Between The Hate [ Completed ]

By Jeon_Khun

38.4K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

10

911 99 131
By Jeon_Khun

#Zawgyi

" ကင္မ္ထယ္ေယာင္း ငါ့ကိုလႊတ္လို႔၊ဟာ..လက္နာ
ေနၿပီလႊတ္ပါေတာ့ဆို "

ထယ္ေယာင္းက ကူးေလးရဲ႕လက္ကိုဆြဲလာကာ
သူ႔ကားအနားသို႔ေခၚလာခဲ့သည္။ကူးေလးမွာ
ထယ္ေယာင္းဆြဲလာတဲ့သူ႔လက္နာေနၿပီျဖစ္တာ
ေၾကာင့္လႊတ္ေပးရန္ေျပာသည္။သို႔ေပမဲ့
ထယ္ေယာင္းက ကားနားေရာက္မွလႊတ္ေပးၿပီး
ေဒါသထြက္ေနကာ စကားဆိုပါသည္။

" ေတာက္!ေခြးေကာင္! "

ကူးေလးရဲ႕အေမးကိုမေျဖဘဲထယ္ေယာင္းက သူ႔အေပၚကုတ္အက်ႌအနက္ကိုခြ်တ္ကာ ကူးေလးရဲ႕အေပၚထပ္ကိုျခံဳေပးသည္။ၿပီးေနာက္
သူ႔နက္ကတိုင္ကိုခြ်တ္ရင္း ကားထဲထည့္လိုက္ကာ
သူ႔ရွပ္အနက္ကို ၾကယ္သီးသံုးလံုးခြ်တ္လို႔
စိတ္တိုေနသည့္အရာေတြကို ေလွ်ာ့ခ်ေနသည္။

သူ႔ၾကည့္ရတာ အျပင္ကျပန္လာသည္ထင္။
ဝတ္စားထားတာေတြက ညပါတီသြားထားသည့္
ပံုစံမ်ိဳး။သူ႔ရွိကေသာက္ထားသည့္ အန႔ံေတာ့
ရသည္။

ကင္မ္ထယ္ေယာင္း တကယ့္ကိုစိတ္တိုေနတာ။
စိတ္တိုေနေပမဲ့လည္း ခ်စ္ရသူေအးေနမွာဆိုးလို႔
သူ႔ကုတ္ေတာင္ျခံဳေပးသည္က ခ်စ္စရာႀကီး။
ၿပီးေနာက္မွ သက္ျပင္းရွည္ခ်လိုက္ကာ ကူးေလးကို ကားထဲဝင္ေစရန္ကားတံခါးကို ဖြင့္ေပးသည္။

" ကားထဲဝင္လိုက္၊ေမာင္တို႔ေအးေဆး စကားေျပာၾကရေအာင္ "

ထယ္ေယာင္းက ကားထဲဝင္ရန္ေမးေငါ့ျပရင္း
စကားဆိုသည္။ကူးမွာေတာ့သက္ျပင္းခ်ကာ
ထယ္ေယာင္းရဲ႕သေဘာအတိုင္း ကားထဲဝင္ၿပီး
ဒီေန႔ျဖစ္ခဲ့သည့္ကိစၥေတြကို ဒီေနရာမွာတင္
အျပတ္ရွင္းမည္ဆိုသည့္စိတ္ျဖင့္ သူ႔ဖြင့္ေပးတဲ့
ကားေနာက္ခန္းထဲသို႔ ဝင္ထိုင္လိုက္သည္။
ၿပီးေနာက္ ထယ္ေယာင္းပါဝင္ထိုင္လာခဲ့သည္။

" ေမာင့္အသက္ ဘာျဖစ္သြားေသးလဲ၊အဲ့ေကာင္
ထိခိုက္မိေအာင္ လုပ္ေသးလား "

ကူးေလးကားထဲေရာက္ေရာ ထယ္ေယာင္းက
ကူးေလးထက္သာေအာင္ အရင္ဦးစြာကူးေလးရဲ႕
တစ္ကိုယ္လံုးပတ္စစ္ၿပီး ေမးေလသည္။ကူးမွာ
ထယ္ေယာင္းရဲ႕ပံုစံကိုၾကည့္လို႔ ေခါင္းခါကာ...

" ငါဘာမွမျဖစ္ဘူး၊ၿပီးေတာ့ ငါမင္းကိုေျပာစရာ
ရွိတယ္၊အရမ္းအေရးႀကီးတယ္ "

" ဘာလဲ၊ေမာင့္ကို ေရွာင္ေပးဖို႔ကိစၥပဲေျပာေနမွာ
လား၊ဒါဆိုရင္ေတာ့ လာမေျပာနဲ႔ကိုကို၊ေမာင္က
ကိုကို႔ကိုရေအာင္လိုက္မွာ၊အခုေတာင္ အဆင္သင့္
ေနတာပဲ၊ေမာင့္ကြန္ဒိုကိုတစ္ခါထည္းလိုက္ခဲ့ "

ကူးကသူ႔ကိုစလိုက္ေတာ့ သူေျပာမည့္စကားကို
သိႏွင့္ေနသူလို စကားေတြေျဖလာသည္။တကယ္
မင္းကတကယ္မလြယ္တဲ့ေကာင္ေလးပဲ။ဒါေပမဲ့
ဘယ္တက္ႏိုင္ပါ့မလဲ။ငါကမင္းကိုမွမခ်စ္ဘဲ။
မုန္းတယ္ဆိုတာေတာ့ ပိုမွန္တယ္။

" ငါ့ကိုမတရားအႏိုင္မက်င့္ပါနဲ႔၊မင္းညေနက
ျပဳမူလိုက္တဲ့အရာကေလ ငါ့အတြက္နာက်င္ရသ
လို ဂယူ႔အတြက္လည္းနာက်င္ရတယ္ "

ကူးေလးက က်လုဆဲဆဲမ်က္ရည္ေတြကိုထိန္းလို႔
ထယ္ေယာင္းကိုေျပာျပသည္။ထယ္ေယာင္းမွာ
ကူးေလးရဲ႕စကားေၾကာင့္ အသံက်ယ္က်ယ္ရယ္
လိုက္သည္။

" ေဩာ္...ကိုကိုအလွေလးတို႔ၾက နာတက္ၿပီး၊
ေမာင္ၾကေတာ့ေရာ မနာက်င္ရဘူးလား၊ေမာင္က
ခင္ဗ်ားကို ပိုသေဘာက်ရတဲ့သူပါ၊ေမာင္အခုလို
ေျပာေနတာကလည္း သေဘာက်လို႔ "

" ငါ့မွာခ်စ္သူရွိတယ္ ကင္မ္ထယ္ေယာင္း၊မင္း...
သူ႔ကိုသိေနတာပဲ၊ကင္မ္မင္ဂယူဆိုတာကို "

ထယ္ေယာင္းရဲ႕စကားေနာက္ ကူးေလးကျပန္ေျဖ
သည္။ထယ္ေယာင္းကေတာ့ သူ႔စကားေၾကာင့္
ပံုစံအေနအထားကပ်က္မသြားပါဘဲ ခပ္တည္တည္သူ႔ကိုေတာင္ ၾကည့္ေနေသးတာ။

" စိတ္မဝင္စားဘူး၊လက္ေလွ်ာ့ဖို႔လည္းမေျပာနဲ႔၊
ေမာင္ရဲ႕အဘိဓာန္ထဲလက္ေလွ်ာ့ဖို္႔မရွိဘူး "

ထယ္ေယာင္းက ကူးငယ္ရဲ႕လက္ျဖဴေလးကို
ဆြဲယူနမ္းျပရင္းေျဖသည္။ထယ္ေယာင္းကေတာ့
တကယ့္ခပ္တည္တည္စကားေျပာတက္တဲ့
သူတစ္ေယာက္ပါေလ။သူ႔စကားေတြထဲေနာက္ေန
တဲ့အမူအရာပံုစံေတြ တစ္စိုးတစ္စိမွ်မရွိတာမို႔
ကူးေလးမေျပာခ်င္ေတာ့ပါ။ဒါေၾကာင့္မို႔ ကူးေလး
ထိုကားထဲမွထြက္ဖို႔လုပ္ေတာ့ ထယ္ေယာင္းက
လွမ္းဆြဲကာ ရင္ခြင္ထဲထည့္လိုက္သည္။

" ဘယ္သြားမွာလဲ မျပန္ပါနဲ႔ဦးဗ်ာ၊ဒီမ်က္ႏွာေလး
ညေနကခြဲထားတာေတာင္ ေမာင္လြမ္းေနလို႔ပါ "

ထယ္ေယာင္းက ကူးေလးကိုသူ႔ရင္ခြင္ထဲထည့္
ထားၿပီးေျပာေနသည္။ကူးေလးမွာေတာ့ ခ်စ္ရသူရဲ႕ရင္ခြင္ကလြဲ တစ္ျခားသူရင္ခြင္ထဲၾကာ
ၾကာမေနႏိုင္တာမို႔ ရုန္းထြက္သည္။ဒါေတာင္
သူကအတင္းအၾကပ္ဖက္ထားတာ။

" ငါေတာင္းပန္တယ္၊ငါ့ကိုလႊတ္ေပး၊ငါအိမ္ျပန္ရ
မယ္၊ေမေမအိမ္မွာတစ္ေယာက္ထည္း၊အင့္...
ငါ့ကိုလႊတ္ပါ၊ငါေတာင္းပန္တယ္လို႔... "

ကူးကအထိမခံခ်င္တာမို႔ ထယ္ေယာင္းရဲ႕ဟေနတဲ့
ရင္ဘက္ကိုဆြဲကုတ္သည္။လက္သည္းေၾကာင့္မို႔
ထယ္ေယာင္းရင္ဘက္မွာအနည္းငယ္ကုတ္ရာ
ထင္သြားေပမဲ့ ဖက္ထားတာကိုေတာ့မျဖဳတ္ပါ။
ထိုသည္ထက္ ပိုတင္းေနေအာင္ေတာင္ဖက္တာ။

ကူးမွာေတာ့ထယ္ေယာင္းဖက္ထားသည့္ၾကားက
မ်က္ဝန္းထဲမွမ်က္ရည္ေတြက်ေနေတာ့သည္။
ခ်စ္ရသူေတာင္သူ႔ေၾကာင့္ ကိုယ့္ကိုၿငိဳျငင္မလို
ျဖစ္သြားတာကို ဒါေတာင္သူကအခုလိုအထိျပဳ
မူေနဦးမယ္ဆို ဂယူ႔ကြယ္ရာမွာေဖာက္ျပန္သူလို
ျဖစ္ေနမွာေတာ့ ေသခ်ာသည္။ဒါေၾကာင့္ကူးမွာ
ငိုေနသည့္ၾကားကေန ရုန္းထြက္၏။

" ငါ့ကိုလႊတ္ေပးပါ၊ဟင့္...ငါ...အိမ္ျပန္ေတာ့မယ္၊
ငါ့ကိုလႊတ္ေပးစမ္း ကင္မ္ထယ္ေယာင္း!! "

ကူးစိတ္မရွည္ဟန္ျဖင့္ေအာ္လိုက္သည္။ဒါကို
မလႊတ္ေသးပါဘဲ ထယ္ေယာင္းကႏူးညံ့သည့္
ေလသံျဖင့္ စကားဆိုသည္။

" ေမာင္ျပန္လိုက္ပို႔ပါ့မယ္၊အခုေတာ့ေမာင္ဒီလို
ဖက္္ထားပါရေစကြာ...ေဟ့ေကာင္!မင္းဘာလို႔
ဝင္လာတာလဲ ! "

" ဗ်ာ...ဆရာ... "

ထယ္ေယာင္းက ကူးကိုအတင္းၾကပ္ဖက္ထားၿပီး
ႏူးညံ့သည့္ေလသံျဖင့္ကူးကိုေခ်ာ့ေျပာေနသည္။
ထို႔ေနာက္ ေယာင္းဝူကကားေမာင္းသည့္ေနရာ၌
ဝင္ထိုင္ေတာ့ ထယ္ေယာင္းကေအာ္လိုက္သည္။
ကူးလည္းရွက္သြားၿပီး ထိုအခြင့္ေကာင္းကိုယူ၍
ထြက္သြားသည္။

ထယ္ေယာင္းမွာေတာ့ ကားထဲကအျမန္ထြက္ၿပီး
ကိုကို႔အေနာက္ကိုေျပးလိုက္သည္။ကိုကိုကသာ
လူကသာေသးတာ၊အေျပးကေတာ့ျမန္သလား။
သူ႔ေတာင္မနည္းလိုက္ရၿပီး ေပြ႕မခ်ီကာကားနား
ျပန္ေခၚလာရသည္။

" ငါ့ကိုလႊတ္စမ္းဆို! "

" ေတာက္!ကိုကိုအလွေလးရာ!ဘာလို႔ထြက္သြား
တာလဲ၊မေတာ္လို႔တစ္ေယာက္ေယာက္နဲ႔တိုက္မိလို႔အနာတရျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ "

ထယ္ေယာင္းက ကားနားအထိျပန္ေပြ႕ခ်ီလာခဲ့
သည္။ဒါေတာင္ထယ္ေယာင္းခ်ီထားရာကေန
လႈပ္ရြလႈပ္ရြလုပ္ေနသးတာ။ႏႈတ္ခမ္းခြ်န္ထားပံု
ကအရမ္းနမ္းခ်င္စရာေလး။ကိုကိုအလွေလးက
သူ႔ကိုစိတ္မထိန္းႏိုင္ေအာင္ လုပ္ေနတာ။

" မသိဘူး၊ငါ့ကိုလႊတ္! "

" ေယာင္းဝူ!ကားတံခါးဖြင့္လိုက္၊မင္းအျပင္မွာ
ရပ္ေစာင့္ေန "

" ဟုတ္ကဲ့...ဆရာ! "

ထယ္ေယာင္းတို႔ဝင္ဖို႔ အေနာက္ခန္းတံခါးဖြင့္ေပး
သည္။ထယ္ေယာင္းက သူ႔ကိုကိုအလွေလးကိုေပြ႕
ရက္ျဖင့္ကားထဲဝင္သြားၿပီး ေယာင္းဝူကတံခါး
ပိတ္ေပးလိုက္ကာ သူလည္းတစ္ျခားေနရာသို႔
ခဏေရွာင္ေနသည္။ဆရာတို႔ေအးေဆးျဖစ္ၾက
ပါေစဆိုၿပီးေပါ့။

" ငါ့ကိုလႊတ္ေပးစမ္းပါ၊မင္းနဲ႔ငါ ဘာမွေျပာစရာ
မရွိေတာ့ဘူးေလ၊ၿပီး...ၿပီးေတာ့ မင္းကမူးေနတာ၊
ငါမင္းနဲ႔စကားမေျပာခ်င္ဘူူး "

ကားထဲေရာက္တာေတာင္ ထယ္ေယာင္းခ်ီထား
ရာကရုန္းသည္။ရုန္းတာေတာင္ေကာင္းေကာင္း
မဟုတ္။ထယ္ေယာင္းကိုေတာင္ မ်က္ႏွာေတြေရာ
ထယ္ေယာင္းရဲ႕ဟေနရင္အုပ္ႀကီးကိုေတာင္
ေသြးစို႔ေအာင္ ကုတ္ေနတာ။ဒါကိုဟိုကျပံဳးျပံဳး
ႀကီးသည္းခံေနသည္ေလ။

" ေမာင္နာေနၿပီဗ်ာ၊ေတာ္ေတာ့!မဟုတ္ရင္ေမာင္
ဒီမွာတစ္ခ်ီၿပီးလိုက္မွာ! "

" မင္း!လူယုတ္မာ! "

ထယ္ေယာင္းက သူ႔ကိုကုတ္ေနလို႔နာေနၿပီျဖစ္တာ
ေၾကာင့္ ခပ္ရိုင္းရိုင္းစကားဆိုလိုက္မိသည္။သည္
ေတာ့မွသူ႔အားတစ္မ်ိဳးဆိုကာ ကုတ္ေနသည့္
လက္ေလးတို႔ရပ္တန္႔သြားၿပီး ကားေထာင့္ကို
တျဖည္းျဖည္းကပ္သြားသည္။ထယ္ေယာင္းမွာ
သူ႔ကိုကိုအလွေလးရဲ႕ အမူအရာေၾကာင့္ရယ္လိုက္
ကာ အနားသို႔မကပ္ဘဲ ကူးေလးကိုေမးေထာက္
ရင္းၾကည့္ေနသည္။

" တံခါးမပိတ္ထားနဲ႔၊ငါအိမ္ျပန္ေတာ့မယ္ "

" မေလာပါနဲ႔ဦး၊ေမာင္ ကိုကိုအလွေလးကို ေျပာစရာေတြအမ်ားႀကီးရွိေသးတာ! "

ထယ္ေယာင္းက ပြေနသည့္သူ႔ဆံပင္ေတြကို
သပ္တင္လိုက္ကာ အေနာက္ကိုမွီလို႔
စကားဆိုသည္။ကူးေလးမွာေတာ့ ထယ္ေယာင္းရဲ႕
အနားကိုမကပ္ဘဲကားေထာင့္ကေန သူေျပာမည့္
စကားေတြကို နားေထာင္ဖို႔ရွိေနသည္။

" ကိုကိုအလွေလး ေမာင့္အတြင္းေရးမွဴးလုပ္ဖို႔
ေျပာထားတာ လက္ခံမယ္ထင္တယ္၊ေမာင္က
ကိုကိုအလွေလးအတြက္ဘဲ ေနရာထားခ်င္တာ၊
ဘယ္သူ႔မွအစားမထိုးခ်င္ဘူး "

ထယ္ေယာင္းက ႏူးညံ့သည့္အသံျဖင့္ကူးေလးကို
ေျပာျပေနသည္။ကူးေလးမွာေတာ့ ထိုစကားေတြ
မၾကားခ်င္ပါ။သူ႔ေၾကာင့္ ကူးနဲ႔ဂယူကဆက္ဆံ
ေရးက်ဲသလိုႀကီးျဖစ္သြားမည္ မဟုတ္လား။

" အဲ့ဒါေတြစိတ္မဝင္စားဘူး၊ငါမင္းရဲ႕အတြင္း-- "

" ျငင္းရင္ ကုိကိုအလွေလးကိုေတာ့ဘာမွမလုပ္
ေပမဲ့ အေမေရာ၊မင္ဂယူေရာ-- "

ထယ္ေယာင္းက ထိုသို႔ေျပာလိုက္ေရာ
ကိုကိုအလွေလးမွာ ႏႈတ္ခမ္းကိုက္လို႔လက္သီးကို
တင္းတင္းဆုပ္ထားသည္။မေနႏိုင္ေတာ့တာမို႔
ထယ္ေယာင္းကို ျပန္ေျပာမိသည္။

" ကင္မ္ထယ္ေယာင္း!မင္း ယုတ္မာလိုက္တာ၊
ငါဒါေလးမလုပ္ဘူးလို႔ ငါ့ကိုယ္ပိုင္ဘဝေလးနဲ႔
ဆံုးျဖတ္တာေတာင္ မင္းကလက္မခံဘူး! "

ကူးေလးစိတ္တိုကာ ထယ္ေယာင္းကိုေအာ္ေျပာ
မိသည္။ဒါေတာင္ ထယ္ေယာင္းကျပံဳးၿပီးနား
ေထာင္ေနေသးတာ။ဒီလူ!အလကား!လူကို
ရြဲေနသလိုမ်ိဳး။

" လက္မခံရင္လည္း ဒုကၡေပးဖို႔ပဲရွိတာေပါ့၊
ကိုကိုမသိပါဘူးကြာ၊ေမာင္က သူမ်ားထက္ပိုဆိုး
တယ္ဆိုတာ၊လူမသတ္ရံုတမယ္ အားလံုးကို
လုပ္ေပးလိုက္တာခ်ည္း ဟက္... "

ထယ္ေယာင္းစကားေတြေၾကာင့္ ကူးေလးထိတ္
လန္႔သြားသည္။သူ႔ပံုစံၾကည့္ရတာ ေနာက္ေနပံု
မေပၚဘဲအတည္ေျပာေနဟန္ပါေလ။သို႔ေပမဲ့
ကူးေၾကာင့္နဲ႔ကူးခ်စ္တဲ့သူေတြကိုေတာ့ အထိခိုက္
မခံခ်င္ပါေလ။

