စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.3K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Epiaode _ 4

1K 42 0
By Ex_0069

Unicode
Episode _ 4

ဒီနေ့  ကျွန်တော်တို့ရွာက ကာလသားတွေရယ်၊ ကလေးတွေရယ် အတူတူစုပေါင်းပြီး ကျွန်တော်တို့ရွာနဲ့မနီးမဝေးမှာရှိတဲ့တောထဲကို အတာပန်းသွားချိုးကြမည်ဖြစ်သည်။ ကျွန်တော်တို့ရွာရဲ့အရှေ့ဘက်က တောင်တန်းတွေနဲ့တောအုပ်ကြီးသာရှိသည်။ ပြောရရင်တော့ ကျွန်တော်တို့ရွာက တောင်ခြေမှာရှိသည်ဟုဆိုလို့ရပေမဲ့လည်း လုံးဝတောင်ခြေမှာမျိုးတော့မဟုတ်၊ တောင်တန်းကြီးနဲ့ကျွန်တော်တို့ရွာကြားမှာ ထူထပ်ပြီးအနည်းငယ်နက်သော တောတစ်တောရှိသည်။ အကောင်ကြီးတွေမနေပေမဲ့ အဆိပ်ရှိသတ္တဝါတွေ၊ တောဝက်တွေ၊ ယုန်တွေစတဲ့သတ္တဝါအသေးစားလောက်တော့ ရှိသည်။ သင်္ကြန်အကြိုနေ့မနက်ခင်းမှာ ကျွန်တော်တို့တစ်ရွာလုံးက သင်္ကြန်ကြိုပန်း သွားချိုးကြသည်။ ကျွန်တော်တို့တင်မဟုတ် အခြားရွာကလူတစ်ချို့လည်း ထိုတောထဲကိုလာကြသည်။ ကျွန်တော်တို့ရွာက တောနဲ့အနီးဆုံးမို့ ကျွန်တော်တို့တောထဲကချိုးလာတဲ့သင်္ကြန်ပန်းတွေကို အခြားရွာက လာတောင်းကြတာမျိုးလည်းရှိသည်။ နှစ်တိုင်းကျွန်တော်တို့အိမ်အတွက် သင်္ကြန်အကြိုပန်းကို တေလွန်းကပဲ တောထဲကနေယူလာပေးလေ့ရှိသည်။ ဒီနှစ်တော့ ကျွန်တော်ကိုယ်တိုင် တောထဲကိုလိုက်သွားပြီး သင်္ကြန်အကြိုပန်းချိုးမည်။ အဘနဲ့အမေကလည်း တေလွန်းခွင့်ပြုရင် ကျွန်တော့်ကိုလိုက်သွားဟုပြောထားသည်။ အဘနဲ့အမေက ကျွန်တော့်ထက် တေလွန်းကိုပိုပြီးယုံကြည်သည်။ ကျွန်တော် ဘာပြောပြော တေလွန်းနာမည်က အမြဲပါသည်။ အခုလည်း တေလွန်းက တောထဲကိုမလိုက်ခိုင်းတဲ့အကြောင်း အဘနဲ့အမေကိုလိမ်ထားသည်။ မဟုတ်ရင် ကျွန်တော် တောထဲကိုလိုက်ရမည်မဟုတ်တော့။

" သားရှင်မွှေး... နေတောင်မြင့်တော့မယ်.....၊ တေလွန်းနဲ့လိုက်မှာဆို.... တေလွန်းက လာခေါ်မှာလား.. သား "

" မခေါ်ဘူး.. အမေ၊ သားဘာသာ သူ့အိမ်ကို သွားရမှာ... သူက အိမ်မှာစောင့်နေမယ်တဲ့ "

" အေး.. အေး "

အမေက ကျွန်တော့်ကိုမီးဖိုထဲကနေ လှမ်းအော်နေသည်။ အဘကတော့ အိမ်ရှေ့ကွမ်းပျစ်ပေါ်မှာရေနွေးကြမ်းသောက်နေသည်။

" အဘ.. သားသွားပြီ "

" အေး..၊ ဒါနဲ့ သေချာရဲ့လား... ငတေက ငါ့သားကိုလိုက်ခိုင်းတာ... "

" အာ.. သေချာပါတယ် အဘရဲ့၊ အဲ့တာဆို သားသွားပြီနော်.. "

" ဂရုစိုက်သွား.. ငါ့သား၊ ငတေနဲ့နီးနီးကပ်ကပ်ပဲနေနော်...လူချင်းမကွဲစေနဲ့၊ တစ်ခုခုဆို ငတေ့ကိုအရင်ပြော...၊ အပင်အမြင့်ကြီးတွေလည်း လျှောက်မတက်နဲ့၊ တစ်ယောက်တည်းလည်း လျှောက်မသွားနဲ့.. ကြားလား "

" ဟုတ်ကဲ့ပါ အဘ "

ကျွန်တော်လည်း မှာတမ်းခြွေလို့မပြီးနိုင်တဲ့အဘရဲ့စကားကိုသေချာနားထောင်သလိုနဲ့ ခေါင်းငြိမ့်ပြကာ စက်ဘီးကိုထုတ်ပြီး တေလွန်းတို့အိမ်ကို သွားသည်။

" ဘကြီးသောင်း.. အရီးကြိုင်၊ သား လာတယ် "

" ဟ.. သားငယ် အစောကြီးပါလား...၊ ဟိုကောင်ကတော့ ခုထိအိပ်ရာက မထသေးဘူး... "

" ဟုတ် ဘကြီးသောင်း..၊ သား ဒီနေ့ တေလွန်းတို့နဲ့တောထဲလိုက်မလို့လေ... "

" ဟေ.. တောထဲလိုက်မယ်?.. "

ဘကြီးသောင်းက ကျွန်တော့်စကားကြောင့် အံ့သြသွားသည်။ ဘုန်းကြီးကျောင်းကနေပြန်လာတဲ့အရီးကြိုင်ကလည်း ဘကြီးသောင်းအနားကိုရောက်လာသည်။

" ဘယ်လို..ရှင်မွှေးလေး၊ တောထဲကိုလိုက်မယ်.. ဟုတ်သလား၊ အမလေး.. မလိုက်ရပါဘူး မလိုက်ရဘူး၊ တေလွန်းကို ရှင်မွှေးလေးတို့အိမ်အတွက် အကြိုပန်းတွေပိုချိုးခဲ့ဖို့ အရီးပြောထားတယ်...၊ ရှင်မွှေးလေးကိုယ်တိုင် တောထဲကိုသွားစရာမလိုပါဘူး... "

" ဘကြီးကို ပြော...သားငယ်၊ ငတေက သားငယ်ကို ဘာပြောထားလို့လဲ၊ အဲ့ကောင်က ငါ့သားငယ်ကို အနိုင်ကျင့်ပြန်ပြီလား... "

" ဟုတ်လား.. ရှင်မွှေးလေး "

အရီးကြိုင်နဲ့ဘကြီးသောင်းက ကျွန်တော့်ကိုတရားခံစစ်သလို ဝိုင်းစစ်ကြသည်။ ကျွန်တော်လည်း အဲ့လိုမဟုတ်တဲ့အကြောင်းကို အမြန်ဖြေရှင်းရသည်။

