မြို့သူမြို့သားတွေအားလုံးငိုကြွေးနေကြပြီ။
အသုံးမကျတဲ့ ဧကရာဇ်ကြောင့် တစ်နိုင်ငံလုံးက ရှိသမျှ အမျိုးသားတွေဟာ အသက်အရွယ်အိုမင်းနေတာတောင် စစ်မြေပြင်ကိုသွားလို့ စစ်တိုက်ထွက်ရပါမယ်တဲ့။
တစ်ဖက်နိုင်ငံရဲ့စစ်သည်ကို ဖြိုလှဲချဖို့နေနေသာသာ ဒီတစ်နိုင်ငံလုံးက ရှိသမျှယောက်ျားသားတွေအားလုံး အသက်ရှင်လျက်နဲ့ပြန်လာနိုင်ဖို့ဆိုတာတောင် သေချာတာမဟုတ်ပေ။
ထို့အပြင် သန်မာဖျတ်လတ်သော အမျိုးသမီးတွေပင် စစ်မြေပြင်မှာ ရုန်းကန်တိုက်ပွဲဝင်နေရချေ၏။
"စစ်သူကြီးရှောင်းနဲ့သူ့ဇနီးတိုက်ပွဲကျသွားပြီ''
ရှောင်းအိမ်တော်ဟာ ဖြူလွသောအစတွေနဲ့ဖုံးလွှမ်းသွားသလို စစ်သူကြီးရဲ့မိခင်သည် တစ်နေ့တည်းမှာပင် သားဖြစ်သူနဲ့ချွေးမအားဆုံးရှုံးလိုက်ရသောကြောင့် မှိုင်တွေနေလေ၏။
" ဖွားဖွား..''
စိမ်းဖျော့ဖျော့ပိုးထည်ဝတ်စုံလေးကိုဝတ်ထားသည့် ဖုန်တွေပေလူးနေသော ပြေးလာတဲ့ ၁၀နှစ်သားအရွယ်ကလေးငယ်သည် လက်ထဲမှာလည်း ယုန်ကလေးတစ်ကောင်ကိုပွေ့ထားသေး၏။
" ကျန့်ကျန့်...ဖွားဖွားမြေးလေး''
ရှောင်းဖွားဖွားသည် အသက်၅၂အရွယ်သာရှိသေးပြီး အလွန်ချောမောခန့်ညားလှ၏။ လွန်ခဲ့သောရက်သတ္တပတ်ကပင် သူမ၏ ခင်ပွန်းဖြစ်သော ကျန့်ကျန့်လေး၏ အဘိုးဖြစ်သူမှာ တိုက်ပွဲကျသေဆုံးသွားသောကြောင့် မုဆိုးမဘဝကိုရောက်ခဲ့ရသည်။
ယနေ့တွင်တော့ သူမ၏ သားနဲ့ချွေးမလည်း တိုက်ပွဲကျသွားခဲ့လေပြီ။
" ဖွားဖွား .. ဘာလို့ငိုနေတာလဲဟင်''
" ကျန့်ကျန့်...''
သူမ၏အသံတို့သည် တိမ်ဝင်ဖျော့တော့ကာ ငိုသံစွက်နေခဲ့ပြီး ဒီကလေးငယ်ကို သနားလွန်းသည့်အတွက်ရော သူမတို့မိသားစုလေး သေကွဲကွဲရသည့်အတွက်ပါ မျက်ရည်ကျလာရ၏။
" ကျန့်ကျန့်ရဲ့ ဖေဖေနဲ့မေမေက ဘယ်တော့မှပြန်မလာနိုင်တော့ဘူးတဲ့''
ရုတ်တရက်ချည်းပင် သူမရဲ့စကားကြောင့် ကလေးငယ်ဟာ လက်ထဲကယုန်ကလေးကို အသာချကာ အိမ်တော်ဝန်းအတွင်းမှ ပြေးထွက်သွားလေတော့သည်။
" ဟဲ့..မြေး..နေပါအုန်း ၊ ကျန့်ကျန့် ဘယ်သွားမလို့လဲ''
သူမ၏အော်ခေါ်သံကို လစ်လျူရှုကာ ပြေးထွက်သွသော ကျန့်ကျန့်လေးသည် အံကိုကြိတ်ထားသေးသည်ကို မြင်ဖြစ်အောင်မြင်လိုက်ရပါ၏။
ရှောင်းကျန့်ဟာ ခြေဦးတည့်ရာကိုပြေးလာခဲ့ပြီး မြို့ထောင့်ရေကန်နားထိရောက်လာခဲ့သည်။
" ကျန့်ကျန့် ..ဘာဖြစ်လာတာလဲ ''
