နောက်တစ်နေ့ဟိုတယ်မှာသွေးသစ်တာဝန်ကျနေစဉ်ကွန်းအခန်းကိုရှင်းဖို့သွားလိုက်သည်။housekeeperတစ်ယောက်ကိုခေါ်လာပြီးလျှော်ရမည့်အင်္ကျီတွေကိုသေချာစီစစ်နေသည်။ကွန်းကတော့မနက်ထဲကအပြင်ထွက်သွားတာမြင်လိုက်သည်။သွေးသစ်လဲကွန်းရဲ့လျှော်ရမယ့်အင်္ကျီတွေကိုသေချာစစ်ပြီးတစ်ထည်ချင်းထည့်နေသည်။ထိုစဉ်အင်္ကျီအပေါ်လက်ရှည်အပါးတစ်ထည်ကိုကိုင်ပြီးအိပ်ကပ်ထဲနှိုက်လိုက်စဉ်စာရွက်ပိုင်းလေးတစ်ရွက်မြင်တာနဲ့ဖွင့်ကြည့်လိုက်တော့အလှူခံဖြတ်ပိုင်းတစ်ခုဖြစ်နေသည်။သွေးသစ်သေချာဖတ်နေတုန်းအလှူရှင်နေရာရောက်တော့
/
ဒေါ်ခင်မူယာနဲ့ဒေါ်မြပုလဲတို့ကိုရည်စူး၍ဦးကွန်းအသင်္ချေ၊ဦးပယင်းသွေးသစ်-သမီးမြတ်အမရာကွန်းကောင်းမှု
/
Dateကိုကြည့်လိုက်တော့သူ့အမေနှစ်ပတ်လည်နေ့ကဖြစ်သည်။သွေးသစ်ဖတ်နေရင်းပါးစပ်အဟောင်းသားလေးဖြစ်သွားရကာရင်ထဲမှာလဲအမျိုးအမည်မသိသည့်ခံစားချက်ကြီးဖြစ်နေသည်။ငိုရမည်လားကြည်နူးရမည်လားမသဲကွဲပေ။ထိုအခါမှဟိုနေ့ကကိစ္စကိုသတိရသွားပြီးရှပ်အနက်လက်ရှည်ကိုရှာလိုက်ကာအိပ်ကပ်ထဲကြည့်လိုက်တော့နောက်ထပ်အလှူခံဖြတ်ပိုင်းလေးတွေ့ရသည်။ထိုထဲမှာလဲခုနကအတိုင်းပဲနာမည်ရေးထားတာတွေ့ရသည်။သွေးသစ်ကုတင်ပေါ်ထိုင်ချလိုက်ကာစာရွက်ကိုစိုက်ကြည့်နေမိသည်။သူကွန်းပြောတဲ့စကားတွေကိုယုံလိုက်သင့်ပြီလားတွေဝေနေမိသည်။သူ့အမေနှစ်ပတ်လည်နေ့ကသူ့အမေနာမည်နဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုရည်စူးပြီးလှူထားတာပဲ။ဒါဆိုဒီထဲမှာပါတဲ့ဒေါ်ခင်မူယာဆိုတာသူ့အမေနာမည်ထင်တယ်။
"ဂျာကြီး ဂျာကြီး"
သွေးသစ်တစ်ယောက်ထဲတွေးနေတာနဲ့ဘေးကသန့်ရှင်းရေးမလေးခေါ်တာကိုတောင်မကြားနိုင်ပေ။နောက်တစ်ခေါက်ထပ်ခေါ်မှကြားတော့သည်။
"ဟေ ပြောညီမ"
"ဒီအင်္ကျီရောထည့်လိုက်ရမှာလားလို့မေးတာဂျာကြီး"
