🌸Mud (နွံ)🌸 [Complete]
By LoonDarli
51.7K 1.9K 96
❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက... More
🥀Intro🥀
🥀Part-1🥀
🥀Part -2🥀
🥀Part-3🥀
🥀Part -4🥀
🥀Part - 5🥀
🥀Part - 6🥀
🥀Part - 7🥀
🥀Part - 8🥀
🥀🔞Part - 9🔞🥀
🥀🔞Part-10🔞🥀
🥀🔞Part - 11🔞🥀
🥀Part -12🥀
🥀🔞Part - 13🔞🥀
🥀Part - 14🥀
🥀Part -15🥀
🥀Part - 16🥀
🥀Part -17🥀
🥀Part -18🥀
🥀Part -19🥀
🥀Final🥀
🥀Part -20🥀
1.4K 64 5
By LoonDarli
(Zawgyi)
🌸Mud(နွံ)🌸
"ကျန်းချန်"
"အေး"
"ဟမ် ဘာလုပ်ဖို့လဲ"
..................................................................................
"မဂ်လာပါ"
"အင်း"
................................................................................
"ဟို....ရှောင်းကျန့်..."
"အင်း"
"ကိုကို"
"မင်း.....ရှောင်းကျန့်...."
ရှီးချန်က
"ရှောင်းကျန့်!! ကျွန်တော်ခဗျားကို ချစ်တယ်! အဲ့အတွက်အထိုးခံရလည်း ရတယ်! ဘယ်လိုပဲဖြစ်နေနေ ရှောင်းကျန့်ကိုချစ်တယ်"
"အဲ့ဒါ ခဗျားသားလား"
"ဟုတ် ဟုတ်ပါတယ်ခဗျာ"
"အင့်"
"ကိုကို ကျွန်တော်.."
...............................................................................
"........"
"ကျွန်တော်......"
"......."
................................................................................
.................................................................................
"ရိပေါ် အဆင်ပြေရဲ့လား"
"ရတယ် ငါဘာမှမဖြစ်ဘူး"
"အေးအေး"
"ငါဘာလုပ်လို့လဲ"
"အပြစ်ဒဏ်ပေးနေတာ"
"ရိပေါ်!"
"......"
.................................................................................
>>>ည၂ခွဲအချိန်<<<
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
................................................................................
(Unicode)
🌸Mud(နှံ)🌸
ရှောင်းကျန့် စာမေးပွဲခန်းထဲ၌ ချွေးများကျအောင် စာဖြေနေရသည်။ သူမအောင်လို့မဖြစ် သူမအောင်ရင် ရိပေါ်စိတ်ဆိုးမှာကိုသူကြောက်သည်။ အချိန်အတော်ကြာတော့ စာမေးပွဲဖြေဆိုခြင်းအချိန်ပြီးသွားခဲ့သည် ။
ရိပေါ် ကားပေါ်မှာထိုင်နေကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည် ။ ဘေးမှ ကျန်းချန်က
"ရိပေါ် စာမေးပွဲဖြေတာက ရှောင်းကျန့်လား မင်းလားမသဲကွဲတော့ဘူး အဲ့လောက်လည်းစိတ်ပူမနေပါနဲ့ကွာ ရှောင်းကျန့်က စာအတော်ဆုံးကျောင်းသားတစ်ယောက်ဆိုတာကိုမင်းမေ့နေတာလား?"
