Museo De Santa Cruz အရှေ့မှာ ညနေစောင်းသည်အထိ Jungkook စောင့်နေလိုက်ပါသည်။
တကယ်ဆို မနက် ကတည်းက ရောက်လာခဲ့ပြီး ကလေးလေးကို စောင့်နေခဲ့တာ ဖြစ်သည်။ နာရီကို ကြည့်ကာ တမျှော်မျှော် လုပ်နေခဲ့ပေမယ့် အခုချိန်အထိ အရိပ်ကလေးတောင် မတွေ့ရသည်မို့ စိတ်မကောင်းဖြစ်သည်ကတော့ အမှန်...
၆ နာရီ ထိုးတော့ ပြခန်းပိတ်ပါသည်။ အနီးအနားကို လိုက်ကြည့်မိတော့ လူတချို့သာ ကျန်တော့သည်။
ကလေးလေးက ကျွန်တော့်ကို မတွေ့ချင်ခဲ့ဖူးများလား... ပြတိုက်ရဲ့ အဓိက တာဝန်ရှိသူက ရောက်မလာသည်မှာ မဖြစ်နိုင်။
ပြတိုက်မှာ ရှိနေပါလျက်နဲ့ ကျွန်တော့်ကို မတွေ့ချင်တော့လို့များလား။ ဦးနှောက် တစ်ခုလုံး ပူထူနေအောင် စဉ်းစားနေမိပြီး နောက်ဆုံးတော့ ပြတိုက်အစောင့်ဆီ သွားမိသည်။
"ဒါလေး Artist Kim ဆီ ပေးလိုက်ပါနော် အကူအညီတောင်းပါတယ်"
ယူလာသည့် လက်ဆောင်အိတ်ကလေးကို ပြတိုက်စောင့်ဆီ ပေးခဲ့လိုက်ပါသည်။ သန်ဘက်ခါဆို visa ကုန်ပြီမို့ Wales ကို ပြန်ရတော့မည် ဖြစ်၏။
Toledo မှာ ရှိနေဖို့က မနက်ဖြန် တစ်ရက်သာ ကျန်ပါတော့သည်။ ဒီတစ်ရက်တည်းနဲ့ ကလေးလေးကို ဘယ်လို လိုက်ရှာရမလဲ ကျွန်တော်မသိ...
ကျွန်တော့်အပေါ် စိတ်ဆိုးနေတာလည်း ဖြစ်နိုင်ပါသည်။ မဟုတ်လျှင် ကျွန်တော့်အပေါ် ခံစားချက်တွေ ကုန်ခမ်းသွားသည်လား
၇ နှစ်ဆိုသည့် အတိုင်းအတာမှာ ပိုကောင်းမွန်သည့် လူတစ်ယောက်ကို တွေ့နိုင်သည် မဟုတ်ပါလား။
ထို့နောက် တခြားတစ်ယောက် တွေ့လျှင် ချစ်နိုင်သည်ဟု ကလေးလေးကို ပြောခဲ့သည်ကလည်း ကျွန်တော်သာ...
ပြတိုက်မှ ထွက်လာလိုက်ပြီး လမ်းမတစ်လျှောက် သွားနေရင်းမှ ဦးတည်ရာမရှိဘဲ တွေးတောနေမိပါသည်။
မှားခဲ့သလားဆိုလျှင် ကျွန်တော့်အမှားတွေဟာ မရေမတွက်နိုင်ပါဘူး။ သို့သော် ထို အမှားတွေက ကလေးလေးအတွက်ပဲ ဖြစ်သည်မို့ အမှားကောင်းတွေ ဖြစ်သည်။
အကြီးမားဆုံးကတော့ ထိုကောင်လေးကို လက်လွှတ်မိခဲ့ခြင်းသာ ဖြစ်သည်။
တည်းခိုသည့် ဟိုတယ်က ပြတိုက်နဲ့ မလှမ်းမကမ်းမှာမို့ ရှေ့ကို လှမ်းမြင်နေရပါသည်။ တစ်ယောက်တည်းသာ လာခဲ့သည်မို့ ယခုအချိန် ဟိုတယ်ကို ပြန်ရောက်လည်း တစ်ယောက်တည်း ဖြစ်နေဦးမည်ပင်
အငယ်တွေက Toledo ကို အနှံ့ပတ်နေပြီမို့ ဟိုတယ်မှာ လူတောင် ရှိမည် မထင်ပါ။
ကားလမ်းကူးရန် ရပ်စောင့်နေလိုက်ချိန် မိုးစက်တွေက စီးကျလာသည်။ မှိုင်းညို့ညို့ ကောင်းကင်ကို မော့ကြည့်မိတော့ မျက်နှာပေါ်ကို ရေစက်တွေ ကျလာ၏။
Toledo မှာ ဘယ်အချိန် မိုးရွာသလဲ မသိပေမယ့် ဒီလိုပဲ ထီးမရှိချိန် ကံဆိုးမိုးမှောင် ကျရပြန်ပါသည်။
လူတချို့က ထီးထုတ်ဆောင်းကြပြီး တချို့ကတော့ ကျွန်တော့်လို ပေတေပြီး မိုးရေထဲ ရပ်လို့ နေပါသည်။
မီးစိမ်းသွားပြီး လမ်းကူးမည် ပြင်တော့ ကျွန်တော့်အပေါ် ကျနေသည့် မိုးစက်တွေဟာ ရပ်တန့်သွားသည်။
ခေတ္တမျှ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ မိုးရွာနေဆဲ..
