Kissing In The Moonlight [Com...

By VictoryKimTae

46.9K 5.4K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Final

Chapter 19

1.4K 188 74
By VictoryKimTae

Toledo ရဲ့ နာမည်ကြီး အထင်ကရ ပြတိုက်ဖြစ်သည့် Museo De Santa Cruz အရှေ့မှာ လူတန်း အရှည်ကြီး ရပ်စောင့်နေကြပြီ ဖြစ်၏။

Artist Kim ရဲ့ ပြပွဲဖြစ်သည်မို့ လက်မှတ်ကိုတောင် အလုအယက် ဝယ်ထားခဲ့ရပါသည်။ လက်မှတ်ဝယ်ခွင့် ပြုလိုက်ပြီး ကတည်းက ၂ ရက်အတွင်း အရောင်းကုန်သွားခဲ့ခြင်း ဖြစ်၏။

ပြတိုက်ဖွင့်တော့ လူတန်းကြီးက တအိအိနဲ့ ရွေ့လျားလာပြီး အထဲကို ဝင်လာကြတော့သည်။

Madrid, Segovia, Ávila, Cuenca စသည့် မြို့ကြီးတွေကလည်း Toledo ကနေ နာရီပိုင်းမျှသာ ဝေးသည်မို့ ပြတိုက်ကို အရောက်လာကြသူတွေလည်း များပါသည်။

Madrid တို့လို့ မြို့တော်ဖြစ်သည့် မြို့ကြီးတွေလောက်တော့ လူဦးရေ မထူထပ်ပေမယ့် Toledo မှာ ယနေ့တော့ လူတွေ စည်ကားလွန်းနေတော့သည်။

"ဒီနေ့ ပြပွဲက စပိန်နိုင်ငံမှာ ပထမဆုံး အကြိမ် ပြုလုပ်ဖူးတဲ့ ပွဲပါပဲ။ အခုလိုမျိုး အများကြီး ချီးမြှောက် ဂုဏ်ပြုပေးကြလို့ ကျေးဇူးတင်ပါတယ်"

Artist Kim က မိန့်ခွန်းပြောပြီးနောက် ပြပွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဒီလိုနဲ့ပဲ ပြတိုက် တစ်ခုလုံး လူတွေ ပြန့်သွားတော့သည်။

ပြတိုက်မှာက သမိုင်း အမွေအနှစ်တွေလည်း ရှိသေးသည်မို့ ပြပွဲအတွက် အခန်းတစ်နေရာစာသာ ငှားထားပြီး နှစ်ရက်သာ ကျင်းပသွားမည် ဖြစ်သည်။

နေ့လည်ပိုင်းကို ရောက်တော့ တဖြည်းဖြည်းနဲ့ လူတွေ ပိုများလာပါသည်။ ပန်းချီကားတချို့လည်း အရောင်းထွက်ပြီး Artist Kim ကတော့ လာရောက် နှုတ်ဆက်သူ ပရိသတ်တွေကြားမှာ အလုပ်များနေတော့သည်။

ပုံမှန်အားဖြင့် မီဒီယာတွေနဲ့ အတွေ့မခံသည်မို့ Artist Kim ကို မြင်ဖူးသည်က ပြပွဲကို လာရောက်သူတွေသာ ဖြစ်၏။

"Hola! Artist Kim"
"မင်္ဂလာပါ Artist Kim"

မိန်းကလေး တစ်ယောက် လာရောက် နှုတ်ဆက်သည်မို့ ပန်းချီကား‌ေတွ ကြည့်နေရင်းနဲ့ ကျွန်တော် လှည့်လိုက်မိသည်။

အထက်တန်း ကျောင်းသူ အရွယ်လောက်သာ ရှိပါသေးသည်။

"no puedo hablar inglés"
"အင်္ဂလိပ်စကား မပြောတတ်ပါဘူး"

"Pero realmente admiro tu pintura y quiero tomarme una foto contigo. ¿Está bien para ti?"
"ဒါပေမယ့် ဆရာ့ ပန်းချီကားတွေကို တကယ် သဘောကျပြီး ဆရာနဲ့ အတူတူ ဓာတ်ပုံရိုက်ချင်လို့ပါ။ အဆင်ပြေရဲ့လား မသိဘူးနော်"

ကျွန်တော်က စပိန် ဘာသာစကား တတ်ကျွမ်းလွန်းသူ မဟုတ်ပါဘူး။ သို့သော် ကိုရိန်းကတော့ သူ စပိန်ကို ပြန်ရောက်သွား ကတည်းက အနည်းငယ်လောက် သင်ပေးထားပါသည်။

ထို့ကြောင့် ဒီ ကျောင်းသူလေး ပြောချင်သည့် စကားကို အနည်းငယ်တော့ သဘောပေါက်ပါ၏။

"Lo haré por ti"
"မင်းအတွက် ဓာတ်ပုံ အရိုက်ခံမယ်နော်"

ထို မိန်းကလေးက ပျော်သွားပြီး ဓာတ်ပုံရိုက်ပြီးနောက် ကျေးဇူးတင်ကြောင်း ပြောကာ ထွက်သွားသည်။

ထို့နောက် ပန်းချီကားတွေကို ပြန်ကြည့်ရန် လှည့်လာလိုက်တော့ ခြေထောက်အောက်နားလေးမှာ မိန်းကလေးရဲ့ ပိုက်ဆံအိတ်လေး ကျန်နေခဲ့ပါသည်။

ကောက်ယူလိုက်ပြီး ထိုမိန်းကလေး အနောက်ကို လိုက်ရသည်။

လူ ခပ်ရှုပ်ရှုပ်ပေမယ့် သိပ်မရှာလိုက်ရဘဲ ကျောင်းသားတွေ ကြားထဲ ထိုမိန်းကလေးကို လှမ်းတွေ့လိုက်ရသည်။

ထို မိန်းကလေးက လူတစ်ယောက်အား ဖုန်းထဲမှ ဓာတ်ပုံကို ပြနေခြင်း... ကျောပြင်လေးသာ မြင်နေရပေမယ့် ရင်းနှီးနေသည့် ထို ကျောပြင်လေးရယ်ပါ။

အနားကို သွားကြည့်မိတော့ သာယာလွန်းသည့် ရယ်သံကလေးကို ကြားလိုက်ရပါသည်။

ထို့နောက် အနက်ရောင် ဆံပင် ခပ်တိုတိုတွေ၊ လက်ချောင်း သွယ်သွယ်လေးတွေ... တစ်ချက်ကလေး မြင်လိုက်ရသည့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေ

ထို မျက်ဝန်းတွေက ကျွန်တော့်ကို တွေ့တော့ အံ့အားသင့်သလို ဝိုင်းစက်သွားပြီး ပြုံးရယ်နေသည့် အပြုံးကလေးတွေ ခေတ္တမျှ ရပ်တန့်သွားသည်။

အကြာကြီး ပျောက်ဆုံးသွားသည့် အဖိုးတန် ရတနာလေးကို ပြန်တွေ့ခဲ့ပြီ ဖြစ်၏။ နှလုံးသားဟာ အရင်လိုပဲ လှုပ်ရှားနေဆဲ၊ ထိုလူ့ဆီမှာ နစ်ဝင်ပြီး ပျော်မြူးနေဆဲ ဖြစ်ပါသည်။

"ဆရာ..."

