" Bad Husband" ( Complete)

By HlaingHlaing112

81.7K 8.1K 1.3K

ကျုပ်ကဆိုးတယ်လေ ခင်ဗျားမသိဘူးလား ? More

intro
🔥 1 🔥
🔥 2 🔥
🔥 3 🔥
🔥 4 🔥
🔥 5 🔥
🔥 6 🔥
🔥 7 🔥
🔥 8 🔥
🔥 9 🔥
🔥 10 🔥
🔥 11 🔥
🔥 12 🔥
🔥 14 🔥(18+)
🔥 15 🔥
🔥 16 🔥
🔥 17 🔥
🔥 18 🔥 (18+)
🔥 19 🔥
🔥 20 🔥
🔥 21 🔥
🔥22🔥
🔥 23 🔥
🔥 24 🔥
🔥 25 🔥
🔥 26 🔥
🔥 27 🔥
🔥 28 🔥
🔥 29 🔥
🔥 30 🔥
🔥 31 🔥
32
The End

🔥 13 🔥

2K 237 36
By HlaingHlaing112


" သား ..."

ခြံထဲမှာလမ်းလျှောက်နေတုန်း ခေါ်သံကြောင့် ကင်မ်ထယ်ယောင်းခြေလှမ်းတွေ ရပ်တန့်သွားလေသည်။ ထိုအခါ အသံကထွက်၍ ထွက်မလာတော့ချေ ။ ကင်မ်ထယ်ယောင်းနောက်သို့ လှည့်ကြည့်လိုက်သည်။ ပြီးတော့ ဘောင်းဘီအိတ်ထဲက ဆေးလိပ်ကို ထုတ်လိုက်ရင်း အသံရဲ့လားရာဘက်ကို အကြာကြီးကြည့်နေမိလေသည်။ မရှိတော့တာ ကြာပြီးဖြစ်တဲ့ လူရဲ့အသံကိုကြားရသည်မှာ 10နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူလွမ်းနေလို့များလား ..? ။

တီ..တီ ...

အိမ်ထဲသို့ ၀င်လာသော ကားရဲ့ ကားဟွန်းသံကြောင့် ကားဆီသို့အကြည့်ပြန်ပြောင်းလိုက်သည်။ အခြားလူတော့ မဟုတ်ပါ မင်ဟိုသာဖြစ်လေသည်။ မင်ဟို ကားဂိုဒေါင်ထဲမှာ ကားကိုထည့်လိုက်ပြီး သူ့ဆီကို လျှောက်လာသည်။

" မင်းဘာတွေလုပ်နေလဲ ကင်မ်ထယ်ယောင်း "

ကင်မ်ထယ်ယောင်းအိမ်ထဲသို့ပြန်၀င်လိုက်ပြီး အောက်ထပ်က ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ မင်ဟိုလည်း ကင်မ်ထယ်ယောင်းနောက်ကို တစ်ကောက်ကောက်လိုက်ရလေသည်။ မင်ဟိုကို ဒယ်ဒီပြောပြလိုက်တာ ဖြစ်ပါလိမ့်မည်။ ဒါကလည်း မင်ဟိုက ဒယ်ဒီယုံကြည်ရတဲ့လူ ဖြစ်နေလို့ပင် ဖြစ်သည်။

" ငါဘာလုပ်နေလို့လဲ ...ငါ့အလုပ်ပဲ ငါလုပ်တာပေါ့ "

" မင်းအလုပ်ပဲမင်းလုပ်ရင် ငါမပြောပါဘူး ၊ အခုဟာက မင်းဘာစိတ်ပေါက်နေတာလဲ ..ဘာလို့ ဒေါသတရားတွေ ကြီးနေတာလဲ ?"

သူတို့ဘူဆန်ကမ်းခြေကို သွားတုန်းက ကင်မ်ထယ်ယောင်းရဲ့ ပါးတစ်ခြမ်းက နီနေတာကို သူသတိထားမိသလို ဘာလုပ်လုပ်စိတ်တိုနေတာကိုလည်း သူခံစားရသည်။ ကင်မ်ထယ်ယောင်းဘက်က ဘာတစ်ခွန်းမှ ဟမလာတာကြောင့် သူ့ဘက်က မမေးတာလည်းဖြစ်သည်။ သူ့ဘက်ကတော့ ပတ်ဂျီမင်ကို ပို၍ စိတ်ပူသည်။ ပြသာနာရဲ့အရင်းအမြစ်ကို သူမသိဘူးဆိုပေမဲ့ ဂျီမင်ဘက်က မှားတယ်လို့မထင်သလို ကင်မ်ထယ်ယောင်း ဒီလောက်ထိ လုပ်လိုက်ရအောင် ဂျီမင်က ဘာကိုတွန်းအားပေးလိုက်သလဲဆိုတာပေါ့။

" အိမ်ကိုလာတဲ့ အကြောင်းအရင်းပဲပြော..မဆိုင်တာမမေးနဲ့ ..."

" မင်းဒယ်ဒီက Wedding ကိစ္စငါ့ကို စီစဉ်ပေးပါတဲ့ ၊ ငါ့မှာ အံ့ဩလွန်းလို့ ရူးတော့မယ် "

" ငါ့ကိစ္စငါစီစဉ်မယ် ..ငါလိုချင်တဲ့ဒီဇိုင်းကိုဆွဲပေးလိုက်မယ် ..မင်းက ငါပြောတဲ့အတိုင်း လုပ်လိုက်ပေါ့  "

ကင်မ်ထယ်ယောင်းက သူ့ကိုမသိစေချင်ဘူးနဲ့တူသည်။ တစ်ခွန်းမှ ဟမလာပါ ။ ဒါပေမဲ့လည်း သူသိချင်သည်။ အခုရော ဂျီမင်ရော ဘယ်လိုနေသလဲပေါ့ ။

" မင်းအလုပ်မှာရော ‌ဆက်ခံသူအဖြစ်လက်ခံတော့မလို့လား ..ရှယ်ယာရှင်တွေက မေးခွန်းထုတ်ချင်နေကြတယ် "

ပြာခွက်ထဲသို့ဆေးလိပ်အတိုကို ပစ်ချလိုက်ပြီး နောက်တစ်လိပ်ကို ထပ်သောက်ကာ

" ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါပဲ ၊ လူကြီးတွေက သူတို့နဲ့ လူငယ်တွေက တန်းတူလာရင် မျက်လုံးနောက်လာတက်ကြတာပဲ "

" မင်းသူတို့နဲ့အဆင်ပြေအောင်နေဖို့လည်း အရေးကြီးတယ် ကင်မ်ထယ်ယောင်း ..မဟုတ်ရင် မင်းမဲရမှာမဟုတ်ဘူး "

ကင်မ်ထယ်ယောင်းဘက်က တိတ်ဆိတ်သွားသည်။ မင်ဟိုပြောတာကို လက်ခံတာတော့မဟုတ် လှေကားကို ကြည့်နေတာဖြစ်သည်။

" ဒီဇိုင်းနာတွေ လိုနေတယ်မလား ?"

ကင်မ်ထယ်ယောင်းက စကားလွှဲကာပြောလေသည်။

" အေး ..ရှင်းဟွာဘက်က နောက်နှစ်အတွက် ကြိုထုတ်ထားတဲ့ ဒီဇိုင်းတွေက ငါတို့ဆီက အခိုးခံလိုက်တာရော ၊ သူတို့ခေါ်ထားတဲ့ ပြင်သစ်ကလူကလည်း တော်တော်လေးကို ထူးချွန်တယ်ပြောလို့ရတယ် ၊ ငါတို့ဘက်မှာ ဒီဇိုင်းနာတွေ တော်တော်လေးလိုအပ်နေတယ် "

" မင်းတွေ့ထားတဲ့လူရှိလား ..?"

" အင်း ..ငါသေချာတော့မပြောရဲသေးဘူး ၊ ဒါနဲ့ ဂျီမင်ကို ဘာလို့ပေးမလုပ်လဲ ..ဂျီမင်လက်ရာက တော်တော်လေးကို ဆန်းသစ်တယ် ၊ သူဘယ်မှာမှ သေချာမသင်ရသေးတာတောင် "

" သူမပါဘူး ၊ အခြားလူကိုရှာ "

မင်ဟိုဘာဆက်ပြောရမှန်းတောင် မသိတော့ပါ။  ဒီနေရာမှာ ဂျီမင်ကိုနေရာပေးသင့်တယ်လို့ သူထင်သည်။ ကင်မ်ထယ်ယောင်းက ဂျီမင်နဲ့ ပတ်သက်ရင် ဘာဖြစ်ချင်တာလဲ ? ။

" အိုကေလေ ..ငါ company အတွက် ဘယ်သူ့ကိုပဲရှာရှာ မင်းဘက်က အဆင်ပြေလား ?"