"မိုးမိရင် နေမကောင်း ဖြစ်လိမ့်မယ်"
လှည့်ကြည့်လိုက်မိတော့ အညိုရောင် အနောက်တိုင်း ဝတ်စုံနဲ့ ကလေးလေး ရောက်နေခဲ့တာဖြစ်သည်။ ထီးအနီကို ကျွန်တော့်ဘက် တိုးလို့ ဆောင်းထားပေးသည်မို့ ကုတ်အင်္ကျီရဲ့ ညာဘက်ခြမ်းမှာ ရေတွေ ရွှဲကုန်သည်။
"မင်းရောက်လာတယ်"
"နောက်ကျသွားလို့ တောင်းပန်ပါတယ်"
"မင်းကို တွေ့နိုင်ဖို့ နောင်ဘဝတွေအထိ စောင့်နိုင်ပါတယ် အဓိက က တွေ့ရဖို့လေးပါပဲ"
တစ်ဖက်ခြမ်းမှာ မီးနီသွားပြန်ပါသည်။ ကားတွေက အလျှိုလျှို ဖြတ်မောင်းသွားပြီး ရေအိုင်တွေမှ ရေတွေဟာ ဒီဘက်ခြမ်းကို လာစင်ပါသည်။
ရုတ်တရက်မို့ ထိုကောင်လေးရဲ့ ကျောပြင်လေးကို ဆွဲသွင်းလိုက်ပြီး ခေါင်းကလေးကို အုပ်ကိုင်လိုက်ကာ ရင်ခွင်ထဲ ထည့်လိုက်ရပါသည်။
ထို့နောက်မှာတော့ ရေတွေဟာ ကျွန်တော့် ကျောပြင်ကို ဖြန်းခနဲ လာရောက် ရိုက်ခတ်သွားတော့သည်။ ကျောပြင်ကို ကော့တက်သွားသည်အထိ အေးစိမ့်သွားပြီးနောက် မျက်လုံးတွေ မှိတ်ကျသွားရသည်။
ထိုအချိန် ကောင်လေးဆီမှ ဈေးကြီးလွန်းသည့် ရေမွှေးနံ့ကလေးလည်း ရလိုက်ပါသည်။ ထို့နောက် နှလုံးသားရဲ့ စည်းချက်လေးတွေ လှုပ်ရှားနေသံကိုလည်း ကြားလိုက်ရပါသည်။
"ရေတွေ စင်သွားသေးလား ကလေးလေး"
ရင်ခွင်ထဲမှ ကလေးလေးက မျက်လုံးလေး ဝင့်လို့ ကြည့်လာပါသည်။ ထို့နောက်မှာတော့ ဘေးမှ လူတွေရဲ့ တိုးတိတ်တိတ် စကားသံတွေ ထွက်လာတော့သည်။
ပြုံးပြုံးကြီးနဲ့ လှမ်းကြည့်နေကြပြီး သဘောကျနေကြခြင်း...
ထိုကောင်လေးကတော့ ပါးနှစ်ဘက် နီရဲလို့ မျက်နှာလေး အောက်ငုံ့ထားပါသည်။
ထိုအခါမှ အောက်ပြုတ်ကျနေသည့် ထီးအနေလေးကို ကောက်ယူလိုက်ပြီး ဆောင်းပေးလိုက်ရတော့သည်။
"ဒီက သွားရအောင်နော်"
ထီးကလေး ဆောင်းပေးပြီး ပုခုံးလေးကနေ မဝင့်မရဲ ဖက်ရပါသည်။ မျက်နှာတစ်ပြင်လုံး ရဲနေသည့် ထိုကောင်လေးကို ဒီထက်ပိုပြီး အရှက်မသည်းစေချင်...
"ဒါက ဒုတိယ အကြိမ် မဟုတ်လား"
ကားလမ်းကူးရင်း ပြောတော့ ကျွန်တော့်ဘက် ငေးကြည့်ပါသည်။
"အရင်ကလို ဒီလိုမျိုး ထီး အတူတူ ဆောင်းဖူးတယ်လေ မိုးရွာနေလို့ မင်းက လာဆောင်းပေးခဲ့တာ မဟုတ်လား... အမျိုးသား စာကြည့်တိုက်အရှေ့မှာ ကိုယ့် Porsche ကားလေးဆီ ခေါ်သွားပေးခဲ့တာ"
ပြုံးရယ်လို့ ပြောတော့ မျက်ဝန်းလေးတွေ ဝိုင်းစက်သွားပြီး ငေးကြည့်ပြန်ပါသည်။
"ကိုယ်က မင်းနဲ့ ပတ်သက်တဲ့ ဘယ်လို မှတ်ဉာဏ်ကိုမှ မမေ့ပစ်ပါဘူး ရတနာလေးတွေမို့ ကိုယ့်အတွက် တန်ဖိုးကြီးပါတယ်"
ခဲရောင် ဆံပင်လေးတွေကို ထိုးဖွကာ ပြောတော့ ထိုကောင်လေးက ပြုံးပြပါသည်။
"ကျွန်တော် ဘယ်လောက်ထိ ပျော်နေသလဲ သိရဲ့လား"
"သိပါတယ် ကိုယ် သိပါတယ်။ ကိုယ်လည်း အဲ့သည်လောက်ထိ ပျော်နေတာမို့ မင်းကို ကိုယ်ချင်းစာနိုင်ပါတယ်"
ပြုံးရယ်နေသည့် မျက်ဝန်းလှလှလေးတွေကို ငေးကြည့်ရင်း၊ တောက်ပနေသည့် အပြုံးတွေနဲ့ နှုတ်ခမ်းပါးတွေကို ငေးကြည့်ရင်း ရင်ခုန်သံတွေကို ပြန်နားထောင်လိုက်တော့သည်။
.
.