"ငါသိပါတယ်ကျန်းချန်ရာ"
"သိရင်လည်း မင်းရဲ့ပူပန်နေတဲ့မျက်နှာကြီးကိုနဲနဲလျှော့ပါဦးဟ ဘေးကကြည့်ရတဲ့ငါ အမြင်ကပ်လာပြီ"
ထိုတော့မှ အနဲငယ်တည်ငြိမ်သွားဟန်ဖြစ်သွားတဲ့ရိပေါ်။
"ကျန်းချန်"
"အေး"
"ပန်းစည်းသွားဝယ်ရအောင်"
"ဟမ် ဘာလုပ်ဖို့လဲ"
"ဘာလုပ်ရမှာလဲ ကျန့်ကိုပေးဖို့ပေါ့"
"ဟ! စာမေးပွဲဖြေတာ အဲ့ဒါတွေလိုလို့လားဟ"
"မင်းမလိုတာလေ ငါလိုတယ် သွား ပန်းစည်းသွားဝယ်မယ်"
"အေးပါကွာ...$အတွဲတွေများ ပိုကိုပိုတယ်"
‌ကျန်းချန်နဲ့ရိပေါ် ပန်းဆိုင်သို့သွားကြသည်
..................................................................................
ပန်းဆိုင်သို့ရောက်တော့ ဝန်ထမ်းမိန်းကလေးများက ရိပေါ်တို့ကိုနှုတ်ဆက်သည် ။
"မဂ်လာပါ"
ရိပေါ်နဲ့ကျန်းချန် ပန်းစည်းတွေကိုကြည့်နေတော့ ဝန်ထမ်းမိန်းကလေးမှ
"အကိုတို့ ဘယ်လိုပန်းလေးများလိုချင်တာလဲမသိဘူးရှင့်"
"အော် နီနီရဲရဲလေးဖြစ်မယ့်ပန်းမျိုး အမ်း....ကျူးလစ်အနီရောင်လေးပေးပါ..."
"ဟုတ်ကဲ့ ခဏထိုင်စောင့်ပေးပါဦးရှင့်"
"အင်း"
ကျန်းချန်နဲ့ရိပေါ် ထိုင်နေကြကာ ဆိုင်ကိုအပြင်အဆင်ကြည့်ပြီး ရိပေါ်သဘောကျနေသည် ။ ကျန်းချန်က
"ရိပေါ် ပြုံးလှချည်လား"
"အဟင်း ‌ဟူတ်တယ် ငါဒီဆိုင်ရဲ့အပြင်အဆင်ကို ကြိုက်တယ်ကျန်းချန် သန့်ရှင်းသ-ပ်ရပ်ပြီး တော်တော်လေးလှတယ်"
"အေး အဲ့ဒါတော့ဟုတ်တယ်နော်"
အချိန်ခဏအကြာ ပန်းစည်းကိုင်၍ ရိပေါ်တို့ဆီလျှောက်လာသောဝန်ထမ်းမိန်းကလေး။ ပန်းစည်းကိုပေးကာ
"အကိုရှင့် ပန်းစည်းလေးရပါပြီနော်"
ရိပေါ် ကျူးလစ်အနီရောင်ပန်းလေးကိုကြည့်ကာ သဘောကျနေသည်
"ညီမတို့ဆိုင်က ကိုယ်တိုင်အလှဆင်ထားတာလား ဒါမှမဟုတ် Agency အပ်တာလား ပန်းတွေနဲ့ပေါ့ "
"မဟုတ်ပါဘူးရှင့် ညီမတို့က ဆိုင်ကိုကိုယ့်ဘာသာပဲ ဆင်ထားတာပါရှင့်"
"ဟုတ်လား ဒါဆိုတော်တော်လေး တော်ကြတာပဲ အကို ဒီပြင်ဆင်ပုံလေးကိုကြိုက်တယ် အဲ့ဒါ ဒီမှာ Weeding အတွက်များပြင်ဆင်ပေးလားမသိဘူး"
"ဟူတ်ကဲ့အကို ညီမတို့ဆိုင်က Wedding ပွဲတွေအတွက် ပြင်ဆင်ပေးပါတယ်နော် ဆိုင်ကလည်းအသစ်ဆိုတော့ ဘယ်သူမှလည်း သိပ်မသိကြသေးပါဘူးရှင့်"
"ကောင်းပြီလေ ဒါဆို ပွဲလေးအပ်ချင်လို့"
"ဟုတ်ကဲ့ ဒီဘက်ကိုကြွပါရှင်"
ရိပေါ်နဲ့ကျန်းချန် မဂ်လာပွဲအတွက် အခမ်းအနားအပြင်အဆင်ကိုအပ်ပြီး ဆိုင်မှ ရှောင်းကျန့်တို့ကျောင်းဆီသို့ ပြန်ထွက်ကြလာသည်။
................................................................................
