ကွန်းတို့မနက်စာစားပြီးတော့ကွန်းကအမရာလေးကိုသွားပို့သည်။ဟိန်းမြတ်ကတော့ဟိုတယ်မှာပဲကျန်နေခဲ့သည်။သွေးသစ်တို့အိမ်မှာလဲ
"အိမြတ်ရေ"
"ရှင်အမေ"
"မြို့ဟောင်းကကိုဇော်ကြီးအိမ်မှာပုန်းရည်သွားဝယ်ချည်စမ်းပါ နင့်အကိုတစ်ယောက်ယောက်ခေါ်သွားလိုက်"
"ဟုတ် မြို့ဟောင်းဆိုရင်အမရာလေးကိုလဲခေါ်သွားလိုက်မယ်အမရာလေးကဟိုနေ့ကသွားချင်တယ်ပူဆာနေတာ"
"အမရာကလာမှမလာသေးတာနင်ပဲသွားလိုက်ပါလားဒေါ်လေးကအခုသွားခိုင်းနေတာကို"
"အမေအခုသွားခိုင်းတာလား"
"မဟုတ်ဘူးနောက်နှစ်မှ"
"အမေကလဲအကောင်းမေးတာကို"
"ဟုတ်တယ်အခုသွားခိုင်းတာ မြေးလေးကိုစောင့်ချင်သပဆိုလဲရှင့်သဘော"
"ဟုတ်ဒါဆိုအမရာလေးလာမှသွားတော့မယ် ကိုကြီးဟိန်းမြတ်လာပို့မယ်ပြောတယ်"
"အေးအေး"
စကားအဆုံးမှာပဲအိမ်ရှေ့ကကားစက်သံကြားလိုက်ရသည်။
"အယ်ပြောရင်းဆိုရင်းလာပြီထင်တယ်"
အိမြတ်ကအိမ်ရှေ့ထွက်ကြည့်တော့ကားပေါ်ကဆင်းလာတာဟိန်းမြတ်မဟုတ်ပဲကွန်းဖြစ်နေတာမြင်တော့
"ဟင် ခဲအိုလား"
"ဟုတ်တယ်ညီမ သမီးကိုလာပို့တာ"
"ဪညီမလေးကကိုကြီးဟိန်းမြတ်လာပို့မယ်ဆိုလို့ကိုကြီးဟိန်းမြတ်ထင်နေတာ"
"အင်း ဟိန်းမြတ်ကလိုက်ပို့ခိုင်းလို့ ပယင်းရှိတယ်မလား"
"ဟုတ်အကိုလေးအိမ်ထဲမှာရှိတယ်"
"ဟုတ်ပြီညီမလေး"
ဆိုကာကွန်းကသမီးကိုချီရင်းအိမ်ထဲဝင်သွားသည်။အိမ်ထဲရောက်တော့
"သဲတုံးလေးတီတီနဲ့လိုက်ခဲ့ဦး"
"ဟင် ဘယ်ကိုယဲတီတီယေး"
"မြို့ဟောင်းကို ဘွားဘွားကြီးကပုန်းရည်ဝယ်ခိုင်းလို့"
"အယ် ယိုက်မယ်ယိုက်မယ်တီတီယေး"
"လာ ဦးကြီးကိုသွားခေါ်ရအောင်"
"ဟုတ်"
ဆိုကာတူအရီးနှစ်ယောက်ထွက်သွားလေသည်။ကွန်းတို့အသံကြားတော့သွေးသစ်ကမီးဖိုချောင်ထဲကထွက်လာသည်။
"ကွန်း"
"ပယင်း ဘာလုပ်နေတာလဲ"
"ဒေါ်လေးကိုကူနေတာ သမီးကိုလာပို့တာလား"
"ဟုတ်တယ် ပယင်းကိုလဲမောင်ပြောစရာရှိလို့ အားတယ်မလား"
"အားပါတယ်ဘာပြောမလို့လဲ"
"လိုက်ခဲ့ အန်တီ့ကိုပါတစ်ခါထဲပြောလိုက်တော့မယ်မီးဖိုချောင်ထဲမှာပဲမလား"
"အင်းဟုတ်တယ်"
ကွန်းလဲပယင်းလက်ကိုဆွဲကာမီးဖိုချောင်ထဲဝင်လာခဲ့သည်။ကွန်းတို့ကိုမြင်တော့ဒေါ်လေးက
"ဪ သားမြေးလေးကိုလာပို့တာလား"
"ဟုတ် အန်တီနဲ့ပယင်းကိုကျွန်တော်ပြောစရာရှိလို့ပါ"
"ပြောလေသား"
"အမရာကကျွန်တော်နဲ့ပယင်းနဲ့ရတဲ့သမီးငယ်မလား"
"ဟုတ်တယ်လေ"
"ဟုတ်....ဟုတ်တယ်"
"ကျွန်တော်လဲဖခင်တစ်ယောက်ရဲ့အခွင့်ရေးလိုချင်တယ် သမီးငယ်ဆီကDaddyလို့ခေါ်သံလေးကိုကျွန်တော်ကြားချင်တယ် ပယင်းလဲမောင့်ကိုစိတ်မဆိုးတော့ဘူးဆိုရင်အခွင့်ရေးယူတယ်လို့တော့မထင်ပါနဲ့သမီးငယ်ကိုမောင့်အကြောင်းပြောပြပေးပါလားပယင်း ကျွန်တော်တောင်းဆိုတာပါအန်တီနဲ့ပယင်းကို"
သွေးသစ်အဖြေပြန်မပေးမိသေးပေ။ဒေါ်လေးကတော့ခနစဉ်းစားကာစကားဆက်လေသည်။