ဒီလောက် ညဉ့်နက်သည်အထိ တစ်ခါမှ မရောက်ဖူးသည့် နယ်ခြား မြေခြားမှာ မနေဖူးပါဘူး။
အခုတော့ ည ၁၂ ကျော်သည်အထိ Toledo ရဲ့ လမ်းမပေါ်မှာ ရင်ခုန်သံလေးတွေနဲ့အတူ လျှောက်သွားနေခဲ့တာ ဖြစ်သည်။
"ကိုယ် ပေးခဲ့တဲ့ လက်ဆောင်ကို ရလိုက်ရဲ့လား ပြတိုက်အစောင့်ကို ပေးခဲ့တာ"
Taehyung ဟိုတယ်အထိ လိုက်ပို့ပြီး ဟိုတယ်ရဲ့ အပေါ်ဆုံး လေသာဆောင်မှာ ရောက်နေပြီ ဖြစ်သည်။
လေညှင်းလေတွေ တိုးဝှေ့သွားတော့ ထိုကောင်လေးရဲ့ ကိုယ်သင်းရနံ့လေးတွေဟာ ကျွန်တော့်ဆီ ဖြတ်တိုက်သွားပါသည်။
"အစောင့်က လူတစ်ယောက် ကျွန်တော့်ကို မနက်ခင်း ကတည်းက စောင့်နေတယ်လို့ ပြောခဲ့တာ.. သိသိချင်း ဆရာဆိုပြီး ပြေးလိုက်လာခဲ့တာမို့ လက်ဆောင်ကို မယူရသေးပါဘူး။ မနက် ကတည်းက ပြတိုက် တာဝန်ခံနဲ့အတူ မြို့ကို လိုက်ပတ်နေရတာပါ။ ဝန်ကြီးတွေလည်း ပါတာမို့ ကြီးကြီးကျယ်ကျယ်နဲ့ အလုပ် သိပ်ရှုပ်ခဲ့တာရယ်... အကြာကြီး စောင့်စေမိခဲ့လို့ တောင်းပန်ပါတယ်"
ကျွန်တော့် စကားဆုံးတော့ ဆရာက ပြုံးပါသည်။
"မင်းအတွက် ရေနတ်သမီး ပန်းချီကားလေး လက်ဆောင် ထားခဲ့တာ... ရေနတ်သမီးပန်းလေးတွေကို အများကြီး အပေးခံရတယ်ဆိုရင် ကံကောင်းတယ်ဆို မင်းလေး ကံကောင်းနေရအောင်လို့ပါ"
"ဒါကိုလည်း မှတ်မိနေခဲ့တာပဲလား"
"မင်းနဲ့ ပတ်သက်တဲ့ ဘယ်လိုအကြောင်းအရာကိုမှ မမေ့နိုင်ပါဘူးလို့ ပြောခဲ့သားပဲ"
ထိုလူက သဘောတကျ ရယ်လိုက်ပါသည်။ လရောင်ဟာ ထိုလူ့အပေါ် ဖြာကျနေပြီး အပြုံးကလေးကို ပိုပြီး တောက်ပသွားစေသည်။
"ဆရာ့ဘက်က ကျွန်တော်တို့ ပြန်တွေ့တာကို ဘာမှ မခံရဘူး ထင်ထားခဲ့တာ မနေ့တုန်းက ဆရာက သာမန်အတိုင်း ပြုမူနေခဲ့တာလေ"
"ကိုယ်က မင်းထက်လည်း အသက်အများကြီး ကြီးပြီး ရင့်ကျက်တဲ့ လူတစ်ယောက်ပါ ကလေးလေးရယ်... နှလုံးသားက ရင်ခုန်သံတွေအတိုင်း ပျော်မြူးနေရမယ့် အရွယ်မှ မဟုတ်ဘဲ။ ပြီးတော့ ကိုယ်က စိတ်ခံစားချက်တွေကို မဖော်ပြတတ်လို့ပါ။ မင်းကို မြင်အောင် မပြနိုင်ပေမယ့် မင်းထက်မပိုရင်တောင် မင်းလောက်တော့ ပျော်နေခဲ့တာပါ"
ကျွန်တော့်ဆီမှ ရယ်သံ ခပ်လွင်လွင်လေး ပြန့်သွားပါသည်။
"ကိုယ် မင်းကို လိုက်ရှာနေခဲ့တာပါ။ ကိုရီးယားမှာ မတွေ့ရတော့ Wales အထိ သွားခဲ့တယ်။ မင်းနဲ့အတူ ရေနတ်သမီးတွေ ကြည့်နိုင်ဖို့ အဲ့ဒီနေရာမှာ စောင့်နေခဲ့တာပါ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ Toledo မှာ တွေ့ခဲ့ရတယ်"
ဆရာက ကောင်းကင်ပေါ်မှ လမင်းကြီးကို ကြည့်ကာ ပြောနေခြင်း ဖြစ်သည်။ ထို့နောက် ဆရာက ကျွန်တော့်ဘက်ကို လှည့်လာပြီး အကြည့်ချင်း ဆုံသွား၏။
တစ်ခဏလေးမှာ ကမ္ဘာလောကကြီးက ရပ်တန့်သွားသလို ထင်ရပါသည်။ လမ်းမပေါ်မှ ကားစက်သံတွေ၊ လူတွေရဲ့ စကားသံတွေ.. ဆူညံသံတွေ အကုန်လုံးဟာ ငြိမ်သက်သွားပြီး ရင်ခုန်သံလေးတွေသာ ကြားနေရတော့သည်။