ထိုအခါ ကင်မ်ထယ်ယောင်းခေါင်းညိတ်သည်။ ကင်မ်ထယ်ယောင်းက မကျွမ်းကျင်တဲ့အရာတွေအတွက် ဆရာကြီးတော့မလုပ်တက်ပါ ။ ထိုအခါမျိုးမှာ ကျွမ်းကျင်သူတွေကို လွှဲပေးတက်သည်။


" နေ့ရွေးပြီးသွားလား ?"

" အင်း Sunday ပဲ "

" ဟမ် ..လေးရက်ပဲကျန်တော့တာ ၊ မှီပါ့မလား ?"

ထိုအခါ ကင်မ်ထယ်ယောင်းက " ဒီကောင် ဘာကြောင်နေတာလဲ " ဆိုတဲ့အကြည့်နဲ့ မင်ဟိုကို ကြည့်သည်။

" မမှီရအောင် မင်းက ကိတ်မုန့်ဖုတ် သင်ရမှာမို့လား ? "

ဟိုတယ်က လူတွေကို ဘာလို‌ချင်တယ်ဆိုတာကို သေချာပြောလိုက် ၊ လိုချင်တဲ့ ကိတ်အမျိုးအစားကို ကိတ်ဖုတ်တဲ့လူကိုပြောလိုက် ၊ ပန်းဆိုင်မှာ လိုချင်တဲ့ပန်းအမျိုးအစားကို ပေးလိုက် ၊ အရာအားလုံးက ပိုက်ဆံနဲ့ပဲ ရှင်းရတာကို ဒီကောင် ဘာတွေ ခက်နေတာလဲ ? ။


" ဒါပေမဲ့ .."

" ရပြီ ..မင်းပြန်တာ့ ငါပို့လိုက်မယ် "

မင်ဟိုပြောမဲ့စကားကိုဆက်နားမထောင်တော့ပဲ အိမ်အပေါ်ထပ်ကို တက်သွားလေသည်။ မင်ဟိုကတော့ ခြေရော လက်ရာမြှောက်ကာ ကျန်ခဲ့လေသည်။


" အဲ့မှာဘာလုပ်နေတာလဲ.. ခုန်ချမလို့လား ..ဒီလောက်အမြင့်နဲ့ မသေလောက်ဘူး ၊ ခြေလက်ကျိုးယုံပဲရှိမှာ "


အခန်းထဲကို ကင်မ်ထယ်ယောင်းဘယ်တုန်းက ပြန်ရောက်လဲ သူမသိပါ  ။ ကင်မ်ထယ်ယောင်းရဲ့ အခန်းတံခါးပေါက်ကနေအောက်ကိုကြည့်တော့ ပန်းပင်လေးတွေကို မြင်ရတော့ သဘောကျလို့  တံခါးဘောင်ပေါ်မှာထိုင်ကာ အကြာကြီးကြည့်နေမိသည်ဖြစ်သည်။ မကောင်းဆိုးဝါးအသံကြောင့် ဂျီမင် တံခါးဘောင်ကနေ ဆင်းလိုက်လေသည်။ ကင်မ်ထယ်ယောင်းက သူ့အလုပ်စားပွဲမှာ ထိုင်လိုက်လေသည်။

" ပြောစရာရှိတယ် "

" ပြောကြည့်လေ .."

သူ့ဘက်ကို ကင်မ်ထယ်ယောင်းလှည့်မလာပါ ။ စာရွက်မှာ ဘာတွေရေးနေမှန်းတော့မသိပါ ။

" မင်းဆေးစစ်ပေး "

ထိုအခါ ကင်မ်ထယ်‌ယောင်းက လက်မှာကိုင်ထားတဲ့ဘောပင်ကို ပစ်ချလိုက်ပြီး သူ့ဘက်ကို လှည့်လာလေသည်။ပြီတော့ အပေါ်သွားနဲ့ အောက်နှုတ်ခမ်းကို ကိုက်‌လိုက်လေသည် ။ ဒေါသထွက်လည်းမတက်နိုင်ပါ။ One Night stand နဲ့အိပ်တက်တဲ့ ကင်မ်ထယ်ယောင်းလိုလူမျိုးကို သူဒီလိုပြောတာ မမှားပေ ။

" မလုပ်ရင်ရော ..."

" လုပ်ပေး ..ငါ့ကိုအသက်ရှူပေါက်မရှိအောင် မင်းလုပ်ထားတာပဲ ၊ ဒီတစ်ခု မင်းအတွက်မဟုတ်ပဲ ငါ့အတွက်လုပ်ပေး "


ကင်မ်ထယ်ယောင်းရှေ့သို့ ပြန်လှည့်လိုက်သည်။ သူ့ကို စော်ကားတဲ့စကားဆိုတာကို သူသိသည်။

" ဒီအိမ်မှာ အမိန့်ပေးတဲ့လူက ကျုပ်ပဲ ၊ ခင်ဗျားမဟုတ်ဘူး "

" မင်းငါ့ကို အရာအားလုံးထိန်းချုပ်လို့မရဘူး ကင်မ်ထယ်ယောင်း ၊ ငါ လူ .. မင်းလိုတွေ့ကရာလူတွေနဲ့အိပ်တက်တဲ့လူကို သတီဖို့ဆိုရင်.."

ဝုန်း ...

ကင်မ်ထယ်ယောင်းစားပွဲတစ်ခုလုံးကို မှောက်ချလိုက်သည်။ သူဘာလို့ ပတ်ဂျီမင်ဆိုတဲ့လူဆီက ဒီလိုမျိုးစကားတွေကို ကြားနေရတာပါလိမ့် ? ။ ဘာ .."သတီဖို့ဆိုရင် "။ သူဘာဖြစ်နေလို့လဲ ? ။

ကင်မ်ထယ်ယောင်းရဲ့လုပ်ရက်ကြောင့် ဂျီမင်လန့်သွားသည်။ ပြီးမှ အခြေအနေကို ပြန်ထိန်းသည်။ ကင်မ်ထယ်ယောင်း သူ့ဆီကို လာတော့ သူ့ခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။ ကင်မ်ထယ်ယောင်းခြေလှမ်းတွေက ဆက်တိုက်ကို တိုးလာတော့ အနောက်မှာ ကုတင်ခံနေတာမို့ ဂျီမင်ဆက်ဆုတ်စရာမရှိတော့ချေ။ ထိုအခါ ကုတင်မှာ ထိုင်လိုက်ရသည်။ ကင်မ်ထယ်ယောင်းက သူ့ရှေ့ကနေ ‌ကွေ့ပြီး ဘီဒိုဆီသို့ သွားသည်။


ခဏအကြာ ကုတင်ပေါ်သို့ စာရွက်တွေ ပစ်ချသံကိုကြားတော့ ဂျီမင်ကြည့်လိုက်သည်။ ဆေးစာရွက်တွေ ။ လအလိုက် ဆေးမှတ်တမ်းတွေ ။ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ပတ်သက်ပြီးတော့ကို ကင်မ်ထယ်ယောင်းက လအလိုက်ရော၊ နှစ်အလိုက်ပါ ပစ်ချပေးလေသည်။


" ဘာဖြစ်နေကြတာလဲ ..ငါ့အခန်းထိတောင် ကြားနေရတယ် "

ကင်မ်ဟိုယောင်းက ဟ, နေတဲ့အခန်းထဲကို ၀င်လာပြီး ကလေးတွေရဲ့အခြေအနေကို ကြည့်လေသည်။ မြင်ရတဲ့အတိုင်း စားပွဲတစ်ခုလုံးကို ရစရာမရှိအောင် လုပ်ထားတာ ။ တစ်ယောက်က မတ်တပ်ရပ်ရင်း ကြည့်နေတာ ၊ ကျန်တစ်ယောက်က ကုတင်ပေါ်မှာ ။

" ဘာမှ မဖြစ်ဘူး ဒယ်ဒီ "

ကင်မ်ထယ်ယောင်းပြောလိုက်တော့ ကင်မ်ဟိုယောင်းဘာမှဆက်မပြောတော့ပဲ ထွက်သွားလေသည်။ ကင်မ်ဟိုယောင်း ထွက်သွားပြီးတော့မှ

" မသတီဘူးပြောရအောင် ကျုပ်ကို ဘာကောင်ထင်နေလို့လဲ ..ခင်ဗျား ဒါ နောက်ဆုံးဖြစ်ပါစေ "

ဂျီမင်ကတော့ ဒီကိစ္စအတွက် သေချာရှင်းလင်းဖို့ လိုတယ် ။ သူ့ကို အသက်ရှူမရ လောက်အောင် ချောင်ပိတ်ပြီး ထည့်ထားပြီးတော့ သူလည်း ဒီလောက်တော့ တောင်းဆိုပိုင်ခွင့်ရှိတယ် ။

" ကြည့်ပြီးပြီးမလား ?"