မေးခွန်းလေးသည် မိုးမခပင်ခြေရင်းမှ ငုတ်တုပ်ထိုင်ကာ ငါးမျှားနေလေသော ကလေးလေးထံမှ ထွက်လာခဲ့တာဖြစ်သည်။
" ကျိရန်..မင်းဘယ်လိုလုပ်ဒီရောက်နေတာလဲ''
" ငါ့မိဘတွေတိုက်ပွဲကျသွားလို့လေ၊ ခုနကပဲ တပ်တော်ကနေ အကြောင်းပြန်လာခဲ့တာ''
" အဲ့တာကို မင်းက ငါးမျှားနိုင်သေးတယ်''
ရှောင်းကျန့်က ကျိရန်ကိုကြည့်ပြီး နားမလည်နိုင်ဖြစ်သွားခဲ့ပါရဲ့။ မိဘတွေမရှိတော့တာကို ကျိရန်က ဝမ်းမနည်းဘူးလားဆိုတဲ့အတွေးလေးတောင် တွေးမိသွားခဲ့တဲ့အထိပဲ။
" ငါ့မှာ အဖော်တွေရှိသေးတယ်လေ၊ ယွီပင်းရယ် ဟောက်ရွှမ်းရယ် ကျိုးချန် နဲ့ ကျိလီရယ် နောက်ပြီးတော့ ယွီချန်ရောပဲ''
" ဟမ်..ဒါဆိုမင်းတို့ခြောက်ယောက်စလုံး ငါ့လို့မိဘမဲ့လေးဖြစ်သွားပြီပေါ့''
" ဟင်..မင်းရောလား ကျန့်ကျန့်''
ကျိရန်ဆီက မျက်လုံးပြူးလေးနဲ့အံ့သြသလို မေးခွန်းကို ကျန့်ကျန့်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်မိပါတယ်။
" ဒါဆို ဘယ်လိုလုပ်ကြမလဲ ၊ ငါတို့နိုင်ငံက သူများလက်ထဲပါတော့မှာ ၊ အဲ့ဒီအသုံးမကျတဲ့ဘုရင်စုတ်ကြောင့် ငါတို့တွေလည်း မိဘမဲ့ဖြစ်သွားရပြီ''
ကန်စပ်က မြက်ပင်တွေပေါ်လှဲအိပ်နေတဲ့ ကျိုးချန်က ဆတ်ခနဲထ .ထိုင်ကာ ပြောလာခဲ့တာမို့ ကျန့်ကျန့်တောင်မှ လန့်ဖျတ်သွားရပါသေးတယ်။
တကယ်တော့ ဒီနေရာမှာ ကျိရန်တစ်ယောက်တည်းရှိနေတာမဟုတ်ခဲ့ဘဲ လူစုံတက်စုံရှိနေနှင့်ပြီးသားပါ။
ကျန့်ကျန့်ကသာ ဝမ်းနည်းနေလို့ ပတ်ဝန်းကျင်ကိုတောင် မမြင်နိုင်ဘဲဖြစ်နေတာ။
" ငါတို့ စစ်မြေပြင်ကိုလိုက်သွားကြရင်မကောင်းဘူးလား''
" ကျန့်ကျန့် ..မင်းက သေချင်လို့လား''
ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ ကျန့်ကျန့်ရဲ့မျက်ဝန်းတွေဟာ နီရဲနေပြီး နူတ်ခမ်းတွေက တင်းတင်းစေ့ပိတ်ထားရင်း လှည့်ကြည့်လာခဲ့လေတော့ မေးမိတဲ့ယွီပင်းက ခေါင်းလေးငုံ့သွားရပါ၏။
ကျန့်ကျန့်က တအားကြောက်ဖို့ကောင်းတာပဲ။
ဝင်လုလုနေမင်းကြီးသည် တောင်စွယ်ကိုမေးတင်ကာ ကလေးငယ်ခုနှစ်ယောက်အား သနားဂရုဏာသက်သလိုငေးကြည့်နေခဲ့လေရဲ့။
သူ့မှာ သနားရုံမှအပဘာမှမတတ်နိုင်ပါချေ။
မကြာခင်မှာပဲ လရောင်ထွက်လာဖို့အလှည့်ပေးရမည့်သူ့မှာ ကလေးခုနှစ်ယောက်ကို ဆည်းဆာချိန်နဲ့ပဲနူတ်ဆက်ခဲ့ရပါ၏။
............