" မဟုတ်ပါဘူး... ဘကြီးသောင်းနဲ့အရီးကြိုင်ရဲ့၊ သားက လိုက်သွားချင်လို့ပါ... "

" နန်းမှုံနဲ့သာငြိမ်းက သားငယ်ကိုခွင့်ပြုလို့လား.... "

" ဟုတ် ခွင့်ပြုတယ်... ဘကြီးသောင်း၊ အဘနဲ့အမေက တေလွန်းနဲ့ဆိုရင် စိတ်ချတယ်တဲ့... ဒါပေမဲ့ "

ကျွန်တော်လည်း စကားကိုဆက်မပြောဘဲ ဘကြီးသောင်းနဲ့အရီးကြိုင်ရဲ့မျက်နှာတွေကို အသနားခံသလိုကြည့်လိုက်သည်။ ကျွန်တော့်မျက်နှာက တော်တော်လည်းသနားစရာကောင်းနေမှန်းသိသည်။ ဒါကလည်း တကယ် ကျွန်တော် ဘကြီးသောင်းနဲ့အရီးကြိုင်ကို အသနားခံခြင်းပါ။ အခု တေလွန်းနဲ့အတူတူ တောထဲကိုလိုက်ရဖို့အရေးက ကျွန်တော့်ကိုအမြဲအလိုလိုက်တဲ့ဘကြီးသောင်းနဲ့အရီးကြိုင်တို့ကို အားကိုးရုံမှအပ အခြားမရှိတော့ဘူးလေ။

" တေလွန်းက မခေါ်ဘူးလား... "

" ဟုတ်တယ်... အရီးကြိုင်နဲ့ဘကြီးသောင်း ပြောပေးပါအုံးနော်...၊ သား တစ်ကယ် လိုက်သွားချင်လို့ပါ... တေလွန်းက သားကို မလိုက်ရဘူးတဲ့ "

" ရှင်မွှေးလေးက တစ်ကယ်လိုက်သွားချင်လို့လား... "

" ဟုတ်.. ဟုတ် သား တစ်ကယ်လိုက်သွားချင်တာ အရီးကြိုင်... "

" ငတေက မလိုက်နဲ့လို့ပြောထားတာပဲ..၊ ပင်ပန်းက ပင်ပန်းရနဲ့ကွာ... "

" ဟာ.. ဖေသောင်းကလည်း "

ကျွန်တော့်ဘက်ကို မပါမှန်းသိတော့ ကျွန်တော့်ရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးရပြီပေါ့။ ဘကြီးသောင်းနဲ့အရီးကြိုင်က ကျွန်တော် အဲ့လိုခေါ်ရင် အရမ်းသဘောကျတာလေ။

" မေကြိုင်လို့... နော် ၊ သားကို ကူပြောပေးလို့.. နော် "

" ဟား...ဟား... အေး အေး၊ ဖေသောင်း ပြောပေးမယ် ပြောပေးမယ် ဟုတ်ပြီလား "

" ဟုတ်.. အဲ့တာကြောင့် သားက ဖေသောင်းနဲ့မေကြိုင်ကို ချစ်နေတာ... "

" အဲ့တာဆို နောက်နေ့ကစပြီး အခုလိုပဲ မေကြိုင့်ကို မေကြိုင်လို့ပဲခေါ်တော့... "

" ဟာ မေကြိုင်ကလည်း... "

" ဘာကို မေကြိုင် ကလည်း...၊ ရှင်လေးက အလည်လေး၊ လိုတာရှိရင် မေကြိုင်နဲ့.. ဖေသောင်းနဲ့...၊ ရှင်လေး မလိုရင်တော့ ဘကြီးသောင်း၊အရီးကြိုင်ဖြစ်သွားရော.... "

" ဟုတ်တယ်.. ဟုတ်တယ်၊ ဒီတစ်ခါတော့ ကြိုင်ပြောတာ မှန်သဟ၊ ကဲ ဘယ်လိုလဲ... သားငယ်၊ မဟုတ်ရင် ခုနက ဖေသောင်းရဲ့စကားကို ပြန်စဥ်းစားတော့မှာနော် "

" ဟာ... အဲ့လိုမရဘူးလေ "

" အဲ့တာဆို ခေါ်မလား "

" ခေါ်မယ်ဗျာ... ဖေသောင်းတို့က အရမ်းအနိုင်ကျင့်တာပဲ "

ကျွန်တော်လည်း ကျွန်တော့်ကိုကြည့်ပြီးရယ်နေကြတဲ့ဖေသောင်းနဲ့မေကြိုင်ကို မျက်စောင်းထိုးပြီးစိတ်ကောက်လိုက်သည်။ ဖေသောင်းနဲ့မေကြိုင်လို့ တေလွန်းရဲ့မိဘတွေကိုခေါ်လိုက်တာက ကျွန်တော်နဲ့တေလွန်းရဲ့ကိစ္စကို ကျွန်တော့်ဘက်က သဘောတူလက်ခံတဲ့သဘောသက်ရောက်သွားပြီလေ။ ဒီကိစ္စက တစ်ရွာလုံးသိထားပြီးသားကိစ္စဖြစ်သည်။ လူကြီးတွေက အားလုံးကိုသဘောတူပြီးစီစဥ်ထားပေမဲ့ ကျွန်တော်နဲ့တေလွန်းကတော့ ငယ်သေးတဲ့အတွက် ထိုကိစ္စကိုစဥ်းစားနေဆဲဖြစ်သည်။ အခုတော့ ကျွန်တော်က အဲ့ကိစ္စကိုလက်ခံလိုက်ရပြီဖြစ်သည်။ တေလွန်းကသာ ကျွန်တော့်အဘနဲ့အမေကို ဖေနဲ့မေတပ်ပြီးခေါ်ရင် ထိုကိစ္စကို ကျွန်တော်တို့နှစ်ဦးလုံးသဘောတူပြီးသားဖြစ်သွားမည်။ ထို့နောက် ချက်ချင်း ထိုကိစ္စကိုအကောင်အထည်ဖော်လိမ့်မည်။ ဘဘုန်းကိုယ်တိုင်က စီမံထားတဲ့ကိစ္စမို့ ဘယ်သူမှမငြင်းဆန်ရဲကြပေ။ အဓိက ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တို့နှစ်ယောက်ကလွဲရင်ပေါ့။ အမှန်တကယ်တော့ ကျွန်တော်လည်း အဲ့ကိစ္စကိုလက်ခံတယ်၊ လက်မခံဘူးတိုတာထက် တောထဲကိုလိုက်ဖို့က အဲ့ကိစ္စထက်ပိုပြီးအရေးကြီးနေတာကြောင့် အခုလို လုပ်လိုက်ရခြင်းသာဖြစ်သည်။

" ဟေ့ကောင် ဆင်ပေါက်!!... မင်က စောစောစီးစီး ငါ့အိမ်မှာ ဘာလုပ်နေတာလဲ "