"ဒေါ်လေးကတော့သဘောတူချင်တယ်သွေးသစ် ငါ့တူလေးကရောဘယ်လိုသဘောရလဲ ကွန်းကလဲမြေးလေးရဲ့အဖေတစ်ယောက်ပဲလေလက်ခံသင့်တယ်လို့ထင်တယ်"
"ဟုတ် မင်းသဘောလေငါဘာမှမပြောတတ်ဘူးဒေါ်လေးလဲလက်ခံရင်ငါကအဆင်ပြေပါတယ် ပြောပေါ့"
"မောင်တစ်ယောက်ထဲပြောလို့မှမရတာပယင်းရဲ့ ပယင်းပါကူပြောပေးမှဖြစ်မှာလေ"
"အင်း သမီးပြန်လာရင်ငါပြောပေးမယ်"
ကွန်းကသွေးသစ်လက်လေးကိုကိုင်လိုက်ရင်း
"ကျေးဇူးပါပယင်း မောင်တကယ်ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး"
"သားတစ်ခါထဲထမင်းစားသွားပါ့လားငါးခြောက်ခြောက်လေးချက်ပြီးဟိုနေ့ကဇော်ခန့်သူငယ်ချင်းပခုက္ကူကအပြန်ပါလာတဲ့နှမ်းဖတ်ချဉ်လေးသုပ်ထားတာ စားသွားပါ့လား"
"တော်ပါပြီအန်တီ နေပါစေ"
"စားသွားပါကွန်းရဲ့ဒေါ်လေးကစားစေချင်လို့ဟာ မင်းလဲဟိုတယ်ထမင်းတွေပဲစားနေရတော့အိမ်ထမင်းအိမ်ဟင်းလေးလဲပြောင်းစားကြည့်လေ"
"အင်းပါ ပယင်းကပါစားခိုင်းနေတော့မောင်စားပါ့မယ်"
"အင်းဒါဆိုခနစောင့်ဦးချက်တုန်းမလို့"
"ဟုတ် မောင်ပယင်းအခန်းထဲကစောင့်လို့ဖြစ်မလား"
"အင်း ကောင်းသားပဲအခန်းထဲမှာအေးဆေးထိုင်ပြီးစောင့်နေ"
"ဟုတ်"
ဆိုကာေသွးသစ်နဲ့အမရာ့အခန်းကိုသွားလိုက်လေသည်။အခန်းထဲရောက်တော့အပေါ်ကရှပ်အင်္ကျီအညိုရောင်လက်ရှည်လေးကိုချွတ်ကာထိုင်ခုံပေါ်တင်ရင်းသွေးသစ်တို့အခန်းထဲမှာကပ်ထားတဲ့ပုံလေးတွေကြည့်နေလိုက်သည်။တစ်ပုံရောက်တော့သွေးသစ်နဲ့ကလေးပေါက်စလေးပုံဖြစ်သည်။
'ဒါသမီးမွေးခါစကထင်တယ်'
စိတ်ထဲမှာလဲတွေးနေရင်းအပြင်မှာလဲလက်ကသွေးသစ်လက်ထဲကကလေးပေါက်စလေးကိုပွတ်သပ်နေမိသည်။သမီးငယ်ကသူတို့နှစ်ယောက်ရဲ့ရုပ်ရည်အမွေကိုကောင်းကောင်းကြီးရထားတာပဲ။သွေးသစ်ရဲ့ပြေပြစ်ပြီးနှဖူးလှလှလေးကိုပိုင်ဆိုင်ထားသလိုသူ့ရဲ့နှာတံချွန်ချွန်လေးကိုလဲပိုင်ဆိုင်ထားသည်။မျက်လုံးလေးကဝိုင်းစက်နေကာအသားလေးကဖြူတော့ဘယ်အင်္ကျီလေးပဲဝတ်ဝတ်လိုက်သည်။ပြုံးလိုက်ရင်လဲသွေးသစ်ရဲ့အပြုံးလှလှလေးကိုအမွေဆက်ခံထားသေးသည်။ကွန်းစဉ်းစားရင်းနဲ့ပြုံးနေမိသည်။ထိုပုံကိုကျော်ကာနောက်တစ်ပုံဆီအကြည့်ရောက်တော့သူရင်းနှီးနေပြီးသားပုံဖြစ်နေသည်။ထိုပုံကတော့အခြားမဟုတ်သူတို့စတွေ့ခါစကပုံ သွေးသစ်သူ့ဆီကနေခွင့်ပြုချက်တောင်းပြီးသိမ်းထားတဲ့ပုံလေးဖြစ်သည်။ကွန်းအံ့ဩမိသည်။အချိန်တွေလဲကြာပြီးသွေးသစ်ကလဲသူ့ကိုစိတ်နာနေတော့အဲ့ဒီပုံမရှိလောက်တော့ဘူးထင်ထားတာအခုတော့အသစ်အတိုင်းရှိနေသေးသည်။ကွန်းအနည်းငယ်တော့ပီတိဖြစ်မိသည်။ကွန်းပုံတွေကြည့်နေတုန်းသွေးသစ်ကထမင်းစားဖို့လာခေါ်သည်။
"ကွန်းထမင်းစားရအောင်"
"ဟုတ်......ဒါနဲ့လေပယင်း"
"ပြောလေ"
"ဒီပုံအခုထိသိမ်းထားသေးတာပေါ့ မောင့်ကိုအခုထိလွမ်းနေသေးတယ်ဆိုတဲ့သဘောလား"
