Implausible || Myanmar Transl...

By Nattawatmommy

16.9K 1.4K 186

Credit to @pengennulisau on Wattpad Enigma ဆိုတာက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး သူရဲ့ရှားပါးလွန်းမှုကြောင့်... More

ဟောကိန်းထုတ်ခံရခြင်း
ရှိတ်ထ်မြို့
အာရုံထဲမှာပေါ်လာတဲ့ သူ
စတင်တွေ့ဆုံခြင်း
မျှော်လင့်ချက်ရောင်ခြည်
Enigma
နန်းတက်ပွဲ
သူတို့ကြားက ဆက်နွယ်မှု
လွမ်းဆွတ်သတိရခြင်း
အပြာရောင်လ
ခရီးလမ်း
ဖူးစာဖက်
မစ်စတီဖောအတု
လူပျိုစင်ဘ၀
စိုးရိမ်ပူပန်မှု (🍼)
သက်သေပြခဲ့ခြင်း
နောက်ဆုံး စာမျက်နှာ

ပျောက်ဆုံးခြင်း

668 67 0
By Nattawatmommy

မနေ့ကနေ့လည်တည်းက နန်းတော်ရှိနေတဲ့ မန်ဂျက်စတစ်မြို့လည်ခေါင်ကိုသွားဖို့ မြို့အစွန်က အခြေချနေထိုင်သူတွေပြည့်နေတဲ့ ပင်လယ်ကမ်းရိုးတန်းနား တောအုပ်ကိုဖြတ်လာနေတဲ့မြင်းတစ်ကောင်။ Gemini လက်တစ်ဖက်က မြင်းဇက်ကြိုးကိုထိန်း၊ နောက်လက်တစ်ဖက်က အားနည်းလွန်းပြီး အကူအညီလိုအပ်နေတဲ့ သူ့ Alpha လေးကို ပွေ့ပိုက်ထားတယ်။

မနက်စောစောမှာတော့ နန်းတော်အပြင်က ဘယ်သူမှမသိလိုက်ခင်မှာတင် Gemini နန်းတော်ထဲ ရောက်သွားခဲ့ပြီ။ တော်၀င်မိသားစု၀င်တွေရဲ့ ကျန်းမာရေးအခြေအနေက အရမ်းကို တစ်သီးတစ်သန့်ဆန်ပြီး အပြင်လူတွေ လုံး၀မသိသင့်လို့ပဲဖြစ်တယ်။ ဒီလိုတင်းကြပ်ထားခြင်းဖြင့် အခွင့်အရေးကို အသုံးချပြီး ပုန်ကန်တာမျိုး လုပ်ကြံတာမျိုး ဖြစ်လာမှာကို တားဆီးနိုင်ပါတယ်။

"ငါ့ Alpha ကို ကယ်ပေး...သူ မနေ့ကနေ့လည်တည်းက သတိပြန်မလည်လာတာ" သူ့ Alpha ကို ဆေးပေးခန်းကုတင်ပေါ် ညင်သာစွာချရင်း Gemini တော်၀င်သမားတော်ကို ပြောလိုက်တယ်။

အသက်ရှူသံတိုးတိုးနဲ့ အားနည်းစွာ လှဲလျောင်းနေတဲ့ Fourth နား ချက်ချင်းပဲ တော်၀င်သမားတော်နဲ့ အကူတွေက အပြေးလာကြတယ်။

"၀တ်ရုံကိုချွတ်လိုက်!"

သမားတော်ရဲ့ အမိန့်ပေးမှုအပြီး အခန်းထဲက လူအားလုံး လန့်သွားကြရတယ်။ Fourth ခန္ဓာကိုယ်က ခရမ်းပုတ်ရောင် အမှတ်အသားတွေနဲ့ ပြည့်နေပြီး သူ့ခါးသွယ်သွယ်နဲ့ ပုခုံးတွေပေါ်မှာဆိုလဲ လတ်လတ်ဆတ်ဆတ် ပေးထားတဲ့ အမှတ်အသားတွေ။