" ေမာင္ေျပာတာလက္ခံမလား၊ဒီေန႔ ကိုကိုက
ကိုကို႔အေမအတြက္ ဆိုင္ခန္းသြားရွာတာ
အဆင္မေျပခဲ့ဘူးမလား၊အဲ့ဆိုင္ခန္းကို တစ္ျခားသူဝယ္လိုက္တာဆို၊ေရာ့... ကိုကိုလိုခ်င္ေနတာမလား၊ဒီထက္ေကာင္းတဲ့ဆိုင္
ေမာင္ဝယ္ထားတယ္၊မနက္ျဖန္ ေယာင္းဝူကို
ေမေမ့ရွိလႊတ္ေပးမယ္ "

" ငါမင္းအကူအညီမလိုအပ္ဘူး၊ငါ ေမေမ့ကို
ေကာင္းေကာင္းထားႏို္င္တယ္၊ေမေမအတြက္
ဆိုင္ခန္းအသစ္ငါရွာႏိုင္တယ္ "

ထယ္ေယာင္းျပံဳးလိုက္သည္။ကိုကိုအလွေလးက
သူထင္ထားသည့္အတိုင္း မာနႀကီးတာပဲ။ သူ႔အေမကိုလည္း ႀကီးႀကီးက်ယ္က်ယ္မထား
ႏိုင္တာေတာင္ မ်က္ႏွာမပ်က္ရေအာင္ ထားသည္။တကယ့္ကိုသားအလိမၼာေလး။
ေမာင္နဲ႔မ်ားကြာပါ့။

" ဒါဆိုေမာင့္အကူအညီကို လက္မခံဘူးေပါ့၊
အဲ့ဒါလက္မခံရင္ေတာင္ ကိုကိုအလွေလးရဲ႕
အလုပ္အတြက္လက္ခံေလ "

" လက္မခံဘူး၊ငါ တစ္ျခားအလုပ္ရေအာင္
လုပ္မယ္၊ေမေမ့အတြက္ငါရွာႏိုင္တယ္ "

ကူးေလးက ထယ္ေယာင္းရဲ႕မ်က္ႏွာကိုစိုက္ၾကည့္
လို႔ေျဖလိုက္သည္။ၿပီးေနာက္ သူ႔ဘာသာသူ
တစ္ဖက္သို႔ျပန္လွည့္သြားသည္။ထယ္ေယာင္း
သေဘာက်စြာ အားရပါးရရယ္မိလိုက္သည္။

" ေမာင္သိပါၿပီဗ်ာ၊သိတယ္လက္မခံဘူးဆိုတာ၊
ဒါေၾကာင့္ပဲ ေမာင္ဒီလိုေလးလုပ္ထားတယ္ "

ထယ္ေယာင္းကေျပာရင္း ကားခန္းေရွ႕က
ဖိုင္တြဲကိုယူျပသည္။ထိုဖိုင္တြဲကိုဖြင့္ၾကည့္ကာ
သူ႔မ်က္ႏွာေရွ႕ျပသည္။ျမင္လိုက္ရသည္က
အဆိုးရြားဆံုး။သူ႔ရဲ႕လက္မွတ္ကအတြင္းေရးမွဴး
အလုပ္ကိုလက္ခံသည္ဆိုၿပီး လက္မွတ္ႀကီးက
ရွိေနတာ။

သူႏႈတ္ခမ္းကိုက္လို႔ ထယ္ေယာင္းကိုခပ္စူးစူး
ၾကည့္မိသည္။သို႔ေပမဲ့ ထယ္ေယာင္းမွာေတာ့
ကူးရဲ႕စိတ္ဆိုးေနသည့္ပံုစံေလးကိုၾကည့္လို႔
အသည္းယားကာကူးရဲ႕ပါးျပင္ေလးကို
ကိုင္လိုက္ၿပီး စကားဆိုသည္။

" ဟားး..ခ်စ္စရာေလးဗ်ာ၊ေမာင့္ကို ခပ္စူးစူးၾကည့္တာလား၊အံ့ဩလို႔ မ်က္ဝန္းဝိုင္းေတြနဲ႔ၾကည့္တာလား၊ခ်စ္ဖို႔ေကာင္းလြန္းလို႔ ဘယ္လိုလုပ္ရမလဲ၊ေဒါသထြက္လို႔
ခပ္စူးစူးၾကည့္တဲ့ရုပ္ေလးက ခ်စ္စရာေကာင္းလို႔
ေမာင္အရမ္းအသည္းယားတာပဲ "

" ငါ့ကိုမဖက္နဲ႔လႊတ္စမ္းပါ! "

ကူးရဲ႕ပါးေဖာင္းေလးကို ခပ္ဖြြဖြဆြဲၿပီးနမ္းဖို႔လုပ္
သည္။ကူးကေတာ့ ထယ္ေယာင္းဖက္နမ္းမယ္
ဆိုတာသိေနလို႔ ရင္ဘက္ကိုအတင္းတြန္းထုတ္
ေနသည္။ဒါကို္ထယ္ေယာင္းက ကူးေလးမႀကိဳက္
တာကိုသိလို႔ ပိုတိုးကပ္သည္။ကူးေလးမွာ
ထယ္ေယာင္းကို ေျခေထာက္နဲ႔ပါကန္သည္။

သို႔ေပမဲ့ ေယာင္းဝူကေတာ့ယြန္းဂီနဲ႔
ဖုန္းစကားေျပာရင္း ကားဘက္ကိုလွည့္မိေတာ့
အံ့ဩသြားသည္။

" ယြန္းဂီေဟ်ာင္း ဆရာကမသိမသာေလး
ဦးေတာ့မယ္ထင္တယ္၊ကြ်န္ေတာ္ကားေဘးနားမွာ
ရပ္ေနရတာ အကုန္ျမင္ေနရတယ္၊ဟဲဟဲ...
ဆရာက သူ႔ဟာေလးကိုသိပ္သည္းေနတာ "

' ေဟ...ဟုတ္လား၊လူျမင္လမ္းမလယ္က
မေကာင္းဘူူး၊ငါျပန္ထိန္းလိုက္မယ္ '

ယြန္းဂီကထိုသို႔ေျပာကာ ဖုန္းခ်သြားသည္။
ေယာင္းဝူသိသည္။သူေျပာရင္ဘယ္ေတာ့မွမရ။
ေဟ်ာင္းတို႔ဝိုင္းထိန္းရင္သာအဆင္ေျပသည္။
သူၾကေတာ့အငယ္ဆိုေတာ့ ဆရာ့ကိုလည္း
လိုက္မထိန္းရဲ။တကယ္ေသခ်ာၾကည့္ရင္
ဆရာက ေၾကာက္ဖို႔ေကာင္းသည္။

" ကိုကိုအလွေလးကလည္း ခ်စ္စရာေလးကို၊
လာပါဗ်ာ၊ေမာင့္ကိုအဲ့အၾကည့္ေလးနဲ႔ထပ္ၾကည့္
ေပးပါဦး၊ေမာင္ထပ္ၿပီး မွတ္ထားခ်င္လို႔ "

" ငါ့ကိုအတင္းမလုပ္နဲ႔ေနာ္၊ကိုက္မွာ! "

ထယ္ေယာင္းက ကူးကိုနမ္းဖို႔လုပ္သည္။ဒါကို
ကူးကရုန္းသည္။တကယ္ ကင္မ္ထယ္ေယာင္း
ဒါေလးကိုခ်စ္လိုက္တာ။အသည္းယားစရာ
သူ႔ကိုမ်က္ဝန္းဝိုင္းေတြနဲ႔ ခပ္စူးစူးၾကည့္တာတဲ့။
ေၾကာက္စရာမေကာင္းဘဲ ခ်စ္စရာေကာင္းတာ။

" ဖုန္းဆက္ျပန္ၿပီကြာ "

ကိုကိုအလွေလးကိုစေနရင္း ယြန္းဂီထံမွဖုန္းဝင္
လာသည္မို႔ ဖုန္းကိုင္လိုက္သည္။ကူးေလးမွာေတာ့
ေဘးေထာင့္ကိုပိုကပ္၍ ကားတံခါးကိုသာဖြင့္ေန
သည္။ပြင့္မလာသည္ကခဏခဏ။ဘာလို႔ဆို
ကားတံခါးကိုထယ္ေယာင္းရဲ႕တပည့္က ပိတ္သြားတာ။

" စိတ္ခ်ပါ၊ငါအတင္းမလုပ္ပါဘူးကြာ၊ဒါပဲ! "

ထယ္ေယာင္းဖုန္းခ်လိုက္ကာ ေယာင္းဝူကိုဖုန္း
ေခၚလိုက္သည္။ၿပီးေနာက္မွကူးေလးဘက္ကို
ၾကည့္ကာ စကားဆိုလာသည္။ရုပ္တည္တည္
ျဖင့္သူ႔ကိုၾကည့္လာတာ။

" အိမ္မွာကိုကို႔အေမတစ္ေယာက္ထည္းမလား၊
ေမာင္ျပန္လိုက္ပို႔မယ္၊ျငင္းမယ္မၾကံနဲ႔၊ေမာင္က
စိတ္မခ်လို႔လိုက္ပို႔တာ၊ၿပီးေတာ့ စာခ်ဳပ္ထဲမွာ
ကိုကို႔လက္မွတ္ရွိေနတာ၊တစ္ညေလာက္ေတာ့
ေသခ်ာစဥ္းစားၿပီးမနက္ၾက ေမာင္လာေခၚမယ္ "

" မင္းကိုမုန္းလိုက္တာ၊ငါမႀကိဳက္တာေတြကို
မင္းလုပ္ေနတာ၊မုန္းဖို႔ေကာင္းတယ္ "

ကူးေလးက ထယ္ေယာင္းကိုႏႈတ္ခမ္းကိုက္လို႔
ၾကည့္ကာေျပာလိုက္သည္။ထယ္ေယာင္းက
ကူူေလးေျပာတဲ့စကားေၾကာင့္ လက္တို႔ေခတၱ
ရပ္တန္႔သြားေပမဲ့ဂရုမစိုက္ပါေလ။ျပံဳးလိုက္ကာ
သူ႔ဘက္လွည့္လာသည္။

" မုန္းတယ္မလား၊ေနာက္က်ခ်စ္လာလိမ့္မယ္ "

ထိုသို႔သာေျပာၿပီး ထယ္ေယာင္းတစ္ဖက္သို႔
ျပန္လွည့္ေနသည္။ထိုစဥ္ ေယာင္းဝူကကားထဲ
ဝင္လာၿပီး ကားေမာင္းသည့္ေနရာ၌ထိုု္င္ကာ
ေနာက္ၾကည့္မွန္ကေန ကူးကိုျပံဳးျပသည္။ကူး
လ်စ္လ်ဴရႈကာ ကားမွန္ဘက္သို႔ျပန္လွည့္သည္။
သည္ေတာ့မွ ေယာင္းဝူလည္းကားေမာင္းကာ
ကူးေလးရဲ႕အိမ္ဘက္သို႔ ဦးတည္လာခဲ့သည္။

" ေမာင္..မနက္ၾကလာေခၚမွာ၊အသင့္ျပင္ထား၊
မဟုတ္ရင္ အိမ္ထဲထိဝင္လာမွာ "

အိမ္ေရွ႕ကိုေရာက္ေတာ့ ကားေပၚကဆင္းေနစဥ္
ထယ္ေယာင္းက ကားထဲကေနလွမ္းေအာ္သည္။
ကူးေလး ထယ္ေယာင္းဘက္ျပန္လွည့္လို႔
မ်က္ေစာင္းထိုးၾကည့္လိုက္ၿပီး ဘာမွမဆိုဘဲ အိမ္ထဲကိုဝင္လာသည္။ထိုသည္ကို
ထယ္ေယာင္းက သေဘာက်ကာ...

" ေတာက္!မ်က္ေစာင္းလွလွေလးက အသည္းယားစရာကြာ "

ကားထဲမွာက်န္ခဲ့သည့္ ထယ္ေယာင္းမွာေတာ့
ကူးေလးရဲ႕မ်က္ေစာင္းလွလွေလးကို သေဘာ
ေခြ႕ေနေတာ့တာ။

~

" ဆရာ...အိမ္ေတာ္မွာဧည့္သည္ေရာက္ေနတာ
ထင္တယ္၊ကားတစ္စီးေရာက္ေနတယ္ "

ကိုကိုအလွေလးကိုပို႔ေပးၿပီး ထယ္ေယာင္းက
သူ႔အိမ္ေတာ္ဘက္ကို ေယာင္းဝူကိုလိုက္ပို႔ခိုင္း၏။
သူလည္းဒီေန႔က အဖိုးနဲ႔အတူသြားေတြ႕ရင္း ေသာက္တာလြန္သြားသည္မို႔ ေယာင္းဝူကိုလာႀကိဳ
ခိုင္းလိုက္ၿပီး အသြားအျပန္လာပို႔ခိုင္းတာ။

" ငါအိမ္လာေနတဲ့ေန႔မွာမွ ဧည့္သည္ေရာက္လာ
ရတယ္လို႔၊စိတ္ပ်က္စရာေတြ၊ဟူး... "

ထယ္ေယာင္းက စိတ္ပ်က္စြာျဖင့္သူဝတ္ထားတဲ့
ရွပ္အနက္ကိုခြ်တ္ခ်လိုက္ကာ ပုခံုးေပၚတင္လိုက္
သည္။ၿပီးေနာက္ ရင္ဘက္ကကုတ္ရာေလးကို
သတိထားမိေတာ့ ရယ္လိုက္သည္။ေယာင္းဝူမွာ
ရင္ဘက္ကအရာကိုသတိထားမိျပန္ေတာ့
စကားဆိုသည္။

" ဆရာ့အပိုင္က လက္စြမ္းျပသြားျပန္ၿပီပဲ၊ဟဲဟဲ..
ဆရာေတာ့ယူၿပီးရင္ ပိုဆိုးေနပါၿပီ "

" ေကာင္းတာေပါ့၊ငါ့လိုဆိုသြမ္းေနတာကို ကိုကိုအလွေလးသာထိန္းေပးရင္
စကားပိုနားေထာင္ဦးမွာ "

ထယ္ေယာင္းကေျပာၿပီး ကားတံခါးဖြင့္ကာထြက္
သြားသည္။ေယာင္းဝူမွာေတာ့ ဆရာ့ကိုၾကည့္ကာ
ေခါင္းခါရင္း စကားဆိုလိုက္သည္။

" ေဆးလည္းမမွီ၊ဆရာ့မိဘေတြအစား အားနာလိုက္တာ၊မိဘေတြေျပာတာၾက
နားမေထာင္ဘဲ သူ႔ဟာေလးေျပာတာကိုေတာ့
နားေထာင္မယ္တဲ့၊အံ့ဩစရာႀကီး "

ေယာင္းဝူကေတာ့ ဆရာ့ကိုျပန္လိုက္ပို႔ၿပီးၿပီမို႔
သူလည္းဆရာခိုင္းထားသည့္ မၿပီးျပတ္ေသးတဲ့
အလုပ္ေတြကိုလုပ္ရန္ သူ႔ေနသည့္ကြန္ဒိုကိုသာ
ျပန္သြားရသည္။

ထယ္ေယာင္းအိမ္ေတာ္ထဲေရာက္လာေရာ
ဒယ္ဒီကသူတို႔နားမွာ သတင္းစားဖတ္ေနသည္။
အေဒၚျဖစ္သူနဲ႔အတူ ညေနကဆိုင္မွာေတြ႕ခဲ့တဲ့
ေကာင္နဲ႔စကားေျပာေနသည္ကိုျမင္လို႔ မသိခ်င္
ေယာင္ေဆာင္ကာ အခန္းဘက္သို႔ဦးတည္ခဲ့
သည္။ဒါကို အလိုက္မသိသည့္ေဒၚေလးက လွမ္းေခၚေလသည္။

" ဟယ္...ေဒၚေလးရဲ႕ေပါက္စေလးျပန္လာၿပီပဲ၊
လာပါဦး၊လီယမ္ေလးနဲ႔ သားကိုထပ္မိတ္ဆက္
ေပးမယ္၊လီယမ္ေလးက သားအႀကိဳက္
formal Suitဝယ္လာတာ၊ေတာ္ရဲ႕လား လာဝတ္ၾကည့္ဦး "

" စိတ္မဝင္စားဘူး "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ ေဒၚေလးျဖစ္သူက
လီယမ္ကိုၾကည့္ကာအားနာသြားသည္။ဖခင္ျဖစ္တဲ့ကင္မ္ထယ္ေဆာင္းက သူ႔သားပံုစံကိုၾကည့္လို႔
အကဲခတ္ေနသည္။အရက္မူးလာလို႔ ပူရင္ေတာင္
ထိုကဲ့သို႔အဝတ္ကိုမခြ်တ္သင့္တာကို အခုေတာ့
အေတာ့္ကိုဆိုးသည္။

လီယမ့္မွာေတာ့ ထယ္ေယာင္းရဲ႕အေပၚပိုင္း
အဝတ္ဗလာပံုစံကိုခိုးၾကည့္ေနသည္။
အစ္ကိုထယ္က တကယ့္ကိုဆြဲေဆာင္မႈအား
ျပင္းၿပီးေခ်ာလိုက္တာ။လီယမ္ဒါေတြေၾကာင့္
အစ္ကိုထယ္ကိုပိုသေဘာက်မိပါသည္။

ထယ္ေယာင္း ခပ္ျပတ္ျပတ္ဆိုကာအေပၚထပ္
တက္ဖို႔ျပင္သည္။ထိုေျခလွမ္းေတြကို ထပ္ၿပီး
ရပ္တန္႔ေအာင္လုပ္သည္က ဒယ္ဒီအသံေၾကာင့္။

" ကင္မ္ထယ္ေယာင္း၊ဧည့္သည္ေရာက္ေနတာ
ေလ၊ေလးစားမႈရွိၿပီး လာထိုင္လိုက္ပါလား "

" ေလးစားမႈရွိရေအာင္ ဒီေကာင္ကဘာမို႔လို႔လဲ၊
လူႀကီးလူေကာင္းလား၊အဟက္...ေလးစားမႈ
တစ္ကြက္မွမရွိတဲ့ေကာင္ "

ထယ္ေယာင္းက လီယမ္ကိုခပ္စူးစူးၾကည့္ရင္း
ေျပာလိုက္ၿပီး အေပၚထပ္သို႔တက္သြားသည္။
ထယ္ေယာင္းရဲ႕စကားေၾကာင့္လီယမ္လည္း မ်က္ႏွာပ်က္သြားသည္။ေဒၚေလးကင္မ္က
လီယမ့္ကိုၾကည့္ၿပီး အားနာဟန္စကားဆိုသည္။

" အားနာလိုက္တာ၊ေဒၚေလးရဲ႕တူေပါက္ေလးက
တစ္ဦးထည္းေသာမို႔ အလိုလိုက္ထားေတာ့
ဆိုးေနတာ၊ခုနက သူ႔ဒယ္ဒီေတာင္မႏိုင္တာ "

အေဒၚျဖစ္သူရဲ႕စကားေၾကာင့္ လီယမ္ကျပံဳးရင္း
လက္ထဲေဒၚေလးကင္မ္အတြက္ ဝယ္ထားတဲ့ ပစၥည္းအိတ္ထည့္ေပးၿပီး ေျပာလိုက္သည္။

" ရပါတယ္ေဒၚေလးရယ္၊လီယမ္နဲ႔ေဒၚေလးက
စကားေျပာရမဲ့သူေတြမွမဟုတ္ဘဲ၊ဟီးဟီး...
လီယမ္ေလ ေဒၚေလးအတြက္ပါေတြးေတာၿပီး
ဝယ္ခဲ့တယ္၊ေဒၚေလးက အဲ့လုိေလးေတြ ဝတ္ရတာႀကိဳက္တယ္ဆိုလို႔ေလ "

လီယမ္ေပးသည့္ပစၥည္းထုပ္ကို ကမ္းယူလိုက္ၿပီး
အထဲကကတၱီပါအနီေရာင္ဗူးကိုဖြင့္ၾကည့္မိေတာ့ တန္ဖိုးႀကီးစိန္လည္ဆြဲႀကီးတစ္ကံုးေတြ႕သည္။
လွပသည့္အဖိုးတန္စိန္ေတြျဖင့္ျပဳလုပ္ထားသည့္
စိန္လည္ဆြဲႀကီးကလွပလြန္းေတာ့ ထယ္ေယာင္းရဲ႕အေဒၚကင္မ္ယြန္းေဆာင္းမွာ
မျပံဳးပဲမေနႏိုင္ေတာ့ပါေလ။

သတင္းစာဖတ္ရင္းထိုင္ေနသည့္ ေမာင္ျဖစ္သူ
ကင္မ္ထယ္ေဆာင္းမွာလည္း အစ္မျဖစ္သူရဲ႕
ေလာဘႀကီးမႈကိုၾကည့္ကာ ေခါင္းအသြင္သြင္
ခါလ်က္။ငါ့အစ္မေလာဘႀကီးလိုက္တာ။

" ဟယ္...လီယမ္ေလးက အလိုက္သိခ်က္ေနာ္၊
ေဒၚေလး ဘယ္လုိမ်ားေျပာရမွန္းမသိဘူး "

" ေဒၚေလးကလည္း လီယမ္တို႔ကဒီလူနဲ႔ဒီလူ
ေျပာရမဲ့သူေတြမဟုတ္ပါဘူး၊အာ...ၿပီးေတာ့
ဒါကေလအစ္ကိုထယ္ရဲ႕အေမအတြက္ လီယမ္ဝယ္လာေသးတယ္ "

လီယမ္ကေနာက္ထပ္အထုပ္တစ္ထုပ္ကိုထုတ္ၿပီး
ေဒၚေလးကင္မ္ဘက္ ကမ္းေပးသည္။ထိုသည္ကို
ထယ္ေယာင္းရဲ႕အေဖက သတိထားမိသည္ျဖင့္..