တိုးတိုးတိတ်တိတ် ခေါ်လိုက်မိပြီး ထိုလူ့ အနားကို တုန်ရီစွာ သွားတော့ အနားမှာ ဖြတ်ပြေးသွားသည့် ကလေးလေးနဲ့ တိုက်မိတော့သည်။

ရုတ်တရက်မို့ ကလေးကို ရှောင်တိမ်းလိုက်တော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျရန် အနည်းငယ်မျှသာ လိုပါတော့သည်။

ကျောင်းသူ မိန်းကလေးရဲ့ ပိုက်ဆံအိတ် ကလည်း လွှင့်ထွက်သွားပြီး ကျွန်တော့် ကိုယ်လေးကတော့ နွေးထွေးသည့် အဲ့သည်နေရာဆီ ပြိုကျသွားသည်။

"အရင်လို နမော်နမဲ့ နိုင်နေတုန်းပဲလား"

ဆရာဟာ ကျွန်တော့်လက်ကို ဆွဲထားပြီး ရင်ဘတ်ကို အပ်ထားသည့် ကျွန်တော့်မျက်နှာလေးကို ငုံ့ကြည့်ပါသည်။

"ကျွန်တော်..."

စကားလုံးတွေဟာ နှုတ်ခမ်းဖျားကိုရောက်တော့ ရပ်တန့်သွားပြီး နှုတ်ဆိတ်သွားတော့သည်။

"ကိုယ်တို့ ဒီလိုပဲ နေလို့ မဖြစ်ဘူး ထင်တယ်"

ဆရာက သာမန်အတိုင်း ပြုမူနေဆဲ ဖြစ်သည်။ ကျွန်တော်တို့ ပြန်တွေ့သည့် ကိစ္စအပေါ် ဘာမှ သိသာလွန်းသည့် အမူအရာမျိုး မတွေ့ရပါဘူး။

ဒီလိုပဲ ပြန်ဆုံကြသည့် မိတ်ဆွေတွေလို သဘောထားသလား ဟု မေးလိုက်ချင်ပါသည်။

ကျွန်တော်ကတော့ အမှတ်မထင်လေး ဆုံပါစေဟုတောင် နေ့စဉ်မပြတ် တောင်းဆုပြုနေခဲ့တာပါ။

လူချင်းခွာလိုက်တော့ ဆရာက ပြုံးရယ်ပြီး ကျွန်တော့်ကို လှမ်းကြည့်ပါသည်။

"ကလေးတွေကို ရေနတ်သမီး ပန်းချီကားတွေ့လို့ ပန်းဒဏ္ဍာရီအကြောင်း ပြောပြနေတာ... မင်းကရော ဒီကို ပန်းချီကား‌ေ‌တွ လာကြည့်တာပဲလား"

မိုးပြိုတော့မလို နှလုံးသားက ကွဲအက်ကာ တုန်လှုပ်သွားရသည်။ ၇ နှစ်ကြာပြီးနောက် ပြန်တွေ့သည့်အချိန်မှာ ဒီစကားပဲ ပြောစရာ ရှိသလား...

ဒါမှမဟုတ် ဒီလိုစကားမျိုးပဲ ပြောသင့်သည့် ဆက်ဆံရေး ဖြ

"Este es tu bolso, niña. Debes tener cuidado porque hay mucha gente"
"ဒါက မင်းရဲ့ ပိုက်ဆံအိတ်ပါ မိန်းကလေး... ဒီမှာ လူတွေ များလွန်းလို့ ဂရုစိုက်သင့်တယ်"

ဆရာက ထို မိန်းကလေးနဲ့ စကားပြောနေသည်ကို နားထောင်ပြီး ပြုံးနေပါသည်။

"ဒါက ကိုယ့် တပည့်ရဲ့ ညီမလေးပါ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

"ကျွန်တော်..."

"Artist Kim!!"

ဆရာကို စကားပြောရန် ပြင်နေတုန်းမှာပင် အနောက်ဘက်မှ ခေါ်သံကို ကြားလိုက်ရသည်။

ဆရာကတော့ ကျွန်တော့်ကို တစ်လှည့်၊ အနောက်ဘက်မှာရှိသည့် ရေနတ်သမီး ပန်းချီကားကိုတစ်လှည့် ကြည့်လို့နေပါသည်။

"ကျွန်တော် လိုက်ရှာနေတာဗျာ... ပြခန်း တာဝန်ခံက တွေ့ချင်နေလို့လေ။ အခု လိုက်ခဲ့မှ ဖြစ်မယ်"

ဝန်ထမ်း ကောင်လေးတစ်ယောက် လာခေါ်သည်မို့ ငြင်းလို့ကလည်း မဖြစ်နိုင်.. အကြပ်ရိုက်နေတာ မြင်တော့ ထိုလူက ကျွန်တော့်အနား လျှောက်လာပါသည်။

"Toledo မှာ တွေ့ရမယ်လို့ မထင်ထားဘူး မနက်ဖြန်လည်း ပြခန်းကို လာခဲ့မှာမို့ တွေ့လို့ ရနိုင်ဦးမလား"

စဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်ပြီး ဝန်ထမ်းအနောက်ကို လိုက်သွားရပါသည်။

အနောက်ဘက်ကို လှည့်ကြည့်မိတော့ ထိုလူက ရေနတ်သမီး ပန်းချီကားကို အသေးစိတ်လိုက်ကြည့်နေခဲ့ပါသည်။

.

.

ဟိုတယ်ကို ပြန်ရောက်တော့ ကိုရိန်းဆီ ဖုန်းခေါ်လိုက်သည်။

"ဘာလဲ မင်း ပြန်လာတော့မှာလား"

ကိုရိန်းက ဝမ်းသာအားရလွန်းနေသည့် အသံဖြင့် မြူးကြွနေခဲ့တာ ဖြစ်၏။

"Toledo မှာ ဘယ်သူ့ကို တွေ့ခဲ့တယ်လို့ ထင်လဲ"

"ဘယ်သူလဲ... မင်း ကြိုက်တဲ့ ပန်းချီဆရာလား။ မဟုတ်ရင် MMA fighter တစ်ယောက်ယောက်လား"

ကိုရိန်းက တဟားဟား ရယ်နေပြီး စနောက်နေတော့သည်။

"ဆရာနဲ့ တွေ့ခဲ့တာ... ဆရာက အရင်လိုမျိုး ကြည့်ကောင်းနေတုန်းပဲ။ ပိုကြည့်ကောင်းလာတယ်လို့ ပြောရမလား မသိပါဘူး။ ပြီးတော့လေ အခုဆို ငါက ဆရာနဲ့ မတိမ်းမယိမ်းမို့ ဘေးချင်းယှဉ်လိုက်ရင် ဆရာ့အနားမှာ ပျောက်မနေဘူး‌ရယ်.. ဆရာကလည်း ငါ့ကို မှတ်မိနေတာ သိရဲ့လား။ တွေ့တွေ့ချင်း ဆရာ့ မျက်လုံးလေးတွေ ဝိုင်းစက်ပြီး အံ့ဩသွားသေးတာ... မနက်ဖြန်ကျရင် ပြတိုက်မှာ တွေ့ဖို့ ချိန်းထားသေးတယ်"