"ဪအေးထည့်လိုက်"
သွေးသစ်အလှူခံဖြတ်ပိုင်းလေးနှစ်ရွက်ကိုသူ့စတစ်အင်္ကျီအဖြူကအိပ်ကပ်လေးထဲပြောင်းသိမ်းထားလိုက်သည်။ပြီးတာနဲ့သန့်ရှင်းရေးမလေးနဲ့အတူသူပါအပြင်ထွက်လာခဲ့သည်။ပြီးတာနဲ့သူခန့်အခန်းထဲသွားလိုက်သည်။
"သူခန့်"
"ဟေ"
"ပြောစရာရှိတယ်"
"ပြောလေသူငယ်ချင်း"
"ဒီမှာကြည့်ဦး"
ဆိုကာလက်ထဲကအလှူခံစာရွက်လေးနှစ်ရွက်ကိုထုတ်ပြလိုက်သည်။သူခန့်လဲယူကြည့်ပြီး
"မင်းလှူထားတာလား....နေပါဦးမင်းလှူတယ်ဆိုရအောင်လဲအန်တီ့နာမည်တစ်ခုထဲမဟုတ်ပဲဘာလို့နောက်တစ်ယောက်ထပ်ပါနေတာလဲ"
"အဲ့တာငါ့ဟာမဟုတ်ဘူးကွ ကွန်းဟာ ခုနကသူ့အခန်းထဲသွားရှင်းတော့သူ့အင်္ကျီအိတ်ထဲကနေအဲတာလေးတွေ့တာ"
"အယ်ဟုတ်လား"
"အေးဒီတစ်ရွက်ကdateကိုကြည့်ကြည့်လိုက်"
သူခန့်လဲdateကိုကြည့်လိုက်တော့သွေးသစ်အမေဆုံးသည့်နေ့ဖြစ်နေသည်။ခုနှစ်ကတော့မတူပေမယ့်ရက်ကတူနေတာဆိုတော့
"ဟာဟေ့ကောင် ကွန်းက"
"အေး ပြီးတော့ငါ့ကိုမနေ့ကဘုရားပေါ်မှာလဲသူတောင်းပန်သေးတယ်"
ဆိုကာဖြစ်ကြောင်းကုန်စင်အကုန်ပြောပြလိုက်သည်။
"ငါသူ့ကိုယုံလိုက်သင့်ပြီလား"
"အင်းးးး"
သူခန့်ကသံရှည်ဆွဲကာစဉ်းစားနေသည်။ပြီးတော့မှ
"ငါ့သူငယ်ချင်းသဘောလေကွာ ငါကဘေးလူ မင်းကကာယကံရှင် ငါ့သဘောကိုမေးရင်တော့ယုံလိုက်သင့်ပြီလို့ထင်တာပဲ ကွန်းစိတ်ဓာတ်လဲသိနေတာပဲဟာ"
သွေးသစ်ပြန်ပြီးတွေဝေသွားသည်။
"ငါဘာလုပ်ရမလဲသူငယ်ချင်းရာ"
"မင်းအခက်အခဲကိုငါသိပါတယ်ကွာ မင်းနေရာမှာငါဆိုလဲတွေဝေမိမှာပဲမင်းကခံခဲ့ရတာဆိုတော့ပိုဆိုးတာပေါ့ ဒါပေမယ့်သေချာပြန်ပြီးစဉ်းစားစေချင်တယ်ကွာ ဘယ်လိုပဲပြောပြောကွန်းနဲ့မင်းနဲ့ဆိုရင်ကွန်းကမင်းထက်ငယ်တယ်မလားအဲ့တော့နည်းနည်းတော့မှားမှာပဲလေ လူငယ်ဆိုတော့ပိုဆိုးတာပေါ့တစ်ဇွတ်ထိုးနိုင်တဲ့စိတ်လေးကရှိမှာပဲ"
"....."