" အခ်စ္ကဒါေတြမႀကိဳက္ဘူး သားလီယမ္၊သူမ
ဒါေတြဝတ္ေလ့မရွိဘူး၊ဦးေလးနဲ႔သားက
ေပးဖူးတာေတာင္ယူတာမဟုတ္ဘူး "

သတင္းစာကိုစားပြဲေပၚခ်ကာ တပ္ထားသည့္
မ်က္မွန္ကိုျပန္ပင့္တင္ရင္း ေရွ႕ရွိႏြားႏို႔တစ္ခြက္ကို
ေမာ့ေသာက္ၿပီးေနာက္ ေျဖလာသည္။ဟုတ္သည္၊
အခ်စ္ကေတာ္ရံုဆို သူ႔အိေျႏၵနဲ႔သူေနတာျဖစ္၏။
တန္ဖိုးႀကီးပစၥည္းေတြသေဘာမက်။သူ႔သားနဲ႔
သူ႔ေယာက်ာ္းကဝယ္ေပးတာေတာင္ လက္မခံ။

" ဟုတ္တယ္ကြယ္၊သူ႔ဇနီးက ဘာမွမႀကိဳက္ဘူး၊
ဒါေၾကာင့္မို႔ဒါမ်ိဳးေတြဆို ဘယ္လိုေပးေပးမဝတ္
တက္ဘူးရယ္ "

" အာ...အဲ့လိုကိုး၊ဒါဆိုလည္း ေဒၚေလးပဲယူထား
ပါ၊အစ္ကိုထယ့္ကိုလည္း ဒါေလးေပးေပးပါ၊
လီယမ္က အဲ့တုန္းကကိစၥကိုအားနာၿပီးျပန္ေပး
တာပါ ဟီးဟီး "

သူမဒီလီယမ္ေလးကို သေဘာက်မိပါသည္။
လီယမ့္အေဖကႏိုင္ငံျခားသားတစ္ေယာက္ျဖစ္ၿပီး
မိခင္ကသူမသူငယ္ခ်င္း ဟန္းဂုသူျဖစ္သည္။
ႏိုင္ငံျခားမွာအေျခခ်ေက်ာင္းတက္ေနသည့္
လီယမ္ေလးက သားထယ္ေလးနဲ႔ေတြ႕ၿပီး
ျပႆနာျဖစ္ခဲ့ေသးလို႔ အားနာၿပီးျပန္ေပးတက္
တာတဲ့။လီယမ္ေလးက လိမၼာလြန္းလိုက္တာ။

လီယမ္ေလးက အသားေလးကေဖြးေဖြးေလး။
မ်က္ႏွာေလးက အျပစ္အနာဆာမရွိရေအာင္
ေခ်ာေမာေနတာ။လူေကာင္ေလးကသာေသးတာ၊
ခပ္လွလွေလးမို႔ သူမခ်စ္မိပါေသးသည္။
လီယမ္ေလးၾကည့္ရတာလည္း သူ႔တူေလး
ထယ္ေယာင္းကို သေဘာက်ေနပံုပင္။ဒါေၾကာင့္
အဆင္သာေျပရင္ သေဘာတူပါသည္။ျပည့္စံုေန
တဲ့ကေလးမို႔ သူမပိုသေဘာက်သည္။မိဘေတြရဲ႕ လုပ္ငန္းအခ်ိဳ႕ကိုဦးစီးေနတာမို႔ သားထယ္နဲ႔
ခ်ိတ္ဆက္ေပးရမည္။

" ေဒၚေလး...လီယမ္ျပန္ေတာ့မယ္ေနာ္၊ဦးေလး
လီယမ္ျပန္ၿပီေနာ္ "

လီယမ္ရဲ႕ႏႈတ္ဆက္သည့္စကားကို သတင္းစာျပန္ဖတ္ေနသည့္ ထယ္ေယာင္းရဲ႕အေဖက ေခါင္းၿငိမ့္ျပသည္။

" အင္းေဒၚေလး အေရွ႕ထိလိုက္ပို႔ေပးမယ္၊
ဟယ္ရင္း ဒီအထုပ္ကို ငါ့တူေလးကိုပုိ႔ေပးလိုက္ "

" ဟုတ္ကဲ့ "

အလုပ္လုပ္သည့္ေကာင္မေလးလက္ထဲ အထုပ္ေပးလိုက္ၿပီး ထယ္ေယာင္းထံသို႔
သြားပို႔ေစသည္။သူမကေတာ့ လီယမ္ေလးကို
အိမ္ေရွ႕ကားအနားအထိ လိုက္ပို႔ေပးသည္။
ကားနားေရာက္ေတာ့ လီယမ္ကျပံဳးလိုက္ၿပီး
ထယ္ေယာင္းအေဒၚကို စကားဆိုသည္။

" ေဒၚေလးကင္မ္ကိုေျပာျပရဦးမယ္၊လီယမ္လည္း
သိတာမၾကာေသးဘူးသိလား "

ထယ္ေယာင္းအေဒၚမွာလည္း စိတ္ဝင္တစားျဖင့္
လီယမ္ေျပာမည့္စကားကို နားေထာင္ေနသည္။
ထိုသည္ကိုလီယမ္က ျပံဳးလိုက္ကာ...

" လီယမ္ေတြ႕ခဲ့တာေပါ့ ေဒၚေလးရယ္၊ အစ္ကိုထယ္က လီယမ္တို႔ေက်ာင္းမွာနာမည္ႀကီး
ဆံုးေက်ာင္းသားတစ္ေယာက္ေလ၊ခ်မ္းသာေတာ့
ကပ္ခ်င္ၾကမွာေပါ့၊အခုလည္း ကပ္ေနတဲ့သူရွိၿပီ
ထင္တယ္ေဒၚေလးရယ္၊အစ္ကိုထယ္ကိုသူက
လိုက္ကပ္ေနတာေလ၊ၿပီးေတာ့ လီယမ္ကစံုစမ္း
ၾကည့္တာ ဟိုးလမ္းၾကားထဲမွာအိမ္ေဟာင္းရွိၿပီး
ရံုးအလုပ္လုပ္တဲ့ေကာင္ေလးတစ္ေယာက္ေလ၊
အစ္ကိုထယ္ကိုဘယ္လိုဆြဲေဆာင္ထားလဲမသိ
အစ္ကိုထယ္က လီယမ့္ကိုေတာင္ဆိုင္မွာ ေအာ္သြားေသးတာဗ်ာ "

လီယမ္ကေျပာေနရင္းကေန မ်က္ႏွာငယ္ေလး
အျဖစ္ေျပာင္းလဲသြားသည္။ေဒၚေလးကင္မ္က
လီယမ္ရဲ႕အမူအရာကိုၾကည့္ၿပီး စိတ္မေကာင္း
ျဖစ္သြားသလို လီယမ္ေျပာျပသည့္ကိစၥေၾကာင့္
ေဒါသလည္းထြက္သြားသည္။ဒါေၾကာင့္ပင္
လီယမ္ရဲ႕ပုခံုးေလးကိုကိုင္၍ စကားဆိုသည္။

" ဟယ္...လီယမ္ေလးကိုေအာ္သြားတာ အဲ့တစ္ေယာက္ေၾကာင့္လား၊ေနဦး၊ေဒၚေလး
အဲ့ေကာင္ေလးအေၾကာင္း စံုစမ္းဦးမယ္၊ငါ့တူကို
သူတို႔လိုလူက လိုက္မွန္းေနေသးတာ၊ငါနဲ႔ေတြ႕ၿပီ
ေပါ့၊ "

" လီယမ္သြားေတာ့မယ္ေနာ္ ေဒၚေလးကင္မ္၊
လီယမ္ကသတိေပးတာ၊အဲ့လိုလူေတြက ပိုက္ဆံပဲ
လိုက္ၾကည့္ေနတာဆိုေတာ့ စိတ္ပူလို႔ရယ္ "

မ်က္ႏွာငယ္ေလးျဖင့္ေျပာသည့္ လီယမ္စကားကို
ေဒၚေလးကင္မ္ကယံုၿပီး သနားသြားသည္ေလ။
ၿပီးေနာက္ သူမသေဘာက်ေအာင္လည္းေျပာသြား
ေသးေတာ့ ပိုလို႔ကိုသေဘာက်ေနတာ။

" ေက်းဇူးပါကြယ္၊လီယမ္ေလး ကားေသခ်ာေမာင္းေနာ္၊ေဒၚေလးလည္း
ေနာက္မွသားအေမကို လာေတြ႕မယ္လို႔ "

လီယမ္ကေခါင္းသာၿငိမ့္ျပၿပီး ကားထဲဝင္ကာ
ကားေမာင္းလို႔အိမ္ျပန္သြားေတာ့သည္။ထို႔အတူ
ထယ္ေယာင္းအေဒၚမွာလည္း အိမ္ေတာ္ထဲသို႔
ျပန္ဝင္လာခဲ့သည္။အိမ္ေတာ္ထဲေရာက္ေတာ့
မထင္မွတ္စရာေတြျဖစ္လို႔။

" ေတာက္!ကင္မ္ထယ္ေယာင္း မင္းဒါဘာေတြ
လုပ္ေနတာလဲ၊မယူခ်င္ဘူးဆို ေကာင္းေကာင္း
ေျပာလိုက္ေလ၊ဘာလို႔ အက်ႌကိုမီးရွို႔ရတာလဲ "

Bathrobeဝတ္ထားသည့္ ထယ္ေယာင္းက
အခုမွေရခ်ိဳးကာစပံုပါေလ။ဒါကိုကေလးမေလးကပစၥည္းသြားပို႔ရင္းေဒါသထြက္ကာ ေအာက္ထပ္က သူ႔ဒယ္ဒီေရွ႕၌အက်ႌကို
မီးရွို႕ျပစ္သည္။ၿပီးေတာ့လည္း သူ႔ေရွ႕က မီးေလာင္ေနတဲ့ ပစၥည္းကိုၾကည့္လို႔
ခပ္တည္တည္ပင္စကားဆိုသည္။
တကယ္!ကင္မ္ထယ္ေယာင္းတို႔ဆိုးခ်က္။

" နားမလည္ဘူး ဒယ္ဒီရာ၊ကြ်န္ေတာ္က မယူဘူး
ေျပာတာကို ေဒၚေလးကေပးခိုင္းလို႔ဆိုၿပီးခ်ထား
ဖို႔လုပ္ေနလ္ို႔ မီးရွို႔ၿပီးပို႔ေပးတာ "

ဧည့္ခန္းထဲက ဆိုဖာေပၚ၌ထယ္ေယာင္းက
ထိုင္ၿပီးလက္ပိုက္ရင္း ေျခခ်ိတ္ထိုင္ကာ သူ႔ဒယ္ဒီကိုခပ္ျပံဳးျပံဳးၾကည့္ေနသည္။
ေျခသလံုးေတာင့္ေတာင့္ေတြက ခပ္မိုက္မိုက္။
Bathrobeနဲ႔ေတာင္ ၾကည့္ေကာင္းေနတဲ့
ထယ္ေယာင္းက ဆိုးတာေလးပဲရွိသည္။

ၾကည့္စမ္း!ဒီေကာင္အေဖကို ၾကည့္တဲ့အခ်ိဳးကို။
အေဖကိုခပ္ျပံဳးျပံဳးျပန္ၾကည့္ရင္း ျပႆနာရွင္းဖို႔
အေဒၚကိုေစာင့္ေနတာ။

" မင္းအေမအိပ္ေနတယ္ေလ၊တိုးတိုးေျပာစမ္း!
မင္းကြာ!ငါမႏိုင္ေတာ့ဘူး! "

" ဒယ္ဒီမႏိုင္လည္းမေျပာနဲ႔ေလ၊ေဒၚေလး ဘယ္မွာလဲ၊ကြ်န္ေတာ္နဲ႔ရွင္းမယ္ "

သူ႔ဒယ္ဒီအေျပာကို ခပ္ျပတ္ျပတ္ေျဖသည္။
ေျခခ်ိတ္ထိုင္ၿပီး ေရခ်ိဳးခါစဖြာလန္က်ဲေနသည့္
ဆံပင္ေရႊေရာက္တို႔ကိုသပ္တင္ၿပီးေစာင့္ေနတာ။
သည္ေတာ့ထယ္ေယာင္းအေဒၚမွာ သက္ျပင္းရွည္
ခ်လိုက္ကာ အနားသြားၿပီးေျဖရွင္းရမည္။

" ေဒၚေလးကဒီမွာ၊ဘာလို႔ တအားဆိုးေနတာလဲ "

အေဒၚျဖစ္သူက သူ႔အနားကိုလာကာေျပာသည္။
ထယ္ေယာင္း သူ႔အေဒၚကိုၾကည့္လိုက္ရင္း
လည္တိုင္ထက္လည္ဆြဲႀကီးကိုၾကည့္ကာ
ဟက္ခနဲရယ္သည္။

" ကြ်န္ေတာ္တစ္ေယာက္လံုးဝယ္ေပးတာေတာင္
မေလာက္ႏိုင္ဘူးလား၊လြန္ပါတယ္ဗ်ာ "

" ထယ္ေယာင္း!မင္းအေဒၚကို အဲ့လိုမေျပာနဲ႔ေလ၊
ဒီေကာင္ကြာ!ဟူး! ငါအခန္းထဲဝင္ေတာ့မယ္ "

ထယ္ေယာင္းရဲ႕အေဖက သူ႔သားကိုမေျပာခ်င္လို႔
အခန္းထဲဝင္သြားေတာ့သည္။သည္ေတာ့မွ
ထယ္ေယာင္းလည္းထကာ အေဒၚျဖစ္သူေရွ႕
ရပ္ကာငံု႔ၾကည့္ရင္း စကားဆိုသည္။

" အဲ့ေကာင္နဲ႔ပတ္သက္တာကို ကြ်န္ေတာ္မျမင္
ခ်င္ဘူး "

" ေဒၚေလးၾကားလိုက္ရတဲ့ သတင္းေတြလည္း
မမွန္ပါေစနဲ႔ေနာ္ ကင္မ္ထယ္ေယာင္း "

ေဒၚေလးစကားေၾကာင့္ ထယ္ေယာင္းျပံဳးသည္။
ေလးေထာင့္ဆန္ဆန္အျပံဳးေတြမ်ား သူ႔အေဒၚေရွ႕
ျပေနသည္။ၿပီးေနာက္ ေခါင္းၿငိမ့္ျပသည္။

" ကြ်န္ေတာ့္အနာဂတ္မွာ အဖိုးတန္ေလးေရာက္
ေနၿပီမို႔ ေဒၚေလးကစိတ္မပူပါနဲ႔ "


ထယ္ေယာင္းစကားတစ္ခြန္းသာေျပာၿပီး အေပၚထပ္သို႔တက္သြား၏။အေဒၚမွာေတာ့
သူ႔တူေျပာသြားသည့္စကားေၾကာင့္ ပုိလို႔ကို
စိတ္မထင္မက်ျဖစ္သြားသည္။အေဒၚအရင္းမို႔
တူေလးေကာင္းစားေရးကို လိုလားတာေၾကာင့္
သူမရဲ႕တူေလးေျပာသည့္စကားကို
သေဘာမက်ပါေလ။

~

အခန္းထဲကိုျပန္ေရာက္လာသည့္ ထယ္ေယာင္းမွာလည္း က်ယ္ျပန္႔လွတဲ့သူ၏
King Sizeေမႊ႕ယာထက္ ထိုင္ခ်ကာအံဇြဲေပၚမွာ
တင္ထားသည့္ဖုန္းကိုယူလိုက္ရင္း Contactထဲရွိ
နာမည္လွလွေလးျဖင့္ မွတ္ထားသည့္
' ေမာင့္အလွေလး ' ထံသို႔သာစာပို႔လိုက္သည္။

' ဒီတစ္ညထည္း အခြင့္အေရးကို ကိုကိုအလွေလး
အသံုးခ်တက္မယ္ထင္တယ္ ' ဆိုသည့္စာေရးလို႔
ပို႔လိုက္သည္။ခ်က္ခ်င္းပို႔သည့္စာကိုမၾကည့္ဘူး
ဆိုတာသူသိတာမို႔ ေမႊ႕ယာထက္လွဲခ်လိုက္ၿပီး
အခန္းက်ယ္ႀကီးထဲက ကိုကိုအလွေလးရဲ႕
ပံုေလးကိုအႀကီးခ်ဲ႕ကာ အခန္းထဲ၌ကပ္ထား
သည္ေလ။


ကိုကိုအလွေလးတို႔ သူတို႔အလုပ္ခန္းထဲက အေဖာ္ေတြနဲ႔စကားေျပာရင္း ရယ္ေနသည့္
ပံုေလးကိုသူေတြ႕လို႔ သိမ္းထားမိသည္။
ဆံပင္ရွည္ရွည္ေလးကို ေရွ႕က်မွာဆိုးလို႔
ေနာက္မွာသပ္တင္ထားၿပီး မ်က္မွန္တပ္ထားတဲ့
ပံုလွလွေလး။တကယ္ သေဘာက်ျမတ္ႏိုးမိပါ
သည္။ထိုပံုေလးကို သူေတြ႕ေတြ႕ခ်င္းေၾကာင္
ၾကည့္မလို႔ ဓာတ္ပံုရိုက္သိမ္းၿပီးခ်က္ခ်င္း
ပံုအႀကီးႀကီးထုတ္ကာ သူ႔အခန္းက
နံရံ၌ကပ္ထားခဲ့သည္။

" လွလိုက္တာ၊အဲ့အၾကည္ဓာတ္ကိုၾကည့္ၿပီး
ေမာင္အိပ္ရမွာဆိုေတာ့ အိမ္မက္ေလးလွၿပီ၊
ဒီေန႔အိမ္ျပန္ဖို႔ႏႈတ္ဆက္တဲ့အနမ္းေလးေတာင္
မရလိုက္ဘူး ဟူး... "

ထယ္ေယာင္းက ေမႊ႕ယာထက္လွဲရင္း ဖုန္းကိုယူကာ စာပို႔ထားသည့္ကိုၾကည့္မိေတာ့
ကိုကိုအလွေလးက သူ႔စာကိုၾကည့္သြားၿပီျဖစ္
သည္။ျပန္စာေတာ့ မလာဘူးဆိုတာသိသည္မို႔
ထယ္ေယာင္းျပံဳးလိုက္သည္။

" မနက္ၾကကိုကိုအလွေလး လက္ခံမယ္လို႔
ေမာင္ထင္တယ္ "

ထယ္ေယာင္းလည္း တစ္ေန႔လံုးအျပင္ထြက္
ထားရေတာ့ပင္ပန္းလာသည္မို႔ ၾကာၾကာေတာင္
မ်က္လံုးမဖြင့္ႏိုင္ဘဲ အိပ္ေပ်ာ္သြားသည္။
တစ္ဖက္က ကူးေလးမွာေတာ့မအိပ္ႏိုင္ေသးဘဲ
ကုတင္ေပၚမွာထိုင္လို႔ အေတြးမ်ားေနသည္။

" ငါဘယ္လိုလုပ္ရမလဲ၊ေမေမကငါအလုပ္မရွိ
ေတာ့တာသိေပမဲ့လည္း သူအလုပ္ေတြထြက္လုပ္
ေနမွာဆိုးတယ္၊ဂယူ႔ကိုေျပာၿပီးအလုပ္လုပ္ရင္
ေရာ... "