" မြန်မြန်လုပ်..မနက်ဖြန်မနက်စောစော ရိက္ခာတွေရောက်မှဖြစ်မှာ ''
နန်းတော်ဂိတ်တံခါးကနေထွက်လာတဲ့ မြင်းလှည်းအစီးပေါင်း၅၀နီးပါးဟာ ရိက္ခာတွေနဲ့ပြည့်နေသော သေတ္တာတွေကို သယ်ပိုးထားလေတယ်။
ညအမှောင်ရိပ်ကြောင့် မီးတုတ်တွေကို အားကိုးပြီးထွက်ခွာလာတဲ့ လှည်းတွေကို ကလေးငယ်ခုနှစ်ယောက်က ထောင့်တစ်ခုကနေ မမှိတ်မသုန်ကြည့်နေခဲ့ကြ၏။
" အဲ့တာက စစ်တလင်းကိုရောက်မှာပဲ ၊ မင်းတို့မလိုက်ချင်ရင်နေခဲ့ကြ ''
ကျန့်ကျန့်က ပြောရင်းဆိုရင်း ကိုယ်လုံးပိစိလေးနဲ့ အမှောင်ထုထဲပြေးဝင်သွားခဲ့ပြီဖြစ်တာမို့ ကျန်တဲ့ကလေးတွေဟာလည်း ကြောင်တောင်တောင်နဲ့ပြေးလိုက်ကြရတယ်။
လှည်းတစ်စီးစီရဲ့အောက်ခြေမှာ တွဲလွဲခိုပြီးကလေးတစ်ယောက်စီက နေရာယူခဲ့ကြတယ်။
သေရင်သေ၊ရှင်ရင်ရှင် ကျန့်ကျန့်လုပ်သမျှ သူတို့လိုက်လုပ်မှာပါပဲ။
အိမ်ပြန်မရောက်လာလို့ စိတ်ပူနေမယ့် မုဆိုးမအဖွားကြီးခုနှစ်ယောက်ကိုလည်း သူတို့ခေါင်းထဲမှာ အားနာစိတ်ကလေးရှိပေမယ့် ကျန့်ကျန့်တစ်ယောက်တည်း စစ်မြေပြင်ကိုသွားမှာမျိုးကိုတော့ အထူးမလိုလားပါ။
...........
ရွှယ်ယိမန် တောင်ထိပ်၌ မသေမျိုးတစ်ဦးသီတင်းသုံးနေထိုင်သတဲ့။
ထိုသူဟာ နတ်မင်းတို့ရဲ့ ချီးမြင့်မှုကြောင့် ရွှယ်ယိမန်တောင်ကိုအပိုင်စားရခဲ့တာဖြစ်တယ်လို့ လူတွေဟာ ပြောစမှတ်ပြုခဲ့ကြလေ၏။
ထိုသူ၏အမည်ဟာ ကျန်းဟိုင်လျန့်ဖြစ်ပြီး တပည့်တစ်ဦးကို လက်ခံထားတယ်လို့လည်း ကောလဟာလရှိဖူးသေးသည်။
တောင်သခင်ကျန်းက မျက်နှာဖုံးကိုတပ်ဆင်ထားလေ့ရှိပြီး သူ့၏တပည်ဖြစ်သူကလည်းထိုနည်းတူမို့ ယနေချိန်ထိ မည်သူကမှ မမြင်ဖူးကြပေ။
တောင်သခင်ကျန်းက အလွန်ချောမောသောရုပ်ရည်ရှိတယ်လို့ပြောကြသလို လူမြင်မခံဝံ့အောင်ရုပ်ဆိုးလွန်းသူဟုလည်း အမျိုးမျိုးပြောကြလေသည်။
သစ်တော်ပန်းပင်တွေမှ ပွင့်ဖပ်တို့ဟာ လေတိုက်တိုင်း တလွင့်လွင့်နဲ့ကြွေကျနေလေ၏။
ရွှယ်ယိမန်တောင်ထိပ်မှာ သစ်တော်ပင်တွေနဲ့ပြည့်နှက်လျက်ရှိပြီး သင့်တင့်ထည်ဝါသော ခန်းဆောင်နှစ်ဌာနရှိသည်။
ဘယ်သောအခါမှနေမထွက်သလို နေဝင်ခြင်းလည်းမရှိသော ပုစွန်ဆီရောင်ကောင်းကင်နဲ့ ကြွေကျနေသောပန်းပွင့်ဖပ်တွေဟာ လွန်စွာကဗျာဆန်လှသည်။
" ဆရာသခင်ကို ရိပေါ်က ဂါရဝပြုပါတယ် ''
