Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 19
-------------
ရှောင်ကျန့် သက်ပြင်းချနေရတာဒီနေ့ ဒီအခါနဲ့ဆိုဘယ်နှကြိမ်
မြောက်လဲမသိတော့ပါ ၀မ်မျိုးရိုးဘက်က မြို့အုပ်၀မ်ရဲ့အစ်မ၀မ်းကွဲ
၀မ်လီကရောက်ချလာပြီး သူ့ကိုသင်ပေးနေတာတွေမှတစ်ပုံကြီး
ကြည့်ရတာကတော့ ဖုန်းဆက်ပြီးမွှေလိုက်တဲ့အမွှေကြောင့်
၀မ်တစ်မျိုးလုံးက သူ့ကိုတင်းနေတာကြာပြီပင် ။
"ငါဒီနေ့ရက်တော်တော်ကြာအောင်နေမယ်...အေး...ဒီအတောအတွင်းမှာ နင့်ကိုသင်ပေးစရာရှိတာသင်ပေးမယ်"
"ဗျာ...ကျန့်ကျန့်ကိုလား"
"နင့်ကိုမပြောလို့ ငါကဘယ်အရူးကိုပြောနေရမှာလဲ..."
"...."
"ငါ့အိတ်တွေလာသယ်ပေးဦး..."
"ဟုတ်ကဲ့ မမလေး"
"သတိထားကိုင်နော်...အဲ့အိတ်ကို Englandသွားတုန်းက၀ယ်ထား
တာ...ပွန်းမိမယ် ကြားလား"
"ဟုတ်ကဲ့ မမလေး"
"ကျန့်ကျန့်ရော...ကူသယ်ပေးရမလားဟင်"
သူလည်းရှိနေပေမဲ့လည်း အစ်မရဲ့အိတ်တွေကိုဝိုင်းသယ်ဖို့ပြင်သည်
အာဏာတွေဖယ်လိုက်ရင် သူက မတ်လေး သာသာပဲရှိတယ်
၀မ်မျိုးရိုးစီကနေအကောင်းမြင်ခံချင်တယ် ။
"မသယ်နဲ့..."
"ဗျာ..."
"ကျစ်! နင်အဲ့လိုမျိုးတုံးအနေရလား...ဟမ်!... ဒီမယ် နင်ကမင်းကတော်တစ်ယောက်...ဒီလိုမျိုးတွေလုပ်ဖို့မဟုတ်ဘူး
တော်ကြာနေ ပတ်၀န်းကျင်ကတွေ့ရင်...မင်းကတော်ကဒီလိုမျိုး
တွေလုပ်နေပါတယ် မြို့အုပ်၀မ်ကအာဏာမပေးထားပါဘူးဆိုရင်
ကျုပ် မောင်လေးပဲ သိက္ခာကျမှာ..."
"ကျန့်ကျန့်က....ကျဲကိုကူညီပေးချင်..."
"ဒါကနင်ကူညီရမဲ့ကိစ္စမဟုတ်ဘူး...ဒီလောက်အသေးမွှားတွေကို
လိုက်လုပ်ပေးတာနဲ့ အကောင်းမြင်ခံရမှာမဟုတ်ဘူး"
"...."
"မင်းကတော်ခင်ဗျ...ဖုန်းလာပါတယ်...ချွင်းရန်လို့ပြောပါတယ်"
"လာပြီ!!"
ရှောင်ကျန့်ကခုန်ပေါက်ပြေးပြီးတော့ ဖုန်းနားတန်းရောက်သွားပြီး
ခုံပေါ်မှာ ဖြစ်သလိုထိုင်ကာ စကားတွေပြောတာလဲ ဟီးဟီး ဟားဟားနဲ့ ။
"ငါတို့တွေ တစ်နေ့လောက်ဆုံကြရ..."
*တူ...တူ...*
ရှောင်ကျန့်ဖုန်းအဆက်အသွယ်တွေပျက်သွားတယ် ၀မ်လီက ကြိုးဖုန်းနဲ့သွယ်ထားတဲ့ကြိုးကိုဆွဲဖြုတ်လိုက်တာကြောင့်ပင်
ရှောင်ကျန့်ထရပ်လိုက်တယ် ။
"ဘာလုပ်တာလဲ..."
"ဘာလုပ်တာလဲ...ဟုတ်လား...ခုနကထိုင်ပုံထိုင်နည်းကိုကြည့်စမ်း
စကားပြောရင်လည်း ဟီးဟီး ဟားဟား နဲ့ ခုန်ပေါက်ပြေးလွှားနေတာပဲ...ဒါကမင်းကတော်နေရမဲ့ပုံစံလား"
"ကျန့်ကျန့်ဘာသာ လုပ်ချင်တာလုပ်မှာပေ့ါ..."
"နင်လုပ်ချင်တာလုပ်နေပေမဲ့ ငါ့မောင် သိက္ခာကျတယ်..."
"ကျန့်ကျန့်က လုပ်ချင်တာကိုလုပ်တယ် ဒါပေမဲ့...ကျန့်ကျန့်ယောကျာ်းကိုတော့ သိက္ခာကျအောင်မလုပ်ခဲ့ဘူး"
"နင်တို့ရှောင်းမျိုးရိုးက ဒီအတိုင်းပဲလားဘာမှ သိမ့်မွေ့အောင်မသင်ပေးတဲ့အပြင်ကို အကြီးကိုခံပြောအောင်ပါ
သင်ပေးတာလား"
"ကျဲ!! ကျန့်ကျန့် မျိုးရိုးကိုအဲ့လောက်မပြောပါနဲ့...ကျန့်ကျန့်မကြိုက်ဘူး"
"မင်းမကြိုက်လဲ မတတ်နိုင်ဘူး...အဓိကက...မင်းအပြုအမူတွေ
ကိုရအောင်ပြင်...နောက်အပတ်ကျရင် ၀မ်မိသားစုတွေ့ဆုံပွဲရှိတယ်"
"...."
