To Cathy With Love

By myatlay510

55.8K 4K 173

တစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူင... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28(Ending)

Episode 9

1.6K 135 7
By myatlay510

ကျွန်မတာဝန်ကျရာ ဆေးရုံ၏ကားရပ်ရာနေရာတွင် မြနန္ဒာကားကိုတွေ့လိုက်ရုံဖြင့် သူကျွန်မဆီလာတာပါဟု ဘာလို့တွေးမိလိုက်သလဲ မသိတော့ပါ။​ကြောင်လိုက်တာမိကေသီရယ်။

"ရင်ခေါင်းခွဲစိတ်ဌာနမှာ တို့သူငယ်ချင်းရဲ့ကလေးတစ်ယောက် မနေ့ကဆေးရုံတင်ထားရတယ်ဆိုလို့ သတင်းလာမေးတာ၊ ကေသီပြန်တော့မှာလား"

လက်ထဲမှာ အသီးထုပ်ကိုင်ထားတာတွေ့ရသည်။

"အခုပဲပြန်တော့မလို့၊ဒါနဲ့ကလေးနာမည်ကဘယ်သူလဲ"

ဟုတ်ပါသည်။မနေ့က ဆေးရုံတက်လာသည့်ကလေး။minor case ဖြစ်သောကြောင့် ကျွန်မခွဲရဖို့များ၏။

"ဒါဆိုကျွန်မ လိုက်ပြပေးမယ်"

မြနန္ဒာကို လူနာရှိရာ Private room အထိ လိုက်ပြပေးလိုက်သည်။

"ကျေးဇူးပဲ ကေသီ၊ကေသီ့အတွက် မနက်စာလုပ်ထားခဲ့တယ်နော်၊ ပိုင်ပိုင့်ကိုတော့ပြောထားခဲ့တယ်"

မြနန္ဒာသည် ပြုံး၍ပြောရင်းက ကျွန်မမျက်နှာကိုအကဲခတ်သလိုလှမ်းကြည့်သည်။

ပိုင်ပိုင်သည် အခန်းဝတွင်ထိုင်၍ ကျွန်မကိုစောင့်နေလေသည်။

"ဟော ပိုင်ပိုင်၊မမကိုစောင့်နေတာလား"

"ဟုတ်တယ်မမ၊မမနက်စာစားမလို့စောင့်နေတာ"

"ဒါဆို မမရေမြန်မြန်ချိုးလိုက်မယ်နော်"

"ဟုတ်"

"ပိုင်ပိုင် ခေါက်ဆွဲကြော်စားချင်နေတာနဲ့ပူဆာလိုက်တာလေမမ၊ စားကောင်းတယ်မလား၊မေမေက ဟင်းချက်သိပ်ကောင်းတာ"

ဘေစင်တွင် ပန်ကန်ဆေးနေသောကျွန်မကို ပိုင်ပိုင်ကရယ်ရင်းလှမ်းပြောနေသည်။

"အင်း၊စားကောင်းတယ်၊မမဆို သိပ်ချက်မစားဖြစ်ဘူး၊ပျင်းတာရယ်မအားတာရယ်နဲ့ပဲ အပြင်မှာဝယ်စားဖြစ်တာများတယ်၊ဒါနဲ့ ပိုင်ပိုင်lecture သွားတက်တော့မှာမလား"

"ဟုတ်တယ်လေမမ၊ခနနေရင်သွားတော့မယ်"

"ဘာနဲ့သွားမှာလဲ၊မမလိုက်ပို့ရမလား"

"ရတယ်မမ၊bus နဲ့ပဲသွားလိုက်မယ်၊နီးနီးလေးပဲဟာ၊မမနားပါ၊မေမေတောင်မှ လိုက်ပို့ရမလားမေးသေးတယ်၊အလုပ်ရှုပ်နေတာနဲ့ ပိုင်ပိုင်လည်းမပို့ခိုင်းလိုက်ဘူး"

"ပိုင်ပိုင့်မေမေ ကံကောင်းလိုက်တာ"

"ဘာလို့လဲ မမ"

"သမီးလိမ္မာလေး ရ ထားလို့လေ"

