ေတာ္လည္း ေတလြန္းေျပာတဲ့ေနရာကိုေရာက္ေတာ့ ေတလြန္းကိုလွမ္းၾကည့္ကာ ဒီေနရာလားဆိုၿပီး လက္ၫွိုးထိုးျပ၍ေမးလိုက္သည္။ သစ္ပင္ေပၚက ေတလြန္းက ေခါင္းၿခိမ့္ျပမွ ထိုေနရာမွာ ထိုင္လိုက္ၿပီးတင္းထားသမ်ွကို ေလ်ာ့လိုက္သည္။ ပါးစပ္ကေနလည္း ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္ေတြကိုေတာင္းပန္ရသည္။

" ရွပ္... ရွပ္...!! ရွီး.......... "

နားထဲမွာ ေျခသံလိုလိုၾကားလိုက္တာေၾကာင့္ ကြၽန္ေတာ္လည္း ေတလြန္းလိုက္လာတာထင္ၿပီး မတ္တပ္အျမန္ရပ္လိုက္သည္။ ထို႔ေနာက္ ပုဆိုးကိုအေသအခ်ာျပန္ဝတ္ၿပီး ေတလြန္းကို စကားေျပာဖို႔ၾကည့္လိုက္သည္။

" ဟင္... ငါ ဘယ္ေရာက္လာတာလဲ "

ကြၽန္ေတာ္ထင္သလို ေစာနကအသံဟာ ေတလြန္းရဲ့ေျခရာမဟုတ္သလို အေစာကထိရိွေနေသးတဲ့ေတလြန္းနဲ႔သစ္ႀကီးပင္ဟာလည္း သူ႔ျမင္ကြင္းထဲကေနေပ်ာက္သြားၿပီျဖစ္သည္။ ပတ္ပတ္လည္မွာ သစ္ပင္ေတြနဲ႔အံု႔ဆိုင္းေနၿပီး ရုတ္တရက္ ငွက္အသံေတြကဆူညံသြားသည္။

" ရွီး..... ရွီး!! "

ရုတ္တရက္ ငွက္သံေတြတိတ္သြားသည္။ ဒါေပမဲ့ ငွက္သံထက္ပိုဆိုးတဲ့ေလတိုးသံေတြက ကြၽန္ေတာ့္အနားမွာ ရစ္သိုင္းလားသည္။ ပတ္ပတ္လည္မွာလည္း သစ္ပုတ္ၿခံဳႏြယ္ေတြနဲ႔ျပည့္ႏွက္ေနၿပီး သူရပ္ေနတဲ့ေနရာတစ္ခုေလးကပဲ ရွင္းလင္းေနသည္။ အသံက ေႁမြခြၽန္သံနဲ႔တူသည္။ သို႔ေသာ္ တစ္ေကာင္တည္းမဟုတ္၊ အုပ္လိုက္က်င္းလိုက္ တြန္ေနသလိုပင္ အသံေတြက ေရာေထြးေနသည္။

" ေမာင္ငယ္.... "

ကြၽန္ေတာ့္နားထဲကိုဝင္လာတဲ့အမ်ိဳးသမီး၏လြမ္းလြမ္းေဆြးေဆြးေခၚသံေၾကာင့္ ၾကက္သီးေမြးၫွင္းေတြတစ္ကိုယ္လံုးရွပ္ေျပးသြားသည္။ ပတ္ပတ္လည္ကိုရွာၾကည့္ေပမဲ့ လူနဲ႔တူတာဘာမွမရိွေပ။ ထိုအသံဟာ ဘယ္ကေနလာသနည္း။

" ေမာင္ငယ္.... အမေတာ္တို႔ဆီ ျပန္လာခဲ့ပါေတာ့ "

" ဘယ္သူလဲ... "

ကြၽန္ေတာ့္ရဲ့စိတ္ထဲမွာ မသိုးမသန္႔သလိုခံစားလာရသည္။ လူတစ္ေယာက္မွမေတြ့ဘဲ အသံခ်ည္းသာၾကားေနရတာေၾကာင့္ စိတ္ထဲကေနေၾကာက္ရြံ႔မႈက တစ္ျဖည္းျဖည္းနဲ႔ခႏၶာကိုယ္တစ္ခုလံုးကို လိႈက္စားလာသည္။

" ေမာင္ငယ္.... "