"နင့်ကိုသိပ်ချစ်လွန်းလို့တော့ မဟုတ်ဘူး....နင့်ကိုပြောရင် မြို့အုပ်၀မ်ကိုပါပြောကြမှာ...၀မ်ရိပေါ်မင်းယောကျာ်းကဘယ်လိုဆိုတာ..."
"....."
"လာခဲ့...ရအောင်..ပြင်ရမယ်..သင်ရမယ်..."
ရှောင်ကျန့် စိတ်လျှော့ချလိုက်သည် သူမပြောတာလဲဟုတ်နေတာပဲလေ သူ့ကြောင့်နဲ့တော့ မြို့အုပ်၀မ်ကိုပြောကြမှာလက်မခံနိုင်ဘူး ။
"ခုနကခုန်ပေါက် ပြေးနေတဲ့စိတ်ကိုဖျောက်လိုက် ခြေသံကိုမကြားရအောင်နင်း"
"သူခိုးလိုမျိုးလား"
"ဟုတ်တယ်...ဒါပေမဲ့ သူခိုးလိုမျိုး ခိုးခိုင်းနေမှာတော့မဟုတ်ဘူး"
"ဟုတ်ကဲ့...ကျန့်ကျန့်သိပါတယ်.."
"အဲ့တာတော့ကလေးကအစခွေးအဆုံးသိတယ်"
"..."
"နောက်အခါ နင်အဲ့လိုသာမနေပါနဲ့"
"ဟုတ်ကဲ့ပါ...ကျဲကျဲ"
"လာ သင်ယူစရာတွေမှတစ်ပုံကြီး...နှေးတိနှေးကန်နဲ့မလုပ်နဲ့"
"ဟုတ်..."
"မင်းကတော်တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အရာမှန်သမျှအကုန်သင်ပေးမယ်"
"...."
ရှောင်ကျန့်အသံတွေတိုးဖျော့သွားရသည် ကျဲရှိနေတဲ့ကာလပတ်လုံး
သူတော့ငရဲလိုခံရတော့မှာပဲ ညနေကျတော့မြို့အုပ်၀မ်ပြန်လာလေပြီ
ရှောင်ကျန့်ကတော့ထိုင်နေရာကနေမထချေ သူအမြဲသွားကြိုနေတာမှမဟုတ်တာ။
"အဲ့တာဘာလုပ်တာလဲ"
"ခင်ဗျာ...ကျန့်ကျန့်ဘာလုပ်လို့တုန်း"
"သွားကြိုရမယ်ဆိုတာမသိဘူးလား!"
"...."
"ဘာကြည့်နေတာလဲ သွားကြိုချည်"
"ဟုတ်...ဟုတ်ကဲ့"
စည်းကမ်းတင်းကျပ်သူပီပီ ၀မ်လီက ရှောင်ကျန့်ကိုခိုင်းလို့ရသမျှ
အကုန်ခိုင်းတယ် မလိုအပ်တဲ့ဟာတွေပါထပ်ခိုင်းဦးမှာ ရှောင်မျိုးရိုး
ကိုသိပ်ကြည့်လို့ရတာမဟုတ်ဘူး။
ရှောင်ကျန့်ပြေးတော့မဲ့ခြေလှမ်းတွေကိုသတိတရနဲ့ထိန်းလိုက်ကာ
ခြေသံမထွက်အောင်လို့လျှောက်သည် အဲ့တာကိုအနောက်ကနေ
လှမ်းအော်နေတယ်။
"နှေးတိနှေးကန်နဲ့ ဘယ်လိုဟာလဲ...မြန်မြန်မသွားတတ်ဘူးလား"
"ကျဲပဲ...ခြေသံမမြည်စေနဲ့ဆို"
"ဟုတ်တယ်လေ...ခြေသံမမြည်ဘဲနဲ့မြန်မြန်လျှောက်စမ်း!"
"ဟုတ်...ဟုတ်ကဲ့ကျဲ..."
ရှောင်ကျန့်ခြေသံမမြည်အောင်ထိန်းရင်းခပ်မြန်မြန်လျှောက်
လိုက်သည် မြို့အုပ်၀မ်လည်းအထဲအရောက်သူလည်းအရောက်
ဆိုတော့တိုက်ဆိုင်သွားတာပေါ့ ရှောင်ကျန့်တွေးကြည့်မိတာက
သူဘာလုပ်ရမှာလဲ တစ်ခါမှထွက်ကြိုဖူးတာမဟုတ်တာ။
"ဟို...."
"ဘာလဲ...ဘာပြောမလို့လဲ"
"ပြန်လာပြီလားဟင်"
"ပြန်လာလို့တွေ့နေတာမဟုတ်ဘူးလား"
"ဟုတ်ပါတယ်...ဟုတ်ပါတယ်"
"ဘာရပ်လုပ်နေတာလဲ"
"ကျန့်ကျန့်က...."
"ဟဲ့! နင်ဘာရပ်လုပ်နေပြန်တာလဲ အိတ်ကိုဆွဲပေးရမယ် ဖိနပ်ချွတ်ပေးရမယ်ဆိုတာမသိဘူးလား..."
"...."
ရှောင်ကျန့်တုံ့ခနဲရပ်သွားသည် ဖိနပ်ချွတ်ပေးတာလား ဒါက....
ဒီလိုမျိုးအောက်ကျခံမဲ့ သူမျိုးလို့သူ့ကိုထင်နေတာလား...။
"လုပ်လေ! ဘာရပ်ကြည့်နေတာလဲ!"
