ရွှီဆွေက အနာကပ်ပလာစတာကို လှမ်းပေးလိုက်လျှင် ကျိုးကျင်းဇယ်က ယူပြီးအိတ်ကပ်ထဲထည့်ထားလိုက်သည်။
"ညစာစားပြီးပြီလား"
"မစားရသေးဘူး"
ရွှီဆွေ၏ဦးနှောက် တစ်ချက်ထဖောက်သွားပုံရကာ စကားတစ်ခွန်းကို အလိုလိုဖြေမိလိုက်သည်။
ကျိုးကျင်းဇယ် ခေါင်းတစ်ချက်ငြိမ့်ပြရင်း ခပ်သြသြအသံဖြင့်
"ဒါဆို ငါနဲ့အတူစားရအောင်"
"အာ..အင်း"
ရွှီဆွေက ပြန်တုံ့ပြန်လိုက်သလို စိတ်ထဲ၌လည်း ဟူချန်ရှီးအား တောင်းပန်ထားလိုက်တော့သည်။
ကျိုးကျင်းဇယ်က အိတ်ကပ်ထဲလက်ထည့်ပြီး အရှေ့မှလျှောက်ထွက်သွားနှင့်ရာ သူ့လက်သန်းတွင် ချိတ်ကိုင်ထားသည့် အဖြူရောင်ပလပ်စတစ်အိတ်ထဲမှ ဆေးဘူးအား ရွှီဆွေက မသိမသာဖြင့်လှမ်းမြင်လိုက်ရသည်။ ကျိုးကျင်းဇယ်က သုံးလေးလှမ်းမျှ လှမ်းပြီးသွားပါသည့်တိုင် အနောက်ဘက်မှလိုက်လာသည့်သူကို မတွေ့သောကြောင့် တဖန်ပြန်ရပ်သွားရင်း ပြန်လှည့်ကြည့်လာ၏။
ရွှီဆွေက ချက်ချင်းလိုက်သွားပြီး 'ဒဏ်ရာက ပြင်းသလား' ဟု မေးမြန်းချင်ပါသည့်တိုင် ယနေ့ည၏လေထုအခြေအနေက အတော်လေးမူမမှန်ဖြစ်နေပြီး သူမသည်လည်း မည်သည့်နေရာအနေအထားမျိုးက မေးမြန်းရမည်မှန်းမသိသောကြောင့် ရေငုံနှုတ်ပိတ်၍သာ နေလိုက်သည်။
နှစ်ယောက်သားက ဖက်ထုပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာကြသည်။ ဆိုင်က ပိတ်ခါနီးဖြစ်ပြီး ပိုင်ရှင်အမျိုးသမီးကြီး ဟင်းရည်အိုးကြီးရှေ့၌ ရပ်ပြီး သန်းဝေနေကာ တစ်ညလုံးထိထားသည့် ရေနွေးငွေ့များကြောင့်လည်း မျက်လုံးများရဲနေ၏။
"ရှောင်ကျိုး ရောက်လာပါလား"
အမျိုးသမီးကြီးက ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လာ၏။
"ဟုတ်ကဲ့..ဒီနေ့စီးပွားရေး ကောင်းတယ်မလား"
အမျိုးသမီးကြီးက မျက်လုံးကို လက်ဖြင့်တစ်ချက်ပွတ်လိုက်ရင်း
"ဒီနေ့ တော်တော်လေးကောင်းတယ်..ရာသီဥတုက အေးလာတော့ ပါဆယ် မှာစားတဲ့သူတွေများလာတယ်လေ..အဲ့ဒါနဲ့ပဲ အလုပ်များနေတယ်ဆိုပါတော့"
ကျိုးကျင်းဇယ်က အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားရင်း ပြုံး၍စကားဆိုလိုက်၏။
"ပင်ပန်းသွားရပါပြီ"
ကျိုးကျင်းဇယ်က မဝေးသောနေရာတစ်ခုအား လက်ညှိုးထိုးပြပြီး သူမအား သွားထိုင်ခိုင်းထားနှင့်၏။ ရွှီဆွေလည်း နေရာ၌ ဝင်ထိုင်လိုက်ပြီး တစ်သျှူးတစ်ရွက်ထုတ်ကာ စားပွဲခုံအား သန့်ရှင်းလိုက်ရင်း ပြန်လှမ်းကြည့်လိုက်သည်။
ကျိုးကျင်းဇယ်က ဆိုင်ပိုင်ရှင်အမျိုးသမီးကြီးနားတွင် ရပ်နေဆဲဖြစ်၍
"ဖက်ထုပ် နှစ်ပွဲ"
အမှာစာတင်ပြီးသည်နှင့် ရွှီဆွေ၏မျက်နှာချင်းဆိုင်နေရာ၌ ဝင်ထိုင်လိုက်ကာ အရိုးအဆစ်များထင်းရှင်းနေသည့်လက်တစ်စုံအား စားပွဲပေါ်သို့တင်လာပြီး ဘာတွေးနေမှန်းမသိ။ သူသည် အစကတည်းက စကားများများမပြောတတ်သည့်သူဖြစ်သလို ရွှီဆွေကလည်း စကားနည်းသည့်သူဖြစ်ရာ နှစ်ယောက်သားမှာ ကသိကအောက်နိုင်နေကြတော့သည်။
အမျိုးသမီးကြီးက အငွေ့တထောင်းထောင်းထနေသည့် ဖက်ထုပ် နှစ်ပန်းကန် နှင့်အတူ ပန်းကန်ပြားတစ်ပြားဖြင့် လက်ဖက်စိမ်ကြက်ဥ နှစ်လုံးကိုပါ စားပွဲပေါ်ချပေးလာ၏။
"ဆိုင်ပိတ်တော့မှာမလို့ မင်းတို့အတွက် လက်ဆောင်"
ကျိုးကျင်းဇယ်က ယဥ်ယဥ်ကျေးကျေးဖြင့်ပင် စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဖက်ထုပ်ပွဲကြီးတစ်ပွဲက ရွှီဆွေ၏အရှေ့သို့ရောက်လာသည်နှင့် ဘေးနားတွင်ချထားသည့်ဘူးတစ်ဘူးကိုလှမ်းယူကာ ရှာလကာရည်များအား ပိုက်ဆံမပေးရတိုင်း အလကားလောင်းထည့်သလို ထည့်လိုက်လေသည်။ ဤအချင်းအရာကို မြင်နေရသည့် ကျိုးကျင်းဇယ်မှာ မျက်ခုံးပင် မြှောက်သွားရင်း
"အချဥ်တွေ အဲ့လောက်တောင်စားနိုင်တာလား"
"အရသာကို ညှိနေတာ"
ရွှီဆွေကဆက်၍
"နင်လည်း စမ်းကြည့်ကြည့်လေ..ဒါပေမယ့် နင် စားကြည့်ချင်တယ်ဆိုရင်တော့ နည်းနည်းပဲအရင်ထည့်"
ဘယ်လိုပင်ဖြစ်စေ သူမဆိုသည့် ရွှီဆွေက ပုံမှန်လူများ စားနည်းအတိုင်း စားသည့်သူ မဟုတ်သဖြင့် ပုံမှန်လူများ၏အစာအိမ်က သူမ၏လမ်းစဥ်များကို လက်ခံနိုင်မည်မဟုတ်။ ကျိုးကျင်းဇယ်က သူမ အကြံပေးသည့်အတိုင်း ရှာလကာရည်နည်းနည်းထည့်လိုက်ရာ အရသာက အမှန်တကယ်လည်း ပို၍ကောင်းလာခဲ့သည်။
နှစ်ယောက်သားက မျက်နှာချင်းဆိုင် ထိုင်စားနေကြခြင်းဖြစ်ပြီး ကျိုးကျင်းဇယ် စိတ်မကြည်မှန်း ရွှီဆွေ မြင်တွေ့နေရသောကြောင့် အင်တာနက်ပေါ်တွင်ဖတ်ဖူးထားခဲ့သည့် ဟာသပြက်လုံးများကို ပြန်တွေးရန် ဦးနှောက်အား အလုပ်ပေးလိုက်သည်။
"နင့်ကို ဥာဏ်စမ်းမေးစရာရှိတယ်"
ရွှီဆွေက တလေးတနက်အသံဖြင့် သူ့အား မော့ကြည့်လိုက်၏။
"ရေကူးပြိုင်ပွဲမှာ ဖားတစ်ကောင်က ဘာဖြစ်လို့ ခွေးတစ်ကောင်ကို ရှုံးသွားခဲ့တာလဲ"
ကျိုးကျင်းဇယ် ; ?
"ဘာလို့လဲဆိုတော့ ဖားက ရေကို ဖားကူး,ကူးနေလို့လေ"
ကျိုးကျင်းဇယ်က နှုတ်ခမ်းကို ကွေးရုံသာကွေးလိုက်၏။ ရွှီဆွေက လက်မလျော့သေးဘဲ ထပ်၍မေးလိုက်ပြန်သည်။
"ရှောင်ဝမ်က သွားတိုက်နေရင်း ဘာလို့ လေချွန်နိုင်တာလဲ သိလား"
ကျိုးကျင်းဇယ် ; ?
ပါးချိုင့်လေးနှစ်ခု ရွှီဆွေ၏ပါးနှစ်ဖက်တွင် ထင်းခနဲပေါ်လာပြီး
"ဘာလို့လဲဆိုတော့ ရှောင်ဝမ် တိုက်နေတာ သွားအတုကြီးမလို့လေ"
-----
ကျိုးကျင်းဇယ်က ပိုက်ဆံရှင်းပြီးသည်နှင့် ဆိုင်အပြင်ဘက်သို့လျှောက်ထွက်လာခဲ့သည်။ မုန့်သရေစာများရောင်းသည့်လမ်းပေါ်တွင် လူရိပ်လူခြေများ ကင်းရှင်းနေခဲ့ပြီ။ သူက အိတ်ကပ်ထဲလက်ထည့်ထားရင်း အရှေ့မှလျှောက်သွားခဲ့ကာ ရွှီဆွေက ခေါင်းငုံ့ထားရင်း ရယ်စရာကောင်းပါလျက်ဖြင့်မရယ်သည့်သူကြောင့် ပြက်လုံးများက တစ်နေရာရာလွဲမလွဲ ဖြစ်နေသည့်အကြောင်း တွေးကြည့်နေဆဲဖြစ်သည်။
ရွှီဆွေက တစ်စုံတစ်ရာကိုတွေးမိသွားပြီးနောက် ကျိုးကျင်းဇယ်နောက် ပြေးလိုက်သွားကာ သူ့ပုခုံးကို လှမ်းပုတ်လိုက်၍
"ဒီလိုဆိုမှတော့ ငါလည်း ငါ့ရဲ့နောက်ဆုံးအကွက်ကို ထုတ်သုံးရတော့မှာပေါ့"
ကျိုးကျင်းဇယ်က လှည့်ကြည့်လာ၏။
"ဘာဖြစ်တယ်?"
