Kissing In The Moonlight [Com...

By VictoryKimTae

47.3K 5.4K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Final

Chapter 16

1.4K 199 72
By VictoryKimTae

အခန်းထဲမှာ တိတ်တဆိတ်သာ ဖြစ်လို့ နေပါသည်။ ကိုရိန်းက မျက်နှာ အောက်ငိုက်ထားပြီး ကြမ်းပြင်ကိုသာ ကြည့်နေ၏။

ဆရာကတော့ အသီးထည့်ထားသည့် အိတ်ကို စားပွဲပေါ် တင်ပြီး အနားက ခုံမှာ ဝင်ထိုင်လိုက်သည်။

"ကလေးလေး သက်သာရဲ့လားလို့ လာကြည့်ရင်းနဲ့ အသီးတွေ ဝယ်လာခဲ့တာ... စွပ်ပြုတ်ဆိုင်ကို အရင်သွားပေမယ့် အဒေါ်က ကလေးလေး အခန်းကို သွားဖို့ လွှတ်လိုက်လို့လေ။ ကိုရိန်းလည်း ရောက်နေတယ် ပြောလို့"

ကိုရိန်းက ခေါင်းကို လေးလေးပင်ပင် ညိတ်ပြီး Taehyung ကို လှမ်းကြည့်သည်။

"မင်းတို့ အင်္ဂလိပ် ဆရာမက မွေးဖွားခွင့် ယူထားတာ ပြည့်တော့မယ်လို့ ကြားတယ်။ ဆောင်းဦးကုန်ရင်တော့ ပြည့်ပြီ ထင်ပါရဲ့..."

ကိုရိန်းက မျက်လုံးတွေ ဝိုင်းစက်သွားပြီး ဆရာ့ကို လှမ်းကြည့်ပါသည်။

"ဆရာက ဆက်ပြီး စာမသင်တော့ဘူးလား"

"အင်း... အဲ့လိုမျိုးပဲ ပြောရတော့မှာပေါ့။ ဆရာက ယာယီတာဝန်ကျရုံပဲမို့လေ ပြီးတော့ စစ်မှုထမ်းဖို့ တာဝန်လည်းကျလာခဲ့ပြီ။ ဆောင်းရောက်‌ရင်တော့ တာဝန်ထမ်းဆောင်ရတော့မယ်။ မင်းတို့ကို နှုတ်ဆက်ရဦးမယ်ပေါ့"

ဆရာက Taehyung ကို တစ်လှည့်၊ ကျွန်တော့်ကို တစ်လှည့် ကြည့်ပါသည်။ ဆရာ့ မျက်ဝန်းတွေမှာလည်း ညှိုးငယ်မှုတွေ ပြည့်လို့ နေ၏။

အိပ်ပျော်နေသည့် Taehyung ကို ပြန်ကြည့်မိတော့ ဒီအကြောင်းသာ သိလျှင် ဖြစ်ပျက်သွားမည့် အနေအထားကို မတွေးဝ‌ံ့ပါဘူး။

"စစ်မှုထမ်းပြီးရင် ဒီကျောင်းကို ပြန်လာဦးမှာလား ဆရာ... ကျွန်တော်တို့တော့ မရှိလောက်တော့ဘူး ထင်တယ်နော်"

"Ph.D. အတွက် ကျောင်းဆက်တက်ဖို့ ပြင်ဆင်ထားတယ် ကလေးရဲ့... အဲ့တာ ပြီးမှပဲ ကျောင်းဆရာ အလုပ်ကို ပြန်ဝင်ဖြစ်မယ် ထင်ပါရဲ့"

"ဒီလိုဆို ကျွန်တော်တို့ အင်္ဂလိပ်စာ သင်တန်းကရော"

"ဆရာ့ အသိ တစ်ယောက်ကို လွှဲပေးသွားမှာပါ။ သူကလည်း နာမည်ရပြီးသား အသင်အပြကောင်းသူ ‌တစ်ယောက်ပဲလေ"

သက်ပြင်းချရုံမျှသာ... ဆရာကတော့ စိတ်ကို ဆုံးဖြတ်ထားပြီးပုံ ရပါသည်။

ဆရာ့ စိတ်ဆန္ဒတွေကို နားလည်နိုင်ပေမယ့် Taehyung က တော့ နားလည်မည် မထင်ပါ။ Taehyung သာ ဒီအကြောင်းသိလျှင် သက်သက်မဲ့ ဝမ်းနည်းရဦးမည်။

.

.

နေ့ရက်တွေကို ဖြတ်သန်းပြီးတော့ ကျောင်းဖွင့်ရက်တွေဆီ တစ်ဖန် ပြန်ရောက်လို့ လာပါသည်။

ကျောင်းတက်ရက်တွေဟာ အရင်အတိုင်း ရင်ခုန်စရာလေး ဖြစ်နေဆဲပါပင်။ ဆရာ့ အပြုံးချိုချိုတွေ၊ နူးနူးညံ့ညံ့ ဆက်ဆံမှုတွေ... ထို့နောက် ဆရာကိုယ်တိုင်က ကျွန်တော့်အတွက် ရင်ခုန်စရာ ဖြစ်တည်မှုကလေးပင် မဟုတ်ပါလား။

ဆောင်းဦးရာသီမှာမို့ အအေးဓာတ်လေးဟာလည်း တဖြည်းဖြည်းချင်း တိုးဝှေ့လာသလို အချစ်ဦးအတွက် မေတ္တာတွေဟာလည်း တရိပ်ရိပ် တက်လို့လာပါသည်။

အခုဆို ဆောင်းဦးကာလအတွက် ဆရာ့ကို ပေးရန် ပြင်ဆင်ခဲ့သည့် လက်ဆောင် ပန်းချီကားလေးဟာလည်း ပြီးမြောက်လို့ သွားပါသည်။

သေသပ်နေအောင် ထုတ်ပိုးပြီးတော့ ဆရာ့ အိမ်ဆီ ထွက်လာခဲ့တော့သည်။ ကိုရိန်းကတော့ ထုံးစံအတိုင်း စက်ဘီးတစ်စီးနဲ့ ဆရာ့ အိမ်ကို လိုက်ပို့ပေးဦးမည် ဖြစ်၏။

သူ ပြောသည်က ဆရာ့အိမ်ကို သွားရန် ဖြတ်လမ်းသိသည် ဟုပင်...

"ကိုရိန်း... မင်း တကယ် သိတာသေချာတယ်နော်"

"ဟုတ်ပါတယ်ဆို "

ကိုရိန်းက စိတ်မရှည်တော့သလို ပြောပြီး စက်ဘီးကို နင်းသည်။ သူကပဲ စိတ်တိုရသည် ရှိသေး၏။

ကိုရိန်းပြောသလိုပင် ၁၅ မိနစ်မျှ ကြာတော့ ဆရာ့အိမ်လို ထင်ရသည့် အိမ်ကို ရောက်လာတော့သည်။

တကယ်ဆို ကိုရိန်းရော၊ ကျွန်တော်ရောက ဆရာ့အိမ်ကို အသေအချာ သိသည်ရယ်လို့ မဟုတ်။ ကျောင်းက ဆရာတစ်ယောက်ကို မေးမြန်းပြီး ရောက်လာခြင်းသာ...