ပိုင်ပိုင်သည် သဘောကျ၍ ရယ်လေသည်။

"ဒီပန်းကန်တွေ စင်ပေါ်တင်လိုက်မယ်နော်"

"ဟုတ် မမ၊ဒါနဲ့ ဟိုတစ်ညက မမနဲ့အတူလိုက်ပြီးမေမေ့ကိုခေါ်လာပေးတဲ့ အစ်မကို မေမေက ကျေးဇူးတင်တယ်ပြောပေးပါဦးတဲ့"

"သြော်၊အဲဒီအစ်မနာမည်က ဒေါ်ဝေလွင်တဲ့ မမထက်ကြီးတယ်၊မမအခုတာဝန်ကျနေတဲ့ အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ဆောင်ကပဲ၊တကယ်တော့ အဲဒီအစ်မကပဲ ဦးဆောင်ပြီးခေါ်လာပေးတာ၊မမတစ်ယောက်တည်းဆို ဘာမှလုပ်တတ်မှာမဟုတ်ဘူး"

"ဟုတ်လား၊ကျေးဇူးတင်တယ်ပြောပေးပါမမရယ်"

"အဲဒီညကအကြောင်းကို မေမေပြန်ပြောပြတယ်၊ဦးမျိုးဆွေဆိုတာ မေမေ့ကုမ္မနီက ရှယ်ယာဝင်ပဲ၊ရုတ်တရက်ဖေဖေဆုံးသွားတော့ မေမေက ဖေဖေ့ရှယ်ယာတွေမဆုံးရှုံးအောင်ဝင်ထိန်းပေးနေတာ၊အဲဒီဦးမျိုးဆွေက ဖေဖေမဆုံးခင်ကတည်းက မေမေ့ကိုမျက်စိကျနေတာလေ၊ရှယ်ယာတွေကိုလည်းစျေးပေါပေါနဲ့မေမေ့ဆီကလိုချင်နေတာ၊ဖေဖေဆုံးတော့ သူအခွင့်အရေးရသွားတာပေါ့၊ဟိုတစ်ညကဆို မမတို့ရောက်သွားတာမြန်လို့ပဲ၊ဒါပေမယ့်မေမေက ရှယ်ယာတွေကိုရောင်းပစ်ပြီးအဲ့ကုမ္မဏီကထွက်တော့မယ်တဲ့၊ပိုင်ပိုင်က ကောင်းတယ်လို့ပြောလိုက်တယ်"

အခုလို​တွေပြောရင် ပိုင်ပိုင့်မျက်နှာအရင်ကလောက် မနွမ်းတော့ဘူး။

"ဟိတ် ကောင်မလေး၊ကိုယ့်အတွင်းရေးတွေကို ဒီလိုပဲ သူစိမ်းဆီမှာ ယုံယုံကြည်ကြည်နဲ့ပြောပြရသလား"

ကျွန်မ ပြုံးစစဖြင့်ပြောသောအခါ ပိုင်ပိုင်နှုတ်ခမ်းစူလေတော့သည်။

"မမကသူစိမ်းမှမဟုတ်ဘဲ၊ကိုယ့်အစ်မပဲဟာကို"

"ဟုတ်ပါပြီ ပိုင်ပိုင်ရယ်၊မမက နောက်တာပါ"

"ဟီးဟီး၊ပိုင်ပိုင် သွားတော့မယ်နော်မမ၊မမဒီမှာနေခဲ့ချင်ရင် နေလေ၊သိပ်မကြာဘူးမေမေရောက်မှာ"

"မနေတော့ပါဘူးပိုင်ပိုင်ရယ်၊နည်းနည်းနားပြီး စာလုပ်ဖို့သွားရဦးမယ်"

စာမေးပွဲနီးလာ၍ အခန်းသိပ်မကပ်ဖြစ်တော့။သူငယ်ချင်းများစု၍ စာလုပ်ကြရပြန်၏။ဆရာဂျေမီကိုလည်းကျွန်မတို့နောက်ဆုံးနှစ်အဖွဲ့ကို စာသင်ပေးဖို့အကူအညီတောင်းရသည်။ ဆရာက တခါတရံ သူ့ရုံးခန်းထဲမှာ၊တခါတလေ လက်ချာခန်းထဲမှာပင် စိတ်ပါလက်ပါသင်ပေးတတ်၏။