ရွှီဆွေက ယနေ့တွင် ဆွယ်တာအင်္ကျီတစ်ထည်ဝတ်ထားပြီး ဦးထုပ်ကိုလည်း ဘယ်အချိန်ကတည်းက ဆောင်းမိထားမှန်းမသိ ၊ အင်္ကျီလက်အား လက်မောင်းထိရောက်အောင်ဆွဲတင်ပြီး လက်နှစ်ဖက်ဖြင့် ပြူးထားသည့်မျက်လုံးနှစ်ဖက်၏ အောက်မျက်ခွံအား ဆွဲချကာ သရဲမျက်နှာမျိုးဖြစ်အောင် လုပ်ပြနေလေသည်။
သို့သော် ကြည်လင်နေသည့်မျက်ဝန်းဝိုင်းလေးများနှင့် ဆွယ်တာအဖြူရောင်ထဲမြှုပ်နေသည့်သူက ခြောက်လန့်နေသည့်သဏ္ဍာန်မျိုး လုံးဝပေါက်မနေချေ။
ကြောင်ပေါက်ကလေးက ရန်လိုနေသည့်ကြားက ချစ်စရာကောင်းနေလေခြင်း။
ကျိုးကျင်းဇယ်က မျက်ခုံးကိုပင့်လိုက်၍
"မင်း ဘာလုပ်ပြနေတာလဲ"
"သရဲလိုလုပ်နေတာလေ..မတူဘူးလား"
ရွှီဆွေ၏မျက်လုံးများသည်ကား ဗလာကျင်းလျက်။
"ဘာသရဲ?"
"ပျော်ရွှင်နေတဲ့သရဲ"
ဤအဖြေကြောင့် ကျိုးကျင်းဇယ်က မနေနိုင်အောင်ကို ရယ်မိလိုက်တော့သည်။ သူ့ရင်ဘတ်မှာ လှုပ်ခတ်ပြီး အသက်ရှူနှုန်းများကိုပင် ထိန်းမရ။ သူက ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် အပြုံးစင်စစ်ကို ဖော်ပြလာခြင်းဖြစ်ကာ သံပတ်ပေးထားသည့်နှုတ်ခမ်းတွန့်ကွေးခြင်းသက်သက် မဟုတ်ခဲ့၏။
ရွှီဆွေက အင်္ကျီလက်များအား ပြန်ဆွဲချရင်း သူမကိုယ်သူမ စကားပြန်ဆိုမိလိုက်တော့၏။
"နင် နောက်ဆုံးတော့ရယ်ပြီ"
သူ နောက်ဆုံးတော့ ပျော်သွားခဲ့ပြီ။
ရွှီဆွေနှင့်ကျိုးကျင်းဇယ်က နှုတ်ဆက်စကားဆိုပြီးသည်နှင့် ကျောင်းထဲသို့ အမြန်ပြန်လာခဲ့ကြ၏။ အဆောင်ပြန်ရောက်ပြီး တံခါးဖွင့်လျှင်ဖွင့်ချင်းပင် 1017 က သူမ၏ခြေထောက်နားသို့ ပြေးလာခဲ့သည်။ ရွှီဆွေက လိမ္မော်ရောင်ကြောင်လေးနှင့် ကစားနေချိန်မရှိတော့ဘဲ အိပ်ရာပေါ်လှဲအိပ်နေသည့် ဟူချန်ရှီးအား တောင်းပန်စကားဆိုလိုက်သည်။
"အားနာပါတယ် ရှီးရှီး..ကိစ္စတစ်ခုရှိလို့ နောက်ကျသွားတယ်"
"ဘာမှမဖြစ်ဘူး..ကျေးဇူးပဲနော်"
ရွှီဆွေက ရေချိုးပြီးနောက် အိပ်ရာထဲဝင်ကာ လက်ကိုင်ဖုန်းအား ဖွင့်ကြည့်လိုက်လျှင် မက်ဆေ့တစ်စောင်ရောက်နေကြောင်းတွေ့ရသည်။
zjz ; [ ဒီနေ့ညအတွက် ကျေးဇူး ]
ရွှီဆွေက စာရိုက်သည့်အကွက်ထဲ၌ 'အားမနာပါနဲ့' ဟု စာရိုက်လိုက်သော်ငြား တစ်ဖက်လူ၏ကိစ္စထဲ အရမ်းဝင်ပါသလိုဖြစ်နေမည်စိုးသောကြောင့် စာကို ပြန်ဖျက်ပြီး အသစ်ပြန်ရိုက်လိုက်သည်။
[ ရပါတယ်..ပြန်ရောက်ပြီလား ]
နှစ်မိနစ်ခန့်ကြာပြီးသည့်အခါ လက်ထဲတွင်ကိုင်ထားသည့်ဖုန်းက တဖန် မီးလင်းလာခဲ့သည်။
zjz ; [ ရောက်ပြီ..အခုပဲ ရေချိုးပြီးတာ ]
ရွှီဆွေက နှုတ်ခမ်းပါးကို ကွေး၍ ပြုံးလိုက်မိ၏။
[ ဒါဆို ကောင်းသောညပါ ]
ရွှီဆွေက တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့၏။ သူမ၏ စိတ်အခြေအနေနှင့်ယှဥ်လျှင် ဟူချန်ရှီးမှာ လက်တလောတွင် စိတ်ကြည်ပုံမရ ၊ ရှန့်နန်းကျိုးက အကြိမ်ကြိမ်ဆက်သွယ်လာသော်လည်း အရေးမလုပ် ၊ လျစ်လျူရှုပြီးနေနေခဲ့၏။
သရေစာမုန့်များကို တစ်စုံတစ်ယောက်နှင့်လမ်းကြုံပို့ပေးလာပြန်လျှင်လည်း ဟူချန်ရှီးက အားလုံးပြန်ပို့ပစ်သည်သာ။
ရွှီဆွေနှင့်ဟူချန်ရှီးတို့ ကျောင်းပြင်ပထွက်ပြီး နို့လက်ဖက်ရည်ဝယ်သည့်အချိန်တုန်းက ရှန့်နန်းကျိုးကို ခွင့်လွှတ်ပြီးသားဟုတ်မဟုတ် စကားမစပ်မေးကြည့်ခဲ့ဖူးသေးသည်။ ထိုအချိန်တုန်းက မမလေးဟူ ပြန်ဖြေခဲ့သည်မှာ ; 'သေအောင်ရိုက်ရမယ်ဆိုရင်တောင် ခွင့်မလွှတ်ဘူး ၊ ဒီတစ်ခေါက်က သူ လွန်တာ'
ရှန့်နန်းကျိုးက မကြာခဏဆိုသလို ဟူချန်ရှီးအား စနောက်တတ်ပါသည့်တိုင် ဤတစ်ကြိမ်တွင် သူ့ဘက်မှ လွန်သွားမှန်း သဘောပေါက်သည်ပင်။ သို့သော် ဟူချန်ရှီးက သူ့ဖုန်းကိုလည်း ပြန်မဖြေ ၊ လူလည်းမတွေ့မခံသည့်အတွက် နောက်ဆုံးတွင် ကျိုးကျင်းဇယ်ကိုသာ အကူအညီတောင်းရပြီဖြစ်ပြီး ညစာစားရန် အားလုံးကိုဖိတ်ခိုင်းလိုက်လေသည်။ ရွှီဆွေမှတဆင့် ဟူချန်ရှီးအား အပြင်ခေါ်ထုတ်လာစေပြီး လူချင်းတွေ့၍ တောင်းပန်မည်ဖြစ်သည်။
ကျိုးကျင်းဇယ်က လက်ခံလိုက်ကာ ရှန့်နန်းကျိုးကိုလည်း အခွင့်အရေးရတုန်း တစ်ချက်ပိတ်ကန်လိုက်သေးသည်။
"ငါ မင်းကိုပြောသားပဲ..သူ့ကို အရမ်းမစပါနဲ့လို့"
"ဟုတ်ပါပြီ သခင်ကြီးကျိုးရယ်...မဟုတ်...ဦးလေးငယ် ကျွန်တော်မှားသွားပါတယ်"
ရှန့်နန်းကျိုးက တောင်းပန်နေလေ၏။
ကျိုးကျင်းဇယ်က ထိုင်ခုံပေါ်ထိုင်ရင်း စားပွဲပေါ်မှလက်ကိုင်ဖုန်းကို လှမ်းယူပြီး ရွှီဆွေထံသို့ မက်ဆေ့ပို့ကာ လိမ်ပြောရမည့်စကားများကို တစ်ခါတည်းသင်ပေးလိုက်သည်။
ရွှီဆွေထံမှ ကျိုးကျင်းဇယ်က လေယာဥ်မောင်းပြိုင်ပွဲ၌ ပထမရသည့်အတွက် ဆုကြေးငွေဖြင့် အားလုံးကိုညစာစားရန် ဖိတ်ထားသည့်အကြောင်းအား ဟူချန်ရှီး ကြားရသည့်အခါ မယုံသင်္ကာဖြစ်နေရင်း
"အခုမှ ပထမနှစ်ပဲရှိသေးတာကို..ဘာလေယာဥ်ကိုမောင်းတာလဲ!"
