အပိုင်း ၁၉၃
မိန်းကလေးလုက နတ်သမီးသဖွယ်လှပတယ်၊ အများအားဖြင့် အရင်ဝမ်ဖေးနဲ့ အရမ်းကိုတူလွန်းနေတယ်၊ ဘာလို့ လူနှစ်ယောက်က ဒီလောက်အထိ တူနေရတာလဲ။
မိန်းမစိုးဖူဟာ မနေနိုင်ဘဲ တွေးလိုက်မိသည်။
ယဲ့ကျန်းက မိန်းမစိုးဖူကို အံ့အားတကြီးကြည့်နေသော မျက်ဝန်းများဖြင့်ကြည့်ပြီး မတ်တပ်ရပ်လိုက်ရင်းမှ ပြောလိုက်သည်။
"ဘယ်နေရာကိုလဲ"
မိန်းမစိုးဖူက အနည်းငယ်ကြောင်သွားသည်။ သူက ဧကရာဇ်၏လူဖြစ်ကြောင်းကို မသိသောလူရှိမည်ဟုပင် မထင်မိချေ။ သူဟာ လူအများစုကို တော်ဝင်နန်းတော်သို့ ဖိတ်ခေါ်ကတည်းက ဧကရာဇ်၏ကိုယ်စားဖြစ်သည်။
"ဘာလို့ မိန်းကလေးက မေးတာလဲ၊ မိန်းကလေးလု မင်းသားငယ်က မိန်းကလေးအတွက် တောင်းဆိုလိုက်လို့ပါ"
မိန်းမစိုးဖူက ပြောသည်။
မော့ရုန်ရီကလား။
ယဲ့ကျန်းက စိုးရိမ်သွားသည်။ သူမနှလုံးသားထဲတွင် မော့ရုန်ကျန်းက သူမကို ရှာနေသူမဟုတ်သည့်အတွက် ဖြေးရှင်း၍မရသော စိတ်အေးမှုက ပေါ်လာသည်။ တော်ဝင်နန်းတော်ထဲတွင် ယခင်ရက်က သူနှင့်တွေ့ခဲ့ချိန် ပြဿနာအလွန်များခဲ့သည်။ နောက်ဆုံးတွင် တော်ဝင်သမားတော်၏နေရာကို ဆုပ်ကိုင်နိုင်ခြင်းမရှိသမျှ ကာလပတ်လုံး မလိုလားအပ်သော ပြဿနာများကို မဖြစ်စေချင်သေးချေ။
မင်းသားငယ်က ကိစ္စတစ်ခုခုရှိနေလို့လား။
ယဲ့ကျန်းဟာ အတွေးများသွားသည်။ ထို့ကြောင့် ထိုကောင်ငယ်လေးနှင့် ပတ်သက်သော ကို့ရို့ကားယားနိုင်သည့်လွန်ဆွဲမှုကို ပြန်သတိရသွားသည်။
သူက ငါ့ကိုတွေ့ချင်တယ်၊ ဒါကို ဘာလို့ မိန်းမစိုးဖူက လာရှာရတာလဲ။
မိန်းမစိုးဖူက ဘေးဘက်တွင်နေပြီး ယဲ့ကျန်းကို အမူအရာပြကာ သူနှင့်အတူထွက်သွားရန်ပြောသည်။
ယဲ့ကျန်းက မိန်းမစိုးဖူက တိတ်ဆိတ်နေခြင်းကို မြင်လိုက်သောအခါ သည်နေရာတွင်ပြောရန် မသင့်လျော်ခြင်းဖြစ်ကြောင်း တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေ သူမက မော့ရုန်ရီကို သွားတွေ့ရမည်ဖြစ်သည်။