ကင်မ်ထယ်ယောင်းစာရွက်တွေကို ပြန်ယူကာ ကုတင်အောက်သို့ ပစ်ချလိုက်သည်။ ပြီးနောက် ကုတင်ပေါ် တက်လှဲပြီး 

" တိုက်ခန်းမှာ ယူစရာရှိတာ သွားယူ အချိန် ၃နာရီပေးမယ် " ပြောပြီးနောက် မျက်လုံးကို ကင်မ်ထယ်ယောင်းမှိတ်လိုက်လေသည် ။


ကင်မ်ထယ်ယောင်းပြောတာကို ကြားသော်လည်း ဂျီမင်ချက်ချင်းမထသေးပေ ။ အိပ်နေသူကို ကြည့်နေလေသည်။

သူမှားခဲ့တာမျိုးလည်းမရှိပဲနဲ့ ဘာလို့ ကင်မ်ထယ်ယောင်းက သူ့အမှားလိုလာလုပ်ပြီး ဒီအခြေအနေထိဖြစ်အောင် ဖန်တီးနေရတာလဲ ? ။ အချစ်မရှိတဲ့ လူနှစ်ယောက်ကြားမှာ ဘာတွေများ ထပ်ရှိမယ်ထင်လို့လဲ ကင်မ်ထယ်ယောင်း ..။ ငါ့‌ဦးနှောက်မှာလည်း မင်းက ငါ့အဖေရဲ့အားနည်းချက်ကို ဆုပ်ကိုင်ပြီး အခွင့်အရေးကို အရယူခဲ့တဲ့လူမို့ မုန်းတယ် ။ ငါအသက်ရှင်နေရရင် မင်းကို မုန်းတဲ့စိတ်တွေနဲ့ပဲ အသက်ဆက်နေမှာ ။

.....


Wedding က ရိုးရှင်းတယ် ။ ဥရောပဘက်ကို မသွားတော့ပဲ ထိုင်၀မ်မှာပဲ ပွဲကို ကျင်းပလိုက်သည် ။ လူအများဖိတ်တာမျိုး မဟုတ်ပေမဲ့  ဟယ်ဆောင်လုပ်ငန်းစုရဲ့ ရှယ်ယာ၀င်တွေနဲ့တင် တော်တော်လေး များပြားနေလေသည်။ ပြီးတော့ ကင်မ်ထယ်ယောင်းရဲ့ သူငယ်ချင်းတွေ ၊ ဂျီမင်ကတော့ ဘယ်သူ့ကိုမှ မဖိတ်ပါ ။ အဖေတစ်ယောက်ထဲသာ လာလေသည်။ သူလည်း ဖိတ်ဖို့လူမရှိပါ ။ Wedding ကိစ္စအတွက်လည်း အ၀တ်အစားရွေးတာကအစ သူဘာမှလုပ်စရာမလိုပေ ။ သူက အဖြူ၀တ်တယ် ၊ ကင်မ်ထယ်ယောင်းက အနက်ရောင်၀တ်တယ် ။ ဒီလိုပဲ သူတို့နှစ်ယောက်က အမြဲ ခြားနားတယ်။  အကျင့်စရိုက်၊ အ၀တ်အစား ၊ အရောင်ကအစ ဘာတစ်ခုမှကို မတူ‌ညီကြပေ ။သူ့ဘေးမှာရပ်နေတဲ့လူကိုလည်း စောင်းငဲ့ကြည့်ဖို့လည်း စိတ်ကူးမရှိပါ ။   အမေ့ကိုတော့ ဒီလိုချိန်မှာ သတိရသည်။ အမေသာရှိရင် သူ့ကံကြမ္မာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်သည်မဟုတ်လား ? ။

" တွေ့တဲ့လူတိုင်းကို လိုက်ပြုံးပြ‌မနေနဲ့  ၊ အားလုံးက company ကလူတွေချည်းပဲ "

ချက်ချင်းဆိုသလို လက်ထပ်မဲ့အကြောင်းကို သိရပြီး ချက်ချင်းပင် မင်္ဂလာပွဲကိုတက်ရတော့ ဟယ်ဆောင်လုပ်ငန်းစုနဲ့ ပတ်သက်တဲ့လူတွေရော ၊ သတင်းသမားတွေကရော တော်တော်လေးကို သူတို့အကြောင်းကို စိတ်၀င်စားနေကြသည်။ ကင်မ်ထယ်ယောင်းကို တော်တော်များများက "Bisexual " မှန်း သိနေတာမို့ ယောင်္ကျားလေးတစ်ယောက်ကို လက်ထပ်လိုက်တော့လည်း သိပ်မအံ့သြတော့ပါ ။ သို့ပေမဲ့ ပတ်ဂျီမင်ဖြစ်နေတာကြောင့်တော့ အထူးအဆန်းနိုင်နေလေသည် ။ သို့လော သို့လောနဲ့ နှစ်ယောက်သားရဲ့ ကိစ္စကို ထင်ကြေးပေးနေကြပေမဲ့ ကင်မ်ထယ်ယောင်းဘက်ကတော့ ဘာမှမပြောပေ ။

" ငါလည်း ပြုံးပြချင်နေတယ်လို့ မင်းထင်နေတာလား ..သူတို့က လာပြုံးပြနေတာကို "

ကင်မ်ထယ်ယောင်းပြောတာ ဂျီမင်နားလည်မှာ မဟုတ်ပါ။  ပတ်ဂျီမင်က ကင်မ်ထယ်ယောင်းတို့အိမ်မှာနေခဲ့တာကြောင့် ကောလဟာလကို ဂျီမင်က အတည်ပြုပေးနေသလိုဖြစ်မှာဆိုး၍ ပုံမှန်နေဖို့ပဲ ပြောတာဖြစ်သည်။

" ကိုကို ..."

ပွဲပြီးခါနီးမှ လာတဲ့လူသည် ကင်မ်ထယ်ယောင်းကို ပွေ့ဖက်ကာ " ကိုကို " ဟူ၍ ခေါ်လေသည်။ ကင်မ်ထယ်ယောင်းတစ်ယောက် ထူးဆန်းပြီး အံ့ဩနေလေသည်။ ဂျီမင်ကတော့ ဘေးမှာရပ်နေသူပင်ဖြစ်၍ ဒီအတိုင်း ကြည့်နေမိလေသည်။

" ယွန်းဝူ .."

မင်ဟိုသည် မင်ဟိုရဲ့အဖေတို့နဲ့ရှိနေရာကနေ  ချက်ချင်းထထွက်လာပြီး တစ်ခုခုလန့်နေလေသည်။ ယွန်းဝူ ...လီယွန်းဝူ ...။ ကင်မ်ထယ်ယောင်းရဲ့ အချစ်ဦးလား ? ။

" လီယွန်းဝူ ..."

လီယွန်းဝူသည် ကင်မ်ထယ်ယောင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ ကင်မ်ထယ်ယောင်းကတော့ အလိုက်သင့် ပြန်လည်ပွေ့ဖက်လိုက်သည် ။ ဂျီမင် ဘာလုပ်ရမှန်းမသိပါ။  ထွက်သွားလိုက်ရမလား ?   ။ ဂျီမင်တွေးနေမိတဲ့ တစ်ခုတည်းသော အတွေးက " သူ့ဘ၀ထဲကနေ ကင်မ်ထယ်ယောင်းကို ခေါ်ထုတ်‌သွားပေးပါလား " ဟူ၍ပင်ဖြစ်သည်။

" ဂျီမင် ..သူက "

မင်ဟိုက မနေနိုင်မထိုင်နိုင် ထပြောတော့ ဂျီမင်  ခေါင်းခါလိုက်ရင်း

" ရပါတယ် ၊ စကားပြောပါစေ  ၊ ကင်မ်ထယ်ယောင်း ငါသွားလို့ရတယ်မလား ?"