"ဟယ်လီကော်ပတာမောင်းတာ..သူ....သူ့မှာ ကိုယ်ပိုင်ဟယ်လီကော်ပတာရှိတယ်လေ ဟုတ်တယ်မလား"
ရွှီဆွေမှာ စကားမှားမလိုပင် ဖြစ်သွားပြီး ခဲရာခဲဆစ်ဖြင့် အကြောင်းပြချက်တစ်ခုကို ရှာလိုက်ရသည်။
ဟူချန်ရှီးက လက်သည်းများညှိရင်း စကားဆိုလာ၏။
"ကောင်းပါပြီလေ..ရှန့်နန်းကျိုး မလာဘူးမလား"
ရွှီဆွေက ကျိုးကျင်းဇယ် သင်ပေးထားသည့်အတိုင်း ဟူချန်ရှီး ယုံသွားစေရန်အတွက် လိမ်ညာသည့်စကားကိုပြောသည့်အခါ မျက်လုံးချင်းဆုံထားပြီး ထိုမမလေးကို စေ့စေ့ကြည့်လျက် အားတင်း၍ဆိုလိုက်၏။
"မလာဘူး"
ဟူချန်ရှီးက ညစာစားဖို့ရာ သဘောတူလိုက်သည်။
ဗုဒ္ဓဟူးနေ့ ညတွင် ရွှီဆွေက ဟူချန်ရှီးအား ကျိုးကျင်းဇယ်ပြောပြထားသည့်နေရာဖြစ်သော မြို့ထဲရှိ ဥရောပအပြင်အဆင်ဟိုတယ်တစ်ခုဆီသို့ ခေါ်လာခဲ့သည်။ တံခါးဝမှဝင်လာသည်နှင့်တပြိုင်နက် အနီရောင်ဖဲပြားနက်ကတိုင်လ်ကိုချည်ထားသည့် စားပွဲထိုးတစ်ဦးက လာရောက်နှုတ်ဆက်ပြီး အရှေ့မှဦးဆောင်ကာ ဓါတ်လှေကားကို ကဒ်တစ်ခုဖြင့်ဖွင့်ပေးရင်း နှစ်ယောက်သားအား၂၃လွှာဆီသို့ လမ်းညွှန်ပေးလိုက်သည်။
ဓါတ်လှေကားတံခါးပွင့်သွားသည်နှင့် အနုစိတ်ပုံဖော်ထားသည့်ကော်ဇောကြီးက ခြေထောက်အောက်တွင် ၊ ခပ်နွေးနွေးအရောင်မျိုးဖြင့်လင်းနေသည့် ဖန်သားမီးအိမ်ကြီးက လေထဲတွင် တွဲလောင်းချအလှဆင်ထားကာ ရွှီဆွေနှင့်ဟူချန်ရှီးတို့က အရှေ့သို့ ဆက်လျှောက်လာကြသည်။ ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်လျှင် သွားသွားလာလာလုပ်နေကြသည့်သူများရှိပြီး ဝတ်စားဆင်ယင်ထားကြပုံက တောက်ပြောင်ပြီးကြည့်၍ကောင်းနေသည်။
ရုတ်တရက်ဆန်ဆန်ဖြင့် ကျိုးကျင်းဇယ်က အမှန်တကယ်ကို အထက်တန်းလွှာမိသားစုနောက်ခံအသိုင်းအဝိုင်းမှအထင်ကရလူဖြစ်ကြောင်း ခံစားမိလိုက်ကာ သူမနှင့် သူ့ကြားရှိ ကွာခြားမှုကြီးမှာလည်း တကယ်တည်ရှိသည်ပင်။
နှစ်ယောက်သားက သီးသန့်အခန်းနံပါတ် 2309 ဆီသို့ရောက်လာပြီး ဟူချန်ရှီးက တံခါးတွန်းဖွင့်ပြီး အရင်ဝင်သွားခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့် တွေ့လိုက်ရသည်မှာ စားပွဲအလယ်ရှိ သူမကြိုက်တတ်သော mousse ကိတ်တစ်လုံး အပြင် သူမ ဆွဲထိုးပစ်ချင်နေသည့် ရှန့်နန်းကျိုး။
ဟူချန်ရှီးက ချက်ချင်းသဘောပေါက်သွားပြီး ရွှီဆွေအား နပန်းသတ်တော့မည့်အမူအရာဖြင့် လှမ်းကြည့်လာ၏။
"ဟုတ်လှချည်လား ရွှီဆွေ..နင် ညာတောင်ညာတတ်နေပြီပေါ့"
"ငါ...."
ရွှီဆွေက ကျိုးကျင်းဇယ်၏အနောက်ဘက်သို့ အမြန်ပြေးပြီး ဝင်ပုန်းလိုက်တော့သည်။
ကျိုးကျင်းဇယ်၏မျက်ဝန်းများက တစ်ဖက်လူအား ထပ်မပြောရန်တားမြစ်လိုက်ပြီး ခပ်မာမာဖြင့်ပြန်ဖြေလိုက်သည်။
"ငါ သင်ပေးထားတာ"
ကျိုးကျင်းဇယ်က အိတ်ကပ်ထဲ လက်ထည့်ပြီး သူ့အနောက်တွင်ရပ်နေသည့် ရွှီဆွေအား လှည့်ကြည့်လာ၍
"အောက်မှာ စီးကရက်ဘူးသွားဝယ်မလို့ ငါနဲ့အဖော်လိုက်ခဲ့ပေး"
ကျိုးကျင်းဇယ်က ထိုနှစ်ယောက်အား သီးသန့်နေရာပေးချင်မှန်း ရွှီဆွေ သဘောပေါက်လိုက်သဖြင့် အောက်ထပ်သို့ လိုက်သွားလိုက်သည်။
အောက်ထပ်ရှိ စတိုးဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လေအေးပေးစက်အရှိန်က ဖြတ်ခနဲတိုးဝင်လာသည်။ ကျိုးကျင်းဇယ်က စီးကရက်တစ်ဘူးယူပြီး အရှေ့ကောင်တာ၌ ငွေရှင်းနေသည့်အချိန် ရွှီဆွေ၏အစာအိမ်က ထိန်းမရအောင် အသံမြည်လာတော့၏။
"39.8 ယွမ်"
လိမ္မော်ရောင်အင်္ကျီဝတ်ထားသည့် ဝန်ထမ်းက စကားဆိုလာ၏။
ကျိုးကျင်းဇယ်က ပိုက်ဆံရှင်းခါနီး၌ ခပ်ပါးပါးလေး နီရဲနေသည့်နားရွက်တစ်ဖက်အား လှမ်းမြင်လိုက်ပြီး အသံထွက်အောင်တစ်ချက်ရယ်လိုက်မိသည်။
"သူ့အတွက် အသင့်စားတစ်ဘူး လုပ်ပေးပါ"
ရွှီဆွေက ဘေးနားတွင်ရပ်နေရင်း မလိုအပ်သည့်အကြောင်း လက်ခါပြမည်အပြုတွင် ကျိုးကျင်းဇယ်က စီးကရက်ဘူးထဲမှ တစ်လိပ်ဆွဲထုတ်ရင်း လှည့်လာခဲ့သည်။ သူ့နှုတ်ခမ်းထက်တွင် စီးကရက်ကိုကိုက်ကာ မီးညှိလိုက်ရင်း တစ်ချိန်တည်းဆိုသလိုလည်း သူမ၏ဘေးမှ ဖြတ်လျှောက်သွားပြီး နားရွက်ဖျားနားသို့ကပ်ကာ ခပ်တိုးတိုးစကားဆိုသွား၏။
"စားချင်တာကို ကိုယ့်ဘာသာကိုယ်မှာစားလိုက်..ကလေးပေါက်စ"
ကျိုးကျင်းဇယ်က အပြင်ဘက်တွင် စီးကရက်သောက်နေပြီး ရွှီဆွေက စတိုးဆိုင်ထဲရှိ ထိုင်ခုံတန်း၌ထိုင်ကာ အသင့်စားဘူးကို စားနေလိုက်သည်။ သူမက အသားလုံးနှစ်ချောင်း ၊ ပင်လယ်စာတစ်ချောင်း ၊ ဝက်ပေါင်ခြောက်တစ်ချောင်းအပြင် သရေစာထုပ်လေးများပါ မှာပြီး တစ်ထိုင်တည်း အကုန်စားပစ်လိုက်သည်။
စားနေသည့်အချိန်တွင်လည်း မှန်ပြတင်းပေါက်ကြီးမှတဆင့် မနီးမဝေးတွင်ရပ်ပြီး စီးကရက်သောက်နေသည့်သူအား ခိုးကြည့်ဖြစ်ခဲ့သေးသည်။
ရွှီဆွေ စားပြီးသည့်အချိန်တွင်တော့ ကျိုးကျင်းဇယ်က သူမအား အပြင်ထွက်လာရန် လက်ဖြင့်အမူအရာလုပ်ပြလာ၏။ ရွှီဆွေ သူ့အရှေ့သို့ရောက်သွားသည်နှင့် သူ စီးကရက်မီးကို နင်းချေနေသည်မှာ အချိန်ကိုက်ပင်ဖြစ်သွားပြီး ကျိုးကျင်းဇယ်က အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
"တော်တော်လည်းကြာနေပြီဆိုတော့ တက်သွားရအောင်"
နှစ်ယောက်သားက ဓါတ်လှေကားထဲဝင်ကာ အပေါ်သို့ပြန်တက်လာကြသည်။ တိုက်တိုက်ဆိုင်ဆိုင် ဓါတ်လှေကားထဲတွင် သူတို့နှစ်ဦးတည်းသာရှိနေပြီး ရွှီဆွေက အရှေ့နည်းနည်းတိုး၍မတ်တပ်ရပ်ကာ ကျိုးကျင်းဇယ်က အနောက်ဘက်နံရံအား ခေါင်းဖြင့် မှီရပ်နေ၏။ အထက်မှအောက်သို့ရွေ့နေသည့်လည်စလုတ်က လူကို မြှူဆွယ်နေသည့်အတိုင်းပင်။
ရွှီဆွေက မေး၏။
"သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားလောက်ပြီလို့ ထင်လား"
ဓါတ်လှေကားက 11 လွှာသို့ရောက်ပြီဖြစ်ကြောင်း ဖော်ပြနေကာ ကျိုးကျင်းဇယ် ပြန်ဖြေခါနီးတွင် 'ဘန်း' ဆိုသည့်မြည်သံကျယ်ကြီးတစ်ချက်နှင့်အတူ ဓါတ်လှေကားက အကြမ်းပတမ်းလှုပ်ခါသွားခဲ့သည်။
ရုတ်ချည်းပင် ဓါတ်လှေကားမီးများ ပြတ်တောက်သွားခဲ့ကာ အတွင်းဘက်ရှိ အမှောင်ထုမှာအဆုံးဟူ၍မရှိသည့်အလား။ မှောင်မိုက်မှုကြီးက လူတစ်ယောက်၏ကြောက်စိတ်နှင့် ထူးဆန်းသွားသည့်ခံစားချက်တို့ကို တစ်စစနှင့်နှိုးဆွလာလေတော့သည်။
ကံမကောင်းစွာဖြင့် နှစ်ပေါင်းသန်းချီမှတစ်ခါ ကြုံတွေ့ရတတ်သည့်ဓါတ်လှေကားပျက်ခြင်းနှင့် ကြုံလိုက်ရခြင်းပေ။ ရွှီဆွေက အနည်းငယ်လောပြာလာပြီး အနောက်ဘက်သို့ အလိုလိုလှည့်ကြည့်လိုက်သည့်တိုင် ကျိုးကျင်းဇယ်ရှိနေမည့်နေရာအား မမြင်ရချေ။
"ကျိုးကျင်းဇယ်?"