ရထားလုံးဟာ ဆေးခင်း၏အပြင်ဘက်တွင် ရပ်နားထားသည်။ မည်သည့်ကျောင်းသူမှလည်း ပတ်ဝန်းကျင်တွင်မရှိချေ။ မိန်းမစိုးဖူ မရောက်လာခင်က ကျောင်းသူများအားလုံးက အဝေးသို့ မောင်းထုတ်ခံရပြီးသားဖြစ်သည်။ ဖြစ်နိုင်သည်မှာ အချို့လူများကို ယဲ့ကျန်း နန်းတော်သို့ ခေါ်ထုတ်ခံရသည့်သတင်းကို မသိစေချင်ဟန်ရသည်။
ယဲ့ကျန်းဟာ ထိုစီစဉ်မှုကြောင့် အလွန်သဘောကျသွားသည်။ သူမကလည်း တော်ဝင်နန်းတော်သို့ သူမ ဝင်ရောက်ခြင်းကို အခြားလူများသိသွားမည့်အရေးကို မလိုချင်ချေ။ အထူးသဖြင့် လုဝူရွှမ်းဖြစ်သည်။ မော့ရုန်ကျန်းနှင့်သက်ဆိုင်ခြင်းမရှိလျှင်ပင် ဝမ်ဖေး၏နားအတွင်သို့မရောက်လျှင် အကောင်းဆုံးဖြစ်သည်။
ယဲ့ကျန်းဟာ ရထားလုံးပေါ်သို့ တက်လိုက်ပြီးနောက်တွင် မိန်းမစိုးဖူက မင်းသားငယ်က သူမကို တွေ့ချင်သည့်အကြောင်းကိုသာ ပြောထားခြင်းကို သတိရသွားသည်။ သူဟာ နာမကျန်းဖြစ်သောကြောင့် မယ်တော်ကြီးဟာ ထိုသို့တောင်းဆိုခြင်းဖြစ်လောက်သည်။
မော့ရုန်ရီက ဘာဖြစ်တာလဲ။
ယခင်တစ်ခေါက် သူမက တော်ဝင်နန်းတော်သို့ဝင်ခဲ့ချိန်က သူဟာ ဖျားနာပြီးမသက်မသာဖြစ်နေကြောင်း သိလိုက်ရသည်။ မယ်တော်ကြီးကလည်း နောက်ထပ်တော်ဝင်သမားတော်တစ်ယောက်ကို ကုသခိုင်းမည်ကို ပြောထားခဲ့သေး သည်။
သူက မသက်သာသေးဘူးလား။
ယဲ့ကျန်းက ရုတ်တရက် ခံစားချက်မကောင်းတော့ချေ။ သူမက တိတ်ဆိတ်သွားသည်။ သူမက နှစ်နှစ်အတွင်း မော့ရုန်ရီနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြန်တွေးကြည့်သည်။
ထိုသို့နန်းတော်အတွင်းတွင် လေလွင့်ဝိဉာဉ်တစ်ကောင်အနေဖြင့် လှည့်လည်သွားလာနေချိန်အတောအတွင်း မော့ရုန်ရီနှင့်ပတ်သက်သော မည်သည့် သတင်းကိုမျှ မရခဲ့ချေ။ ထို့နောက် သူမဟာ အချိန်တိုင်းလိုလို ဒေါသတကြီးဖြစ်နေခဲ့ပြီး မော့ရုန်ကျန်းအနောက်ကိုသာ အရိပ်လိုလျှောက်လိုက်နေခဲ့ခြင်းဖြစ်သည်။
အခြားလူများနှင့်ပတ်သက်သော သတင်းများကို သူမ သိရှိရရန်မကြိုးစားခဲ့ချေ။ သူမဟာ သစ္စာဖောက်ခံရခြင်းတွင် ပြင်းထန်သည့်ထိုးနှက်ချက်ကိုသာ ထပ်ခါတလဲလဲ ခံစားနေခဲ့ရခြင်းဖြစ်သည်။ ယဲ့ကျန်းဟာ အခြားကိစ္စများကို အာရုံမစိုက်ခဲ့ချေ။
မော့ရုန်ရီ အသက်ဘယ်လောက်ရှည်ခဲ့လဲ။