ထိုလူက ကျွန်တော့်အနား တရေးရေး တိုးကပ်လာပြီး လက်ချောင်းတွေကို ဆုပ်ကိုင်လာပါသည်။ နား အထဲကို လေတွေ တိုးဝင်လာပြီး ဩရှရှ အသံကလေးလည်း ဝင်ရောက်ပါသည်။
"ဘယ်လိုလဲ ဒီလူကို အချစ်အကြောင်း သင်ပေးပြီး နှလုံးသား ရေးရာတွေ ရှင်းပြလှည့်ပါလား... မင်းဆီက သင်ယူချင်လို့ပါ။ သင်ပေးမယ် မဟုတ်လား ကလေးလေး"
မွှေးညှင်းနုနုလေးတွေ ထောင်သွားသည်အထိ လန့်ဖြန့်သွားမိပြီး မျက်တောင်တွေ ပုတ်ခတ်မိတော့ ထိုလူက ပြုံးသည်။
"ကိုယ်က အသက် ၃၈ နှစ် ပြည့်တော့မယ့် လူအိုကြီး ဖြစ်နေပြီ မင်းမှ မသင်ပေးရင် ဒါတွေ နားမလည်တော့ဘူး"
ဆရာ့ ရင်ဘတ်ကို တစ်ချက်ထုကာ ရယ်မိတော့ ဆရာ့ဆီမှလည်း ရယ်သံကလေး ကြားလိုက်ရသည်။
"လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပေးမယ်။ မသေချာတဲ့ အနာဂတ်ကို တမ်းတပြီး စိတ်ကူးယဉ်နေမှာထက် သေချာတဲ့ ပစ္စုပ္ပန်မှာ ပိုချစ်သွားပါ့မယ်"
ထို့နောက်မှာတော့ နှဖူးပြင်ပေါ်ကို အနမ်းလေး တစ်ပွင့်ကျရောက်လာပါသည်။ ခဲရောင် ဆံနွယ်တွေကို ဖယ်ရှားပြီး နှဖူးပေါ်ကို နူးနူးညံ့ညံ့လေး အနမ်းပေးပါသည်။
"လရောင်အောက်မှာ မင်းကို ချစ်ရေးဆိုပါ့မယ်"
မျက်လုံးထဲကို စိုက်ကြည့်ပြီး အကြည့်ချင်း ဆုံသွားသည့် တစ်ခဏမှာတော့
"ကိုယ် မင်းကို တန်ဖိုးထားပြီး မြတ်နိုးစွာ ချစ်ရပါတယ်"
ထိုတစ်ခဏမှာတော့ ပါးပြင်ပေါ်ကို မျက်ရည်စတွေ စီးကျလာပြီး ထိုလူ့ ရင်ခွင် အကျယ်ကြီးဆီသို့ ဝင်ရောက် ခိုလှုံ့မိပါသည်။
ကျောပြင်လေးကို ပွတ်သပ်ပေးကာ ခါးကနေ တင်းကြပ်နေအောင် ပွေ့ဖက်ပေးလာပါသည်။
"ကျွန်တော် ဆရာ့ကို သိပ်ချစ်တာပါ"
"အင်း ကိုယ် သိတာမို့ မငိုနဲ့တော့နော်... မင်း မျက်ဝန်းထဲက မိုးစက်လေးတွေ မကျစေချင်တော့ဘူး။ ကိုယ့်ကို စိတ်မကောင်းဖြစ်ရအောင် မငိုနဲ့တော့နော်... ဟုတ်ရဲ့လား"
သို့ပေမယ့် ကျွန်တော်ကတော့ ဆရာ့ ရင်ခွင် အကျယ်ကြီးဆီ တိုးကပ်ကာ ဖက်တွယ်ထားမိသည်။
ဆရာ့ ရင်ခုန်သံလေးတွေ နားထောင်ပြီး အသက်ရှူမိသည်။ ဆရာ့ ရယ်သံလေးတွေဟာ ကမ္ဘာပေါ်မှာ အသာယာဆုံးသော အသံကလေးတွေ ဖြစ်လာခဲ့သည်။
ထို့နောက် ထိုလူရဲ့ နွေးထွေးလှသည့် အထိအတွေ့တွေ... ကျွန်တော် အများကြီး သိပ်ကို လွမ်းနေခဲ့ရတာပါ။
.
.
ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်
ဒီအတွဲအတွက် မိသားစုဘဝလေးအထိ ခေါ်သွားဦးမှာပါ။ နောက်တစ်ပိုင်းတော့ စာဖတ်သူတို့ရဲ့ ကိုရိန်းလေး လာပါပြီရယ်
မနက်ဖြန် update မရှိဘူးမို့ သန်ဘက်ခါတော့ ရမလား မသိပါဘူး။ ရွှန်းက ပိတ်ရက်ရောက်ရင် အပြင်သွားနေရတာ များလို့ပါ။
VictoryKimTae
December 8, 2023
Zawgyi
Museo De Santa Cruz အေရွ႕မွာ ညေနေစာင္းသည္အထိ Jungkook ေစာင့္ေနလိုက္ပါသည္။
တကယ္ဆို မနက္ ကတည္းက ေရာက္လာခဲ့ၿပီး ကေလးေလးကို ေစာင့္ေနခဲ့တာ ျဖစ္သည္။ နာရီကို ၾကည့္ကာ တေမွ်ာ္ေမွ်ာ္ လုပ္ေနခဲ့ေပမယ့္ အခုခ်ိန္အထိ အရိပ္ကေလးေတာင္ မေတြ႕ရသည္မို႔ စိတ္မေကာင္းျဖစ္သည္ကေတာ့ အမွန္...