ရွှီဆွေက နှစ်ကြိမ်တိတိခေါ်ကြည့်လိုက်သော်လည်း ပြန်ထူးသည့်အသံကိုမကြားရသေး ၊ လောပြာနေသည့်စိတ်ကို အမြန်ထိန်းလိုက်ကာ သတိပေးခလုတ်အား စမ်းတဝါးဝါးဖြင့် လှမ်းနှိပ်လိုက်သည်။ လျှပ်စစ်သတိပေးဘဲလ်ထံမှ တုံ့ပြန်သံကိုကြားလိုက်သည်နှင့် ရွှီဆွေ စကားဆိုလိုက်တော့ရာ ထိုအခါတွင်မှ သူမ၏စကားသံများက တုန်ယင်နေကြောင်း သတိထားမိပါတော့သည်။
"ကျေးဇူးပြု၍ ဒီနေရာက ဓါတ်လှေကားရပ်သွားလို့ တစ်ယောက်ယောက်ကို တတ်နိုင်သမျှ မြန်မြန်လေးလွှတ်ပေးပါ"
"မင်္ဂလာပါ..နေရာအတိအကျကို ပြောပြပေးနိုင်မလား"
"အဆောက်အဦး F ရဲ့ 11 လွှာပါ"
ရွှီဆွေက အသံကိုငြိမ်အောင်ထိန်းထားရင်း တစ်စုံတစ်ရာကိုလည်း တွေးမိလိုက်သဖြင့်
"ကျေးဇူးပြု၍ မြန်မြန်လေးလာပေးပါ"
ဆက်သွယ်ပြီးသည်နှင့် ရွှီဆွေက အမှောင်ကြီးထဲ၌ ဓါတ်လှေကားအနောက်ဘက်နားသို့ လျှောက်လာ၏။ လက်ထဲတွင်ကိုင်ထားသည့်ဖုန်းမှာ ဖုန်းဘက်ထရီ သုံးတုံးတွင် တစ်တုံးသာ ကျန်တော့သည့်အကြောင်း အချက်ပြနေပြီး ရွှီဆွေက ဖုန်းမီးကိုဖွင့်လိုက်သည်။
တွေ့လိုက်ရသည်မှာ ကျိုးကျင်းဇယ်က ထောင့်တစ်နေရာတွင် ထိုင်နေပြီး မျက်လုံးများကို တင်းတင်းကြပ်ကြပ်ပိတ်ထားသောကြောင့် မျက်တောင်များက တဆတ်ဆတ်နှင့်တုန်ယင်နေကာ နဖူးထက်တွင်လည်း ချွေးများ နင့်နင့်သည်းသည်းကိုထွက်နေသည့်မြင်ကွင်း။
ရွှီဆွေ၏နှလုံးသားက တင်းကြပ်သွားခဲ့ပြီး သူ့အရှေ့၌ ထိုင်ချလိုက်ကာ သူ့ပုခုံးကို လှုပ်တွန်း၍
"ကျိုးကျင်းဇယ်"
ကျိုးကျင်းဇယ်က ခက်ခက်ခဲခဲဖြင့်ပင် မျက်လုံးဖွင့်လာပြီး သူမအား တစ်ချက်လှမ်းကြည့်ကာ နံရံဘက်သို့ ပြန်တိုးကပ်သွားခဲ့သည်။ သူ ခံစားမိနေရသည်မှာ သူကိုယ်တိုင်က ပင်လယ်ကြီးထဲ ကျိုးကျေနစ်မျောနေရသော ပင်လယ်ရေညှိလေးအလား အစွမ်းအစမဲ့ပြီး အကြောက်တရားသာ ကျန်နေခဲ့ခြင်း။
သူ တွေးလိုက်မိသည်မှာလည်း ပိန်းပိတ်အောင်မည်းမှောင်နေသည့်အလုံပိတ်အခန်းထဲတွင် အမှောင်ထဲ၌ ကျင်လည်နေသည့်ပင့်ကူများက လေးဘက်လေးလံတွားသွားနေကာ မွန်းကြပ်လာသည့်ခံစားချက်ကြီး ထိုးထွက်လာသည်နှင့် လည်တိုင်တစ်လျှောက်မှာ ရုန်းကန်နေရသည့်အလား တစ်လက်မစာလေထုကိုပင် မရှူသွင်းနိုင်တော့ချေ။ သူ လွတ်မြှောက်ဖို့ရာ ကြိုးစားပါသည့်တိုင် သဲထဲရေသွန်သာဖြစ်နေရတော့သည်။
ရွှီဆွေက ထိုင်နေခြင်းဖြစ်သောကြောင့် ရင်ဘတ်များ ပြင်းပြင်းထန်ထန်နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အသက်ရှူကြပ်နေသည့် ကျိုးကျင်းဇယ်၏အခြေအနေကို မြင်နေရသည်။ အထက်တန်းကျောင်းအရွယ် ကျိုးကျင်းဇယ်နှင့်တစ်တန်းတည်းတက်ခဲ့ရသည့်အချိန်တုန်းက သူမသည် ကျိုးကျင်းဇယ်ထံ၌ ပိတ်လှောင်သည့်နေရာမျိုးကိုကြောက်သောရောဂါ ရှိကြောင်း တစ်ခါကြားခဲ့ဖူးကာ ထိုအချိန်တုန်းက ယုံတမ်းစကားဟုသာထင်ခဲ့မိဖူးသည်။
ကျိုးကျင်းဇယ် ခံစားရခက်နေသည်ကို မြင်လိုက်ရသည့်အခါ တစ်စစနှင့်နာကျင်လာရသည့်ခံစားချက်က နှလုံးသားအတွင်းထဲထိပါ ထိုးနှက်လာပြီး ရွှီဆွေသည်လည်း ဖြစ်ညှစ်ဆုတ်ကိုင်ခံထားရသလို နေမထိထိုင်မသာဖြစ်လာခဲ့သည်။ ဟိုးအရင်ကတည်းကရှိခဲ့သည့် သဘောကျလေးစားခြင်းများကြောင့်တင် မဟုတ်ပါဘဲ သူ၏ လက်ရှိနာကျင်မှုများကို သက်သာသွားစေရန်အတွက် သူမ အမှန်တကယ်ကို တစ်ခုခုလုပ်ပေးလိုက်ချင်မိသည်။
အကယ်၍ သူမသာ တတ်စွမ်းနိုင်လျှင် သူ့နေရာ၌ဝင်ပြီး ဤနာကျင်မှုအားလုံးကို အစားခံယူပေးလိုက်ချင်မိပါသည်။
ရွှီဆွေက ချိတုံချတုံဖြင့် သူ့လက်ကောက်ဝတ်အား အသာအယာလေးဆုတ်ကိုင်လိုက်သည်။
"မကြောက်ပါနဲ့"
ကျိုးကျင်းဇယ်က မျက်လုံးကို တင်းနေအောင်စေ့ပိတ်ထားကာ ခံစားမိနေရသည်မှာ အဆုံးမဲ့သောအမှောင်ထုထဲသို့ ပြုတ်ကျသွားခဲ့သည့်ခံစားချက် ၊ ပင်လယ်သမုဒ္ဒရာကြီးထဲသို့ တဖြည်းဖြည်းမြှုပ်နေသည့် ကွန်တိန်နာတစ်ပုံးက လေးဘက်လေးလံလုံးအပိတ် ၊ ပင်လယ်ရေများက သူ့လည်ချောင်း ပါးစပ် နှင့် နှာခေါင်းထဲတိုးဝင်လာပြီး နစ်မြှုပ်သွားရသည့်ခံစားချက်ပင်။
အမှောင်ထုကြီးထဲတွင် တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကို ကိုင်ဆွဲလာခဲ့သည်။ ဖြည်းဖြည်းချင်းရောက်လာခဲ့သည့် အနွေးဓါတ်လေးက ငှက်မွှေးလေးလို နေရောင်ခြည်လေးလို ၊ နူးညံ့လှသည့်အသံစလေးတစ်ခုကိုလည်း ထပ်ခါထပ်ခါ သူ ကြားနေခဲ့ရသည်။
"မကြောက်ပါနဲ့"
ကျိုးကျင်းဇယ် သူ့မျက်လုံးများအား ကြိုးစားပမ်းစားဖြင့် ဖွင့်ကြည့်လိုက်လျှင် နူးညံ့သည့်မျက်နှာလေးတစ်ခုက သူ့အကြည့်များတည့်တည့် ၊ ကြည်လင်ပြီးမည်းနက်နေသည့်မျက်ဝန်းအိမ်ထဲ သူ့မျက်နှာ ရောင်ပြန်ထင်ဟပ်နေပုံမှာ မှောင်မိုက်နေသည့်ညနက်ကြီးထဲမှ ရေမျောလာသည့်သစ်သားပြားတစ်ခုကို သူ ဖမ်းဆုတ်မိသွားသည့်အတိုင်းပင်။
သူ့အားဆုတ်ကိုင်ထားသည့်လက်တစ်ဖက်နောက်သို့ သူ လိုက်သွားခဲ့ပြီး ဖြေးဖြေးချင်းဖြင့်အောက်သို့ရွှေ့သွားရင်း သူ့လက်ဖဝါးကျယ်များဖြင့် ပြန်လည်ထွေးဆုတ်လိုက်သည်မှာ သွေးကြောများက အချင်းချင်းပိုးချည်မျှင်လေးကဲ့သို့ဆက်နွယ်လိုက်သည့်အလား အချိန်တစ်ခုစာအတွင်း လက်ဖဝါးနှစ်ခုဟာ တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြလျက်...