ကုတင္ေဘးကအံဇြဲေပၚမွာ ကူးေလးနဲ႔အတူ မင္ဂယူတြဲရိုက္ထာသည့္ပံုကိုၾကည့္လို႔ ကူးေလး
သက္ျပင္းခ်သည္။ဟင္းခ်က္ဝါသနာပါသည့္
ေမေမ့အတြက္ ဆိုင္ေကာင္းေလးဖြင့္ေပးခ်င္လို႔
သူပိုက္ဆံပိုရွာရမည္။အခုဆိုင္ေတာင္ သူမ်ားက
အရင္ဦးသြားခဲ့သည္မလား။ဒီထက္ေကာင္းတာ
လည္းျဖည့္ဆည္းေပးခ်င္တာမို႔ သူေတြးရသည္။

ၿပီးေတာ့လည္း ဒီကိစၥကဂယူ႔ကိုေျပာျပရင္ေတာင္
ဂယူလက္ခံခ်င္မွာမဟုတ္ပါ။ညေနကတင္ ကိုယ့္
ခ်စ္သူကိုသူကထိပါးသည္အထိ သူ႔ေရွ႕မွာနမ္း
ထားေတာ့ ဂယူ႔အတြက္ အဆင္ေျပမွာမဟုတ္
ဘူးဆိုတာသိသည္။ဒါေပမဲ့လည္း သူကအဆင္
မေျပလို႔မတက္သာလို႔ အတြင္းေရးမွဴးအလုပ္ကို
ေရြးခ်ယ္ခဲ့ရင္ေတာင္ ဂယူနဲ႔ရံုးမွာေတြ႕လို႔ရသည္။

" စိတ္ညစ္တယ္၊ငါရူးခ်င္တယ္၊ငါဘာလို႔အဲ့
ေလာက္ထိ အသံုးမက်ရတာလဲ၊ငါ့ကိုသူက
ခ်ယ္လွယ္ေနတာကို ငါကဘာလို႔မလုပ္ႏိုင္လဲ၊
ဂ်ီဂ်ီ...ဂ်ီဂ်ီရွိေနတာပဲ၊သူ႔ကိုဆက္ရမယ္ "

ကူးေလး ဖုန္းဖြင့္ကာဂ်ီမင္ကိုရွာကာ contactကို
ရုိက္ရွာၿပီး ဖုန္းေခၚလိုက္သည္။ဖုန္းဝင္သြားၿပီး
ခဏၾကာေတာ့ ဖုန္းကိုင္လာသည္။

" ဂ်ီဂ်ီ... "

ကူးေလးက ဖုန္းဝင္လို႔ဂ်ီမင္နာမည္ကိုရြတ္ဆို
လိုက္သည္။သို႔ေပမဲ့ဂ်ီမင္မဟုတ္သည့္ယြန္းဂီက
ဖုန္းကိုင္လာသည္။

' ေဩာ္...ထယ္ေယာင္းအပိုင္ေလးလား '

" မင္း... "

' ဟုတ္တယ္ေလ မင္ယြန္းဂီ၊မင္ဂ်ီမင္မအားဘူး၊
ေရခ်ိဳးေနတယ္၊ဘာေျပာေပးရမလဲ '

တီ ~

ယြန္းဂီကစကားေျပာသည္ကို ဆက္နားမေထာင္ေတာ့ဘဲ ဖုန္းခ်လိုက္သည္။
ယြန္းဂီသိတာေပါ့။ထယ္ေယာင္းအပိုင္ေလးက
သိပ္ကိုမာနႀကီးၿပီး အရမ္းေခ်တက္တာ။သူ႔ေရာ
ဒါနဲ႔ဆိုအေခ်ခံရတာ သံုးႀကိမ္ရွိၿပီ။ပထမက ဂ်ီမင္နဲ႔စကားေျပာတာေတြ႕လို႔၊ဒုတိယႀကိမ္က
သူ႔ကုမၸဏီမွာလာရင္းေပါ့၊အခုေတာ့ ဖုန္းထဲကေန
အေခ်ခံရသည္အထိ။

" ခုနကဘယ္သူ႔ဖုန္းလာတာလဲ "

သန္႔စင္ခန္းထဲဝင္ရင္ ေပသြားသည့္ေကာ္ဖီရည္
ေတြကိုေဆးၿပီးတစ္ရႈးျဖင့္လက္သုတ္ကာ ဂ်ီမင္ကအျပင္ထြက္လာရင္းေမးေလသည္။
ယြန္းဂီကလက္ထဲ ဖုန္းေပးလိုက္ရင္း...

" မင္ယြန္းဂီရဲ႕အပိုင္ကို ထယ္ေယာင္းရဲ႕အပိုင္က
ဖုန္းလွမ္းဆက္တာပါ "

ယြန္းဂီစကားေၾကာင့္ ဂ်ီမင္ေဒါသထြက္ကာ
ေျခေထာက္ကိုကန္လိုက္သည္။ယြန္းဂီကေတာ့
မကန္ခင္ေရွာင္လိုက္တာမို႔ မ်က္ႏွာကခပ္ျပံဳးျပံဳး။

" ရူးေနေသးတယ္၊မင္းကိုငါက အေျဖမေပးေသး
ဘူး၊ပိုင္စိုးပိုင္နင္းမေျပာနဲ႔၊ၿပီးေတာ့ ငါ့သူငယ္ခ်င္းကို မင္းသူငယ္ခ်င္းနဲ႔ သေဘာမတူႏိုင္ဘူး၊သူ႔မွာကခ်စ္သူရွိတယ္ "

" ကိုယ့္သူငယ္ခ်င္းကေရာ ဂရုစိုက္မယ္ထင္လား၊
ႏိုးပဲေနာ္၊ထယ္ေယာင္းက ဇြဲအရမ္းႀကီးတာ၊
သူတို႔ႏွစ္ေယာက္ကို ရကိုရမွာလိုက္ဖက္လို႔ "

ဂ်ီမင္ကေျပာသည္ကို ယြန္းဂီကရယ္လိုက္ရင္း
ေျဖသည္။ဂ်ီမင္မွာေတာ့ ယြန္းဂီစကားကိုမၾကည္
သလိုၾကည့္ကာ ထြက္သြားသည္။ထို႔ေနာက္
ယြန္းဂီမွာရယ္ရင္း အေနာက္ကလိုက္ရသည္။
ဒီေန႔ကအတူေကာ္ဖီေသာက္ၾကေတာ့ ဆိုင္ထဲ
ကေလးတစ္ေယာက္ကဝိတ္တာကိုဝင္တိုက္ရင္း ဂ်ီမင္ေပၚေမွာက္က်တာမို႔ စိုသြားျခင္းျဖစ္သည္။
ထိုသည္အတြက္ မင္ယြန္းဂီမွာကေလးကိုေတာင္
ေအာ္ေငါက္လိုက္ရေသးသည္။

" ဟင္း....အဆင္မေျပပါလား၊ဂယူ... "

သူေတြးေနတုန္းရွိေသး ဂယူ႔ထံမွဖုန္းလာသည္မို႔
ကိုင္လိုက္သည္။ေတာ္ေသးသည္က ဂယူ႔အသံက
ညေနကလိုမဟုတ္ဘဲ ၾကည္လင္ေနလို႔သာ။

' ကိုယ္ညေနက ကူးကိုထားၿပီးအိမ္ျပန္သြားမိတာ၊
ကိုယ္အားနာပါတယ္၊တကယ္ကိုယ္ေမေမေခၚလို႔
ျပန္ရင္းကေန အိမ္ကိုပဲျပန္ေရာက္သြားတာ၊ကူး
ေရာအိမ္ျပန္ေရာက္ေနၿပီမလား '

ဂယူ႔စကားေၾကာင့္ ကူးအံ့ဩသြားသည္။ဂယူက
သူ႔ကိုတစ္ခါမွထားၿပီး အိမ္ျပန္တက္တာမဟုတ္။
ဒါကိုအခုၾကအတည္ႀကီးထားသြားၿပီးကို အိမ္ျပန္တာပဲ။ဒီတစ္ခါေတာ့ စိတ္မေကာင္းျဖစ္
မိသည္။ခ်စ္သူကဒုကၡေရာက္ေနတာကိုသူမသိ။
ကူးမွာေတာ့ သူနဲ႔အတူဆင္တူဝတ္ဖို႔ေတာင္
အဝတ္ေလးဝယ္ဖို႔စဥ္းစားေသးတာ။ၿပီးမွ ထယ္ေယာင္းလက္ထဲရုန္းမရျဖစ္ေနတာကို။

" အင္း...ေရာက္ေနၿပီ၊ကူး ဒီတစ္ခါေတာ့ဂယူ႔ကို
စိတ္ဆိုးမိတယ္၊ကူးက အေမခိုင္းလို႔သြားတာ
ထင္ေနတာ၊ၿပီးမွ အိမ္ျပန္တာတဲ့လား "

' ကိုယ္ေတာင္းပန္ပါတယ္ ကူး.. '

" ထားလိုက္ပါေတာ့၊ကူး အိပ္ေတာ့မယ္၊မနက္ၾက
အိမ္မလာဘဲ ရံုးကိုသာတိုက္ရိုက္သြားေတာ့ "

" ကူး... "

တီ ~

ကူးေလး တကယ္စိတ္မေကာင္းျဖစ္သြားတာမို႔
ဖုန္းခ်လိုက္သည္။သူ႔ကိုေတာ့ ဂယူကတစ္ခါမွ
ဒီလိုမထားဖူးတာမို႔ သူတကယ္စိတ္မေကာင္း
့ျဖစ္ပါသည္။စကားလည္းဆက္မေျပာခ်င္လို႔
စိတ္ေတြကိုေလွ်ာ့ခ်ၿပီး ေရေသာက္ကာ
ကုတင္ထက္လွဲအိပ္လိုက္ေတာ့သည္။

~

" အာ...ကူးရာ၊ဖုန္းေတာင္မကိုင္ဘူး၊ကိုယ့္ကို
အတည္ႀကီး စိတ္ဆိုးသြားတာလား "

ဂယူရံုးမသြားခင္ ကူးရဲ႕အသံေလးကိုၾကားခ်င္
တာမို႔ ဖုန္းဆက္လိုက္မိသည္။ညဘက္ကတင္
သူ႔ခ်စ္သူေလးကူးက သူ႔ကိုစိတ္ဆိုးသြားတာ။
ကူးကစိတ္ဆိုးတယ္ဆိုတာထက္ စိတ္မေကာင္း
ျဖစ္သြားတာျဖစ္သည္။

သူကလည္း ကူးကိုမေန႔ကမွ အသိမေပးဘဲ အိမ္ျပန္သြားေတာ့သူ႔ဘက္ကတအားမွားပါသည္။
ကူးက သူနဲ႔ပတ္သက္ရင္အရမ္းsensitiveျဖစ္လို႔
ကူးေလးကိုအသိမေပးဘဲ အိမ္ျပန္မိတာမွားပါ
သည္။

" သား...အလုပ္သြားေတာ့ေလ၊ကူးေလးနဲ႔ေရာ
အတူသြားၾကမွာမလား "

" ဟုတ္ကဲ့အေမ ကြ်န္ေတာ္သြားေတာ့မယ္ "

အေမျဖစ္သူကအလုပ္ေနာက္က်မွာဆိုးလို႔ သတိလာေပးတာမို႔ ကူးမွာထားသည့္အတိုင္း
ရံုးကိုသာတန္းသြားသည္။မဟုတ္ရင္ကူးက
သူမွာတဲ့အတိုင္းမလုပ္ရင္ စိတ္ဆိုးတက္သည္။
ဒါေလးက ကြ်န္ေတာ့္ကူးရဲ႕ခ်စ္စရာေလးေပါ့။

" မင္ဂယူ...ေမာင္ေလးတစ္ေယာက္ထည္းလား၊
ေဂ်ာင္ကူးေလးေရာ ဘယ္မွာလဲ "

သူရံုးကိုေရာက္လို႔ ထမင္းဘူးကိုအလုပ္ခံုမွာခ်
ေနစဥ္ အစ္မယြန္းဟယ္ကအနားကိုေရာက္လာၿပီး
သူ႔ကိုေမးလာသည္။သူကေတာ့ ခံုမွာထိုင္ၿပီး ေခါင္းခါကာစကားစလိုက္သည္။

" သူအလုပ္ထြက္သြားၿပီေလ၊အာ..အစ္မက
ဘယ္သိမလဲ၊မေန႔ကအလုပ္ကိုမလာတာကို၊
အစ္မယူရီတို႔ေတာ့သိတယ္ "

မင္ဂယူ႔အေျပာေၾကာင့္ ယြန္းဟယ္ကအံ့ဩကာ
သူ႔ေနရာ၌ထိုင္လို႔ စကားစေလသည္။

" ဟယ္...တကယ္အလုပ္ထြက္သြားတာလား၊
ေဂ်ာင္ကူးေလးကေတာ့ တကယ္မာနခဲပဲ၊
အေျပာမခံဘူး၊အလုပ္ေတာင္ထြက္တာ "

" ဟုတ္ပါရဲ႕၊ကြ်န္ေတာ့္ခ်စ္သူက အခုေတာင္
ကြ်န္ေတာ့္ကိုစိတ္ဆိုးသြားတာ၊မေန႔ကပန္းျခံမွာ
သူ႔ကိုတစ္ေယာက္ထည္းထားၿပီး ကြ်န္ေတာ္က
ေမ့ၿပီးအိမ္ျပန္မိသြားတာ၊ဒါကိုညကမနက္ၾက
အိမ္လာနဲ႔ဆိုလို႔ ဒီကိုပဲအရင္လာရတာ "

မင္ဂယူကရယ္ရင္းေျပာသည္။ယြန္းဟယ္မွာေတာ့
ရယ္လိုက္ၿပီး စကားဆိုပါသည္။

" ေအးေပါ့ေလ၊သူ႔မွာကေကာက္စရာ ခ်စ္သူရွိတာကို၊တကယ္ ငါတို႔အငယ္ဆံုးေလးက
အရမ္းခ်စ္ဖို႔ေကာင္းတဲ့ခ်စ္သူရထားတာ၊
ေခ်ာ့တက္တယ္ေနာ္၊ညေနျပန္ရင္ ဘာနဲ႔ေခ်ာ့မွာလဲ "

အစ္မယြန္းဟယ္က ၾကည့္ရင္းေမးေလသည္။
မင္ဂယူမွာေတာ့ အေတြးထဲျပံဳးလိုက္ကာ...

" ထံုးစံအတိုင္း ကူးေလးႀကိဳက္တဲ့အရာေပါ့ "

မင္ဂယူေျပာၿပီးရယ္လိုက္သည္။အစ္မယြန္းဟယ္လည္းဂယူနဲ႔စကားေျပာၿပီးေနာက္ သူ႔အလုပ္သူ
ျပန္လုပ္ေနသည္။မင္ဂယူလည္း သူ႔စားပြဲမွာ ခ်ထားတဲ့ စာရင္းေတြစစ္ေနသည္။
ခဏအၾကာေတာ့ အခန္းထဲကို အစ္ကိုဂြ်န္ေဆာ့ကဝင္လာၿပီး စကားဆိုသည္။

" ဌာနမွဴးက အခုခ်က္ခ်င္းအစည္းေဝးလုပ္မယ္
တဲ့၊အခုေလးတင္ အစည္းအေဝးခန္းထဲမွာ ေစာင့္ေနတယ္ "

အစ္ကိုဂြ်န္ေဆာ့ကေျပာၿပီး စာရင္းနဲ႔မွတ္စုစာအုပ္
ယူကာထြက္သြားသည္။သည္ေတာ့မွ အခန္းထဲက
မင္ဂယူရယ္၊ေဂ်ာင္ဟြန္းရယ္၊အစ္မယူရီရယ္၊
အစ္မယြန္းဟယ္ရယ္က အံ့ဩသြားသည္ႏွင့္
စကားဆိုၾကသည္။

" ဌာနမွဴးကေလ ဘာကိစၥမွန္းမသိ လုပ္လိုက္ရင္
ေလာလိုက္တာေနာ္ "

အစ္မယူရီက ထိုင္ေနရာမွထကာစာရြက္ေတြနဲ႔
မွတ္စရာစာအုပ္ကိုသိမ္းယူရင္း စကားဆိုသည္။
သည္ေတာ့ အစ္မယူရီေျပာသည္ကိုအစ္မယြန္း
ဟယ္ကပါ စကားစလာေလသည္။

" ေဂ်ာင္ကူးေလးကိစၥမ်ားလား၊သူအလုပ္ထြက္
ေတာ့ အားကိုးစရာတစ္ေယာက္ေလွ်ာ့လို႔အသစ္
ဝင္မယ္မ်ား ေျပာဖို႔လားမသိ "

" မဟုတ္ေလာက္ပါဘူး၊အလုပ္ကိစၥတစ္ခုခုေပါ့ "

ေဂ်ာင္ဟြန္းကပါဝင္ေျပာရင္း စာအုပ္နဲ႔စာရင္း
ကိုင္ကာအခန္းထဲကထြက္သြားသည္။ထို႔ေနာက္
မင္ဂယူလည္းသူတို႔အေျပာထဲစကားေတြကို
ထပ္မေတြးေနေတာ့ဘဲ အစည္းေဝးခန္းထဲသို႔
သြားသည္။

အစည္းေဝးခန္းထဲသို႔ေရာက္ေရာ မက္တပ္ရပ္ေန
သည့္ ဌာနမွဴးကိုေတြ႕သည္။ဘာေၾကာင့္ဆို
ဌာနမွဴးရဲ႕ေနရာ၌ စားပြဲေပၚေျခေထာက္တင္လို႔
ခံုကိုမွီကာထိုင္ေနသည့္ ဥကၠဌကိုေတြ႕သည္။

" အံ့ဩစရာမရွိဘူး၊ၾကည့္ေနမဲ့အစား ျမန္ျမန္
လာထိုင္လိုက္ၾက၊ေျပာစရာရွိတာေျပာမယ္ "

ထယ္ေယာင္းရဲ႕စကားသံဟာ ခပ္ျပတ္ျပတ္။
ေစာင့္ေနရတာကို စိတ္မရွည္တာမို႔အားလံုးကို
ခပ္စူးစူးၾကည့္ကာ ေျပာလိုက္သည္။ထို႔ေနာက္မွ
အားလံုးကခ်က္ခ်င္းကို ေနရာ၌ထိုင္သည္။

မင္ဂယူကေတာ့ ထယ္ေယာင္းကိုစိုက္ၾကည့္ေန
သည္။ထုိသည္ကို ထယ္ေယာင္းကသတိထားမိ
ေတာ့ ခပ္ရြဲ႕ရြဲ႕စကားဆိုသည္။

" က်ဳပ္ကိုၾကည့္ေနတာလား၊အဟက္...
ကင္မ္ထယ္ေယာင္းကိုၾကည့္တာ ဘာအၾကံနဲ႔
ၾကည့္တာလဲ၊စကားအၾကာႀကီးမေျပာခ်င္ဘူး၊
ထိုင္လိုက္ေတာ့.... "

ထယ္ေယာင္းစကားေၾကာင့္ မင္ဂယူရဲ႕လက္သီး
ဆုပ္ဟာခပ္တင္းတင္းျဖစ္သြားသည္။သူ႔အား
ခနဲ႔သလိုစကားဆိုတာေၾကာင့္ ေဒါသထြက္သြား
သည္။မင္ဂယူ ထိုဥကၠဌဆိုတာကိုၾကည္တာ
မဟုတ္။သူ႔ကူးကို သူ႔ေရွ႕တင္နမ္းတဲ့အဆင့္ပါ
ၾကဴးလြန္ထားတာ။

" မင္ဂယူ ထိုင္လိုက္ပါကြာ "

အစ္ကိုေဂ်ာင္ဟြန္းက သူ႔ပုခံုးကေနကိုင္၍
ေခၚေတာ့ မင္ဂယူ႔မွာစိတ္ကိုေလွ်ာ့လို႔ခံု၌
ထိုင္လိုက္သည္။ထို႔ေတာ့မွ ဌာနမွဴးလည္း
ေထာင့္ဘယ္ဘက္ေထာင့္နားမွာထိုင္သည္။

သည္ေတာ့မွထယ္ေယာင္းက လူစံုၿပီဆိုေရာ
ေျခေထာက္ခ်လိုက္ၿပီး မက္တပ္ရပ္လိုက္ကာ
စားပြဲေပၚကိုလက္ေထာက္လို႔ အားလံုးကို
ၾကည့္ကာ....