အခန်းပြန်လာလျှင် မြနန္ဒာတို့သားအမိက ဖွယ်ဖွယ်ရာရာချက်ပြုတ်ကျွေးလေ့ရှိပါသည်။ကျွန်မနှင့်ထိုသားအမိတို့၏ ရင်းနှီးမှုမှာ အတိုင်အတာတစ်ခုအထိ ရှိနေခဲ့ပြီ။ကျွန်မသည် မြနန္ဒာကို နာမည်ပဲခေါ်ဖြစ်ခဲ့ပါသည်။ကျွန်မစိတ်ထဲ ဘာလို့မှန်းမသိ ဒီနာမည်ကိုပဲခေါ်ချင်နေသည်။အမြဲတမ်းခေါ်နေခဲ့ဖူးသည့် နာမည်တစ်ခုကဲ့သို့ရင်းနှီးနေခဲ့၏။ကိုယ်သိပ်ကြိုက်သော သီချင်းတွင်ပါဝင်သော အမည်ကြောင့်ပဲလား မပြောတတ်။မြနန္ဒာကလည်း သူ့နာမည်ခေါ်သည့်ကိစ္စနှင့် ပတ်သက်၍ ထူးထူးခြားခြားဖြစ်ပုံမရ။အစတုန်းက သူ့ထက်ငယ်သောကျွန်မက နာမည်ခေါ်၍ စိတ်များဆိုးမလားဆိုပြီး စိုးရိမ်ခဲ့ဖူးသည်။

ကျွန်မနှင့် ဒါလီတို့အဖွဲ့ရှိနေသည့် ဆေးရုံလက်ချာခန်းထဲသို့ မြနန္ဒာ ရောက်လာသောနေ့က တိုက်တိုက်ဆိုင်ဆိုင် ဆရာဂျေမီမအား၍ တီချယ်မြမာလာ စာသင်ချိန်ဖြစ်နေခဲ့သည်။သင်ခါနီးမှ ဆရာဂျေမီတွင် အရေးကြီးကိစ္စပေါ်၍ အစီအစဥ်မရှိဘဲဆရာက သူ့တပည့်တီချယ်မြမာလာအား အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။တီချယ်မြမာလာဝင်လာတော့မှ ကျွန်မတို့သိခဲ့ရခြင်းဖြစ်ပါသည်။လက်ချာမစခင် ဆရာ့ကိုစာမေးရန်ရည်ရွယ်ချက်ဖြင့် စာပြန်ဖတ်ချင်သောကြောင့် အခန်းတွင် ကျန်ခဲ့သော စာအုပ်ကို ပိုင်ပိုင့်ဆီဖုန်းဆက်၍ ယူလာခိုင်းခဲ့မိ၏။မြနန္ဒာက လမ်းကြုံ၍ သူယူလာခဲ့ပြီး ကျွန်မတို့အတွက် အသီးနှင့်မုန့်များ ဝင်ဝယ်နေ၍ ကြာသွားခဲ့ခြင်းဖြစ်သည်။ကျွန်မက ပိုင်ပိုင်လာမည်ပဲထင်နေခဲ့၏။မြနန္ဒာရောက်မလာခင်အချိန်အထိ သူ့မိသားစု၏ အမွေဖြတ်ထားသည့်ကိစ္စကို ကျွန်မ မေ့လျော့နေခဲ့မိသည်။

တံခါးခေါက်သံနှင့်အတူ မြနန္ဒာပေါ်လာသည့်အခါတီချယ်မြမာလာအပါအဝင် အားလုံး၏အကြည့်က မြနန္ဒာဆီရောက်သွားသည်။အဲဒီအချိန်ကျတော့မှ သတိရသွား၍ တမျက်နှာလုံးပူထူသွားတော့သည်။ မြနန္ဒာသည် ပထမဆုံးကျွန်မကို မြင်၍ ပြုံးပြသည်။နောက်တော့မှ တဖြည်းဖြည်း တီချယ့်ဆီအကြည့်ရောက်သွားတော့သည်။တဖြည်းဖြည်းဖျော့တော့သွားသည့် မြနန္ဒာ၏ အပြုံးကိုတစ်လှည့် တီချယ်မြမာလာ၏ ခန့်မှန်းရခက်သော မျက်နှာကိုတလှည့်ကြည့်ရင်း ခနအဖို့ ကျွန်မ ကြောင်နေမိသည်။ပြီးမှသတိဝင်လာကာ တီချယ့်ဆီခွင့်ပန်၍ မြနန္ဒာဆီပြေးရသည်။

