15.(Ending)

1.6K 121 13
                                    

ဝါးအိမ်လေးတစ်ခု။
ထိုဝါးအိမ်ကကျဉ်းကျဉ်းလေးဖြစ်ပြီး လူတစ်ယောက်စာ နေဖို့အတွက်အဆင်ပြေသည်။ ဓနိသက်ကယ်တွေမိုးထားပြီး ကောက်ရိုးခြောက်တွေ ဖျာခင်းထားသည့် ဝါးအိမ်လေးထဲမှာ ကောင်လေးတစ်ယောက်ရှိသည်။

ရှည်လျားတဲ့ဆံပင်တွေကို အဝတ်စတစ်ခုနဲ့ ချည်နှောင်ထားပြီး တစ်ပတ်နွမ်းဝတ်စုံနဲ့ကောင်ငယ်လေးဟာ မီးဖိုချောင်မှာအလုပ်ရှုပ်နေသည်။

အစတုန်းက ဒီတောထဲက အပင်ခြောက်တွေကို ကျန့်ယန့်ဓားနဲ့ခုတ်ပြီး ထင်းစည်းတွေစည်း၊ အနီးကရွာတွေမှာလိုက်ရောင်းတယ်။
ရတဲ့ငွေနဲ့ အဲ့ဒီရွာမှာ ဆန်၊အိုးခွက်တွေနဲ့အဝတ်အချို့ဝယ်ပြီး ကျန့်ကျန့်ဒီအတောအတွင်းနေထိုင်ခဲ့တာ။ချစ်သူအတွက်နဲ့ ကြုံတောင့်ကြုံခံလောကဒဏ်ကို ကျန့်ကျန့်ကရင်ဆိုင်အုန်းမှာပါ။

တစ်နှစ်ဆိုတာ ဘာကြာလို့လဲ။
ကျန့်ကျန့်က အဲ့လိုပဲ အားတင်းထားခဲ့တာ။
ကျန့်ကျန့်က ထမင်းဟင်းလည်းကောင်းကောင်းမွန်မွန်ချက်တတ်နေပြီ။ ရိပေါ်ကို စားကောင်းတာတွေအများကြီးချက်ကျွေးရမယ် လို့ ကျန့်ကျန့်တွေးထားတယ်။

ကျန့်ကျန့်ရဲ့အိမ်ဝန်းလေးထဲမှာ သီးပင်စားပင်တွေနဲ့ ပန်းပင်တွေပျိုးထားတယ်။ ဒီအသီးတွေလည်း ကျန့်ကျန့်က ရောင်းလိုက်စားလိုက်နဲ့သံသရာလည်နေတာပါပဲ။

" ဖွားဖွားက ငါ့ကိုလွမ်းနေရှာမှာ''

ထမင်းချက်နေရင်း ကျန့်ကျန့်နူတ်ခမ်းလေးပြုံးယောင်သမ်းသွားခဲ့သည်။ ဖွားဖွားကတော့ အခုလောက်ဆိုရင် သေချာပေါက် ဘုရင်ကိုအနိုင်ကျင့်ပြီး ကျန့်ကျန့်ကိုရှာခိုင်းမှာအသေအချာပဲ။

.............

နန်မြစ်ကြောတစ်လျှောက်ရှာဖွေနေခဲ့တာ ကြာပေါ့။
နန်းတော်မှာ ဒီဘုရင်မရှိရင် ဘာဖြစ်နေမလဲ။
မစဉ်းစားမိကြဘူးမလား။ လေးလကျော်ပြီ။

ကျန့်ကျန့်ရဲ့အရိပ်တောင်မတွေ့ရသေးဘူး။
တောင်မြောက်ထိုထိုပေါက်အောင်ရှာပြီး ဘုရင်ကြီးလည်း ဝိမ်းချောင်ဘဝကနေမဲပြာဘဝရောက်နေပြီ။

အဖွားကြီးတွေကို ကြည့်လိုက်ရင် သာယာနေလိုက်ကြပုံများ တဟီးဟီးတဟားဟားနဲ့ပျော်ပွဲရွှင်ပွဲထွက်လာတဲ့အတိုင်းပါပဲ။
ဒီဘုရင်ကို လေးစားမှုတစ်စက်မှမရှိကြဘူး။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now