"မဟုတ်ပါဘူး အဲ့တာကဒီတိုင်းပဲသိမ်းလက်စနဲ့သိမ်းထားမိတာ ရှိနေလို့လဲဘာမှမထူးဘူးမရှိလို့လဲဘာမှမထူးဘူးလေ ငါကဖုန်းဖြစ်ဖြစ်ကြည့်နေမယ်မှတ်တာမင်းကဒီပုံတွေကြည့်နေတာလား"
"ဟုတ် မောင်ကမျက်မှန်ပါမှကြည့်လို့ဖြစ်တာလေဖုန်းတို့ဘာတို့က"
"ဪ အင်းပါ လာခဲ့ထမင်းစားရအောင်"
"ဟုတ်"
:ဒီး
:ဒီး
:ဒီး
သွေးသစ်တို့ထမင်းစားနေတုန်းဖုန်းလာတာနဲ့သွေးသစ်လဲကိုင်လိုက်သည်။
"ဟလို"
"သွေးသစ် သူငယ်ချင်း"
"အေးပြောလေသူခန့်"
"ဒီနေ့တစ်နေကုန်မင်းအားတယ်မလား"
"အေး အားတယ်လေကွာ"
"ညကြရင်ဝက်ကြီးအင်းကငါတို့ဧည့်သည်တွေကိုကျွေးနေကြဆိုင်လာခဲ့ပါလား ကွန်းကိုပါခေါ်ခဲ့ နှစ်ယောက်အတူလာခဲ့"
သွေးသစ်ကကွန်းကိုကြည့်တော့ကွန်းကဘာလဲဆိုပြီးမေးဆတ်ပြသည်။သွေးသစ်လဲဘာမှမဟုတ်ဘူးဆိုတဲ့သဘောနဲ့ပြန်ပြီးခေါင်းခါပြသည်။
"ဘာလို့လဲ"
"လာခဲ့စမ်းပါကွာ ငါနဲ့ဟိန်းမြတ်လဲရှိနေမှာကြားလား"
"အေးအေး ဘယ်နှနာရီလဲ"
"၆နာရီ သမီးကိုပါခေါ်ခဲ့နော်"
"အေးအေးဟုတ်ပြီ"
သွေးသစ်ဖုန်းချလိုက်တော့ကွန်းကမေးလာသည်။
"ပယင်းဘာတဲ့လဲ"
"ညနေ၆နာရီဝက်ကြီးအင်းမှာရှိတဲ့စားသောက်ဆိုင်လာခဲ့တဲ့ သမီးကိုပါခေါ်ခဲ့တဲ့"
"ဪပယင်းကိုလား"
"ဟုတ်တယ် မင်းရောပါတယ် မင်းရယ်ငါရယ်သမီးရယ်သုံးယောက်"
"ဪ"
"သူခန့်ကခေါ်တာလားသား"
"ဟုတ်တယ်ဒေါ်လေး"
"ဪ"
"ဝက်ကြီးအင်းဆိုတာအရင်အခေါက်ကကျွန်တော်တို့သွားတဲ့နေရာလား"
"အင်းဟုတ်တယ် မှတ်မိသားပဲ"
"ကျွန်တော်ကဘယ်ကိစ္စမဆိုသင်လွယ်တတ်လွယ်မှတ်မိလွယ်တယ်"
"အမရာလေးကကွန်းကိုတူတာပဲနေမှာ မြေးလေးကလဲသူ့ကိုတစ်ခုခုသင်ပေးလိုက်တာနဲ့တစ်ခါတည်းနဲ့သေချာမှတ်ထားတာ"
"ဟုတ်လားအန်တီ"
"ဟုတ်ပါ့ ဒေါ်လေးကလဲထင်ပြီးသားပါအမရာဉာဏ်ကောင်းတာကွန်းနဲ့ပဲတူမှာလို့ သေချာပေါက်ငါ့တူနဲ့မတူတာရာနှုန်းပြည့်ပဲ"
ဒေါ်မြတ်သွေးနီကရယ်ရင်းနဲ့စလေသည်။
"ဒေါ်လေးကလဲအဲ့လောက်တော့မဟုတ်ပါဘူးဗျ"
"ဟိုတစ်နေ့ကပဲမနက်ကပြောထားတဲ့စကားကိုနေ့ခင်းတန်းမေ့တာဘယ်သူလဲ"
"မဟုတ်ပါဘူးဒေါ်လေးရအဲ့နေ့ကအလုပ်တွေရှုပ်နေလို့ဟာကို"
"မင်းကလေးမွေးပြီးတော့ပိုပိုမေ့လာတယ်"
"မဟုတ်ပါဘူးဆိုဒေါ်လေးကလဲ သမီးစိတ်နဲ့အာရုံများသွားလို့ပါဆို သူများရှေ့မှာသားကိုအောက်ဖဲလှန်နေတယ်ဒီဒေါ်လေးကတော့"
သွေးသစ်ကမျက်စောင်းထိုးရင်းနဲ့စူပုပ်ပုပ်လေးပြောလေသည်။
"မောင်ကသူများမဟုတ်ပါဘူး ပယင်းရဲ့ယောကျာ်းကို ပြောသာပြောဒေါ်လေး"
ကွန်းကသွေးသစ်ရဲ့စူပုပ်ပုပ်မျက်နှာလေးကိုအသဲယားတာနဲ့ထပ်စလိုက်လေသည်။
"ကွန်း မင်းလူကြီးတွေကြားဝင်မပါစမ်းနဲ့"
"အမယ်သူကကြအဘိုးကြီးပေါ့"
ဒေါ်မြတ်သွေးနီကကွန်းဘက်လိုက်ပြောတော့
"သူ့ထက်စာရင်တော့သားက၃နှစ်ပိုကြီးတယ်လေ"
ဆိုကာလက်လေးသုံးချောင်းထောင်ကာပြောတော့ကွန်းစိတ်ထဲကောက်ချက်ချလိုက်သည်။သူ့သမီးရဲ့ချစ်စရာကောင်းမှုအပေါင်းကပယင်းဆီကဆက်ခံထားတာပဲလို့.....