ကျုပ် တောထဲကိုသင်္ကြန်အကြိုပန်းခူးဖို့ တိုးလွင်တို့ကိုလိုက်ခေါ်ပြီး အိမ်ကိုပြန်လာတော့ ကျုပ်အိမ်မှာ အဘနဲ့အမေ့နားမှာထိုင်နေတဲ့ဆင်ပေါက်ကိုတွေ့သည်။ သနပ်ခါးကိုမျက်နှာအပြည့် ခပ်ပါးပါးလိမ်းထားပြီး ပါးဖောင်းဖောင်းပေါ်မှာသနပ်ခါးကိုဝလုံးဝိုင်းထားပြီး ထိပ်ဖျားလေးကစုလုံးလုံးလေးဖြစ်နေတဲ့နှာခေါင်းပေါ် ဆင်နှာမောင်းလို တစ်ဖြောင့်တန်းသနပ်ခါးကြောင်းကိုဆွဲချထားသည်။ နဖူးပေါ်မှာလည်း ဝလုံးအသေးစားလေးဝိုင်းထားသည်။ တကယ်ပါ နဖူးပေါ်ကဝလုံးပုံသနပ်ခါးလေးမှာဆင်နှာရွက်လေးသာပါရင် ဒီကောင်ကို ဆင်ပေါက်လို့ခေါ်တာ မမှားဘူးဆိုတာ သိသာလိမ့်သည်။ မျက်လုံးတွေကလည်း ဆင်ပေါက်လေးတွေလိုပင် မဖွင့်တဖွင့်နှင့် အညိုရောင်မျက်ဆံကိုလူမသိအောင် ဖုံးထားသည်။ သာမန်ယံလျှံခါကြည့်ရင် အဲ့ကောင်မျက်လုံးက အမဲဟုထင်ရပေမဲ့ သေချာကြည့်ရင် အညိုရောင်မျက်ဆံကိုမှ အနက်ရောင်စက်ဝန်းကဝန်းရံထားသည်။ မျက်ခုံးကလည်း ဆင်စွယ်လိုနှစ်ဖက်လုံးက အစမှအဖျားကိုစုပြီး အဆုံးသတ်ကျအောက်ကိုကွေးကျသွားသည်။ ဒီကြားထဲ အဲ့ကောင်ရဲ့အထက်သွားဘယ်ညာ သုံးချောင်းမြောက်သွားတွေက အချွန်တွေနဲ့ဖြစ်သည်။ ပုံမှန်လူထက် ပိုပြီးချွန်နေသည်။ မသိလျှင် လင်းနို့ရဲ့သွားတွေလို မြွေတစ်ကောင်ရဲ့သွားတွေလိုဖြစ်သည်။ အဲ့ဆင်ပေါက် ရယ်လိုက်ရင် အဲ့သွားတွေက ထင်းနေသည်။ အဲ့ကောင်မှာ အလှဆုံးနေရာတစ်ခုဆိုလို့ ပန်းသီးပုံစံနှုတ်ခမ်းလေးတစ်ခုပဲရှိသည်။ အဲ့ဆင်ပေါက်ရဲ့ ခပ်ညိုညိုအသားအရေနဲ့မှမလိုက် အဲ့နှုတ်ခမ်းလေးတစ်ခုက နီနီရဲရဲလေးနှင့် ပန်းသီးအသေးစားတစ်လုံးနဲ့တူသည်။

" ငတေ... လာဦး "

" ပြော.. အဘ၊ ဘာမှာမလို့လဲ.. "

" ဘာမှ မမှာဘူး၊ ဒီမှာ ငါ့သားငယ်က တောထဲလိုက်ချင်လို့တဲ့.. အဲ့တာ မင်း သေချာဂရုစိုက်ပြီးခေါ်သွားဖို့ပြောမလို့.... "

" ဗျာ...၊ ဟေ့ကောင် ဆင်ပေါက်!! "

" မေ.. ကြိုင်... "

ကျုပ်က သူ့ကိုစိတ်ဆိုးသွားမှန်းသိတော့ အမေ့နားသွားပြီး မျက်နှာငယ်လေးနဲ့ချွံနေတဲ့ ဗုဒ္ဓဟူးကောင်ပေါက်။

" အော်.. တေလွန်းရယ်၊ ရှင်မွှေးလေးက လိုက်ချင်နေတာပဲ.. ခေါ်သွားစမ်းပါ၊ နင်လည်း ပါနေတာပဲ.... "

" အမေ...အမေလည်း သိရဲ့နဲ့ဗျာ.... "

" အဲ့တာက ကြာပါပြီအေ...၊ ပြီးတော့ အဲ့တုန်းက ကလေးတွေပဲရှိကြသေးတာလေ....၊ ခေါ်သွားလိုက်ပါ... နင်ရှိနေတာပဲ "

" ဟေ့ကောင် မင်း ခေါ်သွားမှာလား၊ မခေါ်သွားဘူးလား... အေး မင်းမခေါ်သွားဘူးဆိုရင် ငါ.. အခြားသူတွေနဲ့ သားငယ်ကိုထည့်ပေးလိုက်မယ် "

" အဘ!!! "

ကျုပ် အဘကိုစိတ်ဆိုးဆိုးနဲ့အော်မိသည်။ ဒါက ကျုပ် ဆင်ပေါက်ကိုစိတ်မချမှန်းသိလို့ အဘ သပ်သပ်မဲ့ပြောမှန်းသိသည်။

" ဟူး... လိုက်ဗျာ လိုက်ခဲ့ဗျာ...၊ တိုးလွင် မင်းတို့ နွားလှည်းဆင်လိုက်တော့... သွား "

ကျုပ်လည်း ပြောမရမဲ့အတူတူ ဆင်ပေါက်ကိုမျက်လုံးနဲ့စစ်ခင်းပြီး တိုးလွင်တို့ကို နွားလှည်းပြင်ခိုင်းလိုက်သည်။ ခြေကျင်သွားလည်းရပေမဲ့ နွားလှည်းနဲ့ကပိုမြန်သည်။ အခုတော့ ဆင်ပေါက်ပါလိုက်မည်ဆိုတော့ နွားလှည်းနဲ့သွားတာပဲ အဆင်ပြေဆုံးဖြစ်သည်။

ဆင်ပေါက်က ကျုပ်အကြည့်ကိုနားလည်လို့လားမသိ၊ အဘရဲ့အနားကိုကပ်ပြီး တိုးတိုးလေးပြောနေသည်။ လုပ်နေတဲ့ပုံစံက မသိရင် ကျုပ်ကပဲ အဘတို့ကွယ်ရာရောက်တာနဲ့ ကျုပ်က သူ့ကိုအနိုင်ကျင့်လို့ အဘကိုတိုင်နေတဲ့ပုံ။

" ဟေ့ကောင် ငတေ...၊ မင်း ငါ့သားငယ်ကို လမ်းမှာ အနိုင်မကျင့်နဲ့နော်...၊ အေး အနိုင်ကျင့်တယ်လို့ပြောခံရရင်တော့ မင်း ဒီမှာတွေ့လား... "