"ကျန့်ကျန့်...ကျန့်ကျန့်အဲ့လိုမျိုးတွေမလုပ်တတ်ဘူး"
"ဘ..ဘာ!"
"ဟုတ်တယ်...ကျန့်ကျန့်မိဘတွေကအဲ့လိုမခိုင်းခဲ့ဘူး..."
"ဟက်! ရှောင်မျိုးရိုးကအဲ့အတိုင်းပဲ...သင်ပေးသင့်တာကိုမသင်
ပေးဘူး....အလကားဘာမဟုတ်တဲ့ အပေါစားအပြုအမူတွေကို"
"အဲ့တာဆို...ဘာလို့...၀မ်မျိုးရိုးကသူတို့ဖိနပ်သူတို့ချွတ်ရမယ်လို့
ဘာလို့မသင်ပေးတာလဲ...ဘာလဲလက်ကသုံးမရလို့လား"
"မင်း...မင်း! ငါတို့မျိုးရိုးကိုမစော်ကားနဲ့နော်...ရိပေါ်! မင်းယောကျာ်းကိုကြည့်ပြောဦး နောက်တစ်ခါ ငါတို့၀မ်မျိုးရိုးကို
ထိပါးလာကြည့် မင်းကိုနုတ်နုတ်စင်းပစ်မယ်"
"...."
ရှောင်ကျန့်ပုခုံးကိုတွန်းတိုက်ကာ အိမ်ပေါ်တက်သွားလေပြီရှောင်ကျန့် သက်ပြင်းချလိုက်ပြီး မြို့အုပ်၀မ်ကိုကြည့်လိုက်သည်။
"သူပြောတဲ့အတိုင်းမလုပ်ပါနဲ့...ဟုတ်ပြီလား...မင်းပုံစံအတိုင်းမင်းနေချည်"
"...."
မျက်နှာလေးညိုးနေသော ရှောင်ကျန့်ကိုကြည့်လိုက်ရင်း အိတ်ကို
အိမ်တော်ထိန်းကြီးစီပေးလိုက်တယ် ရှောင်ကျန့်လက်ကိုအသာလေးဆွဲကာ။
"ဖိနပ်၀တ်...ကိုယ်နဲ့ခြံထဲမှာလမ်းလျှောက်ရအောင်"
"...."
နှင်းလေးတွေကဖြေးညှင်းစွာနဲ့ကျနေသည် ဒီလိုမျိုး အတူလမ်းလဲမလျှောက်ဖူးပါဘူး ထူးထူးဆန်းဆန်းမြို့အုပ်၀မ်က
ဘာလို့များပါလိမ့်....။
"ကဲ...ကိုယ့်ကိုပြောကြည့်...ကျဲအကြောင်းတွေ"
"အတင်းတုတ်လို့ရတာလား"
"အင်း"
"မြို့အုပ်၀မ်ပြန်မပြောနဲ့နော်"
"အင်း..."
"ကတိပေးမယ်မှတ်လားဟင်"
"အင်း ပေးမယ်"
ရှောင်ကျန့်မျက်နှာလေးပြုံးပျော်သွားကာ ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြသည် သူမကျေနပ်ချက်လေးတွေ
နားထောင်ကြည့်ရတာပေါ့ ။
"ကျန့်ကျန့်ကိုဒီနေ့သင်ပေးတာ ကျန့်ကျန့်ဘယ်လိုနေရမလဲတောင်မသိတော့ဘူး"
"...."
"ရက်အတော်ကြာနေမယ်လို့ပြောတယ်...မြို့အုပ်၀မ် နောက်အပတ်
နေရင် ၀မ်မျိုးရိုးတွေ့ဆုံပွဲရှိတယ်ဆို"
"အင်း....ဒီအတိုင်း...မိသားစုလုပ်နေကြပွဲလေးပါ"
"အော်...ကျန့်ကျန့်လဲတက်ရမယ်ထင်တယ်"
"မတက်ချင်လို့လား..."
"မဟုတ်ပါဘူး...ကျဲကိုကြည့်ရတာကျန့်ကျန့်ကိုသဘောမကျတဲ့ပုံပဲ
ဒါကြောင့် ကျန်တဲ့သူတွေပါ..."
"ဘာမှမဖြစ်ပါဘူး...သူတို့သဘောကျကျမကျကျဘာဖြစ်လဲ"
"...."
"ကိုယ်တစ်ယောက်လုံးဘေးနားမှာရှိနေတာပဲ...ဟုတ်ပြီလား"
"အင်း! မြို့အုပ်၀မ်ဘေးနားရှိနေတာပဲ ကျန့်ကျန့်လုံခြုံပါတယ်"
"ကျဲအစား ကိုယ်မင်းကိုတောင်းပန်မယ်နော်"
"ရပါတယ်...ကျန့်ကျန့်ကအပြစ်မမြင်တတ်ပါဘူး"
"...."
🐷🐰
ရှောင်ကျန့်ကသူအတတ်နိုင်ဆုံးစိတ်ရှည်ပြီးနေပါတယ် ကျဲကကန့်လန့်တိုက်ရင် သူကပြန်ပြီးကန့်လန့်ပြန်တိုက်တယ်
အဲ့ကျရင်ပါးစပ်ပိတ်သွားရော....။
နောက်ဆုံးတော့၀မ်မိသားစုတွေ့ဆုံပွဲကြီး ကျင်းပလေပြီ ၀မ်ဖိုးဖိုး
ကနေအစ မြေးအငယ်ဆုံးလေးတွေအဆုံး တရုတ်ရိုးရာအ၀တ်ဖြစ်တဲ့ (Hanfu) ကို၀တ်ဆင်ကြတယ်
မြို့အုပ်၀မ်က အမဲနဲ့ အဖြူကိုလိုက်ဖက်ညီစွာတွဲ၀တ်ထားတယ်
အဲ့တာကိုရှောင်ကျန့်ကထရီသည်။
"ဂါ၀န်ကြီး၀တ်ထားတယ်...ဟား...ဟား..."