" ဒီအဖြဲ႕ဝင္ကေန ဂြ်န္ေဂ်ာင္ဂုထြက္သြားၿပီမို႔
အဖြဲထဲမွာဂြ်န္ေဂ်ာင္ဂု ပါဝင္ျခင္းမရွိေတာ့ဘူး၊
ဒါေၾကာင့္မို႔ ဂြ်န္ေဂ်ာင္ဂုကိုဒီေနရာနဲ႔ပတ္သက္တဲ့
အခ်က္အလက္ေတြ၊အလုပ္ေတြကိုမသက္ဆိုင္
ေတာ့တာမို႔ လာေျပာတာ "

မင္ဂယူက နားေထာင္ရင္းအံ့ဩသြားသည္။
သူကပဲကူးကို အလုပ္လုပ္ဖို႔ေျပာေနသူက
အခုၾကကူးကို ဒီေနရာေတြနဲ႔မသက္ဆိုင္တဲ့သူတဲ့။

ထယ္ေယာင္းရဲ႕စကားေၾကာင့္ အားလံုးက
လက္ခံၾကၿပီး ေခါင္းၿငိမ့္ၾကသည္။ဒါေၾကာင့္
ထယ္ေယာင္းျပံဳးလိုက္ကာ...

" နားလည္တယ္ဆိုရင္ ေကာင္းပါတယ္၊
ခဏေနၾကဦး၊အစည္းေဝးကမၿပီးေသးဘူး "

ထို႔သို႔ေျပာကာ ထယ္ေယာင္းအျပင္ခဏသို႔
ထြက္သြားသည္။အားလံုးကလည္း ဘာမ်ား
ဆက္ေျပာမလဲဟု ေတြးေတာေနသည္ေလ။

ေဂ်ာက္!

ထယ္ေယာင္းတံခါးဖြင့္ကာ ျပန္ဝင္လာေတာ့
သူ႔အေနာက္မွာလက္တြဲေခၚလာသည္ကို
ျမင္မိၾကေတာ့ အားလံုးကအံ့ဩၾကသည္။
ဘာေၾကာင့္ဆိုကူးက ထယ္ေယာင္းလက္ဆြဲ
ထားရင္းေခၚလာသည့္သူ။အားလံုးလည္း
အံ့ဩသြားသလို အဆိုးဆံုးကမင္ဂယူပါေလ။

ကူးကိုအိမ္မွာရွိတယ္ထင္ေနခဲ့တာ။ဒီေရာက္ေတာ့
ကူးကသူ႔မုန္းပါခ်ည္ရဲ႕ဆိုတဲ့ ထယ္ေယာင္းရဲ႕
လက္ဆြဲတာခံထားရေနတာ။အားလံုးကလည္း
မင္ဂယူကိုဝိုင္းၾကည့္ေနၾကသည္။အေျခအေနကို
အရပ္ရပ္ကို သတိထားမိပံုေပါ့။

" ဂြ်န္ေဂ်ာင္ဂုကအခုကစၿပီး ဥကၠဌကင္မ္ထယ္ေယာင္းရဲ႕အတြင္းေရးမွဴး
လုပ္ေတာ့မွာ "

ထယ္ေယာင္းစကားၿပီးသည္ႏွင့္ မင္ဂယူေရာ
ဌာနမွဴးနဲ႔ဝန္ထမ္းအားလံုးကပါ အံ့ဩသြားသည္။
မင္ဂယူမွာေတာ့ အဆိုးဆံုးေပါ့။သူ႔ခ်စ္သူက
သူနဲ႔မတိုင္ပင္ဘဲ ဆံုးျဖတ္လိုက္သည္ေၾကာင့္။

To be continued ~

ကိုကိုအလွေလးက လက္ခံလိုက္ၿပီဆိုေတာ့
သူတို႔နီးစပ္ေတာ့မွာေပါ့ဗ်ာေနာ္။

> >

#Unicode

" ကင်မ်ထယ်ယောင်း ငါ့ကိုလွှတ်လို့၊ဟာ..လက်နာ
နေပြီလွှတ်ပါတော့ဆို "

ထယ်ယောင်းက ကူးလေးရဲ့လက်ကိုဆွဲလာကာ
သူ့ကားအနားသို့ခေါ်လာခဲ့သည်။ကူးလေးမှာ
ထယ်ယောင်းဆွဲလာတဲ့သူ့လက်နာနေပြီဖြစ်တာ
ကြောင့်လွှတ်ပေးရန်ပြောသည်။သို့ပေမဲ့
ထယ်ယောင်းက ကားနားရောက်မှလွှတ်ပေးပြီး
ဒေါသထွက်နေကာ စကားဆိုပါသည်။

" တောက်!ခွေးကောင်! "

ကူးလေးရဲ့အမေးကိုမဖြေဘဲထယ်ယောင်းက သူ့အပေါ်ကုတ်အင်္ကျီအနက်ကိုချွတ်ကာ ကူးလေးရဲ့အပေါ်ထပ်ကိုခြုံပေးသည်။ပြီးနောက်
သူ့နက်ကတိုင်ကိုချွတ်ရင်း ကားထဲထည့်လိုက်ကာ
သူ့ရှပ်အနက်ကို ကြယ်သီးသုံးလုံးချွတ်လို့
စိတ်တိုနေသည့်အရာတွေကို လျှော့ချနေသည်။

သူ့ကြည့်ရတာ အပြင်ကပြန်လာသည်ထင်။
ဝတ်စားထားတာတွေက ညပါတီသွားထားသည့်
ပုံစံမျိုး။သူ့ရှိကသောက်ထားသည့် အနံ့တော့
ရသည်။

ကင်မ်ထယ်ယောင်း တကယ့်ကိုစိတ်တိုနေတာ။
စိတ်တိုနေပေမဲ့လည်း ချစ်ရသူအေးနေမှာဆိုးလို့
သူ့ကုတ်တောင်ခြုံပေးသည်က ချစ်စရာကြီး။
ပြီးနောက်မှ သက်ပြင်းရှည်ချလိုက်ကာ ကူးလေးကို ကားထဲဝင်စေရန်ကားတံခါးကို ဖွင့်ပေးသည်။

" ကားထဲဝင်လိုက်၊မောင်တို့အေးဆေး စကားပြောကြရအောင် "

ထယ်ယောင်းက ကားထဲဝင်ရန်မေးငေါ့ပြရင်း
စကားဆိုသည်။ကူးမှာတော့သက်ပြင်းချကာ
ထယ်ယောင်းရဲ့သဘောအတိုင်း ကားထဲဝင်ပြီး
ဒီနေ့ဖြစ်ခဲ့သည့်ကိစ္စတွေကို ဒီနေရာမှာတင်
အပြတ်ရှင်းမည်ဆိုသည့်စိတ်ဖြင့် သူ့ဖွင့်ပေးတဲ့
ကားနောက်ခန်းထဲသို့ ဝင်ထိုင်လိုက်သည်။
ပြီးနောက် ထယ်ယောင်းပါဝင်ထိုင်လာခဲ့သည်။

" မောင့်အသက် ဘာဖြစ်သွားသေးလဲ၊အဲ့ကောင်
ထိခိုက်မိအောင် လုပ်သေးလား "

ကူးလေးကားထဲရောက်ရော ထယ်ယောင်းက
ကူးလေးထက်သာအောင် အရင်ဦးစွာကူးလေးရဲ့
တစ်ကိုယ်လုံးပတ်စစ်ပြီး မေးလေသည်။ကူးမှာ
ထယ်ယောင်းရဲ့ပုံစံကိုကြည့်လို့ ခေါင်းခါကာ...

" ငါဘာမှမဖြစ်ဘူး၊ပြီးတော့ ငါမင်းကိုပြောစရာ
ရှိတယ်၊အရမ်းအရေးကြီးတယ် "

" ဘာလဲ၊မောင့်ကို ရှောင်ပေးဖို့ကိစ္စပဲပြောနေမှာ
လား၊ဒါဆိုရင်တော့ လာမပြောနဲ့ကိုကို၊မောင်က
ကိုကို့ကိုရအောင်လိုက်မှာ၊အခုတောင် အဆင်သင့်
နေတာပဲ၊မောင့်ကွန်ဒိုကိုတစ်ခါထည်းလိုက်ခဲ့ "

ကူးကသူ့ကိုစလိုက်တော့ သူပြောမည့်စကားကို
သိနှင့်နေသူလို စကားတွေဖြေလာသည်။တကယ်
မင်းကတကယ်မလွယ်တဲ့ကောင်လေးပဲ။ဒါပေမဲ့
ဘယ်တက်နိုင်ပါ့မလဲ။ငါကမင်းကိုမှမချစ်ဘဲ။
မုန်းတယ်ဆိုတာတော့ ပိုမှန်တယ်။

" ငါ့ကိုမတရားအနိုင်မကျင့်ပါနဲ့၊မင်းညနေက
ပြုမူလိုက်တဲ့အရာကလေ ငါ့အတွက်နာကျင်ရသ
လို ဂယူ့အတွက်လည်းနာကျင်ရတယ် "

ကူးလေးက ကျလုဆဲဆဲမျက်ရည်တွေကိုထိန်းလို့
ထယ်ယောင်းကိုပြောပြသည်။ထယ်ယောင်းမှာ
ကူးလေးရဲ့စကားကြောင့် အသံကျယ်ကျယ်ရယ်
လိုက်သည်။

" ေဩာ်...ကိုကိုအလှလေးတို့ကြ နာတက်ပြီး၊
မောင်ကြတော့ရော မနာကျင်ရဘူးလား၊မောင်က
ခင်ဗျားကို ပိုသဘောကျရတဲ့သူပါ၊မောင်အခုလို
ပြောနေတာကလည်း သဘောကျလို့ "

" ငါ့မှာချစ်သူရှိတယ် ကင်မ်ထယ်ယောင်း၊မင်း...
သူ့ကိုသိနေတာပဲ၊ကင်မ်မင်ဂယူဆိုတာကို "

ထယ်ယောင်းရဲ့စကားနောက် ကူးလေးကပြန်ဖြေ
သည်။ထယ်ယောင်းကတော့ သူ့စကားကြောင့်
ပုံစံအနေအထားကပျက်မသွားပါဘဲ ခပ်တည်တည်သူ့ကိုတောင် ကြည့်နေသေးတာ။

" စိတ်မဝင်စားဘူး၊လက်လျှော့ဖို့လည်းမပြောနဲ့၊
မောင်ရဲ့အဘိဓာန်ထဲလက်လျှော့ဖို့်မရှိဘူး "

ထယ်ယောင်းက ကူးငယ်ရဲ့လက်ဖြူလေးကို
ဆွဲယူနမ်းပြရင်းဖြေသည်။ထယ်ယောင်းကတော့
တကယ့်ခပ်တည်တည်စကားပြောတက်တဲ့
သူတစ်ယောက်ပါလေ။သူ့စကားတွေထဲနောက်နေ
တဲ့အမူအရာပုံစံတွေ တစ်စိုးတစ်စိမျှမရှိတာမို့
ကူးလေးမပြောချင်တော့ပါ။ဒါကြောင့်မို့ ကူးလေး
ထိုကားထဲမှထွက်ဖို့လုပ်တော့ ထယ်ယောင်းက
လှမ်းဆွဲကာ ရင်ခွင်ထဲထည့်လိုက်သည်။

" ဘယ်သွားမှာလဲ မပြန်ပါနဲ့ဦးဗျာ၊ဒီမျက်နှာလေး
ညနေကခွဲထားတာတောင် မောင်လွမ်းနေလို့ပါ "

ထယ်ယောင်းက ကူးလေးကိုသူ့ရင်ခွင်ထဲထည့်
ထားပြီးပြောနေသည်။ကူးလေးမှာတော့ ချစ်ရသူရဲ့ရင်ခွင်ကလွဲ တစ်ခြားသူရင်ခွင်ထဲကြာ
ကြာမနေနိုင်တာမို့ ရုန်းထွက်သည်။ဒါတောင်
သူကအတင်းအကြပ်ဖက်ထားတာ။

" ငါတောင်းပန်တယ်၊ငါ့ကိုလွှတ်ပေး၊ငါအိမ်ပြန်ရ
မယ်၊မေမေအိမ်မှာတစ်ယောက်ထည်း၊အင့်...
ငါ့ကိုလွှတ်ပါ၊ငါတောင်းပန်တယ်လို့... "

ကူးကအထိမခံချင်တာမို့ ထယ်ယောင်းရဲ့ဟနေတဲ့
ရင်ဘက်ကိုဆွဲကုတ်သည်။လက်သည်းကြောင့်မို့
ထယ်ယောင်းရင်ဘက်မှာအနည်းငယ်ကုတ်ရာ
ထင်သွားပေမဲ့ ဖက်ထားတာကိုတော့မဖြုတ်ပါ။
ထိုသည်ထက် ပိုတင်းနေအောင်တောင်ဖက်တာ။

ကူးမှာတော့ထယ်ယောင်းဖက်ထားသည့်ကြားက
မျက်ဝန်းထဲမှမျက်ရည်တွေကျနေတော့သည်။
ချစ်ရသူတောင်သူ့ကြောင့် ကိုယ့်ကိုငြိုငြင်မလို
ဖြစ်သွားတာကို ဒါတောင်သူကအခုလိုအထိပြု
မူနေဦးမယ်ဆို ဂယူ့ကွယ်ရာမှာဖောက်ပြန်သူလို
ဖြစ်နေမှာတော့ သေချာသည်။ဒါကြောင့်ကူးမှာ
ငိုနေသည့်ကြားကနေ ရုန်းထွက်၏။

" ငါ့ကိုလွှတ်ပေးပါ၊ဟင့်...ငါ...အိမ်ပြန်တော့မယ်၊
ငါ့ကိုလွှတ်ပေးစမ်း ကင်မ်ထယ်ယောင်း!! "

ကူးစိတ်မရှည်ဟန်ဖြင့်အော်လိုက်သည်။ဒါကို
မလွှတ်သေးပါဘဲ ထယ်ယောင်းကနူးညံ့သည့်
လေသံဖြင့် စကားဆိုသည်။

" မောင်ပြန်လိုက်ပို့ပါ့မယ်၊အခုတော့မောင်ဒီလို
ဖက်ထားပါရစေကွာ...ဟေ့ကောင်!မင်းဘာလို့
ဝင်လာတာလဲ ! "

" ဗျာ...ဆရာ... "

ထယ်ယောင်းက ကူးကိုအတင်းကြပ်ဖက်ထားပြီး
နူးညံ့သည့်လေသံဖြင့်ကူးကိုချော့ပြောနေသည်။
ထို့နောက် ယောင်းဝူကကားမောင်းသည့်နေရာ၌
ဝင်ထိုင်တော့ ထယ်ယောင်းကအော်လိုက်သည်။
ကူးလည်းရှက်သွားပြီး ထိုအခွင့်ကောင်းကိုယူ၍
ထွက်သွားသည်။

ထယ်ယောင်းမှာတော့ ကားထဲကအမြန်ထွက်ပြီး
ကိုကို့အနောက်ကိုပြေးလိုက်သည်။ကိုကိုကသာ
လူကသာသေးတာ၊အပြေးကတော့မြန်သလား။
သူ့တောင်မနည်းလိုက်ရပြီး ပွေ့မချီကာကားနား
ပြန်ခေါ်လာရသည်။

" ငါ့ကိုလွှတ်စမ်းဆို! "

" တောက်!ကိုကိုအလှလေးရာ!ဘာလို့ထွက်သွား
တာလဲ၊မတော်လို့တစ်ယောက်ယောက်နဲ့တိုက်မိလို့အနာတရဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

ထယ်ယောင်းက ကားနားအထိပြန်ပွေ့ချီလာခဲ့
သည်။ဒါတောင်ထယ်ယောင်းချီထားရာကနေ
လှုပ်ရွလှုပ်ရွလုပ်နေသးတာ။နှုတ်ခမ်းချွန်ထားပုံ
ကအရမ်းနမ်းချင်စရာလေး။ကိုကိုအလှလေးက
သူ့ကိုစိတ်မထိန်းနိုင်အောင် လုပ်နေတာ။

" မသိဘူး၊ငါ့ကိုလွှတ်! "

" ယောင်းဝူ!ကားတံခါးဖွင့်လိုက်၊မင်းအပြင်မှာ
ရပ်စောင့်နေ "

" ဟုတ်ကဲ့...ဆရာ! "

ထယ်ယောင်းတို့ဝင်ဖို့ အနောက်ခန်းတံခါးဖွင့်ပေး
သည်။ထယ်ယောင်းက သူ့ကိုကိုအလှလေးကိုပွေ့
ရက်ဖြင့်ကားထဲဝင်သွားပြီး ယောင်းဝူကတံခါး
ပိတ်ပေးလိုက်ကာ သူလည်းတစ်ခြားနေရာသို့
ခဏရှောင်နေသည်။ဆရာတို့အေးဆေးဖြစ်ကြ
ပါစေဆိုပြီးပေါ့။

" ငါ့ကိုလွှတ်ပေးစမ်းပါ၊မင်းနဲ့ငါ ဘာမှပြောစရာ
မရှိတော့ဘူးလေ၊ပြီး...ပြီးတော့ မင်းကမူးနေတာ၊
ငါမင်းနဲ့စကားမပြောချင်ဘူူး "

ကားထဲရောက်တာတောင် ထယ်ယောင်းချီထား
ရာကရုန်းသည်။ရုန်းတာတောင်ကောင်းကောင်း
မဟုတ်။ထယ်ယောင်းကိုတောင် မျက်နှာတွေရော
ထယ်ယောင်းရဲ့ဟနေရင်အုပ်ကြီးကိုတောင်
သွေးစို့အောင် ကုတ်နေတာ။ဒါကိုဟိုကပြုံးပြုံး
ကြီးသည်းခံနေသည်လေ။

" မောင်နာနေပြီဗျာ၊တော်တော့!မဟုတ်ရင်မောင်
ဒီမှာတစ်ချီပြီးလိုက်မှာ! "

" မင်း!လူယုတ်မာ! "

ထယ်ယောင်းက သူ့ကိုကုတ်နေလို့နာနေပြီဖြစ်တာ
ကြောင့် ခပ်ရိုင်းရိုင်းစကားဆိုလိုက်မိသည်။သည်
တော့မှသူ့အားတစ်မျိုးဆိုကာ ကုတ်နေသည့်
လက်လေးတို့ရပ်တန့်သွားပြီး ကားထောင့်ကို
တဖြည်းဖြည်းကပ်သွားသည်။ထယ်ယောင်းမှာ
သူ့ကိုကိုအလှလေးရဲ့ အမူအရာကြောင့်ရယ်လိုက်
ကာ အနားသို့မကပ်ဘဲ ကူးလေးကိုမေးထောက်
ရင်းကြည့်နေသည်။

" တံခါးမပိတ်ထားနဲ့၊ငါအိမ်ပြန်တော့မယ် "

" မလောပါနဲ့ဦး၊မောင် ကိုကိုအလှလေးကို ပြောစရာတွေအများကြီးရှိသေးတာ! "

ထယ်ယောင်းက ပွနေသည့်သူ့ဆံပင်တွေကို
သပ်တင်လိုက်ကာ အနောက်ကိုမှီလို့
စကားဆိုသည်။ကူးလေးမှာတော့ ထယ်ယောင်းရဲ့
အနားကိုမကပ်ဘဲကားထောင့်ကနေ သူပြောမည့်
စကားတွေကို နားထောင်ဖို့ရှိနေသည်။

" ကိုကိုအလှလေး မောင့်အတွင်းရေးမှူးလုပ်ဖို့
ပြောထားတာ လက်ခံမယ်ထင်တယ်၊မောင်က
ကိုကိုအလှလေးအတွက်ဘဲ နေရာထားချင်တာ၊
ဘယ်သူ့မှအစားမထိုးချင်ဘူး "

ထယ်ယောင်းက နူးညံ့သည့်အသံဖြင့်ကူးလေးကို
ပြောပြနေသည်။ကူးလေးမှာတော့ ထိုစကားတွေ
မကြားချင်ပါ။သူ့ကြောင့် ကူးနဲ့ဂယူကဆက်ဆံ
ရေးကျဲသလိုကြီးဖြစ်သွားမည် မဟုတ်လား။

" အဲ့ဒါတွေစိတ်မဝင်စားဘူး၊ငါမင်းရဲ့အတွင်း-- "

" ငြင်းရင် ကိုကိုအလှလေးကိုတော့ဘာမှမလုပ်
ပေမဲ့ အမေရော၊မင်ဂယူရော-- "

ထယ်ယောင်းက ထိုသို့ပြောလိုက်ရော
ကိုကိုအလှလေးမှာ နှုတ်ခမ်းကိုက်လို့လက်သီးကို
တင်းတင်းဆုပ်ထားသည်။မနေနိုင်တော့တာမို့
ထယ်ယောင်းကို ပြန်ပြောမိသည်။

" ကင်မ်ထယ်ယောင်း!မင်း ယုတ်မာလိုက်တာ၊
ငါဒါလေးမလုပ်ဘူးလို့ ငါ့ကိုယ်ပိုင်ဘဝလေးနဲ့
ဆုံးဖြတ်တာတောင် မင်းကလက်မခံဘူး! "