မြနန္ဒာကိုဘယ်လိုတောင်းပန်ရပါ့မလဲ၊တီချယ်ကိုဘယ်လိုမျက်နှာပြရပါ့မလဲ စဥ်းစားရင်းသာအချိန်ကုန်သွားသည်။လက်ချာပြီးသွားသော်လည်း တလုံးမျှ ခေါင်းထဲမဝင်လိုက်ချေ။

Zawgyi

ကြၽန္မတာဝန္က်ရာ ေဆး႐ုံ၏ကားရပ္ရာေနရာတြင္ ျမနႏၵာကားကိုေတြ႕လိုက္႐ုံျဖင့္ သူကြၽန္မဆီလာတာပါဟု ဘာလို႔ေတြးမိလိုက္သလဲ မသိေတာ့ပါ။ေၾကာင္လိုက္တာမိေကသီရယ္။

"ရင္ေခါင္းခြဲစိတ္ဌာနမွာ တို႔သူငယ္ခ်င္းရဲ႕ကေလးတစ္ေယာက္ မေန႕ကေဆး႐ုံတင္ထားရတယ္ဆိုလို႔ သတင္းလာေမးတာ၊ ေကသီျပန္ေတာ့မွာလား"

လက္ထဲမွာ အသီးထုပ္ကိုင္ထားတာေတြ႕ရသည္။

"အခုပဲျပန္ေတာ့မလို႔၊ဒါနဲ႕ကေလးနာမည္ကဘယ္သူလဲ"

ဟုတ္ပါသည္။မေန႕က ေဆး႐ုံတက္လာသည့္ကေလး။minor case ျဖစ္ေသာေၾကာင့္ ကြၽန္မခြဲရဖို႔မ်ား၏။

"ဒါဆိုကြၽန္မ လိုက္ျပေပးမယ္"

ျမနႏၵာကို လူနာရွိရာ Private room အထိ လိုက္ျပေပးလိုက္သည္။

"ေက်းဇူးပဲ ေကသီ၊ေကသီ့အတြက္ မနက္စာလုပ္ထားခဲ့တယ္ေနာ္၊ ပိုင္ပိုင့္ကိုေတာ့ေျပာထားခဲ့တယ္"

ျမနႏၵာသည္ ၿပဳံး၍ေျပာရင္းက ကြၽန္မမ်က္ႏွာကိုအကဲခတ္သလိုလွမ္းၾကည့္သည္။

ပိုင္ပိုင္သည္ အခန္းဝတြင္ထိုင္၍ ကြၽန္မကိုေစာင့္ေနေလသည္။

"ေဟာ ပိုင္ပိုင္၊မမကိုေစာင့္ေနတာလား"

"ဟုတ္တယ္မမ၊မမနက္စာစားမလို႔ေစာင့္ေနတာ"

"ဒါဆို မမေရျမန္ျမန္ခ်ိဳးလိုက္မယ္ေနာ္"

"ဟုတ္"

"ပိုင္ပိုင္ ေခါက္ဆြဲေၾကာ္စားခ်င္ေနတာနဲ႕ပူဆာလိုက္တာေလမမ၊ စားေကာင္းတယ္မလား၊ေမေမက ဟင္းခ်က္သိပ္ေကာင္းတာ"

ေဘစင္တြင္ ပန္ကန္ေဆးေနေသာကြၽန္မကို ပိုင္ပိုင္ကရယ္ရင္းလွမ္းေျပာေနသည္။

"အင္း၊စားေကာင္းတယ္၊မမဆို သိပ္ခ်က္မစားျဖစ္ဘူး၊ပ်င္းတာရယ္မအားတာရယ္နဲ႕ပဲ အျပင္မွာဝယ္စားျဖစ္တာမ်ားတယ္၊ဒါနဲ႕ ပိုင္ပိုင္lecture သြားတက္ေတာ့မွာမလား"