"မင်းလဲ၀တ်ရမှာပဲလေ"
"မ၀တ်ပါဘူးနော် အဲ့ဂါ၀န်ကြီးကို"
"ဒါရိုးရာ ၀တ်စုံပါရှောင်ကျန့် ၀တ်ရမယ်"
"မ၀တ်ချင်ပါဘူး..."
"ကိုယ့်စကားနားမထောင်ဘူးနော် ရှောင်ကျန့်"
"....."
ရှောင်ကျန့်ပါးစပ်ပိတ်သွားကာ မြို့အုပ်၀မ်လက်ထဲကသူ့အတွက်
ပြင်ပေးထားတဲ့အ၀တ်ကိုယူလိုက်သည် သူမြို့အုပ်၀မ်စကား
နားထောင်ပါ့မယ်ဆိုပြီးပြောထားတာကို ။
"ပြီးရင်ထွက်လာခဲ့တော့..."
"မထွက်ဘူး မြို့အုပ်၀မ် လှောင်မှာပေါ့"
"မလှောင်ပါဘူး...ထွက်ခဲ့ချည်..."
"ကျန့်ကျန့် ဒါကြီးနဲ့ရုပ်ဆိုးနေတယ်..."
"ထွက်လာခဲ့စမ်းပါ"
"အနောက်လှည့်နေချည်"
"ပြီးရော..."
မြို့အုပ်၀မ်အနောက်လှည့်နေလိုက်သည် ရှောင်ကျန့်ထွက်လာတာကို
အသံကြားရတယ် အရူးလေးနောက်ပြီးမြင်နေရမှာပဲကို ။
"လှည့်ကြည့်ရပြီ..."
မြို့အုပ်၀မ်လှည့်ကြည့်လိုက်တော့ အံ့ဩသွားရသည် အဖြူရောင်
လွှလွှလေးပေါ်မှာ အပြာနုရောင်တို့က လိုက်ဖက်ညီစွာရှိနေသည်
အထူကြီးမဟုတ်တာကြောင့် သူပြောသလို
ဂါ၀န်လို့တောင်မမြည်ပါ ။
"မရီနဲ့နော်...ကျန့်ကျန့်ရုပ်ဆိုးနေတာ...မြို့အုပ်၀မ်ရီချင်နေမှန်းကျန့်ကျန့်သိတယ်"
ခေါင်းငုံ့လို့ပြောနေသူနားကိုသွားကာ ပုခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည် အဲ့သည်အထိမော့မကြည့်လာ။
"လှတယ်..."
"ဗျာ...."
ထိုအခါကျမှ ခေါင်းမော့ကြည့်လာသည် မယုံနိုင်သောမျက်၀န်း
တွေနဲ့ သူ့ကိုကြည့်နေတဲ့မျက်နှာလေးက အနီးကပ်ကြည့်တော့
ပိုချောပြီး ပိုလှတယ်။
"လှတယ်လို့ပြောတာ..."
"မြို့အုပ်၀မ် ကျန့်ကျန့်ကိုစနေတာလား"
"မဟုတ်ပါဘူး....တကယ်လှလို့လှတယ်လို့ပြောတာ"
"အာ....မြို့အုပ်၀မ်ကလည်း...ကျန့်ကျန့်ရှက်လာပြီနော်...တစ်ခါမှအပြောခံရဖူးတာမဟုတ်ဘူး"
"သွားကြရအောင်...တွေ့ဆုံပွဲကို"
"အင်း"
ရှောင်ကျန့်က အရှေ့ကနေ ပြေးထွက်သွားလေသည် ဆံပင်လေးသာ မိန်းကလေးတစ်ယောက်လို ခါးထိရှည်နေရင်
ပိုပြီးလှမှာအမှန်ပါပဲ ဒါပေမဲ့....ဒီအတိုင်းလေး သူ့ပုံစံအတိုင်းလေးကပိုလှပါတယ်လို့ မြို့အုပ်၀မ်စိတ်ထဲမှာ
တွေးလိုက်လေသည်။
______________
Su တစ်ပတ်လောက်နားမယ်နော်😘😘
(14.12.2023)
#Su🐼
Beta ေယာင္ေဆာင္ေသာၿမိဳ႕အုပ္ကေတာ္
Part 19
-------------
ေရွာင္က်န႔္ သက္ျပင္းခ်ေနရတာဒီေန႔ ဒီအခါနဲ႔ဆိုဘယ္ႏွႀကိမ္
ေျမာက္လဲမသိေတာ့ပါ ၀မ္မ်ိဳး႐ိုးဘက္က ၿမိဳ႕အုပ္၀မ္ရဲ႕အစ္မ၀မ္းကြဲ
၀မ္လီကေရာက္ခ်လာၿပီး သူ႔ကိုသင္ေပးေနတာေတြမွတစ္ပုံႀကီး
ၾကည့္ရတာကေတာ့ ဖုန္းဆက္ၿပီးေမႊလိုက္တဲ့အေမႊေၾကာင့္
၀မ္တစ္မ်ိဳးလုံးက သူ႔ကိုတင္းေနတာၾကာၿပီပင္ ။
"ငါဒီေန႔ရက္ေတာ္ေတာ္ၾကာေအာင္ေနမယ္...ေအး...ဒီအေတာအတြင္းမွာ နင့္ကိုသင္ေပးစရာရွိတာသင္ေပးမယ္"
"ဗ်ာ...က်န႔္က်န႔္ကိုလား"
"နင့္ကိုမေျပာလို႔ ငါကဘယ္အ႐ူးကိုေျပာေနရမွာလဲ..."