ကူးလေးစိတ်တိုကာ ထယ်ယောင်းကိုအော်ပြော
မိသည်။ဒါတောင် ထယ်ယောင်းကပြုံးပြီးနား
ထောင်နေသေးတာ။ဒီလူ!အလကား!လူကို
ရွဲနေသလိုမျိုး။

" လက်မခံရင်လည်း ဒုက္ခပေးဖို့ပဲရှိတာပေါ့၊
ကိုကိုမသိပါဘူးကွာ၊မောင်က သူများထက်ပိုဆိုး
တယ်ဆိုတာ၊လူမသတ်ရုံတမယ် အားလုံးကို
လုပ်ပေးလိုက်တာချည်း ဟက်... "

ထယ်ယောင်းစကားတွေကြောင့် ကူးလေးထိတ်
လန့်သွားသည်။သူ့ပုံစံကြည့်ရတာ နောက်နေပုံ
မပေါ်ဘဲအတည်ပြောနေဟန်ပါလေ။သို့ပေမဲ့
ကူးကြောင့်နဲ့ကူးချစ်တဲ့သူတွေကိုတော့ အထိခိုက်
မခံချင်ပါလေ။

" မောင်ပြောတာလက်ခံမလား၊ဒီနေ့ ကိုကိုက
ကိုကို့အမေအတွက် ဆိုင်ခန်းသွားရှာတာ
အဆင်မပြေခဲ့ဘူးမလား၊အဲ့ဆိုင်ခန်းကို တစ်ခြားသူဝယ်လိုက်တာဆို၊ရော့... ကိုကိုလိုချင်နေတာမလား၊ဒီထက်ကောင်းတဲ့ဆိုင်
မောင်ဝယ်ထားတယ်၊မနက်ဖြန် ယောင်းဝူကို
မေမေ့ရှိလွှတ်ပေးမယ် "

" ငါမင်းအကူအညီမလိုအပ်ဘူး၊ငါ မေမေ့ကို
ကောင်းကောင်းထားနိုင်တယ်၊မေမေအတွက်
ဆိုင်ခန်းအသစ်ငါရှာနိုင်တယ် "

ထယ်ယောင်းပြုံးလိုက်သည်။ကိုကိုအလှလေးက
သူထင်ထားသည့်အတိုင်း မာနကြီးတာပဲ။ သူ့အမေကိုလည်း ကြီးကြီးကျယ်ကျယ်မထား
နိုင်တာတောင် မျက်နှာမပျက်ရအောင် ထားသည်။တကယ့်ကိုသားအလိမ္မာလေး။
မောင်နဲ့များကွာပါ့။

" ဒါဆိုမောင့်အကူအညီကို လက်မခံဘူးပေါ့၊
အဲ့ဒါလက်မခံရင်တောင် ကိုကိုအလှလေးရဲ့
အလုပ်အတွက်လက်ခံလေ "

" လက်မခံဘူး၊ငါ တစ်ခြားအလုပ်ရအောင်
လုပ်မယ်၊မေမေ့အတွက်ငါရှာနိုင်တယ် "

ကူးလေးက ထယ်ယောင်းရဲ့မျက်နှာကိုစိုက်ကြည့်
လို့ဖြေလိုက်သည်။ပြီးနောက် သူ့ဘာသာသူ
တစ်ဖက်သို့ပြန်လှည့်သွားသည်။ထယ်ယောင်း
သဘောကျစွာ အားရပါးရရယ်မိလိုက်သည်။

" မောင်သိပါပြီဗျာ၊သိတယ်လက်မခံဘူးဆိုတာ၊
ဒါကြောင့်ပဲ မောင်ဒီလိုလေးလုပ်ထားတယ် "

ထယ်ယောင်းကပြောရင်း ကားခန်းရှေ့က
ဖိုင်တွဲကိုယူပြသည်။ထိုဖိုင်တွဲကိုဖွင့်ကြည့်ကာ
သူ့မျက်နှာရှေ့ပြသည်။မြင်လိုက်ရသည်က
အဆိုးရွားဆုံး။သူ့ရဲ့လက်မှတ်ကအတွင်းရေးမှူး
အလုပ်ကိုလက်ခံသည်ဆိုပြီး လက်မှတ်ကြီးက
ရှိနေတာ။

သူနှုတ်ခမ်းကိုက်လို့ ထယ်ယောင်းကိုခပ်စူးစူး
ကြည့်မိသည်။သို့ပေမဲ့ ထယ်ယောင်းမှာတော့
ကူးရဲ့စိတ်ဆိုးနေသည့်ပုံစံလေးကိုကြည့်လို့
အသည်းယားကာကူးရဲ့ပါးပြင်လေးကို
ကိုင်လိုက်ပြီး စကားဆိုသည်။

" ဟားး..ချစ်စရာလေးဗျာ၊မောင့်ကို ခပ်စူးစူးကြည့်တာလား၊အံ့ဩလို့ မျက်ဝန်းဝိုင်းတွေနဲ့ကြည့်တာလား၊ချစ်ဖို့ကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ၊ဒေါသထွက်လို့
ခပ်စူးစူးကြည့်တဲ့ရုပ်လေးက ချစ်စရာကောင်းလို့
မောင်အရမ်းအသည်းယားတာပဲ "

" ငါ့ကိုမဖက်နဲ့လွှတ်စမ်းပါ! "

ကူးရဲ့ပါးဖောင်းလေးကို ခပ်ဖွဖွဆွဲပြီးနမ်းဖို့လုပ်
သည်။ကူးကတော့ ထယ်ယောင်းဖက်နမ်းမယ်
ဆိုတာသိနေလို့ ရင်ဘက်ကိုအတင်းတွန်းထုတ်
နေသည်။ဒါကိုထယ်ယောင်းက ကူးလေးမကြိုက်
တာကိုသိလို့ ပိုတိုးကပ်သည်။ကူးလေးမှာ
ထယ်ယောင်းကို ခြေထောက်နဲ့ပါကန်သည်။

သို့ပေမဲ့ ယောင်းဝူကတော့ယွန်းဂီနဲ့
ဖုန်းစကားပြောရင်း ကားဘက်ကိုလှည့်မိတော့
အံ့ဩသွားသည်။

" ယွန်းဂီဟျောင်း ဆရာကမသိမသာလေး
ဦးတော့မယ်ထင်တယ်၊ကျွန်တော်ကားဘေးနားမှာ
ရပ်နေရတာ အကုန်မြင်နေရတယ်၊ဟဲဟဲ...
ဆရာက သူ့ဟာလေးကိုသိပ်သည်းနေတာ "

' ဟေ...ဟုတ်လား၊လူမြင်လမ်းမလယ်က
မကောင်းဘူူး၊ငါပြန်ထိန်းလိုက်မယ် '

ယွန်းဂီကထိုသို့ပြောကာ ဖုန်းချသွားသည်။
ယောင်းဝူသိသည်။သူပြောရင်ဘယ်တော့မှမရ။
ဟျောင်းတို့ဝိုင်းထိန်းရင်သာအဆင်ပြေသည်။
သူကြတော့အငယ်ဆိုတော့ ဆရာ့ကိုလည်း
လိုက်မထိန်းရဲ။တကယ်သေချာကြည့်ရင်
ဆရာက ကြောက်ဖို့ကောင်းသည်။

" ကိုကိုအလှလေးကလည်း ချစ်စရာလေးကို၊
လာပါဗျာ၊မောင့်ကိုအဲ့အကြည့်လေးနဲ့ထပ်ကြည့်
ပေးပါဦး၊မောင်ထပ်ပြီး မှတ်ထားချင်လို့ "

" ငါ့ကိုအတင်းမလုပ်နဲ့နော်၊ကိုက်မှာ! "

ထယ်ယောင်းက ကူးကိုနမ်းဖို့လုပ်သည်။ဒါကို
ကူးကရုန်းသည်။တကယ် ကင်မ်ထယ်ယောင်း
ဒါလေးကိုချစ်လိုက်တာ။အသည်းယားစရာ
သူ့ကိုမျက်ဝန်းဝိုင်းတွေနဲ့ ခပ်စူးစူးကြည့်တာတဲ့။
ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းတာ။

" ဖုန်းဆက်ပြန်ပြီကွာ "

ကိုကိုအလှလေးကိုစနေရင်း ယွန်းဂီထံမှဖုန်းဝင်
လာသည်မို့ ဖုန်းကိုင်လိုက်သည်။ကူးလေးမှာတော့
ဘေးထောင့်ကိုပိုကပ်၍ ကားတံခါးကိုသာဖွင့်နေ
သည်။ပွင့်မလာသည်ကခဏခဏ။ဘာလို့ဆို
ကားတံခါးကိုထယ်ယောင်းရဲ့တပည့်က ပိတ်သွားတာ။

" စိတ်ချပါ၊ငါအတင်းမလုပ်ပါဘူးကွာ၊ဒါပဲ! "

ထယ်ယောင်းဖုန်းချလိုက်ကာ ယောင်းဝူကိုဖုန်း
ခေါ်လိုက်သည်။ပြီးနောက်မှကူးလေးဘက်ကို
ကြည့်ကာ စကားဆိုလာသည်။ရုပ်တည်တည်
ဖြင့်သူ့ကိုကြည့်လာတာ။

" အိမ်မှာကိုကို့အမေတစ်ယောက်ထည်းမလား၊
မောင်ပြန်လိုက်ပို့မယ်၊ငြင်းမယ်မကြံနဲ့၊မောင်က
စိတ်မချလို့လိုက်ပို့တာ၊ပြီးတော့ စာချုပ်ထဲမှာ
ကိုကို့လက်မှတ်ရှိနေတာ၊တစ်ညလောက်တော့
သေချာစဉ်းစားပြီးမနက်ကြ မောင်လာခေါ်မယ် "

" မင်းကိုမုန်းလိုက်တာ၊ငါမကြိုက်တာတွေကို
မင်းလုပ်နေတာ၊မုန်းဖို့ကောင်းတယ် "

ကူးလေးက ထယ်ယောင်းကိုနှုတ်ခမ်းကိုက်လို့
ကြည့်ကာပြောလိုက်သည်။ထယ်ယောင်းက
ကူူလေးပြောတဲ့စကားကြောင့် လက်တို့ခေတ္တ
ရပ်တန့်သွားပေမဲ့ဂရုမစိုက်ပါလေ။ပြုံးလိုက်ကာ
သူ့ဘက်လှည့်လာသည်။

" မုန်းတယ်မလား၊နောက်ကျချစ်လာလိမ့်မယ် "

ထိုသို့သာပြောပြီး ထယ်ယောင်းတစ်ဖက်သို့
ပြန်လှည့်နေသည်။ထိုစဉ် ယောင်းဝူကကားထဲ
ဝင်လာပြီး ကားမောင်းသည့်နေရာ၌ထိုင်ကာ
နောက်ကြည့်မှန်ကနေ ကူးကိုပြုံးပြသည်။ကူး
လျစ်လျူရှုကာ ကားမှန်ဘက်သို့ပြန်လှည့်သည်။
သည်တော့မှ ယောင်းဝူလည်းကားမောင်းကာ
ကူးလေးရဲ့အိမ်ဘက်သို့ ဦးတည်လာခဲ့သည်။

" မောင်..မနက်ကြလာခေါ်မှာ၊အသင့်ပြင်ထား၊
မဟုတ်ရင် အိမ်ထဲထိဝင်လာမှာ "

အိမ်ရှေ့ကိုရောက်တော့ ကားပေါ်ကဆင်းနေစဉ်
ထယ်ယောင်းက ကားထဲကနေလှမ်းအော်သည်။
ကူးလေး ထယ်ယောင်းဘက်ပြန်လှည့်လို့
မျက်စောင်းထိုးကြည့်လိုက်ပြီး ဘာမှမဆိုဘဲ အိမ်ထဲကိုဝင်လာသည်။ထိုသည်ကို
ထယ်ယောင်းက သဘောကျကာ...

" တောက်!မျက်စောင်းလှလှလေးက အသည်းယားစရာကွာ "

ကားထဲမှာကျန်ခဲ့သည့် ထယ်ယောင်းမှာတော့
ကူးလေးရဲ့မျက်စောင်းလှလှလေးကို သဘော
ခွေ့နေတော့တာ။

~

" ဆရာ...အိမ်တော်မှာဧည့်သည်ရောက်နေတာ
ထင်တယ်၊ကားတစ်စီးရောက်နေတယ် "

ကိုကိုအလှလေးကိုပို့ပေးပြီး ထယ်ယောင်းက
သူ့အိမ်တော်ဘက်ကို ယောင်းဝူကိုလိုက်ပို့ခိုင်း၏။
သူလည်းဒီနေ့က အဖိုးနဲ့အတူသွားတွေ့ရင်း သောက်တာလွန်သွားသည်မို့ ယောင်းဝူကိုလာကြို
ခိုင်းလိုက်ပြီး အသွားအပြန်လာပို့ခိုင်းတာ။

" ငါအိမ်လာနေတဲ့နေ့မှာမှ ဧည့်သည်ရောက်လာ
ရတယ်လို့၊စိတ်ပျက်စရာတွေ၊ဟူး... "

ထယ်ယောင်းက စိတ်ပျက်စွာဖြင့်သူဝတ်ထားတဲ့
ရှပ်အနက်ကိုချွတ်ချလိုက်ကာ ပုခုံးပေါ်တင်လိုက်
သည်။ပြီးနောက် ရင်ဘက်ကကုတ်ရာလေးကို
သတိထားမိတော့ ရယ်လိုက်သည်။ယောင်းဝူမှာ
ရင်ဘက်ကအရာကိုသတိထားမိပြန်တော့
စကားဆိုသည်။

" ဆရာ့အပိုင်က လက်စွမ်းပြသွားပြန်ပြီပဲ၊ဟဲဟဲ..
ဆရာတော့ယူပြီးရင် ပိုဆိုးနေပါပြီ "

" ကောင်းတာပေါ့၊ငါ့လိုဆိုသွမ်းနေတာကို ကိုကိုအလှလေးသာထိန်းပေးရင်
စကားပိုနားထောင်ဦးမှာ "

ထယ်ယောင်းကပြောပြီး ကားတံခါးဖွင့်ကာထွက်
သွားသည်။ယောင်းဝူမှာတော့ ဆရာ့ကိုကြည့်ကာ
ခေါင်းခါရင်း စကားဆိုလိုက်သည်။

" ဆေးလည်းမမှီ၊ဆရာ့မိဘတွေအစား အားနာလိုက်တာ၊မိဘတွေပြောတာကြ
နားမထောင်ဘဲ သူ့ဟာလေးပြောတာကိုတော့
နားထောင်မယ်တဲ့၊အံ့ဩစရာကြီး "

ယောင်းဝူကတော့ ဆရာ့ကိုပြန်လိုက်ပို့ပြီးပြီမို့
သူလည်းဆရာခိုင်းထားသည့် မပြီးပြတ်သေးတဲ့
အလုပ်တွေကိုလုပ်ရန် သူ့နေသည့်ကွန်ဒိုကိုသာ
ပြန်သွားရသည်။

ထယ်ယောင်းအိမ်တော်ထဲရောက်လာရော
ဒယ်ဒီကသူတို့နားမှာ သတင်းစားဖတ်နေသည်။
အဒေါ်ဖြစ်သူနဲ့အတူ ညနေကဆိုင်မှာတွေ့ခဲ့တဲ့
ကောင်နဲ့စကားပြောနေသည်ကိုမြင်လို့ မသိချင်
ယောင်ဆောင်ကာ အခန်းဘက်သို့ဦးတည်ခဲ့
သည်။ဒါကို အလိုက်မသိသည့်ဒေါ်လေးက လှမ်းခေါ်လေသည်။

" ဟယ်...ဒေါ်လေးရဲ့ပေါက်စလေးပြန်လာပြီပဲ၊
လာပါဦး၊လီယမ်လေးနဲ့ သားကိုထပ်မိတ်ဆက်
ပေးမယ်၊လီယမ်လေးက သားအကြိုက်
formal Suitဝယ်လာတာ၊တော်ရဲ့လား လာဝတ်ကြည့်ဦး "

" စိတ်မဝင်စားဘူး "

ထယ်ယောင်းရဲ့စကားကြောင့် ဒေါ်လေးဖြစ်သူက
လီယမ်ကိုကြည့်ကာအားနာသွားသည်။ဖခင်ဖြစ်တဲ့ကင်မ်ထယ်ဆောင်းက သူ့သားပုံစံကိုကြည့်လို့
အကဲခတ်နေသည်။အရက်မူးလာလို့ ပူရင်တောင်
ထိုကဲ့သို့အဝတ်ကိုမချွတ်သင့်တာကို အခုတော့
အတော့်ကိုဆိုးသည်။

လီယမ့်မှာတော့ ထယ်ယောင်းရဲ့အပေါ်ပိုင်း
အဝတ်ဗလာပုံစံကိုခိုးကြည့်နေသည်။
အစ်ကိုထယ်က တကယ့်ကိုဆွဲဆောင်မှုအား
ပြင်းပြီးချောလိုက်တာ။လီယမ်ဒါတွေကြောင့်
အစ်ကိုထယ်ကိုပိုသဘောကျမိပါသည်။

ထယ်ယောင်း ခပ်ပြတ်ပြတ်ဆိုကာအပေါ်ထပ်
တက်ဖို့ပြင်သည်။ထိုခြေလှမ်းတွေကို ထပ်ပြီး
ရပ်တန့်အောင်လုပ်သည်က ဒယ်ဒီအသံကြောင့်။

" ကင်မ်ထယ်ယောင်း၊ဧည့်သည်ရောက်နေတာ
လေ၊လေးစားမှုရှိပြီး လာထိုင်လိုက်ပါလား "

" လေးစားမှုရှိရအောင် ဒီကောင်ကဘာမို့လို့လဲ၊
လူကြီးလူကောင်းလား၊အဟက်...လေးစားမှု
တစ်ကွက်မှမရှိတဲ့ကောင် "

ထယ်ယောင်းက လီယမ်ကိုခပ်စူးစူးကြည့်ရင်း
ပြောလိုက်ပြီး အပေါ်ထပ်သို့တက်သွားသည်။
ထယ်ယောင်းရဲ့စကားကြောင့်လီယမ်လည်း မျက်နှာပျက်သွားသည်။ဒေါ်လေးကင်မ်က
လီယမ့်ကိုကြည့်ပြီး အားနာဟန်စကားဆိုသည်။

" အားနာလိုက်တာ၊ဒေါ်လေးရဲ့တူပေါက်လေးက
တစ်ဦးထည်းသောမို့ အလိုလိုက်ထားတော့
ဆိုးနေတာ၊ခုနက သူ့ဒယ်ဒီတောင်မနိုင်တာ "

အဒေါ်ဖြစ်သူရဲ့စကားကြောင့် လီယမ်ကပြုံးရင်း
လက်ထဲဒေါ်လေးကင်မ်အတွက် ဝယ်ထားတဲ့ ပစ္စည်းအိတ်ထည့်ပေးပြီး ပြောလိုက်သည်။

" ရပါတယ်ဒေါ်လေးရယ်၊လီယမ်နဲ့ဒေါ်လေးက
စကားပြောရမဲ့သူတွေမှမဟုတ်ဘဲ၊ဟီးဟီး...
လီယမ်လေ ဒေါ်လေးအတွက်ပါတွေးတောပြီး
ဝယ်ခဲ့တယ်၊ဒေါ်လေးက အဲ့လိုလေးတွေ ဝတ်ရတာကြိုက်တယ်ဆိုလို့လေ "

လီယမ်ပေးသည့်ပစ္စည်းထုပ်ကို ကမ်းယူလိုက်ပြီး
အထဲကကတ္တီပါအနီရောင်ဗူးကိုဖွင့်ကြည့်မိတော့ တန်ဖိုးကြီးစိန်လည်ဆွဲကြီးတစ်ကုံးတွေ့သည်။
လှပသည့်အဖိုးတန်စိန်တွေဖြင့်ပြုလုပ်ထားသည့်
စိန်လည်ဆွဲကြီးကလှပလွန်းတော့ ထယ်ယောင်းရဲ့အဒေါ်ကင်မ်ယွန်းဆောင်းမှာ
မပြုံးပဲမနေနိုင်တော့ပါလေ။

သတင်းစာဖတ်ရင်းထိုင်နေသည့် မောင်ဖြစ်သူ
ကင်မ်ထယ်ဆောင်းမှာလည်း အစ်မဖြစ်သူရဲ့
လောဘကြီးမှုကိုကြည့်ကာ ခေါင်းအသွင်သွင်
ခါလျက်။ငါ့အစ်မလောဘကြီးလိုက်တာ။

" ဟယ်...လီယမ်လေးက အလိုက်သိချက်နော်၊
ဒေါ်လေး ဘယ်လိုများပြောရမှန်းမသိဘူး "

" ဒေါ်လေးကလည်း လီယမ်တို့ကဒီလူနဲ့ဒီလူ
ပြောရမဲ့သူတွေမဟုတ်ပါဘူး၊အာ...ပြီးတော့
ဒါကလေအစ်ကိုထယ်ရဲ့အမေအတွက် လီယမ်ဝယ်လာသေးတယ် "

လီယမ်ကနောက်ထပ်အထုပ်တစ်ထုပ်ကိုထုတ်ပြီး
ဒေါ်လေးကင်မ်ဘက် ကမ်းပေးသည်။ထိုသည်ကို
ထယ်ယောင်းရဲ့အဖေက သတိထားမိသည်ဖြင့်..