ယဲ့ကျန်းက ထိုမေးခွန်းအတွက် ဒုက္ခများသွားသည်။ သူမ ထိုကိစ္စကိုမသိသည့်အခါ သူမ၏စိုးရိမ်မှုက ပိုတိုးလာသည်။
သူက နာမကျန်းမှုကနေ သက်သာသွားနိုင်လား။
မင်းသားငယ်က တည်ငြိမ်သော်လည်း သူမအပေါ် ကောင်းမွန်သည့်အခြေအနေကို ပြန်တွေးမိပြီးနောက် ယဲ့ကျန်းဟာ တုံ့ဆိုင်းမနေဘဲ တော်ဝင်နန်းတော်သို့ သွားလိုက်တော့သည်။
မိန်းမစိုးဖူဟာ သခင်မလေးကို လေးစားနေမိသည်။ သူဟာ ဧကရာဇ်အနားတွင် အချိန်အတန်ကြာရှိခဲ့ပြီးလေပြီ။ သူ့အနေဖြင့် ကြွယ်ဝသောမိသားစုကြီးများမှ သခင်မလေးပေါင်းများစွာနှင့် ဆုံခဲ့ဖူးသည်။ သို့သော် မည်သူကမျှ သခင်မလေးလုလောက် မတည်ငြိမ်ချေ။ အရှိန်အဝါအရဆိုလျှင် သူမဟာ အခြားသောကိစ္စများ၏ သက်ရောက်မှုကို မခံရသလိုမျိုး တည်ရှိနေခြင်းဖြစ်သည်။
ခိုင်မာမြဲမြံပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်းက ထိုမိန်းကလေးအပေါ် သူ၏အမြင်ဖြစ်သည်။ ရုပ်ရည်အရ တစ်ယောက်တည်းနေနိုင်စွမ်းအားအရဆိုလျှင် ဝမ်ဖေးထက်ပင် ပို၍သာသေးသည်။ မသိလိုက်မသိဘာသာပင် သူက ထိုအရည်အသွေးများကို မြင်လေလေ ပို၍လေးစားလာမိလေလေဖြစ်လာသည်။
ယဲ့ကျန်းက တော်ဝင်နန်းတော်သို့ရောက်သောအခါ ကြောင်သွားသည်။ သူမဟာ မော့ရုန်ရီကို ချက်ချင်းတွေ့ရမည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ထားစွာပင် ဧကရာဇ်ကို ဦးစွာတွေ့ရန် လိုအပ်နေသည်။
ဧကရာဇ်ခြံဝန်းကျောင်းဆောင်က ထူးဆန်းမြင့်မြတ်သောအရှိန်အဝါကို လွှတ်ထုတ်နေသည်။ မော့ရုန်ကျန်းဟာ လက်နောက်ပစ်လျက် ရပ်နေသည်။ သူဟာ အင်္ကျီလက်ကျယ်သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုအင်္ကျီလက်များ တွင်လည်း နဂါးလက်သည်းငါးချောင်းသဏ္ဍာန် ထွင်းထုထားသေးသည်။ နေ့လည်ခင်းနေမင်းဟာ သူ၏ကိုယ်ပေါ် ဖြာကျနေပြီး သူ၏ခမ်းနားသော အရှိန်အဝါကို ပို၍ပင် မီးမောင်းထိုးပြထားသလို ထည်ဝါနေစေသည်။ သူ၏ရုပ်ရည်သွင်ပြင်ဟာ နဂိုတည်းက ကြည်လင်ပြတ်သားကာ လှပကောင်းမွန်သေသပ်ပြီးသားဖြစ်သည်။ သူ၏မျက်ဝန်းများဟာ နက်ရှိုင်းသော ရေကန်များကဲ့သို့ တည်ငြိမ်လွန်းလေပြီး မည်သူကမျှ တည့်တည့်မကြည့်ရဲအောင် ဖြစ်စေသည်။