ရှောင်းကျန့် ကျောင်းရှေ့မှာ မတ်တပ်ရပ်နေသည်။ ဝမ်ချင်နဲ့မျန့်မျန့်တို့က ပြန်နှင့်ကြပြီဖြစ်သည်။ ရှီးချန် ကျောင်းထဲမှ ထွက်လာသည်
"ရှောင်းကျန့် စောင့်နေရတာ အရမ်းကြာသွားလားဟင်"
"ရပါတယ် သိပ်မစောင့်ရသေးပါဘူး...ကဲပြော ပြောစရာရှိတဲ့စကား"
"ဟို....ရှောင်းကျန့်..."
"အင်း"
"ကျွန်တော်...ရှောင်းကျန့်ကိုချစ်တယ်"
"ငါမင်းကိုဘနှခါပြောရမလဲရှီးချန်...ငါ့မှာကိုကိုရှိတယ် ငါကိုကို့ကိုပဲချစ်တယ် ငါမင်းကို ဂျူနီယာတစ်ယောက်အနေနဲ့ကလွဲလို့ ကျန်တာ ငါလက်မခံနိုင်ဘူး"
"ရှောင်းကျန့်မှာချစ်သူပဲရှိတာလေ ယူထားတာမှမဟုတ်တာပဲ... ကျွန်တော် ရှောင်းကျန့်ကိုပိုင်ဆိုင်ချင်တယ် ရှောင်းကျန့်....‌ ကျေးဇူးပြုပြီး ကျွန်တော့်အချစ်ကို လက်ခံပေးပါရှောင်းကျန့်ရယ်"
"မင်းကို ပြောပြီးပြီလေရှီးချန် ငါမင်းကို.."
ရှောင်းကျန့် ပြောစကားမဆုံးခင် ရှီးချန်က ရှောင်းကျန့်ကို ဖက်နမ်းလိုက်သည် ။
ရိပေါ်တို့ကား ကျောင်းရှေ့ကိုရောက်တော့ ရှောင်းကျန့်ကိုတွေ့သည်။ ရိပေါ် ကားကိုရှောင်းကျန့်အနားကိုတိုးသွားတော့ ပြေးလာတဲ့ရှီးချန်ကိုတွေ့တာကြောင့် ကားထဲမှကြည့်နေမိသည်။ ရှီးချန် ရှောင်းကျန့်ကိုနမ်းလိုက်တာကိုတွေ့သွား၍ ကားထဲမှ အမြန်ထွက်သွားသောရိပေါ်။ ကျန်းချန် အနောက်မှ လှမ်းခေါ်သော်လည်း မမှီလိုက်ပေ
"ဟာ ရိပေါ်!!....ဒုက္ခပါပဲကွာ..."
ရိပေါ် ရှီးချန်ကို ကိုင်ဆွဲကာ လက်သီးဖြင့် မျက်နှာကိုထိုးလိုက်သည်။ ရုတ်တရတ်ရောက်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် လန့်သွားသည်
"ကိုကို"
"မင်းငါ့ကို အဲ့လိုမခေါ်နဲ့!!!!!!"
ရိပေါ် အော်သံကြောင့် ရှောင်းကျန့်လန့်သွားတော့ ရိပေါ် သူ့လက်ထဲမှာပါတဲ့ ပန်းစည်းကို ရှောင်းကျန့်ရင်ဘတ်သို့ပြစ်ပေါက်လိုက်ကာ
"မင်း.....ရှောင်းကျန့်...."