"ဟုတ်ကဲ့ပါကိုကိုကြီး"
"အယ် ပြန်ခေါ်လိုက်စမ်းပါ"
"ဘာကိုလဲ"
"ခုနကလေငါ့ကို ကိုကိုကြီး လို့ခေါ်လိုက်တာ ပြန်ခေါ်စမ်းပါထပ်ကြားချင်လို့"
"အာ ခေါ်ချင်ပါဘူး"
"ခေါ်စမ်းပါတစ်ခါထဲရယ် မင်းငါနဲ့တွေ့ကတည်းက 'ခင်ဗျား ပယင်းသွေးသစ် ပယင်း' ဒါတွေပဲခေါ်နေတယ်ရိုသေသမှုနဲ့ခေါ်တာကိုတစ်ခါမှမကြားဖူးဘူး နော် လုပ်ပါ နော် နော်"
"ဒေါ်လေးဒီငါးချက်လေးစားကောင်းတယ်နော်"
"ဟုတ်လား သားကြိုက်ရင်ထပ်စားလို့ရတယ်ဒယ်အိုးထဲမှာရှိသေးတယ်"
"ဟုတ်ဒေါ်လေးထပ်စားချင်လို့"
"အေးအေး ဒေါ်လေးခပ်ပေးမယ်"
သွေးသစ်ကတော့သူ့စကားကိုမကြားချင်ယောင်ဆောင်ကာစကားလမ်းကြောင်းလွှဲနေသည့်သူကိုမျက်စောင်းထိုးရင်းပါးစပ်ကလဲပွစိပွစိပြောကာထမင်းဆက်စားနေလေသည်။
ထမင်းစားပြီသွားတော့ကွန်းကဟိုတယ်ပြန်ဖို့ပြင်သည်။
"မောင်ညနေကြလာခေါ်လှည့်မယ်နော် အသင့်ပြင်ထားလိုက်"
"....."
"စိတ်ကောက်နေတာလားအဲ့ရုပ်က"
"......"
သွေးသစ်ကဘာမှပြန်မပြောပဲမျက်နှာတည်နဲ့ဆက်နေနေတော့ကွန်းကကားတံခါးဖွင့်ရင်း
"မောင်သွားပြီနော်ကိုကိုကြီး"
ဆိုကာထွက်သွားလေသည်။သွေးသစ် ကိုကိုကြီး လို့ခေါ်သံကြားတော့ခေါင်းလေးကိုဆတ်ခနဲလှည့်ကာကြည့်လိုက်တော့ကားလေးကထွက်သွားချေပြီ
"အကျင့်မကောင်းတဲ့ကောင် စိတ်ပုတ် ဟွန့်"
နှုတ်ခမ်းလေးစူလိုက်ရင်းအိမ်ထဲပြန်ဝင်သွားတော့သည်။
ညနေ၄နာရီလောက်ရောက်တော့သွေးသစ်တို့သားအဖရေချိုးကာပြင်ဆင်နေကြလေသည်။သွေးသစ်ကသမီးငယ်ကိုရေအရင်ချိုးပေးလိုက်ပြီးသနပ်ခါးလိမ်းဖို့သူ့ဒေါ်လေးလက်ထဲအပ်လိုက်သည်။သူကတော့ရေချိုးဖို့ပြင်ဆင်နေသည်။သူရေချိုးပြီးထွက်လာတော့ဒေါ်မြတ်သွေးနီကသူထားခဲ့တဲ့အမရာ့အတွက်ဂါဝန်လေးကိုဝတ်ပေးနေသည်။သွေးသစ်လဲသဘက်နဲ့ရေတွေကိုသုတ်ရင်းသူ့သမီးကိုအစအဆုံးကြည့်နေသည်။ဖြူဖွေးကာနို့နှစ်ရောင်သန်းနေတဲ့ပါးပြင်အိအိလေးပေါ်မှာရှင်မတောင်သနပ်ခါးအဝါရောင်လေးကိုအဝိုင်းလေးဝိုင်းကာလိမ်းထားသည်။ဂါဝန်ကတော့သူ့သမီးရဲ့အကြိုက်ဆုံးအရောင်ဖြစ်တဲ့မီးခိုးရောင်ကိုမှဖဲကြိုးအဖြူရောင်လေးတပ်ဆင်ထားသည်။ချစ်စရာကောင်းတဲ့ဂါဝန်လေးကိုသူ့သမီးချစ်စရာအကောင်းဆုံးလေးကဝတ်လိုက်တော့သွေးသစ်စိတ်ထဲအသဲတွေယားလာသည်။သွေးသစ်လဲအနားသွားကာပါးပြင်လေးကိုနှာခေါင်းလေးနစ်ဝင်သည်အထိနမ်းလိုက်တော့သူ့သမီးကတွန်းထုတ်လာသည်။
"ဖေဖေချိပ်ပုတ်ကြီး တူများအယတွေကျက်ကုန်ပြီ"
"ဟားဟား မပျက်ပါဘူးဗျာဒီမှာအလှလေးတွေကျန်နေတုန်းပဲ"
"ဂယ်ယား"
"တကယ်ပေါ့"
"တော်တေးယာပေါ့"
"ဟားဟားဟား"
သွေးသစ်ရောဒေါ်မြတ်သွေးနီရောရယ်ကုန်ကြသည်။
"လှချင်လိုက်တာလဲတအားပဲ"
ဒေါ်မြတ်သွေးနီကရယ်ရင်းပြောလေသည်။
"ဟုတ်ပါ့ဒေါ်လေးရာ"
သွေးသစ်လဲပြောရင်းနဲ့အင်္ကျီထုတ်နေသည်။