"မင်း ကြိုပြီး ဖုန်းဆက်မထားဘူးလား"

ကိုရိန်းက ပြောတော့ ခေါင်းခါမိသည်။ ဆရာ့ဆီ ဖုန်းဆက်ဖို့ မပြောပါနှင့် ဘေးချင်းယှဉ်ပြီး စကားပြောလျှင် တုန်ရီနေတတ်သည်မို့ ဖုန်းနှင့်ပြောလျှင် စကားတွေ ထစ်သွားတတ်ပါသေးသည်။

"ဘယ်လိုကောင်မှန်းကို မသိဘူး"

ကိုရိန်းက ဆူအောင့်အောင့်ပြောပြီး သူ့ ဖုန်းထုတ်ကာ ဆရာ့ဆီ လမ်းခေါ်ပါသည်။

"ဆရာ ကျွန်တော်တို့ ဆရာ့ အိမ်လို့ ထင်တဲ့ နေရာကို ရောက်နေကြတာပါ။ Taehyung က လက်ဆောင်ပေးမလို့ဆိုပြီး အတင်း ဂျီကျနေတာမို့"

ကိုရိန်းရဲ့ လက်မောင်း‌ကို ဖြတ်ရိုက်ချတော့ လျှာထုတ်ပြကာ ပြောင်စပ်စပ်လုပ်သည်။

ဆရာ့ ဖုန်းကျသွားတော့မှ ကိုရိန်းနဲ့ တွတ်ထိုးပြီး စကားများရတော့သည်။

တစ်ခဏကြာတော့ ဆရာ့ ခြံဝန်းတံခါးလေး ပွင့်လာပြီး ဆရာက အိမ်နေရင်း တီရှပ်ကလေးနဲ့ ထွက်လာပါသည်။

မျက်လုံးတွေ တလက်လက်ဖြင့် လှမ်းကြည့်တော့ ကိုရိန်းက ပြုံးဖြဲဖြဲလုပ်ရင်း ချောင်းဟန့်ပါသည်။

ဆရာ့ အနောက်က လိုက်ကာ ဆရာ့ အိမ်ထဲအထိ ဒီလိုမျိုးပဲ တစ်ယောက်နဲ့ တစ်ယောက် စနောက်ပြီး ပါသွားကြသည်။

ဆရာ့ အိမ်က အကြီးကြီးရယ်လို့ မဟုတ်သည့် သာမန် နှစ်ထပ်တိုက်ကလေးသာ... ထို့နောက် ဆရာတစ်ယောက်တည်း နေသည်မို့ ကျယ်ဝန်းသလိုတော့ ရှိပါသည်။

ဧည့်ခန်းမှာတော့ စာအုပ်စင်အကြီးကြီးရယ်၊ ပန်းချီကားတချို့လည်း ရှိပါသေးသည်။

"ထိုင်ကြပါဦး ဆရာ့ကို ကြိုမပြောထားတော့ ဆရာက ဘာမှတောင် မပြင်ဆင်ထားမိဘူး။ ဘာစားချင်ကြလဲ ဆရာ တစ်ခုခု မှာလိုက်မယ်လေ"

ကိုရိန်း - "ကြက်..."

"မစားတော့ပါဘူး ဆရာ"

ကိုရိန်းက ဘေးကနေ ပေါင်ကို တစ်ချက် ရိုက်ချပါသည်။

"ဒီလိုဆို ဆရာ့ဆီ ကိစ္စ ရှိလို့လား"

ဘေးနားမှာ ထုတ်ပိုးထားသည့် ပန်းချီကားကို ဆရာ့ အရှေ့ပို့ထားလိုက်ပါသည်။

"ဒါက ဆရာ့အတွက် လက်ဆောင်ပါ"

"လက်ဆောင်... ဆရာ ဖောက်ကြည့်လိုက်မယ်နော်"

ပန်းချီကားကို တွေ့တော့ ဆရာ့ မျက်နှာလေးက ပြုံးလို့ ကျွန်တော့်ကိုလည်း လှမ်းကြည့်ပါသေးသည်။

"ရေနတ်သမီးပန်းတွေ"

"ဆရာ့အတွက် လက်ဆောင်လေးပါ။ နွေဦးမှာပဲ ပေါက်တဲ့ ပန်းဆိုပေမယ့် ဆရာ့အတွက် လက်ဆောင်ဖြစ်အောင် ကျွန်တော် ဆွဲခဲ့တာပါ"

ဆရာက ပန်းချီကားကို သေချာလေး ကြည့်ပြီး အကဲခတ်ပါသည်။

"မင်းက အများကြီး တိုးတက်လာတာပဲ... ပန်းချီကားက အသေးစိတ်ကျတယ်။ ပြီးတော့ အသက်ဝင်တယ်"

"ရေနတ်သမီး‌ပန်းတွေက တစ်ပွင့်‌တည်းပေးရင် ရတဲ့သူအတွက် ကံဆိုးတတ်တာမို့ ကျွန်တော်က ဆရာ့အတွက် အခင်းကြီးတစ်ခုလုံး ဆွဲပေးခဲ့တာပါ။ ဆရာ ကံကောင်းနေရအောင်..."

ဆရာဟာ ကျွန်တော့်ကို တွေတွေလေး ငေးကြည့်ပြီး ကိုရိန်းကိုလည်း တစ်လှည့်ကြည့်သည်။

"ဆရာ့အတွက် နှုတ်ဆက် လက်ဆောင်ပေါ့ ဟုတ်ရဲ့လား"

"ကျွန်တော် နားမလည်ဘူး ဆရာ"

"ဆရာက မင်းတို့ ကျောင်းမှာ ဆက်ပြီး မသင်တော့မှာကို ကိုရိန်းက ပြောလိုက်ပြီ ထင်နေတာ... မပြောရသေးဘူးလား"

ကိုရိန်းကို တစ်လှည့်ကြည့်တော့ မျက်နှာလွှဲသွားသည်။

"မင်းတို့ အင်္ဂလိပ်ဆရာမက ပြန်ပြီး သင်ကြားတော့မှာလေ။ ဆရာကလည်း ဆောင်းရာသီရောက်ရင် စစ်မှုထမ်းဖို့ ပြင်ဆင်ရတော့မှာ... ဒါ့ကြောင့် နှုတ်ဆက်လက်ဆောင်လေး ထင်နေတာ"

ဆရာက‌ ပြောတော့ ကျွန်တော့် မျက်နှာလေး တစ်ချက်ညှိုးကျသွားသည်။ ကိုရိန်းကလည်း နောက်ဆက်တွဲ စကားဝိုင်းမှာ ဝင်မပါတော့ပါဘူး။

ဆရာ့ဆီမှာ တစ်ခဏ နေလိုက်ကြပြီး အမှတ်တရ တချို့ကို ပြန်ပြောကြသည်။ ပြန်ခါနီးမှ သိလိုက်ရသည်က ဆရာဟာ ဒီတစ်ပတ် ပြီးလျှင် သူ့ တာဝန်ပြီးဆုံးပြီ ဖြစ်ပါသည်။