၆ နာရီ ထိုးေတာ့ ျပခန္းပိတ္ပါသည္။ အနီးအနားကို လိုက္ၾကည့္မိေတာ့ လူတခ်ိဳ႕သာ က်န္ေတာ့သည္။
ကေလးေလးက ကြၽန္ေတာ့္ကို မေတြ႕ခ်င္ခဲ့ဖူးမ်ားလား... ျပတိုက္ရဲ႕ အဓိက တာဝန္ရွိသူက ေရာက္မလာသည္မွာ မျဖစ္ႏိုင္။
ျပတိုက္မွာ ရွိေနပါလ်က္နဲ႔ ကြၽန္ေတာ့္ကို မေတြ႕ခ်င္ေတာ့လို႔မ်ားလား။ ဦးေႏွာက္ တစ္ခုလုံး ပူထူေနေအာင္ စဉ္းစားေနမိၿပီး ေနာက္ဆုံးေတာ့ ျပတိုက္အေစာင့္ဆီ သြားမိသည္။
"ဒါေလး Artist Kim ဆီ ေပးလိုက္ပါေနာ္ အကူအညီေတာင္းပါတယ္"
ယူလာသည့္ လက္ေဆာင္အိတ္ကေလးကို ျပတိုက္ေစာင့္ဆီ ေပးခဲ့လိုက္ပါသည္။ သန္ဘက္ခါဆို visa ကုန္ၿပီမို႔ Wales ကို ျပန္ရေတာ့မည္ ျဖစ္၏။
Toledo မွာ ရွိေနဖို႔က မနက္ျဖန္ တစ္ရက္သာ က်န္ပါေတာ့သည္။ ဒီတစ္ရက္တည္းနဲ႔ ကေလးေလးကို ဘယ္လို လိုက္ရွာရမလဲ ကြၽန္ေတာ္မသိ...
ကြၽန္ေတာ့္အေပၚ စိတ္ဆိုးေနတာလည္း ျဖစ္ႏိုင္ပါသည္။ မဟုတ္လွ်င္ ကြၽန္ေတာ့္အေပၚ ခံစားခ်က္ေတြ ကုန္ခမ္းသြားသည္လား
၇ ႏွစ္ဆိုသည့္ အတိုင္းအတာမွာ ပိုေကာင္းမြန္သည့္ လူတစ္ေယာက္ကို ေတြ႕ႏိုင္သည္ မဟုတ္ပါလား။
ထို႔ေနာက္ တျခားတစ္ေယာက္ ေတြ႕လွ်င္ ခ်စ္ႏိုင္သည္ဟု ကေလးေလးကို ေျပာခဲ့သည္ကလည္း ကြၽန္ေတာ္သာ...
ျပတိုက္မွ ထြက္လာလိုက္ၿပီး လမ္းမတစ္ေလွ်ာက္ သြားေနရင္းမွ ဦးတည္ရာမရွိဘဲ ေတြးေတာေနမိပါသည္။
မွားခဲ့သလားဆိုလွ်င္ ကြၽန္ေတာ့္အမွားေတြဟာ မေရမတြက္ႏိုင္ပါဘူး။ သို႔ေသာ္ ထို အမွားေတြက ကေလးေလးအတြက္ပဲ ျဖစ္သည္မို႔ အမွားေကာင္းေတြ ျဖစ္သည္။
အႀကီးမားဆုံးကေတာ့ ထိုေကာင္ေလးကို လက္လႊတ္မိခဲ့ျခင္းသာ ျဖစ္သည္။
တည္းခိုသည့္ ဟိုတယ္က ျပတိုက္နဲ႔ မလွမ္းမကမ္းမွာမို႔ ေရွ႕ကို လွမ္းျမင္ေနရပါသည္။ တစ္ေယာက္တည္းသာ လာခဲ့သည္မို႔ ယခုအခ်ိန္ ဟိုတယ္ကို ျပန္ေရာက္လည္း တစ္ေယာက္တည္း ျဖစ္ေနဦးမည္ပင္
အငယ္ေတြက Toledo ကို အႏွံ႔ပတ္ေနၿပီမို႔ ဟိုတယ္မွာ လူေတာင္ ရွိမည္ မထင္ပါ။
ကားလမ္းကူးရန္ ရပ္ေစာင့္ေနလိုက္ခ်ိန္ မိုးစက္ေတြက စီးက်လာသည္။ မႈိင္းညိဳ႕ညိဳ႕ ေကာင္းကင္ကို ေမာ့ၾကည့္မိေတာ့ မ်က္ႏွာေပၚကို ေရစက္ေတြ က်လာ၏။
Toledo မွာ ဘယ္အခ်ိန္ မိုးရြာသလဲ မသိေပမယ့္ ဒီလိုပဲ ထီးမရွိခ်ိန္ ကံဆိုးမိုးေမွာင္ က်ရျပန္ပါသည္။
လူတခ်ိဳ႕က ထီးထုတ္ေဆာင္းၾကၿပီး တခ်ိဳ႕ကေတာ့ ကြၽန္ေတာ့္လို ေပေတၿပီး မိုးေရထဲ ရပ္လို႔ ေနပါသည္။
မီးစိမ္းသြားၿပီး လမ္းကူးမည္ ျပင္ေတာ့ ကြၽန္ေတာ့္အေပၚ က်ေနသည့္ မိုးစက္ေတြဟာ ရပ္တန္႔သြားသည္။
ေခတၱမွ် အံ့အားသင့္သြားၿပီး ပတ္ဝန္းက်င္ကို လိုက္ၾကည့္ေတာ့ မိုးရြာေနဆဲ..