ထိုအခါ ကင်မ်ထယ်ယောင်းက ဂျီမင်လက်မောင်းကို လာဆွဲပြီး သူ့ဘက်ကိုဆွဲကာ ခါးကို ကိုင်လိုက်သည်။ကျန်လက်တစ်ဖက်နဲ့ ယွန်းဝူရဲ့ ကျောပြင်က အင်္ကျီစကိုဆွဲကာ ဖက်ထားတာကို ဖယ်လိုက်လေသည်။

" ဒါက ကိုယ်လက်ထပ်ထားတဲ့လူ ပတ်ဂျီမင်တဲ့  ၊ သူက လီယွန်းဝူ ကျုပ်ရဲ့ ရည်းစားဟောင်း "

ကင်မ်ထယ်ယောင်းက  ဘာမှမဖြစ်သလို မျက်နှာထားနဲ့ပဲ နှစ်ယောက်လုံးကို ပြိုင်တူမိတ်ဆက်ပေးသည်။ ဂျီမင်ကတော့ ဘာမှမဖြစ်ပေမဲ့ လီယွန်းဝူကတော့ ထိုသို့မဟုတ်ချေ။  လီယွန်းဝူရဲ့ မျက်လုံးတွေထဲမှာ ဂျီမင့်အပေါ်ကို မကျေနပ်ချက်တွေ ရှိနေလေသည်။ ။ဂျီမင်က လက်ကမ်းပေးတော့ လီယွန်းဝူက လက်နောက်ပစ်လိုက်သည်။ ထိုအခါ ကင်မ်ထယ်ယောင်းက ဂျီမင်ရဲ့ လက်ကို ဆွဲကာ ကိုင်လိုက်ရင်း

" အင်္ဂလန်သားတွေ ကြီးကျယ်တယ်ဆိုတာကို သိပေမဲ့ ယွန်းဝူ ..မင်းကတော့ ကိုးရီးယားလေ ..လက်ကမ်းပေးရင် လက်ဆွဲနှုတ်ဆက်ရမှာ ကိုးရီးယားယဉ်ကျေးမှုပဲ "

ထိုအခါမှ လီယွန်းဝူရဲ့လက်ကို ဂျီမင်ရှေ့သို့ထုတ်ပေးသည်။ ဂျီမင်လည်း လက်ပြန်ကမ်းပေးဖို့တော့ညစိတ်ကူးမရှိပါ ။ ဒီနစ်ယောက်လိုက်တယ်။ ဒါကြောင့်လည်း ရည်းစားတွေ ဖြစိခဲ့ကြတာ ။ မင်ဟို ဘာလို ခဏခဏပြောနေလည်းဆိုတာကို ဂျီမင်အခုမှ သိလိုက်သည်။ အသွင်တူကြတာကို ။

" ရပြီ မလိုဘူး ၊ နောက်တစ်ခါ မင်းနှုတ်ဆက်တက်အောင် ကိုယ်သင်ပေးလိုက်တာ ၊ ထိုင်ဦးလေ..  "


ဂျီမင်လက်ကို ကိုင်ထားရာကနေ ကင်မ်ထယ်ယောင်းသည် ခါး‌သို့ရွေ့ပြောင်းကာ ကိုင်လိုက်သည်။ ဂျီမင်က သူ့ခါးကို လာကိုင်တာမို့    လက်ကိုဆွဲဖြုတ်တော့ ကင်မ်ထယ်ယောင်းက အဖြုတ်မခံ ။ သူကင်မ်ထယ်ယောင်းကို ကြည့်လိုက်တော့

" ပြောစရာရှိတယ် "

လီယွန်းဝူရှေ့က သူ့ကို ဆွဲခေါ်လာပြီး ဟိုတယ်ရဲ့ အပေါ်ထပ်ကို ခေါ်သွားလေသည်။ ဟိုတယ်အပေါ်ဘက်ကနေကြည့်ရင် ကမ်းခြေကို ကောင်းကောင်းမြင်ရလေသည်။ ညဘက် ဒင်နာကိုတော့ ကမ်းခြေမှာ လုပ်တာမို့ သူတို့ခဏသာ နားရပြီး ပြန်ပြင်ဆင်ရအုံးမယ်ဖြစ်သည်။ 

" ဒင်နာမှာ အရက်မသောက်နဲ့ ၊  အစားတွေလည်း အများကြီးမစားနဲ့ "

အစားအသောက်က အစ လာကန့်သတ်နေသေးတယ် ။ လူပဲ ကြိုက်သလောက်စားမှာပေါ့။  မတန်မရာ ဗိုက်နဲ့မဆန့်တာအောင်ထိတော့ ဘယ်သူက စားမလဲ ? ။

"  အစားအများကြီးမစားနဲ့ဆိုတာ ဒီညကျုပ်နဲ့ခင်ဗျားအိပ်ရမှာမို့ ၊ မင်္ဂလာဆောင်တဲ့အထိ လွှတ်ထားပေးပြီးပြီးဆိုတော့ ဒီညပြင်ဆင်ထား  ၊ ပြီးတော့ အရက်သောက်ခွင့်ကို ကျုပ်နဲ့မဟုတ်ရင် ခွင့်မပြုဘူး "

အခန်းထဲရောက်တာနဲ့ စကားကို တရပ်စပ်ပြောနေသော ကင်မ်ထယ်ယောင်းရဲ့ စကား‌ကို နားမထောင်တော့ပဲ ကုတင်ပေါ်မှာ ဂျီမင်စောင်ကိုဆွဲကာ တက်အိပ်လိုက်သည် ။ သူလူရော၊ စိတ်ရော ပင်ပန်းနေပြီ ဖြစ်လေသည်။

ကင်မ်ထယ်ယောင်းက ပြောနေရင်း ကုတင်ပေါ်မှာ တက်အိပ်တဲ့လူကြောင့် စောင်ကိုဆွဲဖယ်ကာ ကောက်ပွေ့လိုက်သည် ။

ရုတ်တရက်အခြေအနေကြောင့် ဂျီမင် မျက်လုံးပြူး ၊ မျက်ဆံပြူးနဲ့ ဖြစ်သွားပြီး

" ဘာလဲ ..ဘာလုပ်တာလဲ ..?"

ရေချိုးခန်းထဲသို့ ခေါ်သွားကာ Shower အောက်သို့ ခေါ်သွားလေသည်။ ရောက်တော့ ချပေးပြီး ...

" ‌အ၀တ်အစားချွတ် ၊ ရေချိုး "

သူ့ဘေးနားမှာ လာကပ်ရပ်နေတဲ့လူကြောင့်


" မင်းရှိနေတာ ငါဘယ်လိုချိုးရမှာလဲ ?"

" မုဒိန်းကျင့်ဖူးတာပဲလေ ၊ ခင်ဗျားကိုအားလုံးမြင်ဖူးတယ် "

စကားပြောရင် အရှက်တရားဆိုတာ ရှိရမယ်ဆိုတာလည်း သိမယ်လို့မထင်ပါ ။ ပြောသင့်မပြောသင့်လည်း မစဉ်းစားပါ ။

" မချိုးဘူး ၊ မင်းရှိနေရင် မချိုးဘူး "

ဂျီမင်လည်း ပေကပ်ပြီး ရပ်နေလိုက်သည်။ ကင်မ်ထယ်ယောင်း သူ့ရှေ့ကို ခြေတစ်လှမ်းတိုးလာသည်။ ဂျီမင် မော့ကြည့်လိုက်သည်။ သူမချိုးရင် ကင်မ်ထယ်ယောင်း ဘာလုပ်မလဲ ? ။ သူ့ကိုနာအောင် ရိုက်မလား ? ။ တစ်ခုခု လုပ်မလား ? ။

" ဟွန့် .."'

နှာသာ တစ်ချက်မှုတ်၍ ကင်မ်ထယ်ယောင်းထွက်သွားတော့မှာ ဂျီမင်သက်ပြင်းချလိုက်သည်။ ဒီနေ့က စပြီး ဒီတစ်ယောက်နဲ့ သူ့ဘ၀တစ်လျှောက်လုံးကို ဘယ်လို ဖြတ်သန်းသွားရမယ်ဆိုတာကို သူမသိပေ ။




( အပိုင်း ၁၂မှာ အလံနီလို့ စနေသားကို မန့်င တစ်ယောက်က ပြောတယ် ။  ဟုတ်တယ်  စနေသားက အလံနီပါ ။ ရှင်တို့တွေ ခေါင်းစဉ်ကိုမေ့ပြီး တအားဘူလီတာပါ 😑 )





Zawgyi





" သား ..."

ၿခံထဲမွာလမ္းေလွ်ာက္ေနတုန္း ေခၚသံေၾကာင့္ ကင္မ္ထယ္ေယာင္းေျခလွမ္းေတြ ရပ္တန႔္သြားေလသည္။ ထိုအခါ အသံကထြက္၍ ထြက္မလာေတာ့ေခ် ။ ကင္မ္ထယ္ေယာင္းေနာက္သို႔ လွည့္ၾကည့္လိုက္သည္။ ၿပီးေတာ့ ေဘာင္းဘီအိတ္ထဲက ေဆးလိပ္ကို ထုတ္လိုက္ရင္း အသံရဲ႕လားရာဘက္ကို အၾကာႀကီးၾကည့္ေနမိေလသည္။ မရွိေတာ့တာ ၾကာၿပီးျဖစ္တဲ့ လူရဲ႕အသံကိုၾကားရသည္မွာ 10ႏွစ္ေက်ာ္ၾကာမွ ပထမဆုံးအႀကိမ္ျဖစ္ေလသည္။ သူလြမ္းေနလို႔မ်ားလား ..? ။

တီ..တီ ...