တစ်ဖက်ခြမ်းမှာက တိတ်ဆိတ်လို့ နေပါသည်။ ကိုရိန်းရဲ့ အသက်ရှူသံလေးတောင် မကြားရသည်မို့ စိုးထိတ်သွားမိသည်။

"ကိုရိန်း... ဖုန်းကိုင်ထားသေးလား"

ကိုရိန်းက ပြန်မဖြေလာဘဲ ‌တစ်ခဏလောက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။

"ကိုရိန်း... ကိုရိန်း"

"အာ... ငါ့ကို Carlos လာခေါ်နေလို့ ခဏလေးနော် ပြီးမှ ပြန်ဆက်လိုက်မယ်"

ကိုရိန်းက ဖုန်းချသွားတော့သည်။ ခဏကြာတော့ ကိုရိန်းရဲ့ သတင်းတချို့ တက်လာပါသည်။

Singapore မှာတုန်းက သတင်းထောက်တွေကို ရိုင်းစိုင်းစွာ ပြုမူခဲ့သည့်အတွက် မှတ်ချက်ဆိုးတွေချည်း ဖြစ်၏။

ကိုရိန်းဆီ ဖုန်းခေါ်လိုက်တော့ စက်ပိတ်ထားသည်မို့ Carlos ဆီ ခေါ်ရပါသည်။

"ကိုရိန်းက တစ်ယောက်တည်း ထွက်သွားတာ Taehyung... ကျွန်တော်တို့လည်း မသွားဖို့ ပြောနေရဲ့သားနဲ့ ထွက်သွားတာဗျာ။ ဒီနားတစ်ဝိုက်တော့ လိုက်ရှာပါဦးမယ်။ အကြောင်းထူးရင် ပြန်ပြောပေးမယ်နော်"

Carlos ဖုန်းကို ချပြီးနောက် သတင်းတွေ ဖတ်နေလိုက်ပါသည်။ ကိုရိန်းနဲ့တော့ ရင်မောစရာတွေသာ ဖြစ်၏။

ကိုရိန်းက တစ်ခါတစ်ရံ ဒီလိုပဲ သူလုပ်ချင်ရာကို လုပ်တတ်သည်မို့ စိတ်ပူရသည်။

.

.

Madrid မှာ ည ၈ နာရီ ကျော်နေပြီပေမယ့် လူတွေ လမ်းပေါ်မှာ ရှိနေဆဲ ဖြစ်၏။ ဘီယာဆိုင်တွေမှာတော့ လူတွေတိုးလို့ စည်ကားနေတာ ဖြစ်သည်။

လမ်းပေါ်မှာတော့ Michael's Pub ကနေ ဘီယာ နှစ်ပုလင်းကိုင်ပြီး ထွက်သွားသည့် ကိုရိန်း...

အနက်ရောင် ဂျက်ကတ်ကို ခေါင်းအထိ ဆောင်းထားပြီး ဘီယာတွေပါသည့် အိတ်ကို လက်မှာ ဆွဲလို့ထားသည်။

အိတ်ကပ်ထဲမှ ဖုန်းကတော့ စက်ပိတ်လိုက်ပြီမို့ ငြိမ်းချမ်းရေး ရသွားသလို ငြိမ်သက်သွားတော့သည်။

"Ya sabía que Korain es un tipo mal"
"ကိုရိန်းက ဒီလို လူဆိုးကောင်မှန်း ငါ သိသားပဲ"

ဘေးမှာ ဖြတ်သွားသည့် လူတစ်ယောက်ဆီမှ စကားသံကို ကျွန်တော် ကြားလိုက်ရသည်။ နာနာကျင်ကျင် ရယ်လိုက်မိပြီး မျက်နှာကို မဲ့ရွဲ့မိသည်။

လူတွေက ဒီလိုပဲ အပေါ်ယံတွေကို အတွင်းကျကျ သိသလိုမျိုး ပြောနေကျမို့ အထူးအဆန်းတော့ ဖြစ်မသွားပါဘူး။

ထူးဆန်းသည်က နှလုံးသားရေးရာ အကြောင်းတရား ဖြစ်သည်။

Taehyung ကို ကျွန်တော် သိပ်ချစ်ရပါသည်။ ကျွန်တော့်ဘက်က တတ်နိုင်သလောက် ကြိုးစားပြီး ချစ်‌ခြင်းမေတ္တာကို ပြသခဲ့ဖူးပါသည်။

သို့ပေမယ့် ကျွန်တော့် မေတ္တာတွေကို သူ မမြင်နိုင်သည်လား၊ ကျွန်တော် ဆိုလိုချင်သည့် အဓိပ္ပာယ်တွေဟာ သူ့ဆီပဲ သက်ရောက်မှု မရှိသည်လား...

သေချာသည်ကတော့ Taehyung ဆီ ရောက်အောင် ကျွန်တော် သွားခဲ့ဖူးပါသည်။ အနီးစပ်ဆုံး နေရာလေးအထိ သွားခဲ့ဖူးပါသည်။

ချစ်ခြင်းမေတ္တာတွေဟာ လုပ်ယူလို့လည်း မရသည်မို့ ‌သူ့ကိုလည်း အပြစ်မမြင်ချင်ပါဘူး။ ဒီလိုပါပဲ ဆုံတွေ့ဖို့ ကံမပါလာလျှင် ချစ်ခြင်းတရားတွေဟာ လွဲသွားတတ်ပုံ ရပါသည်။

မေတ္တာတွေဟာ ဒီလိုပဲ ကျွန်တော့် အပေါ် ရက်စက်သလားဟု တွေးထင်မိပါသေးသည်။ နှစ်တွေ အကြာကြီး စောင့်ဆိုင်းပြီး မျှော်လင့်ခဲ့သည်က တခြားသူဆီ ပေးပစ်လိုက်ဖို့ အကြောင်းဖန်လာခြင်း မျိုးလား...

အချစ်အကြောင်းအရာတွေက သိပ်ကို နက်နဲပြီး နာကျင်စရာတွေချည်း ပြည့်နက်နေသည် မဟုတ်ပါလား။

ကွန်ဒိုကို ပြန်ရောက်တော့မည်မို့ ဖြတ်လမ်းက‌နေ ချိုးဝင်လိုက်သည်။ ဒီလမ်းကြားထဲမှာ Taehyung နဲ့ အတူ ရယ်မောပြီး သွားဖူးပါသေးသည်။

ပြန်တွေးကြည့်တော့ တချို့အရာတွေဟာ မက်ခွင့်မရှိတော့သည့် အိမ်မက်ဟောင်းလေးတွေ ဖြစ်သွား၏။

သက်ပြင်းချမိပြီး လမ်းကြားထဲကို ချိုးဝင်သွားတော့ အနောက်ဘက်မှာ ခြေသံတချို့ ကြားလိုက်ရပါသည်။

ခပ်သုတ်သုတ် ပြေးလာပြီး ကျွန်တော့် ပုခုံးပေါ်ကို ရောက်လာသည့် လက်ချောင်းတွေ...

ဆတ်ခနဲ လှည့်လိုက်ပြီး ထိုလက်ကို ဆွဲယူကာ လိမ်ပစ်လိုက်ရသည်။ နံရံဆီ ဆောင့်တွန်းပြီး မျက်နှာကို နံရံဘက် ဖိတွန်းလိုက်သည်။

ကျွန်တော့်လို အနက်ရောင် ဂျက်ကတ်ဝတ်ထားပြီး ခေါင်းဆောင်းထားသည့် လူ..