"ဟိန်းမြတ်တောင်ဘယ်လိုပဲထိန်းထိန်းတစ်ခါတစ်ခါလွတ်သွားသေးတာပဲ။သူလဲဇွတ်တရွတ်နိုင်တဲ့အပိုင်းလေးတွေကရှိတာပဲ။လူငယ်တွေပဲမလား။ငါ့သူငယ်ချင်းသေချာစဉ်းစားဆုံးဖြတ်ပေါ့"
"အေးပါကွာ ကျေးဇူးပဲငါ့ကိုစဉ်းစားဖို့လမ်းကြောင်းပေးလို့"
"မလိုတာကွာ မင်းစဉ်းစားလို့မရရင်ဒေါ်လေးတို့ကိုပါအကြံဉာဏ်တောင်းကြည့်"
"အေးပါ"
သွေးသစ်နဲ့သူခန့်တို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးမိကြသည်။
"ဪ သမီးငယ်ရော မနက်ကတော့ဟိန်းမြတ်ကသွားခေါ်မယ်ပြောတယ်ငါကလဲအစောကြီးလာရတော့မသိလိုက်ဘူး"
"အေး မနက်ကပဲအိမ်ကိုလာခေါ်သွားတယ် သမီးကလဲသူ့ဦးလေးမြင်ရင်တအားပျော်နေတာလိုက်ချင်တာမှဇွတ် ငါ့မှာပျာယာကိုခပ်သွားတာပဲ"
"ဟားဟား ဒါနဲ့ဒီညသမီးကိုငါတို့ခေါ်သိပ်မှာနော်"
"ဟာ မင်းကလဲ"
"မင်းကမလဲနဲ့ ခေါ်မှာပဲ သမီးနဲ့ငါနဲ့ဝေးနေရတာကြာပြီ လွမ်းနေပြီကွ ဟဲဟဲ"
"သဘော သဘောမင်းတို့သုံးယောက်ကိုငါမပြောတော့ဘူးမသိရင်ငါ့သမီးမဟုတ်ပဲမင်းသမီးလားကြနေတာပဲ"
"ဟားဟားဟား"
ညနေကွန်းရုံးကပြန်လာတော့ကွန်းနဲ့သုတနှစ်ယောက်အခန်းပြန်လာကြသည်။အဝတ်လဲဖို့ကြည့်လိုက်တော့အဝတ်တစ်ချို့ကရှင်းနေသည်။
'လျှော်ဖို့ယူသွားပြီထင်တယ်'
တွေးလိုက်ရင်းတခြားအင်္ကျီပြောင်းယူပြီးဝတ်ဖို့ပြင်စဉ်တစ်ခုခုကိုသတိရသွားဟန်အလောတကြီးထွက်သွားသည်။
"ဟာbossအင်္ကျီချွတ်ကြီးနဲ့ဘယ်သွားတာလဲဗျ ဘောင်းဘီပါလို့တော်သေးတယ်"
သုတလဲအော်ရင်းနဲ့ကျန်နေခဲ့သည်။တစ်ဖက်မှာတော့ကွန်းကreceptionဆီသွားလိုက်သည်။receptionကကောင်မလေးတွေတွေ့တော့
"ဒီနေ့ကိုယ့်အခန်းဘယ်သူသန့်ရှင်းရေးလုပ်တာလဲ"
ကောင်မလေးတွေလဲအလောတကြီးနဲ့အပေါ်ပိုင်းဗလာနဲ့လာတဲ့ကွန်းကိုမြင်တော့ရုတ်ရတ်ကြောင်တဲ့သူကကြောင်တစ်ချို့ကလဲကွန်းရင်ဘတ်ကကြွက်သားအမြောင်းလိုက်ကိုငေးတဲ့သူကငေးနဲ့ဘယ်သူမှပြန်မဖြေနိုင်ကြသေးပေ။
"မေးနေတယ်လေ ဘယ်သူသန့်ရှင်းရေးလုပ်တာလဲလို့"
"ငါလုပ်တာ ဘာဖြစ်လို့လဲ"
"ပယင်း ခင်ဗျားတစ်ခုခုတွေ့သေးလား"
"ဒါလား"
ဆိုကာစာရွက်လေးနှစ်ရွက်ထောင်ပြတော့ကွန်းကဆွဲယူဖို့ပြင်သည်။ဒါပေမယ့်သွေးသစ်ကရှောင်လိုက်ကာ
"ငါ့နောက်လိုက်ခဲ့"
လို့ပြောပြီးမျက်စောင်းထိုးကာထွက်သွားသည်။ကွန်းလဲသွေးသစ်နောက်ကလိုက်သွားလိုက်သည်။သွေးသစ်ကတစ်နေရာရောက်တော့သဘက်စောင်တစ်ထည်ယူကာကွန်းအပေါ်ကိုခြုံပေးလိုက်ရင်း
"မင်းအရှက်မရှိဘူးလား!ကောင်မလေးတွေရှေ့မှာအင်္ကျီချွတ်နဲ့!"