"...."
"ငါ့အိတ္ေတြလာသယ္ေပးဦး..."
"ဟုတ္ကဲ့ မမေလး"
"သတိထားကိုင္ေနာ္...အဲ့အိတ္ကို Englandသြားတုန္းက၀ယ္ထား
တာ...ပြန္းမိမယ္ ၾကားလား"
"ဟုတ္ကဲ့ မမေလး"
"က်န႔္က်န႔္ေရာ...ကူသယ္ေပးရမလားဟင္"
သူလည္းရွိေနေပမဲ့လည္း အစ္မရဲ႕အိတ္ေတြကိုဝိုင္းသယ္ဖို႔ျပင္သည္
အာဏာေတြဖယ္လိုက္ရင္ သူက မတ္ေလး သာသာပဲရွိတယ္
၀မ္မ်ိဳး႐ိုးစီကေနအေကာင္းျမင္ခံခ်င္တယ္ ။
"မသယ္နဲ႔..."
"ဗ်ာ..."
"က်စ္! နင္အဲ့လိုမ်ိဳးတုံးအေနရလား...ဟမ္!... ဒီမယ္ နင္ကမင္းကေတာ္တစ္ေယာက္...ဒီလိုမ်ိဳးေတြလုပ္ဖို႔မဟုတ္ဘူး
ေတာ္ၾကာေန ပတ္၀န္းက်င္ကေတြ႕ရင္...မင္းကေတာ္ကဒီလိုမ်ိဳး
ေတြလုပ္ေနပါတယ္ ၿမိဳ႕အုပ္၀မ္ကအာဏာမေပးထားပါဘူးဆိုရင္
က်ဳပ္ ေမာင္ေလးပဲ သိကၡာက်မွာ..."
"က်န႔္က်န႔္က....က်ဲကိုကူညီေပးခ်င္..."
"ဒါကနင္ကူညီရမဲ့ကိစၥမဟုတ္ဘူး...ဒီေလာက္အေသးမႊားေတြကို
လိုက္လုပ္ေပးတာနဲ႔ အေကာင္းျမင္ခံရမွာမဟုတ္ဘူး"
"...."
"မင္းကေတာ္ခင္ဗ်...ဖုန္းလာပါတယ္...ခြၽင္းရန္လို႔ေျပာပါတယ္"
"လာၿပီ!!"
ေရွာင္က်န႔္ကခုန္ေပါက္ေျပးၿပီးေတာ့ ဖုန္းနားတန္းေရာက္သြားၿပီး
ခုံေပၚမွာ ျဖစ္သလိုထိုင္ကာ စကားေတြေျပာတာလဲ ဟီးဟီး ဟားဟားနဲ႔ ။
"ငါတို႔ေတြ တစ္ေန႔ေလာက္ဆုံၾကရ..."
*တူ...တူ...*
ေရွာင္က်န႔္ဖုန္းအဆက္အသြယ္ေတြပ်က္သြားတယ္ ၀မ္လီက ႀကိဳးဖုန္းနဲ႔သြယ္ထားတဲ့ႀကိဳးကိုဆြဲျဖဳတ္လိုက္တာေၾကာင့္ပင္
ေရွာင္က်န႔္ထရပ္လိုက္တယ္ ။
"ဘာလုပ္တာလဲ..."
"ဘာလုပ္တာလဲ...ဟုတ္လား...ခုနကထိုင္ပုံထိုင္နည္းကိုၾကည့္စမ္း
စကားေျပာရင္လည္း ဟီးဟီး ဟားဟား နဲ႔ ခုန္ေပါက္ေျပးလႊားေနတာပဲ...ဒါကမင္းကေတာ္ေနရမဲ့ပုံစံလား"
"က်န႔္က်န႔္ဘာသာ လုပ္ခ်င္တာလုပ္မွာေပ့ါ..."
"နင္လုပ္ခ်င္တာလုပ္ေနေပမဲ့ ငါ့ေမာင္ သိကၡာက်တယ္..."
"က်န႔္က်န႔္က လုပ္ခ်င္တာကိုလုပ္တယ္ ဒါေပမဲ့...က်န႔္က်န႔္ေယာက်ာ္းကိုေတာ့ သိကၡာက်ေအာင္မလုပ္ခဲ့ဘူး"
"နင္တို႔ေရွာင္းမ်ိဳး႐ိုးက ဒီအတိုင္းပဲလားဘာမွ သိမ့္ေမြ႕ေအာင္မသင္ေပးတဲ့အျပင္ကို အႀကီးကိုခံေျပာေအာင္ပါ
သင္ေပးတာလား"
"က်ဲ!! က်န႔္က်န႔္ မ်ိဳး႐ိုးကိုအဲ့ေလာက္မေျပာပါနဲ႔...က်န႔္က်န႔္မႀကိဳက္ဘူး"
"မင္းမႀကိဳက္လဲ မတတ္ႏိုင္ဘူး...အဓိကက...မင္းအျပဳအမူေတြ
ကိုရေအာင္ျပင္...ေနာက္အပတ္က်ရင္ ၀မ္မိသားစုေတြ႕ဆုံပြဲရွိတယ္"
"...."
"နင့္ကိုသိပ္ခ်စ္လြန္းလို႔ေတာ့ မဟုတ္ဘူး....နင့္ကိုေျပာရင္ ၿမိဳ႕အုပ္၀မ္ကိုပါေျပာၾကမွာ...၀မ္ရိေပၚမင္းေယာက်ာ္းကဘယ္လိုဆိုတာ..."