***************
~~Zawgyi~~
႐ႊီေဆြက အနာကပ္ပလာစတာကို လွမ္းေပးလိုက္လွ်င္ က်ိဳးက်င္းဇယ္က ယူၿပီးအိတ္ကပ္ထဲထည့္ထားလိုက္သည္။
"ညစာစားၿပီးၿပီလား"
"မစားရေသးဘူး"
႐ႊီေဆြ၏ဦးႏွောက္ တစ္ခ်က္ထေဖာက္သြားပုံရကာ စကားတစ္ခြန္းကို အလိုလိုေျဖမိလိုက္သည္။
က်ိဳးက်င္းဇယ္ ေခါင္းတစ္ခ်က္ၿငိမ့္ျပရင္း ခပ္ၾသၾသအသံျဖင့္
"ဒါဆို ငါနဲ႕အတူစားရေအာင္"
"အာ..အင္း"
႐ႊီေဆြက ျပန္တုံ႕ျပန္လိုက္သလို စိတ္ထဲ၌လည္း ဟူခ်န္ရွီးအား ေတာင္းပန္ထားလိုက္ေတာ့သည္။
က်ိဳးက်င္းဇယ္က အိတ္ကပ္ထဲလက္ထည့္ၿပီး အေရွ႕မွေလွ်ာက္ထြက္သြားႏွင့္ရာ သူ႕လက္သန္းတြင္ ခ်ိတ္ကိုင္ထားသည့္ အျဖဴေရာင္ပလပ္စတစ္အိတ္ထဲမွ ေဆးဘူးအား ႐ႊီေဆြက မသိမသာျဖင့္လွမ္းျမင္လိုက္ရသည္။ က်ိဳးက်င္းဇယ္က သုံးေလးလွမ္းမွ် လွမ္းၿပီးသြားပါသည့္တိုင္ အေနာက္ဘက္မွလိုက္လာသည့္သူကို မေတြ႕ေသာေၾကာင့္ တဖန္ျပန္ရပ္သြားရင္း ျပန္လွည့္ၾကည့္လာ၏။
႐ႊီေဆြက ခ်က္ခ်င္းလိုက္သြားၿပီး 'ဒဏ္ရာက ျပင္းသလား' ဟု ေမးျမန္းခ်င္ပါသည့္တိုင္ ယေန႕ည၏ေလထုအေျခအေနက အေတာ္ေလးမူမမွန္ျဖစ္ေနၿပီး သူမသည္လည္း မည္သည့္ေနရာအေနအထားမ်ိဳးက ေမးျမန္းရမည္မွန္းမသိေသာေၾကာင့္ ေရငုံႏႈတ္ပိတ္၍သာ ေနလိုက္သည္။
ႏွစ္ေယာက္သားက ဖက္ထုပ္ဆိုင္တစ္ဆိုင္သို႔ ေရာက္လာၾကသည္။ ဆိုင္က ပိတ္ခါနီးျဖစ္ၿပီး ပိုင္ရွင္အမ်ိဳးသမီးႀကီး ဟင္းရည္အိုးႀကီးေရွ႕၌ ရပ္ၿပီး သန္းေဝေနကာ တစ္ညလုံးထိထားသည့္ ေရႏြေးေငြ႕မ်ားေၾကာင့္လည္း မ်က္လုံးမ်ားရဲေန၏။
"ေရွာင္က်ိဳး ေရာက္လာပါလား"
အမ်ိဳးသမီးႀကီးက ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏႈတ္ဆက္လာ၏။
"ဟုတ္ကဲ့..ဒီေန႕စီးပြားေရး ေကာင္းတယ္မလား"
အမ်ိဳးသမီးႀကီးက မ်က္လုံးကို လက္ျဖင့္တစ္ခ်က္ပြတ္လိုက္ရင္း
"ဒီေန႕ ေတာ္ေတာ္ေလးေကာင္းတယ္..ရာသီဥတုက ေအးလာေတာ့ ပါဆယ္ မွာစားတဲ့သူေတြမ်ားလာတယ္ေလ..အဲ့ဒါနဲ႕ပဲ အလုပ္မ်ားေနတယ္ဆိုပါေတာ့"
က်ိဳးက်င္းဇယ္က အိတ္ကပ္ထဲ လက္တစ္ဖက္ထည့္ထားရင္း ၿပဳံး၍စကားဆိုလိုက္၏။
"ပင္ပန္းသြားရပါၿပီ"
က်ိဳးက်င္းဇယ္က မေဝးေသာေနရာတစ္ခုအား လက္ညွိုးထိုးျပၿပီး သူမအား သြားထိုင္ခိုင္းထားႏွင့္၏။ ႐ႊီေဆြလည္း ေနရာ၌ ဝင္ထိုင္လိုက္ၿပီး တစ္သ်ႉးတစ္႐ြက္ထုတ္ကာ စားပြဲခုံအား သန့္ရွင္းလိုက္ရင္း ျပန္လွမ္းၾကည့္လိုက္သည္။
က်ိဳးက်င္းဇယ္က ဆိုင္ပိုင္ရွင္အမ်ိဳးသမီးႀကီးနားတြင္ ရပ္ေနဆဲျဖစ္၍
"ဖက္ထုပ္ ႏွစ္ပြဲ"
အမွာစာတင္ၿပီးသည္ႏွင့္ ႐ႊီေဆြ၏မ်က္ႏွာခ်င္းဆိုင္ေနရာ၌ ဝင္ထိုင္လိုက္ကာ အရိုးအဆစ္မ်ားထင္းရွင္းေနသည့္လက္တစ္စုံအား စားပြဲေပၚသို႔တင္လာၿပီး ဘာေတြးေနမွန္းမသိ။ သူသည္ အစကတည္းက စကားမ်ားမ်ားမေျပာတတ္သည့္သူျဖစ္သလို ႐ႊီေဆြကလည္း စကားနည္းသည့္သူျဖစ္ရာ ႏွစ္ေယာက္သားမွာ ကသိကေအာက္နိုင္ေနၾကေတာ့သည္။
အမ်ိဳးသမီးႀကီးက အေငြ႕တေထာင္းေထာင္းထေနသည့္ ဖက္ထုပ္ ႏွစ္ပန္းကန္ ႏွင့္အတူ ပန္းကန္ျပားတစ္ျပားျဖင့္ လက္ဖက္စိမ္ၾကက္ဥ ႏွစ္လုံးကိုပါ စားပြဲေပၚခ်ေပးလာ၏။
"ဆိုင္ပိတ္ေတာ့မွာမလို႔ မင္းတို႔အတြက္ လက္ေဆာင္"
က်ိဳးက်င္းဇယ္က ယဥ္ယဥ္ေက်းေက်းျဖင့္ပင္ စကားဆိုလိုက္သည္။
"ေက်းဇူးတင္ပါတယ္"
ဖက္ထုပ္ပြဲႀကီးတစ္ပြဲက ႐ႊီေဆြ၏အေရွ႕သို႔ေရာက္လာသည္ႏွင့္ ေဘးနားတြင္ခ်ထားသည့္ဘူးတစ္ဘူးကိုလွမ္းယူကာ ရွာလကာရည္မ်ားအား ပိုက္ဆံမေပးရတိုင္း အလကားေလာင္းထည့္သလို ထည့္လိုက္ေလသည္။ ဤအခ်င္းအရာကို ျမင္ေနရသည့္ က်ိဳးက်င္းဇယ္မွာ မ်က္ခုံးပင္ ျမႇောက္သြားရင္း
"အခ်ဥ္ေတြ အဲ့ေလာက္ေတာင္စားနိုင္တာလား"
"အရသာကို ညွိေနတာ"
႐ႊီေဆြကဆက္၍
"နင္လည္း စမ္းၾကည့္ၾကည့္ေလ..ဒါေပမယ့္ နင္ စားၾကည့္ခ်င္တယ္ဆိုရင္ေတာ့ နည္းနည္းပဲအရင္ထည့္"
ဘယ္လိုပင္ျဖစ္ေစ သူမဆိုသည့္ ႐ႊီေဆြက ပုံမွန္လူမ်ား စားနည္းအတိုင္း စားသည့္သူ မဟုတ္သျဖင့္ ပုံမွန္လူမ်ား၏အစာအိမ္က သူမ၏လမ္းစဥ္မ်ားကို လက္ခံနိုင္မည္မဟုတ္။ က်ိဳးက်င္းဇယ္က သူမ အႀကံေပးသည့္အတိုင္း ရွာလကာရည္နည္းနည္းထည့္လိုက္ရာ အရသာက အမွန္တကယ္လည္း ပို၍ေကာင္းလာခဲ့သည္။
ႏွစ္ေယာက္သားက မ်က္ႏွာခ်င္းဆိုင္ ထိုင္စားေနၾကျခင္းျဖစ္ၿပီး က်ိဳးက်င္းဇယ္ စိတ္မၾကည္မွန္း ႐ႊီေဆြ ျမင္ေတြ႕ေနရေသာေၾကာင့္ အင္တာနက္ေပၚတြင္ဖတ္ဖူးထားခဲ့သည့္ ဟာသျပက္လုံးမ်ားကို ျပန္ေတြးရန္ ဦးႏွောက္အား အလုပ္ေပးလိုက္သည္။
"နင့္ကို ဥာဏ္စမ္းေမးစရာရွိတယ္"
႐ႊီေဆြက တေလးတနက္အသံျဖင့္ သူ႕အား ေမာ့ၾကည့္လိုက္၏။
"ေရကူးၿပိဳင္ပြဲမွာ ဖားတစ္ေကာင္က ဘာျဖစ္လို႔ ေခြးတစ္ေကာင္ကို ရႈံးသြားခဲ့တာလဲ"
က်ိဳးက်င္းဇယ္ ; ?
"ဘာလို႔လဲဆိုေတာ့ ဖားက ေရကို ဖားကူး,ကူးေနလို႔ေလ"
က်ိဳးက်င္းဇယ္က ႏႈတ္ခမ္းကို ေကြး႐ုံသာေကြးလိုက္၏။ ႐ႊီေဆြက လက္မေလ်ာ့ေသးဘဲ ထပ္၍ေမးလိုက္ျပန္သည္။
"ေရွာင္ဝမ္က သြားတိုက္ေနရင္း ဘာလို႔ ေလခြၽန္နိုင္တာလဲ သိလား"
က်ိဳးက်င္းဇယ္ ; ?
ပါးခ်ိဳင့္ေလးႏွစ္ခု ႐ႊီေဆြ၏ပါးႏွစ္ဖက္တြင္ ထင္းခနဲေပၚလာၿပီး
"ဘာလို႔လဲဆိုေတာ့ ေရွာင္ဝမ္ တိုက္ေနတာ သြားအတုႀကီးမလို႔ေလ"
-----
က်ိဳးက်င္းဇယ္က ပိုက္ဆံရွင္းၿပီးသည္ႏွင့္ ဆိုင္အျပင္ဘက္သို႔ေလွ်ာက္ထြက္လာခဲ့သည္။ မုန့္သေရစာမ်ားေရာင္းသည့္လမ္းေပၚတြင္ လူရိပ္လူေျခမ်ား ကင္းရွင္းေနခဲ့ၿပီ။ သူက အိတ္ကပ္ထဲလက္ထည့္ထားရင္း အေရွ႕မွေလွ်ာက္သြားခဲ့ကာ ႐ႊီေဆြက ေခါင္းငုံ႕ထားရင္း ရယ္စရာေကာင္းပါလ်က္ျဖင့္မရယ္သည့္သူေၾကာင့္ ျပက္လုံးမ်ားက တစ္ေနရာရာလြဲမလြဲ ျဖစ္ေနသည့္အေၾကာင္း ေတြးၾကည့္ေနဆဲျဖစ္သည္။
႐ႊီေဆြက တစ္စုံတစ္ရာကိုေတြးမိသြားၿပီးေနာက္ က်ိဳးက်င္းဇယ္ေနာက္ ေျပးလိုက္သြားကာ သူ႕ပုခုံးကို လွမ္းပုတ္လိုက္၍
"ဒီလိုဆိုမွေတာ့ ငါလည္း ငါ့ရဲ႕ေနာက္ဆုံးအကြက္ကို ထုတ္သုံးရေတာ့မွာေပါ့"
က်ိဳးက်င္းဇယ္က လွည့္ၾကည့္လာ၏။
"ဘာျဖစ္တယ္?"
႐ႊီေဆြက ယေန႕တြင္ ဆြယ္တာအကၤ်ီတစ္ထည္ဝတ္ထားၿပီး ဦးထုပ္ကိုလည္း ဘယ္အခ်ိန္ကတည္းက ေဆာင္းမိထားမွန္းမသိ ၊ အကၤ်ီလက္အား လက္ေမာင္းထိေရာက္ေအာင္ဆြဲတင္ၿပီး လက္ႏွစ္ဖက္ျဖင့္ ျပဴးထားသည့္မ်က္လုံးႏွစ္ဖက္၏ ေအာက္မ်က္ခြံအား ဆြဲခ်ကာ သရဲမ်က္ႏွာမ်ိဳးျဖစ္ေအာင္ လုပ္ျပေနေလသည္။
သို႔ေသာ္ ၾကည္လင္ေနသည့္မ်က္ဝန္းဝိုင္းေလးမ်ားႏွင့္ ဆြယ္တာအျဖဴေရာင္ထဲျမႇုပ္ေနသည့္သူက ေျခာက္လန့္ေနသည့္သ႑ာန္မ်ိဳး လုံးဝေပါက္မေနေခ်။
ေၾကာင္ေပါက္ကေလးက ရန္လိုေနသည့္ၾကားက ခ်စ္စရာေကာင္းေနေလျခင္း။
က်ိဳးက်င္းဇယ္က မ်က္ခုံးကိုပင့္လိုက္၍
"မင္း ဘာလုပ္ျပေနတာလဲ"
"သရဲလိုလုပ္ေနတာေလ..မတူဘူးလား"
႐ႊီေဆြ၏မ်က္လုံးမ်ားသည္ကား ဗလာက်င္းလ်က္။
"ဘာသရဲ?"