ပြုံးလိုက်သော ဆရာ၏နူတ်ခမ်းကိုရိပေါ်ကမြင်လိုက်တာမို့ ဘာများပါလိမ့်ဟု စဉ်းစားရသည်အထိ။
" ရိပေါ်..တောင်အောက်ကို ဆင်းချင်လား''
" ဆရာသခင်က တောင်အောက်ကိုဆင်းမလို့လား''
တောင်သခင်ကျန်းက ခေါင်းလေးကိုအသာညိတ်ပြပြီး သက်ပြင်းတစ်ချက်ချလိုက်မိလေတယ်။
ငါ့တပည့်လေး ၊ မင်းက ဒီလောကမှာ အထူးခြားဆုံးဇာတာနဲ့မွေးဖွားလာခဲ့တာ ၊ မင်းအသက် ၁၄နှစ်ပြည့်တဲ့အခါ ဒီဆရာသခင်က မင်းကို သေချာရှင်းပြပေးမှာပါ ။
တောင်သခင်ကျန်းဟာ ထိုစကားအချို့ကို နူတ်ကနေထုတ်မပြောတော့ဘဲ ရင်ထဲမှာသိမ်းထားလိုက်သည်။
" ရိပေါ်.. မနက်ဖြန် တောင်အောက်ကိုဆင်းရအောင်၊ အခုတော့ သွားပြီး အနားယူတော့''
" ဟုတ်ကဲ့ ဆရာသခင်''
အသက်ငယ်ရွယ်ပေမယ့် သနားစရာကောင်းလှတဲ့ ဒီလူငယ်လေးဟာ ထူးချွန်ထက်မြက်တဲ့အိမ်ထောင်ဖက်နဲ့ တွေ့ဆုံရမယ်တဲ့။
၈နှစ်အရွယ်ကလေးငယ်ရဲ့ကျောပြင်ကိုငေးကြည့်ပြီး တောင်သခင်ကျန်းဟာ ခပ်ယဲ့ယဲ့လေးပြုံးနေမိပါ၏။
A.N/ ဒါက ဆောစ့်တို့အတွက် ဘဲကင်ရဲ့ ဒီဇင်ဘာလက်ဆောင်ပါ။ ဆောစ့်တို့အတွက် ဒီအပိုင်းကို ဖတ်ကြည့်ပြီး XianXiaနဲ့WuXia ရောနှောနေပါလိမ့်မယ်။ ဒါပေမယ့် စိတ်ချပါ။ သိုင်းလောကတွေမထည့်ထားပါဘူး။
ဒီ တစ်ပုဒ်ကတော့ သေချာပေါက် Shou ဦးစားပေးပါ။ ဦးစားပေးက Gong မဟုတ်ပေမယ့် မင်းတို့စိတ်မပျက်စေရပါဘူး။ အခါးမဟုတ်ဘူးဆိုတာကိုလည်း ကြိုပြောရဲပါတယ်။
ခါးတာကြိုက်တယ်ဆိုရင်တော့ နောက်တစ်ပုဒ်မှ လာဖတ်ပါနော်။
######
Zawgyi
ၿမိဳ႕သူၿမိဳ႕သားေတြအားလုံးငိုေႂကြးေနၾကၿပီ။
အသုံးမက်တဲ့ ဧကရာဇ္ေၾကာင့္ တစ္နိုင္ငံလုံးက ရွိသမွ် အမ်ိဳးသားေတြဟာ အသက္အ႐ြယ္အိုမင္းေနတာေတာင္ စစ္ေျမျပင္ကိုသြားလို႔ စစ္တိုက္ထြက္ရပါမယ္တဲ့။
တစ္ဖက္နိုင္ငံရဲ႕စစ္သည္ကို ၿဖိဳလွဲခ်ဖိဳ႕ေနေနသာသာ ဒီတစ္နိုင္ငံလုံးက ရွိသမွ်ေယာက္်ားသားေတြအားလုံး အသက္ရွင္လ်က္နဲ႕ျပန္လာနိုင္ဖို႔ဆိုတာေတာင္ ေသခ်ာတာမဟုတ္ေပ။
ထို႔အျပင္ သန္မာဖ်တ္လတ္ေသာ အမ်ိဳးသမီးေတြပင္ စစ္ေျမျပင္မွာ ႐ုန္းကန္တိုက္ပြဲဝင္ေနရေခ်၏။
"စစ္သူႀကီးေရွာင္းနဲ႕သူ႕ဇနီးတိုက္ပြဲက်သြားၿပီ''
ေရွာင္းအိမ္ေတာ္ဟာ ျဖဴလြေသာအစေတြနဲ႕ဖုံးလႊမ္းသြားသလို စစ္သူႀကီးရဲ႕မိခင္သည္ တစ္ေန႕တည္းမွာပင္ သားျဖစ္သူနဲ႕ေခြၽးမအားဆုံးရႈံးလိုက္ရေသာေၾကာင့္ မွိုင္ေတြေနေလ၏။
" ဖြားဖြား..''