အိမ္ထဲသို႔ ၀င္လာေသာ ကားရဲ႕ ကားဟြန္းသံေၾကာင့္ ကားဆီသို႔အၾကည့္ျပန္ေျပာင္းလိုက္သည္။ အျခားလူေတာ့ မဟုတ္ပါ မင္ဟိုသာျဖစ္ေလသည္။ မင္ဟို ကားဂိုေဒါင္ထဲမွာ ကားကိုထည့္လိုက္ၿပီး သူ႕ဆီကို ေလွ်ာက္လာသည္။

" မင္းဘာေတြလုပ္ေနလဲ ကင္မ္ထယ္ေယာင္း "

ကင္မ္ထယ္ေယာင္းအိမ္ထဲသို႔ျပန္၀င္လိုက္ၿပီး ေအာက္ထပ္က ဆိုဖာေပၚမွာ ထိုင္လိုက္သည္။ မင္ဟိုလည္း ကင္မ္ထယ္ေယာင္းေနာက္ကို တစ္ေကာက္ေကာက္လိုက္ရေလသည္။ မင္ဟိုကို ဒယ္ဒီေျပာျပလိုက္တာ ျဖစ္ပါလိမ့္မည္။ ဒါကလည္း မင္ဟိုက ဒယ္ဒီယုံၾကည္ရတဲ့လူ ျဖစ္ေနလို႔ပင္ ျဖစ္သည္။

" ငါဘာလုပ္ေနလို႔လဲ ...ငါ့အလုပ္ပဲ ငါလုပ္တာေပါ့ "

" မင္းအလုပ္ပဲမင္းလုပ္ရင္ ငါမေျပာပါဘူး ၊ အခုဟာက မင္းဘာစိတ္ေပါက္ေနတာလဲ ..ဘာလို႔ ေဒါသတရားေတြ ႀကီးေနတာလဲ ?"

သူတို႔ဘူဆန္ကမ္းေျခကို သြားတုန္းက ကင္မ္ထယ္ေယာင္းရဲ႕ ပါးတစ္ျခမ္းက နီေနတာကို သူသတိထားမိသလို ဘာလုပ္လုပ္စိတ္တိုေနတာကိုလည္း သူခံစားရသည္။ ကင္မ္ထယ္ေယာင္းဘက္က ဘာတစ္ခြန္းမွ ဟမလာတာေၾကာင့္ သူ႕ဘက္က မေမးတာလည္းျဖစ္သည္။ သူ႕ဘက္ကေတာ့ ပတ္ဂ်ီမင္ကို ပို၍ စိတ္ပူသည္။ ျပသာနာရဲ႕အရင္းအျမစ္ကို သူမသိဘူးဆိုေပမဲ့ ဂ်ီမင္ဘက္က မွားတယ္လို႔မထင္သလို ကင္မ္ထယ္ေယာင္း ဒီေလာက္ထိ လုပ္လိုက္ရေအာင္ ဂ်ီမင္က ဘာကိုတြန္းအားေပးလိုက္သလဲဆိုတာေပါ့။

" အိမ္ကိုလာတဲ့ အေၾကာင္းအရင္းပဲေျပာ..မဆိုင္တာမေမးနဲ႕ ..."

" မင္းဒယ္ဒီက Wedding ကိစၥငါ့ကို စီစဥ္ေပးပါတဲ့ ၊ ငါ့မွာ အံ့ဩလြန္းလို႔ ႐ူးေတာ့မယ္ "

" ငါ့ကိစၥငါစီစဥ္မယ္ ..ငါလိုခ်င္တဲ့ဒီဇိုင္းကိုဆြဲေပးလိုက္မယ္ ..မင္းက ငါေျပာတဲ့အတိုင္း လုပ္လိုက္ေပါ့  "

ကင္မ္ထယ္ေယာင္းက သူ႕ကိုမသိေစခ်င္ဘူးနဲ႕တူသည္။ တစ္ခြန္းမွ ဟမလာပါ ။ ဒါေပမဲ့လည္း သူသိခ်င္သည္။ အခုေရာ ဂ်ီမင္ေရာ ဘယ္လိုေနသလဲေပါ့ ။

" မင္းအလုပ္မွာေရာ ‌ဆက္ခံသူအျဖစ္လက္ခံေတာ့မလို႔လား ..ရွယ္ယာရွင္ေတြက ေမးခြန္းထုတ္ခ်င္ေနၾကတယ္ "

ျပာခြက္ထဲသို႔ေဆးလိပ္အတိုကို ပစ္ခ်လိဳက္ၿပီး ေနာက္တစ္လိပ္ကို ထပ္ေသာက္ကာ

" ဒါက ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေျခအေနတစ္ရပ္ပါပဲ ၊ လူႀကီးေတြက သူတို႔နဲ႕ လူငယ္ေတြက တန္းတူလာရင္ မ်က္လုံးေနာက္လာတက္ၾကတာပဲ "

" မင္းသူတို႔နဲ႕အဆင္ေျပေအာင္ေနဖို႔လည္း အေရးႀကီးတယ္ ကင္မ္ထယ္ေယာင္း ..မဟုတ္ရင္ မင္းမဲရမွာမဟုတ္ဘူး "

ကင္မ္ထယ္ေယာင္းဘက္က တိတ္ဆိတ္သြားသည္။ မင္ဟိုေျပာတာကို လက္ခံတာေတာ့မဟုတ္ ေလွကားကို ၾကည့္ေနတာျဖစ္သည္။

" ဒီဇိုင္းနာေတြ လိုေနတယ္မလား ?"

ကင္မ္ထယ္ေယာင္းက စကားလႊဲကာေျပာေလသည္။

" ေအး ..ရွင္းဟြာဘက္က ေနာက္ႏွစ္အတြက္ ႀကိဳထုတ္ထားတဲ့ ဒီဇိုင္းေတြက ငါတို႔ဆီက အခိုးခံလိုက္တာေရာ ၊ သူတို႔ေခၚထားတဲ့ ျပင္သစ္ကလူကလည္း ေတာ္ေတာ္ေလးကို ထူးခြၽန္တယ္ေျပာလို႔ရတယ္ ၊ ငါတို႔ဘက္မွာ ဒီဇိုင္းနာေတြ ေတာ္ေတာ္ေလးလိုအပ္ေနတယ္ "

" မင္းေတြ႕ထားတဲ့လူရွိလား ..?"

" အင္း ..ငါေသခ်ာေတာ့မေျပာရဲေသးဘူး ၊ ဒါနဲ႕ ဂ်ီမင္ကို ဘာလို႔ေပးမလုပ္လဲ ..ဂ်ီမင္လက္ရာက ေတာ္ေတာ္ေလးကို ဆန္းသစ္တယ္ ၊ သူဘယ္မွာမွ ေသခ်ာမသင္ရေသးတာေတာင္ "

" သူမပါဘူး ၊ အျခားလူကိုရွာ "

မင္ဟိုဘာဆက္ေျပာရမွန္းေတာင္ မသိေတာ့ပါ။  ဒီေနရာမွာ ဂ်ီမင္ကိုေနရာေပးသင့္တယ္လို႔ သူထင္သည္။ ကင္မ္ထယ္ေယာင္းက ဂ်ီမင္နဲ႕ ပတ္သက္ရင္ ဘာျဖစ္ခ်င္တာလဲ ? ။

" အိုေကေလ ..ငါ company အတြက္ ဘယ္သူ႕ကိုပဲရွာရွာ မင္းဘက္က အဆင္ေျပလား ?"

ထိုအခါ ကင္မ္ထယ္ေယာင္းေခါင္းညိတ္သည္။ ကင္မ္ထယ္ေယာင္းက မကြၽမ္းက်င္တဲ့အရာေတြအတြက္ ဆရာႀကီးေတာ့မလုပ္တက္ပါ ။ ထိုအခါမ်ိဳးမွာ ကြၽမ္းက်င္သူေတြကို လႊဲေပးတက္သည္။


" ေန႕ေ႐ြးၿပီးသြားလား ?"

" အင္း Sunday ပဲ "

" ဟမ္ ..ေလးရက္ပဲက်န္ေတာ့တာ ၊ မွီပါ့မလား ?"

ထိုအခါ ကင္မ္ထယ္ေယာင္းက " ဒီေကာင္ ဘာေၾကာင္ေနတာလဲ " ဆိုတဲ့အၾကည့္နဲ႕ မင္ဟိုကို ၾကည့္သည္။

" မမွီရေအာင္ မင္းက ကိတ္မုန႔္ဖုတ္ သင္ရမွာမို႔လား ? "

ဟိုတယ္က လူေတြကို ဘာလို‌ခ်င္တယ္ဆိုတာကို ေသခ်ာေျပာလိုက္ ၊ လိုခ်င္တဲ့ ကိတ္အမ်ိဳးအစားကို ကိတ္ဖုတ္တဲ့လူကိုေျပာလိုက္ ၊ ပန္းဆိုင္မွာ လိုခ်င္တဲ့ပန္းအမ်ိဳးအစားကို ေပးလိုက္ ၊ အရာအားလုံးက ပိုက္ဆံနဲ႕ပဲ ရွင္းရတာကို ဒီေကာင္ ဘာေတြ ခက္ေနတာလဲ ? ။


" ဒါေပမဲ့ .."