"ေပ်ာ္႐ႊင္ေနတဲ့သရဲ"
ဤအေျဖေၾကာင့္ က်ိဳးက်င္းဇယ္က မေနနိုင္ေအာင္ကို ရယ္မိလိုက္ေတာ့သည္။ သူ႕ရင္ဘတ္မွာ လႈပ္ခတ္ၿပီး အသက္ရႉႏႈန္းမ်ားကိုပင္ ထိန္းမရ။ သူက ယေန႕တြင္ ပထမဆုံးအႀကိမ္အျဖစ္ အၿပဳံးစင္စစ္ကို ေဖာ္ျပလာျခင္းျဖစ္ကာ သံပတ္ေပးထားသည့္ႏႈတ္ခမ္းတြန့္ေကြးျခင္းသက္သက္ မဟုတ္ခဲ့၏။
႐ႊီေဆြက အကၤ်ီလက္မ်ားအား ျပန္ဆြဲခ်ရင္း သူမကိုယ္သူမ စကားျပန္ဆိုမိလိုက္ေတာ့၏။
"နင္ ေနာက္ဆုံးေတာ့ရယ္ၿပီ"
သူ ေနာက္ဆုံးေတာ့ ေပ်ာ္သြားခဲ့ၿပီ။
႐ႊီေဆြႏွင့္က်ိဳးက်င္းဇယ္က ႏႈတ္ဆက္စကားဆိုၿပီးသည္ႏွင့္ ေက်ာင္းထဲသို႔ အျမန္ျပန္လာခဲ့ၾက၏။ အေဆာင္ျပန္ေရာက္ၿပီး တံခါးဖြင့္လွ်င္ဖြင့္ခ်င္းပင္ 1017 က သူမ၏ေျခေထာက္နားသို႔ ေျပးလာခဲ့သည္။ ႐ႊီေဆြက လိေမၼာ္ေရာင္ေၾကာင္ေလးႏွင့္ ကစားေနခ်ိန္မရွိေတာ့ဘဲ အိပ္ရာေပၚလွဲအိပ္ေနသည့္ ဟူခ်န္ရွီးအား ေတာင္းပန္စကားဆိုလိုက္သည္။
"အားနာပါတယ္ ရွီးရွီး..ကိစၥတစ္ခုရွိလို႔ ေနာက္က်သြားတယ္"
"ဘာမွမျဖစ္ဘူး..ေက်းဇူးပဲေနာ္"
႐ႊီေဆြက ေရခ်ိဳးၿပီးေနာက္ အိပ္ရာထဲဝင္ကာ လက္ကိုင္ဖုန္းအား ဖြင့္ၾကည့္လိုက္လွ်င္ မက္ေဆ့တစ္ေစာင္ေရာက္ေနေၾကာင္းေတြ႕ရသည္။
zjz ; [ ဒီေန႕ညအတြက္ ေက်းဇူး ]
႐ႊီေဆြက စာရိုက္သည့္အကြက္ထဲ၌ 'အားမနာပါနဲ႕' ဟု စာရိုက္လိုက္ေသာ္ျငား တစ္ဖက္လူ၏ကိစၥထဲ အရမ္းဝင္ပါသလိုျဖစ္ေနမည္စိုးေသာေၾကာင့္ စာကို ျပန္ဖ်က္ၿပီး အသစ္ျပန္ရိုက္လိုက္သည္။
[ ရပါတယ္..ျပန္ေရာက္ၿပီလား ]
ႏွစ္မိနစ္ခန့္ၾကာၿပီးသည့္အခါ လက္ထဲတြင္ကိုင္ထားသည့္ဖုန္းက တဖန္ မီးလင္းလာခဲ့သည္။
zjz ; [ ေရာက္ၿပီ..အခုပဲ ေရခ်ိဳးၿပီးတာ ]
႐ႊီေဆြက ႏႈတ္ခမ္းပါးကို ေကြး၍ ၿပဳံးလိုက္မိ၏။
[ ဒါဆို ေကာင္းေသာညပါ ]
႐ႊီေဆြက တစ္ညလုံး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခဲ့၏။ သူမ၏ စိတ္အေျခအေနႏွင့္ယွဥ္လွ်င္ ဟူခ်န္ရွီးမွာ လက္တေလာတြင္ စိတ္ၾကည္ပုံမရ ၊ ရွန့္နန္းက်ိဳးက အႀကိမ္ႀကိမ္ဆက္သြယ္လာေသာ္လည္း အေရးမလုပ္ ၊ လ်စ္လ်ဴရႈၿပီးေနေနခဲ့၏။
သေရစာမုန့္မ်ားကို တစ္စုံတစ္ေယာက္ႏွင့္လမ္းႀကဳံပို႔ေပးလာျပန္လွ်င္လည္း ဟူခ်န္ရွီးက အားလုံးျပန္ပို႔ပစ္သည္သာ။
႐ႊီေဆြႏွင့္ဟူခ်န္ရွီးတို႔ ေက်ာင္းျပင္ပထြက္ၿပီး နို႔လက္ဖက္ရည္ဝယ္သည့္အခ်ိန္တုန္းက ရွန့္နန္းက်ိဳးကို ခြင့္လႊတ္ၿပီးသားဟုတ္မဟုတ္ စကားမစပ္ေမးၾကည့္ခဲ့ဖူးေသးသည္။ ထိုအခ်ိန္တုန္းက မမေလးဟူ ျပန္ေျဖခဲ့သည္မွာ ; 'ေသေအာင္ရိုက္ရမယ္ဆိုရင္ေတာင္ ခြင့္မလႊတ္ဘူး ၊ ဒီတစ္ေခါက္က သူ လြန္တာ'
ရွန့္နန္းက်ိဳးက မၾကာခဏဆိုသလို ဟူခ်န္ရွီးအား စေနာက္တတ္ပါသည့္တိုင္ ဤတစ္ႀကိမ္တြင္ သူ႕ဘက္မွ လြန္သြားမွန္း သေဘာေပါက္သည္ပင္။ သို႔ေသာ္ ဟူခ်န္ရွီးက သူ႕ဖုန္းကိုလည္း ျပန္မေျဖ ၊ လူလည္းမေတြ႕မခံသည့္အတြက္ ေနာက္ဆုံးတြင္ က်ိဳးက်င္းဇယ္ကိုသာ အကူအညီေတာင္းရၿပီျဖစ္ၿပီး ညစာစားရန္ အားလုံးကိုဖိတ္ခိုင္းလိုက္ေလသည္။ ႐ႊီေဆြမွတဆင့္ ဟူခ်န္ရွီးအား အျပင္ေခၚထုတ္လာေစၿပီး လူခ်င္းေတြ႕၍ ေတာင္းပန္မည္ျဖစ္သည္။
က်ိဳးက်င္းဇယ္က လက္ခံလိုက္ကာ ရွန့္နန္းက်ိဳးကိုလည္း အခြင့္အေရးရတုန္း တစ္ခ်က္ပိတ္ကန္လိုက္ေသးသည္။
"ငါ မင္းကိုေျပာသားပဲ..သူ႕ကို အရမ္းမစပါနဲ႕လို႔"
"ဟုတ္ပါၿပီ သခင္ႀကီးက်ိဳးရယ္...မဟုတ္...ဦးေလးငယ္ ကြၽန္ေတာ္မွားသြားပါတယ္"
ရွန့္နန္းက်ိဳးက ေတာင္းပန္ေနေလ၏။
က်ိဳးက်င္းဇယ္က ထိုင္ခုံေပၚထိုင္ရင္း စားပြဲေပၚမွလက္ကိုင္ဖုန္းကို လွမ္းယူၿပီး ႐ႊီေဆြထံသို႔ မက္ေဆ့ပို႔ကာ လိမ္ေျပာရမည့္စကားမ်ားကို တစ္ခါတည္းသင္ေပးလိုက္သည္။
႐ႊီေဆြထံမွ က်ိဳးက်င္းဇယ္က ေလယာဥ္ေမာင္းၿပိဳင္ပြဲ၌ ပထမရသည့္အတြက္ ဆုေၾကးေငြျဖင့္ အားလုံးကိုညစာစားရန္ ဖိတ္ထားသည့္အေၾကာင္းအား ဟူခ်န္ရွီး ၾကားရသည့္အခါ မယုံသကၤာျဖစ္ေနရင္း
"အခုမွ ပထမႏွစ္ပဲရွိေသးတာကို..ဘာေလယာဥ္ကိုေမာင္းတာလဲ!"