စိမ္းေဖ်ာ့ေဖ်ာ့ပိုးထည္ဝတ္စုံေလးကိုဝတ္ထားသည့္ ဖုန္ေတြေပလူးေနေသာ ေျပးလာတဲ့ ၁၀ႏွစ္သားအ႐ြယ္ကေလးငယ္သည္ လက္ထဲမွာလည္း ယုန္ကေလးတစ္ေကာင္ကိုေပြ႕ထားေသး၏။
" က်န့္က်န့္...ဖြားဖြားေျမးေလး''
ေရွာင္းဖြားဖြားသည္ အသက္၅၂အ႐ြယ္သာရွိေသးၿပီး အလြန္ေခ်ာေမာခန့္ညားလွ၏။ လြန္ခဲ့ေသာရက္သတၱပတ္ကပင္ သူမ၏ ခင္ပြန္းျဖစ္ေသာ က်န့္က်န့္ေလး၏ အဘိုးျဖစ္သူမွာ တိုက္ပြဲက်ေသဆုံးသြားေသာေၾကာင့္ မုဆိုးမဘဝကိုေရာက္ခဲ့ရသည္။
ယေန႕တြင္ေတာ့ သူမ၏ သားနဲ႕ေခြၽးမလည္း တိုက္ပြဲက်သြားခဲ့ေလၿပီ။
" ဖြားဖြား .. ဘာလို႔ငိုေနတာလဲဟင္''
" က်န့္က်န့္...''
သူမ၏အသံတို႔သည္ တိမ္ဝင္ေဖ်ာ့ေတာ့ကာ ငိုသံစြက္ေနခဲ့ၿပီး ဒီကေလးငယ္ကို သနားလြန္းသည့္အတြက္ေရာ သူမတို႔မိသားစုေလး ေသကြဲကြဲရသည့္အတြက္ပါ မ်က္ရည္က်လာရ၏။
" က်န့္က်န့္ရဲ႕ ေဖေဖနဲ႕ေမေမက ဘယ္ေတာ့မွျပန္မလာနိုင္ေတာ့ဘူးတဲ့''
႐ုတ္တရက္ခ်ည္းပင္ သူမရဲ႕စကားေၾကာင့္ ကေလးငယ္ဟာ လက္ထဲကယုန္ကေလးကို အသာခ်ကာ အိမ္ေတာ္ဝန္းအတြင္းမွ ေျပးထြက္သြားေလေတာ့သည္။
" ဟဲ့..ေျမး..ေနပါအုန္း ၊ က်န့္က်န့္ ဘယ္သြားမလို႔လဲ''
သူမ၏ေအာ္ေခၚသံကို လစ္လ်ဴရႈကာ ေျပးထြက္သြေသာ က်န့္က်န့္ေလးသည္ အံကိုႀကိတ္ထားေသးသည္ကို ျမင္ျဖစ္ေအာင္ျမင္လိုက္ရပါ၏။
ေရွာင္းက်န့္ဟာ ေျခဦးတည့္ရာကိုေျပးလာခဲ့ၿပီး ၿမိဳ႕ေထာင့္ေရကန္နားထိေရာက္လာခဲ့သည္။
" က်န့္က်န့္ ..ဘာျဖစ္လာတာလဲ ''
ေမးခြန္းေလးသည္ မိုးမခပင္ေျခရင္းမွ ငုတ္တုပ္ထိုင္ကာ ငါးမွ်ားေနေလေသာ ကေလးေလးထံမွ ထြက္လာခဲ့တာျဖစ္သည္။
" က်ိရန္..မင္းဘယ္လိုလုပ္ဒီေရာက္ေနတာလဲ''
" ငါ့မိဘေတြတိုက္ပြဲက်သြားလို႔ေလ၊ ခုနကပဲ တပ္ေတာ္ကေန အေၾကာင္းျပန္လာခဲ့တာ''
" အဲ့တာကို မင္းက ငါးမွ်ားနိုင္ေသးတယ္''