"ကျွန်တော့်စာရွက်သာပြန်ပေးစမ်းပါ"
"မပေးပါဘူး ငါမေးတာအရင်မဖြေပဲဘာလို့မဆိုင်တာပြောနေတာလဲ"
"ကျစ်!!အင်္ကျီထက်အဲ့တာကပိုအရေးကြီးတယ်ဗျ!!ခင်ဗျားဘာသိလဲ!!!"
လူတွေကအရမ်းများသည်တော့မဟုတ်ပေမယ့်ရှင်းလဲရှင်းမနေပေ။ကွန်းအော်သံကြားတော့လူတွေကသူတို့နှစ်ယောက်ကိုဝိုင်းကြည့်လာကြသည်။သွေးသစ်လဲကွန်းကလူတွေရှေ့မှာသူ့ကိုအော်တော့ဝမ်းနည်းတာတော့မဟုတ်ပေမယ့်အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။မျက်လုံးထဲမှာဝိုင်းချင်လာတဲ့မျက်ရည်တွေကိုပုပ်ခတ်ပုပ်ခတ်လုပ်လိုက်ရင်းစာရွက်ကိုကွန်းရင်ဘတ်ကိုပစ်ပေါက်လိုက်ပြီး
"ဟုတ်တယ် ငါမသိဘူး ဒါပေမဲ့မင်းငါ့ကိုအော်ဖို့မလိုဘူးထင်တယ် စာရွက်ပြဲမှာစိုးလို့ငါကသိမ်းပေးထားရုံတင် ယူချင်လွန်းလို့ထင်မနေနဲ့"
ဆိုကာကွန်းရှေ့ကထွက်သွားသည်။ကွန်းလဲအောက်ကျသွားတဲ့စာရွက်လေးကိုပြန်ကောက်လိုက်ပြီးအခန်းထဲသွားလိုက်သည်။သွေးသစ်ကွန်းကိုပြောပြီးတော့သူ့အခန်းထဲပြန်လာခဲ့သည်။မျက်ရည်တွေကိုသုတ်လိုက်ရင်း
"ကျစ်!!ဒီမျက်ရည်တွေကလဲကျစရာမဟုတ်တာကိုကွာ"
သွေးသစ်သူ့ဘာသူပြောရင်းမျက်ရည်တွေသုတ်နေသည်။
တစ်ဖက်မှာလဲကွန်းကအခန်းပြန်လာပြီးစာရွက်လေးနှစ်ရွက်ကိုပိုက်ဆံအိတ်ထဲထည့်သိမ်းလိုက်သည်။ပြီးတော့မှခုနကဟာကိုပြန်စဉ်းစားလိုက်သည်။ခုနကပယင်းမျက်လုံးထဲမှာမျက်ရည်လေးတွေမြင်လိုက်ရသည်။
"ဟာကွာ!! ငါမကောင်းတဲ့ကောင်!! ဒီလောက်လေးနဲ့အော်စရာလိုလို့လားကွာ!!"