ကြၽန္ေတာ့္ေနာက္ေက်ာဘက္က အလြန္နီးကပ္စြာ ထိုအသံကထြက္လာသည္။ ကြၽန္ေတာ္ ေနာက္ဘက္ကိုလွည့္ၾကည့္လ်ွင္ ထိုအသံပိုင္ရွင္မိန္းကေလးကို ေတြ့ရေတာ့မည္။ သို႔ေသာ္ ကြၽန္ေတာ္ ေနာက္လွည့္ၾကည့္ဖို႔ မဝံ့ရဲေတာ့ေပ။ ထိုမိန္းကေလးဟာ လူသားတစ္ၪီးဆိုရင္ ကိစၥမရိွေပမဲ့ လူမဟုတ္တဲ့အျခားအရာတစ္ခုျဖစ္ေနမွာကို ကြၽန္ေတာ္ေတြးမိၿပီး ထိတ္လန္႔ေျခာက္ျခားမိသည္။ ရုတ္တရက္ဆန္တဲ့ပတ္ဝန္းက်င္ေျပာင္းလဲမႈေၾကာင့္ပါ လူက ေဇာေခြၽးေတြနဲ႔ႏွလံုးခုန္ႏႈန္းေတြက ေသြးေၾကာေတြအကုန္လံုးကိုတုန္ခါေနသည္။

" ေမာင္ငယ္ အမေတာ္နဲ႔လိုက္ခဲ့ေတာ့ေနာ္... "

ႏွာေခါင္းဝကိုက်ီစယ္လာတဲ့ နံ႔သာအေမႊးနံ႔တစ္ခုကို ကြၽန္ေတာ္ ထိုစကားသံရဲ့ေနာက္ကေန တျဖည္းျဖည္းခ်င္းရႉရိႈက္လိုက္မိသည္။ နံ႔သာအေမႊးနံ႔ကိုရၿပီးကတည္းက ကြၽန္ေတာ္ရဲ့ေခါင္းေတြမူးေနာက္လာသည္။ အျမင္အာရံုေတြဟာ သဲသဲကြဲကြဲမျမင္ရေတာ့ေပ။ ကြၽန္ေတာ့္ရဲ့အေနာက္ဘက္ကေန ေျခလွမ္းသံကိုၾကားလိုက္ရသည္။ ထို႔ေနာက္ ရုတ္တရက္ သူ႔ပခံုးေပၚကိုေရာက္လာတဲ့လက္တစ္ဖက္။

" ဆင္ေပါက္!! "

" ေတလြန္း..!! ၊... ဟင့္ !!..... "

က်ဳပ္အပင္ေပၚကဆင္းၿပီး ေတာပန္းေတြကိုခင္ထားတဲ့ပုဆိုးထဲေသခ်ာထည့္ၿပီး ဆင္ေပါက္ရိွတဲ့ေနရာကိုသြားေတာ့ ဆင္ေပါက္က ၿခံဳအေနာက္မွာမရိွေတာ့ဘူး။ က်ဳပ္စိတ္ထဲ လန္႔သြားတာပဲဗ်ာ။ က်ဳပ္ ဆင္ေပါက္ကို ဟိုတစ္ခါကလို ျပန္ျဖစ္မွာေၾကာက္တယ္။ က်ဳပ္လည္း အနီးနားပတ္ပတ္လည္ကိုေလ်ွာက္ၾကည့္ေတာ့ ဆင္ေပါက္က ေတာအတြင္းဘက္ထဲကိုမ်က္ႏွာမူၿပီးမတ္တပ္ရပ္ေနတာ။ က်ဳပ္လည္း ဆင္ေပါက္ ဘာမွမျဖစ္တာကိုျမင္ေတာ့မွ စိတ္ေအးသြားတာပဲ။ က်ဳပ္ ဆင္ေပါက္ရဲ့အနားကိုသြားၿပီး ဆင္ေပါက္ရဲ့ပခံုးေပၚလက္တင္ၿပီးေခၚလိုက္ေတာ့ ခႏၶာကိုယ္ကဆတ္ခနဲတုန္ယင္သြားၿပီး ဆင္ေပါက္ရဲ့မ်က္ႏွာကျဖဴေဖ်ာ့ေနၿပီး ေၾကာက္ရြံ႔ေနတာကို က်ဳပ္ျမင္လိုက္ရတယ္။ က်ဳပ္ကိုျမင္ေတာ့ ဆင္ေပါက္က အားကိုးတႀကီးနဲ႔ဆြဲဖက္ေတာ့တာပဲ။ ၿပီးေတာ့ က်ဳပ္ရင္ခြင္ထဲမွာ မ်က္ႏွာကိုအပ္ၿပီး ငိုတာဗ်ာ။ က်ဳပ္မွာ သူ႔ကို ဘာမ်ားျဖစ္သြားလဲလို႔စိုးရိမ္ၿပီး ေမးဖို႔ႀကိဳးစားေပမဲ့ ဆင္ေပါက္က က်ဳပ္ကိုလံုးဝလႊတ္မေပးဘူး။ ေနာက္ဆံုး က်ဳပ္လည္း သူ႔ကိုကေလးေပြ့သလိုေပြ့ခ်ီၿပီး လွည္းဆီျပန္လာခဲ့တယ္။