"ငါ့အနောက် လိုက်လာတာ မဟုတ်လား ဘာအတွက်လဲ"

ထိုလူက ပြန်မဖြေဘဲ ရုန်းကန်ပြီး တွန်းထုတ်လာပါသည်။

လက်နှစ်ဘက်ကို စုချုပ်ထားလိုက်ပြီး ခေါင်းဆောင်းကို ချွတ်လိုက်တော့ အနီရောင် ဆံပင်ရှည်တွေ ဖြစ်နေ၏။

ထို့နောက် မျက်တောင်မွှေး ရှည်ရှည်လေးတွေ... သတိထားမိတော့မှ ဆွဲချုပ်ခံထားရသည့် လက်ချောင်းတွေဟာ ကျွန်တော့်လက်ဝါးပြင် ကြားမှာ သေးသေးလေးတွေ ဖြစ်နေပါသည်။

"နာတယ် သေတော့မလိုပဲ"

‌မျက်စောင်းထိုးပြီး လှမ်းကြည့်လာသည့် အညိုရောင် မျက်လုံးတွေ ဖြစ်သည်။

"ဘာလို့ အနောက်က လိုက်လာပြီး ပုခုံးကို လာဆွဲလဲ"

ဆွဲချုပ်ထားသည့် လက်တွေကို လွှတ်ပေးလိုက်တော့ ထို မိန်းကလေးက ကျွန်တော့်ကို ဒေါသတကြီး လှမ်းကြည့်ပါသည်။

နီရဲသွားသည့် သူ့ လက်ကောက်ဝတ်ကို ပွတ်သပ်ပြီး မျက်လုံးလှန်ကြည့်သည်။ မိန်းကလေးက ကျွန်တော့် ရင်ဘတ်လောက်သာ ရှိသည့် သေးသေးကလေးသာ ဖြစ်သည်။

"ဒီနားမှာ ရှိလောက်မယ် ဒီဘက်ကို ရှာကြည့်ကြဦး"

လမ်းမဘက်မှ အသံတွေ ကြားလိုက်ရပြီး ထိုမိန်းကလေး ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ဟိုမှာ လူရိပ်တွေ့တယ်"

ကျွန်တော်တို့ ရှိနေသည့် လမ်းကြားထဲ လူတွေ ရောက်လာပါသည်။

ထို မိန်းကလေးက မျက်လုံးတွေ မငြိမ်တော့ဘဲ ပျာယာခတ်သွားပြီးမှ ကျွန်တော့်ကို လှမ်းကြည့်သည်။

ထို့နောက် ကျွန်တော့် ဂျတ်ကတ်ကို ဆွဲချလိုက်ပြီး နှုတ်ခမ်းပေါ်ကို ထိတွေ့လာသည့် အထိအတွေ့ တွေ...

ရုတ်တရက်မို့ အံ့အားသင့်သွားပြီး မလှုပ်နိုင်တော့ ခါးပေါ်ကို ဖက်တွယ်လာသည့် လက်ချောင်းလေးတွေ... လက်သည်းခွံ ရှည်ရှည်လေးတွေက အင်္ကျီစကို ကုတ်ခြစ်နေတော့တာ

"လူငယ်တွေများ မြင်မကောင်းအောင် ဖြစ်နေကြတာပဲ"

ကျွန်တော့်ဘက် မီးရောင်တချို့ ရောက်လာပြီးနောက် ထိုလူတွေလည်း အဝေးကို ရောက်သွားကြသည်။

ထိုအခါမှ ကျွန်တော့် ရင်ဘတ်ကို ဆောင့်တွန်းလာတော့သည်။

"ကျေးဇူးပဲ"

ပါးပြင် နှစ်ဖက် ရဲတက်နေအောင် ရှက်သွားပုံ ရပါသည်။ ထို့နောက် နှင်းဆီ ရနံ့သင်းနေသည့် ဆံပင်လေးတွေ လွှင့်နေအောင် ပြေးသွားတော့သည်။

"ကျစ် ဘာလဲကွာ"

နှုတ်ခမ်းကို ဖိသုတ်လိုက်ပြီး ကွန်ဒိုဆီကို မျက်မှောင်ကုပ်ကာ သွားမိသည်။ တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားသည်က မြန်ဆန်ပါသည်။

"ဟေ့ကောင် ဘယ်တွေ သွာ‌းနေတာလဲ Taehyung က ဖုန်းခေါ်နေတာ"

Carlos က ကွန်ဒို‌အရှေ့မှာ ရပ်စောင့်နေပြီး ကျွန်တော့်ကို တွေ့တော့ လှမ်းအော်ပါသည်။

ပြန်မဖြေဘဲ အပေါ်တက်မည်ပြင်တော့ ပုခုံးကနေ လှမ်းဆွဲပြီး

"မင်း နှုတ်ခမ်းမှာ နှုတ်ခမ်းနီတွေ"

အထိတ်တလန့်ဖြင့် နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး

"Lip balm တွေ discount ချနေလို့ သွားစမ်းလာတာ"

Carlos ရဲ့ သံသယ မျက်လုံးတွေကို လိုက်ရှောင်ရပါသေးသည်။

.

.

ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်

VictoryKimTae

December 7, 2023

Zawgyi

Toledo ရဲ႕ နာမည္ႀကီး အထင္ကရ ျပတိုက္ျဖစ္သည့္ Museo De Santa Cruz အေရွ႕မွာ လူတန္း အရွည္ႀကီး ရပ္ေစာင့္ေနၾကၿပီ ျဖစ္၏။

Artist Kim ရဲ႕ ျပပြဲျဖစ္သည္မို႔ လက္မွတ္ကိုေတာင္ အလုအယက္ ဝယ္ထားခဲ့ရပါသည္။ လက္မွတ္ဝယ္ခြင့္ ျပဳလိုက္ၿပီး ကတည္းက ၂ ရက္အတြင္း အေရာင္းကုန္သြားခဲ့ျခင္း ျဖစ္၏။

ျပတိုက္ဖြင့္ေတာ့ လူတန္းႀကီးက တအိအိနဲ႔ ေရြ႕လ်ားလာၿပီး အထဲကို ဝင္လာၾကေတာ့သည္။

Madrid, Segovia, Ávila, Cuenca စသည့္ ၿမိဳ႕ႀကီးေတြကလည္း Toledo ကေန နာရီပိုင္းမွ်သာ ေဝးသည္မို႔ ျပတိုက္ကို အေရာက္လာၾကသူေတြလည္း မ်ားပါသည္။

Madrid တို႔လို႔ ၿမိဳ႕ေတာ္ျဖစ္သည့္ ၿမိဳ႕ႀကီးေတြေလာက္ေတာ့ လူဦးေရ မထူထပ္ေပမယ့္ Toledo မွာ ယေန႔ေတာ့ လူေတြ စည္ကားလြန္းေနေတာ့သည္။