"မိုးမိရင္ ေနမေကာင္း ျဖစ္လိမ့္မယ္"
လွည့္ၾကည့္လိုက္မိေတာ့ အညိဳေရာင္ အေနာက္တိုင္း ဝတ္စုံနဲ႔ ကေလးေလး ေရာက္ေနခဲ့တာျဖစ္သည္။ ထီးအနီကို ကြၽန္ေတာ့္ဘက္ တိုးလို႔ ေဆာင္းထားေပးသည္မို႔ ကုတ္အကႌ်ရဲ႕ ညာဘက္ျခမ္းမွာ ေရေတြ ရႊဲကုန္သည္။
"မင္းေရာက္လာတယ္"
"ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္"
"မင္းကို ေတြ႕ႏိုင္ဖို႔ ေနာင္ဘဝေတြအထိ ေစာင့္ႏိုင္ပါတယ္ အဓိက က ေတြ႕ရဖို႔ေလးပါပဲ"
တစ္ဖက္ျခမ္းမွာ မီးနီသြားျပန္ပါသည္။ ကားေတြက အလွ်ိဳလွ်ိဳ ျဖတ္ေမာင္းသြားၿပီး ေရအိုင္ေတြမွ ေရေတြဟာ ဒီဘက္ျခမ္းကို လာစင္ပါသည္။
႐ုတ္တရက္မို႔ ထိုေကာင္ေလးရဲ႕ ေက်ာျပင္ေလးကို ဆြဲသြင္းလိုက္ၿပီး ေခါင္းကေလးကို အုပ္ကိုင္လိုက္ကာ ရင္ခြင္ထဲ ထည့္လိုက္ရပါသည္။
ထို႔ေနာက္မွာေတာ့ ေရေတြဟာ ကြၽန္ေတာ့္ ေက်ာျပင္ကို ျဖန္းခနဲ လာေရာက္ ႐ိုက္ခတ္သြားေတာ့သည္။ ေက်ာျပင္ကို ေကာ့တက္သြားသည္အထိ ေအးစိမ့္သြားၿပီးေနာက္ မ်က္လုံးေတြ မွိတ္က်သြားရသည္။
ထိုအခ်ိန္ ေကာင္ေလးဆီမွ ေဈးႀကီးလြန္းသည့္ ေရေမႊးနံ႔ကေလးလည္း ရလိုက္ပါသည္။ ထို႔ေနာက္ ႏွလုံးသားရဲ႕ စည္းခ်က္ေလးေတြ လႈပ္ရွားေနသံကိုလည္း ၾကားလိုက္ရပါသည္။
"ေရေတြ စင္သြားေသးလား ကေလးေလး"
ရင္ခြင္ထဲမွ ကေလးေလးက မ်က္လုံးေလး ဝင့္လို႔ ၾကည့္လာပါသည္။ ထို႔ေနာက္မွာေတာ့ ေဘးမွ လူေတြရဲ႕ တိုးတိတ္တိတ္ စကားသံေတြ ထြက္လာေတာ့သည္။
ၿပဳံးၿပဳံးႀကီးနဲ႔ လွမ္းၾကည့္ေနၾကၿပီး သေဘာက်ေနၾကျခင္း...
ထိုေကာင္ေလးကေတာ့ ပါးႏွစ္ဘက္ နီရဲလို႔ မ်က္ႏွာေလး ေအာက္ငုံ႔ထားပါသည္။
ထိုအခါမွ ေအာက္ျပဳတ္က်ေနသည့္ ထီးအေနေလးကို ေကာက္ယူလိုက္ၿပီး ေဆာင္းေပးလိုက္ရေတာ့သည္။
"ဒီက သြားရေအာင္ေနာ္"
ထီးကေလး ေဆာင္းေပးၿပီး ပုခုံးေလးကေန မဝင့္မရဲ ဖက္ရပါသည္။ မ်က္ႏွာတစ္ျပင္လုံး ရဲေနသည့္ ထိုေကာင္ေလးကို ဒီထက္ပိုၿပီး အရွက္မသည္းေစခ်င္...
"ဒါက ဒုတိယ အႀကိမ္ မဟုတ္လား"
ကားလမ္းကူးရင္း ေျပာေတာ့ ကြၽန္ေတာ့္ဘက္ ေငးၾကည့္ပါသည္။
"အရင္ကလို ဒီလိုမ်ိဳး ထီး အတူတူ ေဆာင္းဖူးတယ္ေလ မိုးရြာေနလို႔ မင္းက လာေဆာင္းေပးခဲ့တာ မဟုတ္လား... အမ်ိဳးသား စာၾကည့္တိုက္အေရွ႕မွာ ကိုယ့္ Porsche ကားေလးဆီ ေခၚသြားေပးခဲ့တာ"
ၿပဳံးရယ္လို႔ ေျပာေတာ့ မ်က္ဝန္းေလးေတြ ဝိုင္းစက္သြားၿပီး ေငးၾကည့္ျပန္ပါသည္။
"ကိုယ္က မင္းနဲ႔ ပတ္သက္တဲ့ ဘယ္လို မွတ္ဉာဏ္ကိုမွ မေမ့ပစ္ပါဘူး ရတနာေလးေတြမို႔ ကိုယ့္အတြက္ တန္ဖိုးႀကီးပါတယ္"
ခဲေရာင္ ဆံပင္ေလးေတြကို ထိုးဖြကာ ေျပာေတာ့ ထိုေကာင္ေလးက ၿပဳံးျပပါသည္။
"ကြၽန္ေတာ္ ဘယ္ေလာက္ထိ ေပ်ာ္ေနသလဲ သိရဲ႕လား"
"သိပါတယ္ ကိုယ္ သိပါတယ္။ ကိုယ္လည္း အဲ့သည္ေလာက္ထိ ေပ်ာ္ေနတာမို႔ မင္းကို ကိုယ္ခ်င္းစာႏိုင္ပါတယ္"
ၿပဳံးရယ္ေနသည့္ မ်က္ဝန္းလွလွေလးေတြကို ေငးၾကည့္ရင္း၊ ေတာက္ပေနသည့္ အၿပဳံးေတြနဲ႔ ႏႈတ္ခမ္းပါးေတြကို ေငးၾကည့္ရင္း ရင္ခုန္သံေတြကို ျပန္နားေထာင္လိုက္ေတာ့သည္။
.
.