ရိပေါ် မျက်နှာတစ်ခုလုံးနီရဲတွတ်လာကာ မျက်ရည်များဝဲလာသည် ။ ရှောင်းကျန့် ဘာလုပ်ရမလဲမသိတော့ ။ ရိပေါ်ရဲ့အကြည့်တွေကို သူကောင်းကောင်းသိသည်
"မဟုတ်ဘူး ကိုကို...မဟူတ်ဘူး...ကိုကို ကျွန်‌တော့်ကို အထင်မှားနေတာ "
"အထင်မှားနေတာ...ဟုတ်လား....ဒီလောက်ကွင်းကွင်းကွက်ကွက် မြင်နေရတာတောင်မှ ငါ့ကိုပြောင်လိမ်နေတာလား!! ရှောင်းကျန့်!!"
"မဟူတ်ပါဘူး ကိုကိုရယ်....ကျွန်တော်ပြောတာကို‌ နားထောင်ပေးပါ..."
ရှီးချန် သူ့ပါးစပ်မှ သွေးကို လက်ဖြင့်သုတ်လိုက်ကာ
"ခဗျား ရှောင်းကျန့်ကိုအော်စရာမလိုဘူး"
ရိပေါ် ရှီးချန်ဆီသွားကာ ဒေါသတွေအကုန်ကို ရှီးချန်ပေါ် ပုံချလိုက်၍ မျက်နှာကို အဆက်အပြတ်ထိုးနေသည်။ ရိပေါ်ထိုးနေသည်ကိူ ဘာမှပြန်မလုပ်ပဲ ငြိမ်ခံနေသော ရှီးချန် ။ ကျန်းချန် ရိပေါ်ကို အနောက်မှ ဆွဲနေသည်။
"ရိပေါ် တော်တော့ မင်းလွန်မယ်"
ဘာမှမပြောပဲ ရှီးချန်ရဲ့မျက်နှာကိုပဲ အသဲအမဲထိုးနေတဲ့ရိပေါ် ။ ကားတစ်စီးရောက်လာကာ လူနှစ်ဦးက ရိပေါ်ကိုဆွဲကာ ရှီးချန်ကိုထူမပေးသည် ။ အနောက်မှ ရောက်လာသော သူက လန်လူကြီးမင်းပင်
"ငါ့သားကို ဘာတွေလုပ်...ဟင်!? Mr.Wang!"
လန်လူကြီးမင်း မျက်လုံးပြူး မျက်ဆံပြူးကာ ခါးကိုကိုင်းညွှတ်လိုက်ပြီး
"တောင်း တောင်းပန်ပါတယ် Mr.Wang"
ရှီးချန်က
"ဘာတွေတောင်းပန်နေတာလဲ ပါးပါး သူကျွန်တော့်ကိုထိုးတာလေ!!"
"မင်းပါးစပ်ကိုပိတ်ထားတော့!"
ဆိုကာ သူ့လူတွေကို အချက်ပြပြီး ကားထဲသိူ့ရှီးချန်ကိုခေါ်သွားခိုင်းလိုက်သည် ။ ရှီးချန်ကတော့ ကားထဲဝင်သည်အထိ
"ရှောင်းကျန့်!! ကျွန်တော်ခဗျားကိူ ချစ်တယ်! အဲ့အတွက်အထိုးခံရလည်း ရတယ်! ဘယ်လိုပဲဖြစ်နေနေ ရှောင်းကျန့်ကိုချစ်တယ်"
လန်လူကြီးမင်း မျက်နှာများပျက်နေကာ
"တောင်းပန်ပါတယ် Mr.Wangရယ် ကျွန်တော့်သားအစား ဘာပြောရမှန်းတောင်မသိတော့ပါဘူး"
"အဲ့ဒါ ခဗျားသားလား"
"ဟုတ် ဟုတ်ပါတယ်ခဗျာ"
"ခဗျားသားကို ‌ေ-သချာဆုံးမထားပါ"
"ဟူတ်ကဲ့ ‌ေ-သချာဆုံးမထားပါ့မယ် တောင်းပန်ပါတယ်ဗျာ Mr.Wangကို တကယ်တောင်းပန်ပါတယ်"
ရိပေါ် ဘာမှမပြောပဲ မျက်ရည်တွေကိုသုတ်ကာ ရှောင်းကျန့်ကိုဆွဲခေါ်သွားသည် ။ ကျန်းချန်လည်း အမှီလိုက်ကာ ကားထဲရောက်တော့ ရှောင်းကျန့်ကို ကားထဲသို့ပြစ်ထည့်လိုက်သောရိပေါ်"
"အင့်"
ရိပေါ် အရှေ့ခန်းမှာထိုင်တော့ ရှောင်းကျန်က
"ကိုကို ကျွန်တော်.."