"ဒီေန႔ ျပပြဲက စပိန္ႏိုင္ငံမွာ ပထမဆုံး အႀကိမ္ ျပဳလုပ္ဖူးတဲ့ ပြဲပါပဲ။ အခုလိုမ်ိဳး အမ်ားႀကီး ခ်ီးေျမႇာက္ ဂုဏ္ျပဳေပးၾကလို႔ ေက်းဇူးတင္ပါတယ္"

Artist Kim က မိန္႔ခြန္းေျပာၿပီးေနာက္ ျပပြဲကို ဖြင့္လွစ္လိုက္ၿပီ ျဖစ္သည္။

ဒီလိုနဲ႔ပဲ ျပတိုက္ တစ္ခုလုံး လူေတြ ျပန္႔သြားေတာ့သည္။

ျပတိုက္မွာက သမိုင္း အေမြအႏွစ္ေတြလည္း ရွိေသးသည္မို႔ ျပပြဲအတြက္ အခန္းတစ္ေနရာစာသာ ငွားထားၿပီး ႏွစ္ရက္သာ က်င္းပသြားမည္ ျဖစ္သည္။

ေန႔လည္ပိုင္းကို ေရာက္ေတာ့ တျဖည္းျဖည္းနဲ႔ လူေတြ ပိုမ်ားလာပါသည္။ ပန္းခ်ီကားတခ်ိဳ႕လည္း အေရာင္းထြက္ၿပီး Artist Kim ကေတာ့ လာေရာက္ ႏႈတ္ဆက္သူ ပရိသတ္ေတြၾကားမွာ အလုပ္မ်ားေနေတာ့သည္။

ပုံမွန္အားျဖင့္ မီဒီယာေတြနဲ႔ အေတြ႕မခံသည္မို႔ Artist Kim ကို ျမင္ဖူးသည္က ျပပြဲကို လာေရာက္သူေတြသာ ျဖစ္၏။

"Hola! Artist Kim"
"မဂၤလာပါ Artist Kim"

မိန္းကေလး တစ္ေယာက္ လာေရာက္ ႏႈတ္ဆက္သည္မို႔ ပန္းခ်ီကားေ‌တြ ၾကည့္ေနရင္းနဲ႔ ကြၽန္ေတာ္ လွည့္လိုက္မိသည္။

အထက္တန္း ေက်ာင္းသူ အရြယ္ေလာက္သာ ရွိပါေသးသည္။

"no puedo hablar inglés"
"အဂၤလိပ္စကား မေျပာတတ္ပါဘူး"

"Pero realmente admiro tu pintura y quiero tomarme una foto contigo. ¿Está bien para ti?"
"ဒါေပမယ့္ ဆရာ့ ပန္းခ်ီကားေတြကို တကယ္ သေဘာက်ၿပီး ဆရာနဲ႔ အတူတူ ဓာတ္ပုံ႐ိုက္ခ်င္လို႔ပါ။ အဆင္ေျပရဲ႕လား မသိဘူးေနာ္"

ကြၽန္ေတာ္က စပိန္ ဘာသာစကား တတ္ကြၽမ္းလြန္းသူ မဟုတ္ပါဘူး။ သို႔ေသာ္ ကိုရိန္းကေတာ့ သူ စပိန္ကို ျပန္ေရာက္သြား ကတည္းက အနည္းငယ္ေလာက္ သင္ေပးထားပါသည္။

ထို႔ေၾကာင့္ ဒီ ေက်ာင္းသူေလး ေျပာခ်င္သည့္ စကားကို အနည္းငယ္ေတာ့ သေဘာေပါက္ပါ၏။

"Lo haré por ti"
"မင္းအတြက္ ဓာတ္ပုံ အ႐ိုက္ခံမယ္ေနာ္"

ထို မိန္းကေလးက ေပ်ာ္သြားၿပီး ဓာတ္ပုံ႐ိုက္ၿပီးေနာက္ ေက်းဇူးတင္ေၾကာင္း ေျပာကာ ထြက္သြားသည္။

ထို႔ေနာက္ ပန္းခ်ီကားေတြကို ျပန္ၾကည့္ရန္ လွည့္လာလိုက္ေတာ့ ေျခေထာက္ေအာက္နားေလးမွာ မိန္းကေလးရဲ႕ ပိုက္ဆံအိတ္ေလး က်န္ေနခဲ့ပါသည္။

ေကာက္ယူလိုက္ၿပီး ထိုမိန္းကေလး အေနာက္ကို လိုက္ရသည္။

လူ ခပ္ရႈပ္ရႈပ္ေပမယ့္ သိပ္မရွာလိုက္ရဘဲ ေက်ာင္းသားေတြ ၾကားထဲ ထိုမိန္းကေလးကို လွမ္းေတြ႕လိုက္ရသည္။

ထို မိန္းကေလးက လူတစ္ေယာက္အား ဖုန္းထဲမွ ဓာတ္ပုံကို ျပေနျခင္း... ေက်ာျပင္ေလးသာ ျမင္ေနရေပမယ့္ ရင္းႏွီးေနသည့္ ထို ေက်ာျပင္ေလးရယ္ပါ။

အနားကို သြားၾကည့္မိေတာ့ သာယာလြန္းသည့္ ရယ္သံကေလးကို ၾကားလိုက္ရပါသည္။

ထို႔ေနာက္ အနက္ေရာင္ ဆံပင္ ခပ္တိုတိုေတြ၊ လက္ေခ်ာင္း သြယ္သြယ္ေလးေတြ... တစ္ခ်က္ကေလး ျမင္လိုက္ရသည့္ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြ

ထို မ်က္ဝန္းေတြက ကြၽန္ေတာ့္ကို ေတြ႕ေတာ့ အံ့အားသင့္သလို ဝိုင္းစက္သြားၿပီး ၿပဳံးရယ္ေနသည့္ အၿပဳံးကေလးေတြ ေခတၱမွ် ရပ္တန္႔သြားသည္။

အၾကာႀကီး ေပ်ာက္ဆုံးသြားသည့္ အဖိုးတန္ ရတနာေလးကို ျပန္ေတြ႕ခဲ့ၿပီ ျဖစ္၏။ ႏွလုံးသားဟာ အရင္လိုပဲ လႈပ္ရွားေနဆဲ၊ ထိုလူ့ဆီမွာ နစ္ဝင္ၿပီး ေပ်ာ္ျမဴးေနဆဲ ျဖစ္ပါသည္။

"ဆရာ..."

တိုးတိုးတိတ္တိတ္ ေခၚလိုက္မိၿပီး ထိုလူ့ အနားကို တုန္ရီစြာ သြားေတာ့ အနားမွာ ျဖတ္ေျပးသြားသည့္ ကေလးေလးနဲ႔ တိုက္မိေတာ့သည္။

႐ုတ္တရက္မို႔ ကေလးကို ေရွာင္တိမ္းလိုက္ေတာ့ ၾကမ္းျပင္ေပၚကို ျပဳတ္က်ရန္ အနည္းငယ္မွ်သာ လိုပါေတာ့သည္။

ေက်ာင္းသူ မိန္းကေလးရဲ႕ ပိုက္ဆံအိတ္ ကလည္း လႊင့္ထြက္သြားၿပီး ကြၽန္ေတာ့္ ကိုယ္ေလးကေတာ့ ေႏြးေထြးသည့္ အဲ့သည္ေနရာဆီ ၿပိဳက်သြားသည္။

"အရင္လို နေမာ္နမဲ့ ႏိုင္ေနတုန္းပဲလား"

ဆရာဟာ ကြၽန္ေတာ့္လက္ကို ဆြဲထားၿပီး ရင္ဘတ္ကို အပ္ထားသည့္ ကြၽန္ေတာ့္မ်က္ႏွာေလးကို ငုံ႔ၾကည့္ပါသည္။

"ကြၽန္ေတာ္..."