" ရၿပီ ..မင္းျပန္တာ့ ငါပို႔လိုက္မယ္ "

မင္ဟိုေျပာမဲ့စကားကိုဆက္နားမေထာင္ေတာ့ပဲ အိမ္အေပၚထပ္ကို တက္သြားေလသည္။ မင္ဟိုကေတာ့ ေျခေရာ လက္ရာျမႇောက္ကာ က်န္ခဲ့ေလသည္။


" အဲ့မွာဘာလုပ္ေနတာလဲ.. ခုန္ခ်မလို႔လား ..ဒီေလာက္အျမင့္နဲ႕ မေသေလာက္ဘူး ၊ ေျခလက္က်ိဳးယုံပဲရွိမွာ "


အခန္းထဲကို ကင္မ္ထယ္ေယာင္းဘယ္တုန္းက ျပန္ေရာက္လဲ သူမသိပါ  ။ ကင္မ္ထယ္ေယာင္းရဲ႕ အခန္းတံခါးေပါက္ကေနေအာက္ကိုၾကည့္ေတာ့ ပန္းပင္ေလးေတြကို ျမင္ရေတာ့ သေဘာက်လိဳ႕  တံခါးေဘာင္ေပၚမွာထိုင္ကာ အၾကာႀကီးၾကည့္ေနမိသည္ျဖစ္သည္။ မေကာင္းဆိုးဝါးအသံေၾကာင့္ ဂ်ီမင္ တံခါးေဘာင္ကေန ဆင္းလိုက္ေလသည္။ ကင္မ္ထယ္ေယာင္းက သူ႕အလုပ္စားပြဲမွာ ထိုင္လိုက္ေလသည္။

" ေျပာစရာရွိတယ္ "

" ေျပာၾကည့္ေလ .."

သူ႕ဘက္ကို ကင္မ္ထယ္ေယာင္းလွည့္မလာပါ ။ စာ႐ြက္မွာ ဘာေတြေရးေနမွန္းေတာ့မသိပါ ။

" မင္းေဆးစစ္ေပး "

ထိုအခါ ကင္မ္ထယ္‌ေယာင္းက လက္မွာကိုင္ထားတဲ့ေဘာပင္ကို ပစ္ခ်လိဳက္ၿပီး သူ႕ဘက္ကို လွည့္လာေလသည္။ၿပီေတာ့ အေပၚသြားနဲ႕ ေအာက္ႏႈတ္ခမ္းကို ကိုက္‌လိုက္ေလသည္ ။ ေဒါသထြက္လည္းမတက္နိုင္ပါ။ One Night stand နဲ႕အိပ္တက္တဲ့ ကင္မ္ထယ္ေယာင္းလိုလူမ်ိဳးကို သူဒီလိုေျပာတာ မမွားေပ ။

" မလုပ္ရင္ေရာ ..."

" လုပ္ေပး ..ငါ့ကိုအသက္ရႉေပါက္မရွိေအာင္ မင္းလုပ္ထားတာပဲ ၊ ဒီတစ္ခု မင္းအတြက္မဟုတ္ပဲ ငါ့အတြက္လုပ္ေပး "


ကင္မ္ထယ္ေယာင္းေရွ႕သို႔ ျပန္လွည့္လိုက္သည္။ သူ႕ကို ေစာ္ကားတဲ့စကားဆိုတာကို သူသိသည္။

" ဒီအိမ္မွာ အမိန႔္ေပးတဲ့လူက က်ဳပ္ပဲ ၊ ခင္ဗ်ားမဟုတ္ဘူး "

" မင္းငါ့ကို အရာအားလုံးထိန္းခ်ဳပ္လို႔မရဘူး ကင္မ္ထယ္ေယာင္း ၊ ငါ လူ .. မင္းလိုေတြ႕ကရာလူေတြနဲ႕အိပ္တက္တဲ့လူကို သတီဖို႔ဆိုရင္.."

ဝုန္း ...

ကင္မ္ထယ္ေယာင္းစားပြဲတစ္ခုလုံးကို ေမွာက္ခ်လိဳက္သည္။ သူဘာလို႔ ပတ္ဂ်ီမင္ဆိုတဲ့လူဆီက ဒီလိုမ်ိဳးစကားေတြကို ၾကားေနရတာပါလိမ့္ ? ။ ဘာ .."သတီဖို႔ဆိုရင္ "။ သူဘာျဖစ္ေနလို႔လဲ ? ။

ကင္မ္ထယ္ေယာင္းရဲ႕လုပ္ရက္ေၾကာင့္ ဂ်ီမင္လန႔္သြားသည္။ ၿပီးမွ အေျခအေနကို ျပန္ထိန္းသည္။ ကင္မ္ထယ္ေယာင္း သူ႕ဆီကို လာေတာ့ သူ႕ေျခလွမ္းေတြကို ေနာက္ဆုတ္လိုက္သည္။ ကင္မ္ထယ္ေယာင္းေျခလွမ္းေတြက ဆက္တိုက္ကို တိုးလာေတာ့ အေနာက္မွာ ကုတင္ခံေနတာမို႔ ဂ်ီမင္ဆက္ဆုတ္စရာမရွိေတာ့ေခ်။ ထိုအခါ ကုတင္မွာ ထိုင္လိုက္ရသည္။ ကင္မ္ထယ္ေယာင္းက သူ႕ေရွ႕ကေန ‌ေကြ႕ၿပီး ဘီဒိုဆီသို႔ သြားသည္။


ခဏအၾကာ ကုတင္ေပၚသို႔ စာ႐ြက္ေတြ ပစ္ခ်သံကိုၾကားေတာ့ ဂ်ီမင္ၾကည့္လိုက္သည္။ ေဆးစာ႐ြက္ေတြ ။ လအလိုက္ ေဆးမွတ္တမ္းေတြ ။ ခႏၶာကိုယ္တစ္ခုလုံးနဲ႕ ပတ္သက္ၿပီးေတာ့ကို ကင္မ္ထယ္ေယာင္းက လအလိုက္ေရာ၊ ႏွစ္အလိုက္ပါ ပစ္ခ်ေပးေလသည္။


" ဘာျဖစ္ေနၾကတာလဲ ..ငါ့အခန္းထိေတာင္ ၾကားေနရတယ္ "

ကင္မ္ဟိုေယာင္းက ဟ, ေနတဲ့အခန္းထဲကို ၀င္လာၿပီး ကေလးေတြရဲ႕အေျခအေနကို ၾကည့္ေလသည္။ ျမင္ရတဲ့အတိုင္း စားပြဲတစ္ခုလုံးကို ရစရာမရွိေအာင္ လုပ္ထားတာ ။ တစ္ေယာက္က မတ္တပ္ရပ္ရင္း ၾကည့္ေနတာ ၊ က်န္တစ္ေယာက္က ကုတင္ေပၚမွာ ။

" ဘာမွ မျဖစ္ဘူး ဒယ္ဒီ "

ကင္မ္ထယ္ေယာင္းေျပာလိုက္ေတာ့ ကင္မ္ဟိုေယာင္းဘာမွဆက္မေျပာေတာ့ပဲ ထြက္သြားေလသည္။ ကင္မ္ဟိုေယာင္း ထြက္သြားၿပီးေတာ့မွ

" မသတီဘူးေျပာရေအာင္ က်ဳပ္ကို ဘာေကာင္ထင္ေနလို႔လဲ ..ခင္ဗ်ား ဒါ ေနာက္ဆုံးျဖစ္ပါေစ "

ဂ်ီမင္ကေတာ့ ဒီကိစၥအတြက္ ေသခ်ာရွင္းလင္းဖို႔ လိုတယ္ ။ သူ႕ကို အသက္ရႉမရ ေလာက္ေအာင္ ေခ်ာင္ပိတ္ၿပီး ထည့္ထားၿပီးေတာ့ သူလည္း ဒီေလာက္ေတာ့ ေတာင္းဆိုပိုင္ခြင့္ရွိတယ္ ။

" ၾကည့္ၿပီးၿပီးမလား ?"