သူ့ဘာသူတစ်ယောက်ထဲပြောရင်းသွေးသစ်ကိုအော်မိတာကိုစိတ်မကောင်းဖြစ်နေသည်။
'သူအခုသွားပြီးပြန်ချော့လိုက်ရမလား။ဒါပေမဲ့ပယင်းကသူ့မျက်နှာကိုမမြင်ချင်နေရင်ဘယ်လိုလုပ်မလဲ'
"ဟာကွာ"
ဆိုကာမျက်လုံးပေါ်ကိုလက်ဖျံနဲ့အုပ်လိုက်ရင်းစဉ်းစားနေသည်။
ညပိုင်းရောက်တော့သူခန့်တို့ကပြန်ပေမဲ့သွေးသစ်ကတော့ဟိုတယ်မှာပဲကျန်နေခဲ့သည်။သွေးသစ်dutyချိန်တော့မရှိတော့ပေမယ့်သမီးငယ်ကလဲသူခန့်တို့အိမ်မှာသွားအိပ်မှာဆိုတော့သူလဲအိမ်ကိုမပြန်ချင်တာနဲ့ဝန်ထမ်းတစ်ယောက်ကအကူညီတောင်းလို့ဆက်ဆင်းပေးဖြစ်သည်။သွေးသစ်လဲညစာစားပြီးတော့အလုပ်တွေပြန်စစ်နေလိုက်သည်။အချိန်အတော်ကြာလုပ်ပြီးတော့ကိုယ်လက်ဆန့်ကာအပြင်ဘက်သို့ထွက်လာခဲ့သည်။တစ်ယောက်ထဲပန်းခြံထဲကခုံလေးမှာထိုင်ရင်းရောက်တတ်ရာရာတွေတွေးနေမိသည်။ကောင်းကင်ပေါ်ကိုမော့ကြည့်မိတော့ရာသီဥတုသာယာပြီးကောင်းကင်ကြီးကကြယ်လေးတွေနဲ့ပြည့်နေသည်။ကြယ်လေးတွေကြည့်နေရင်းနဲ့ကြယ်လေးနှစ်လုံးကတွဲလျက်လေးရှိနေတာမြင်တော့ဆုံးသွားတဲ့သူ့အဖေနဲ့အမေကိုပြန်ပြီးသတိရမိသည်။
"ဖေဖေနဲ့မေမေ အခုချိန်ဆိုဖေဖေတို့ကောင်းကင်မှာအတူတူရှိနေကြပြီလားဟင်.....သားလဲလိုက်ချင်ပေမယ့်ဖေဖေတို့မြေးလေးရှေ့ရေးအတွက်ရှိနေပေးရဦးမယ်ဖေဖေတို့ရဲ့....."
"လွမ်းလိုက်တာ...."
သွေးသစ်တိုးတိုးလေးပြောပြီးမျက်ရည်ဝေ့လာ၍မျက်လုံးလေးကိုပုတ်ခပ်ပုတ်ခပ်လုပ်ကာမျက်ရည်တွေသိမ်းနေသည်။
"ပယင်း..."
ခေါ်သံကြားလို့နောက်လှည့်ကြည့်တော့ကွန်းဖြစ်နေသည်။သွေးသစ်လဲကွန်းကိုမြင်တော့စကားပြောချင်စိတ်မရှိ၍ထမည်အလုပ်ကွန်းကသွေးသစ်ပုခုံးကနေကိုင်ကာပြန်ထိုင်ခိုင်းသည်။
"ဘယ်သွားမလို့လဲ"
"လုပ်စရာပေါ်လာလို့"
ဆိုကာခုံပေါ်ကနေပြန်ထသည်။ဒါပေမဲ့ကွန်းကလက်ကိုဆွဲထားရင်း
"ကျွန်တော်လာမှလုပ်စရာပေါ်သွားတာလား"
"မင်းနဲ့မဆိုင်ဘူး"
ဆိုကာကွန်းကိုင်ထားတဲ့လက်ကိုရုန်းနေသည်။ကွန်းကလဲတင်းတင်းကျပ်ကျပ်ပြန်ကိုင်ထားတော့
"ငါ့လက်ကိုလွှတ်ကွန်းအသင်္ချေ!! နာလာပြီ!!"