သမားတော်က ဘာစကားမှမပြောနိုင်တော့ဘဲ အိမ်ရှေ့စံကို လှည့်ကြည့်လာတယ်။ Gemini ရဲ့ ချောမောလှတဲ့မျက်နှာက ထိတ်လန့်မှုတွေကိုတွေ့အပြီး Alpha လေးခန္ဓာကိုယ်ပေါ်က ဒီခရမ်းပုတ်ရောင်‌ အမှတ်အသားတွေရဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ သိသာပါတယ်။ "ငါ့....ငါ့Alpha သက်သာလာနိုင်လား?" Gemini က စိတ်ပူစွာ မေးလာတယ်။

"အားကုန်ပြီး ပင်ပန်းသွားတာပါ အိမ်ရှေ့စံ နောက်လေးငါးရက်လောက်နေရင် သက်သာလာမှာပါ" Fourth ကို စစ်ဆေးပြီး သမားတော် ပြောလိုက်တယ်။ "အိမ်ရှေ့စံ...ကျွန်တော်မျိုးတို့ နှစ်ယောက်တည်း စကားနည်းနည်းလောက်ပြောလို့ရနိုင်မလား?"

"ကောင်းပြီ!"

***

နောက်တစ်ခေါက် Fourth အားနည်းစွာ သတိရလာရပြန်ပြီ။ Enigma cycle စချိန်တိုင်း ဆေးပေးခန်းက သူ့အဖော်ဖြစ်လာတော့မယ့်ပုံပဲ! သူ့ခေါင်းက ပေါက်ကွဲထွက်တော့မလိုပဲ! သူ့ခန္ဓာကိုယ်ကိုလဲ လှုပ်လို့မရဘူး။ အရာအားလုံးက နာကျင်ကိုက်ခဲနေတယ်...အထူးသဖြင့် သူ့အောက်ပိုင်း။

"ရေ..." သူ ဘေးကစောင့်နေတဲ့ ဆေးအကူ သတိထားမိအောင် တိုးတိုးပြောလိုက်တယ်။ သမားတော်ရဲ့အကူက ချက်ချင်းဘဲ သူ့ဆန္ဒကိုဖြည့်ဆည်းလာပေးပါတယ်။

ရေနှစ်လုတ်လောက် သောက်အပြီးမှာ လန်းဆန်းသွားပြီး သူ အားအင်အနည်းငယ် ပြန်ရသွားသလိုပဲ။

"အိမ်ရှေ့စံ ဘယ်မှာလဲဟင်?" အပ်ကွဲနေတဲ့အသံနဲ့ သူမေးမိတယ်။

ရုတ်တရတ် ဆေးပေးခန်းနား နီးကပ်လာတဲ့ ဆူညံသံတွေ။ တိုက်ခိုက်သံတွေနဲ့ ထပ်နေတဲ့ခြေသံတွေက ဆေးပေးခန်းတစ်ခုလုံးကို ထိတ်လန့်သွားစေတယ်။

မျက်နှာဖုံး၀တ်ဆင်ထားတဲ့ လူတစ်စုက အခန်းရှေ့က အစောင့်ရဲ့ အသည်းနှလုံးကို ထုတ်အပြီး အခန်းထဲ၀င်လာတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက စကေးကြွယ်လွန်းတဲ့အတွက် ဆေးပေးခန်းထဲက အစောင့်တွေအဖို့ ပြန်လည်ခုခံဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဆေးအကူအဖြစ်ပိုသင့်တော်တဲ့သူတို့က အရှုံးပဲပေးလိုက်နိုင်တယ်။

ဒါပေမယ့်လဲ ဆေးပေးခန်းထဲက တော်၀င်အမှုထမ်းအရာရှိတွေနဲ့ သမားတော်တွေက Fourth ကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ သူပုန်တွေ ဆေးပေးခန်းထိ ၀င်စီးပုံထောက်ရင် တခြားဘယ်တော်၀င်မိသားစု၀င်မှလဲ အခြေအနေကောင်းပုံမပေါ်ဘူး။ Fourth ရှိရာကုတင်ကို ဝိုင်းပြီး သူတို့ဘေးချင်းကပ်ရပ်လိုက်ကြတယ်။ ဆက်ခံသူအတွဲက အခုမှ အချိန်ကောင်းကို ပိုင်ဆိုင်ပြီးကာစလေး...ဘယ်သူမှ သူတို့မင်းသားလေး Fourth ကို ထိခွင့်မရှိဘူး။ "မင်းတို့က ဘယ်သူတွေလဲ?! ဒီနေရာကို ရာရာစစ ခြေချရဲတယ်ပေါ့!?" သမားတော်ခေါင်းဆောင်က ဒေါသအပြည့်နဲ့ ပြောလိုက်တယ်။