ေရွာင္းက်န့္က က်ိရန္ကိုၾကည့္ၿပီး နားမလည္နိုင္ျဖစ္သြားခဲ့ပါရဲ႕။ မိဘေတြမရွိေတာ့တာကို က်ိရန္က ဝမ္းမနည္းဘူးလားဆိုတဲ့အေတြးေလးေတာင္ ေတြးမိသြားခဲ့တဲ့အထိပဲ။
" ငါ့မွာ အေဖာ္ေတြရွိေသးတယ္ေလ၊ ယြီပင္းရယ္ ေဟာက္႐ႊမ္းရယ္ က်ိဳးခ်န္ နဲ႕ က်ိလီရယ္ ေနာက္ၿပီးေတာ့ ယြီခ်န္ေရာပဲ''
" ဟမ္..ဒါဆိုမင္းတို႔ေျခာက္ေယာက္စလုံး ငါ့လို႔မိဘမဲ့ေလးျဖစ္သြားၿပီေပါ့''
" ဟင္..မင္းေရာလား က်န့္က်န့္''
က်ိရန္ဆီက မ်က္လုံးျပဴးေလးနဲ႕အံ့ၾသသလို ေမးခြန္းကို က်န့္က်န့္က ေခါင္းတဆတ္ဆတ္ညိတ္ျပလိုက္မိပါတယ္။
" ဒါဆို ဘယ္လိုလုပ္ၾကမလဲ ၊ ငါတို႔နိုင္ငံက သူမ်ားလက္ထဲပါေတာ့မွာ ၊ အဲ့ဒီအသုံးမက်တဲ့ဘုရင္စုတ္ေၾကာင့္ ငါတို႔ေတြလည္း မိဘမဲ့ျဖစ္သြားရၿပီ''
ကန္စပ္က ျမက္ပင္ေတြေပၚလွဲအိပ္ေနတဲ့ က်ိဳးခ်န္က ဆတ္ခနဲထ .ထိုင္ကာ ေျပာလာခဲ့တာမို႔ က်န့္က်န့္ေတာင္မွ လန့္ဖ်တ္သြားရပါေသးတယ္။
တကယ္ေတာ့ ဒီေနရာမွာ က်ိရန္တစ္ေယာက္တည္းရွိေနတာမဟုတ္ခဲ့ဘဲ လူစုံတက္စုံရွိေနႏွင့္ၿပီးသားပါ။
က်န့္က်န့္ကသာ ဝမ္းနည္းေနလို႔ ပတ္ဝန္းက်င္ကိုေတာင္ မျမင္နိုင္ဘဲျဖစ္ေနတာ။
" ငါတို႔ စစ္ေျမျပင္ကိုလိုက္သြားၾကရင္မေကာင္းဘူးလား''
" က်န့္က်န့္ ..မင္းက ေသခ်င္လို႔လား''
ဆုံးျဖတ္ခ်က္ခိုင္မာေနတဲ့ က်န့္က်န့္ရဲ႕မ်က္ဝန္းေတြဟာ နီရဲေနၿပီး ႏူတ္ခမ္းေတြက တင္းတင္းေစ့ပိတ္ထားရင္း လွည့္ၾကည့္လာခဲ့ေလေတာ့ ေမးမိတဲ့ယြီပင္းက ေခါင္းေလးငုံ႕သြားရပါ၏။
က်န့္က်န့္က တအားေၾကာက္ဖို႔ေကာင္းတာပဲ။
ဝင္လုလုေနမင္းႀကီးသည္ ေတာင္စြယ္ကိုေမးတင္ကာ ကေလးငယ္ခုႏွစ္ေယာက္အား သနားဂ႐ုဏာသက္သလိုေငးၾကည့္ေနခဲ့ေလရဲ႕။
သူ႕မွာ သနား႐ုံမွအပဘာမွမတတ္နိုင္ပါေခ်။
မၾကာခင္မွာပဲ လေရာင္ထြက္လာဖို႔အလွည့္ေပးရမည့္သူ႕မွာ ကေလးခုႏွစ္ေယာက္ကို ဆည္းဆာခ်ိန္နဲ႕ပဲႏူတ္ဆက္ခဲ့ရပါ၏။
............