" မင္းတို႔ျပန္လာၿပီလား...၊ ရွင္ေမႊးက ဘာျဖစ္လို႔လဲ "

က်ဳပ္ပခံုးေပၚမွာေခါင္းကိုတင္ၿပီးမ်က္ႏွာဖြတ္ထားတဲ့ဆင္ေပါက္ကို တိုးလြင္တို႔က ထူးဆန္းသလိုေမးသည္။

" ေအး..  ငါတို႔ျပန္ရေအာင္၊ ေဇာ္ဝင္း မင္း ဟိုနားမွာ ငါ ခ်ိဳးထားတဲ့သႂကၤန္ပန္းေတြနဲ႔ ပုဆိုးနဲ႔ထုပ္ထားတဲ့အထုတ္တစ္ထုတ္ရိွတယ္... ငါ့ဖိနပ္ေရာပဲ၊ မင္း ယူခဲ့လိုက္အံုး "

" ေအး .. ေအး "

တိုးလြင္နဲ႔ႏိုင္ထြန္းကလည္း က်ဳပ္ရဲ့မ်က္ႏွာကိုၾကည့္ၿပီး ဘာမွမေမးေတာ့ဘဲ လွည္းကို ရြာဝင္လမ္းဘက္ျပန္လွည့္ထားလိုက္ကာ ေဇာ္ဝင္းျပန္ေရာက္တာနဲ႔ ေတာစပ္ကေန ျပန္လာခဲ့သည္။ က်ဳပ္က တပၸလင္ေခြထိုင္ထားၿပီး ဆင္ေပါက္က က်ဳပ္ရင္ခြင္ထဲကေန ၿငိမ္ၿငိမ္ေလးပဲလိုက္လာသည္။

~~~~~~~~~~~~~~~~~~~~~~~~~

က်ဳပ္တို႔ရြာရဲ့အတာသႂကၤန္အက်ေန့ကို ေရာက္လာၿပီ။ မေန့က က်ဳပ္တို႔ေတာထဲသြားၿပီးခ်ိဳးခဲ့တဲ့အတာပန္းေတြကို အေမက  သႂကၤန္အိုး(ေျမအိုးေသး)ေလးထဲမွာစုၿပံဳၿပီးအိမ္အေပၚထပ္က ဝရံတာမွာစားပြဲနဲ႔တင္ထားသည္။ ဒီႏွစ္ကေတာ့ ထူးထူးျခားျခားဗ်။ အိမ္က အတာအႀကိဳအိုးက ႏွစ္လံုးထားရတယ္။ ဒီႏွစ္ ဗုဒၶဟူးသားသမီးေတြအတာစားတယ္လို႔ အတာေဟာကိန္းထုတ္ထားတယ္တဲ့ဗ်ာ။ အဘနဲ႔အေမက ဆင္ေပါက္အတြက္ အတာအိုးႏွစ္လံုးထားတာေလ။

" အဘေရ...မၿပီးေသးဘူးလားဗ် "

" ေဟ့ေကာင္ မင္း ဘယ္လိုျဖစ္ေနတာလဲ...၊ အရင္ေန့ေတြကေတာ့ ဘုန္းႀကီးေက်ာင္းကိုသြားဖို႔မနည္းေျပာေနရတဲ့ေကာင္က ဒီေန့က်မွဖင္တႂကြၾကြနဲ႔ "

" ကဲပါ.. ကိုစံေသာင္းရယ္၊ ရွင့္သားအေၾကာင္းလည္းသိသားနဲ႔... "

" ငါက ၿပီးပါၿပီ..၊ ႀကိဳင္ ငါ့သမီးႀကီးေရာ "

" အဘရဲ့သမီးက ဘုန္းႀကီးေက်ာင္းေတာင္ေရာက္လို႔ တစ္ေရးအိပ္ေနေလာက္ၿပီ.. "

" သမီးႀကီးက ဥပုဂ္သည္ေတြအတြက္ ၾကာဇံဟင္းခ်က္ဖို႔ အေစာႀကီးကတည္းက ရြာကအပ်ိဳေတြနဲ႔ပါသြားၿပီေလ... ကိုစံေသာင္းရဲ့ "

" ဟာ.. အဘနဲ႔အေမရာ လမ္းသြားရင္းလည္း အဲ့တာေတြေျပာရပါတယ္...၊ က်ဳပ္ စိတ္မရွည္ေတာ့ဘူးေနာ္ "

" ေအာင္မာ...၊ ဘယ္သူက မင္းကိုစိတ္ရွည္ခိုင္းေနလို႔လဲ...၊ မင္း မေစာင့္ခ်င္လည္း ကိုယ့္ဘာသာတစ္ေယာက္တည္းသြားႏွင့္ေလ "