စကားလုံးေတြဟာ ႏႈတ္ခမ္းဖ်ားကိုေရာက္ေတာ့ ရပ္တန္႔သြားၿပီး ႏႈတ္ဆိတ္သြားေတာ့သည္။

"ကိုယ္တို႔ ဒီလိုပဲ ေနလို႔ မျဖစ္ဘူး ထင္တယ္"

ဆရာက သာမန္အတိုင္း ျပဳမူေနဆဲ ျဖစ္သည္။ ကြၽန္ေတာ္တို႔ ျပန္ေတြ႕သည့္ ကိစၥအေပၚ ဘာမွ သိသာလြန္းသည့္ အမူအရာမ်ိဳး မေတြ႕ရပါဘူး။

ဒီလိုပဲ ျပန္ဆုံၾကသည့္ မိတ္ေဆြေတြလို သေဘာထားသလား ဟု ေမးလိုက္ခ်င္ပါသည္။

ကြၽန္ေတာ္ကေတာ့ အမွတ္မထင္ေလး ဆုံပါေစဟုေတာင္ ေန႔စဉ္မျပတ္ ေတာင္းဆုျပဳေနခဲ့တာပါ။

လူခ်င္းခြာလိုက္ေတာ့ ဆရာက ၿပဳံးရယ္ၿပီး ကြၽန္ေတာ့္ကို လွမ္းၾကည့္ပါသည္။

"ကေလးေတြကို ေရနတ္သမီး ပန္းခ်ီကားေတြ႕လို႔ ပန္းဒ႑ာရီအေၾကာင္း ေျပာျပေနတာ... မင္းကေရာ ဒီကို ပန္းခ်ီကားေ‌‌တြ လာၾကည့္တာပဲလား"

မိုးၿပိဳေတာ့မလို ႏွလုံးသားက ကြဲအက္ကာ တုန္လႈပ္သြားရသည္။ ၇ ႏွစ္ၾကာၿပီးေနာက္ ျပန္ေတြ႕သည့္အခ်ိန္မွာ ဒီစကားပဲ ေျပာစရာ ရွိသလား...

ဒါမွမဟုတ္ ဒီလိုစကားမ်ိဳးပဲ ေျပာသင့္သည့္ ဆက္ဆံေရး ျဖ

"Este es tu bolso, niña. Debes tener cuidado porque hay mucha gente"
"ဒါက မင္းရဲ႕ ပိုက္ဆံအိတ္ပါ မိန္းကေလး... ဒီမွာ လူေတြ မ်ားလြန္းလို႔ ဂ႐ုစိုက္သင့္တယ္"

ဆရာက ထို မိန္းကေလးနဲ႔ စကားေျပာေနသည္ကို နားေထာင္ၿပီး ၿပဳံးေနပါသည္။

"ဒါက ကိုယ့္ တပည့္ရဲ႕ ညီမေလးပါ ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္"

"ကြၽန္ေတာ္..."

"Artist Kim!!"

ဆရာကို စကားေျပာရန္ ျပင္ေနတုန္းမွာပင္ အေနာက္ဘက္မွ ေခၚသံကို ၾကားလိုက္ရသည္။

ဆရာကေတာ့ ကြၽန္ေတာ့္ကို တစ္လွည့္၊ အေနာက္ဘက္မွာရွိသည့္ ေရနတ္သမီး ပန္းခ်ီကားကိုတစ္လွည့္ ၾကည့္လို႔ေနပါသည္။

"ကြၽန္ေတာ္ လိုက္ရွာေနတာဗ်ာ... ျပခန္း တာဝန္ခံက ေတြ႕ခ်င္ေနလို႔ေလ။ အခု လိုက္ခဲ့မွ ျဖစ္မယ္"

ဝန္ထမ္း ေကာင္ေလးတစ္ေယာက္ လာေခၚသည္မို႔ ျငင္းလို႔ကလည္း မျဖစ္ႏိုင္.. အၾကပ္႐ိုက္ေနတာ ျမင္ေတာ့ ထိုလူက ကြၽန္ေတာ့္အနား ေလွ်ာက္လာပါသည္။

"Toledo မွာ ေတြ႕ရမယ္လို႔ မထင္ထားဘူး မနက္ျဖန္လည္း ျပခန္းကို လာခဲ့မွာမို႔ ေတြ႕လို႔ ရႏိုင္ဦးမလား"

စဉ္းစားမေနဘဲ ေခါင္းညိတ္လိုက္ၿပီး ဝန္ထမ္းအေနာက္ကို လိုက္သြားရပါသည္။

အေနာက္ဘက္ကို လွည့္ၾကည့္မိေတာ့ ထိုလူက ေရနတ္သမီး ပန္းခ်ီကားကို အေသးစိတ္လိုက္ၾကည့္ေနခဲ့ပါသည္။

.

.

ဟိုတယ္ကို ျပန္ေရာက္ေတာ့ ကိုရိန္းဆီ ဖုန္းေခၚလိုက္သည္။

"ဘာလဲ မင္း ျပန္လာေတာ့မွာလား"

ကိုရိန္းက ဝမ္းသာအားရလြန္းေနသည့္ အသံျဖင့္ ျမဴးႂကြေနခဲ့တာ ျဖစ္၏။

"Toledo မွာ ဘယ္သူ့ကို ေတြ႕ခဲ့တယ္လို႔ ထင္လဲ"

"ဘယ္သူလဲ... မင္း ႀကိဳက္တဲ့ ပန္းခ်ီဆရာလား။ မဟုတ္ရင္ MMA fighter တစ္ေယာက္ေယာက္လား"

ကိုရိန္းက တဟားဟား ရယ္ေနၿပီး စေနာက္ေနေတာ့သည္။

"ဆရာနဲ႔ ေတြ႕ခဲ့တာ... ဆရာက အရင္လိုမ်ိဳး ၾကည့္ေကာင္းေနတုန္းပဲ။ ပိုၾကည့္ေကာင္းလာတယ္လို႔ ေျပာရမလား မသိပါဘူး။ ၿပီးေတာ့ေလ အခုဆို ငါက ဆရာနဲ႔ မတိမ္းမယိမ္းမို႔ ေဘးခ်င္းယွဉ္လိုက္ရင္ ဆရာ့အနားမွာ ေပ်ာက္မေနဘူး‌ရယ္.. ဆရာကလည္း ငါ႔ကို မွတ္မိေနတာ သိရဲ႕လား။ ေတြ႕ေတြ႕ခ်င္း ဆရာ့ မ်က္လုံးေလးေတြ ဝိုင္းစက္ၿပီး အံ့ဩသြားေသးတာ... မနက္ျဖန္က်ရင္ ျပတိုက္မွာ ေတြ႕ဖို႔ ခ်ိန္းထားေသးတယ္"

တစ္ဖက္ျခမ္းမွာက တိတ္ဆိတ္လို႔ ေနပါသည္။ ကိုရိန္းရဲ႕ အသက္႐ွဴသံေလးေတာင္ မၾကားရသည္မို႔ စိုးထိတ္သြားမိသည္။