"သားဘာဝတ်သွားမှာလဲ"
"အညိုရောင်ရှပ်နဲ့အစိမ်းကွက်ကြားပုဆိုးဝတ်ရင်ကောင်းမလားလို့ဒေါ်လေး"
"နေဦး အဲ့တာမဝတ်နဲ့ဒေါ်လေးရွေးပေးမယ်"
"ဟုတ်"
ဆိုကာသွေးသစ်လဲသူ့ဒေါ်လေးထုတ်ပေးမည့်အင်္ကျီကိုစောင့်နေသည်။စက္ကန့်အနည်းငယ်ကြာရွေးပြီးသွားတော့ထုတ်လာလေသည်။
"ဒါလေးဝတ်သွားမှသားအဖနှစ်ယောက်ဆင်တူဖြစ်မှာပေါ့"
ဆိုကာမီးခိုးရောင်ရှပ်လက်ရှည်လေးနဲ့အနီနဲ့အနက်ကွက်ကြားပုဆိုးလေးကိုထုတ်ပေးလာသည်။
"ဟုတ်ဒေါ်လေး"
ဆိုကာသွေးသစ်လဲအင်္ကျီတွေကိုဝတ်လိုက်သည်။ဝတ်ပြီးသွားတော့ဒေါ်မြတ်သွေးနီကသွေးသစ်ကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း
"ငါ့တူအချောလေးကဒါလေးဝတ်လိုက်တော့မင်းသားတွေတောင်အရှုံးပေးရတယ်"
"အဟားး မဟုတ်တာဒေါ်လေးကလဲ"
"တကယ်ပြောတာပါဆို"
"ဟားဟား ဟုတ်ပါပြီ အပြန်ကြဒေါ်လေးတို့ညစားဖို့သားမုန့်ဝယ်ခဲ့မယ် မုန့်ကုန်သွားပြီမလားဟိုနေ့ကဝယ်ထားတာ"
"နေ နေ အိမြတ်တို့ကိုမှာလိုက်တယ်နေ့ခင်းထဲကသူတို့ဝယ်လာတယ်"
"ဪဟုတ်လားသားမတွေ့လိုက်ဘူး"
"အေး ကြောင်အိမ်ထဲထည့်ထားတာလေ"
"ဪဟုတ်"
သွေးသစ်တို့လဲပြင်ဆင်ပြီးတော့ကွန်းကိုစောင့်နေကြသည်။၅နာရီထိုးတော့ကွန်းရောက်လာသည်။
"မောင်တို့သွားကြတော့မလားပယင်း"
"အင်းသွားရအောင်လေ သမီးငယ်လာ"
ဆိုကာအမရာ့ကိုချီပြီးကားဆီသွားလေသည်။ကားပေါ်ရောက်တော့ကွန်းကသွေးသစ်ကိုတစ်လှည့်သူ့သမီးကိုတစ်လှည့်ကြည့်နေလေသည်။
"ဘာကြည့်နေတာလဲငါတို့ကို မသွားသေးဘူးလား"
"ခနလေးမောင်ပယင်းတို့နှစ်ယောက်ကိုကြည့်လို့မဝသေးဘူး"
"အပိုတွေ သွားပါတော့ကွာ"
"ဟုတ်ကဲ့ပါအပြန်ကြမှဆက်ကြည့်တော့မယ်"
"...."
ကွန်းတို့ကားလေးလဲသွေးသစ်အိမ်ကနေထွက်ကာဝက်ကြီးအင်းဆီသွားလိုက်သည်။
"ပယင်း ခင်ဗျားဒီနေ့အရမ်းလှနေတယ်"
"အင်း"
"သမီးငယ်ရောပဲ"
"အင်း"
"ဒီတစ်လုံးပဲပြောနေတော့မှာလား"
"မဟုတ်ပါဘူး"
"စိတ်ဆိုးကမပြေသေးဘူးလား"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလို့အဲ့တာပဲပြောနေတာလဲ"
"ကွန်းမင်းမသောက်ပဲနဲ့ရစ်နေ ဘာမှမှပြောစရာမရှိတာကိုငါကဘာပြောရမှာလဲ"
"မောင့်ကိုချစ်ကြောင်းကြိုက်ကြောင်းပြောကြည့်လေပြောစရာမရှိရင်"
"ခွေးကောင်"
"ဟားဟား"
ကွန်းတို့ကားလေးလဲတဖြည်းဖြည်းမောင်းလာရာသူခန့်နဲ့ချိန်းထားတဲ့ဆိုင်ရောက်လာသည်။အထဲဝင်လိုက်တော့သူခန့်တို့ကိုတွေ့လေသည်။သွေးသစ်တို့လဲသူခန့်တို့ဝိုင်းကိုသွားထိုင်လိုက်သည်။
"မင်းတို့သုံးယောက်ကဆင်တူဝတ်လာကြတာလားကွ"
"သမီးနဲ့ငါနဲ့ကတော့အတူတူဝတ်လာတာပဲသူကတော့တိုက်ဆိုင်သွားတာ"
"အဲ့တာမောင်တို့စိတ်ချင်းဆက်နေတာလေပယင်းရဲ့"
"မင်းကလဲပြောလိုက်ရင်တကယ်ပါပဲ"
"ဘာဖြစ်လဲဟိန်းမြတ်"
"ပိုကိုပိုတယ်"