ဒီေလာက္ ညဉ့္နက္သည္အထိ တစ္ခါမွ မေရာက္ဖူးသည့္ နယ္ျခား ေျမျခားမွာ မေနဖူးပါဘူး။
အခုေတာ့ ည ၁၂ ေက်ာ္သည္အထိ Toledo ရဲ႕ လမ္းမေပၚမွာ ရင္ခုန္သံေလးေတြနဲ႔အတူ ေလွ်ာက္သြားေနခဲ့တာ ျဖစ္သည္။
"ကိုယ္ ေပးခဲ့တဲ့ လက္ေဆာင္ကို ရလိုက္ရဲ႕လား ျပတိုက္အေစာင့္ကို ေပးခဲ့တာ"
Taehyung ဟိုတယ္အထိ လိုက္ပို႔ၿပီး ဟိုတယ္ရဲ႕ အေပၚဆုံး ေလသာေဆာင္မွာ ေရာက္ေနၿပီ ျဖစ္သည္။
ေလညႇင္းေလေတြ တိုးေဝွ႔သြားေတာ့ ထိုေကာင္ေလးရဲ႕ ကိုယ္သင္းရနံ႔ေလးေတြဟာ ကြၽန္ေတာ့္ဆီ ျဖတ္တိုက္သြားပါသည္။
"အေစာင့္က လူတစ္ေယာက္ ကြၽန္ေတာ့္ကို မနက္ခင္း ကတည္းက ေစာင့္ေနတယ္လို႔ ေျပာခဲ့တာ.. သိသိခ်င္း ဆရာဆိုၿပီး ေျပးလိုက္လာခဲ့တာမို႔ လက္ေဆာင္ကို မယူရေသးပါဘူး။ မနက္ ကတည္းက ျပတိုက္ တာဝန္ခံနဲ႔အတူ ၿမိဳ႕ကို လိုက္ပတ္ေနရတာပါ။ ဝန္ႀကီးေတြလည္း ပါတာမို႔ ႀကီးႀကီးက်ယ္က်ယ္နဲ႔ အလုပ္ သိပ္ရႈပ္ခဲ့တာရယ္... အၾကာႀကီး ေစာင့္ေစမိခဲ့လို႔ ေတာင္းပန္ပါတယ္"
ကြၽန္ေတာ့္ စကားဆုံးေတာ့ ဆရာက ၿပဳံးပါသည္။
"မင္းအတြက္ ေရနတ္သမီး ပန္းခ်ီကားေလး လက္ေဆာင္ ထားခဲ့တာ... ေရနတ္သမီးပန္းေလးေတြကို အမ်ားႀကီး အေပးခံရတယ္ဆိုရင္ ကံေကာင္းတယ္ဆို မင္းေလး ကံေကာင္းေနရေအာင္လို႔ပါ"
"ဒါကိုလည္း မွတ္မိေနခဲ့တာပဲလား"
"မင္းနဲ႔ ပတ္သက္တဲ့ ဘယ္လိုအေၾကာင္းအရာကိုမွ မေမ့ႏိုင္ပါဘူးလို႔ ေျပာခဲ့သားပဲ"
ထိုလူက သေဘာတက် ရယ္လိုက္ပါသည္။ လေရာင္ဟာ ထိုလူ့အေပၚ ျဖာက်ေနၿပီး အၿပဳံးကေလးကို ပိုၿပီး ေတာက္ပသြားေစသည္။
"ဆရာ့ဘက္က ကြၽန္ေတာ္တို႔ ျပန္ေတြ႕တာကို ဘာမွ မခံရဘူး ထင္ထားခဲ့တာ မေန႔တုန္းက ဆရာက သာမန္အတိုင္း ျပဳမူေနခဲ့တာေလ"
"ကိုယ္က မင္းထက္လည္း အသက္အမ်ားႀကီး ႀကီးၿပီး ရင့္က်က္တဲ့ လူတစ္ေယာက္ပါ ကေလးေလးရယ္... ႏွလုံးသားက ရင္ခုန္သံေတြအတိုင္း ေပ်ာ္ျမဴးေနရမယ့္ အရြယ္မွ မဟုတ္ဘဲ။ ၿပီးေတာ့ ကိုယ္က စိတ္ခံစားခ်က္ေတြကို မေဖာ္ျပတတ္လို႔ပါ။ မင္းကို ျမင္ေအာင္ မျပႏိုင္ေပမယ့္ မင္းထက္မပိုရင္ေတာင္ မင္းေလာက္ေတာ့ ေပ်ာ္ေနခဲ့တာပါ"
ကြၽန္ေတာ့္ဆီမွ ရယ္သံ ခပ္လြင္လြင္ေလး ျပန္႔သြားပါသည္။
"ကိုယ္ မင္းကို လိုက္ရွာေနခဲ့တာပါ။ ကိုရီးယားမွာ မေတြ႕ရေတာ့ Wales အထိ သြားခဲ့တယ္။ မင္းနဲ႔အတူ ေရနတ္သမီးေတြ ၾကည့္ႏိုင္ဖို႔ အဲ့ဒီေနရာမွာ ေစာင့္ေနခဲ့တာပါ။ ဒါေပမယ့္ မထင္မွတ္ထားတဲ့ Toledo မွာ ေတြ႕ခဲ့ရတယ္"
ဆရာက ေကာင္းကင္ေပၚမွ လမင္းႀကီးကို ၾကည့္ကာ ေျပာေနျခင္း ျဖစ္သည္။ ထို႔ေနာက္ ဆရာက ကြၽန္ေတာ့္ဘက္ကို လွည့္လာၿပီး အၾကည့္ခ်င္း ဆုံသြား၏။
တစ္ခဏေလးမွာ ကမၻာေလာကႀကီးက ရပ္တန္႔သြားသလို ထင္ရပါသည္။ လမ္းမေပၚမွ ကားစက္သံေတြ၊ လူေတြရဲ႕ စကားသံေတြ.. ဆူညံသံေတြ အကုန္လုံးဟာ ၿငိမ္သက္သြားၿပီး ရင္ခုန္သံေလးေတြသာ ၾကားေနရေတာ့သည္။