မန်ဂျက်စတစ်ကို ကျူးကျော်လာတဲ့ သူပုန်တွေကို ချေမှုန်းမယ့်အထဲ ပါ၀င်နိုင်ဖို့ Fourth ကတော့ ထပြီး သူ့ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး သန်မာအောင်နေဖို့ ပြင်နေတယ်။

"နားထောင်...ငါတို့ မင်းတို့ဘုရင်၊မိဖုရားနဲ့ ဘုရင့်သွေးတွေကို အကုန်ဖမ်းထားပြီးပြီ! သူတို့ကို ပြန်လိုချင်ရင် ငါတို့ဆီ Alpha Fourth ကိုပေး!" သမားတော်ခေါင်းဆောင်မေးစေ့ကို ဓားနဲ့ထောက်ပြီး သူတို့ထဲကတစ်ယောက်က ခပ်ပြတ်ပြတ်ပြောလာတယ်။

အဲ့ဒီ့ Alpha က omega သမားတော်ခေါင်းဆောင်အပေါ် လွှမ်းမိုးလိုက်တယ်။ ဒါပေမယ့် သူတစ်ခုခုလုပ်ရမယ်! မန်ဂျက်စတစ် တော်၀င်မိသားစု၀င်တွေအတွက် သူ့အသက်ကို ဆုံးရှုံးရမယ်ဆိုရင်တောင် သူ တစ်ခုခုလုပ်ရမယ်မလား?! မင်းသားလေး Fourth အန္တရာယ်ကင်းဖို့ ဆုတောင်းရုံအပြင် မတတ်နိုင်တော့တဲ့ တုန်ရီနေတဲ့ခြေထောက်တွေနဲ့ Fourth ကုတင်ခြေရင်းမှာ omega သမားတော်အဖွဲ့က အပြိုပြိုအလဲလဲ။

"မင်း! ရွံစရာကောင်းတဲ့Alphaကောင်! ငါ မင်းကိုမကြောက်ဘူး! တကယ်လို့ မင်း မင်းသားလေး Fourth ကို လိုချင်ရင် ငါသေမှပဲရမယ်!" သမားတော်ခေါင်းဆောင် ကြောက်လွန်းလို့ တုန်ယင်နေတာတောင်မှ သူ မင်းသားလေးကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

သူပုန်က ပြုံးလိုက်ရင်း "တောင်းဆိုမှုကို လက်ခံတယ်" ပျော်ရွှင်စွာ ပြောတယ်။

လည်ပင်းကနေ အဆက်မပြတ် ကျနေတဲ့သွေးတွေနဲ့ လဲကျသွားတဲ့ သမားတော်ခေါင်းဆောင်။ အဖြူရောင်၀တ်ရုံလေးက သွေးတွေလွှမ်းသွားပြီး လေးစားခံစရာကောင်းစွာပဲ အသက်ဆုံးရှုံးသွားပါပြီ။ အမျိုးသမီးတွေအကုန် အော်ဟစ်ကုန်ကြပြီး ထိတ်လန့်မှုတွေကြောင့် အားလုံးဖရိုဖရဲဖြစ်နေကြချိန် Fourth ကတော့ ပြန်ပေးဆွဲခံလိုက်ရတယ်။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှပြီး Fourth က ခုခံဖို့ စကားတစ်ခွန်းတောင် မပြောလိုက်နိုင်ဘူး။ အားနည်းနေတဲ့သူ့ခန္ဓာကိုယ်လေးက မျက်နှာဖုံးတွေနဲ့အဖွဲ့ သယ်သွားတာခံလိုက်ရတယ်။ သူ့မျက်လုံးတွေကိုလဲ အ၀တ်အမည်းနဲ့ ဖုံးလိုက်ကြတယ်။ မင်းသားလေး Fourth တကယ်ပဲ ပြန်ပေးဆွဲခံလိုက်ရပါပြီ။

***

"အထူးအဖွဲ့ကို ခေါ်လိုက် မနက်ဖြန်မနက် မစ်စတီဖောကို ထွက်မယ် ဒီသတင်း ဘယ်ကိုမှ မပြန့်စေနဲ့...အထူးသဖြင့် ဖီးနစ်ဆီ!"