" ျမန္ျမန္လုပ္..မနက္ျဖန္မနက္ေစာေစာ ရိကၡာေတြေရာက္မွျဖစ္မွာ ''
နန္းေတာ္ဂိတ္တံခါးကေနထြက္လာတဲ့ ျမင္းလွည္းအစီးေပါင္း၅၀နီးပါးဟာ ရိကၡာေတြနဲ႕ျပည့္ေနေသာ ေသတၱာေတြကို သယ္ပိုးထားေလတယ္။
ညအေမွာင္ရိပ္ေၾကာင့္ မီးတုတ္ေတြကို အားကိုးၿပီးထြက္ခြာလာတဲ့ လွည္းေတြကို ကေလးငယ္ခုႏွစ္ေယာက္က ေထာင့္တစ္ခုကေန မမွိတ္မသုန္ၾကည့္ေနခဲ့ၾက၏။
" အဲ့တာက စစ္တလင္းကိုေရာက္မွာပဲ ၊ မင္းတို႔မလိုက္ခ်င္ရင္ေနခဲ့ၾက ''
က်န့္က်န့္က ေျပာရင္းဆိုရင္း ကိုယ္လုံးပိစိေလးနဲ႕ အေမွာင္ထုထဲေျပးဝင္သြားခဲ့ၿပီျဖစ္တာမို႔ က်န္တဲ့ကေလးေတြဟာလည္း ေၾကာင္ေတာင္ေတာင္နဲ႕ေျပးလိုက္ၾကရတယ္။
လွည္းတစ္စီးစီရဲ႕ေအာက္ေျခမွာ တြဲလြဲခိုၿပီးကေလးတစ္ေယာက္စီက ေနရာယူခဲ့ၾကတယ္။
ေသရင္ေသ၊ရွင္ရင္ရွင္ က်န့္က်န့္လုပ္သမွ် သူတို႔လိုက္လုပ္မွာပါပဲ။
အိမ္ျပန္မေရာက္လာလို႔ စိတ္ပူေနမယ့္ မုဆိုးမအဖြားႀကီးခုႏွစ္ေယာက္ကိုလည္း သူတို႔ေခါင္းထဲမွာ အားနာစိတ္ကေလးရွိေပမယ့္ က်န့္က်န့္တစ္ေယာက္တည္း စစ္ေျမျပင္ကိုသြားမွာမ်ိဳးကိုေတာ့ အထူးမလိုလားပါ။
...........
႐ႊယ္ယိမန္ ေတာင္ထိပ္၌ မေသမ်ိဳးတစ္ဦးသီတင္းသုံးေနထိုင္သတဲ့။
ထိုသူဟာ နတ္မင္းတို႔ရဲ႕ ခ်ီးျမင့္မႈေၾကာင့္ ႐ႊယ္ယိမန္ေတာင္ကိုအပိုင္စားရခဲ့တာျဖစ္တယ္လို႔ လူေတြဟာ ေျပာစမွတ္ျပဳခဲ့ၾကေလ၏။
ထိုသူ၏အမည္ဟာ က်န္းဟိုင္လ်န့္ျဖစ္ၿပီး တပည့္တစ္ဦးကို လက္ခံထားတယ္လို႔လည္း ေကာလဟာလရွိဖူးေသးသည္။
ေတာင္သခင္က်န္းက မ်က္ႏွာဖုံးကိုတပ္ဆင္ထားေလ့ရွိၿပီး သူ႕၏တပည္ျဖစ္သူကလည္းထိုနည္းတူမို႔ ယေနခ်ိန္ထိ မည္သူကမွ မျမင္ဖူးၾကေပ။
ေတာင္သခင္က်န္းက အလြန္ေခ်ာေမာေသာ႐ုပ္ရည္ရွိတယ္လို႔ေျပာၾကသလို လူျမင္မခံဝံ့ေအာင္႐ုပ္ဆိုးလြန္းသူဟုလည္း အမ်ိဳးမ်ိဳးေျပာၾကေလသည္။
သစ္ေတာ္ပန္းပင္ေတြမွ ပြင့္ဖပ္တို႔ဟာ ေလတိုက္တိုင္း တလြင့္လြင့္နဲ႕ေႂကြက်ေနေလ၏။
