part 6

2.6K 241 1
                                    

unicode

အပိုင်း ၆ ဖီးနစ်
ယဲ့ကျန်း ကြာရှည်သောအိပ်မက်တစ်ခု မက်ခဲ့သည်။ သူမ၏ အတိတ်ဘဝအိပ်မက်ထဲတွင် သူမ၏ညီမက ထူးခြားသောခံစားချက်ကို ပေးခဲ့၏။ သူမ၏ညီမနှင့် ပက်သတ်သော အသေးစိတ်အချက်အလက်များက ထူးခြားသည်။ သူမ ခံစားရသည်မှာ ထိုနေရာတွင်ရှိသော သူမကိုယ်တိုင်က အလွန်ပိန်ပါးပြီး ဆံပင်များက ထိုးထောင်နေကာ လေနှင့်လွင့်နေပြီးနောက် သဘောတကျရယ်နေသောပုံရိပ်ဖြစ်သည်။ သူမ၏အစ်ကိုက ကျောက်တုံးပေါ်မှ ခုန်ပျံကျော်လွှားသွားခြင်းကိုလည်း သဘောတကျကြည့်နေခြင်းလည်း ပါ၏။
မြင်ကွင်းက တွန့်လိမ်ရှုံ့တွသွားကာ သူမက ရင်းနှီးကျွမ်းဝင်သော ပိုင်နက်နယ်မြေထဲသို့ ရောက်သွားကြောင်းကို မြင်လိုက်ရသည်။ ထိုအချိန်က သူမ မေ့နိုင်တော့မည်မဟုတ်သော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုနေ့က သူမ မေ့ရန်ခက်ခဲလွန်းသောနေ့ရက်ဖြစ်သည်။ ကြောက်မက်ဖွယ်အကောင်းဆုံး လမ်းကို  ရွေးချယ်ခဲ့မိသော နေ့လည်းဖြစ်၏။ သူမအနေဖြင့် ထိုမြင်ကွင်းမှ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော်မကြိုးစားနိုင်ခင်မှာပင် မြင်ကွင်းက ပြောင်းလဲသွားသည်။
သူမ၏ပတ်ဝန်းကျင်က တွန့်လိမ်ရှုံ့တွသွားပြီးနောက် အသိမှတ်ဉာဏ်များထဲတွင် မရှိတော့ပေ။ ထို့အစား သူမက ပြောင်ရှင်းကာ အကန့်အသတ်မဲ့ပုံရသော အဖြူရောင်ပြင်ကျယ်ကြီးထဲ ရောက်နေသည်။ မည်သည့်နေရာကမှန်းမသိ ဖီးနစ်တစ်ကောင်ထွက်လာ၏။ စင်စစ် သူမ၏ကျောက်စိမ်းတံဆိပ်ထဲမှ ထွက်လာခြင်းဖြစ်သည်။ သူက မီးတောက်ငှက်မွှေးများဖြင့် လွှမ်းခြုံထားကာ ချိုသာစွာ သီဆိုသည်။ သူမ၏ခန္ဓာကိုယ်ကို ပတ်ကာ သံစဉ်များဖြင့် ချောမွေ့နေတော့၏။
သူမက လက်ဆန့်ထုတ်လိုက်သောအခါ ထိုဖီးနစ်က နာခံစွာဖြင့် သူမ၏လက်ဖဝါးပေါ်သို့ နားလာခဲ့သည်။ လက်ဖဝါးအရွယ်အစားရှိ ဖီးနစ်တစ်ကောင်အဖြစ်ပင် ပြောင်းလဲသွားကာ နှုတ်သီးလေးဖြင့် ချစ်စဖွယ်ကောင်းလောက်အောင် သူမ၏ နူးညံ့သောလက်ဖဝါးကို ဆိတ်လိုက်သည်။ ထို့နောက် မီးတောက်က ထွက်လာခဲ့ပြီး သူမ၏လက်ထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
ရှင်းပြ၍မရသော အကြောင်းပြချက်တို့ကြောင့် ယဲ့ကျန်းအနေဖြင့် ထိုဖီးနစ်က သူမကို မသေခင်အချိန်က ကာကွယ်ရန် ကြိုးစားခဲ့သည်ဟု ပြောနေသည့်အလား ခံစားရသည်။ ထို့နောက် သူမ နိုးထလာသောအခါ အိပ်ရာဘေးမှ လူများ၏အသံကို ကြားလိုက်ရ၏။
“အဖေ၊ အမေက စိုးရိမ်နေတာ၊ ညီမလေးအဆင်ပြေရဲ့လား”
သူမ လုရှန်းကျစ်၏အသံကို ကြားလိုက်ရသည်။
“ဘာလို့ မင်းညီမ ပြန်ကောင်းလာတာနဲ့ မေ့သွားရတာလဲ”