ထို့နောက် အမေတို့ကိုလည်း ခွင့်တောင်းပြီး အင်္ဂလိပ်စာ သင်တန်းအတွက် နောက်ထပ် ဆရာတစ်ယောက်နဲ့ ချိတ်ဆက်ပေးပါဦးမည်။

အပြန်လမ်းမှာတော့ ဒီကို လာခဲ့တုန်းကလို တက်ကြွမနေတော့ပါဘူး။ ကိုရိန်းကလည်း ဘာတစ်ခုမှ မပြောဘဲ နှုတ်ဆိတ်လျက်သာ အိမ်အထိ စက်ဘီးနင်းနေတော့သည်။

"ကိုရိန်း... မင်း သိလား ခွဲခွာသွားတဲ့ လူတွေထက် ကျန်ခဲ့တဲ့ လူတွေက ပိုပြီး နာကျင်ရတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်"

ကိုရိန်းက စက်ဘီးကို ထိုးရပ်လိုက်ပြီး ဘာတစ်ခုမှ ပြန်မဖြေလာပါဘူး။ သူ့ ကျောပြင်ဟာ အထက်အောက် လှုပ်ရှားလျက် အသက်ရှူသံ ခပ်ပြင်းပြင်းသာ ရှိနေပါသည်။

"ရပ်လိုက်ပါတော့လား"

ခေါင်းငိုက်စိုက်ကျနေရင်းမှ ကိုရိန်းက လှမ်းပြောသည်။

"တခြားတစ်ယောက်ကို ချစ်လိုက်တာ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မချစ်တော့တာပဲ ဖြစ်ဖြစ်... တစ်ခုခု လုပ်လိုက်ပါလား။ အဲ့ဒီလူက မင်းဆီကို မတော်တဆရောက်လာပြီး ပြန်ထွက်သွားတော့မှာ။ ဒီလောက်ထိပဲ ပင်ပန်းရပြီးရင် ရပ်ပစ်လိုက်ပါတော့လား။ ထပ်ပြီး ဘာမှ ကောင်းတာလည်း ရှိမလာနိုင်တော့ဘူး"

"ငါက... ငါက ဆရာ့ကို အများကြီး ချစ်တာ... စတွေ့ကတည်းက အများကြီး ချစ်ခဲ့ရတာ။ သဘောကျရုံလေးတောင် မဟုတ်ဘဲ တကယ်ကြီး ချစ်ခဲ့တာ။ လွယ်လွယ်လည်း မေ့လို့ မရသလို ဆက်ပြီး မျှော်လင့်ချင်သေးတယ်"

ကျွန်တော်က ငိုတော့ ကိုရိန်းက စက်ဘီးကို ဒုန်းစိုင်းနင်းတော့သည်။ ထို့နောက် လက်ကိုင်ကို အားနဲ့ ရိုက်ချပြီး

"မင်းက ရူးနေတာ..."

ကိုရိန်းက စိတ်ဆိုးပြီး အိမ်ကို ရောက်သည်အထိ စကားတစ်ခွန်းလေးတောင် မပြောတော့ပါဘူး။

.

.

ကျောင်းတက်ရက်တွေကို ရောက်လာတော့ ဆရာ့အတွက် နှုတ်ဆက်ပွဲတွေ ကျင်းပကြပါသည်။

ဆရာ့အတွက် နှုတ်ဆက်ပွဲလုပ်တော့ ကျောင်းသားတွေက အော်ဟစ် ငိုယိုကြတော့သည်။

လပိုင်းမျှသာ စာသင်ခဲ့ရသော်လည်း ဆရာ့အပေါ် မေတ္တာရှိကြသည်မို့ ခွဲခြားရတော့ ဒီလိုမျိုးပဲ ဖြစ်ကြသည်။

ဒီနေ့ဟာ ဆရာ ကျောင်းမှာ ရှိနေမည့် နောက်ဆုံးရက် ဖြစ်သည်။ ဆရာနဲ့ စကားပြောဖို့တောင် အခွင့်အရေးလေး မရလိုက်ပါဘူး။

ဆရာ့အနား လူတွေက အချိန်ပြည့်ရှိနေပြီး အလှည့်ကျ နှုတ်ဆက်နေကြသည်မို့ ဒီလိုနဲ့ပဲ ကျောင်းဆင်းသွားတော့သည်။

ကျူရှင်ကလည်း ဒီတစ်နေ့ ပိတ်ထားသည်မို့ အိမ်ကိုသာ တန်းပြန်လာရသည်။ ကိုရိန်းနဲ့ အတူတူ ပြန်လို့လည်း မရပါဘူး။

ကိုရိန်းက အခုချိန်အထိ စကားလေး တစ်ခွန်းတောင် ပြန်မပြောသည်အထိ စိတ်ကောက်လို့ နေပါသည်။

ည ၈ နာရီ ရောက်တော့ အမေက လမ်းထိပ်မှ ၂၄ နာရီ ဆိုင်လေးမှာ ပစ္စည်းဝယ်ခိုင်းပါသည်။ ဒီလိုနဲ့ပဲ ငူငူငိုင်ငိုင်နဲ့ ဆိုင်အထိ ရောက်လာတော့သည်။

အမေ မှာလိုက်သမျှကို စာရင်းအလိုက် ဝယ်ပြီး ပြန်ထွက်လာတော့ ဆရာနဲ့ တိုးသည်။

"မင်း အိမ်အထိ လိုက်ပို့ပေးမယ် ရတယ် မဟုတ်လား"

၂၄ နာရီဆိုင်လေးရဲ့ အရှေ့မှာ ကျွန်တော်တို့ ရပ်နေကြသည်။ အိမ်နားအထိ ဆရာက လိုက်ပို့ပေးမည်မို့ ရင်ဘတ်ထဲမှာ နွေးထွေးလို့ ပြုံးပျော်နေမိပါသည်။

ဘယ်လိုပဲ မကြာခင်မှာ ခွဲခွာရမည် ဆိုဦးတော့... အခုလိုလေး အချိန်အတူတူ ကုန်ဆုံးရသည်ကတောင် ကျွန်တော့်အတွက် ပျော်စရာ‌ မှတ်ဉာဏ်ကလေး ဖြစ်လို့ နေပါသည်။

"ဒီရက်ထဲ စာတွေ အာရုံမစိုက်တာကို ဆရာ သတိထားခဲ့တယ်။ ပြီးတော့ မင်းရဲ့ အမေကလည်း ဆရာ့ကို တိုင်တယ် ကလေးလေး... မင်းက အချစ်ဝတ္ထုတွေပဲ ဖတ်နေခဲ့တာဆို"

လမ်းကြားလေးထဲမှာ မီးရောင်မှိန်မှိန်လေးသာ ရှိပါသည်။ ဝါကျင်ကျင်မီးရောင်လေးက ဆရာ့ မျက်နှာလေးကို ထိုးထားသည်မို့ ထင်ထင်ရှားရှား မြင်နေရ၏။