"....."
"လာခဲ့...ရေအာင္..ျပင္ရမယ္..သင္ရမယ္..."
ေရွာင္က်န႔္ စိတ္ေလွ်ာ့ခ်လိုက္သည္ သူမေျပာတာလဲဟုတ္ေနတာပဲေလ သူ႔ေၾကာင့္နဲ႔ေတာ့ ၿမိဳ႕အုပ္၀မ္ကိုေျပာၾကမွာလက္မခံႏိုင္ဘူး ။
"ခုနကခုန္ေပါက္ ေျပးေနတဲ့စိတ္ကိုေဖ်ာက္လိုက္ ေျခသံကိုမၾကားရေအာင္နင္း"
"သူခိုးလိုမ်ိဳးလား"
"ဟုတ္တယ္...ဒါေပမဲ့ သူခိုးလိုမ်ိဳး ခိုးခိုင္းေနမွာေတာ့မဟုတ္ဘူး"
"ဟုတ္ကဲ့...က်န႔္က်န႔္သိပါတယ္.."
"အဲ့တာေတာ့ကေလးကအစေခြးအဆုံးသိတယ္"
"..."
"ေနာက္အခါ နင္အဲ့လိုသာမေနပါနဲ႔"
"ဟုတ္ကဲ့ပါ...က်ဲက်ဲ"
"လာ သင္ယူစရာေတြမွတစ္ပုံႀကီး...ေႏွးတိေႏွးကန္နဲ႔မလုပ္နဲ႔"
"ဟုတ္..."
"မင္းကေတာ္တစ္ေယာက္မွာရွိသင့္ရွိထိုက္တဲ့အရာမွန္သမွ်အကုန္သင္ေပးမယ္"
"...."
ေရွာင္က်န႔္အသံေတြတိုးေဖ်ာ့သြားရသည္ က်ဲရွိေနတဲ့ကာလပတ္လုံး
သူေတာ့ငရဲလိုခံရေတာ့မွာပဲ ညေနက်ေတာ့ၿမိဳ႕အုပ္၀မ္ျပန္လာေလၿပီ
ေရွာင္က်န႔္ကေတာ့ထိုင္ေနရာကေနမထေခ် သူအၿမဲသြားႀကိဳေနတာမွမဟုတ္တာ။
"အဲ့တာဘာလုပ္တာလဲ"
"ခင္ဗ်ာ...က်န႔္က်န႔္ဘာလုပ္လို႔တုန္း"
"သြားႀကိဳရမယ္ဆိုတာမသိဘူးလား!"
"...."
"ဘာၾကည့္ေနတာလဲ သြားႀကိဳခ်ည္"
"ဟုတ္...ဟုတ္ကဲ့"
စည္းကမ္းတင္းက်ပ္သူပီပီ ၀မ္လီက ေရွာင္က်န႔္ကိုခိုင္းလို႔ရသမွ်
အကုန္ခိုင္းတယ္ မလိုအပ္တဲ့ဟာေတြပါထပ္ခိုင္းဦးမွာ ေရွာင္မ်ိဳး႐ိုး
ကိုသိပ္ၾကည့္လို႔ရတာမဟုတ္ဘူး။
ေရွာင္က်န႔္ေျပးေတာ့မဲ့ေျခလွမ္းေတြကိုသတိတရနဲ႔ထိန္းလိုက္ကာ
ေျခသံမထြက္ေအာင္လို႔ေလွ်ာက္သည္ အဲ့တာကိုအေနာက္ကေန
လွမ္းေအာ္ေနတယ္။
"ေႏွးတိေႏွးကန္နဲ႔ ဘယ္လိုဟာလဲ...ျမန္ျမန္မသြားတတ္ဘူးလား"
"က်ဲပဲ...ေျခသံမျမည္ေစနဲ႔ဆို"
"ဟုတ္တယ္ေလ...ေျခသံမျမည္ဘဲနဲ႔ျမန္ျမန္ေလွ်ာက္စမ္း!"
"ဟုတ္...ဟုတ္ကဲ့က်ဲ..."
ေရွာင္က်န႔္ေျခသံမျမည္ေအာင္ထိန္းရင္းခပ္ျမန္ျမန္ေလွ်ာက္
လိုက္သည္ ၿမိဳ႕အုပ္၀မ္လည္းအထဲအေရာက္သူလည္းအေရာက္
ဆိုေတာ့တိုက္ဆိုင္သြားတာေပါ့ ေရွာင္က်န႔္ေတြးၾကည့္မိတာက
သူဘာလုပ္ရမွာလဲ တစ္ခါမွထြက္ႀကိဳဖူးတာမဟုတ္တာ။
"ဟို...."
"ဘာလဲ...ဘာေျပာမလို႔လဲ"
"ျပန္လာၿပီလားဟင္"
"ျပန္လာလို႔ေတြ႕ေနတာမဟုတ္ဘူးလား"
"ဟုတ္ပါတယ္...ဟုတ္ပါတယ္"
"ဘာရပ္လုပ္ေနတာလဲ"
"က်န႔္က်န႔္က...."
"ဟဲ့! နင္ဘာရပ္လုပ္ေနျပန္တာလဲ အိတ္ကိုဆြဲေပးရမယ္ ဖိနပ္ခြၽတ္ေပးရမယ္ဆိုတာမသိဘူးလား..."
"...."
ေရွာင္က်န႔္တုံ႔ခနဲရပ္သြားသည္ ဖိနပ္ခြၽတ္ေပးတာလား ဒါက....
ဒီလိုမ်ိဳးေအာက္က်ခံမဲ့ သူမ်ိဳးလို႔သူ႔ကိုထင္ေနတာလား...။
"လုပ္ေလ! ဘာရပ္ၾကည့္ေနတာလဲ!"