"ကိုရိန္း... ဖုန္းကိုင္ထားေသးလား"

ကိုရိန္းက ျပန္မေျဖလာဘဲ ‌တစ္ခဏေလာက္ တိတ္ဆိတ္ေနဆဲ ျဖစ္သည္။

"ကိုရိန္း... ကိုရိန္း"

"အာ... ငါ႔ကို Carlos လာေခၚေနလို႔ ခဏေလးေနာ္ ၿပီးမွ ျပန္ဆက္လိုက္မယ္"

ကိုရိန္းက ဖုန္းခ်သြားေတာ့သည္။ ခဏၾကာေတာ့ ကိုရိန္းရဲ႕ သတင္းတခ်ိဳ႕ တက္လာပါသည္။

Singapore မွာတုန္းက သတင္းေထာက္ေတြကို ႐ိုင္းစိုင္းစြာ ျပဳမူခဲ့သည့္အတြက္ မွတ္ခ်က္ဆိုးေတြခ်ည္း ျဖစ္၏။

ကိုရိန္းဆီ ဖုန္းေခၚလိုက္ေတာ့ စက္ပိတ္ထားသည္မို႔ Carlos ဆီ ေခၚရပါသည္။

"ကိုရိန္းက တစ္ေယာက္တည္း ထြက္သြားတာ Taehyung... ကြၽန္ေတာ္တို႔လည္း မသြားဖို႔ ေျပာေနရဲ႕သားနဲ႔ ထြက္သြားတာဗ်ာ။ ဒီနားတစ္ဝိုက္ေတာ့ လိုက္ရွာပါဦးမယ္။ အေၾကာင္းထူးရင္ ျပန္ေျပာေပးမယ္ေနာ္"

Carlos ဖုန္းကို ခ်ၿပီးေနာက္ သတင္းေတြ ဖတ္ေနလိုက္ပါသည္။ ကိုရိန္းနဲ႔ေတာ့ ရင္ေမာစရာေတြသာ ျဖစ္၏။

ကိုရိန္းက တစ္ခါတစ္ရံ ဒီလိုပဲ သူလုပ္ခ်င္ရာကို လုပ္တတ္သည္မို႔ စိတ္ပူရသည္။

.

.

Madrid မွာ ည ၈ နာရီ ေက်ာ္ေနၿပီေပမယ့္ လူေတြ လမ္းေပၚမွာ ရွိေနဆဲ ျဖစ္၏။ ဘီယာဆိုင္ေတြမွာေတာ့ လူေတြတိုးလို႔ စည္ကားေနတာ ျဖစ္သည္။

လမ္းေပၚမွာေတာ့ Michael's Pub ကေန ဘီယာ ႏွစ္ပုလင္းကိုင္ၿပီး ထြက္သြားသည့္ ကိုရိန္း...

အနက္ေရာင္ ဂ်က္ကတ္ကို ေခါင္းအထိ ေဆာင္းထားၿပီး ဘီယာေတြပါသည့္ အိတ္ကို လက္မွာ ဆြဲလို႔ထားသည္။

အိတ္ကပ္ထဲမွ ဖုန္းကေတာ့ စက္ပိတ္လိုက္ၿပီမို႔ ၿငိမ္းခ်မ္းေရး ရသြားသလို ၿငိမ္သက္သြားေတာ့သည္။

"Ya sabía que Korain es un tipo mal"
"ကိုရိန္းက ဒီလို လူဆိုးေကာင္မွန္း ငါ သိသားပဲ"

ေဘးမွာ ျဖတ္သြားသည့္ လူတစ္ေယာက္ဆီမွ စကားသံကို ကြၽန္ေတာ္ ၾကားလိုက္ရသည္။ နာနာက်င္က်င္ ရယ္လိုက္မိၿပီး မ်က္ႏွာကို မဲ့ရြဲ႕မိသည္။

လူေတြက ဒီလိုပဲ အေပၚယံေတြကို အတြင္းက်က် သိသလိုမ်ိဳး ေျပာေနက်မို႔ အထူးအဆန္းေတာ့ ျဖစ္မသြားပါဘူး။

ထူးဆန္းသည္က ႏွလုံးသားေရးရာ အေၾကာင္းတရား ျဖစ္သည္။

Taehyung ကို ကြၽန္ေတာ္ သိပ္ခ်စ္ရပါသည္။ ကြၽန္ေတာ့္ဘက္က တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီး ခ်စ္‌ျခင္းေမတၱာကို ျပသခဲ့ဖူးပါသည္။

သို႔ေပမယ့္ ကြၽန္ေတာ့္ ေမတၱာေတြကို သူ မျမင္ႏိုင္သည္လား၊ ကြၽန္ေတာ္ ဆိုလိုခ်င္သည့္ အဓိပၸာယ္ေတြဟာ သူ့ဆီပဲ သက္ေရာက္မႈ မရွိသည္လား...

ေသခ်ာသည္ကေတာ့ Taehyung ဆီ ေရာက္ေအာင္ ကြၽန္ေတာ္ သြားခဲ့ဖူးပါသည္။ အနီးစပ္ဆုံး ေနရာေလးအထိ သြားခဲ့ဖူးပါသည္။

ခ်စ္ျခင္းေမတၱာေတြဟာ လုပ္ယူလို႔လည္း မရသည္မို႔ ‌သူ့ကိုလည္း အျပစ္မျမင္ခ်င္ပါဘူး။ ဒီလိုပါပဲ ဆုံေတြ႕ဖို႔ ကံမပါလာလွ်င္ ခ်စ္ျခင္းတရားေတြဟာ လြဲသြားတတ္ပုံ ရပါသည္။

ေမတၱာေတြဟာ ဒီလိုပဲ ကြၽန္ေတာ့္ အေပၚ ရက္စက္သလားဟု ေတြးထင္မိပါေသးသည္။ ႏွစ္ေတြ အၾကာႀကီး ေစာင့္ဆိုင္းၿပီး ေမွ်ာ္လင့္ခဲ့သည္က တျခားသူဆီ ေပးပစ္လိုက္ဖို႔ အေၾကာင္းဖန္လာျခင္း မ်ိဳးလား...

အခ်စ္အေၾကာင္းအရာေတြက သိပ္ကို နက္နဲၿပီး နာက်င္စရာေတြခ်ည္း ျပည့္နက္ေနသည္ မဟုတ္ပါလား။

ကြန္ဒိုကို ျပန္ေရာက္ေတာ့မည္မို႔ ျဖတ္လမ္းက‌ေန ခ်ိဳးဝင္လိုက္သည္။ ဒီလမ္းၾကားထဲမွာ Taehyung နဲ႔ အတူ ရယ္ေမာၿပီး သြားဖူးပါေသးသည္။

ျပန္ေတြးၾကည့္ေတာ့ တခ်ိဳ႕အရာေတြဟာ မက္ခြင့္မရွိေတာ့သည့္ အိမ္မက္ေဟာင္းေလးေတြ ျဖစ္သြား၏။

သက္ျပင္းခ်မိၿပီး လမ္းၾကားထဲကို ခ်ိဳးဝင္သြားေတာ့ အေနာက္ဘက္မွာ ေျခသံတခ်ိဳ႕ ၾကားလိုက္ရပါသည္။

ခပ္သုတ္သုတ္ ေျပးလာၿပီး ကြၽန္ေတာ့္ ပုခုံးေပၚကို ေရာက္လာသည့္ လက္ေခ်ာင္းေတြ...