"မင်းပါးစပ်ကိုပိတ်ထားလိုက်ရှောင်းကျန့်!!! ငါမင်းရဲ့အသံလည်းမကြားချင်ဘူး ရုပ်လည်းမမြင်ချင်ဘူး ပါးစပ်ပိတ်ပြီးလိုက်ခဲ့!"
ရှောင်းကျန့် ကြောက်ကာ ငို၍ ပါးစပ်ကိုပိတ်ထားသည်
...............................................................................
အိမ်သို့အရောက် ရှောင်းကျန့်ကို ကားထဲမှ ဆွဲထုတ်ကာ ဧည့်ခန်းထဲသို့ ပြစ်တွန်းလိုက်သောရိပေါ်။ ကျန်းချန်လည်း ဘာမှမတက်နိုင်တော့ပေ။ ကျန်းချန်လည်း အိမ်အဝ၌ရပ်နေခဲ့သည်
ရှောင်းကျန့် ရိပေါ် ကိုကြည့်၍
"ကိုကို ကျွန်တော်ပြောတာကို နားထောင်ပေးပါနော်"
"........"
"ကျွန်တော်......"
ရှောင်းကျန့် ပြောရခက်နေသည် ။ ရှီးချန်နဲ့သူ့ကို နမ်းနေတဲ့အနေအထားကိုမြင်တွေ့ခဲ့တာကြောင့် သူရိပေါ်ဘယ်လိုရှင်းပြရမှန်းမသိပေ။ ရိပေါ် ရှောင်းကျန့်ကို အသ-က်မဲ့သောမျက်ဝန်းများကြည့်နေကာ မျက်ရည်များကျလာပြီး ပြုံးလိုက်သည်
"ဘာလဲ?  ဆင်ခြေတွေပေးဖို့ စကားမရှိတော့လို့လား?  "
"......."
ရှောင်းကျန့် ငိုနေကာ ခေါင်းသာခါန်ိုင်သည် ။ သူ့ဘက်ကနေ ဘယ်လိုရှင်းပြပြ ဖြေရှင်းလို့မရသည့်အခြေအနေဖြစ်နေသည့်အတွက်
"ငါလေ...မင်းကိုယုံကြည်ခဲ့ပါတယ်....ဒါပေမယ့် သဲထဲရေသွန်ပဲရှောင်းကျန့်! အခုချိန်ကစပြီး မင်းနဲ့ငါ ဘာမှမဆိုင်တော့ဘူး....မင်းနဲ့ငါ...ပြီးပြီရှောင်းကျန့်....ပြီးသွားပြီ..."
"ဟင့်အင်း မဟုတ်ဘူး....ကိုကို အဲ့လိုမလုပ်ပါနဲ့ တောင်းပန်ပါတယ်... ကျွန်တော့်ကို အဲ့လိုမလုပ်ပါနဲ့ကိုကိုရယ်"
ရိပေါ် ဘာမှမပြောတော့ပဲ ထရပ်ကာ ထွက်သွားမယ်အလုပ် ရှောင်းကျန့်ရိပေါ် ခြေသလုံးကိုပြေးဖက်ကာ ငို၍
"ကျွန်တော့်ကိုမထားခဲ့ပါနဲ့...ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုမထားခဲ့ပါနဲ့...ကိုကိုရယ်....တောင်းပန်ပါတယ်...အဲ့လိုမလုပ်ပါနဲ့နော်...ကျွန်တော်တကယ်မခံစားနိုင်လို့ပါ...တောင်းပန်ပါတယ်..."