လုရှီမင်၏ လေးနက်သော အသံကိုကြားလိုက်ရသည်။ သူက သူ့သားကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
သူမကို မွေးစားထားသော်လည်း သူတို့၏သမီးအရင်းလေးနှင့်မခြား သူတို့က ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက လုယောင်ယောင်၏ စရိုက်က အနည်းငယ် လွတ်လပ်သောဘက်သို့ သွားသည်။ သို့သော် သူမ၏အပြစ်ကင်းစင်မှုက ကလေးတစ်ယောက်သာသာဖြစ်နေသေး၏။ သေချာသည်မှာ သူမက ပျော်ရွှင်လွတ်လပ်စွာဖြင့် နေတတ်ပြီး သူတို့အားလုံး၏ အထောက်အပံ့ဖြင့် ပျော်မွေ့နေလေ့ရှိသည်။ လက်ရှိအချိန်တွင် လုရှီမင်က သူ၏သမီးက လဝက်ခန့်အချိန်အတွင်းတွင်ပင် ကိုယ်အလေးချိန်ကျဆင်းသွားကြောင်း မြင်လိုက်ရသည်။ သူမ၏ စိတ်ဝင်စားမှုပျောက်ဆုံးနေသော အမူအရာမျိုးက သူ့ကို အလွန် စိုးရိမ်စိတ်ဝင်လာစေသည်။
လုရှန်းကျစ်က ယဲ့ကျန်း ဘာကြောင့်မေ့သွားမှန်း နားမလည်နိုင်သေးပေ။ သူ၏ဖခင်ကို သူ စကားပြောနေရင်းမှ သူမ မေ့သွားကြောင်း ပြောလိုက်၏။ သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် လုရှီမင်က ပြင်းပြင်းထန်ထန် ကန်ထုတ်တော့သည်။
“မင်း အရူးကောင် ဘာလို့ မင်းရဲ့ညီမကို ပေါက်ကရစကားတွေ သွားပြောလိုက်ရတာလဲ၊ မင်းရဲ့ညီမက ဘယ်တုန်းက အဲဒီလောက် ခေါင်းဖြတ်တဲ့သတင်းတွေကို ကြားချင်နေလို့လဲ …”
သည်လိုပရမ်းပတာမြင်ကွင်းကို မြင်သောအခါ ဖေးရှီက ခပ်တိုးတိုးဖြင့် ကြားဖြတ်ပြောလာသည်။
“ရှင်တို့နှစ်ယောက်လုံး မဆူကြပါနဲ့”
အဖေနှင့်သားက ချက်ချင်းပင် ခေါင်းလှည့်ကာ စိုးရိမ်သောမျက်နှာထားဖြင့် ယဲ့ကျန်းကို ကြည့်သည်။
“ယောင်ယောင်ရဲ့သွေးခုန်နှုန်းက မနက်ခင်းကထက် ပိုပြီး ငြိမ်သွားပြီ၊ ဒါပေမဲ့ အားနည်းနေတုန်းပဲ၊ ဒါကြောင့် ကောင်းကောင်းနားဖို့လိုအပ်တယ်”
သူမ၏သမီးက ကျန်းမာရေးပြန်ကောင်းလာကြောင်း မြင်သောအခါ ဖေးရှီ၏ ရင်ထဲရှိ စိုးရိမ်မှုများ အနည်းငယ် သက်သာသွားသည်။
“ငါ့ကိုကူညီပြီး အင်္ကျီလဲပေးပါ”
သူမက အစေခံကိုပြောသည်။
သူ၏မွေးစားသမီးက အဆင်ပြေကြောင်း ကြားသောအခါ လုရှီမင်ကလည်း ပျော်သွားသည်။ သူ သည်နေရာတွင် ဆက်ပြီးမရှုပ်ချင်နေတော့ပေ။ ထို့ကြောင့် သူ၏သားကို နားမှ တရွတ်တိုက်ဆွဲကာ သူ၏မိန်းမကိုသာ ယဲ့ကျန်းကိုကြည့်ရန် ထားခဲ့လိုက်သည်။
ယဲ့ကျန်းက ဖေးရှီ၏ဂရုစိုက်မှုအောက်တွင် လဝက်ခန့် အပြင်မထွက်နိုင်ခဲ့ပေ။ သည်လို ပြန်လည်ကုစားနေသော အချိန်အတောအတွင်းတွင် သူမက ပို၍ တည်ငြိမ်သထက်တည်ငြိမ်လာခဲ့၏။ သူမ၏ညီမကိုယ်တွင် ပြန်လည်မွေးဖွားလာပြီ ဖြစ်ကြောင်း တည်ငြိမ်စွာလက်ခံနိုင်လေပြီ။ သူမက လွန်ခဲ့သောနှစ်နှစ်ခန့်က အချိန်သို့ ပြန်ရောက်သွားခဲ့၏။ ဒါက သူမ ကံကြမ္မာဖြစ်သည်။ ကောင်းကင်က သူမကို ဒုတိယမြောက်အခွင့်အရေး ပြန်ပေးခဲ့၏။