ကျွန်တော့်ဆီက ပြန်ဖြေသံ မကြားရသည်မို့ ဆရာဟာ သက်ပြင်း တိုးသဲ့သဲ့လေး ချလိုက်ပါသည်။

"ဆယ်ကျော်သက် အရွယ် လူငယ်ဘဝမှာ အရာရာတိုင်း လွတ်လပ်ခွင့်ရှိပါတယ်။ ပြီးတော့ လွတ်လပ်ခွင့်က အတိုင်းအတာ တစ်ခုအထိပဲ ရှိတယ် ကလေးလေး... ရင်မခုန်ရဘူး၊ မချစ်ရဘူးလို့ ပြောနေတာ မဟုတ်ဘဲ ရင်ခုန်တယ်ဆိုတာကလည်း တစ်ဖက်လူက ဘယ်လိုလူမျိုးလဲ ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ နှလုံးသားနဲ့ အရာရာတိုင်းကို ဆုံးဖြတ်လို့ မရဘူး။ ဦးနှောက်ကိုလည်း ထည့်စဉ်းစားရမယ်။ ဒီလိုပဲ ချစ်တယ်ဆိုတာကလည်း ချစ်ဖို့ သင့်တော်တဲ့သူ ဟုတ်ရဲ့လားလို့ ပြန်မေးကြည့်ရမယ်။ ဆရာ ပြောတာကို နားလည်ရဲ့လား ကလေးလေး..."

လျှောက်လှမ်းနေသည့် ကျွန်တော့် ခြေလှမ်းတွေ ရပ်တန့်သွားတော့ ဆရာကလည်း ရပ်လိုက်ပါသည်။ ထို့နောက် မျက်နှာချင်းဆိုင်ရင်းမှ ကျွန်တော့် မျက်ဝန်းတွေကို လိုက်ကြည့်ပါသည်။

"လာမယ့်နှစ်က အထက်တန်း နောက်ဆုံးနှစ်ပါ။ ဒါပြီးရင် မင်းဘဝအတွက် အဆုံးအဖြတ်ပေးမယ့် နေရာဆီ သွားရတော့မှာ... နှလုံးသားရေးရာတွေနဲ့ အချိန် ကုန်မနေဘဲ ကိုယ့် ရည်ရွယ်ချက်ကိုသာ အကောင်အထည်ဖော်ဖို့ စတင်သင့်ပြီလို့ ဆရာ ထင်တယ်"

"ကျွန်တော် တောင်းပန်ပါတယ်"

"ချစ်မိလို့ တောင်းပန်စရာ မလိုပါဘူး... ပြီးတော့ မရနိုင်မယ့် မေတ္တာတွေကို ငေးမောပြီး မနာကျင်ချင်စမ်းပါနဲ့။ မင်းတို့ ကလေးတွေ အားလုံးက ဆရာ့ တပည့်တွေပါပဲ။ ဆရာ့ တပည့်တွေကို တန်ဖိုးထားပြီး ဖြူဖြူစင်စင် ချစ်ရပါတယ်"

နှလုံးသားက တဆစ်ဆစ်နဲ့ နာကျင်ရသည်။ ရင်အုံကို ဆူးခတ်တွေ အပြည့်ပါသည့် နှင်းဆီရိုင်းတွေနဲ့ ထိုးဆွလိုက်သလို ကြေမွကုန်ရသည်။

ဆရာဟာ သူ့အပေါ်ထားတဲ့ ကျွန်တော့် မေတ္တာတွေကို ရိပ်မိနေခဲ့ပြီ ထင်ပါသည်။ ထို့နောက် မေတ္တာတွေ ရောင်ပြန်ဖို့ မဖြစ်နိုင်သည်မို့ ယဉ်ကျေးဆုံး နည်းလမ်းလေးနဲ့ ငြင်းဆန်နေခြင်း။

"အခု မင်းအိမ်ကို ဆရာ လိုက်ပို့မယ်။ ဒီနေ့ညက စပြီး အသစ်ကတစ်ဖန် ပြန်စလိုက်ပါ။ ဘဝအတွက် လျှောက်လှမ်းရမယ့် လမ်းက အရှည်ကြီးမို့ ဘာမဟုတ်တဲ့ လူတစ်ယောက်အတွက် နှလုံးသားရေးရာတွေမှာ အချိန် မဖြုန်းလိုက်ပါနဲ့..."

ဘာမဟုတ်တဲ့လူ... ဆရာက ကျွန်တော့်ဘဝအတွက်တော့ တန်ဖိုးကြီးလွန်းတဲ့ အလင်းရောင်ကလေးသာ ဖြစ်သည်။

"ကျွန်တော် တစ်ယောက်တည်း ခဏလောက်နေချင်လို့ ပြန်ခွင့်ပြုပါဦး"

ဆရာ့ကို နှုတ်ဆက်လိုက်ကာ ထိုနေရာကနေ ပြေးထွက်လာခဲ့သည်။ ဆောင်းလေအေးတွေ တိုက်ခတ်နေလို့ ပါးပြင်ပေါ် ဖြတ်စီးဆင်းသွားသည့် မျက်ရည်ကြည်တွေဟာလည်း အေးခဲလို့ နေပါသည်။

ရင်ဘတ်တစ်ခုလုံး ကွဲအက်လို့ ကြေမွသွားရပြီ... အပြန်အလှန် မရှိသည့် မေတ္တာတရားကိုမှ လိုချင်ခဲ့သည်မို့ အခုတော့ အဆိပ်စူးလို့ နေပါပြီ။

.

.

ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်

အများကြီး ဒရမ်မာတွေ မပါတာမို့ ဒီ တစ်ပိုင်း၊ နှစ်ပိုင်းလောက်လေးတင်ပါ။ စိတ်ချပါနော် ❤️

VictoryKimTae

December 2, 2023

Zawgyi

အခန္းထဲမွာ တိတ္တဆိတ္သာ ျဖစ္လို႔ ေနပါသည္။ ကိုရိန္းက မ်က္ႏွာ ေအာက္ငိုက္ထားၿပီး ၾကမ္းျပင္ကိုသာ ၾကည့္ေန၏။

ဆရာကေတာ့ အသီးထည့္ထားသည့္ အိတ္ကို စားပြဲေပၚ တင္ၿပီး အနားက ခုံမွာ ဝင္ထိုင္လိုက္သည္။

"ကေလးေလး သက္သာရဲ႕လားလို႔ လာၾကည့္ရင္းနဲ႔ အသီးေတြ ဝယ္လာခဲ့တာ... စြပ္ျပဳတ္ဆိုင္ကို အရင္သြားေပမယ့္ အေဒၚက ကေလးေလး အခန္းကို သြားဖို႔ လႊတ္လိုက္လို႔ေလ။ ကိုရိန္းလည္း ေရာက္ေနတယ္ ေျပာလို႔"

ကိုရိန္းက ေခါင္းကို ေလးေလးပင္ပင္ ညိတ္ၿပီး Taehyung ကို လွမ္းၾကည့္သည္။

"မင္းတို႔ အဂၤလိပ္ ဆရာမက ေမြးဖြားခြင့္ ယူထားတာ ျပည့္ေတာ့မယ္လို႔ ၾကားတယ္။ ေဆာင္းဦးကုန္ရင္ေတာ့ ျပည့္ၿပီ ထင္ပါရဲ႕..."