"က်န႔္က်န႔္...က်န႔္က်န႔္အဲ့လိုမ်ိဳးေတြမလုပ္တတ္ဘူး"
"ဘ..ဘာ!"
"ဟုတ္တယ္...က်န႔္က်န႔္မိဘေတြကအဲ့လိုမခိုင္းခဲ့ဘူး..."
"ဟက္! ေရွာင္မ်ိဳး႐ိုးကအဲ့အတိုင္းပဲ...သင္ေပးသင့္တာကိုမသင္
ေပးဘူး....အလကားဘာမဟုတ္တဲ့ အေပါစားအျပဳအမူေတြကို"
"အဲ့တာဆို...ဘာလို႔...၀မ္မ်ိဳး႐ိုးကသူတို႔ဖိနပ္သူတို႔ခြၽတ္ရမယ္လို႔
ဘာလို႔မသင္ေပးတာလဲ...ဘာလဲလက္ကသုံးမရလို႔လား"
"မင္း...မင္း! ငါတို႔မ်ိဳး႐ိုးကိုမေစာ္ကားနဲ႔ေနာ္...ရိေပၚ! မင္းေယာက်ာ္းကိုၾကည့္ေျပာဦး ေနာက္တစ္ခါ ငါတို႔၀မ္မ်ိဳး႐ိုးကို
ထိပါးလာၾကည့္ မင္းကိုႏုတ္ႏုတ္စင္းပစ္မယ္"
"...."
ေရွာင္က်န႔္ပုခုံးကိုတြန္းတိုက္ကာ အိမ္ေပၚတက္သြားေလၿပီေရွာင္က်န႔္ သက္ျပင္းခ်လိုက္ၿပီး ၿမိဳ႕အုပ္၀မ္ကိုၾကည့္လိုက္သည္။
"သူေျပာတဲ့အတိုင္းမလုပ္ပါနဲ႔...ဟုတ္ၿပီလား...မင္းပုံစံအတိုင္းမင္းေနခ်ည္"
"...."
မ်က္ႏွာေလးညိဳးေနေသာ ေရွာင္က်န႔္ကိုၾကည့္လိုက္ရင္း အိတ္ကို
အိမ္ေတာ္ထိန္းႀကီးစီေပးလိုက္တယ္ ေရွာင္က်န႔္လက္ကိုအသာေလးဆြဲကာ။
"ဖိနပ္၀တ္...ကိုယ္နဲ႔ၿခံထဲမွာလမ္းေလွ်ာက္ရေအာင္"
"...."
ႏွင္းေလးေတြကေျဖးညႇင္းစြာနဲ႔က်ေနသည္ ဒီလိုမ်ိဳး အတူလမ္းလဲမေလွ်ာက္ဖူးပါဘူး ထူးထူးဆန္းဆန္းၿမိဳ႕အုပ္၀မ္က
ဘာလို႔မ်ားပါလိမ့္....။
"ကဲ...ကိုယ့္ကိုေျပာၾကည့္...က်ဲအေၾကာင္းေတြ"
"အတင္းတုတ္လို႔ရတာလား"
"အင္း"
"ၿမိဳ႕အုပ္၀မ္ျပန္မေျပာနဲ႔ေနာ္"
"အင္း..."
"ကတိေပးမယ္မွတ္လားဟင္"
"အင္း ေပးမယ္"
ေရွာင္က်န႔္မ်က္ႏွာေလးၿပဳံးေပ်ာ္သြားကာ ေခါင္းတစ္ဆက္ဆက္ၿငိမ့္ျပသည္ သူမေက်နပ္ခ်က္ေလးေတြ
နားေထာင္ၾကည့္ရတာေပါ့ ။
"က်န႔္က်န႔္ကိုဒီေန႔သင္ေပးတာ က်န႔္က်န႔္ဘယ္လိုေနရမလဲေတာင္မသိေတာ့ဘူး"
"...."
"ရက္အေတာ္ၾကာေနမယ္လို႔ေျပာတယ္...ၿမိဳ႕အုပ္၀မ္ ေနာက္အပတ္
ေနရင္ ၀မ္မ်ိဳး႐ိုးေတြ႕ဆုံပြဲရွိတယ္ဆို"
"အင္း....ဒီအတိုင္း...မိသားစုလုပ္ေနၾကပြဲေလးပါ"
"ေအာ္...က်န႔္က်န႔္လဲတက္ရမယ္ထင္တယ္"
"မတက္ခ်င္လို႔လား..."
"မဟုတ္ပါဘူး...က်ဲကိုၾကည့္ရတာက်န႔္က်န႔္ကိုသေဘာမက်တဲ့ပုံပဲ
ဒါေၾကာင့္ က်န္တဲ့သူေတြပါ..."
"ဘာမွမျဖစ္ပါဘူး...သူတို႔သေဘာက်က်မက်က်ဘာျဖစ္လဲ"
"...."
"ကိုယ္တစ္ေယာက္လုံးေဘးနားမွာရွိေနတာပဲ...ဟုတ္ၿပီလား"
"အင္း! ၿမိဳ႕အုပ္၀မ္ေဘးနားရွိေနတာပဲ က်န႔္က်န႔္လုံၿခဳံပါတယ္"
"က်ဲအစား ကိုယ္မင္းကိုေတာင္းပန္မယ္ေနာ္"
"ရပါတယ္...က်န႔္က်န႔္ကအျပစ္မျမင္တတ္ပါဘူး"
"...."