ထိုနှစ်က သည်အချိန်တွင် ဆောင်းတွင်းက ဝင်ရောက်စပြုနေသေးသည်။ လေအေးများက တိုက်ခတ်ကာနေရောင်က ပုံမှန်ထက်ပိုပြီးညင်သာနေပြီး သစ်ရွက်များကို ထိုးဖောက်နေခဲ့၏။ သည်လိုရာသီမျိုးကို လူအများစုက နှစ်သက်ကြသည်။ ခြံဝန်းအပြင်တွင်ရပ်ကာ လှပခမ်းနားစွာ ထွင်းထုထားသော အဆောက်အဦမြင့်ကြီးကို ယဲ့ကျန်း စိုက်ကြည့်နေမိ၏။
ဒီနေ့က သူမ၏ပထမဆုံးဆောင်းတွင်းကို ဖြတ်သန်းရခြင်းဖြစ်သည်။ သူမ၏ကိုယ်ပိုင်အိမ်လောက် သက်သောင့်သက်သာရှိမှုကို မခံစားရသော်လည်း ရန်သူ၏ထောင်လွှားသော အဆောက်အဦထဲသို့ သူမက ရောက်ရှိနေခဲ့၏။
ရုတ်တရက် သူမ သဘောခွေ့သလို ခံစားရသည်။ သူမ၏လက်မှ တဆစ်ဆစ်နာကျင်မှုကို ခံစားရပြီး ငုံ့ကြည့်လိုက်ပြီးနောက် ညာဘက်လက်ဝါးကို စစ်ဆေးကြည့်လိုက်၏။ သည်ညာဘက်လက်ဝါးက သူမ၏အိပ်မက်ထဲမှ ထိုမီးတောက်ဖီးနစ်နားခဲ့သောနေရာဖြစ်သည်။
အစစ်အမှန်အသက်ဝင်တော့မည်ဟု ထင်ရသော မီးတောက်ဖီးနစ်၏ ရုပ်ပုံလေးက ထိုနေရာတွင် ရှိနေ၏။ ဖီးနစ်က တောင်ပံခတ်တော့မည့်ပုံရှိသည်။
ဆိုတော့ ငါ့ရဲ့လက်နဲ့ အဲဒီမီးတောက်ဖီးနစ်က ပေါင်းစပ်သွားတာက တကယ်ပဲလား။
သူမကိုယ်တိုင်ပင် ဒါက ရူးသွပ်လောက်အောင် မှန်နေသည့်ကိစ္စမှန်း နားမလည်သေးပေ။ သို့သော် ဖီးနစ်မျက်ဝန်းမှ အနီစက်တစ်ခု ကျဆင်းလာခဲ့၏။ သူမ စတင်ထိတ်လန့်သွားသည်။
သူမ၏ ခြေလှမ်းများက တုံ့ဆိုင်းသွားပြီးနောက်တွင် စံအိမ်အတွင်းသို့ ပြန်ဝင်သွားကာ အစေခံအချို့ကို ရေအချို့ ယူလာခိုင်းလိုက်သည်။ ထိုအနီရောင်ရေစက်က ကြည်လင်သောရေအတွင်းသို့ ရောက်သွားသောအခါ အရောင်ပျောက်ရှသွား၏။
“အားလုံး အဆင်ပြေပါရဲ့လား တတိယသခင်မလေး”
ယဲ့ကျန်းကို ခစားသောထိုအစေခံက သူမက လက်ကိုသာ စိုက်ကြည့်နေကြောင်း မြင်သောအခါ ကူကယ်ရာမဲ့စွာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ နယ်မြို့လေးမှလာသော ထိုကလေးမလေးက အလွန်အမင်း ထူးဆန်းလွန်းသည်။ သူမက တစ်ချိန်လုံး ခြံဝန်းထဲတွင် ပုန်းနေခဲ့ကာ အပြင်လည်း မထွက်ချင်ပေ။ အခြားသူများနှင့် စကားပြောရမည်ကိုပင် မုန်းတီးဟန်ရ၏။
ယဲ့ကျန်းက လက်သီးကိုဆုပ်ပြီးနောက်တွင် တည်ငြိမ်စွာပြုံးလိုက်ကာ ပြောသည်။
“ငါ အဆင်ပြေတယ်၊ နင် ဒီရေဇလုံကို ယူသွားလို့ရပြီ”
ထိုအစေခံက ခေါင်းညိတ်ပြီးနောက် ခန်းမထဲမှ ရေဇလုံကို ကိုင်ကာ ထွက်သွားသည်။ ခြံဝန်းထဲတွင် ပန်းပင်များ ရှိနေသည်။ ထို့နောက် ထိုအစေခံက ထိုအပင်များပေါ်သို့ တန်းလောင်းချလိုက်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းΌπου ζουν οι ιστορίες. Ανακάλυψε τώρα