(Zawgyi)
🌸Mud (နွံ)🌸
ယန်လီပြောပြသမျှကိုနားထောင်အပြီး ယွင်လူကြီးမင်း မျက်ရည်များကျလာသည်။ သူတကယ်မဖောက်ပြန်ခဲ့ပါ ။ ဒါအတွက် သူ့ကိုယ်သူလည်း လိပ်ပြာလုံပါသည်။ အဲ့နေ့ညက
>>>လွန်ခဲ့သော ၂၅နှစ်ခန့်<<<
ယွင်လူကြီးမင်း အလုပ်ရုံးထဲမှာ အလုပ်လုပ်အပြီး အိမ်ကိုပြန်မယ်လုပ်တော့ ရုံးခန်းထဲသို့ဝင်လာသော ရှယ်ယာရှင် အမျိုးသမီး
"ယွင် ပြန်တော့မလို့လား"
"ဟုတ်တယ်ဗျ ကျွန်တော်ပြန်တော့မလို့ ဘာပြောစရာရှိလို့လဲမသိဘူး"
"အမ်း...ဟို...ခေါင်းထဲမူးနောက်နောက်ဖြစ်နေလို့ အဲ့ဒါ ဆေးလေးများရှိမလားလို့လေ"
"အမ်? ခဏလေးနော် ကျွန်တော်ရှာကြည့်ပေးမယ် "
ပြောကာ ယွင်လူကြီးမင်း အံဆွဲကိုဖွင့်ကာ ဆေးရှာပေးနေစဉ် အနောက်မှ လာဖတ်သော ရှယ်ယာရှင်အမျိုးသမီး။ ယွင်လူကြီးမင်းလန့်ကာ ရှုန်းတော့ သူ့ကိုအတင်းဖတ်ထားသော အမျိုးသမီး
"ခဗျား ဒါဘာလုပ်တာလဲ! Mrs."
"အို...ရှင်ကလည်း ဒါလေးဖက်တာကို ဖြစ်နေလိုက်တာ အသားပဲ့ပါသွားတာကျနေတာပဲ"
"အသားပဲ့ပဲ့ မပဲ့ပဲ့ ကျွန်တော်မကြိုက်ဘူး! ခဗျား အခု ကျွန်တော့်ရုံးခန်းထဲကနေ ထွက်သွားလိုက်တော့!"
"ဟွန့် တွန့်တိုလိုက်တာ"
ဆိုကာ ထွက်သွားသော ရှယ်ယာရှင်အမျိုးသမီး။ ယွင်လူကြီး သ-က်ပြင်းချလိုက်ကာ
"ဘယ်လိုမိန်းမလဲမသိဘူး မလွယ်လိုက်တာ"
ယွင်လူကြီးမင်း အိမ်ပြန်လာတော့ သူအကျီချွတ်နေစဉ် ရှောင်းယွမ်က သူ့လည်ဂုတ်က နှုတ်ခမ်းနီကိုတွေ့သွားသည် ။
"ယွင်ဖုန်းမြင့်!"
"အင်? အချစ် ဘာဖြစ်လို့လဲ လန့်လိုက်တာ"
"ရှင့်ဂုတ်က ဘာတွေလဲ!"
"ဟမ် ကိုယ့်ဂုတ်က ဘာဖြစ်လို့လဲ"
ဆိုကာ မှန်ကိုကြည့်လိုက်တော့ နှုတ်ခမ်းနီအရာပင်။
"ဟာ ဒါက...."
YOU ARE READING
🌸Mud (နှံ)🌸 [Complete]
Fanfiction❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက်မဲ့နေခဲ့တယ် တစ်နေ့တော့ အသစ်ရောက်လာတဲ့ကျောင်းဆရာလေးဝမ်ရိပေါ်ကိုတွေ့ပြီးသဘောကျခဲ့တယ် play boyလေးရှောင်းကျန့်ကို ရိပေါ်မကြိုက်ပေမယ့် သူမသိလိုက...