" အချစ်ကဒါတွေမကြိုက်ဘူး သားလီယမ်၊သူမ
ဒါတွေဝတ်လေ့မရှိဘူး၊ဦးလေးနဲ့သားက
ပေးဖူးတာတောင်ယူတာမဟုတ်ဘူး "

သတင်းစာကိုစားပွဲပေါ်ချကာ တပ်ထားသည့်
မျက်မှန်ကိုပြန်ပင့်တင်ရင်း ရှေ့ရှိနွားနို့တစ်ခွက်ကို
မော့သောက်ပြီးနောက် ဖြေလာသည်။ဟုတ်သည်၊
အချစ်ကတော်ရုံဆို သူ့အိန္ဒြေနဲ့သူနေတာဖြစ်၏။
တန်ဖိုးကြီးပစ္စည်းတွေသဘောမကျ။သူ့သားနဲ့
သူ့ယောကျာ်းကဝယ်ပေးတာတောင် လက်မခံ။

" ဟုတ်တယ်ကွယ်၊သူ့ဇနီးက ဘာမှမကြိုက်ဘူး၊
ဒါကြောင့်မို့ဒါမျိုးတွေဆို ဘယ်လိုပေးပေးမဝတ်
တက်ဘူးရယ် "

" အာ...အဲ့လိုကိုး၊ဒါဆိုလည်း ဒေါ်လေးပဲယူထား
ပါ၊အစ်ကိုထယ့်ကိုလည်း ဒါလေးပေးပေးပါ၊
လီယမ်က အဲ့တုန်းကကိစ္စကိုအားနာပြီးပြန်ပေး
တာပါ ဟီးဟီး "

သူမဒီလီယမ်လေးကို သဘောကျမိပါသည်။
လီယမ့်အဖေကနိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး
မိခင်ကသူမသူငယ်ချင်း ဟန်းဂုသူဖြစ်သည်။
နိုင်ငံခြားမှာအခြေချကျောင်းတက်နေသည့်
လီယမ်လေးက သားထယ်လေးနဲ့တွေ့ပြီး
ပြဿနာဖြစ်ခဲ့သေးလို့ အားနာပြီးပြန်ပေးတက်
တာတဲ့။လီယမ်လေးက လိမ္မာလွန်းလိုက်တာ။

လီယမ်လေးက အသားလေးကဖွေးဖွေးလေး။
မျက်နှာလေးက အပြစ်အနာဆာမရှိရအောင်
ချောမောနေတာ။လူကောင်လေးကသာသေးတာ၊
ခပ်လှလှလေးမို့ သူမချစ်မိပါသေးသည်။
လီယမ်လေးကြည့်ရတာလည်း သူ့တူလေး
ထယ်ယောင်းကို သဘောကျနေပုံပင်။ဒါကြောင့်
အဆင်သာပြေရင် သဘောတူပါသည်။ပြည့်စုံနေ
တဲ့ကလေးမို့ သူမပိုသဘောကျသည်။မိဘတွေရဲ့ လုပ်ငန်းအချို့ကိုဦးစီးနေတာမို့ သားထယ်နဲ့
ချိတ်ဆက်ပေးရမည်။

" ဒေါ်လေး...လီယမ်ပြန်တော့မယ်နော်၊ဦးလေး
လီယမ်ပြန်ပြီနော် "

လီယမ်ရဲ့နှုတ်ဆက်သည့်စကားကို သတင်းစာပြန်ဖတ်နေသည့် ထယ်ယောင်းရဲ့အဖေက ခေါင်းငြိမ့်ပြသည်။

" အင်းဒေါ်လေး အရှေ့ထိလိုက်ပို့ပေးမယ်၊
ဟယ်ရင်း ဒီအထုပ်ကို ငါ့တူလေးကိုပို့ပေးလိုက် "

" ဟုတ်ကဲ့ "

အလုပ်လုပ်သည့်ကောင်မလေးလက်ထဲ အထုပ်ပေးလိုက်ပြီး ထယ်ယောင်းထံသို့
သွားပို့စေသည်။သူမကတော့ လီယမ်လေးကို
အိမ်ရှေ့ကားအနားအထိ လိုက်ပို့ပေးသည်။
ကားနားရောက်တော့ လီယမ်ကပြုံးလိုက်ပြီး
ထယ်ယောင်းအဒေါ်ကို စကားဆိုသည်။

" ဒေါ်လေးကင်မ်ကိုပြောပြရဦးမယ်၊လီယမ်လည်း
သိတာမကြာသေးဘူးသိလား "

ထယ်ယောင်းအဒေါ်မှာလည်း စိတ်ဝင်တစားဖြင့်
လီယမ်ပြောမည့်စကားကို နားထောင်နေသည်။
ထိုသည်ကိုလီယမ်က ပြုံးလိုက်ကာ...

" လီယမ်တွေ့ခဲ့တာပေါ့ ဒေါ်လေးရယ်၊ အစ်ကိုထယ်က လီယမ်တို့ကျောင်းမှာနာမည်ကြီး
ဆုံးကျောင်းသားတစ်ယောက်လေ၊ချမ်းသာတော့
ကပ်ချင်ကြမှာပေါ့၊အခုလည်း ကပ်နေတဲ့သူရှိပြီ
ထင်တယ်ဒေါ်လေးရယ်၊အစ်ကိုထယ်ကိုသူက
လိုက်ကပ်နေတာလေ၊ပြီးတော့ လီယမ်ကစုံစမ်း
ကြည့်တာ ဟိုးလမ်းကြားထဲမှာအိမ်ဟောင်းရှိပြီး
ရုံးအလုပ်လုပ်တဲ့ကောင်လေးတစ်ယောက်လေ၊
အစ်ကိုထယ်ကိုဘယ်လိုဆွဲဆောင်ထားလဲမသိ
အစ်ကိုထယ်က လီယမ့်ကိုတောင်ဆိုင်မှာ အော်သွားသေးတာဗျာ "

လီယမ်ကပြောနေရင်းကနေ မျက်နှာငယ်လေး
အဖြစ်ပြောင်းလဲသွားသည်။ဒေါ်လေးကင်မ်က
လီယမ်ရဲ့အမူအရာကိုကြည့်ပြီး စိတ်မကောင်း
ဖြစ်သွားသလို လီယမ်ပြောပြသည့်ကိစ္စကြောင့်
ဒေါသလည်းထွက်သွားသည်။ဒါကြောင့်ပင်
လီယမ်ရဲ့ပုခုံးလေးကိုကိုင်၍ စကားဆိုသည်။

" ဟယ်...လီယမ်လေးကိုအော်သွားတာ အဲ့တစ်ယောက်ကြောင့်လား၊နေဦး၊ဒေါ်လေး
အဲ့ကောင်လေးအကြောင်း စုံစမ်းဦးမယ်၊ငါ့တူကို
သူတို့လိုလူက လိုက်မှန်းနေသေးတာ၊ငါနဲ့တွေ့ပြီ
ပေါ့၊ "

" လီယမ်သွားတော့မယ်နော် ဒေါ်လေးကင်မ်၊
လီယမ်ကသတိပေးတာ၊အဲ့လိုလူတွေက ပိုက်ဆံပဲ
လိုက်ကြည့်နေတာဆိုတော့ စိတ်ပူလို့ရယ် "

မျက်နှာငယ်လေးဖြင့်ပြောသည့် လီယမ်စကားကို
ဒေါ်လေးကင်မ်ကယုံပြီး သနားသွားသည်လေ။
ပြီးနောက် သူမသဘောကျအောင်လည်းပြောသွား
သေးတော့ ပိုလို့ကိုသဘောကျနေတာ။

" ကျေးဇူးပါကွယ်၊လီယမ်လေး ကားသေချာမောင်းနော်၊ဒေါ်လေးလည်း
နောက်မှသားအမေကို လာတွေ့မယ်လို့ "

လီယမ်ကခေါင်းသာငြိမ့်ပြပြီး ကားထဲဝင်ကာ
ကားမောင်းလို့အိမ်ပြန်သွားတော့သည်။ထို့အတူ
ထယ်ယောင်းအဒေါ်မှာလည်း အိမ်တော်ထဲသို့
ပြန်ဝင်လာခဲ့သည်။အိမ်တော်ထဲရောက်တော့
မထင်မှတ်စရာတွေဖြစ်လို့။

" တောက်!ကင်မ်ထယ်ယောင်း မင်းဒါဘာတွေ
လုပ်နေတာလဲ၊မယူချင်ဘူးဆို ကောင်းကောင်း
ပြောလိုက်လေ၊ဘာလို့ အင်္ကျီကိုမီးရှို့ရတာလဲ "

Bathrobeဝတ်ထားသည့် ထယ်ယောင်းက
အခုမှရေချိုးကာစပုံပါလေ။ဒါကိုကလေးမလေးကပစ္စည်းသွားပို့ရင်းဒေါသထွက်ကာ အောက်ထပ်က သူ့ဒယ်ဒီရှေ့၌အင်္ကျီကို
မီးရှို့ပြစ်သည်။ပြီးတော့လည်း သူ့ရှေ့က မီးလောင်နေတဲ့ ပစ္စည်းကိုကြည့်လို့
ခပ်တည်တည်ပင်စကားဆိုသည်။
တကယ်!ကင်မ်ထယ်ယောင်းတို့ဆိုးချက်။

" နားမလည်ဘူး ဒယ်ဒီရာ၊ကျွန်တော်က မယူဘူး
ပြောတာကို ဒေါ်လေးကပေးခိုင်းလို့ဆိုပြီးချထား
ဖို့လုပ်နေလို့ မီးရှို့ပြီးပို့ပေးတာ "

ဧည့်ခန်းထဲက ဆိုဖာပေါ်၌ထယ်ယောင်းက
ထိုင်ပြီးလက်ပိုက်ရင်း ခြေချိတ်ထိုင်ကာ သူ့ဒယ်ဒီကိုခပ်ပြုံးပြုံးကြည့်နေသည်။
ခြေသလုံးတောင့်တောင့်တွေက ခပ်မိုက်မိုက်။
Bathrobeနဲ့တောင် ကြည့်ကောင်းနေတဲ့
ထယ်ယောင်းက ဆိုးတာလေးပဲရှိသည်။

ကြည့်စမ်း!ဒီကောင်အဖေကို ကြည့်တဲ့အချိုးကို။
အဖေကိုခပ်ပြုံးပြုံးပြန်ကြည့်ရင်း ပြဿနာရှင်းဖို့
အဒေါ်ကိုစောင့်နေတာ။

" မင်းအမေအိပ်နေတယ်လေ၊တိုးတိုးပြောစမ်း!
မင်းကွာ!ငါမနိုင်တော့ဘူး! "

" ဒယ်ဒီမနိုင်လည်းမပြောနဲ့လေ၊ဒေါ်လေး ဘယ်မှာလဲ၊ကျွန်တော်နဲ့ရှင်းမယ် "

သူ့ဒယ်ဒီအပြောကို ခပ်ပြတ်ပြတ်ဖြေသည်။
ခြေချိတ်ထိုင်ပြီး ရေချိုးခါစဖွာလန်ကျဲနေသည့်
ဆံပင်ရွှေရောက်တို့ကိုသပ်တင်ပြီးစောင့်နေတာ။
သည်တော့ထယ်ယောင်းအဒေါ်မှာ သက်ပြင်းရှည်
ချလိုက်ကာ အနားသွားပြီးဖြေရှင်းရမည်။

" ဒေါ်လေးကဒီမှာ၊ဘာလို့ တအားဆိုးနေတာလဲ "

အဒေါ်ဖြစ်သူက သူ့အနားကိုလာကာပြောသည်။
ထယ်ယောင်း သူ့အဒေါ်ကိုကြည့်လိုက်ရင်း
လည်တိုင်ထက်လည်ဆွဲကြီးကိုကြည့်ကာ
ဟက်ခနဲရယ်သည်။

" ကျွန်တော်တစ်ယောက်လုံးဝယ်ပေးတာတောင်
မလောက်နိုင်ဘူးလား၊လွန်ပါတယ်ဗျာ "

" ထယ်ယောင်း!မင်းအဒေါ်ကို အဲ့လိုမပြောနဲ့လေ၊
ဒီကောင်ကွာ!ဟူး! ငါအခန်းထဲဝင်တော့မယ် "

ထယ်ယောင်းရဲ့အဖေက သူ့သားကိုမပြောချင်လို့
အခန်းထဲဝင်သွားတော့သည်။သည်တော့မှ
ထယ်ယောင်းလည်းထကာ အဒေါ်ဖြစ်သူရှေ့
ရပ်ကာငုံ့ကြည့်ရင်း စကားဆိုသည်။

" အဲ့ကောင်နဲ့ပတ်သက်တာကို ကျွန်တော်မမြင်
ချင်ဘူး "

" ဒေါ်လေးကြားလိုက်ရတဲ့ သတင်းတွေလည်း
မမှန်ပါစေနဲ့နော် ကင်မ်ထယ်ယောင်း "

ဒေါ်လေးစကားကြောင့် ထယ်ယောင်းပြုံးသည်။
လေးထောင့်ဆန်ဆန်အပြုံးတွေများ သူ့အဒေါ်ရှေ့
ပြနေသည်။ပြီးနောက် ခေါင်းငြိမ့်ပြသည်။

" ကျွန်တော့်အနာဂတ်မှာ အဖိုးတန်လေးရောက်
နေပြီမို့ ဒေါ်လေးကစိတ်မပူပါနဲ့ "


ထယ်ယောင်းစကားတစ်ခွန်းသာပြောပြီး အပေါ်ထပ်သို့တက်သွား၏။အဒေါ်မှာတော့
သူ့တူပြောသွားသည့်စကားကြောင့် ပိုလို့ကို
စိတ်မထင်မကျဖြစ်သွားသည်။အဒေါ်အရင်းမို့
တူလေးကောင်းစားရေးကို လိုလားတာကြောင့်
သူမရဲ့တူလေးပြောသည့်စကားကို
သဘောမကျပါလေ။

~

အခန်းထဲကိုပြန်ရောက်လာသည့် ထယ်ယောင်းမှာလည်း ကျယ်ပြန့်လှတဲ့သူ၏
King Sizeမွှေ့ယာထက် ထိုင်ချကာအံဇွဲပေါ်မှာ
တင်ထားသည့်ဖုန်းကိုယူလိုက်ရင်း Contactထဲရှိ
နာမည်လှလှလေးဖြင့် မှတ်ထားသည့်
' မောင့်အလှလေး ' ထံသို့သာစာပို့လိုက်သည်။

' ဒီတစ်ညထည်း အခွင့်အရေးကို ကိုကိုအလှလေး
အသုံးချတက်မယ်ထင်တယ် ' ဆိုသည့်စာရေးလို့
ပို့လိုက်သည်။ချက်ချင်းပို့သည့်စာကိုမကြည့်ဘူး
ဆိုတာသူသိတာမို့ မွှေ့ယာထက်လှဲချလိုက်ပြီး
အခန်းကျယ်ကြီးထဲက ကိုကိုအလှလေးရဲ့
ပုံလေးကိုအကြီးချဲ့ကာ အခန်းထဲ၌ကပ်ထား
သည်လေ။


ကိုကိုအလှလေးတို့ သူတို့အလုပ်ခန်းထဲက အဖော်တွေနဲ့စကားပြောရင်း ရယ်နေသည့်
ပုံလေးကိုသူတွေ့လို့ သိမ်းထားမိသည်။
ဆံပင်ရှည်ရှည်လေးကို ရှေ့ကျမှာဆိုးလို့
နောက်မှာသပ်တင်ထားပြီး မျက်မှန်တပ်ထားတဲ့
ပုံလှလှလေး။တကယ် သဘောကျမြတ်နိုးမိပါ
သည်။ထိုပုံလေးကို သူတွေ့တွေ့ချင်းကြောင်
ကြည့်မလို့ ဓာတ်ပုံရိုက်သိမ်းပြီးချက်ချင်း
ပုံအကြီးကြီးထုတ်ကာ သူ့အခန်းက
နံရံ၌ကပ်ထားခဲ့သည်။

" လှလိုက်တာ၊အဲ့အကြည်ဓာတ်ကိုကြည့်ပြီး
မောင်အိပ်ရမှာဆိုတော့ အိမ်မက်လေးလှပြီ၊
ဒီနေ့အိမ်ပြန်ဖို့နှုတ်ဆက်တဲ့အနမ်းလေးတောင်
မရလိုက်ဘူး ဟူး... "

ထယ်ယောင်းက မွှေ့ယာထက်လှဲရင်း ဖုန်းကိုယူကာ စာပို့ထားသည့်ကိုကြည့်မိတော့
ကိုကိုအလှလေးက သူ့စာကိုကြည့်သွားပြီဖြစ်
သည်။ပြန်စာတော့ မလာဘူးဆိုတာသိသည်မို့
ထယ်ယောင်းပြုံးလိုက်သည်။

" မနက်ကြကိုကိုအလှလေး လက်ခံမယ်လို့
မောင်ထင်တယ် "

ထယ်ယောင်းလည်း တစ်နေ့လုံးအပြင်ထွက်
ထားရတော့ပင်ပန်းလာသည်မို့ ကြာကြာတောင်
မျက်လုံးမဖွင့်နိုင်ဘဲ အိပ်ပျော်သွားသည်။
တစ်ဖက်က ကူးလေးမှာတော့မအိပ်နိုင်သေးဘဲ
ကုတင်ပေါ်မှာထိုင်လို့ အတွေးများနေသည်။

" ငါဘယ်လိုလုပ်ရမလဲ၊မေမေကငါအလုပ်မရှိ
တော့တာသိပေမဲ့လည်း သူအလုပ်တွေထွက်လုပ်
နေမှာဆိုးတယ်၊ဂယူ့ကိုပြောပြီးအလုပ်လုပ်ရင်
ရော... "

ကုတင်ဘေးကအံဇွဲပေါ်မှာ ကူးလေးနဲ့အတူ မင်ဂယူတွဲရိုက်ထာသည့်ပုံကိုကြည့်လို့ ကူးလေး
သက်ပြင်းချသည်။ဟင်းချက်ဝါသနာပါသည့်
မေမေ့အတွက် ဆိုင်ကောင်းလေးဖွင့်ပေးချင်လို့
သူပိုက်ဆံပိုရှာရမည်။အခုဆိုင်တောင် သူများက
အရင်ဦးသွားခဲ့သည်မလား။ဒီထက်ကောင်းတာ
လည်းဖြည့်ဆည်းပေးချင်တာမို့ သူတွေးရသည်။

ပြီးတော့လည်း ဒီကိစ္စကဂယူ့ကိုပြောပြရင်တောင်
ဂယူလက်ခံချင်မှာမဟုတ်ပါ။ညနေကတင် ကိုယ့်
ချစ်သူကိုသူကထိပါးသည်အထိ သူ့ရှေ့မှာနမ်း
ထားတော့ ဂယူ့အတွက် အဆင်ပြေမှာမဟုတ်
ဘူးဆိုတာသိသည်။ဒါပေမဲ့လည်း သူကအဆင်
မပြေလို့မတက်သာလို့ အတွင်းရေးမှူးအလုပ်ကို
ရွေးချယ်ခဲ့ရင်တောင် ဂယူနဲ့ရုံးမှာတွေ့လို့ရသည်။

" စိတ်ညစ်တယ်၊ငါရူးချင်တယ်၊ငါဘာလို့အဲ့
လောက်ထိ အသုံးမကျရတာလဲ၊ငါ့ကိုသူက
ချယ်လှယ်နေတာကို ငါကဘာလို့မလုပ်နိုင်လဲ၊
ဂျီဂျီ...ဂျီဂျီရှိနေတာပဲ၊သူ့ကိုဆက်ရမယ် "

ကူးလေး ဖုန်းဖွင့်ကာဂျီမင်ကိုရှာကာ contactကို
ရိုက်ရှာပြီး ဖုန်းခေါ်လိုက်သည်။ဖုန်းဝင်သွားပြီး
ခဏကြာတော့ ဖုန်းကိုင်လာသည်။

" ဂျီဂျီ... "

ကူးလေးက ဖုန်းဝင်လို့ဂျီမင်နာမည်ကိုရွတ်ဆို
လိုက်သည်။သို့ပေမဲ့ဂျီမင်မဟုတ်သည့်ယွန်းဂီက
ဖုန်းကိုင်လာသည်။

' ေဩာ်...ထယ်ယောင်းအပိုင်လေးလား '

" မင်း... "

' ဟုတ်တယ်လေ မင်ယွန်းဂီ၊မင်ဂျီမင်မအားဘူး၊
ရေချိုးနေတယ်၊ဘာပြောပေးရမလဲ '

တီ ~

ယွန်းဂီကစကားပြောသည်ကို ဆက်နားမထောင်တော့ဘဲ ဖုန်းချလိုက်သည်။
ယွန်းဂီသိတာပေါ့။ထယ်ယောင်းအပိုင်လေးက
သိပ်ကိုမာနကြီးပြီး အရမ်းချေတက်တာ။သူ့ရော
ဒါနဲ့ဆိုအချေခံရတာ သုံးကြိမ်ရှိပြီ။ပထမက ဂျီမင်နဲ့စကားပြောတာတွေ့လို့၊ဒုတိယကြိမ်က
သူ့ကုမ္ပဏီမှာလာရင်းပေါ့၊အခုတော့ ဖုန်းထဲကနေ
အချေခံရသည်အထိ။

" ခုနကဘယ်သူ့ဖုန်းလာတာလဲ "

သန့်စင်ခန်းထဲဝင်ရင် ပေသွားသည့်ကော်ဖီရည်
တွေကိုဆေးပြီးတစ်ရှုးဖြင့်လက်သုတ်ကာ ဂျီမင်ကအပြင်ထွက်လာရင်းမေးလေသည်။
ယွန်းဂီကလက်ထဲ ဖုန်းပေးလိုက်ရင်း...