"ဟယ္လီေကာ္ပတာေမာင္းတာ..သူ....သူ႕မွာ ကိုယ္ပိုင္ဟယ္လီေကာ္ပတာရွိတယ္ေလ ဟုတ္တယ္မလား"
႐ႊီေဆြမွာ စကားမွားမလိုပင္ ျဖစ္သြားၿပီး ခဲရာခဲဆစ္ျဖင့္ အေၾကာင္းျပခ်က္တစ္ခုကို ရွာလိုက္ရသည္။
ဟူခ်န္ရွီးက လက္သည္းမ်ားညွိရင္း စကားဆိုလာ၏။
"ေကာင္းပါၿပီေလ..ရွန့္နန္းက်ိဳး မလာဘူးမလား"
႐ႊီေဆြက က်ိဳးက်င္းဇယ္ သင္ေပးထားသည့္အတိုင္း ဟူခ်န္ရွီး ယုံသြားေစရန္အတြက္ လိမ္ညာသည့္စကားကိုေျပာသည့္အခါ မ်က္လုံးခ်င္းဆုံထားၿပီး ထိုမမေလးကို ေစ့ေစ့ၾကည့္လ်က္ အားတင္း၍ဆိုလိုက္၏။
"မလာဘူး"
ဟူခ်န္ရွီးက ညစာစားဖို႔ရာ သေဘာတူလိုက္သည္။
ဗုဒၶဟူးေန႕ ညတြင္ ႐ႊီေဆြက ဟူခ်န္ရွီးအား က်ိဳးက်င္းဇယ္ေျပာျပထားသည့္ေနရာျဖစ္ေသာ ၿမိဳ႕ထဲရွိ ဥေရာပအျပင္အဆင္ဟိုတယ္တစ္ခုဆီသို႔ ေခၚလာခဲ့သည္။ တံခါးဝမွဝင္လာသည္ႏွင့္တၿပိဳင္နက္ အနီေရာင္ဖဲျပားနက္ကတိုင္လ္ကိုခ်ည္ထားသည့္ စားပြဲထိုးတစ္ဦးက လာေရာက္ႏႈတ္ဆက္ၿပီး အေရွ႕မွဦးေဆာင္ကာ ဓါတ္ေလွကားကို ကဒ္တစ္ခုျဖင့္ဖြင့္ေပးရင္း ႏွစ္ေယာက္သားအား၂၃လႊာဆီသို႔ လမ္းၫႊန္ေပးလိုက္သည္။
ဓါတ္ေလွကားတံခါးပြင့္သြားသည္ႏွင့္ အႏုစိတ္ပုံေဖာ္ထားသည့္ေကာ္ေဇာႀကီးက ေျခေထာက္ေအာက္တြင္ ၊ ခပ္ႏြေးႏြေးအေရာင္မ်ိဳးျဖင့္လင္းေနသည့္ ဖန္သားမီးအိမ္ႀကီးက ေလထဲတြင္ တြဲေလာင္းခ်အလွဆင္ထားကာ ႐ႊီေဆြႏွင့္ဟူခ်န္ရွီးတို႔က အေရွ႕သို႔ ဆက္ေလွ်ာက္လာၾကသည္။ ေဘးပတ္ပတ္လည္ကို ေဝ့ဝဲၾကည့္လိုက္လွ်င္ သြားသြားလာလာလုပ္ေနၾကသည့္သူမ်ားရွိၿပီး ဝတ္စားဆင္ယင္ထားၾကပုံက ေတာက္ေျပာင္ၿပီးၾကည့္၍ေကာင္းေနသည္။
႐ုတ္တရက္ဆန္ဆန္ျဖင့္ က်ိဳးက်င္းဇယ္က အမွန္တကယ္ကို အထက္တန္းလႊာမိသားစုေနာက္ခံအသိုင္းအဝိုင္းမွအထင္ကရလူျဖစ္ေၾကာင္း ခံစားမိလိုက္ကာ သူမႏွင့္ သူ႕ၾကားရွိ ကြာျခားမႈႀကီးမွာလည္း တကယ္တည္ရွိသည္ပင္။
ႏွစ္ေယာက္သားက သီးသန့္အခန္းနံပါတ္ 2309 ဆီသို႔ေရာက္လာၿပီး ဟူခ်န္ရွီးက တံခါးတြန္းဖြင့္ၿပီး အရင္ဝင္သြားခဲ့သည္။ တစ္ခ်က္ၾကည့္႐ုံျဖင့္ ေတြ႕လိုက္ရသည္မွာ စားပြဲအလယ္ရွိ သူမႀကိဳက္တတ္ေသာ mousse ကိတ္တစ္လုံး အျပင္ သူမ ဆြဲထိုးပစ္ခ်င္ေနသည့္ ရွန့္နန္းက်ိဳး။
ဟူခ်န္ရွီးက ခ်က္ခ်င္းသေဘာေပါက္သြားၿပီး ႐ႊီေဆြအား နပန္းသတ္ေတာ့မည့္အမူအရာျဖင့္ လွမ္းၾကည့္လာ၏။
"ဟုတ္လွခ်ည္လား ႐ႊီေဆြ..နင္ ညာေတာင္ညာတတ္ေနၿပီေပါ့"
"ငါ...."
႐ႊီေဆြက က်ိဳးက်င္းဇယ္၏အေနာက္ဘက္သို႔ အျမန္ေျပးၿပီး ဝင္ပုန္းလိုက္ေတာ့သည္။
က်ိဳးက်င္းဇယ္၏မ်က္ဝန္းမ်ားက တစ္ဖက္လူအား ထပ္မေျပာရန္တားျမစ္လိုက္ၿပီး ခပ္မာမာျဖင့္ျပန္ေျဖလိုက္သည္။
"ငါ သင္ေပးထားတာ"
က်ိဳးက်င္းဇယ္က အိတ္ကပ္ထဲ လက္ထည့္ၿပီး သူ႕အေနာက္တြင္ရပ္ေနသည့္ ႐ႊီေဆြအား လွည့္ၾကည့္လာ၍
"ေအာက္မွာ စီးကရက္ဘူးသြားဝယ္မလို႔ ငါနဲ႕အေဖာ္လိုက္ခဲ့ေပး"
က်ိဳးက်င္းဇယ္က ထိုႏွစ္ေယာက္အား သီးသန့္ေနရာေပးခ်င္မွန္း ႐ႊီေဆြ သေဘာေပါက္လိုက္သျဖင့္ ေအာက္ထပ္သို႔ လိုက္သြားလိုက္သည္။
ေအာက္ထပ္ရွိ စတိုးဆိုင္ထဲသို႔ ဝင္လိုက္သည္ႏွင့္ ေလေအးေပးစက္အရွိန္က ျဖတ္ခနဲတိုးဝင္လာသည္။ က်ိဳးက်င္းဇယ္က စီးကရက္တစ္ဘူးယူၿပီး အေရွ႕ေကာင္တာ၌ ေငြရွင္းေနသည့္အခ်ိန္ ႐ႊီေဆြ၏အစာအိမ္က ထိန္းမရေအာင္ အသံျမည္လာေတာ့၏။
"39.8 ယြမ္"
လိေမၼာ္ေရာင္အကၤ်ီဝတ္ထားသည့္ ဝန္ထမ္းက စကားဆိုလာ၏။
က်ိဳးက်င္းဇယ္က ပိုက္ဆံရွင္းခါနီး၌ ခပ္ပါးပါးေလး နီရဲေနသည့္နား႐ြက္တစ္ဖက္အား လွမ္းျမင္လိုက္ၿပီး အသံထြက္ေအာင္တစ္ခ်က္ရယ္လိုက္မိသည္။
"သူ႕အတြက္ အသင့္စားတစ္ဘူး လုပ္ေပးပါ"
႐ႊီေဆြက ေဘးနားတြင္ရပ္ေနရင္း မလိုအပ္သည့္အေၾကာင္း လက္ခါျပမည္အျပဳတြင္ က်ိဳးက်င္းဇယ္က စီးကရက္ဘူးထဲမွ တစ္လိပ္ဆြဲထုတ္ရင္း လွည့္လာခဲ့သည္။ သူ႕ႏႈတ္ခမ္းထက္တြင္ စီးကရက္ကိုကိုက္ကာ မီးညွိလိုက္ရင္း တစ္ခ်ိန္တည္းဆိုသလိုလည္း သူမ၏ေဘးမွ ျဖတ္ေလွ်ာက္သြားၿပီး နား႐ြက္ဖ်ားနားသို႔ကပ္ကာ ခပ္တိုးတိုးစကားဆိုသြား၏။
"စားခ်င္တာကို ကိုယ့္ဘာသာကိုယ္မွာစားလိုက္..ကေလးေပါက္စ"
က်ိဳးက်င္းဇယ္က အျပင္ဘက္တြင္ စီးကရက္ေသာက္ေနၿပီး ႐ႊီေဆြက စတိုးဆိုင္ထဲရွိ ထိုင္ခုံတန္း၌ထိုင္ကာ အသင့္စားဘူးကို စားေနလိုက္သည္။ သူမက အသားလုံးႏွစ္ေခ်ာင္း ၊ ပင္လယ္စာတစ္ေခ်ာင္း ၊ ဝက္ေပါင္ေျခာက္တစ္ေခ်ာင္းအျပင္ သေရစာထုပ္ေလးမ်ားပါ မွာၿပီး တစ္ထိုင္တည္း အကုန္စားပစ္လိုက္သည္။
စားေနသည့္အခ်ိန္တြင္လည္း မွန္ျပတင္းေပါက္ႀကီးမွတဆင့္ မနီးမေဝးတြင္ရပ္ၿပီး စီးကရက္ေသာက္ေနသည့္သူအား ခိုးၾကည့္ျဖစ္ခဲ့ေသးသည္။
႐ႊီေဆြ စားၿပီးသည့္အခ်ိန္တြင္ေတာ့ က်ိဳးက်င္းဇယ္က သူမအား အျပင္ထြက္လာရန္ လက္ျဖင့္အမူအရာလုပ္ျပလာ၏။ ႐ႊီေဆြ သူ႕အေရွ႕သို႔ေရာက္သြားသည္ႏွင့္ သူ စီးကရက္မီးကို နင္းေခ်ေနသည္မွာ အခ်ိန္ကိုက္ပင္ျဖစ္သြားၿပီး က်ိဳးက်င္းဇယ္က အခ်ိန္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္။
"ေတာ္ေတာ္လည္းၾကာေနၿပီဆိုေတာ့ တက္သြားရေအာင္"
ႏွစ္ေယာက္သားက ဓါတ္ေလွကားထဲဝင္ကာ အေပၚသို႔ျပန္တက္လာၾကသည္။ တိုက္တိုက္ဆိုင္ဆိုင္ ဓါတ္ေလွကားထဲတြင္ သူတို႔ႏွစ္ဦးတည္းသာရွိေနၿပီး ႐ႊီေဆြက အေရွ႕နည္းနည္းတိုး၍မတ္တပ္ရပ္ကာ က်ိဳးက်င္းဇယ္က အေနာက္ဘက္နံရံအား ေခါင္းျဖင့္ မွီရပ္ေန၏။ အထက္မွေအာက္သို႔ေ႐ြ႕ေနသည့္လည္စလုတ္က လူကို ျမႇူဆြယ္ေနသည့္အတိုင္းပင္။
႐ႊီေဆြက ေမး၏။
"သူတို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားေလာက္ၿပီလို႔ ထင္လား"
ဓါတ္ေလွကားက 11 လႊာသို႔ေရာက္ၿပီျဖစ္ေၾကာင္း ေဖာ္ျပေနကာ က်ိဳးက်င္းဇယ္ ျပန္ေျဖခါနီးတြင္ 'ဘန္း' ဆိုသည့္ျမည္သံက်ယ္ႀကီးတစ္ခ်က္ႏွင့္အတူ ဓါတ္ေလွကားက အၾကမ္းပတမ္းလႈပ္ခါသြားခဲ့သည္။
႐ုတ္ခ်ည္းပင္ ဓါတ္ေလွကားမီးမ်ား ျပတ္ေတာက္သြားခဲ့ကာ အတြင္းဘက္ရွိ အေမွာင္ထုမွာအဆုံးဟူ၍မရွိသည့္အလား။ ေမွာင္မိုက္မႈႀကီးက လူတစ္ေယာက္၏ေၾကာက္စိတ္ႏွင့္ ထူးဆန္းသြားသည့္ခံစားခ်က္တို႔ကို တစ္စစႏွင့္ႏွိုးဆြလာေလေတာ့သည္။
ကံမေကာင္းစြာျဖင့္ ႏွစ္ေပါင္းသန္းခ်ီမွတစ္ခါ ႀကဳံေတြ႕ရတတ္သည့္ဓါတ္ေလွကားပ်က္ျခင္းႏွင့္ ႀကဳံလိုက္ရျခင္းေပ။ ႐ႊီေဆြက အနည္းငယ္ေလာျပာလာၿပီး အေနာက္ဘက္သို႔ အလိုလိုလွည့္ၾကည့္လိုက္သည့္တိုင္ က်ိဳးက်င္းဇယ္ရွိေနမည့္ေနရာအား မျမင္ရေခ်။
"က်ိဳးက်င္းဇယ္?"