"ခနလေးပါ ခနလေးပဲပြန်ထိုင်ပေးပါ"
"မအားဘူးလို့ပြောထားတယ်လေကွာ"
"ခင်ဗျားအားတာကျွန်တော်သိတယ်ပယင်း ညာမနေနဲ့"
"....."
"တောင်းပန်ပါတယ်ညနေကကိစ္စအတွက်"
"မလိုဘူး"
"လိုပါတယ် ကျွန်တော်ပယင်းကိုဝန်ခံဖို့ရှက်နေလို့အော်မိသွားတာပါ ကျွန်တော်လွန်တာပါ"
"...."
"ကျွန်တော်အန်တီ့အတွက်လှူတာဒီရောက်မှမဟုတ်ဘူးဟိုမှာတုန်းကလဲမိဘမဲ့ဂေဟာကိုအဲ့နေ့ရောက်တိုင်းအမြဲသွားလှူဖြစ်တယ်အမေနဲ့အန်တီ့ကိုရည်စူးပြီးတော့ နည်းနည်းတော့ကြာပါပြီ ၄နှစ်လောက်ရှိပြီ အခုပယင်းကသိသွားတော့ချက်ချင်းကြီးပြောဖို့မရဲလို့ပါ"
သွေးသစ်သူ့ကိုကြည့်နေမိသည်။
"ဒါရှက်စရာမှမဟုတ်တာ မင်းမကောင်းတာလုပ်နေတာမှမဟုတ်ပဲနဲ့ဟာ"
"ဟုတ်ပါတယ် ဒါပေမဲ့နှစ်တွေအကြာကြီးမုန်းနေပြီးမှအခုလိုဆိုတော့ပြောဖို့ရာဝန်လေးနေမိတယ်"
"....."
"ဒါမဲ့အခုဝန်ခံပါတယ် ပြီးတော့အန်တီ့ကိုမုန်းခဲ့တာမှန်ပေမဲ့ပယင်းရောက်လာပြီးနောက်ပိုင်းအရင်ကလောက်မဟုတ်တော့ဘူး ပယင်းအမေဖြစ်နေတယ်ဆိုတဲ့အသိကကျွန်တော့်ခေါင်းထဲမှာအမြဲစိုးမိုးနေတယ်။အန်တီဆုံးတဲ့နေ့ကလဲကျွန်တော့်ကိုကယ်ရင်းနဲ့ဖြစ်သွားရတာမလို့ကျွန်တော်တကယ်စိတ်ရင်းနဲ့စိတ်မကောင်းဖြစ်နေမိတာပါ ပယင်းပြောသလိုပျော်တဲ့စိတ်နည်းနည်းမှတောင်မရှိရပါဘူး...."
"....."