ကျုပ် အတွေးတောင်မဆုံးသေး။ အဲ့ဆင်ပေါက်က အဘကို ကျုပ်တွေးသလိုတကယ်တိုင်ပြောနေသည်။ အဘကလည်း လက်ထဲကကြိမ်တုတ်ကိုကိုင်ပြီး ကျုပ်ကိုခြိမ်းခြောက်နေသည်။

" ဟာ... အဘရာ၊ ကျုပ် သူ့ကို ဘယ်တုန်းက အနိုင်ကျင့်လို့လဲ "

" အေး... ဟိုကောင်သုံးကောင်!! "

" ဗျာ "×3

" မင်းတို့တွေ သေချာဒီကောင့်ကိုစောင့်ကြည့်ထားကြ...ရေ ဒီကောင် ငါ့သားငယ်ကို အနိုင်ကျင့်ရင် ငါ့ကိုပြန်ပြော ကြားလား...၊ အေး သိလျက်နဲ့ မင်းတို့သူငယ်ချင်းဘက်ကနေပါလို့ကတော့ မင်းတို့ပါ ကြိမ်လုံးစာမိမယ်... ကြားလား!!! "

" ဟုတ် အဘ " " ဟုတ်ကဲ့ပါ အဘ "×3

တိုးလွင်တို့လည်း ကျုပ်အဘကိုကြောက်ကြသည်။ ဖြေလိုက်ကြတာများ အသံကိုညီလို့။ ဟိုကောက်ဆင်ပေါက်ကတော့ အဘနဲ့အမေရဲ့နားမှာထိုင်ပြီး ပြုံးလို့ဖြီးလို့။ တော်တော် အမြင်ကပ်စရာကောင်းချက်ဗျာ။

ကျုပ်လည်း အိမ်ပေါ်ကိုတက်ပြီး ကျုပ်သေတ္တာထဲက စောင်တစ်ထည်နဲ့ အင်္ကျီလက်ရှည်တစ်ထည်ကို သွားယူလိုက်သည်။ ဆင်ပေါက်ဆိုတဲ့ကောင်က တောထဲသာလိုက်ချင်တာ ဝတ်လာတဲ့အင်္ကျီက လက်တိုလေး။ အဲ့ကောင် တောထဲရောက်ရင်ဝတ်ဖို့အင်္ကျီလက်ရှည်နဲ့ လှည်းပေါ်ကျရင် အဲ့ကောင်ခင်းထိုင်ဖို့စောင်ယူရသည်။ တောလမ်းက ရွာလမ်းလိုဖြူးဖြောင့်မနေ၊ ချိုင့်ခွက်၊ဂုန်းတွေ ပေါမှပေါ။ လှည်းဘီးဆောင့်ရင် အဲ့ဆင်ပေါက် ခံနိုင်မှာမဟုတ်။ ကျုပ် အိမ်ပေါ်ကပြန်ဆင်းပြီး မီးဖိုထဲဝင်၊ ငါးဆင့်ချိုင့်ထဲကို ထမင်းနဲ့ဟင်းအပြည့်ထည့်ရသည်။ အဲ့ဆင်ပေါက်က ဗိုက်ခဏခဏဆာတတ်သည်။ အလွယ်စားလို့ရတဲ့မုန့်ကြွပ်အိတ်ကိုလည်း ယူရသည်။

" တေလွန်းရေ... သွားမယ်ဟေ့ "

" အေး ငါ လာပြီ "

ကျုပ် အကုန်ပြင်ပြီးတော့ ဆင်ပေါက်က လှည်းပေါ်ရောက်နေပြီဖြစ်သည်။ ကျုပ်လည်း ဆင်ပေါက်ကိုမျက်စောင်းထိုးပြီး လှည်းမောင်းတဲ့နေရာဝင်ထိုင်လိုက်သည်။ ထို့နောက် လှည်းကို ခြံထဲကနေထွက်ကာ ရွာလမ်းပေါ်ဖြည်းဖြည်းချင်းတက်လိုက်သည်။

" ဆင်ပေါက်.. လာ၊ ဒီမှာ လာထိုင် "

ကျုပ်ရဲ့ဘေးမှာ စောင်ကိုခင်းပြီး ဆင်ပေါက်ကိုထိုင်ခိုင်းလိုက်သည်။ ဆင်ပေါက်ကတော့ ကျုပ်အနားကို ခပ်ရို့ရို့လေးအသာလာထိုင်သည်။ အလကားပါ။ ဒီကောင်က ကျုပ်ကို တကယ်မကြောက်ဘူး။ ကြောက်ချင်ယောင်ဆောင်နေတာ။ ကျုပ်စကားဆို ဘယ်တော့မှနားမထောင်ဘူး။ စိတ်ရှိလက်ရှိ လုပ်လိုက်ရလို့ကတော့။ ကျုပ်လည်း မုန့်ကြွပ်အိတ်ကို ဆင်ပေါက်လက်ထဲထိုးထည့်ကာ လှည်းကို တောထဲသို့ဦးတည်ပြီးနှင်လိုက်သည်။ တိုးလွင်တို့သုံးယောက်ကတော့ ကျုပ်ကို ပြိုင်တူရော၊ တစ်ယောက်တစ်ပေါက်ရော အနောက်မှာထိုင်ပြီး ခပ်တိုးတိုးမေတ္တာပို့လိုက်၊ မိန်းမကြီးတွေလို အတင်းတုတ်လိုက်နဲ့ပဲ ပါလာကြသည်။

Next episode .......