"ဟုတ္တယ္ေလမမ၊ခနေနရင္သြားေတာ့မယ္"

"ဘာနဲ႕သြားမွာလဲ၊မမလိုက္ပို႔ရမလား"

"ရတယ္မမ၊bus နဲ႕ပဲသြားလိုက္မယ္၊နီးနီးေလးပဲဟာ၊မမနားပါ၊ေမေမေတာင္မွ လိုက္ပို႔ရမလားေမးေသးတယ္၊အလုပ္ရႈပ္ေနတာနဲ႕ ပိုင္ပိုင္လည္းမပို႔ခိုင္းလိုက္ဘူး"

"ပိုင္ပိုင့္ေမေမ ကံေကာင္းလိုက္တာ"

"ဘာလို႔လဲ မမ"

"သမီးလိမၼာေလး ရ ထားလို႔ေလ"

ပိုင္ပိုင္သည္ သေဘာက်၍ ရယ္ေလသည္။

"ဒီပန္းကန္ေတြ စင္ေပၚတင္လိုက္မယ္ေနာ္"

"ဟုတ္ မမ၊ဒါနဲ႕ ဟိုတစ္ညက မမနဲ႕အတူလိုက္ၿပီးေမေမ့ကိုေခၚလာေပးတဲ့ အစ္မကို ေမေမက ေက်းဇူးတင္တယ္ေျပာေပးပါဦးတဲ့"

"ေၾသာ္၊အဲဒီအစ္မနာမည္က ေဒၚေဝလြင္တဲ့ မမထက္ႀကီးတယ္၊မမအခုတာဝန္က်ေနတဲ့ အဆုတ္ႏွင့္ရင္ေခါင္းခြဲစိတ္ေဆာင္ကပဲ၊တကယ္ေတာ့ အဲဒီအစ္မကပဲ ဦးေဆာင္ၿပီးေခၚလာေပးတာ၊မမတစ္ေယာက္တည္းဆို ဘာမွလုပ္တတ္မွာမဟုတ္ဘူး"

"ဟုတ္လား၊ေက်းဇူးတင္တယ္ေျပာေပးပါမမရယ္"

"အဲဒီညကအေၾကာင္းကို ေမေမျပန္ေျပာျပတယ္၊ဦးမ်ိဳးေဆြဆိုတာ ေမေမ့ကုမၼနီက ရွယ္ယာဝင္ပဲ၊႐ုတ္တရက္ေဖေဖဆုံးသြားေတာ့ ေမေမက ေဖေဖ့ရွယ္ယာေတြမဆုံးရႈံးေအာင္ဝင္ထိန္းေပးေနတာ၊အဲဒီဦးမ်ိဳးေဆြက ေဖေဖမဆုံးခင္ကတည္းက ေမေမ့ကိုမ်က္စိက်ေနတာေလ၊ရွယ္ယာေတြကိုလည္းေစ်းေပါေပါနဲ႕ေမေမ့ဆီကလိုခ်င္ေနတာ၊ေဖေဖဆုံးေတာ့ သူအခြင့္အေရးရသြားတာေပါ့၊ဟိုတစ္ညကဆို မမတို႔ေရာက္သြားတာျမန္လို႔ပဲ၊ဒါေပမယ့္ေမေမက ရွယ္ယာေတြကိုေရာင္းပစ္ၿပီးအဲ့ကုမၼဏီကထြက္ေတာ့မယ္တဲ့၊ပိုင္ပိုင္က ေကာင္းတယ္လို႔ေျပာလိုက္တယ္"

အခုလိုေတြေျပာရင္ ပိုင္ပိုင့္မ်က္ႏွာအရင္ကေလာက္ မႏြမ္းေတာ့ဘူး။

"ဟိတ္ ေကာင္မေလး၊ကိုယ့္အတြင္းေရးေတြကို ဒီလိုပဲ သူစိမ္းဆီမွာ ယုံယုံၾကည္ၾကည္နဲ႕ေျပာျပရသလား"