ရိပေါ် အသံတိတ် မျက်ရည်များကျလာကာ မျက်လုံးကိုမှိတ်ထားလိုက်ပြီး ရှောင်းကျန့်ရဲ့လက်မှ ရှုန်းထွက်ကာ ထွက်သွားသောရိပေါ် ။ ကျန်းချန်လည်း ထိုအခြေအနေကြားမှာ မျက်ရည်ဝဲရသည် ။ ကျန်ခဲ့တဲ့ရှောင်းကျန့်အနားသိူ့သွားကာ
"ရှောင်းကျန့်....ဘာလို့အဲ့လိုလုပ်ရတာလဲ....မင်းကွာ ငါ့သူငယ်ချင်းကြီးကလေ မင်းကိုသိပ်ချစ်တာပါကွာ..."
"မဟုတ်ဘူး....မဟုတ်ဘူးကော....ကျွန်တော်....ကျွန်တော်..."
ထိုစကားသာပြောပြီး ငို၍ ကျန်ခဲ့တဲ့ရှောင်းကျန့်။ ကျန်းချန်လည်း သူ့အခန်းထဲသို့ ဝင်သွားသည် ။
................................................................................
ဟိုင်းဝေးလမ်းပေါ်၌ ကားကို အရှိန်မြင့်စွာ မိုင်ကုန်မောင်းနေသောရိပေါ် ။ တစ်နေရာအရောက် ကားကိုရပ်လိုက်ပြီး ကားထဲ၌ ငိုကြွေးနေသောရိပေါ် ။ ဒေါသတွေဖြစ်ကာ ကားစီယာတိုင်ကို ထုရိုက်နေသောရိပေါ်။ ပါးပြင်ပေါ်၌ မျက်ရည်များအပြည့်
"ဘာလို့ ငါ့အပေါ်မှ အဲ့လိုထပ်လုပ်ရတာလဲ!!!...အား!!!!!!!!! ရှောင်းကျန့်!!!! ငါမင်းကိုမုန်းတယ်!!! ငါဒီလောက်ယုံကြည်ခဲ့တာတောင်မှကွာ!!!! အား!!!!!!!!!!!!!!"
ကားထဲ၌ အော်ဟစ်ကာ ဒေါသထွက်၍ ငိုနေသောရိပေါ် ။ သူ့အချစ်ကိုလှည့်စားခဲ့တဲ့ရှောင်းကျန့်အပေါ် ဒုတိယအကြိမ်မြောက်အဖြစ် သူယုံကြည်ပေးခဲ့တယ် ။ ရှောင်းကျန့်က သူ့ဘဝပါ ။ ရှောင်းကျန့်ကို သူ့အသ-က်ထက် မြတ်နိုးတန်ဖိုးထားခဲ့ရတာပါ။
အချိန်တစ်ခုထိ ငိုပြီးသည်နှင့် ရိပေါ် အိမ်သို့ ကားကိုပြန်မောင်းလာခဲ့သည် ။
.................................................................................