Zawgyi
Episode _ 4

ဒီေန့  ကြၽန္ေတာ္တို႔ရြာက ကာလသားေတြရယ္၊ ကေလးေတြရယ္ အတူတူစုေပါင္းၿပီး ကြၽန္ေတာ္တို႔ရြာနဲ႔မနီးမေဝးမွာရိွတဲ့ေတာထဲကို အတာပန္းသြားခ်ိဳးၾကမည္ျဖစ္သည္။ ကြၽန္ေတာ္တို႔ရြာရဲ့အေရ႔ွဘက္က ေတာင္တန္းေတြနဲ႔ေတာအုပ္ႀကီးသာရိွသည္။ ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ရြာက ေတာင္ေျခမွာရိွသည္ဟုဆိုလို႔ရေပမဲ့လည္း လံုးဝေတာင္ေျခမွာမ်ိဳးေတာ့မဟုတ္၊ ေတာင္တန္းႀကီးနဲ႔ကြၽန္ေတာ္တို႔ရြာၾကားမွာ ထူထပ္ၿပီးအနည္းငယ္နက္ေသာ ေတာတစ္ေတာရိွသည္။ အေကာင္ႀကီးေတြမေနေပမဲ့ အဆိပ္ရိွသတၲဝါေတြ၊ ေတာဝက္ေတြ၊ ယုန္ေတြစတဲ့သတၲဝါအေသးစားေလာက္ေတာ့ ရိွသည္။ သႂကၤန္အႀကိဳေန့မနက္ခင္းမွာ ကြၽန္ေတာ္တို႔တစ္ရြာလံုးက သႂကၤန္ႀကိဳပန္း သြားခ်ိဳးၾကသည္။ ကြၽန္ေတာ္တို႔တင္မဟုတ္ အျခားရြာကလူတစ္ခ်ိဳ႕လည္း ထိုေတာထဲကိုလာၾကသည္။ ကြၽန္ေတာ္တို႔ရြာက ေတာနဲ႔အနီးဆံုးမို႔ ကြၽန္ေတာ္တို႔ေတာထဲကခ်ိဳးလာတဲ့သႂကၤန္ပန္းေတြကို အျခားရြာက လာေတာင္းၾကတာမ်ိဳးလည္းရိွသည္။ ႏွစ္တိုင္းကြၽန္ေတာ္တို႔အိမ္အတြက္ သႂကၤန္အႀကိဳပန္းကို ေတလြန္းကပဲ ေတာထဲကေနယူလာေပးေလ့ရိွသည္။ ဒီႏွစ္ေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ ေတာထဲကိုလိုက္သြားၿပီး သႂကၤန္အႀကိဳပန္းခ်ိဳးမည္။ အဘနဲ႔အေမကလည္း ေတလြန္းခြင့္ျပဳရင္ ကြၽန္ေတာ့္ကိုလိုက္သြားဟုေျပာထားသည္။ အဘနဲ႔အေမက ကြၽန္ေတာ့္ထက္ ေတလြန္းကိုပိုၿပီးယံုၾကည္သည္။ ကြၽန္ေတာ္ ဘာေျပာေျပာ ေတလြန္းနာမည္က အၿမဲပါသည္။ အခုလည္း ေတလြန္းက ေတာထဲကိုမလိုက္ခိုင္းတဲ့အေၾကာင္း အဘနဲ႔အေမကိုလိမ္ထားသည္။ မဟုတ္ရင္ ကြၽန္ေတာ္ ေတာထဲကိုလိုက္ရမည္မဟုတ္ေတာ့။

" သားရွင္ေမႊး... ေနေတာင္ျမင့္ေတာ့မယ္.....၊ ေတလြန္းနဲ႔လိုက္မွာဆို.... ေတလြန္းက လာေခၚမွာလား.. သား "

" မေခၚဘူး.. အေမ၊ သားဘာသာ သူ႔အိမ္ကို သြားရမွာ... သူက အိမ္မွာေစာင့္ေနမယ္တဲ့ "

" ေအး.. ေအး "

အေမက ကြၽန္ေတာ့္ကိုမီးဖိုထဲကေန လွမ္းေအာ္ေနသည္။ အဘကေတာ့ အိမ္ေရ႔ွကြမ္းပ်စ္ေပၚမွာေရႏြေးၾကမ္းေသာက္ေနသည္။

" အဘ.. သားသြားၿပီ "

" ေအး..၊ ဒါနဲ႔ ေသခ်ာရဲ့လား... ငေတက ငါ့သားကိုလိုက္ခိုင္းတာ... "

" အာ.. ေသခ်ာပါတယ္ အဘရဲ့၊ အဲ့တာဆို သားသြားၿပီေနာ္.. "

" ဂရုစိုက္သြား.. ငါ့သား၊ ငေတနဲ႔နီးနီးကပ္ကပ္ပဲေနေနာ္...လူခ်င္းမကြဲေစနဲ႔၊ တစ္ခုခုဆို ငေတ့ကိုအရင္ေျပာ...၊ အပင္အျမင့္ႀကီးေတြလည္း ေလ်ွာက္မတက္နဲ႔၊ တစ္ေယာက္တည္းလည္း ေလ်ွာက္မသြားနဲ႔.. ၾကားလား "

" ဟုတ္ကဲ့ပါ အဘ "

ကြၽန္ေတာ္လည္း မွာတမ္းေႁခြလို႔မၿပီးႏိုင္တဲ့အဘရဲ့စကားကိုေသခ်ာနားေထာင္သလိုနဲ႔ ေခါင္းၿငိမ့္ျပကာ စက္ဘီးကိုထုတ္ၿပီး ေတလြန္းတို႔အိမ္ကို သြားသည္။

" ဘႀကီးေသာင္း.. အရီးႀကိဳင္၊ သား လာတယ္ "

" ဟ.. သားငယ္ အေစာႀကီးပါလား...၊ ဟိုေကာင္ကေတာ့ ခုထိအိပ္ရာက မထေသးဘူး... "

" ဟုတ္ ဘႀကီးေသာင္း..၊ သား ဒီေန့ ေတလြန္းတို႔နဲ႔ေတာထဲလိုက္မလို႔ေလ... "

" ေဟ.. ေတာထဲလိုက္မယ္?.. "

ဘႀကီးေသာင္းက ကြၽန္ေတာ့္စကားေၾကာင့္ အံ့ၾသသြားသည္။ ဘုန္းႀကီးေက်ာင္းကေနျပန္လာတဲ့အရီးႀကိဳင္ကလည္း ဘႀကီးေသာင္းအနားကိုေရာက္လာသည္။

" ဘယ္လို..ရွင္ေမႊးေလး၊ ေတာထဲကိုလိုက္မယ္.. ဟုတ္သလား၊ အမေလး.. မလိုက္ရပါဘူး မလိုက္ရဘူး၊ ေတလြန္းကို ရွင္ေမႊးေလးတို႔အိမ္အတြက္ အႀကိဳပန္းေတြပိုခ်ိဳးခဲ့ဖို႔ အရီးေျပာထားတယ္...၊ ရွင္ေမႊးေလးကိုယ္တိုင္ ေတာထဲကိုသြားစရာမလိုပါဘူး... "

" ဘႀကီးကို ေျပာ...သားငယ္၊ ငေတက သားငယ္ကို ဘာေျပာထားလို႔လဲ၊ အဲ့ေကာင္က ငါ့သားငယ္ကို အႏိုင္က်င့္ျပန္ၿပီလား... "

" ဟုတ္လား.. ရွင္ေမႊးေလး "

အရီးႀကိဳင္နဲ႔ဘႀကီးေသာင္းက ကြၽန္ေတာ့္ကိုတရားခံစစ္သလို ဝိုင္းစစ္ၾကသည္။ ကြၽန္ေတာ္လည္း အဲ့လိုမဟုတ္တဲ့အေၾကာင္းကို အျမန္ေျဖရွင္းရသည္။

" မဟုတ္ပါဘူး... ဘႀကီးေသာင္းနဲ႔အရီးႀကိဳင္ရဲ့၊ သားက လိုက္သြားခ်င္လို႔ပါ... "

" နန္းမႈံနဲ႔သာၿငိမ္းက သားငယ္ကိုခြင့္ျပဳလို႔လား.... "

" ဟုတ္ ခြင့္ျပဳတယ္... ဘႀကီးေသာင္း၊ အဘနဲ႔အေမက ေတလြန္းနဲ႔ဆိုရင္ စိတ္ခ်တယ္တဲ့... ဒါေပမဲ့ "

