🥀🔞Part - 9🔞🥀

3.5K 88 4
                                    

(Zawgyi)

🌸Mud (နွံ)🌸

>>Infinity bar၌<<

"ရိပေါ်  မင်းများနေပြီ မသောက်ပါနဲ့တော့"

"ဇီရွှမ်း...ငါ့ကို လွှတ်ထားပေးစမ်းပါကွာ"

"ဟင်း...အင်းပါ"

ကျင်းဇီရွှမ်း သူကတော့ ရိပေါ်နဲ့တစ်ကျောင်းတည်းတက်ခဲ့သူ ။ ရိပေါ်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ဦး ။ ရိပေါ်တို့ကတော့ ဘွဲ့ယူပြီး မိဘကပိုက်ဆံရှိတာကြောင့် Company CEOတွေဖြစ်နေကြပြီး ကျင်းဇီရွှမ်းကတော့ မိဘလည်းမရှိ တစ်ကောင်ကြွက်ဖြစ်၍ ဘွဲ့ယူပြီးသည်နှင့် barတွေမှာ အချိန်ပိုင်းအလုပ်လိုက်ရင်း ပိုက်ဆံလေးတွေကိုစုကာ နောက်ဆုံး ထို infinity bar ကို ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည် ။

ရိပေါ်  ဝီကစီသောက်နေရင်း စဉ်းစားနေသည် ။ သူ့အတွေးထဲမှာ သူ့နှလုံးသားထဲမှာ သူ့စိတ်ထဲမှာ သူ့ဦးနှောက်ထဲမှာ အရာရာတိုင်းမှာ ရှောင်းကျန့်က နေရာယူလွန်းသည် ။

("ကျွန်တော် ဆရာ့ကို သဘောကျတယ်"

"အကယ်၍ ကျွန်တော်သာ ကိုကို့အပေါ် သစ္စာဖောက်ရင် ကိုကိုဘယ်လိုလုပ်မလဲဟင်"

"အော် သစ္စာဖောက်သွားရင်လား ကိုယ်က ဘယ်လောက်ပဲဆိုးဆိုး ဘယ်လောက်ပဲအနိုင်ကျင့်ကျင့် ကိုယ်ချစ်တဲ့သူကိုသည်းခံပေးနိုင်တယ် ဒါကလည်း ရှောင်းကျန့်တစ်ယောက်ထဲအတွက်ပဲ အကယ်၍သာ မင်းသာသစ္စာဖောက်သွားရင် ကိုယ်ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး အရမ်းမုန်းမိမှာ"

"ရှောင်းကျန့်ကရော ကိုယ့်အပေါ် တစ်သ-က်လုံးသစ္စာရှိရှိ ချစ်ပေးနိုင်မလား?"

"ဒါပေါ့ ကိုကိုရဲ့  ကျွန်တော်ကလေ ကိုကို့ကိုအရမ်းချစ်တာ ကျွန်တော့်ဘဝမှာလေ ကိုကို့ကိုပဲ အချစ်ဆုံးပါ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူးကိုကို"

"ကိုယ့်ကို မထားသွားရဘူးနော်"

"ဘာတွေလျှောက်တွေးနေတာလဲကိုကိုရယ် ကျွန်တော်ကလေ ကိုကို့ကို ဘယ်တော့မှ ထားမသွားဘူး အရမ်းချစ်တယ်"

"ကိုယ်လည်းမင်းကို အရမ်းချစ်တယ်ရှောင်းကျန့်")

ရိပေါ် သူ့ရဲ့အတွေးတွေနဲ့အတူ ရင်ဘတ်ထဲကနေ တဆစ်ဆစ်ဖြင့် နာကျင်လို့နေသည် ။

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now