ကြၽန္မ ၿပဳံးစစျဖင့္ေျပာေသာအခါ ပိုင္ပိုင္ႏႈတ္ခမ္းစူေလေတာ့သည္။

"မမကသူစိမ္းမွမဟုတ္ဘဲ၊ကိုယ့္အစ္မပဲဟာကို"

"ဟုတ္ပါၿပီ ပိုင္ပိုင္ရယ္၊မမက ေနာက္တာပါ"

"ဟီးဟီး၊ပိုင္ပိုင္ သြားေတာ့မယ္ေနာ္မမ၊မမဒီမွာေနခဲ့ခ်င္ရင္ ေနေလ၊သိပ္မၾကာဘူးေမေမေရာက္မွာ"

"မေနေတာ့ပါဘူးပိုင္ပိုင္ရယ္၊နည္းနည္းနားၿပီး စာလုပ္ဖို႔သြားရဦးမယ္"

စာေမးပြဲနီးလာ၍ အခန္းသိပ္မကပ္ျဖစ္ေတာ့။သူငယ္ခ်င္းမ်ားစု၍ စာလုပ္ၾကရျပန္၏။ဆရာေဂ်မီကိုလည္းကြၽန္မတို႔ေနာက္ဆုံးႏွစ္အဖြဲ႕ကို စာသင္ေပးဖို႔အကူအညီေတာင္းရသည္။ ဆရာက တခါတရံ သူ႕႐ုံးခန္းထဲမွာ၊တခါတေလ လက္ခ်ာခန္းထဲမွာပင္ စိတ္ပါလက္ပါသင္ေပးတတ္၏။

အခန္းျပန္လာလွ်င္ ျမနႏၵာတို႔သားအမိက ဖြယ္ဖြယ္ရာရာခ်က္ျပဳတ္ေကြၽးေလ့ရွိပါသည္။ကြၽန္မႏွင့္ထိုသားအမိတို႔၏ ရင္းႏွီးမႈမွာ အတိုင္အတာတစ္ခုအထိ ရွိေနခဲ့ၿပီ။ကြၽန္မသည္ ျမနႏၵာကို နာမည္ပဲေခၚျဖစ္ခဲ့ပါသည္။ကြၽန္မစိတ္ထဲ ဘာလို႔မွန္းမသိ ဒီနာမည္ကိုပဲေခၚခ်င္ေနသည္။အၿမဲတမ္းေခၚေနခဲ့ဖူးသည့္ နာမည္တစ္ခုကဲ့သို႔ရင္းႏွီးေနခဲ့၏။ကိုယ္သိပ္ႀကိဳက္ေသာ သီခ်င္းတြင္ပါဝင္ေသာ အမည္ေၾကာင့္ပဲလား မေျပာတတ္။ျမနႏၵာကလည္း သူ႕နာမည္ေခၚသည့္ကိစၥႏွင့္ ပတ္သက္၍ ထူးထူးျခားျခားျဖစ္ပုံမရ။အစတုန္းက သူ႕ထက္ငယ္ေသာကြၽန္မက နာမည္ေခၚ၍ စိတ္မ်ားဆိုးမလားဆိုၿပီး စိုးရိမ္ခဲ့ဖူးသည္။