ထိုလူက ကြၽန္ေတာ့္အနား တေရးေရး တိုးကပ္လာၿပီး လက္ေခ်ာင္းေတြကို ဆုပ္ကိုင္လာပါသည္။ နား အထဲကို ေလေတြ တိုးဝင္လာၿပီး ဩရွရွ အသံကေလးလည္း ဝင္ေရာက္ပါသည္။
"ဘယ္လိုလဲ ဒီလူကို အခ်စ္အေၾကာင္း သင္ေပးၿပီး ႏွလုံးသား ေရးရာေတြ ရွင္းျပလွည့္ပါလား... မင္းဆီက သင္ယူခ်င္လို႔ပါ။ သင္ေပးမယ္ မဟုတ္လား ကေလးေလး"
ေမႊးညႇင္းႏုႏုေလးေတြ ေထာင္သြားသည္အထိ လန္႔ျဖန္႔သြားမိၿပီး မ်က္ေတာင္ေတြ ပုတ္ခတ္မိေတာ့ ထိုလူက ၿပဳံးသည္။
"ကိုယ္က အသက္ ၃၈ ႏွစ္ ျပည့္ေတာ့မယ့္ လူအိုႀကီး ျဖစ္ေနၿပီ မင္းမွ မသင္ေပးရင္ ဒါေတြ နားမလည္ေတာ့ဘူး"
ဆရာ့ ရင္ဘတ္ကို တစ္ခ်က္ထုကာ ရယ္မိေတာ့ ဆရာ့ဆီမွလည္း ရယ္သံကေလး ၾကားလိုက္ရသည္။
"လေရာင္လဲ့လဲ့ေလး ေအာက္မွာ မင္းကို အနမ္းေတြေပးမယ္။ ေရနတ္သမီးပန္းေတြ ေပးၿပီး မင္းကို ကံေကာင္းမႈေတြဆီ ေခၚသြားေပးမယ္။ မေသခ်ာတဲ့ အနာဂတ္ကို တမ္းတၿပီး စိတ္ကူးယဉ္ေနမွာထက္ ေသခ်ာတဲ့ ပစၥဳပၸန္မွာ ပိုခ်စ္သြားပါ႔မယ္"
ထို႔ေနာက္မွာေတာ့ ႏွဖူးျပင္ေပၚကို အနမ္းေလး တစ္ပြင့္က်ေရာက္လာပါသည္။ ခဲေရာင္ ဆံႏြယ္ေတြကို ဖယ္ရွားၿပီး ႏွဖူးေပၚကို ႏူးႏူးညံ့ညံ့ေလး အနမ္းေပးပါသည္။
"လေရာင္ေအာက္မွာ မင္းကို ခ်စ္ေရးဆိုပါ႔မယ္"
မ်က္လုံးထဲကို စိုက္ၾကည့္ၿပီး အၾကည့္ခ်င္း ဆုံသြားသည့္ တစ္ခဏမွာေတာ့
"ကိုယ္ မင္းကို တန္ဖိုးထားၿပီး ျမတ္ႏိုးစြာ ခ်စ္ရပါတယ္"
ထိုတစ္ခဏမွာေတာ့ ပါးျပင္ေပၚကို မ်က္ရည္စေတြ စီးက်လာၿပီး ထိုလူ့ ရင္ခြင္ အက်ယ္ႀကီးဆီသို႔ ဝင္ေရာက္ ခိုလႈံ႕မိပါသည္။
ေက်ာျပင္ေလးကို ပြတ္သပ္ေပးကာ ခါးကေန တင္းၾကပ္ေနေအာင္ ေပြ႕ဖက္ေပးလာပါသည္။
"ကြၽန္ေတာ္ ဆရာ့ကို သိပ္ခ်စ္တာပါ"
"အင္း ကိုယ္ သိတာမို႔ မငိုနဲ႔ေတာ့ေနာ္... မင္း မ်က္ဝန္းထဲက မိုးစက္ေလးေတြ မက်ေစခ်င္ေတာ့ဘူး။ ကိုယ့္ကို စိတ္မေကာင္းျဖစ္ရေအာင္ မငိုနဲ႔ေတာ့ေနာ္... ဟုတ္ရဲ႕လား"
သို႔ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဆရာ့ ရင္ခြင္ အက်ယ္ႀကီးဆီ တိုးကပ္ကာ ဖက္တြယ္ထားမိသည္။
ဆရာ့ ရင္ခုန္သံေလးေတြ နားေထာင္ၿပီး အသက္႐ွဴမိသည္။ ဆရာ့ ရယ္သံေလးေတြဟာ ကမၻာေပၚမွာ အသာယာဆုံးေသာ အသံကေလးေတြ ျဖစ္လာခဲ့သည္။
ထို႔ေနာက္ ထိုလူရဲ႕ ေႏြးေထြးလွသည့္ အထိအေတြ႕ေတြ... ကြၽန္ေတာ္ အမ်ားႀကီး သိပ္ကို လြမ္းေနခဲ့ရတာပါ။
.
.
ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္
ဒီအတြဲအတြက္ မိသားစုဘဝေလးအထိ ေခၚသြားဦးမွာပါ။ ေနာက္တစ္ပိုင္းေတာ့ စာဖတ္သူတို႔ရဲ႕ ကိုရိန္းေလး လာပါၿပီရယ္
မနက္ျဖန္ update မရွိဘူးမို႔ သန္ဘက္ခါေတာ့ ရမလား မသိပါဘူး။ ရႊန္းက ပိတ္ရက္ေရာက္ရင္ အျပင္သြားေနရတာ မ်ားလို႔ပါ။
VictoryKimTae
December 8, 2023