ရှောင်းကျန့် ဧည့်ခန်းထဲ၌ ခွေခွေလေးထိုင်နေကာ ငေးငိုင်နေသည်။ မျက်နှာကလည်း ငိုထားသည်ကြောင့် မျက်လုံးများက မို့အစ်လို့ပင်။
ရိပေါ် ကားဝင်လာတော့ ရှောင်းကျန့် မျှော်လင့်တကြီးကြည့်မိသည်။ ကျန်းချန်လည်း သူ့အခန်းထဲမှထွက်လာကာ ရိပေါ်ကိုကြိုတော့ ကျန်းချန်က
"ရိပေါ် အဆင်ပြေရဲ့လား"
"ရတယ် ငါဘာမှမဖြစ်ဘူး"
"အေးအေး"
ဧည့်ခန်းရှေ့သို့ရောက်တော့ ရိပေါ် ရှောင်းကျန့်ကိုတစ်ချက်လှည့်ကြည့်ကာ အိမ်အပြင်ဘက် ခြံထဲသို့လက်ညိုးထိုးပြပြီး
"မင်း အဲ့နေရာမှာပဲအိပ်"
ရှောင်းကျန့် မျက်ရည်ဝဲကာ ခေါင်းငြိမ့်တော့ အေးစက်သောမျက်ဝန်းများဖြင့် အပေါ်ထပ်သို့တက်သွားသောရိပေါ်
ကျန်းချန်လည်း ခဏတာကြောင်သွားကာ စဉ်းစားမရဖြစ်သွားသည် ။ ထိုအချိန် ခြံထဲသိူ့ဆင်းသွားရန် ထလာသောရှောင်းကျန့် ။ ကျန်းချန် ရှောင်းကျန့်ကိုလက်ကိုဆွဲလိုက်ကာ
"မင်းကရော ဘာလုပ်မလို့လဲရှောင်းကျန့်...ရိပေါ် ပြောတိုင်းလိုက်လုပ်မနေနဲ့"
"ကျွန်တော် ကိုကိုပြောတဲ့အတိုင်း လုပ်လိုက်မှဖြစ်မယ်ကော...."
"ရိပေါ်က စိတ်ဆိုးနေတုန်းပြောတာဖြစ်မှာပေါ့ကွာ တကယ်ကြီး ခြံထဲမှာအိပ်ရင် မင်းအေးခဲပြီး‌ေ-သသွားလိမ့်မယ်သိရဲ့လား"
"ကျွန်တော်အဆင်ပြေမှာပါ ကော..."
မျက်ရည်လေးဝဲကာ ခြံထဲသိူ့ ဆင်းသွားသောရှောင်းကျန့်။ ကျန်းချန်လည်း စိတ်ညစ်သွားကာ ရိပေါ်ရှိသော အပေါ်ထပ်သို့တက်သွားသည် ။
အပေါ်ထပ်ရောက်တော့ ထိုင်ခုံပေါ်ထိုင်နေသောရိပေါ်။ သူ့အခန်းမှ ဖန်ပြတင်းပေါက်ကနေ ခြံထဲသို့ ထိုင်ကြည့်နေသည်။ ကျန်းချန် ရိပေါ် အနားသွားကာ
"မင်းဘာတွေလျှောက်လုပ်နေတာလဲရိပေါ်"
"ငါဘာလုပ်လို့လဲ"
"မင်း ရှောင်းကျန့်ကို ခြံထဲမှာအိပ်ခိုင်းတယ်လေ အဲ့ဒါက ဘာသဘောလဲ"
"အပြစ်ဒဏ်ပေးနေတာ"
"ဘယ်လို? အပြစ်ဒဏ်? ရိပေါ် ဒါက လူတစ်ယောက်ကို အပြစ်ဒဏ်ပေးတဲ့ပုံစံမဟုတ်ဘူးနော်...ဒါက လူတစ်ယောက်ကို သ-တ်နေတာနဲ့တူတယ်...ရှောင်းကျန့်သာ တကယ်ကြီး ဒီတစ်ညလုံး ခြံထဲက မြက်ခင်းပေါ်မှာ အိပ်မယ်ဆိုရင် အေးခဲပြီး ‌ေ-သသွားနိုင်တယ်သိရဲ့လား"
"ငါဘာမှမသိချင်ဘူး ငါ့ကိုဘာမှလာမပြောနဲ့ ကျန်းချန်"
"ရိပေါ်!"
"......"