Gemini မစ်စတီဖောက သူပုန်တွေဝင်အပြီး ဖရိုဖရဲဖြစ်ကျန်ခဲ့တဲ့ နန်းတော်တစ်လျှောက်ကို ကြည့်လိုက်မိတယ်။ မစ်စတီဖောဆိုတာကတော့ သစ္စာဖောက်မိလို့ အပြစ်ပေးထားရာက လွတ်မြောက်သွားတဲ့ လက်စားချေချင်သူတွေရှိတဲ့နေရာ။ အရင်ဘုရင်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ စေ့စပ်ပြီး အဲ့ဧရိယာကို အစောင့်အကြပ်ထားကြပေမယ့် မစ်စတီဖောက သစ္စာဖောက်တွေနဲ့ နောင်တမရသူတွေအတွက် ခိုလှုံရာဖြစ်နေတုန်းပဲ။

"Pha ငါနဲ့လိုက်ခဲ့ပြီး မြို့လည်နဲ့ မြို့‌စွန်တွေကို ကူကြည့်ပေး သူတို့ကြောင့် တခြားပျက်စီးမှုတွေရှိနေမှာဆိုးလို့"

အေးစက်နေတဲ့အကြည့်တွေနဲ့ မြင်းစီးရင်း မြို့လည်စီ ဦးတည်လိုက်တဲ့ အိမ်ရှေ့စံ။ မြို့လည်မှာတော့ အားလုံးက ပုံမှန်ပဲလည်ပတ်နေပြီး သူ့ကိုတောင် ဂါ၀ရပြုနေကြတဲ့အတွက် ဘာမှဆိုးဝါးတာမဖြစ်သွားဘူးဆိုတဲ့သဘောမို့ သူစိတ်သက်သာရာရသွားမိတယ်။

Gemini သက်ပြင်းချလိုက်ရင်း "တော်သေးတယ် မြို့လည်ကိုတော့ ဘာမှလုပ်မသွားလို့! ဆိုလိုတာက သူတို့ပန်းတိုင်က ငါ့Alphaကို ပြန်ပေးဆွဲဖို့ပဲ!" သူ့အမှုထမ်းကို သူပြောရင်း နန်းတော်ဆီပြန်လိုက်တယ်။ "အဲ့ဒီ့တော့ Pha ဘယ်သူမှ သတိမထားမိခင် မင်း နန်းတော်ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ထားပါ ငါနဲ့ ဦးရီးတော် သူ့ကိုပြန်ခေါ်ခဲ့မယ်...ငါ့Alphaကို ပြန်ခေါ်ပြီးရင် သူတို့နဲ့လဲစကားနည်းနည်းပြောရလိမ့်မယ်"

သူ တည်ငြိမ်ပုံပေါက်နေပေမယ့် အမှန်အတိုင်း ၀န်ခံရရင် သူ ဇဝေဇဝါဖြစ်နေပြီး တုန်လှုပ်နေပါတယ်။ သူ့ Alpha ဒီလို ကောင်းကောင်းမသက်သာသေးတဲ့အချိန်ကိုမှ တမင်ရွေးပြီး သူ့ကိုတိုက်ခိုက်တဲ့အတွက်ပေါ့...ဒါပေမယ့် မင်းသားတစ်ယောက်ဆိုတာ ခံစားချက်ကို မဖော်ပြရဘူး! သူ နှစ်ပေါင်းများစွာ သင်ယူလာခဲ့ပြီးသားမလား?

"Fourth ခဏလေးပဲ တောင့်ထားပေး...ကိုယ်လာပြီ!"

Continue Reading

You'll Also Like

527K 16.8K 43
When the war had come to an end, rumors spread that Uchiha Sasuke was dead. Three years had passed since the war was ceased, Tsunade received a lette...
1M 143K 72
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
19.1K 830 18
Kagurama, one of the many orphaned children of Konohagakure. Numbers increased after the Fourth Hokage managed to stop the 9 tails, and becomes the h...
304K 7.1K 28
Book Five in the Alex Swan series. ______________ Not Edited ______________ Welcome to Breaking dawn part 2. ...