႐ႊီေဆြက ႏွစ္ႀကိမ္တိတိေခၚၾကည့္လိုက္ေသာ္လည္း ျပန္ထူးသည့္အသံကိုမၾကားရေသး ၊ ေလာျပာေနသည့္စိတ္ကို အျမန္ထိန္းလိုက္ကာ သတိေပးခလုတ္အား စမ္းတဝါးဝါးျဖင့္ လွမ္းႏွိပ္လိုက္သည္။ လွ်ပ္စစ္သတိေပးဘဲလ္ထံမွ တုံ႕ျပန္သံကိုၾကားလိုက္သည္ႏွင့္ ႐ႊီေဆြ စကားဆိုလိုက္ေတာ့ရာ ထိုအခါတြင္မွ သူမ၏စကားသံမ်ားက တုန္ယင္ေနေၾကာင္း သတိထားမိပါေတာ့သည္။
"ေက်းဇူးျပဳ၍ ဒီေနရာက ဓါတ္ေလွကားရပ္သြားလို႔ တစ္ေယာက္ေယာက္ကို တတ္နိုင္သမွ် ျမန္ျမန္ေလးလႊတ္ေပးပါ"
"မဂၤလာပါ..ေနရာအတိအက်ကိဳ ေျပာျပေပးနိုင္မလား"
"အေဆာက္အဦး F ရဲ႕ 11 လႊာပါ"
႐ႊီေဆြက အသံကိုၿငိမ္ေအာင္ထိန္းထားရင္း တစ္စုံတစ္ရာကိုလည္း ေတြးမိလိုက္သျဖင့္
"ေက်းဇူးျပဳ၍ ျမန္ျမန္ေလးလာေပးပါ"
ဆက္သြယ္ၿပီးသည္ႏွင့္ ႐ႊီေဆြက အေမွာင္ႀကီးထဲ၌ ဓါတ္ေလွကားအေနာက္ဘက္နားသို႔ ေလွ်ာက္လာ၏။ လက္ထဲတြင္ကိုင္ထားသည့္ဖုန္းမွာ ဖုန္းဘက္ထရီ သုံးတုံးတြင္ တစ္တုံးသာ က်န္ေတာ့သည့္အေၾကာင္း အခ်က္ျပေနၿပီး ႐ႊီေဆြက ဖုန္းမီးကိုဖြင့္လိုက္သည္။
ေတြ႕လိုက္ရသည္မွာ က်ိဳးက်င္းဇယ္က ေထာင့္တစ္ေနရာတြင္ ထိုင္ေနၿပီး မ်က္လုံးမ်ားကို တင္းတင္းၾကပ္ၾကပ္ပိတ္ထားေသာေၾကာင့္ မ်က္ေတာင္မ်ားက တဆတ္ဆတ္ႏွင့္တုန္ယင္ေနကာ နဖူးထက္တြင္လည္း ေခြၽးမ်ား နင့္နင့္သည္းသည္းကိုထြက္ေနသည့္ျမင္ကြင္း။
႐ႊီေဆြ၏ႏွလုံးသားက တင္းၾကပ္သြားခဲ့ၿပီး သူ႕အေရွ႕၌ ထိုင္ခ်လိဳက္ကာ သူ႕ပုခုံးကို လႈပ္တြန္း၍
"က်ိဳးက်င္းဇယ္"
က်ိဳးက်င္းဇယ္က ခက္ခက္ခဲခဲျဖင့္ပင္ မ်က္လုံးဖြင့္လာၿပီး သူမအား တစ္ခ်က္လွမ္းၾကည့္ကာ နံရံဘက္သို႔ ျပန္တိုးကပ္သြားခဲ့သည္။ သူ ခံစားမိေနရသည္မွာ သူကိုယ္တိုင္က ပင္လယ္ႀကီးထဲ က်ိဳးေက်နစ္ေမ်ာေနရေသာ ပင္လယ္ေရညွိေလးအလား အစြမ္းအစမဲ့ၿပီး အေၾကာက္တရားသာ က်န္ေနခဲ့ျခင္း။
သူ ေတြးလိုက္မိသည္မွာလည္း ပိန္းပိတ္ေအာင္မည္းေမွာင္ေနသည့္အလုံပိတ္အခန္းထဲတြင္ အေမွာင္ထဲ၌ က်င္လည္ေနသည့္ပင့္ကူမ်ားက ေလးဘက္ေလးလံတြားသြားေနကာ မြန္းၾကပ္လာသည့္ခံစားခ်က္ႀကီး ထိုးထြက္လာသည္ႏွင့္ လည္တိုင္တစ္ေလွ်ာက္မွာ ႐ုန္းကန္ေနရသည့္အလား တစ္လက္မစာေလထုကိုပင္ မရႉသြင္းနိုင္ေတာ့ေခ်။ သူ လြတ္ျမႇောက္ဖို႔ရာ ႀကိဳးစားပါသည့္တိုင္ သဲထဲေရသြန္သာျဖစ္ေနရေတာ့သည္။
႐ႊီေဆြက ထိုင္ေနျခင္းျဖစ္ေသာေၾကာင့္ ရင္ဘတ္မ်ား ျပင္းျပင္းထန္ထန္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနၿပီး အသက္ရႉၾကပ္ေနသည့္ က်ိဳးက်င္းဇယ္၏အေျခအေနကို ျမင္ေနရသည္။ အထက္တန္းေက်ာင္းအ႐ြယ္ က်ိဳးက်င္းဇယ္ႏွင့္တစ္တန္းတည္းတက္ခဲ့ရသည့္အခ်ိန္တုန္းက သူမသည္ က်ိဳးက်င္းဇယ္ထံ၌ ပိတ္ေလွာင္သည့္ေနရာမ်ိဳးကိုေၾကာက္ေသာေရာဂါ ရွိေၾကာင္း တစ္ခါၾကားခဲ့ဖူးကာ ထိုအခ်ိန္တုန္းက ယုံတမ္းစကားဟုသာထင္ခဲ့မိဖူးသည္။
က်ိဳးက်င္းဇယ္ ခံစားရခက္ေနသည္ကို ျမင္လိုက္ရသည့္အခါ တစ္စစႏွင့္နာက်င္လာရသည့္ခံစားခ်က္က ႏွလုံးသားအတြင္းထဲထိပါ ထိုးႏွက္လာၿပီး ႐ႊီေဆြသည္လည္း ျဖစ္ညွစ္ဆုတ္ကိုင္ခံထားရသလို ေနမထိထိုင္မသာျဖစ္လာခဲ့သည္။ ဟိုးအရင္ကတည္းကရွိခဲ့သည့္ သေဘာက်ေလးစားျခင္းမ်ားေၾကာင့္တင္ မဟုတ္ပါဘဲ သူ၏ လက္ရွိနာက်င္မႈမ်ားကို သက္သာသြားေစရန္အတြက္ သူမ အမွန္တကယ္ကို တစ္ခုခုလုပ္ေပးလိုက္ခ်င္မိသည္။
အကယ္၍ သူမသာ တတ္စြမ္းနိုင္လွ်င္ သူ႕ေနရာ၌ဝင္ၿပီး ဤနာက်င္မႈအားလုံးကို အစားခံယူေပးလိုက္ခ်င္မိပါသည္။
႐ႊီေဆြက ခ်ိတုံခ်တဳံျဖင့္ သူ႕လက္ေကာက္ဝတ္အား အသာအယာေလးဆုတ္ကိုင္လိုက္သည္။
"မေၾကာက္ပါနဲ႕"
က်ိဳးက်င္းဇယ္က မ်က္လုံးကို တင္းေနေအာင္ေစ့ပိတ္ထားကာ ခံစားမိေနရသည္မွာ အဆုံးမဲ့ေသာအေမွာင္ထုထဲသို႔ ျပဳတ္က်သြားခဲ့သည့္ခံစားခ်က္ ၊ ပင္လယ္သမုဒၵရာႀကီးထဲသို႔ တျဖည္းျဖည္းျမႇုပ္ေနသည့္ ကြန္တိန္နာတစ္ပုံးက ေလးဘက္ေလးလံလုံးအပိတ္ ၊ ပင္လယ္ေရမ်ားက သူ႕လည္ေခ်ာင္း ပါးစပ္ ႏွင့္ ႏွာေခါင္းထဲတိုးဝင္လာၿပီး နစ္ျမႇုပ္သြားရသည့္ခံစားခ်က္ပင္။
အေမွာင္ထုႀကီးထဲတြင္ တစ္စုံတစ္ေယာက္က သူ႕လက္ေကာက္ဝတ္ကို ကိုင္ဆြဲလာခဲ့သည္။ ျဖည္းျဖည္းခ်င္းေရာက္လာခဲ့သည့္ အႏြေးဓါတ္ေလးက ငွက္ေမႊးေလးလို ေနေရာင္ျခည္ေလးလို ၊ ႏူးညံ့လွသည့္အသံစေလးတစ္ခုကိုလည္း ထပ္ခါထပ္ခါ သူ ၾကားေနခဲ့ရသည္။
"မေၾကာက္ပါနဲ႕"
က်ိဳးက်င္းဇယ္ သူ႕မ်က္လုံးမ်ားအား ႀကိဳးစားပမ္းစားျဖင့္ ဖြင့္ၾကည့္လိုက္လွ်င္ ႏူးညံ့သည့္မ်က္ႏွာေလးတစ္ခုက သူ႕အၾကည့္မ်ားတည့္တည့္ ၊ ၾကည္လင္ၿပီးမည္းနက္ေနသည့္မ်က္ဝန္းအိမ္ထဲ သူ႕မ်က္ႏွာ ေရာင္ျပန္ထင္ဟပ္ေနပုံမွာ ေမွာင္မိုက္ေနသည့္ညနက္ႀကီးထဲမွ ေရေမ်ာလာသည့္သစ္သားျပားတစ္ခုကို သူ ဖမ္းဆုတ္မိသြားသည့္အတိုင္းပင္။
သူ႕အားဆုတ္ကိုင္ထားသည့္လက္တစ္ဖက္ေနာက္သို႔ သူ လိုက္သြားခဲ့ၿပီး ေျဖးေျဖးခ်င္းျဖင့္ေအာက္သို႔ေ႐ႊ႕သြားရင္း သူ႕လက္ဖဝါးက်ယ္မ်ားျဖင့္ ျပန္လည္ေထြးဆုတ္လိုက္သည္မွာ ေသြးေၾကာမ်ားက အခ်င္းခ်င္းပိုးခ်ည္မွ်င္ေလးကဲ့သို႔ဆက္ႏြယ္လိုက္သည့္အလား အခ်ိန္တစ္ခုစာအတြင္း လက္ဖဝါးႏွစ္ခုဟာ တင္းတင္းၾကပ္ၾကပ္ဆုတ္ကိုင္ထားၾကလ်က္...
***************