ကင္မ္ထယ္ေယာင္းစာ႐ြက္ေတြကို ျပန္ယူကာ ကုတင္ေအာက္သို႔ ပစ္ခ်လိဳက္သည္။ ၿပီးေနာက္ ကုတင္ေပၚ တက္လွဲၿပီး 

" တိုက္ခန္းမွာ ယူစရာရွိတာ သြားယူ အခ်ိန္ ၃နာရီေပးမယ္ " ေျပာၿပီးေနာက္ မ်က္လုံးကို ကင္မ္ထယ္ေယာင္းမွိတ္လိုက္ေလသည္ ။


ကင္မ္ထယ္ေယာင္းေျပာတာကို ၾကားေသာ္လည္း ဂ်ီမင္ခ်က္ခ်င္းမထေသးေပ ။ အိပ္ေနသူကို ၾကည့္ေနေလသည္။

သူမွားခဲ့တာမ်ိဳးလည္းမရွိပဲနဲ႕ ဘာလို႔ ကင္မ္ထယ္ေယာင္းက သူ႕အမွားလိုလာလုပ္ၿပီး ဒီအေျခအေနထိျဖစ္ေအာင္ ဖန္တီးေနရတာလဲ ? ။ အခ်စ္မရွိတဲ့ လူႏွစ္ေယာက္ၾကားမွာ ဘာေတြမ်ား ထပ္ရွိမယ္ထင္လို႔လဲ ကင္မ္ထယ္ေယာင္း ..။ ငါ့‌ဦးေႏွာက္မွာလည္း မင္းက ငါ့အေဖရဲ႕အားနည္းခ်က္ကို ဆုပ္ကိုင္ၿပီး အခြင့္အေရးကို အရယူခဲ့တဲ့လူမို႔ မုန္းတယ္ ။ ငါအသက္ရွင္ေနရရင္ မင္းကို မုန္းတဲ့စိတ္ေတြနဲ႕ပဲ အသက္ဆက္ေနမွာ ။

.....


Wedding က ရိုးရွင္းတယ္ ။ ဥေရာပဘက္ကို မသြားေတာ့ပဲ ထိုင္၀မ္မွာပဲ ပြဲကို က်င္းပလိုက္သည္ ။ လူအမ်ားဖိတ္တာမ်ိဳး မဟုတ္ေပမဲ့  ဟယ္ေဆာင္လုပ္ငန္းစုရဲ႕ ရွယ္ယာ၀င္ေတြနဲ႕တင္ ေတာ္ေတာ္ေလး မ်ားျပားေနေလသည္။ ၿပီးေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ သူငယ္ခ်င္းေတြ ၊ ဂ်ီမင္ကေတာ့ ဘယ္သူ႕ကိုမွ မဖိတ္ပါ ။ အေဖတစ္ေယာက္ထဲသာ လာေလသည္။ သူလည္း ဖိတ္ဖို႔လူမရွိပါ ။ Wedding ကိစၥအတြက္လည္း အ၀တ္အစားေ႐ြးတာကအစ သူဘာမွလုပ္စရာမလိုေပ ။ သူက အျဖဴ၀တ္တယ္ ၊ ကင္မ္ထယ္ေယာင္းက အနက္ေရာင္၀တ္တယ္ ။ ဒီလိုပဲ သူတို႔ႏွစ္ေယာက္က အၿမဲ ျခားနားတယ္။  အက်င့္စရိုက္၊ အ၀တ္အစား ၊ အေရာင္ကအစ ဘာတစ္ခုမွကို မတူ‌ညီၾကေပ ။သူ႕ေဘးမွာရပ္ေနတဲ့လူကိုလည္း ေစာင္းငဲ့ၾကည့္ဖို႔လည္း စိတ္ကူးမရွိပါ ။   အေမ့ကိုေတာ့ ဒီလိုခ်ိန္မွာ သတိရသည္။ အေမသာရွိရင္ သူ႕ကံၾကမၼာလည္း တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲနိုင္သည္မဟုတ္လား ? ။

" ေတြ႕တဲ့လူတိုင္းကို လိုက္ၿပဳံးျပ‌မေနနဲ႕  ၊ အားလုံးက company ကလူေတြခ်ည္းပဲ "

ခ်က္ခ်င္းဆိုသလို လက္ထပ္မဲ့အေၾကာင္းကို သိရၿပီး ခ်က္ခ်င္းပင္ မဂၤလာပြဲကိုတက္ရေတာ့ ဟယ္ေဆာင္လုပ္ငန္းစုနဲ႕ ပတ္သက္တဲ့လူေတြေရာ ၊ သတင္းသမားေတြကေရာ ေတာ္ေတာ္ေလးကို သူတို႔အေၾကာင္းကို စိတ္၀င္စားေနၾကသည္။ ကင္မ္ထယ္ေယာင္းကို ေတာ္ေတာ္မ်ားမ်ားက "Bisexual " မွန္း သိေနတာမို႔ ေယာကၤ်ားေလးတစ္ေယာက္ကို လက္ထပ္လိုက္ေတာ့လည္း သိပ္မအံ့ၾသေတာ့ပါ ။ သို႔ေပမဲ့ ပတ္ဂ်ီမင္ျဖစ္ေနတာေၾကာင့္ေတာ့ အထူးအဆန္းနိုင္ေနေလသည္ ။ သို႔ေလာ သို႔ေလာနဲ႕ ႏွစ္ေယာက္သားရဲ႕ ကိစၥကို ထင္ေၾကးေပးေနၾကေပမဲ့ ကင္မ္ထယ္ေယာင္းဘက္ကေတာ့ ဘာမွမေျပာေပ ။

" ငါလည္း ၿပဳံးျပခ်င္ေနတယ္လို႔ မင္းထင္ေနတာလား ..သူတို႔က လာၿပဳံးျပေနတာကို "

ကင္မ္ထယ္ေယာင္းေျပာတာ ဂ်ီမင္နားလည္မွာ မဟုတ္ပါ။  ပတ္ဂ်ီမင္က ကင္မ္ထယ္ေယာင္းတို႔အိမ္မွာေနခဲ့တာေၾကာင့္ ေကာလဟာလကို ဂ်ီမင္က အတည္ျပဳေပးေနသလိုျဖစ္မွာဆိုး၍ ပုံမွန္ေနဖို႔ပဲ ေျပာတာျဖစ္သည္။

" ကိုကို ..."

ပြဲၿပီးခါနီးမွ လာတဲ့လူသည္ ကင္မ္ထယ္ေယာင္းကို ေပြ႕ဖက္ကာ " ကိုကို " ဟူ၍ ေခၚေလသည္။ ကင္မ္ထယ္ေယာင္းတစ္ေယာက္ ထူးဆန္းၿပီး အံ့ဩေနေလသည္။ ဂ်ီမင္ကေတာ့ ေဘးမွာရပ္ေနသူပင္ျဖစ္၍ ဒီအတိုင္း ၾကည့္ေနမိေလသည္။

" ယြန္းဝူ .."

မင္ဟိုသည္ မင္ဟိုရဲ႕အေဖတို႔နဲ႕ရွိေနရာကေန  ခ်က္ခ်င္းထထြက္လာၿပီး တစ္ခုခုလန႔္ေနေလသည္။ ယြန္းဝူ ...လီယြန္းဝူ ...။ ကင္မ္ထယ္ေယာင္းရဲ႕ အခ်စ္ဦးလား ? ။

" လီယြန္းဝူ ..."

လီယြန္းဝူသည္ ကင္မ္ထယ္ေယာင္းကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားသည္။ ကင္မ္ထယ္ေယာင္းကေတာ့ အလိုက္သင့္ ျပန္လည္ေပြ႕ဖက္လိုက္သည္ ။ ဂ်ီမင္ ဘာလုပ္ရမွန္းမသိပါ။  ထြက္သြားလိုက္ရမလား ?   ။ ဂ်ီမင္ေတြးေနမိတဲ့ တစ္ခုတည္းေသာ အေတြးက " သူ႕ဘ၀ထဲကေန ကင္မ္ထယ္ေယာင္းကို ေခၚထုတ္‌သြားေပးပါလား " ဟူ၍ပင္ျဖစ္သည္။

" ဂ်ီမင္ ..သူက "

မင္ဟိုက မေနနိုင္မထိုင္နိုင္ ထေျပာေတာ့ ဂ်ီမင္  ေခါင္းခါလိုက္ရင္း

" ရပါတယ္ ၊ စကားေျပာပါေစ  ၊ ကင္မ္ထယ္ေယာင္း ငါသြားလို႔ရတယ္မလား ?"