🐷🐰
ေရွာင္က်န႔္ကသူအတတ္ႏိုင္ဆုံးစိတ္ရွည္ၿပီးေနပါတယ္ က်ဲကကန႔္လန႔္တိုက္ရင္ သူကျပန္ၿပီးကန႔္လန႔္ျပန္တိုက္တယ္
အဲ့က်ရင္ပါးစပ္ပိတ္သြားေရာ....။
ေနာက္ဆုံးေတာ့၀မ္မိသားစုေတြ႕ဆုံပြဲႀကီး က်င္းပေလၿပီ ၀မ္ဖိုးဖိုး
ကေနအစ ေျမးအငယ္ဆုံးေလးေတြအဆုံး တ႐ုတ္႐ိုးရာအ၀တ္ျဖစ္တဲ့ (Hanfu) ကို၀တ္ဆင္ၾကတယ္
ၿမိဳ႕အုပ္၀မ္က အမဲနဲ႔ အျဖဴကိုလိုက္ဖက္ညီစြာတြဲ၀တ္ထားတယ္
အဲ့တာကိုေရွာင္က်န႔္ကထရီသည္။
"ဂါ၀န္ႀကီး၀တ္ထားတယ္...ဟား...ဟား..."
"မင္းလဲ၀တ္ရမွာပဲေလ"
"မ၀တ္ပါဘူးေနာ္ အဲ့ဂါ၀န္ႀကီးကို"
"ဒါ႐ိုးရာ ၀တ္စုံပါေရွာင္က်န႔္ ၀တ္ရမယ္"
"မ၀တ္ခ်င္ပါဘူး..."
"ကိုယ့္စကားနားမေထာင္ဘူးေနာ္ ေရွာင္က်န႔္"
"....."
ေရွာင္က်န႔္ပါးစပ္ပိတ္သြားကာ ၿမိဳ႕အုပ္၀မ္လက္ထဲကသူ႔အတြက္
ျပင္ေပးထားတဲ့အ၀တ္ကိုယူလိုက္သည္ သူၿမိဳ႕အုပ္၀မ္စကား
နားေထာင္ပါ့မယ္ဆိုၿပီးေျပာထားတာကို ။
"ၿပီးရင္ထြက္လာခဲ့ေတာ့..."
"မထြက္ဘူး ၿမိဳ႕အုပ္၀မ္ ေလွာင္မွာေပါ့"
"မေလွာင္ပါဘူး...ထြက္ခဲ့ခ်ည္..."
"က်န႔္က်န႔္ ဒါႀကီးနဲ႔႐ုပ္ဆိုးေနတယ္..."
"ထြက္လာခဲ့စမ္းပါ"
"အေနာက္လွည့္ေနခ်ည္"
"ၿပီးေရာ..."
ၿမိဳ႕အုပ္၀မ္အေနာက္လွည့္ေနလိုက္သည္ ေရွာင္က်န႔္ထြက္လာတာကို
အသံၾကားရတယ္ အ႐ူးေလးေနာက္ၿပီးျမင္ေနရမွာပဲကို ။
"လွည့္ၾကည့္ရၿပီ..."
ၿမိဳ႕အုပ္၀မ္လွည့္ၾကည့္လိုက္ေတာ့ အံ့ဩသြားရသည္ အျဖဴေရာင္
လႊလႊေလးေပၚမွာ အျပာႏုေရာင္တို႔က လိုက္ဖက္ညီစြာရွိေနသည္
အထူႀကီးမဟုတ္တာေၾကာင့္ သူေျပာသလို
ဂါ၀န္လို႔ေတာင္မျမည္ပါ ။
"မရီနဲ႔ေနာ္...က်န႔္က်န႔္႐ုပ္ဆိုးေနတာ...ၿမိဳ႕အုပ္၀မ္ရီခ်င္ေနမွန္းက်န႔္က်န႔္သိတယ္"
ေခါင္းငုံ႔လို႔ေျပာေနသူနားကိုသြားကာ ပုခုံးေလးႏွစ္ဖက္ကိုဆုပ္ကိုင္လိုက္သည္ အဲ့သည္အထိေမာ့မၾကည့္လာ။
"လွတယ္..."
"ဗ်ာ...."
ထိုအခါက်မွ ေခါင္းေမာ့ၾကည့္လာသည္ မယုံႏိုင္ေသာမ်က္၀န္း
ေတြနဲ႔ သူ႔ကိုၾကည့္ေနတဲ့မ်က္ႏွာေလးက အနီးကပ္ၾကည့္ေတာ့
ပိုေခ်ာၿပီး ပိုလွတယ္။
"လွတယ္လို႔ေျပာတာ..."
"ၿမိဳ႕အုပ္၀မ္ က်န႔္က်န႔္ကိုစေနတာလား"
"မဟုတ္ပါဘူး....တကယ္လွလို႔လွတယ္လို႔ေျပာတာ"
"အာ....ၿမိဳ႕အုပ္၀မ္ကလည္း...က်န႔္က်န႔္ရွက္လာၿပီေနာ္...တစ္ခါမွအေျပာခံရဖူးတာမဟုတ္ဘူး"
"သြားၾကရေအာင္...ေတြ႕ဆုံပြဲကို"
"အင္း"
ေရွာင္က်န႔္က အေရွ႕ကေန ေျပးထြက္သြားေလသည္ ဆံပင္ေလးသာ မိန္းကေလးတစ္ေယာက္လို ခါးထိရွည္ေနရင္
ပိုၿပီးလွမွာအမွန္ပါပဲ ဒါေပမဲ့....ဒီအတိုင္းေလး သူ႔ပုံစံအတိုင္းေလးကပိုလွပါတယ္လို႔ ၿမိဳ႕အုပ္၀မ္စိတ္ထဲမွာ
ေတြးလိုက္ေလသည္။
______________
Su တစ္ပတ္ေလာက္နားမယ္ေနာ္😘😘
(14.12.2023)
#Su🐼