သူ့စကားကို ဘာမှပြန်မတုံ့ပြန်တဲ့ရိပေါ်ကြောင့် ကျန်းချန် လက်လျှော့လိုက်ရသည်။ ကျန်းချန် အခန်းထဲမှ ထွက်သွားတော့ မျက်ရည်များဝဲလာတဲ့‌ရိပေါ်
"ငါမင်းကို မုန်းတယ်ရှောင်းကျန့်....ငါမကျေနပ်မချင်း မင်းငါပေးတဲ့အပြစ်တွေ‌ကို ခံယူရမယ်"
ခြံထဲ၌ အေးစိမ့်လှ‌တဲ့မြက်ခင်းပေါ်တွင် ထိုင်နေသောရှောင်းကျန့် ။ အပြင်က အေးလွန်းတာကြောင့် ဒူးလေးကွေးကာ ငုတ်တုတ်လေးထိုင်နေသည် ။
.................................................................................
>>>ည၂ခွဲအချိန်<<<
လေပြင်းတိုက်ကာ အေးစက်လာသော ညလယ်၌ ရိပေါ်နိုးလာသည် ။ ကုတင်ပေါ်မှ ဆင်းကာ မှန်ပြတင်းပေါက်မှကြည့်တော့ ခြံထဲ၌ တုန်ရီနေကာ ချမ်းနေသောရှောင်းကျန့် ။ ရိပေါ် ကြည့်နေချိန် ကျန်းချန်က ရှောင်းကျန့်အနားသို့ သွားသည် ။ သူတို့ဘာတွေပြောနေလဲဆိုတာတော့ ရိပေါ်မကြားရပေ။
"ရှောင်းကျန့် အိမ်ထဲဝင်ရအောင် အပြင်မှာလေအရမ်းတိုက်နေတယ်"
"ဟင့်အင်း...မ မဖြစ်ဘူး ကော....ကျွန်တော်....အ အဆင်ပြေပါတယ်....ကောပဲ သွားအိပ်ပါ..."
"မင်းတို့နှစ်ယောက်ကလေ ခေါင်းသိပ်မာကြတာပဲ...တကယ်ပါပဲ...ငါသာ ကြားထဲက ‌ေ-သလိုက်ချင်တော့တယ်"
ကျန်းချန်လည်း စိတ်ညစ်ကာ အိမ်ထဲသို့ပြန်ဝင်သွားသည် ။ ရိပေါ် ရှောင်းကျန့်ကိုလျစ်လျှူရှူကာ ကုတင်ပေါ်သို့တက်၍ ပြန်အိပ်နေလိုက်သည် ။ ရှောင်းကျန့် အေးစပ်လွန်းတဲ့လေပြင်းတွေကြောင့် မိုးကောင်ကင်ပေါ်ကို မော့ကြည့်တော့ ကြယ်တွေက ပျောက်ကွယ်နေသည် ။ လေပြင်းဒဏ်ကြောင့် ပါးလေးများရဲနေပြီး မျက်ရည်ဝဲနေသောရှောင်းကျန့် ပါးပြင်ပေါ်သို့ မျက်ရည်များကျဆင်းလာသည်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
#WattpadAuthor_LoonDarli
#feedbackလေးတွေပေးခဲ့ကြပါဦးဗျ🙇
#ဖတ်ရှူပေးတဲ့ဒါဒါလေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ🙆
Continue Reading
You'll Also Like
7.6K 438 15
A.U modern era of Wei Wuxian and Lan wangji. Wei Wuxian a bloody cold mafia king He scares everyone Everyone is scared of him Enigma Alpha (powerful...
449 108 15
"I am done listening to you." Jungkook growled. "I am going to find him and after I do, I will kill you. I won't do it now because I want you to see...
Restart By 朝陽
Fanfiction
819K 56.1K 42
ဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်
15.7K 258 34
('I Will Never' holds the title of My Worst Creation. Viewer discretion is heavily advised:]) Schools out, and your mother finally agrees to send you...