ဆတ္ခနဲ လွည့္လိုက္ၿပီး ထိုလက္ကို ဆြဲယူကာ လိမ္ပစ္လိုက္ရသည္။ နံရံဆီ ေဆာင့္တြန္းၿပီး မ်က္ႏွာကို နံရံဘက္ ဖိတြန္းလိုက္သည္။

ကြၽန္ေတာ့္လို အနက္ေရာင္ ဂ်က္ကတ္ဝတ္ထားၿပီး ေခါင္းေဆာင္းထားသည့္ လူ..

"ငါ႔အေနာက္ လိုက္လာတာ မဟုတ္လား ဘာအတြက္လဲ"

ထိုလူက ျပန္မေျဖဘဲ ႐ုန္းကန္ၿပီး တြန္းထုတ္လာပါသည္။

လက္ႏွစ္ဘက္ကို စုခ်ဳပ္ထားလိုက္ၿပီး ေခါင္းေဆာင္းကို ခြၽတ္လိုက္ေတာ့ အနီေရာင္ ဆံပင္ရွည္ေတြ ျဖစ္ေန၏။

ထို႔ေနာက္ မ်က္ေတာင္ေမႊး ရွည္ရွည္ေလးေတြ... သတိထားမိေတာ့မွ ဆြဲခ်ဳပ္ခံထားရသည့္ လက္ေခ်ာင္းေတြဟာ ကြၽန္ေတာ့္လက္ဝါးျပင္ ၾကားမွာ ေသးေသးေလးေတြ ျဖစ္ေနပါသည္။

"နာတယ္ ေသေတာ့မလိုပဲ"

‌မ်က္ေစာင္းထိုးၿပီး လွမ္းၾကည့္လာသည့္ အညိဳေရာင္ မ်က္လုံးေတြ ျဖစ္သည္။

"ဘာလို႔ အေနာက္က လိုက္လာၿပီး ပုခုံးကို လာဆြဲလဲ"

ဆြဲခ်ဳပ္ထားသည့္ လက္ေတြကို လႊတ္ေပးလိုက္ေတာ့ ထို မိန္းကေလးက ကြၽန္ေတာ့္ကို ေဒါသတႀကီး လွမ္းၾကည့္ပါသည္။

နီရဲသြားသည့္ သူ့ လက္ေကာက္ဝတ္ကို ပြတ္သပ္ၿပီး မ်က္လုံးလွန္ၾကည့္သည္။ မိန္းကေလးက ကြၽန္ေတာ့္ ရင္ဘတ္ေလာက္သာ ရွိသည့္ ေသးေသးကေလးသာ ျဖစ္သည္။

"ဒီနားမွာ ရွိေလာက္မယ္ ဒီဘက္ကို ရွာၾကည့္ၾကဦး"

လမ္းမဘက္မွ အသံေတြ ၾကားလိုက္ရၿပီး ထိုမိန္းကေလး ကလည္း လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။

"ဟိုမွာ လူရိပ္ေတြ႕တယ္"

ကြၽန္ေတာ္တို႔ ရွိေနသည့္ လမ္းၾကားထဲ လူေတြ ေရာက္လာပါသည္။

ထို မိန္းကေလးက မ်က္လုံးေတြ မၿငိမ္ေတာ့ဘဲ ပ်ာယာခတ္သြားၿပီးမွ ကြၽန္ေတာ့္ကို လွမ္းၾကည့္သည္။

ထို႔ေနာက္ ကြၽန္ေတာ့္ ဂ်တ္ကတ္ကို ဆြဲခ်လိုက္ၿပီး ႏႈတ္ခမ္းေပၚကို ထိေတြ႕လာသည့္ အထိအေတြ႕ ေတြ...

႐ုတ္တရက္မို႔ အံ့အားသင့္သြားၿပီး မလႈပ္ႏိုင္ေတာ့ ခါးေပၚကို ဖက္တြယ္လာသည့္ လက္ေခ်ာင္းေလးေတြ... လက္သည္းခြံ ရွည္ရွည္ေလးေတြက အကႌ်စကို ကုတ္ျခစ္ေနေတာ့တာ

"လူငယ္ေတြမ်ား ျမင္မေကာင္းေအာင္ ျဖစ္ေနၾကတာပဲ"

ကြၽန္ေတာ့္ဘက္ မီးေရာင္တခ်ိဳ႕ ေရာက္လာၿပီးေနာက္ ထိုလူေတြလည္း အေဝးကို ေရာက္သြားၾကသည္။

ထိုအခါမွ ကြၽန္ေတာ့္ ရင္ဘတ္ကို ေဆာင့္တြန္းလာေတာ့သည္။

"ေက်းဇူးပဲ"

ပါးျပင္ ႏွစ္ဖက္ ရဲတက္ေနေအာင္ ရွက္သြားပုံ ရပါသည္။ ထို႔ေနာက္ ႏွင္းဆီ ရနံ႔သင္းေနသည့္ ဆံပင္ေလးေတြ လႊင့္ေနေအာင္ ေျပးသြားေတာ့သည္။

"က်စ္ ဘာလဲကြာ"

ႏႈတ္ခမ္းကို ဖိသုတ္လိုက္ၿပီး ကြန္ဒိုဆီကို မ်က္ေမွာင္ကုပ္ကာ သြားမိသည္။ တစ္ခဏေလးအတြင္း ျဖစ္ပ်က္သြားသည္က ျမန္ဆန္ပါသည္။

"ေဟ့ေကာင္ ဘယ္ေတြ သြာ‌းေနတာလဲ Taehyung က ဖုန္းေခၚေနတာ"

Carlos က ကြန္ဒို‌အေရွ႕မွာ ရပ္ေစာင့္ေနၿပီး ကြၽန္ေတာ့္ကို ေတြ႕ေတာ့ လွမ္းေအာ္ပါသည္။

ျပန္မေျဖဘဲ အေပၚတက္မည္ျပင္ေတာ့ ပုခုံးကေန လွမ္းဆြဲၿပီး

"မင္း ႏႈတ္ခမ္းမွာ ႏႈတ္ခမ္းနီေတြ"

အထိတ္တလန္႔ျဖင့္ ႏႈတ္ခမ္းကို ခပ္ၾကမ္းၾကမ္း သုတ္ပစ္လိုက္ၿပီး

"Lip balm ေတြ discount ခ်ေနလို႔ သြားစမ္းလာတာ"

Carlos ရဲ႕ သံသယ မ်က္လုံးေတြကို လိုက္ေရွာင္ရပါေသးသည္။

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္

VictoryKimTae

December 7, 2023

Continue Reading

You'll Also Like

554K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.3M 57K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
207K 3.9K 23
-FREMIONE- When times are hard, Hermione has found refuge in a different redhead. Fred Weasley. But, when unexpected feelings show up, will Hermione...
12.2K 1.3K 17
Taekook Kim Taehyung ×Jeon jungkook Start date-27.4.2024 End date-15.5.2024 Top-Jeon Jungkook Bottom -Kim Taehyung