သွေးသစ်တို့ရောက်လာတာနဲ့မှာစရာရှိတာတွေမှာကာစားကြလေသည်။
"သွေးသစ်"
"အေး"
"မင်းမှတ်မိလားအရင်ခါကကောင်မလေးတွေလေ"
"အာအေးဟိုနှစ်ယောက်လား"
"ဟုတ်တယ်"
"မှတ်မှတ်ရရဒီဆိုင်ပဲနော်"
"ဟုတ်တယ် သူတို့ရောအခုလောက်ဆိုအိမ်ထောင်ကျနေလောက်ပြီလားမသိဘူးနော်"
"အေးကျရောမယ်"
"ငါတို့guideလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်အဲ့လောက်အလှလေးတွေတစ်ခါမှကိုမတွေ့ခဲ့ဖူးတာပါကွာ"
"ဟုတ်တယ်ငါဆိုမင်းသမီးတွေတောင်ထင်ကုန်တာ"
"မင်းကပုပုသေးသေးလေးနဲ့တစ်ယောက်ကိုကြွေခဲ့တာမလား"
"မင်းကကျန်တဲ့တစ်ယောက်မလား မင်းလဲအတူတူပဲ"
"ငါတို့မှာတော့ရမလားလို့အထာတွေပေးခဲ့ရတာ ဟိုတယ်ရောက်တိုင်းဂျာကြီးတာဝန်ယူပြီးသူတို့အခန်းသွားသွားစစ်တာလေ"
"အေးကွာ ငါလုပ်မယ်ဆိုတိုင်းမင်းပဲဦးသွားတာငါ့မှာကျန်နေခဲ့တာ"
"နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲလေ ဟဲဟဲ"
"လုပ်ထားဦးပေါ့သူခန့်ရာ နောက်ထပ်ထပ်တွေ့ရင်ဘယ်လိုနေလောက်မလဲငါတို့"
"မပြောတတ်ဘူး မင်းရော"
"ငါလဲမသိဘူး"
"အဲ့တုန်းကငါတို့ဒီဆိုင်နဲ့မိတ်ဆက်ပေးလိုက်တာသူတို့တော်တော်သဘောကျသွားတာနော်"
"ဟုတ်တယ်နောက်နေ့တွေကြလဲဒီကိုပဲလိုက်ပို့ရတာလေ အခုလဲမင်းသူတို့ကိုသတိရသွားလို့ဒီဆိုင်ချိန်းလိုက်တာလား"
"မဟုတ်ပါဘူးကွာ ချိန်းပြီးမှသာသတိကရသွားတာ"
"ဖြစ်ရမယ်"
"ဟိန်းမြတ်စားနေတဲ့ဟင်းကငါကြွေခဲ့ရတဲ့ကောင်မလေးအကြိုက်ဆုံးဟင်းနော်"
"အေးဟုတ်တယ် သမီးစားနေတဲ့ဟင်းကဟိုအလှလေးကြိုက်တဲ့ဟင်းလေ"
:ခလွမ်း
:ချွင်
"အဟင်း အဟင်း"
"အဟမ်း"
တမင်လုပ်ထားတဲ့ချောင်းဟန့်သံတွေကြားတော့မှဘေးက၃ယောက်ကိုကြည့်တော့ရုပ်ကြီးတွေကတွန့်ချိုးနေကာမျက်မှောင်ကြီးတွေကျုံ့နေလေသည်။
"ဟိန်းမြတ်"
"ကွန်း"
"ဒီဟင်းဟုတ်လား ဟိုကောင်မလေးစားတာ"
"သမီးစားနေတာခင်ဗျားကြိုက်ခဲ့တဲ့ကောင်မလေးစားတဲ့ဟင်းပေါ့"
"မီးမီးရှားတော့ဝူးအဲ့ဟင်းကြီးကို ဦးဦးကွန်း တိမ်းယိုက်တော့"
"ဖြစ်စေရမယ်သမီး"
"Waiter!! Waiter!! "
ဟိန်းမြတ်အော်သံကြားတော့waiterကောင်လေးကပြေးလာသည်။
"အကိုတို့ဘာလိုလဲခင်ဗျ"
"လိုတာမဟုတ်ဘူးပိုနေတာ ဒီဟင်းနှစ်ခွက်ပြန်ယူသွား!! မမြင်ချင်ဘူး"
"ဗျာ ဟုတ်ဟုတ်"
ဆိုကာသွေးသစ်တို့ပြောတဲ့ဟင်းနှစ်ခွက်ကိုဟိန်းမြတ်ကသိမ်းခိုင်းလိုက်သည်။
"တော်ပြီကွာ စားချင်စိတ်မရှိတော့ဘူး"
"ဟုတ်ရယ်မီးမီးရောပဲ"
"ငါလဲစားချင်စိတ်ပျောက်သွားပြီဒီဆိုင်မှာ"
"ဟို မင်းတို့ကလဲဘာဖြစ်လို့လဲဒီဆိုင်ကဟင်းတွေကကောင်းပါတယ်ကွ"
"အေးလေကွာ"
သူခန့်ကလေသံလေးနဲ့ပြောတော့သွေးသစ်ကလဲထောက်ခံသည်။
"ကောင်းရင်ခင်ဗျားတို့ပဲစားကြလေ!!"
"ကောင်းရင်ခင်ဗျားတို့ပဲစားကြလေ!!"