ထိုအခါ ကင္မ္ထယ္ေယာင္းက ဂ်ီမင္လက္ေမာင္းကို လာဆြဲၿပီး သူ႕ဘက္ကိုဆြဲကာ ခါးကို ကိုင္လိုက္သည္။က်န္လက္တစ္ဖက္နဲ႕ ယြန္းဝူရဲ႕ ေက်ာျပင္က အကၤ်ီစကိုဆြဲကာ ဖက္ထားတာကို ဖယ္လိုက္ေလသည္။

" ဒါက ကိုယ္လက္ထပ္ထားတဲ့လူ ပတ္ဂ်ီမင္တဲ့  ၊ သူက လီယြန္းဝူ က်ဳပ္ရဲ႕ ရည္းစားေဟာင္း "

ကင္မ္ထယ္ေယာင္းက  ဘာမွမျဖစ္သလို မ်က္ႏွာထားနဲ႕ပဲ ႏွစ္ေယာက္လုံးကို ၿပိဳင္တူမိတ္ဆက္ေပးသည္။ ဂ်ီမင္ကေတာ့ ဘာမွမျဖစ္ေပမဲ့ လီယြန္းဝူကေတာ့ ထိုသို႔မဟုတ္ေခ်။  လီယြန္းဝူရဲ႕ မ်က္လုံးေတြထဲမွာ ဂ်ီမင့္အေပၚကို မေက်နပ္ခ်က္ေတြ ရွိေနေလသည္။ ။ဂ်ီမင္က လက္ကမ္းေပးေတာ့ လီယြန္းဝူက လက္ေနာက္ပစ္လိုက္သည္။ ထိုအခါ ကင္မ္ထယ္ေယာင္းက ဂ်ီမင္ရဲ႕ လက္ကို ဆြဲကာ ကိုင္လိုက္ရင္း

" အဂၤလန္သားေတြ ႀကီးက်ယ္တယ္ဆိုတာကို သိေပမဲ့ ယြန္းဝူ ..မင္းကေတာ့ ကိုးရီးယားေလ ..လက္ကမ္းေပးရင္ လက္ဆြဲႏႈတ္ဆက္ရမွာ ကိုးရီးယားယဥ္ေက်းမႈပဲ "

ထိုအခါမွ လီယြန္းဝူရဲ႕လက္ကို ဂ်ီမင္ေရွ႕သို႔ထုတ္ေပးသည္။ ဂ်ီမင္လည္း လက္ျပန္ကမ္းေပးဖို႔ေတာ့ညစိတ္ကူးမရွိပါ ။ ဒီနစ္ေယာက္လိုက္တယ္။ ဒါေၾကာင့္လည္း ရည္းစားေတြ ျဖစိခဲ့ၾကတာ ။ မင္ဟို ဘာလို ခဏခဏေျပာေနလည္းဆိုတာကို ဂ်ီမင္အခုမွ သိလိုက္သည္။ အသြင္တူၾကတာကို ။

" ရၿပီ မလိုဘူး ၊ ေနာက္တစ္ခါ မင္းႏႈတ္ဆက္တက္ေအာင္ ကိုယ္သင္ေပးလိုက္တာ ၊ ထိုင္ဦးေလ..  "


ဂ်ီမင္လက္ကို ကိုင္ထားရာကေန ကင္မ္ထယ္ေယာင္းသည္ ခါး‌သို႔ေ႐ြ႕ေျပာင္းကာ ကိုင္လိုက္သည္။ ဂ်ီမင္က သူ႕ခါးကို လာကိုင္တာမို႔    လက္ကိုဆြဲျဖဳတ္ေတာ့ ကင္မ္ထယ္ေယာင္းက အျဖဳတ္မခံ ။ သူကင္မ္ထယ္ေယာင္းကို ၾကည့္လိုက္ေတာ့

" ေျပာစရာရွိတယ္ "

လီယြန္းဝူေရွ႕က သူ႕ကို ဆြဲေခၚလာၿပီး ဟိုတယ္ရဲ႕ အေပၚထပ္ကို ေခၚသြားေလသည္။ ဟိုတယ္အေပၚဘက္ကေနၾကည့္ရင္ ကမ္းေျခကို ေကာင္းေကာင္းျမင္ရေလသည္။ ညဘက္ ဒင္နာကိုေတာ့ ကမ္းေျခမွာ လုပ္တာမို႔ သူတို႔ခဏသာ နားရၿပီး ျပန္ျပင္ဆင္ရအုံးမယ္ျဖစ္သည္။ 

" ဒင္နာမွာ အရက္မေသာက္နဲ႕ ၊  အစားေတြလည္း အမ်ားႀကီးမစားနဲ႕ "

အစားအေသာက္က အစ လာကန႔္သတ္ေနေသးတယ္ ။ လူပဲ ႀကိဳက္သေလာက္စားမွာေပါ့။  မတန္မရာ ဗိုက္နဲ႕မဆန႔္တာေအာင္ထိေတာ့ ဘယ္သူက စားမလဲ ? ။

"  အစားအမ်ားႀကီးမစားနဲ႕ဆိုတာ ဒီညက်ဳပ္နဲ႕ခင္ဗ်ားအိပ္ရမွာမို႔ ၊ မဂၤလာေဆာင္တဲ့အထိ လႊတ္ထားေပးၿပီးၿပီးဆိုေတာ့ ဒီညျပင္ဆင္ထား  ၊ ၿပီးေတာ့ အရက္ေသာက္ခြင့္ကို က်ဳပ္နဲ႕မဟုတ္ရင္ ခြင့္မျပဳဘူး "

အခန္းထဲေရာက္တာနဲ႕ စကားကို တရပ္စပ္ေျပာေနေသာ ကင္မ္ထယ္ေယာင္းရဲ႕ စကား‌ကို နားမေထာင္ေတာ့ပဲ ကုတင္ေပၚမွာ ဂ်ီမင္ေစာင္ကိုဆြဲကာ တက္အိပ္လိုက္သည္ ။ သူလူေရာ၊ စိတ္ေရာ ပင္ပန္းေနၿပီ ျဖစ္ေလသည္။

ကင္မ္ထယ္ေယာင္းက ေျပာေနရင္း ကုတင္ေပၚမွာ တက္အိပ္တဲ့လူေၾကာင့္ ေစာင္ကိုဆြဲဖယ္ကာ ေကာက္ေပြ႕လိုက္သည္ ။

႐ုတ္တရက္အေျခအေနေၾကာင့္ ဂ်ီမင္ မ်က္လုံးျပဴး ၊ မ်က္ဆံျပဴးနဲ႕ ျဖစ္သြားၿပီး

" ဘာလဲ ..ဘာလုပ္တာလဲ ..?"

ေရခ်ိဳးခန္းထဲသို႔ ေခၚသြားကာ Shower ေအာက္သို႔ ေခၚသြားေလသည္။ ေရာက္ေတာ့ ခ်ေပးၿပီး ...

" ‌အ၀တ္အစားခြၽတ္ ၊ ေရခ်ိဳး "

သူ႕ေဘးနားမွာ လာကပ္ရပ္ေနတဲ့လူေၾကာင့္


" မင္းရွိေနတာ ငါဘယ္လိုခ်ိဳးရမွာလဲ ?"

" မုဒိန္းက်င့္ဖူးတာပဲေလ ၊ ခင္ဗ်ားကိုအားလုံးျမင္ဖူးတယ္ "

စကားေျပာရင္ အရွက္တရားဆိုတာ ရွိရမယ္ဆိုတာလည္း သိမယ္လို႔မထင္ပါ ။ ေျပာသင့္မေျပာသင့္လည္း မစဥ္းစားပါ ။

" မခ်ိဳးဘူး ၊ မင္းရွိေနရင္ မခ်ိဳးဘူး "

ဂ်ီမင္လည္း ေပကပ္ၿပီး ရပ္ေနလိုက္သည္။ ကင္မ္ထယ္ေယာင္း သူ႕ေရွ႕ကို ေျခတစ္လွမ္းတိုးလာသည္။ ဂ်ီမင္ ေမာ့ၾကည့္လိုက္သည္။ သူမခ်ိဳးရင္ ကင္မ္ထယ္ေယာင္း ဘာလုပ္မလဲ ? ။ သူ႕ကိုနာေအာင္ ရိုက္မလား ? ။ တစ္ခုခု လုပ္မလား ? ။

" ဟြန႔္ .."'

ႏွာသာ တစ္ခ်က္မႈတ္၍ ကင္မ္ထယ္ေယာင္းထြက္သြားေတာ့မွာ ဂ်ီမင္သက္ျပင္းခ်လိဳက္သည္။ ဒီေန႕က စၿပီး ဒီတစ္ေယာက္နဲ႕ သူ႕ဘ၀တစ္ေလွ်ာက္လုံးကို ဘယ္လို ျဖတ္သန္းသြားရမယ္ဆိုတာကို သူမသိေပ ။




( အပိုင္း ၁၂မွာ အလံနီလို႔ စေနသားကို မန႔္င တစ္ေယာက္က ေျပာတယ္ ။  ဟုတ္တယ္  စေနသားက အလံနီပါ ။ ရွင္တို႔ေတြ ေခါင္းစဥ္ကိုေမ့ၿပီး တအားဘူလီတာပါ 😑 )


Continue Reading

You'll Also Like

2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
369K 32.2K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
1.7M 98.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
83.7K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...