ကိုရိန္းက မ်က္လုံးေတြ ဝိုင္းစက္သြားၿပီး ဆရာ့ကို လွမ္းၾကည့္ပါသည္။

"ဆရာက ဆက္ၿပီး စာမသင္ေတာ့ဘူးလား"

"အင္း... အဲ့လိုမ်ိဳးပဲ ေျပာရေတာ့မွာေပါ႔။ ဆရာက ယာယီတာဝန္က်႐ုံပဲမို႔ေလ ၿပီးေတာ့ စစ္မႈထမ္းဖို႔ တာဝန္လည္းက်လာခဲ့ၿပီ။ ေဆာင္းေရာက္‌ရင္ေတာ့ တာဝန္ထမ္းေဆာင္ရေတာ့မယ္။ မင္းတို႔ကို ႏႈတ္ဆက္ရဦးမယ္ေပါ႔"

ဆရာက Taehyung ကို တစ္လွည့္၊ ကြၽန္ေတာ့္ကို တစ္လွည့္ ၾကည့္ပါသည္။ ဆရာ့ မ်က္ဝန္းေတြမွာလည္း ညႇိဳးငယ္မႈေတြ ျပည့္လို႔ ေန၏။

အိပ္ေပ်ာ္ေနသည့္ Taehyung ကို ျပန္ၾကည့္မိေတာ့ ဒီအေၾကာင္းသာ သိလွ်င္ ျဖစ္ပ်က္သြားမည့္ အေနအထားကို မေတြးဝ‌ံ့ပါဘူး။

"စစ္မႈထမ္းၿပီးရင္ ဒီေက်ာင္းကို ျပန္လာဦးမွာလား ဆရာ... ကြၽန္ေတာ္တို႔ေတာ့ မရွိေလာက္ေတာ့ဘူး ထင္တယ္ေနာ္"

"Ph.D. အတြက္ ေက်ာင္းဆက္တက္ဖို႔ ျပင္ဆင္ထားတယ္ ကေလးရဲ႕... အဲ့တာ ၿပီးမွပဲ ေက်ာင္းဆရာ အလုပ္ကို ျပန္ဝင္ျဖစ္မယ္ ထင္ပါရဲ႕"

"ဒီလိုဆို ကြၽန္ေတာ္တို႔ အဂၤလိပ္စာ သင္တန္းကေရာ"

"ဆရာ့ အသိ တစ္ေယာက္ကို လႊဲေပးသြားမွာပါ။ သူကလည္း နာမည္ရၿပီးသား အသင္အျပေကာင္းသူ ‌တစ္ေယာက္ပဲေလ"

သက္ျပင္းခ်႐ုံမွ်သာ... ဆရာကေတာ့ စိတ္ကို ဆုံးျဖတ္ထားၿပီးပုံ ရပါသည္။

ဆရာ့ စိတ္ဆႏၵေတြကို နားလည္ႏိုင္ေပမယ့္ Taehyung က ေတာ့ နားလည္မည္ မထင္ပါ။ Taehyung သာ ဒီအေၾကာင္းသိလွ်င္ သက္သက္မဲ့ ဝမ္းနည္းရဦးမည္။

.

.

ေန႔ရက္ေတြကို ျဖတ္သန္းၿပီးေတာ့ ေက်ာင္းဖြင့္ရက္ေတြဆီ တစ္ဖန္ ျပန္ေရာက္လို႔ လာပါသည္။

ေက်ာင္းတက္ရက္ေတြဟာ အရင္အတိုင္း ရင္ခုန္စရာေလး ျဖစ္ေနဆဲပါပင္။ ဆရာ့ အၿပဳံးခ်ိဳခ်ိဳေတြ၊ ႏူးႏူးညံ့ညံ့ ဆက္ဆံမႈေတြ... ထို႔ေနာက္ ဆရာကိုယ္တိုင္က ကြၽန္ေတာ့္အတြက္ ရင္ခုန္စရာ ျဖစ္တည္မႈကေလးပင္ မဟုတ္ပါလား။

ေဆာင္းဦးရာသီမွာမို႔ အေအးဓာတ္ေလးဟာလည္း တျဖည္းျဖည္းခ်င္း တိုးေဝွ႔လာသလို အခ်စ္ဦးအတြက္ ေမတၱာေတြဟာလည္း တရိပ္ရိပ္ တက္လို႔လာပါသည္။

အခုဆို ေဆာင္းဦးကာလအတြက္ ဆရာ့ကို ေပးရန္ ျပင္ဆင္ခဲ့သည့္ လက္ေဆာင္ ပန္းခ်ီကားေလးဟာလည္း ၿပီးေျမာက္လို႔ သြားပါသည္။

ေသသပ္ေနေအာင္ ထုတ္ပိုးၿပီးေတာ့ ဆရာ့ အိမ္ဆီ ထြက္လာခဲ့ေတာ့သည္။ ကိုရိန္းကေတာ့ ထုံးစံအတိုင္း စက္ဘီးတစ္စီးနဲ႔ ဆရာ့ အိမ္ကို လိုက္ပို႔ေပးဦးမည္ ျဖစ္၏။

သူ ေျပာသည္က ဆရာ့အိမ္ကို သြားရန္ ျဖတ္လမ္းသိသည္ ဟုပင္...

"ကိုရိန္း... မင္း တကယ္ သိတာေသခ်ာတယ္ေနာ္"

"ဟုတ္ပါတယ္ဆို "

ကိုရိန္းက စိတ္မရွည္ေတာ့သလို ေျပာၿပီး စက္ဘီးကို နင္းသည္။ သူကပဲ စိတ္တိုရသည္ ရွိေသး၏။

ကိုရိန္းေျပာသလိုပင္ ၁၅ မိနစ္မွ် ၾကာေတာ့ ဆရာ့အိမ္လို ထင္ရသည့္ အိမ္ကို ေရာက္လာေတာ့သည္။

တကယ္ဆို ကိုရိန္းေရာ၊ ကြၽန္ေတာ္ေရာက ဆရာ့အိမ္ကို အေသအခ်ာ သိသည္ရယ္လို႔ မဟုတ္။ ေက်ာင္းက ဆရာတစ္ေယာက္ကို ေမးျမန္းၿပီး ေရာက္လာျခင္းသာ...