နှစ်ယောက်သားပြိုင်တူအော်လိုက်ကြတာသူခန့်နဲ့သွေးသစ်နှစ်ယောက်နောက်ဆုတ်သွားသည်။
ကွန်းကဆက်ပြောလေသည်။
"အဟက်!!ကောင်းတယ်ဟုတ်လား..?အေးပေါ့ သူတို့ကသူတို့ဟာမလေးတွေကြိုက်တော့သူတို့လဲကောင်းတာပေါ့ ကျုပ်တို့ကတော့လုံးဝပဲ ဟုတ်တယ်မလားဟိန်းမြတ်"
"ဟုတ်တယ်ကွန်း"
"ခုနကတော့သူတို့နှစ်ယောက်ပဲအားရပါးရစားနေကြပြီးတော့"
သွေးသစ်ကပြောတော့ကွန်းက
"ခုနကမသိလို့ကောင်းတာလေ အခုသိသွားတော့လုံးဝမကောင်းတော့ဘူး"
"ဟုတ်တယ် သေတောင်ဒီဆိုင်ကိုလုံးဝလာမစားဘူး"
"ဟုတ်တယ် ပြန်မယ်!!"
"အယ်နေကြပါဦးငါတို့စားနေတုန်းကို"
"ဪ စားချင်ကြသေးတယ်လား"
ကွန်းကလေသံခပ်ကြိတ်ကြိတ်နဲ့ပြောတော့သွေးသစ်ကကွန်းရဲ့ဒေါသlevelကိုခန့်မှန်းမိလိုက်လေပြီ
"မဟုတ်ဘူး မစားတော့ဘူးသူခန့်လဲထတော့ ဟုတ်တယ်ဒီဆိုင်မကောင်းဘူး လာပြန်မယ်"
ဆိုကာသူခန့်ကိုလက်ကုပ်ခေါ်လိုက်သည်။မခေါ်လို့လဲမရဆက်စားနေလျှင်ဒီဆိုင်ပြုတ်သွားလိမ့်မည်။သွေးသစ်နဲ့သူခန့်လဲထလိုက်ပြီးသူတို့နောက်လိုက်သွားလိုက်သည်။ကားနားရောက်တော့
"ငါသွားပြီကွန်း နောက်နေ့မှတွေ့မယ်"
"ငါလဲသွားပြီဟိန်းမြတ်"
သွေးသစ်နဲ့သူခန့်လဲသူတို့ကားအသီးသီးပေါ်အမြန်တက်သွားကြသည်။ကားလေးကတစ်ရွေ့ရွေ့နဲ့မောင်းလာရင်းသွေးသစ်တို့အိမ်ရောက်သွားလေသည်။သွေးသစ်နဲ့အမရာကိုပို့ပြီးတော့ပြန်ထွက်မည်အလုပ်သွေးသစ်ကကားကိုတားထားလိုက်သည်။
"ကွန်း"
"...."
"ကွန်းလို့"
"ဘာတုန်း"
"တန်းသွားတော့မလို့လား"
"ကျုပ်ကဘာလုပ်နေရဦးမှာလဲ"
"သမီးကိုပြောမယ်ဆို"
"ပြောချင်စိတ်ရှိမနေဘူးလူပဲသတ်ချင်နေတယ် နောက်နေ့မှပြောမယ်"
"မင်းကလဲ"
"ကျုပ်သွားလို့ရပြီလား"
"မရသေးဘူး ဘာလို့ကျုပ်လို့ပြောတာလဲမောင်လို့ဘာလို့မသုံးတော့တာလဲ ပြီးတော့ကားပေါ်ကနေပဲစကားပြောတော့မလို့လားငါတောင်အေးတဲ့ကြားထဲကအပြင်ထွက်ပြီးပြောနေတာကို"
"ကျုပ် ကျစ်!ဒေါသထွက်ရင်အဲလိုအနုအယွတွေကထွက်မလာဘူးဗျ!! မောင်အခုတော်တော်လေးဒေါသထွက်နေတယ်ပယင်း"
ကားပေါ်ကဆင်းလိုက်ပြီး
"မောင်ကလေပယင်းတခြားလူကိုကြိုက်တာမပြောနဲ့မျက်လုံးနဲ့စေ့စေ့ကြည့်ရင်တောင်သေလောက်အောင်သဝန်တိုတယ်ဗျ
အဲ့လိုပဲတခြားလူကခင်ဗျားကိုကြည့်ရင်လဲအဲ့ဒီမျက်လုံးတွေကိုဖောက်ထုတ်ပစ်ချင်လောက်အောင်အထိစိတ်တိုတယ် အခုပယင်းကကောင်မလေးကိုကြိုက်တာလေမောင်ဘယ်လိုလုပ်ရမှာလဲ!! ဘယ်လိုလုပ်စကားပြောနိုင်မှာလဲ!! အခုနေလုပ်ချင်တာပြောဆိုရင်အဲ့အချိန်ပြန်သွားပြီးအဲ့ကောင်မလေးနဲ့ပယင်းနဲ့မတွေ့အောင်မောင်လုပ်ပစ်ချင်တာ မောင့်ရင်ဘတ်ထဲမှာပယင်းတစ်ယောက်ထဲပဲရှိနေသလိုပယင်းရင်ဘတ်ထဲမှာလဲမောင်တစ်ယောက်ထဲကိုပဲရှိနေစေချင်တာ!! မောင်မွေးကတည်းကနေအခုချိန်ထိပယင်းတစ်ယောက်ထဲပဲရှိခဲ့သလိုသေတဲ့အထိလဲပယင်းတစ်ယောက်ထဲပဲရှိနေဦးမှာ!! ပယင်းကိုလဲမောင်ကအဲ့လိုဖြစ်စေချင်တာ!! အခုတော့ပယင်းကမောင့်အရင်ကောင်မလေးတစ်ယောက်ကိုကြိုက်ခဲ့ဖူးတယ်ဆိုတော့ ဟာဗျာ!! တောက်!!"