ကြၽန္ေတာ္လည္း စကားကိုဆက္မေျပာဘဲ ဘႀကီးေသာင္းနဲ႔အရီးႀကိဳင္ရဲ့မ်က္ႏွာေတြကို အသနားခံသလိုၾကည့္လိုက္သည္။ ကြၽန္ေတာ့္မ်က္ႏွာက ေတာ္ေတာ္လည္းသနားစရာေကာင္းေနမွန္းသိသည္။ ဒါကလည္း တကယ္ ကြၽန္ေတာ္ ဘႀကီးေသာင္းနဲ႔အရီးႀကိဳင္ကို အသနားခံျခင္းပါ။ အခု ေတလြန္းနဲ႔အတူတူ ေတာထဲကိုလိုက္ရဖို႔အေရးက ကြၽန္ေတာ့္ကိုအၿမဲအလိုလိုက္တဲ့ဘႀကီးေသာင္းနဲ႔အရီးႀကိဳင္တို႔ကို အားကိုးရံုမွအပ အျခားမရိွေတာ့ဘူးေလ။

" ေတလြန္းက မေခၚဘူးလား... "

" ဟုတ္တယ္... အရီးႀကိဳင္နဲ႔ဘႀကီးေသာင္း ေျပာေပးပါအံုးေနာ္...၊ သား တစ္ကယ္ လိုက္သြားခ်င္လို႔ပါ... ေတလြန္းက သားကို မလိုက္ရဘူးတဲ့ "

" ရွင္ေမႊးေလးက တစ္ကယ္လိုက္သြားခ်င္လို႔လား... "

" ဟုတ္.. ဟုတ္ သား တစ္ကယ္လိုက္သြားခ်င္တာ အရီးႀကိဳင္... "

" ငေတက မလိုက္နဲ႔လို႔ေျပာထားတာပဲ..၊ ပင္ပန္းက ပင္ပန္းရနဲ႔ကြာ... "

" ဟာ.. ေဖေသာင္းကလည္း "

ကြၽန္ေတာ့္ဘက္ကို မပါမွန္းသိေတာ့ ကြၽန္ေတာ့္ရဲ့ေနာက္ဆံုးလက္နက္ကိုထုတ္သံုးရၿပီေပါ့။ ဘႀကီးေသာင္းနဲ႔အရီးႀကိဳင္က ကြၽန္ေတာ္ အဲ့လိုေခၚရင္ အရမ္းသေဘာက်တာေလ။

" ေမႀကိဳင္လို႔... ေနာ္ ၊ သားကို ကူေျပာေပးလို႔.. ေနာ္ "

" ဟား...ဟား... ေအး ေအး၊ ေဖေသာင္း ေျပာေပးမယ္ ေျပာေပးမယ္ ဟုတ္ၿပီလား "

" ဟုတ္.. အဲ့တာေၾကာင့္ သားက ေဖေသာင္းနဲ႔ေမႀကိဳင္ကို ခ်စ္ေနတာ... "

" အဲ့တာဆို ေနာက္ေန့ကစၿပီး အခုလိုပဲ ေမႀကိဳင့္ကို ေမႀကိဳင္လို႔ပဲေခၚေတာ့... "

" ဟာ ေမႀကိဳင္ကလည္း... "

" ဘာကို ေမႀကိဳင္ ကလည္း...၊ ရွင္ေလးက အလည္ေလး၊ လိုတာရိွရင္ ေမႀကိဳင္နဲ႔.. ေဖေသာင္းနဲ႔...၊ ရွင္ေလး မလိုရင္ေတာ့ ဘႀကီးေသာင္း၊အရီးႀကိဳင္ျဖစ္သြားေရာ.... "

" ဟုတ္တယ္.. ဟုတ္တယ္၊ ဒီတစ္ခါေတာ့ ႀကိဳင္ေျပာတာ မွန္သဟ၊ ကဲ ဘယ္လိုလဲ... သားငယ္၊ မဟုတ္ရင္ ခုနက ေဖေသာင္းရဲ့စကားကို ျပန္စဥ္းစားေတာ့မွာေနာ္ "

" ဟာ... အဲ့လိုမရဘူးေလ "

" အဲ့တာဆို ေခၚမလား "

" ေခၚမယ္ဗ်ာ... ေဖေသာင္းတို႔က အရမ္းအႏိုင္က်င့္တာပဲ "

ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ကိုၾကည့္ၿပီးရယ္ေနၾကတဲ့ေဖေသာင္းနဲ႔ေမႀကိဳင္ကို မ်က္ေစာင္းထိုးၿပီးစိတ္ေကာက္လိုက္သည္။ ေဖေသာင္းနဲ႔ေမႀကိဳင္လို႔ ေတလြန္းရဲ့မိဘေတြကိုေခၚလိုက္တာက ကြၽန္ေတာ္နဲ႔ေတလြန္းရဲ့ကိစၥကို ကြၽန္ေတာ့္ဘက္က သေဘာတူလက္ခံတဲ့သေဘာသက္ေရာက္သြားၿပီေလ။ ဒီကိစၥက တစ္ရြာလံုးသိထားၿပီးသားကိစၥျဖစ္သည္။ လူႀကီးေတြက အားလံုးကိုသေဘာတူၿပီးစီစဥ္ထားေပမဲ့ ကြၽန္ေတာ္နဲ႔ေတလြန္းကေတာ့ ငယ္ေသးတဲ့အတြက္ ထိုကိစၥကိုစဥ္းစားေနဆဲျဖစ္သည္။ အခုေတာ့ ကြၽန္ေတာ္က အဲ့ကိစၥကိုလက္ခံလိုက္ရၿပီျဖစ္သည္။ ေတလြန္းကသာ ကြၽန္ေတာ့္အဘနဲ႔အေမကို ေဖနဲ႔ေမတပ္ၿပီးေခၚရင္ ထိုကိစၥကို ကြၽန္ေတာ္တို႔ႏွစ္ၪီးလံုးသေဘာတူၿပီးသားျဖစ္သြားမည္။ ထို႔ေနာက္ ခ်က္ခ်င္း ထိုကိစၥကိုအေကာင္အထည္ေဖာ္လိမ့္မည္။ ဘဘုန္းကိုယ္တိုင္က စီမံထားတဲ့ကိစၥမို႔ ဘယ္သူမွမျငင္းဆန္ရဲၾကေပ။ အဓိက ကာယကံရွင္ျဖစ္တဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကလြဲရင္ေပါ့။ အမွန္တကယ္ေတာ့ ကြၽန္ေတာ္လည္း အဲ့ကိစၥကိုလက္ခံတယ္၊ လက္မခံဘူးတိုတာထက္ ေတာထဲကိုလိုက္ဖို႔က အဲ့ကိစၥထက္ပိုၿပီးအေရးႀကီးေနတာေၾကာင့္ အခုလို လုပ္လိုက္ရျခင္းသာျဖစ္သည္။

" ေဟ့ေကာင္ ဆင္ေပါက္!!... မင္က ေစာေစာစီးစီး ငါ့အိမ္မွာ ဘာလုပ္ေနတာလဲ "