" မင်ယွန်းဂီရဲ့အပိုင်ကို ထယ်ယောင်းရဲ့အပိုင်က
ဖုန်းလှမ်းဆက်တာပါ "

ယွန်းဂီစကားကြောင့် ဂျီမင်ဒေါသထွက်ကာ
ခြေထောက်ကိုကန်လိုက်သည်။ယွန်းဂီကတော့
မကန်ခင်ရှောင်လိုက်တာမို့ မျက်နှာကခပ်ပြုံးပြုံး။

" ရူးနေသေးတယ်၊မင်းကိုငါက အဖြေမပေးသေး
ဘူး၊ပိုင်စိုးပိုင်နင်းမပြောနဲ့၊ပြီးတော့ ငါ့သူငယ်ချင်းကို မင်းသူငယ်ချင်းနဲ့ သဘောမတူနိုင်ဘူး၊သူ့မှာကချစ်သူရှိတယ် "

" ကိုယ့်သူငယ်ချင်းကရော ဂရုစိုက်မယ်ထင်လား၊
နိုးပဲနော်၊ထယ်ယောင်းက ဇွဲအရမ်းကြီးတာ၊
သူတို့နှစ်ယောက်ကို ရကိုရမှာလိုက်ဖက်လို့ "

ဂျီမင်ကပြောသည်ကို ယွန်းဂီကရယ်လိုက်ရင်း
ဖြေသည်။ဂျီမင်မှာတော့ ယွန်းဂီစကားကိုမကြည်
သလိုကြည့်ကာ ထွက်သွားသည်။ထို့နောက်
ယွန်းဂီမှာရယ်ရင်း အနောက်ကလိုက်ရသည်။
ဒီနေ့ကအတူကော်ဖီသောက်ကြတော့ ဆိုင်ထဲ
ကလေးတစ်ယောက်ကဝိတ်တာကိုဝင်တိုက်ရင်း ဂျီမင်ပေါ်မှောက်ကျတာမို့ စိုသွားခြင်းဖြစ်သည်။
ထိုသည်အတွက် မင်ယွန်းဂီမှာကလေးကိုတောင်
အော်ငေါက်လိုက်ရသေးသည်။

" ဟင်း....အဆင်မပြေပါလား၊ဂယူ... "

သူတွေးနေတုန်းရှိသေး ဂယူ့ထံမှဖုန်းလာသည်မို့
ကိုင်လိုက်သည်။တော်သေးသည်က ဂယူ့အသံက
ညနေကလိုမဟုတ်ဘဲ ကြည်လင်နေလို့သာ။

' ကိုယ်ညနေက ကူးကိုထားပြီးအိမ်ပြန်သွားမိတာ၊
ကိုယ်အားနာပါတယ်၊တကယ်ကိုယ်မေမေခေါ်လို့
ပြန်ရင်းကနေ အိမ်ကိုပဲပြန်ရောက်သွားတာ၊ကူး
ရောအိမ်ပြန်ရောက်နေပြီမလား '

ဂယူ့စကားကြောင့် ကူးအံ့ဩသွားသည်။ဂယူက
သူ့ကိုတစ်ခါမှထားပြီး အိမ်ပြန်တက်တာမဟုတ်။
ဒါကိုအခုကြအတည်ကြီးထားသွားပြီးကို အိမ်ပြန်တာပဲ။ဒီတစ်ခါတော့ စိတ်မကောင်းဖြစ်
မိသည်။ချစ်သူကဒုက္ခရောက်နေတာကိုသူမသိ။
ကူးမှာတော့ သူနဲ့အတူဆင်တူဝတ်ဖို့တောင်
အဝတ်လေးဝယ်ဖို့စဉ်းစားသေးတာ။ပြီးမှ ထယ်ယောင်းလက်ထဲရုန်းမရဖြစ်နေတာကို။

" အင်း...ရောက်နေပြီ၊ကူး ဒီတစ်ခါတော့ဂယူ့ကို
စိတ်ဆိုးမိတယ်၊ကူးက အမေခိုင်းလို့သွားတာ
ထင်နေတာ၊ပြီးမှ အိမ်ပြန်တာတဲ့လား "

' ကိုယ်တောင်းပန်ပါတယ် ကူး.. '

" ထားလိုက်ပါတော့၊ကူး အိပ်တော့မယ်၊မနက်ကြ
အိမ်မလာဘဲ ရုံးကိုသာတိုက်ရိုက်သွားတော့ "

" ကူး... "

တီ ~

ကူးလေး တကယ်စိတ်မကောင်းဖြစ်သွားတာမို့
ဖုန်းချလိုက်သည်။သူ့ကိုတော့ ဂယူကတစ်ခါမှ
ဒီလိုမထားဖူးတာမို့ သူတကယ်စိတ်မကောင်း
့ဖြစ်ပါသည်။စကားလည်းဆက်မပြောချင်လို့
စိတ်တွေကိုလျှော့ချပြီး ရေသောက်ကာ
ကုတင်ထက်လှဲအိပ်လိုက်တော့သည်။

~

" အာ...ကူးရာ၊ဖုန်းတောင်မကိုင်ဘူး၊ကိုယ့်ကို
အတည်ကြီး စိတ်ဆိုးသွားတာလား "

ဂယူရုံးမသွားခင် ကူးရဲ့အသံလေးကိုကြားချင်
တာမို့ ဖုန်းဆက်လိုက်မိသည်။ညဘက်ကတင်
သူ့ချစ်သူလေးကူးက သူ့ကိုစိတ်ဆိုးသွားတာ။
ကူးကစိတ်ဆိုးတယ်ဆိုတာထက် စိတ်မကောင်း
ဖြစ်သွားတာဖြစ်သည်။

သူကလည်း ကူးကိုမနေ့ကမှ အသိမပေးဘဲ အိမ်ပြန်သွားတော့သူ့ဘက်ကတအားမှားပါသည်။
ကူးက သူနဲ့ပတ်သက်ရင်အရမ်းsensitiveဖြစ်လို့
ကူးလေးကိုအသိမပေးဘဲ အိမ်ပြန်မိတာမှားပါ
သည်။

" သား...အလုပ်သွားတော့လေ၊ကူးလေးနဲ့ရော
အတူသွားကြမှာမလား "

" ဟုတ်ကဲ့အမေ ကျွန်တော်သွားတော့မယ် "

အမေဖြစ်သူကအလုပ်နောက်ကျမှာဆိုးလို့ သတိလာပေးတာမို့ ကူးမှာထားသည့်အတိုင်း
ရုံးကိုသာတန်းသွားသည်။မဟုတ်ရင်ကူးက
သူမှာတဲ့အတိုင်းမလုပ်ရင် စိတ်ဆိုးတက်သည်။
ဒါလေးက ကျွန်တော့်ကူးရဲ့ချစ်စရာလေးပေါ့။

" မင်ဂယူ...မောင်လေးတစ်ယောက်ထည်းလား၊
ဂျောင်ကူးလေးရော ဘယ်မှာလဲ "

သူရုံးကိုရောက်လို့ ထမင်းဘူးကိုအလုပ်ခုံမှာချ
နေစဉ် အစ်မယွန်းဟယ်ကအနားကိုရောက်လာပြီး
သူ့ကိုမေးလာသည်။သူကတော့ ခုံမှာထိုင်ပြီး ခေါင်းခါကာစကားစလိုက်သည်။

" သူအလုပ်ထွက်သွားပြီလေ၊အာ..အစ်မက
ဘယ်သိမလဲ၊မနေ့ကအလုပ်ကိုမလာတာကို၊
အစ်မယူရီတို့တော့သိတယ် "

မင်ဂယူ့အပြောကြောင့် ယွန်းဟယ်ကအံ့ဩကာ
သူ့နေရာ၌ထိုင်လို့ စကားစလေသည်။

" ဟယ်...တကယ်အလုပ်ထွက်သွားတာလား၊
ဂျောင်ကူးလေးကတော့ တကယ်မာနခဲပဲ၊
အပြောမခံဘူး၊အလုပ်တောင်ထွက်တာ "

" ဟုတ်ပါရဲ့၊ကျွန်တော့်ချစ်သူက အခုတောင်
ကျွန်တော့်ကိုစိတ်ဆိုးသွားတာ၊မနေ့ကပန်းခြံမှာ
သူ့ကိုတစ်ယောက်ထည်းထားပြီး ကျွန်တော်က
မေ့ပြီးအိမ်ပြန်မိသွားတာ၊ဒါကိုညကမနက်ကြ
အိမ်လာနဲ့ဆိုလို့ ဒီကိုပဲအရင်လာရတာ "

မင်ဂယူကရယ်ရင်းပြောသည်။ယွန်းဟယ်မှာတော့
ရယ်လိုက်ပြီး စကားဆိုပါသည်။

" အေးပေါ့လေ၊သူ့မှာကကောက်စရာ ချစ်သူရှိတာကို၊တကယ် ငါတို့အငယ်ဆုံးလေးက
အရမ်းချစ်ဖို့ကောင်းတဲ့ချစ်သူရထားတာ၊
ချော့တက်တယ်နော်၊ညနေပြန်ရင် ဘာနဲ့ချော့မှာလဲ "

အစ်မယွန်းဟယ်က ကြည့်ရင်းမေးလေသည်။
မင်ဂယူမှာတော့ အတွေးထဲပြုံးလိုက်ကာ...

" ထုံးစံအတိုင်း ကူးလေးကြိုက်တဲ့အရာပေါ့ "

မင်ဂယူပြောပြီးရယ်လိုက်သည်။အစ်မယွန်းဟယ်လည်းဂယူနဲ့စကားပြောပြီးနောက် သူ့အလုပ်သူ
ပြန်လုပ်နေသည်။မင်ဂယူလည်း သူ့စားပွဲမှာ ချထားတဲ့ စာရင်းတွေစစ်နေသည်။
ခဏအကြာတော့ အခန်းထဲကို အစ်ကိုဂျွန်ဆော့ကဝင်လာပြီး စကားဆိုသည်။

" ဌာနမှူးက အခုချက်ချင်းအစည်းဝေးလုပ်မယ်
တဲ့၊အခုလေးတင် အစည်းအဝေးခန်းထဲမှာ စောင့်နေတယ် "

အစ်ကိုဂျွန်ဆော့ကပြောပြီး စာရင်းနဲ့မှတ်စုစာအုပ်
ယူကာထွက်သွားသည်။သည်တော့မှ အခန်းထဲက
မင်ဂယူရယ်၊ဂျောင်ဟွန်းရယ်၊အစ်မယူရီရယ်၊
အစ်မယွန်းဟယ်ရယ်က အံ့ဩသွားသည်နှင့်
စကားဆိုကြသည်။

" ဌာနမှူးကလေ ဘာကိစ္စမှန်းမသိ လုပ်လိုက်ရင်
လောလိုက်တာနော် "

အစ်မယူရီက ထိုင်နေရာမှထကာစာရွက်တွေနဲ့
မှတ်စရာစာအုပ်ကိုသိမ်းယူရင်း စကားဆိုသည်။
သည်တော့ အစ်မယူရီပြောသည်ကိုအစ်မယွန်း
ဟယ်ကပါ စကားစလာလေသည်။

" ဂျောင်ကူးလေးကိစ္စများလား၊သူအလုပ်ထွက်
တော့ အားကိုးစရာတစ်ယောက်လျှော့လို့အသစ်
ဝင်မယ်များ ပြောဖို့လားမသိ "

" မဟုတ်လောက်ပါဘူး၊အလုပ်ကိစ္စတစ်ခုခုပေါ့ "

ဂျောင်ဟွန်းကပါဝင်ပြောရင်း စာအုပ်နဲ့စာရင်း
ကိုင်ကာအခန်းထဲကထွက်သွားသည်။ထို့နောက်
မင်ဂယူလည်းသူတို့အပြောထဲစကားတွေကို
ထပ်မတွေးနေတော့ဘဲ အစည်းဝေးခန်းထဲသို့
သွားသည်။

အစည်းဝေးခန်းထဲသို့ရောက်ရော မက်တပ်ရပ်နေ
သည့် ဌာနမှူးကိုတွေ့သည်။ဘာကြောင့်ဆို
ဌာနမှူးရဲ့နေရာ၌ စားပွဲပေါ်ခြေထောက်တင်လို့
ခုံကိုမှီကာထိုင်နေသည့် ဥက္ကဌကိုတွေ့သည်။

" အံ့ဩစရာမရှိဘူး၊ကြည့်နေမဲ့အစား မြန်မြန်
လာထိုင်လိုက်ကြ၊ပြောစရာရှိတာပြောမယ် "

ထယ်ယောင်းရဲ့စကားသံဟာ ခပ်ပြတ်ပြတ်။
စောင့်နေရတာကို စိတ်မရှည်တာမို့အားလုံးကို
ခပ်စူးစူးကြည့်ကာ ပြောလိုက်သည်။ထို့နောက်မှ
အားလုံးကချက်ချင်းကို နေရာ၌ထိုင်သည်။

မင်ဂယူကတော့ ထယ်ယောင်းကိုစိုက်ကြည့်နေ
သည်။ထိုသည်ကို ထယ်ယောင်းကသတိထားမိ
တော့ ခပ်ရွဲ့ရွဲ့စကားဆိုသည်။

" ကျုပ်ကိုကြည့်နေတာလား၊အဟက်...
ကင်မ်ထယ်ယောင်းကိုကြည့်တာ ဘာအကြံနဲ့
ကြည့်တာလဲ၊စကားအကြာကြီးမပြောချင်ဘူး၊
ထိုင်လိုက်တော့.... "

ထယ်ယောင်းစကားကြောင့် မင်ဂယူရဲ့လက်သီး
ဆုပ်ဟာခပ်တင်းတင်းဖြစ်သွားသည်။သူ့အား
ခနဲ့သလိုစကားဆိုတာကြောင့် ဒေါသထွက်သွား
သည်။မင်ဂယူ ထိုဥက္ကဌဆိုတာကိုကြည်တာ
မဟုတ်။သူ့ကူးကို သူ့ရှေ့တင်နမ်းတဲ့အဆင့်ပါ
ကြူးလွန်ထားတာ။

" မင်ဂယူ ထိုင်လိုက်ပါကွာ "

အစ်ကိုဂျောင်ဟွန်းက သူ့ပုခုံးကနေကိုင်၍
ခေါ်တော့ မင်ဂယူ့မှာစိတ်ကိုလျှော့လို့ခုံ၌
ထိုင်လိုက်သည်။ထို့တော့မှ ဌာနမှူးလည်း
ထောင့်ဘယ်ဘက်ထောင့်နားမှာထိုင်သည်။

သည်တော့မှထယ်ယောင်းက လူစုံပြီဆိုရော
ခြေထောက်ချလိုက်ပြီး မက်တပ်ရပ်လိုက်ကာ
စားပွဲပေါ်ကိုလက်ထောက်လို့ အားလုံးကို
ကြည့်ကာ....

" ဒီအဖွဲ့ဝင်ကနေ ဂျွန်ဂျောင်ဂုထွက်သွားပြီမို့
အဖွဲထဲမှာဂျွန်ဂျောင်ဂု ပါဝင်ခြင်းမရှိတော့ဘူး၊
ဒါကြောင့်မို့ ဂျွန်ဂျောင်ဂုကိုဒီနေရာနဲ့ပတ်သက်တဲ့
အချက်အလက်တွေ၊အလုပ်တွေကိုမသက်ဆိုင်
တော့တာမို့ လာပြောတာ "

မင်ဂယူက နားထောင်ရင်းအံ့ဩသွားသည်။
သူကပဲကူးကို အလုပ်လုပ်ဖို့ပြောနေသူက
အခုကြကူးကို ဒီနေရာတွေနဲ့မသက်ဆိုင်တဲ့သူတဲ့။

ထယ်ယောင်းရဲ့စကားကြောင့် အားလုံးက
လက်ခံကြပြီး ခေါင်းငြိမ့်ကြသည်။ဒါကြောင့်
ထယ်ယောင်းပြုံးလိုက်ကာ...

" နားလည်တယ်ဆိုရင် ကောင်းပါတယ်၊
ခဏနေကြဦး၊အစည်းဝေးကမပြီးသေးဘူး "

ထို့သို့ပြောကာ ထယ်ယောင်းအပြင်ခဏသို့
ထွက်သွားသည်။အားလုံးကလည်း ဘာများ
ဆက်ပြောမလဲဟု တွေးတောနေသည်လေ။

ဂျောက်!

ထယ်ယောင်းတံခါးဖွင့်ကာ ပြန်ဝင်လာတော့
သူ့အနောက်မှာလက်တွဲခေါ်လာသည်ကို
မြင်မိကြတော့ အားလုံးကအံ့ဩကြသည်။
ဘာကြောင့်ဆိုကူးက ထယ်ယောင်းလက်ဆွဲ
ထားရင်းခေါ်လာသည့်သူ။အားလုံးလည်း
အံ့ဩသွားသလို အဆိုးဆုံးကမင်ဂယူပါလေ။

ကူးကိုအိမ်မှာရှိတယ်ထင်နေခဲ့တာ။ဒီရောက်တော့
ကူးကသူ့မုန်းပါချည်ရဲ့ဆိုတဲ့ ထယ်ယောင်းရဲ့
လက်ဆွဲတာခံထားရနေတာ။အားလုံးကလည်း
မင်ဂယူကိုဝိုင်းကြည့်နေကြသည်။အခြေအနေကို
အရပ်ရပ်ကို သတိထားမိပုံပေါ့။

" ဂျွန်ဂျောင်ဂုကအခုကစပြီး ဥက္ကဌကင်မ်ထယ်ယောင်းရဲ့အတွင်းရေးမှူး
လုပ်တော့မှာ "

ထယ်ယောင်းစကားပြီးသည်နှင့် မင်ဂယူရော
ဌာနမှူးနဲ့ဝန်ထမ်းအားလုံးကပါ အံ့ဩသွားသည်။
မင်ဂယူမှာတော့ အဆိုးဆုံးပေါ့။သူ့ချစ်သူက
သူနဲ့မတိုင်ပင်ဘဲ ဆုံးဖြတ်လိုက်သည်ကြောင့်။

To be continued ~

ကိုကိုအလှလေးက လက်ခံလိုက်ပြီဆိုတော့
သူတို့နီးစပ်တော့မှာပေါ့ဗျာနော်။

> >

Continue Reading

You'll Also Like

660K 40.3K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 49.5K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
884K 41K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
38.6K 1.6K 46
You're a woman with something to prove. He's a man with an empire to uphold. You race cars while he runs operations. The only thing liking the two of...