"မင္း ႀကိဳၿပီး ဖုန္းဆက္မထားဘူးလား"

ကိုရိန္းက ေျပာေတာ့ ေခါင္းခါမိသည္။ ဆရာ့ဆီ ဖုန္းဆက္ဖို႔ မေျပာပါႏွင့္ ေဘးခ်င္းယွဉ္ၿပီး စကားေျပာလွ်င္ တုန္ရီေနတတ္သည္မို႔ ဖုန္းႏွင့္ေျပာလွ်င္ စကားေတြ ထစ္သြားတတ္ပါေသးသည္။

"ဘယ္လိုေကာင္မွန္းကို မသိဘူး"

ကိုရိန္းက ဆူေအာင့္ေအာင့္ေျပာၿပီး သူ့ ဖုန္းထုတ္ကာ ဆရာ့ဆီ လမ္းေခၚပါသည္။

"ဆရာ ကြၽန္ေတာ္တို႔ ဆရာ့ အိမ္လို႔ ထင္တဲ့ ေနရာကို ေရာက္ေနၾကတာပါ။ Taehyung က လက္ေဆာင္ေပးမလို႔ဆိုၿပီး အတင္း ဂ်ီက်ေနတာမို႔"

ကိုရိန္းရဲ႕ လက္ေမာင္း‌ကို ျဖတ္႐ိုက္ခ်ေတာ့ လွ်ာထုတ္ျပကာ ေျပာင္စပ္စပ္လုပ္သည္။

ဆရာ့ ဖုန္းက်သြားေတာ့မွ ကိုရိန္းနဲ႔ တြတ္ထိုးၿပီး စကားမ်ားရေတာ့သည္။

တစ္ခဏၾကာေတာ့ ဆရာ့ ၿခံဝန္းတံခါးေလး ပြင့္လာၿပီး ဆရာက အိမ္ေနရင္း တီရွပ္ကေလးနဲ႔ ထြက္လာပါသည္။

မ်က္လုံးေတြ တလက္လက္ျဖင့္ လွမ္းၾကည့္ေတာ့ ကိုရိန္းက ၿပဳံးၿဖဲၿဖဲလုပ္ရင္း ေခ်ာင္းဟန္႔ပါသည္။

ဆရာ့ အေနာက္က လိုက္ကာ ဆရာ့ အိမ္ထဲအထိ ဒီလိုမ်ိဳးပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ စေနာက္ၿပီး ပါသြားၾကသည္။

ဆရာ့ အိမ္က အႀကီးႀကီးရယ္လို႔ မဟုတ္သည့္ သာမန္ ႏွစ္ထပ္တိုက္ကေလးသာ... ထို႔ေနာက္ ဆရာတစ္ေယာက္တည္း ေနသည္မို႔ က်ယ္ဝန္းသလိုေတာ့ ရွိပါသည္။

ဧည့္ခန္းမွာေတာ့ စာအုပ္စင္အႀကီးႀကီးရယ္၊ ပန္းခ်ီကားတခ်ိဳ႕လည္း ရွိပါေသးသည္။

"ထိုင္ၾကပါဦး ဆရာ့ကို ႀကိဳမေျပာထားေတာ့ ဆရာက ဘာမွေတာင္ မျပင္ဆင္ထားမိဘူး။ ဘာစားခ်င္ၾကလဲ ဆရာ တစ္ခုခု မွာလိုက္မယ္ေလ"

ကိုရိန္း - "ၾကက္..."

"မစားေတာ့ပါဘူး ဆရာ"

ကိုရိန္းက ေဘးကေန ေပါင္ကို တစ္ခ်က္ ႐ိုက္ခ်ပါသည္။

"ဒီလိုဆို ဆရာ့ဆီ ကိစၥ ရွိလို႔လား"

ေဘးနားမွာ ထုတ္ပိုးထားသည့္ ပန္းခ်ီကားကို ဆရာ့ အေရွ႕ပို႔ထားလိုက္ပါသည္။

"ဒါက ဆရာ့အတြက္ လက္ေဆာင္ပါ"

"လက္ေဆာင္... ဆရာ ေဖာက္ၾကည့္လိုက္မယ္ေနာ္"

ပန္းခ်ီကားကို ေတြ႕ေတာ့ ဆရာ့ မ်က္ႏွာေလးက ၿပဳံးလို႔ ကြၽန္ေတာ့္ကိုလည္း လွမ္းၾကည့္ပါေသးသည္။

"ေရနတ္သမီးပန္းေတြ"

"ဆရာ့အတြက္ လက္ေဆာင္ေလးပါ။ ေႏြဦးမွာပဲ ေပါက္တဲ့ ပန္းဆိုေပမယ့္ ဆရာ့အတြက္ လက္ေဆာင္ျဖစ္ေအာင္ ကြၽန္ေတာ္ ဆြဲခဲ့တာပါ"

ဆရာက ပန္းခ်ီကားကို ေသခ်ာေလး ၾကည့္ၿပီး အကဲခတ္ပါသည္။

"မင္းက အမ်ားႀကီး တိုးတက္လာတာပဲ... ပန္းခ်ီကားက အေသးစိတ္က်တယ္။ ၿပီးေတာ့ အသက္ဝင္တယ္"

"ေရနတ္သမီး‌ပန္းေတြက တစ္ပြင့္‌တည္းေပးရင္ ရတဲ့သူအတြက္ ကံဆိုးတတ္တာမို႔ ကြၽန္ေတာ္က ဆရာ့အတြက္ အခင္းႀကီးတစ္ခုလုံး ဆြဲေပးခဲ့တာပါ။ ဆရာ ကံေကာင္းေနရေအာင္..."

ဆရာဟာ ကြၽန္ေတာ့္ကို ေတြေတြေလး ေငးၾကည့္ၿပီး ကိုရိန္းကိုလည္း တစ္လွည့္ၾကည့္သည္။

"ဆရာ့အတြက္ ႏႈတ္ဆက္ လက္ေဆာင္ေပါ႔ ဟုတ္ရဲ႕လား"

"ကြၽန္ေတာ္ နားမလည္ဘူး ဆရာ"

"ဆရာက မင္းတို႔ ေက်ာင္းမွာ ဆက္ၿပီး မသင္ေတာ့မွာကို ကိုရိန္းက ေျပာလိုက္ၿပီ ထင္ေနတာ... မေျပာရေသးဘူးလား"

ကိုရိန္းကို တစ္လွည့္ၾကည့္ေတာ့ မ်က္ႏွာလႊဲသြားသည္။

"မင္းတို႔ အဂၤလိပ္ဆရာမက ျပန္ၿပီး သင္ၾကားေတာ့မွာေလ။ ဆရာကလည္း ေဆာင္းရာသီေရာက္ရင္ စစ္မႈထမ္းဖို႔ ျပင္ဆင္ရေတာ့မွာ... ဒါ႔ေၾကာင့္ ႏႈတ္ဆက္လက္ေဆာင္ေလး ထင္ေနတာ"

ဆရာက‌ ေျပာေတာ့ ကြၽန္ေတာ့္ မ်က္ႏွာေလး တစ္ခ်က္ညႇိဳးက်သြားသည္။ ကိုရိန္းကလည္း ေနာက္ဆက္တြဲ စကားဝိုင္းမွာ ဝင္မပါေတာ့ပါဘူး။

ဆရာ့ဆီမွာ တစ္ခဏ ေနလိုက္ၾကၿပီး အမွတ္တရ တခ်ိဳ႕ကို ျပန္ေျပာၾကသည္။ ျပန္ခါနီးမွ သိလိုက္ရသည္က ဆရာဟာ ဒီတစ္ပတ္ ၿပီးလွ်င္ သူ့ တာဝန္ၿပီးဆုံးၿပီ ျဖစ္ပါသည္။