က်ဳပ္ ေတာထဲကိုသႂကၤန္အႀကိဳပန္းခူးဖို႔ တိုးလြင္တို႔ကိုလိုက္ေခၚၿပီး အိမ္ကိုျပန္လာေတာ့ က်ဳပ္အိမ္မွာ အဘနဲ႔အေမ့နားမွာထိုင္ေနတဲ့ဆင္ေပါက္ကိုေတြ့သည္။ သနပ္ခါးကိုမ်က္ႏွာအျပည့္ ခပ္ပါးပါးလိမ္းထားၿပီး ပါးေဖာင္းေဖာင္းေပၚမွာသနပ္ခါးကိုဝလံုးဝိုင္းထားၿပီး ထိပ္ဖ်ားေလးကစုလံုးလံုးေလးျဖစ္ေနတဲ့ႏွာေခါင္းေပၚ ဆင္ႏွာေမာင္းလို တစ္ေျဖာင့္တန္းသနပ္ခါးေၾကာင္းကိုဆြဲခ်ထားသည္။ နဖူးေပၚမွာလည္း ဝလံုးအေသးစားေလးဝိုင္းထားသည္။ တကယ္ပါ နဖူးေပၚကဝလံုးပံုသနပ္ခါးေလးမွာဆင္ႏွာရြက္ေလးသာပါရင္ ဒီေကာင္ကို ဆင္ေပါက္လို႔ေခၚတာ မမွားဘူးဆိုတာ သိသာလိမ့္သည္။ မ်က္လံုးေတြကလည္း ဆင္ေပါက္ေလးေတြလိုပင္ မဖြင့္တဖြင့္ႏွင့္ အညိုေရာင္မ်က္ဆံကိုလူမသိေအာင္ ဖံုးထားသည္။ သာမန္ယံလ်ွံခါၾကည့္ရင္ အဲ့ေကာင္မ်က္လံုးက အမဲဟုထင္ရေပမဲ့ ေသခ်ာၾကည့္ရင္ အညိုေရာင္မ်က္ဆံကိုမွ အနက္ေရာင္စက္ဝန္းကဝန္းရံထားသည္။ မ်က္ခံုးကလည္း ဆင္စြယ္လိုႏွစ္ဖက္လံုးက အစမွအဖ်ားကိုစုၿပီး အဆံုးသတ္က်ေအာက္ကိုေကြးက်သြားသည္။ ဒီၾကားထဲ အဲ့ေကာင္ရဲ့အထက္သြားဘယ္ညာ သံုးေခ်ာင္းေျမာက္သြားေတြက အခြၽန္ေတြနဲ႔ျဖစ္သည္။ ပံုမွန္လူထက္ ပိုၿပီးခြၽန္ေနသည္။ မသိလ်ွင္ လင္းႏို႔ရဲ့သြားေတြလို ေႁမြတစ္ေကာင္ရဲ့သြားေတြလိုျဖစ္သည္။ အဲ့ဆင္ေပါက္ ရယ္လိုက္ရင္ အဲ့သြားေတြက ထင္းေနသည္။ အဲ့ေကာင္မွာ အလွဆံုးေနရာတစ္ခုဆိုလို႔ ပန္းသီးပံုစံႏႈတ္ခမ္းေလးတစ္ခုပဲရိွသည္။ အဲ့ဆင္ေပါက္ရဲ့ ခပ္ညိုညိုအသားအေရနဲ႔မွမလိုက္ အဲ့ႏႈတ္ခမ္းေလးတစ္ခုက နီနီရဲရဲေလးႏွင့္ ပန္းသီးအေသးစားတစ္လံုးနဲ႔တူသည္။

" ငေတ... လာၪီး "

" ေျပာ.. အဘ၊ ဘာမွာမလို႔လဲ.. "

" ဘာမွ မမွာဘူး၊ ဒီမွာ ငါ့သားငယ္က ေတာထဲလိုက္ခ်င္လို႔တဲ့.. အဲ့တာ မင္း ေသခ်ာဂရုစိုက္ၿပီးေခၚသြားဖို႔ေျပာမလို႔.... "

" ဗ်ာ...၊ ေဟ့ေကာင္ ဆင္ေပါက္!! "

" ေမ.. ႀကိဳင္... "

က်ဳပ္က သူ႔ကိုစိတ္ဆိုးသြားမွန္းသိေတာ့ အေမ့နားသြားၿပီး မ်က္ႏွာငယ္ေလးနဲ႔ခြၽံေနတဲ့ ဗုဒၶဟူးေကာင္ေပါက္။

" ေအာ္.. ေတလြန္းရယ္၊ ရွင္ေမႊးေလးက လိုက္ခ်င္ေနတာပဲ.. ေခၚသြားစမ္းပါ၊ နင္လည္း ပါေနတာပဲ.... "

" အေမ...အေမလည္း သိရဲ့နဲ႔ဗ်ာ.... "

" အဲ့တာက ၾကာပါၿပီေအ...၊ ၿပီးေတာ့ အဲ့တုန္းက ကေလးေတြပဲရိွၾကေသးတာေလ....၊ ေခၚသြားလိုက္ပါ... နင္ရိွေနတာပဲ "

" ေဟ့ေကာင္ မင္း ေခၚသြားမွာလား၊ မေခၚသြားဘူးလား... ေအး မင္းမေခၚသြားဘူးဆိုရင္ ငါ.. အျခားသူေတြနဲ႔ သားငယ္ကိုထည့္ေပးလိုက္မယ္ "

" အဘ!!! "

က်ဳပ္ အဘကိုစိတ္ဆိုးဆိုးနဲ႔ေအာ္မိသည္။ ဒါက က်ဳပ္ ဆင္ေပါက္ကိုစိတ္မခ်မွန္းသိလို႔ အဘ သပ္သပ္မဲ့ေျပာမွန္းသိသည္။

" ဟူး... လိုက္ဗ်ာ လိုက္ခဲ့ဗ်ာ...၊ တိုးလြင္ မင္းတို႔ ႏြားလွည္းဆင္လိုက္ေတာ့... သြား "

က်ဳပ္လည္း ေျပာမရမဲ့အတူတူ ဆင္ေပါက္ကိုမ်က္လံုးနဲ႔စစ္ခင္းၿပီး တိုးလြင္တို႔ကို ႏြားလွည္းျပင္ခိုင္းလိုက္သည္။ ေျခက်င္သြားလည္းရေပမဲ့ ႏြားလွည္းနဲ႔ကပိုျမန္သည္။ အခုေတာ့ ဆင္ေပါက္ပါလိုက္မည္ဆိုေတာ့ ႏြားလွည္းနဲ႔သြားတာပဲ အဆင္ေျပဆံုးျဖစ္သည္။

ဆင္ေပါက္က က်ဳပ္အၾကည့္ကိုနားလည္လို႔လားမသိ၊ အဘရဲ့အနားကိုကပ္ၿပီး တိုးတိုးေလးေျပာေနသည္။ လုပ္ေနတဲ့ပံုစံက မသိရင္ က်ဳပ္ကပဲ အဘတို႔ကြယ္ရာေရာက္တာနဲ႔ က်ဳပ္က သူ႔ကိုအႏိုင္က်င့္လို႔ အဘကိုတိုင္ေနတဲ့ပံု။