ကြၽန္မႏွင့္ ဒါလီတို႔အဖြဲ႕ရွိေနသည့္ ေဆး႐ုံလက္ခ်ာခန္းထဲသို႔ ျမနႏၵာ ေရာက္လာေသာေန႕က တိုက္တိုက္ဆိုင္ဆိုင္ ဆရာေဂ်မီမအား၍ တီခ်ယ္ျမမာလာ စာသင္ခ်ိန္ျဖစ္ေနခဲ့သည္။သင္ခါနီးမွ ဆရာေဂ်မီတြင္ အေရးႀကီးကိစၥေပၚ၍ အစီအစဥ္မရွိဘဲဆရာက သူ႕တပည့္တီခ်ယ္ျမမာလာအား အကူအညီေတာင္းခဲ့ျခင္းျဖစ္သည္။တီခ်ယ္ျမမာလာဝင္လာေတာ့မွ ကြၽန္မတို႔သိခဲ့ရျခင္းျဖစ္ပါသည္။လက္ခ်ာမစခင္ ဆရာ့ကိုစာေမးရန္ရည္႐ြယ္ခ်က္ျဖင့္ စာျပန္ဖတ္ခ်င္ေသာေၾကာင့္ အခန္းတြင္ က်န္ခဲ့ေသာ စာအုပ္ကို ပိုင္ပိုင့္ဆီဖုန္းဆက္၍ ယူလာခိုင္းခဲ့မိ၏။ျမနႏၵာက လမ္းႀကဳံ၍ သူယူလာခဲ့ၿပီး ကြၽန္မတို႔အတြက္ အသီးႏွင့္မုန့္မ်ား ဝင္ဝယ္ေန၍ ၾကာသြားခဲ့ျခင္းျဖစ္သည္။ကြၽန္မက ပိုင္ပိုင္လာမည္ပဲထင္ေနခဲ့၏။ျမနႏၵာေရာက္မလာခင္အခ်ိန္အထိ သူ႕မိသားစု၏ အေမြျဖတ္ထားသည့္ကိစၥကို ကြၽန္မ ေမ့ေလ်ာ့ေနခဲ့မိသည္။

တံခါးေခါက္သံႏွင့္အတူ ျမနႏၵာေပၚလာသည့္အခါတီခ်ယ္ျမမာလာအပါအဝင္ အားလုံး၏အၾကည့္က ျမနႏၵာဆီေရာက္သြားသည္။အဲဒီအခ်ိန္က်ေတာ့မွ သတိရသြား၍ တမ်က္ႏွာလုံးပူထူသြားေတာ့သည္။ ျမနႏၵာသည္ ပထမဆုံးကြၽန္မကို ျမင္၍ ၿပဳံးျပသည္။ေနာက္ေတာ့မွ တျဖည္းျဖည္း တီခ်ယ့္ဆီအၾကည့္ေရာက္သြားေတာ့သည္။တျဖည္းျဖည္းေဖ်ာ့ေတာ့သြားသည့္ ျမနႏၵာ၏ အၿပဳံးကိုတစ္လွည့္ တီခ်ယ္ျမမာလာ၏ ခန့္မွန္းရခက္ေသာ မ်က္ႏွာကိုတလွည့္ၾကည့္ရင္း ခနအဖို႔ ကြၽန္မ ေၾကာင္ေနမိသည္။ၿပီးမွသတိဝင္လာကာ တီခ်ယ့္ဆီခြင့္ပန္၍ ျမနႏၵာဆီေျပးရသည္။

ျမနႏၵာကိုဘယ္လိုေတာင္းပန္ရပါ့မလဲ၊တီခ်ယ္ကိုဘယ္လိုမ်က္ႏွာျပရပါ့မလဲ စဥ္းစားရင္းသာအခ်ိန္ကုန္သြားသည္။လက္ခ်ာၿပီးသြားေသာ္လည္း တလုံးမွ် ေခါင္းထဲမဝင္လိုက္ေခ်။



















Continue Reading

You'll Also Like

25.1K 1.9K 34
တစ်ခါတစ်လေ ကံကြမ္မာက အလှည့်အပြောင်းထက်ကျီစားလွန်းတယ်။ ဒီအလှည့်အပြောင်းမှာ ငါတို့အားလုံးနစ်နာခဲ့ရတယ်။
7.6K 255 9
Porsche:Do you disgust me now,Kinn?That I have became a monster. Kinn:Ofc not,kitty.I love you,I still do.Remenber I always love you no matter what y...
3.4K 352 13
ငါ၏ချစ်ခြင်းသည် ငါကိုယ်တိုင်သော်လည်းကောင်း တခြားသူတစ်စုံတစ်ယောက်တို့အား ပူလောင်စေခြင်းကိုဖြစ်စေခဲ့သော် ငါသည် ဤပူလောင်ခြင်းနှင့်ကင်းဝေးသောအရပ်ဆီသို့ သ...
3.8K 423 21
ဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့...