ဒါက က်ဳပ္ကို အဘ သက္သက္မဲ့ဖဲ့လိုက္တာဗ်။ က်ဳပ္ကလည္း က်ဳပ္ပါပဲ။ ရြာထဲနဲ႔ရြာျပင္ ဘယ္ေနရာကိုမဆို က်ဳပ္မသြားရဲတဲ့ေနရာမရိွဘူးဗ်။ ဒါေပမဲ့ က်ဳပ္က ဘုန္းႀကီးေက်ာင္းကိုေတာ့ တစ္ေယာက္တည္းမသြားရဲဘူး။ ဒါကလည္း ဘုန္းႀကီးေက်ာင္းမွာရိွတဲ့ဘီလူးရုပ္ထုႀကီးႏွစ္ခုေၾကာင့္ဗ်။ မုဒ္ၪီးေပါက္မွာ ထံုးေတြနဲ႔သစ္ေစးအမဲႀကီးသုတ္ထားတဲ့လူႏွစ္ရပ္စာ ဘီလူးရုပ္ထုႀကီးႏွစ္ခုကို က်ဳပ္ ေသမတက္ေၾကာက္တာဗ်။ ဘီလူးတစ္ေကာင္ရဲ့လက္ထဲမွာက တင္းပုတ္ႀကီးကိုင္ထားၿပီး က်န္တဲ့ဘီလူးတစ္ေကာင္က သံလ်က္( ေရွးဘုရင္တို႔ကိုင္ေဆာင္ေသာမိုးႀကိဳးသြားပါသည့္ဓား) ႀကီးကိုကိုင္ထားတဲ့ပံုက က်ဳပ္ကိုေက်ာခ်မ္းေစတယ္ဗ်။ သရဲ၊ တစၧေမေၾကာက္တဲ့ကြၽန္ေတာ္က အဲ့ဘီလူးႏွစ္ေကာင္ကိုေတာ့ ေၾကာက္ပါတယ္ဗ်။ ဘာလို႔ဆို တကယ့္သရဲ၊ တစၧေတြက က်ဳပ္ရဲ့ဘုန္းကံေၾကာင့္ က်ဳပ္အနားကိုေတာင္မကပ္ရဲၾကဘူးေလ။ ဒါေပမဲ့ ဒီရုပ္ထုႀကီးႏွစ္ခုက တကယ့္အစစ္ေတြမွမဟုတ္ဘဲ၊ က်ဳပ္ရဲ့ဘုန္းကံကဘယ္ေလာက္ျမင့္ျမင့္ သူတို႔က က်ဳပ္ကိုေၾကာက္ၿပီးထြက္ေျပးမွာမွမဟုတ္တာ။ က်ဳပ္မွာဘယ္ေလာက္ပဲဘုန္းကံျမင့္တယ္ေျပာေျပာ၊ သတၲိရိွတယ္ေျပာေျပာ က်ဳပ္ကိုဘာမွမလုပ္ႏိုင္တဲ့ဒီဘီလူးႏွစ္ေကာင္ရုပ္ထုကိုေတာ့ တကယ္ေၾကာက္ပါသည္။

Next episode ........

Continue Reading

You'll Also Like

32.9K 3.1K 7
တစ်ယောက်ကို တစ်ယောက် နူးညံ့စွာ ငြိတွယ်မိကြပြီး ချစ်မြတ်နိုးမိသွားကြတာဟာ အပြစ်တစ်ခု ဆိုပါလျှင် ...။ / / တစ္ေယာက္ကို တစ္ေယာက္ ႏူးညံ့စြာ ၿငိတြယ္မိၾကၿပီး...
2.7K 70 17
ကိုကို ကျွန်တော်ကြောက်တယ် ရှိုင်းရိပ်ခန့် .............. ငါ့ကလေးကိုဘယ်သူထိရဲသလဲ သျှင်းကောင်းထက် .................. start _ 14.8.2023 end _ ......
16.3M 545K 35
Down-on-her-luck Aubrey gets the job offer of a lifetime, with one catch: her ex-husband is her new boss. *** Aubrey...
1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။