ထို႔ေနာက္ အေမတို႔ကိုလည္း ခြင့္ေတာင္းၿပီး အဂၤလိပ္စာ သင္တန္းအတြက္ ေနာက္ထပ္ ဆရာတစ္ေယာက္နဲ႔ ခ်ိတ္ဆက္ေပးပါဦးမည္။

အျပန္လမ္းမွာေတာ့ ဒီကို လာခဲ့တုန္းကလို တက္ႂကြမေနေတာ့ပါဘူး။ ကိုရိန္းကလည္း ဘာတစ္ခုမွ မေျပာဘဲ ႏႈတ္ဆိတ္လ်က္သာ အိမ္အထိ စက္ဘီးနင္းေနေတာ့သည္။

"ကိုရိန္း... မင္း သိလား ခြဲခြာသြားတဲ့ လူေတြထက္ က်န္ခဲ့တဲ့ လူေတြက ပိုၿပီး နာက်င္ရတယ္။ စိတ္မေကာင္းလည္း ျဖစ္ရတယ္"

ကိုရိန္းက စက္ဘီးကို ထိုးရပ္လိုက္ၿပီး ဘာတစ္ခုမွ ျပန္မေျဖလာပါဘူး။ သူ့ ေက်ာျပင္ဟာ အထက္ေအာက္ လႈပ္ရွားလ်က္ အသက္႐ွဴသံ ခပ္ျပင္းျပင္းသာ ရွိေနပါသည္။

"ရပ္လိုက္ပါေတာ့လား"

ေခါင္းငိုက္စိုက္က်ေနရင္းမွ ကိုရိန္းက လွမ္းေျပာသည္။

"တျခားတစ္ေယာက္ကို ခ်စ္လိုက္တာ ျဖစ္ျဖစ္ ဘယ္သူ့ကိုမွ မခ်စ္ေတာ့တာပဲ ျဖစ္ျဖစ္... တစ္ခုခု လုပ္လိုက္ပါလား။ အဲ့ဒီလူက မင္းဆီကို မေတာ္တဆေရာက္လာၿပီး ျပန္ထြက္သြားေတာ့မွာ။ ဒီေလာက္ထိပဲ ပင္ပန္းရၿပီးရင္ ရပ္ပစ္လိုက္ပါေတာ့လား။ ထပ္ၿပီး ဘာမွ ေကာင္းတာလည္း ရွိမလာႏိုင္ေတာ့ဘူး"

"ငါက... ငါက ဆရာ့ကို အမ်ားႀကီး ခ်စ္တာ... စေတြ႕ကတည္းက အမ်ားႀကီး ခ်စ္ခဲ့ရတာ။ သေဘာက်႐ုံေလးေတာင္ မဟုတ္ဘဲ တကယ္ႀကီး ခ်စ္ခဲ့တာ။ လြယ္လြယ္လည္း ေမ့လို႔ မရသလို ဆက္ၿပီး ေမွ်ာ္လင့္ခ်င္ေသးတယ္"

ကြၽန္ေတာ္က ငိုေတာ့ ကိုရိန္းက စက္ဘီးကို ဒုန္းစိုင္းနင္းေတာ့သည္။ ထို႔ေနာက္ လက္ကိုင္ကို အားနဲ႔ ႐ိုက္ခ်ၿပီး

"မင္းက ႐ူးေနတာ..."

ကိုရိန္းက စိတ္ဆိုးၿပီး အိမ္ကို ေရာက္သည္အထိ စကားတစ္ခြန္းေလးေတာင္ မေျပာေတာ့ပါဘူး။

.

.

ေက်ာင္းတက္ရက္ေတြကို ေရာက္လာေတာ့ ဆရာ့အတြက္ ႏႈတ္ဆက္ပြဲေတြ က်င္းပၾကပါသည္။

ဆရာ့အတြက္ ႏႈတ္ဆက္ပြဲလုပ္ေတာ့ ေက်ာင္းသားေတြက ေအာ္ဟစ္ ငိုယိုၾကေတာ့သည္။

လပိုင္းမွ်သာ စာသင္ခဲ့ရေသာ္လည္း ဆရာ့အေပၚ ေမတၱာရွိၾကသည္မို႔ ခြဲျခားရေတာ့ ဒီလိုမ်ိဳးပဲ ျဖစ္ၾကသည္။

ဒီေန႔ဟာ ဆရာ ေက်ာင္းမွာ ရွိေနမည့္ ေနာက္ဆုံးရက္ ျဖစ္သည္။ ဆရာနဲ႔ စကားေျပာဖို႔ေတာင္ အခြင့္အေရးေလး မရလိုက္ပါဘူး။

ဆရာ့အနား လူေတြက အခ်ိန္ျပည့္ရွိေနၿပီး အလွည့္က် ႏႈတ္ဆက္ေနၾကသည္မို႔ ဒီလိုနဲ႔ပဲ ေက်ာင္းဆင္းသြားေတာ့သည္။

က်ဴရွင္ကလည္း ဒီတစ္ေန႔ ပိတ္ထားသည္မို႔ အိမ္ကိုသာ တန္းျပန္လာရသည္။ ကိုရိန္းနဲ႔ အတူတူ ျပန္လို႔လည္း မရပါဘူး။

ကိုရိန္းက အခုခ်ိန္အထိ စကားေလး တစ္ခြန္းေတာင္ ျပန္မေျပာသည္အထိ စိတ္ေကာက္လို႔ ေနပါသည္။

ည ၈ နာရီ ေရာက္ေတာ့ အေမက လမ္းထိပ္မွ ၂၄ နာရီ ဆိုင္ေလးမွာ ပစၥည္းဝယ္ခိုင္းပါသည္။ ဒီလိုနဲ႔ပဲ ငူငူငိုင္ငိုင္နဲ႔ ဆိုင္အထိ ေရာက္လာေတာ့သည္။

အေမ မွာလိုက္သမွ်ကို စာရင္းအလိုက္ ဝယ္ၿပီး ျပန္ထြက္လာေတာ့ ဆရာနဲ႔ တိုးသည္။

"မင္း အိမ္အထိ လိုက္ပို႔ေပးမယ္ ရတယ္ မဟုတ္လား"

၂၄ နာရီဆိုင္ေလးရဲ႕ အေရွ႕မွာ ကြၽန္ေတာ္တို႔ ရပ္ေနၾကသည္။ အိမ္နားအထိ ဆရာက လိုက္ပို႔ေပးမည္မို႔ ရင္ဘတ္ထဲမွာ ေႏြးေထြးလို႔ ၿပဳံးေပ်ာ္ေနမိပါသည္။

ဘယ္လိုပဲ မၾကာခင္မွာ ခြဲခြာရမည္ ဆိုဦးေတာ့... အခုလိုေလး အခ်ိန္အတူတူ ကုန္ဆုံးရသည္ကေတာင္ ကြၽန္ေတာ့္အတြက္ ေပ်ာ္စရာ‌ မွတ္ဉာဏ္ကေလး ျဖစ္လို႔ ေနပါသည္။

"ဒီရက္ထဲ စာေတြ အာ႐ုံမစိုက္တာကို ဆရာ သတိထားခဲ့တယ္။ ၿပီးေတာ့ မင္းရဲ႕ အေမကလည္း ဆရာ့ကို တိုင္တယ္ ကေလးေလး... မင္းက အခ်စ္ဝတၳဳေတြပဲ ဖတ္ေနခဲ့တာဆို"