ဒေါသတွေထွက်ပြီးစကားတွေအများကြီးပြောသွားသည့်ကွန်းကိုကြည့်ရင်းသူရင်တွေခုန်နေရသည်။သူကကွန်းစိတ်ထဲမှာတစ်ဦးတည်းသောသူတဲ့သူအရမ်းပျော်နေကာပီတိလဲဖြစ်နေမိသည်။သွေးသစ်ရဲ့ပြုံးစိစိရုပ်ကိုမြင်တော့
"ခင်ဗျားဒီချိန်မှာပြုံးနေနိုင်သေးတာလားပယင်းသွေးသစ်!!"
"မဟုတ်ပါဘူး"
သွေးသစ်ကဒူးထောက်လိုက်ရင်းမြေကြီးလက်တစ်ဆုပ်စာလောက်ကိုသူ့လက်ထဲသယ်လိုက်ရင်းကွန်းကိုမြှောက်ပြသည်။
"ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင် ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါပယင်းကိုယုံပါဒီပုဂံမြေကစည်းရှိတဲ့မြေ သစ္စာဆိုရင်လဲတစ်ကယ်ဖြစ်တဲ့မြေမလို့ငါကျိန်ပါတယ် မောင်တစ်ယောက်ထဲကပဲပယင်းရဲ့ရင်ကိုပိုင်စိုးထားတာပါ"
"ခင်ဗျားပဲကြိုက်ခဲ့တာဆိုမောင်ကဘယ်လိုလုပ်တစ်ယောက်ထဲဖြစ်နေနိုင်မှာလဲ"
"အဲ့အချိန်ကဆယ်ကျော်သက် သစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့အချိန်မလို့လူငယ်သဘာဝရင်ခုန်မိရုံပါဒီ့ထက်ဘာမှဖြစ်မလာပါဘူး ပယင်းတစ်ကယ်ချစ်ပြီးတကယ်တန်ဖိုးထားတဲ့သူကမောင်တစ်ယောက်ထဲပါ"
ထိုစကားကြားတော့ကွန်းမျက်နှာနည်းနည်းပြေသွားသည်။ပြုံးယောင်လေးလဲသန်းလာသည်။
"တကယ်လား"
"အင်း တစ်ကယ်......ပြီးတော့ငါဆုံးဖြတ်လိုက်ပြီ မောင်နဲ့အတူလိုက်နေမယ်"
"တ....တကယ်လားပယင်း မောင့်ကိုတကယ်ပြောတာလား"
"အင်းတကယ်ပေါ့မောင်ရဲ့"
"အဟားးးပျော်လိုက်တာဗျာ"
"ဟီး"
:မွ
"မောင်! မင်းနော်"
"ထိန်းမရတော့လို့ပါ"
"ဖြစ်ရမယ် အခုသဝန်တိုတာပြေပြီမလား"
"အင်းပြေလုပြေခင်ပါပဲ ပယင်းသာမောင့်ကိုပြန်နမ်းရင်လုံးဝပြေသွားလောက်ပြီ"
"ဟားဟား"
သွေးသစ်ခေါင်းလေးမော့ကာရယ်မိသည်။ပါးစပ်ကလဲ
"လူလည်"
"တစ်ကယ်ပြောတာပါဗျ"
:မွ
"ဒါပဲလား"
"ဒါပဲလေ မင်းပဲနမ်းဆိုလို့နမ်းတာကို"
"နောက်နေ့မှဘယ်လိုနမ်းရမလဲပြောပြတော့မယ်"
"ဟုတ်ပြီ မှောင်နေပြီပြန်တော့"
"ဟုတ် ဟိုတယ်ကိုဘယ်ချိန်လာမှာလဲ"
"မနက်ဖြန်မနက်"
"တစ်နေကုန်မလား"
"အင်းတစ်နေကုန်ပဲဆိုပါတော့ဒါမဲ့touristတစ်ယောက်လာမယ်ဆိုလို့သေချာလုပ်ပေးရဦးမှာပထမရက်မလို့"
"ကောင်မလေးလား"
"ကောင်လေးပါဗျာ"
"ဘယ်လိုလုပ်မလဲကောင်မလေးဖြစ်ဖြစ်ကောင်လေးဖြစ်ဖြစ်မောင်ကပယင်းကိုစိတ်မချတော့ဘူး"
"မသိဘူးကွာ ငါပြောပြီးသားကိုလွန်လာပြီမင်းက"
"မောင်ပါလိုက်ခဲ့မယ်"
"မရပါဘူး"
"မရလဲလိုက်မှာပဲ မခေါ်ရင်မောင့်အကြောင်းသိမယ်မှတ်"
သွေးသစ်မျက်စောင်းလေးသာထိုးမိသည်။
"မောင်သွားပြီ good night love you"
"အင်း good nightမောင်love you too"
ကွန်းလဲနဖူးလေးကိုနမ်းလိုက်ကာပြန်သွားတော့သည်။ပယင်းကတော့ကွန်းကားလေးမျက်စိရှေ့ကပျောက်သည်အထိခြံတံခါးနားကနေစောင့်ကြည့်နေလေသည်။
ကွန်း-ဟိုအဒေါ်ကြီး သွေးသစ်လို့ပဲရေးနေကြသွေးသစ်လို့ပဲရေးလေဘာပယင်းလဲအဲ့တာကျုပ်တစ်ယောက်ပဲခေါ်တဲ့နာမည် လုပ်ရင်သေဦးမယ်!!!!
အဒေါ်ကြီးခေါ်ခံလိုက်ရတဲ့ကျွန်တော်-ဟုတ်ပါပြီသားရယ် ရေးရင်းနဲ့မှားသွားလို့ပါ သောင်းဘန်ပါသယ်🤐
ကွန်း-ပြီးရော😒