"ကျွန်တော်ငယ်ငယ်ကလဲကျွန်တော့်အမေကကျွန်တော့်ကိုကာကွယ်ဖို့လုပ်ရင်းသူ့အသက်ကိုပေးခဲ့ရတယ်။အခုအန်တီကလဲကျွန်တော့်ကိုကာကွယ်ရင်းအသက်ဆုံးရှူံးခဲ့ရတယ်။အမုန်းကြီးမုန်းနေတာသိရဲ့သားနဲ့ကယ်တင်ပေးခဲ့လို့လဲကိုယ့်ဘာကိုယ်ရှက်လဲရှက်ရသလိုမုန်းလဲမုန်းမိတယ် ၄နှစ်လုံးလုံးကျွန်တော်တစ်ရက်မှစိတ်လွတ်ကိုယ်လွတ်ပျော်ရတဲ့နေ့မရှိခဲ့ဘူးပယင်း ဒီစကားတွေကခင်ဗျားတစ်ယောက်ထဲကိုပဲပြောဖူးတာပါ ဟိန်းမြတ်တို့ကိုတောင်ဒီအကြောင်းတွေကျွန်တော်ရင်မဖွင့်ဖူးဘူး"
သွေးသစ်တွေတွေလေးငိုင်နေသည်။ဒီတစ်လျှောက်လုံးသူထင်တာတွေလွဲနေခဲ့တာပဲ။ကွန်းအခုပြောပြမှသူဒီကလေးအပေါ်ထင်မြင်ချက်အမှားတွေပေးပြီးစိတ်နာနေခဲ့မိတာပဲ။သူထင်ထားတာကသူ့အမေဆုံးသွားတော့ကွန်းကအရမ်းကြီးမဟုတ်တောင်အနည်းဆုံးတော့စိတ်ချမ်းသာနေတယ်ထင်နေခဲ့မိတာ။ကွန်းကမဟုတ်ရပါဘူးလို့အဲ့ကတည်းကငြင်းခဲ့ပေမယ့်သူကတော့အပိုတွေပြောတယ်ပဲထင်နေခဲ့တာ။အခုမှသူသိတော့သည်။သူ့မှာလဲသူ့ဟာနဲ့သူစိတ်ဒဏ်ရာတော့ရှိနေတာပဲ။သွေးသစ်စိတ်လဲမကောင်းသလိုသနားလဲသနားမိသည်။ကွန်းကအပြင်ပန်းကြည့်ရင်ဘာကိုမှဂရုမစိုက်တတ်တဲ့ပုံစံနဲ့အရမ်းအမှတ်သည်းခြေကြီးသည်။ဘာမဟုတ်တဲ့ကိစ္စလေးကိုတောင်အချိန်အကြာကြီးမှတ်ထားပြီးလက်စားချေတတ်သည်။ဒီကောင်လေးရဲ့စိတ်ဒဏ်ရာတွေကိုကုစားမပေးမိပဲထပ်ပြီးတော့စိတ်ဒဏ်ရာပေးမိတဲ့သူ့ကိုယ်သူလဲရှက်မိသည်။
"ထားလိုက်ပါတော့ငါသိသွားပြီမလို့တော်တော့ မပြောနဲ့တော့"
"....."
ကွန်းကဘာမှမပြောပဲသူ့ကိုပဲတစ်ခုခုကိုစိုးရိမ်တဲ့အကြည့်နဲ့ကြည့်နေတော့
"ငါတကယ်ပြောတာ အခုအကုန်သိသွားပြီမလို့နားလည်သွားပြီလို့"
"တကယ်လား"
"အင်း တကယ်"
ကွန်းမျက်နှာလေးအရောင်နည်းနည်းတောက်သွားသည်။
"မင်းညစာရောစားပြီးပြီလား"
"ဟင့်အင်းမစားသေးဘူးခင်ဗျားစိတ်နဲ့"
"အယ် မဆိုင်တာ"
"ဆိုင်တယ်ဗျ တစ်ညနေလုံးဘာလုပ်ရမှန်းမသိဖြစ်နေတာအခုမှနည်းနည်းပေါ့သွားတာ"
သွေးသစ်မျက်စောင်းလေးထိုးကြည့်မိသည်။
"အဲ့လောက်ကြီးတောင်လား"
"အင်း အဲ့လောက်ကြီးပဲလေ"
"အဟားး"