မော့ရုန်ကျန်းကိုမြင်သောအခါ ယဲ့ကျန်းက သတိကြီးကြီးထားသည်။ ထိုလူ၏အရှေ့တွင် သူမ သတိလက်လွတ်မနေရဲချေ။
"အရာရှိရဲ့ဒီသမီးက ဧကရာဇ်ကို ဂါဝရပြုပါတယ်"
ယဲ့ကျန်းဟာ ကျောင်းဆောင်အပြင်ဘက်တွင်သာ ရပ်လိုက်ပြီးနောက် ဂါဝရပြုလိုက်သည်။ မော့ရုန်ကျန်းက သူမကို စောင့်နေခြင်းမဟုတ်ရန်သာ မျှော်လင့်ထားသည်။
မော့ရုန်ကျန်းဟာ အတွင်းအဆောင်မြင့်တစ်နေရာတွင်ရပ်လျက် ယဲ့ကျန်းကို ငုံ့ကြည့်လိုက်သည်။ ယဲ့ကျန်းက ရှေ့တိုးလာရန်ပင် တွန့်ဆုတ်နေလေသည်။ သူ၏မျက်ဝန်းများဟာ ခန့်မှန်း၍မရနိုင်သလို ပတ်ဝန်းကျင်ကလည်း ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ဒါက မိန်းမစိုးဖူကို အသက်ရှူရန်ပင် ကြောက်လန့် မိသွားစေသည်။
သည်နေ့ ယဲ့ကျန်းဟာ အပေါ်ထပ်ဝတ်ခပ်ပါးပါးနှင့် ရိုးရှင်းသော မိတ်ကပ်လေးကို ပြင်ဆင်ထားသည်။ သူမက ရိုးရှင်းသော ပြောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင်အောင် သူမ၏အလှနှင့် ကျောက်စိမ်းလိုအသားအရောင်က ထင်းထွက်နေပြန်သည်။ သူမဟာ ထာဝရရှင်သန်သူကဲ့သို့ထင်ရသည်။
"ဒီကိုလာပါ"
ဧကရာဇ်က လေးနက်သောအသံဖြင့် အမိန့်ပေးသည်။
သူ သူ ငါ့ကို စကားပြောနေတာလား၊ ဘာပြောစရာရှိလို့လဲ။
ယဲ့ကျန်းက တွန့်ဆုတ်နေသည်။ သို့သော် ဖြေးညှင်းစွာဖြင့် အပေါ်သို့ တက်လိုက်ရပြီး မော့ရုန်ကျန်း စကားဆက်ပြောရန် စောင့်နေသည်။
"မင်းသားငယ်က မင်းက သူ့ကို ကုပေးနိုင်တယ်လို့ထင်အောင် ဘာလို့ လုပ်ခဲ့တာလဲ"
မော့ရုန်ကျန်းက အနည်းငယ်လေးနက်သောလေသံမျိုးဖြင့် သူ၏အရှေ့ရှိ ထိုမိန်းကလေးကို အေးစက်စွာကြည့်ပြီး မေးလိုက်သည်။ သူက သူမကို အကဲဖြတ်နေသည်။ အနည်းငယ်သော တုန့်ပြန်မှုကိုမျှ မလွဲချော်သွားချင်ချေ။
ထိုတစ်ခဏတွင် ယဲ့ကျန်းက ကြောင်သွားသည်။ ထို့နောက် မော့ရုန်ကျန်းကို အံ့အားတကြီးမော့ကြည့်လိုက်ပြီး သူက သူမကို စနောက်နေခြင်းရှိမရှိ မေးလိုက်သည်။
ငါ ဘယ်အချိန်က မင်းသားငယ်ကို အဲ့ဒီလိုပြောလိုက်မိလို့လဲ
.....
Telegram မှာ အပိုင်း ၄၈၉အထိ ရောက်ပါပြီနော်။