🥀Part -4🥀

1.6K 88 5
                                    

🌸Mud (နွံ)🌸

ရှောင်းကျန့်တစ်ယောက်ကားပါကင်သို့လာကာ ရိပေါ်ကိုရှာနေသည် ။ ရိပေါ်က ကားမှန်ကိုချကာ လက်ပြလိုက်တော့ ကားထဲအပြေးလေးဝင်လာသော ရှောင်းကျန့်

"ကိုကို"

"ထမင်းသွားမစားဘူးလား"

"မစားချင်ပါဘူး ကိုကို့ကို မြင်ရင် အလိုလိုဗိုက်ဝနေပြီ"

"ဟောဗျာ စကားတွေတက်လိုက်တာ"

ရိပေါ်က ရှောင်းကျန့်ရဲ့ ဆံပင်လေးကို အသာအယာထိုးဖွပေးတော့ ရိပေါ်ရင်ခွင်ထဲကို တိုးဝင်လာသော ရှောင်းကျန့် ။ ရိပေါ်လည်း ဖက်ထားလိုက်သည်

"ကိုကို"

"ဗျာ"

"ကိုကို့ရဲ့အဖေက ဒီကျောင်းရဲ့ဥက္ကဌဆို ဟုတ်လားဟင်"

"အင်း ဟုတ်တယ် ဒါနဲ့ မင်းက ဘယ်လိုသိသွားတာလဲ ရှောင်းကျန့်"

"ဒီလိုပါပဲ သူများတွေပြောနေတာကိုကြားခဲ့တာ"

"အော်"

"ကိုကို"

"ဗျာ"

"မေးစရာရှိတယ်"

"မေးလေ"

"အကယ်၍ ကျွန်တော်သာ ကိုကို့အပေါ် သစ္စာဖောက်ရင် ကိုကိုဘယ်လိုလုပ်မလဲဟင်"

"အင်?"

"ဥပမာပြောနေတာပါ ဖြေဦး"

"အော် သစ္စာဖောက်သွားရင်လား ကိုယ်က ဘယ်လောက်ပဲဆိုးဆိုး ဘယ်လောက်ပဲအနိုင်ကျင့်ကျင့် ကိုယ်ချစ်တဲ့သူကိုသည်းခံပေးနိုင်တယ် ဒါကလည်း ရှောင်းကျန့်တစ်ယောက်ထဲအတွက်ပဲ အကယ်၍သာ မင်းသာသစ္စာဖောက်သွားရင် ကိုယ်ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး အရမ်းမုန်းမိမှာ"

"ဟင် ကိုကိုက အငြိုးကြီးလိုက်တာ"

"အချစ်ကြီးလို့ပါ"

ရိပေါ်က ပြောရင်း ရှောင်းကျန့်နှာခေါင်းလေးကို အသာဆွဲလိုက်ပြီး ရယ်နေသည် ။ ရှောင်းကျန့်ကတော့ ရိပေါ်ရင်ခွင်ထဲသို့ မှီနေကာ စဉ်းစားခန်းတွေအပြည့်နှင့်

(ကိုကိုက အငြိုးကြီးမယ့်ပုံပဲ ဒီလိုပုံသာဆို ငါကဲလို့မရတော့ဘူးပဲ ထားလိုက်ပါလေ ဘာဖြစ်လဲ အရင်တုန်းကလူတွေလည်း ဒီလိုပဲ လျှာရိုးမရှိပြောကြတာပဲဟာ)

🌸Mud (နှံ)🌸 [Complete]Onde as histórias ganham vida. Descobre agora