႐ႊယ္ယိမန္ေတာင္ထိပ္မွာ သစ္ေတာ္ပင္ေတြနဲ႕ျပည့္ႏွက္လ်က္ရွိၿပီး သင့္တင့္ထည္ဝါေသာ ခန္းေဆာင္ႏွစ္ဌာနရွိသည္။
ဘယ္ေသာအခါမွေနမထြက္သလို ေနဝင္ျခင္းလည္းမရွိေသာ ပုစြန္ဆီေရာင္ေကာင္းကင္နဲ႕ ေႂကြက်ေနေသာပန္းပြင့္ဖပ္ေတြဟာ လြန္စြာကဗ်ာဆန္လွသည္။
" ဆရာသခင္ကို ရိေပၚက ဂါရဝျပဳပါတယ္ ''
ၿပဳံးလိုက္ေသာ ဆရာ၏ႏူတ္ခမ္းကိုရိေပၚကျမင္လိုက္တာမို႔ ဘာမ်ားပါလိမ့္ဟု စဥ္းစားရသည္အထိ။
" ရိေပၚ..ေတာင္ေအာက္ကို ဆင္းခ်င္လား''
" ဆရာသခင္က ေတာင္ေအာက္ကိုဆင္းမလို႔လား''
ေတာင္သခင္က်န္းက ေခါင္းေလးကိုအသာညိတ္ျပၿပီး သက္ျပင္းတစ္ခ်က္ခ်လိဳက္မိေလတယ္။
ငါ့တပည့္ေလး ၊ မင္းက ဒီေလာကမွာ အထူးျခားဆုံးဇာတာနဲ႕ေမြးဖြားလာခဲ့တာ ၊ မင္းအသက္ ၁၄ႏွစ္ျပည့္တဲ့အခါ ဒီဆရာသခင္က မင္းကို ေသခ်ာရွင္းျပေပးမွာပါ ။
ေတာင္သခင္က်န္းဟာ ထိုစကားအခ်ိဳ႕ကို ႏူတ္ကေနထုတ္မေျပာေတာ့ဘဲ ရင္ထဲမွာသိမ္းထားလိုက္သည္။
" ရိေပၚ.. မနက္ျဖန္ ေတာင္ေအာက္ကိုဆင္းရေအာင္၊ အခုေတာ့ သြားၿပီး အနားယူေတာ့''
" ဟုတ္ကဲ့ ဆရာသခင္''
အသက္ငယ္႐ြယ္ေပမယ့္ သနားစရာေကာင္းလွတဲ့ ဒီလူငယ္ေလးဟာ ထူးခြၽန္ထက္ျမက္တဲ့အိမ္ေထာင္ဖက္နဲ႕ ေတြ႕ဆုံရမယ္တဲ့။
၈ႏွစ္အ႐ြယ္ကေလးငယ္ရဲ႕ေက်ာျပင္ကိုေငးၾကည့္ၿပီး ေတာင္သခင္က်န္းဟာ ခပ္ယဲ့ယဲ့ေလးၿပဳံးေနမိပါ၏။
A.N/ ဒါက ေဆာစ့္တို႔အတြက္ ဘဲကင္ရဲ႕ ဒီဇင္ဘာလက္ေဆာင္ပါ။ ေဆာစ့္တို႔အတြက္ ဒီအပိုင္းကို ဖတ္ၾကည့္ၿပီး XianXiaနဲ႕WuXia ေရာႏွောေနပါလိမ့္မယ္။ ဒါေပမယ့္ စိတ္ခ်ပါ။ သိုင္းေလာကေတြမထည့္ထားပါဘူး။
ဒီ တစ္ပုဒ္ကေတာ့ ေသခ်ာေပါက္ Shou ဦးစားေပးပါ။ ဦးစားေပးက Gong မဟုတ္ေပမယ့္ မင္းတို႔စိတ္မပ်က္ေစရပါဘူး။ အခါးမဟုတ္ဘူးဆိုတာကိုလည္း ႀကိဳေျပာရဲပါတယ္။
ခါးတာႀကိဳက္တယ္ဆိုရင္ေတာ့ ေနာက္တစ္ပုဒ္မွ လာဖတ္ပါေနာ္။
######