" ေဟ့ေကာင္ ငေတ...၊ မင္း ငါ့သားငယ္ကို လမ္းမွာ အႏိုင္မက်င့္နဲ႔ေနာ္...၊ ေအး အႏိုင္က်င့္တယ္လို႔ေျပာခံရရင္ေတာ့ မင္း ဒီမွာေတြ့လား... "

က်ဳပ္ အေတြးေတာင္မဆံုးေသး။ အဲ့ဆင္ေပါက္က အဘကို က်ဳပ္ေတြးသလိုတကယ္တိုင္ေျပာေနသည္။ အဘကလည္း လက္ထဲကႀကိမ္တုတ္ကိုကိုင္ၿပီး က်ဳပ္ကိုၿခိမ္းေျခာက္ေနသည္။

" ဟာ... အဘရာ၊ က်ဳပ္ သူ႔ကို ဘယ္တုန္းက အႏိုင္က်င့္လို႔လဲ "

" ေအး... ဟိုေကာင္သံုးေကာင္!! "

" ဗ်ာ "×3

" မင္းတို႔ေတြ ေသခ်ာဒီေကာင့္ကိုေစာင့္ၾကည့္ထားၾက...ေရ ဒီေကာင္ ငါ့သားငယ္ကို အႏိုင္က်င့္ရင္ ငါ့ကိုျပန္ေျပာ ၾကားလား...၊ ေအး သိလ်က္နဲ႔ မင္းတို႔သူငယ္ခ်င္းဘက္ကေနပါလို႔ကေတာ့ မင္းတို႔ပါ ႀကိမ္လံုးစာမိမယ္... ၾကားလား!!! "

" ဟုတ္ အဘ " " ဟုတ္ကဲ့ပါ အဘ "×3

တိုးလြင္တို႔လည္း က်ဳပ္အဘကိုေၾကာက္ၾကသည္။ ေျဖလိုက္ၾကတာမ်ား အသံကိုညီလို႔။ ဟိုေကာက္ဆင္ေပါက္ကေတာ့ အဘနဲ႔အေမရဲ့နားမွာထိုင္ၿပီး ၿပံဳးလို႔ၿဖီးလို႔။ ေတာ္ေတာ္ အျမင္ကပ္စရာေကာင္းခ်က္ဗ်ာ။

က်ဳပ္လည္း အိမ္ေပၚကိုတက္ၿပီး က်ဳပ္ေသတၲာထဲက ေစာင္တစ္ထည္နဲ႔ အက်ႌလက္ရွည္တစ္ထည္ကို သြားယူလိုက္သည္။ ဆင္ေပါက္ဆိုတဲ့ေကာင္က ေတာထဲသာလိုက္ခ်င္တာ ဝတ္လာတဲ့အက်ႌက လက္တိုေလး။ အဲ့ေကာင္ ေတာထဲေရာက္ရင္ဝတ္ဖို႔အက်ႌလက္ရွည္နဲ႔ လွည္းေပၚက်ရင္ အဲ့ေကာင္ခင္းထိုင္ဖို႔ေစာင္ယူရသည္။ ေတာလမ္းက ရြာလမ္းလိုျဖဴးေျဖာင့္မေန၊ ခ်ိဳင့္ခြက္၊ဂုန္းေတြ ေပါမွေပါ။ လွည္းဘီးေဆာင့္ရင္ အဲ့ဆင္ေပါက္ ခံႏိုင္မွာမဟုတ္။ က်ဳပ္ အိမ္ေပၚကျပန္ဆင္းၿပီး မီးဖိုထဲဝင္၊ ငါးဆင့္ခ်ိဳင့္ထဲကို ထမင္းနဲ႔ဟင္းအျပည့္ထည့္ရသည္။ အဲ့ဆင္ေပါက္က ဗိုက္ခဏခဏဆာတတ္သည္။ အလြယ္စားလို႔ရတဲ့မုန္႔ႂကြပ္အိတ္ကိုလည္း ယူရသည္။

" ေတလြန္းေရ... သြားမယ္ေဟ့ "

" ေအး ငါ လာၿပီ "

က်ဳပ္ အကုန္ျပင္ၿပီးေတာ့ ဆင္ေပါက္က လွည္းေပၚေရာက္ေနၿပီျဖစ္သည္။ က်ဳပ္လည္း ဆင္ေပါက္ကိုမ်က္ေစာင္းထိုးၿပီး လွည္းေမာင္းတဲ့ေနရာဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ လွည္းကို ၿခံထဲကေနထြက္ကာ ရြာလမ္းေပၚျဖည္းျဖည္းခ်င္းတက္လိုက္သည္။

" ဆင္ေပါက္.. လာ၊ ဒီမွာ လာထိုင္ "

က်ဳပ္ရဲ့ေဘးမွာ ေစာင္ကိုခင္းၿပီး ဆင္ေပါက္ကိုထိုင္ခိုင္းလိုက္သည္။ ဆင္ေပါက္ကေတာ့ က်ဳပ္အနားကို ခပ္ရို႔ရို႔ေလးအသာလာထိုင္သည္။ အလကားပါ။ ဒီေကာင္က က်ဳပ္ကို တကယ္မေၾကာက္ဘူး။ ေၾကာက္ခ်င္ေယာင္ေဆာင္ေနတာ။ က်ဳပ္စကားဆို ဘယ္ေတာ့မွနားမေထာင္ဘူး။ စိတ္ရိွလက္ရိွ လုပ္လိုက္ရလို႔ကေတာ့။ က်ဳပ္လည္း မုန္႔ႂကြပ္အိတ္ကို ဆင္ေပါက္လက္ထဲထိုးထည့္ကာ လွည္းကို ေတာထဲသို႔ၪီးတည္ၿပီးႏွင္လိုက္သည္။ တိုးလြင္တို႔သံုးေယာက္ကေတာ့ က်ဳပ္ကို ၿပိဳင္တူေရာ၊ တစ္ေယာက္တစ္ေပါက္ေရာ အေနာက္မွာထိုင္ၿပီး ခပ္တိုးတိုးေမတၲာပို႔လိုက္၊ မိန္းမႀကီးေတြလို အတင္းတုတ္လိုက္နဲ႔ပဲ ပါလာၾကသည္။

Next episode .......

Continue Reading

You'll Also Like

66.7K 4.1K 51
မိုးပြေးနဲ့အပြိုင် ငါ့ဘဝထဲကို ဝင်လာခဲ့တဲ့ကောင်လေးနာမည်က 'မိုးသည်း' တဲ့။ မိုးေျပးနဲ႔အၿပိဳင္ ငါ့ဘဝထဲကို ဝင္လာခဲ့တဲ့ေကာင္ေလးနာမည္က 'မိုးသည္း' တဲ့။
43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
32.9K 3.1K 7
တစ်ယောက်ကို တစ်ယောက် နူးညံ့စွာ ငြိတွယ်မိကြပြီး ချစ်မြတ်နိုးမိသွားကြတာဟာ အပြစ်တစ်ခု ဆိုပါလျှင် ...။ / / တစ္ေယာက္ကို တစ္ေယာက္ ႏူးညံ့စြာ ၿငိတြယ္မိၾကၿပီး...
28.8M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...