လမ္းၾကားေလးထဲမွာ မီးေရာင္မွိန္မွိန္ေလးသာ ရွိပါသည္။ ဝါက်င္က်င္မီးေရာင္ေလးက ဆရာ့ မ်က္ႏွာေလးကို ထိုးထားသည္မို႔ ထင္ထင္ရွားရွား ျမင္ေနရ၏။

ကြၽန္ေတာ့္ဆီက ျပန္ေျဖသံ မၾကားရသည္မို႔ ဆရာဟာ သက္ျပင္း တိုးသဲ့သဲ့ေလး ခ်လိုက္ပါသည္။

"ဆယ္ေက်ာ္သက္ အရြယ္ လူငယ္ဘဝမွာ အရာရာတိုင္း လြတ္လပ္ခြင့္ရွိပါတယ္။ ၿပီးေတာ့ လြတ္လပ္ခြင့္က အတိုင္းအတာ တစ္ခုအထိပဲ ရွိတယ္ ကေလးေလး... ရင္မခုန္ရဘူး၊ မခ်စ္ရဘူးလို႔ ေျပာေနတာ မဟုတ္ဘဲ ရင္ခုန္တယ္ဆိုတာကလည္း တစ္ဖက္လူက ဘယ္လိုလူမ်ိဳးလဲ ဆိုတဲ့အေပၚ မူတည္ပါေသးတယ္။ ႏွလုံးသားနဲ႔ အရာရာတိုင္းကို ဆုံးျဖတ္လို႔ မရဘူး။ ဦးေႏွာက္ကိုလည္း ထည့္စဉ္းစားရမယ္။ ဒီလိုပဲ ခ်စ္တယ္ဆိုတာကလည္း ခ်စ္ဖို႔ သင့္ေတာ္တဲ့သူ ဟုတ္ရဲ႕လားလို႔ ျပန္ေမးၾကည့္ရမယ္။ ဆရာ ေျပာတာကို နားလည္ရဲ႕လား ကေလးေလး..."

ေလွ်ာက္လွမ္းေနသည့္ ကြၽန္ေတာ့္ ေျခလွမ္းေတြ ရပ္တန္႔သြားေတာ့ ဆရာကလည္း ရပ္လိုက္ပါသည္။ ထို႔ေနာက္ မ်က္ႏွာခ်င္းဆိုင္ရင္းမွ ကြၽန္ေတာ့္ မ်က္ဝန္းေတြကို လိုက္ၾကည့္ပါသည္။

"လာမယ့္ႏွစ္က အထက္တန္း ေနာက္ဆုံးႏွစ္ပါ။ ဒါၿပီးရင္ မင္းဘဝအတြက္ အဆုံးအျဖတ္ေပးမယ့္ ေနရာဆီ သြားရေတာ့မွာ... ႏွလုံးသားေရးရာေတြနဲ႔ အခ်ိန္ ကုန္မေနဘဲ ကိုယ့္ ရည္ရြယ္ခ်က္ကိုသာ အေကာင္အထည္ေဖာ္ဖို႔ စတင္သင့္ၿပီလို႔ ဆရာ ထင္တယ္"

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

"ခ်စ္မိလို႔ ေတာင္းပန္စရာ မလိုပါဘူး... ၿပီးေတာ့ မရႏိုင္မယ့္ ေမတၱာေတြကို ေငးေမာၿပီး မနာက်င္ခ်င္စမ္းပါနဲ႔။ မင္းတို႔ ကေလးေတြ အားလုံးက ဆရာ့ တပည့္ေတြပါပဲ။ ဆရာ့ တပည့္ေတြကို တန္ဖိုးထားၿပီး ျဖဴျဖဴစင္စင္ ခ်စ္ရပါတယ္"

ႏွလုံးသားက တဆစ္ဆစ္နဲ႔ နာက်င္ရသည္။ ရင္အုံကို ဆူးခတ္ေတြ အျပည့္ပါသည့္ ႏွင္းဆီ႐ိုင္းေတြနဲ႔ ထိုးဆြလိုက္သလို ေၾကမြကုန္ရသည္။

ဆရာဟာ သူ့အေပၚထားတဲ့ ကြၽန္ေတာ့္ ေမတၱာေတြကို ရိပ္မိေနခဲ့ၿပီ ထင္ပါသည္။ ထို႔ေနာက္ ေမတၱာေတြ ေရာင္ျပန္ဖို႔ မျဖစ္ႏိုင္သည္မို႔ ယဉ္ေက်းဆုံး နည္းလမ္းေလးနဲ႔ ျငင္းဆန္ေနျခင္း။

"အခု မင္းအိမ္ကို ဆရာ လိုက္ပို႔မယ္။ ဒီေန႔ညက စၿပီး အသစ္ကတစ္ဖန္ ျပန္စလိုက္ပါ။ ဘဝအတြက္ ေလွ်ာက္လွမ္းရမယ့္ လမ္းက အရွည္ႀကီးမို႔ ဘာမဟုတ္တဲ့ လူတစ္ေယာက္အတြက္ ႏွလုံးသားေရးရာေတြမွာ အခ်ိန္ မျဖဳန္းလိုက္ပါနဲ႔..."

ဘာမဟုတ္တဲ့လူ... ဆရာက ကြၽန္ေတာ့္ဘဝအတြက္ေတာ့ တန္ဖိုးႀကီးလြန္းတဲ့ အလင္းေရာင္ကေလးသာ ျဖစ္သည္။

"ကြၽန္ေတာ္ တစ္ေယာက္တည္း ခဏေလာက္ေနခ်င္လို႔ ျပန္ခြင့္ျပဳပါဦး"

ဆရာ့ကို ႏႈတ္ဆက္လိုက္ကာ ထိုေနရာကေန ေျပးထြက္လာခဲ့သည္။ ေဆာင္းေလေအးေတြ တိုက္ခတ္ေနလို႔ ပါးျပင္ေပၚ ျဖတ္စီးဆင္းသြားသည့္ မ်က္ရည္ၾကည္ေတြဟာလည္း ေအးခဲလို႔ ေနပါသည္။

ရင္ဘတ္တစ္ခုလုံး ကြဲအက္လို႔ ေၾကမြသြားရၿပီ... အျပန္အလွန္ မရွိသည့္ ေမတၱာတရားကိုမွ လိုခ်င္ခဲ့သည္မို႔ အခုေတာ့ အဆိပ္စူးလို႔ ေနပါၿပီ။

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္

အမ်ားႀကီး ဒရမ္မာေတြ မပါတာမို႔ ဒီ တစ္ပိုင္း၊ ႏွစ္ပိုင္းေလာက္ေလးတင္ပါ။ စိတ္ခ်ပါေနာ္ ❤️

VictoryKimTae

December 2, 2023

Continue Reading

You'll Also Like

22.9K 1.2K 22
It's a sequel to Empty. Chaelisa. converted~
647K 32.5K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
944K 21.6K 49
In wich a one night stand turns out to be a lot more than that.
6M 310K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...