သွေးသစ်ခေါင်းလေးမော့ကာရယ်တော့ကွန်းကငေးကြည့်နေသည်။သွေးသစ်လဲရယ်ပြီးတော့သူ့ကိုပြန်ကြည့်လိုက်တော့သူ့ကိုငေးကြည့်နေတာတွေ့တော့အနည်းငယ်ရှက်သွားသည်။
"အဟင်း ဘာကြည့်တာလဲ"
"လှလို့"
"လျှောက်ပြောမနေနဲ့တော့"
"ဪ ဒါနဲ့လေမေးစရာတစ်ခုရှိတယ်"
"ဘာလဲ"
"ညနေကပယင်းကျွန်တော့်ကိုသဝန်တိုနေတာမလား"
"အာ အယ်မဟုတ်တာ မဟုတ်ပါဘူးနော်"
"ဟုတ်လို့လား ပယင်းမျက်နှာမှာဒီလောက်အထင်းသားပေါ်နေတာကို"
"အယ် မဟုတ်ပဲနဲ့မင်းနော်"
"တကယ်ဗျ ဘေးကမသိတဲ့သူတွေတောင်ကြည့်တာနဲ့သိသာတယ်"
သွေးသစ်သူ့မျက်နှာလေးသူလက်နှစ်ဖက်နဲ့အုပ်နေမိသည်။
"မင်း!!တော်ပါတော့မဟုတ်တာတွေပြောမနေနဲ့"
"ဟားဟား"
"ပယင်းရောညစာစားပြီးပြီလား"
"အင်း"
"သမီးကရောဟိန်းမြတ်တို့အိမ်မှာလား ဟိန်းမြတ်ဆီဖုန်းဆက်တော့သမီးအသံကြားလိုက်လို့"
"အင်း"
"ဪ ခင်ဗျားကဒီညအိမ်မပြန်ဘူးပေါ့"
"အင်း"
"ဒါဆိုပယင်းကျွန်တော့်ကိုပြန်လက်ခံနိုင်မလား"
"အင်း...ဟာ ဟင့်အင်း"
"ဟားဟားဟား"
ကွန်းလဲဘာပြောပြောတအင်းအင်းနဲ့လုပ်နေတဲ့သူကိုချောင်ပိတ်ပြီးမေးလိုက်တော့အင်းလို့တန်းဖြေပြီးကာမှအသည်းအသန်ပြန်ငြင်းလေသည်။
"ဟင့်အင်းလို့ပြောတာနော် ခုနကဟာလျှောက်ထင်မနေနဲ့"
"ရက်စက်လိုက်တာ"
"ဘာဆိုင်လဲငါကအမှန်ပြောတာပဲကို"
"ခင်ဗျားကသာပေါ့ပေါ့ပါးပါးနဲ့ငြင်းနေတာကျွန်တော်ကတော့စိတ်ညစ်ရတယ်ဗျ မငြင်းပါနဲ့လားပယင်းရယ်"
ကွန်းသွေးသစ်လက်ကိုမရဲတရဲကိုင်တော့သွေးသစ်ကအစကတော့ရုန်းပေမယ့်နောက်တော့ငြိမ်နေသည်။
"မောင်တကယ်ပြောတာပါ ပယင်းရယ်သမီးငယ်ရယ်ကိုမောင်နဲ့အတူခေါ်ထားပြီးသုံးယောက်အတူတူနေချင်တယ်ဗျပယင်းမယုံရင်ပယင်းယုံလာတဲ့အထိမောင်ကြိုးစားပါ့မယ် ပယင်းလက်ခံလာတဲ့အချိန်ထိမောင်ကြိုးစားပါ့မယ် အဲ့ဒီအစားပယင်းကမောင်နဲ့အတူတူလာနေပေးပါ့လားဟင်"
"ကွန်း ငါ"
"သိပါတယ်ပယင်းခက်ခဲနေမှာကို ဒါပေမဲ့အဲ့ဒီအတွေးလေးတော့ပယင်းစိတ်ထဲရှိစေချင်လို့ပါ တဖြည်းဖြည်းစဉ်းစားလေ မောင်အချိန်ပေးပါတယ်"
"အင်းပါ ငါစဉ်းစားကြည့်မယ်"
"တကယ်နော်ပယင်း"
"အင်း"
"အားးးမောင်ဖြင့်လေပယင်းဆီကဒီစကားသံလေးကြားရင်တောင်သေပျော်ပါပြီဗျာ"
သွေးသစ်မျက်စောင်းသာထိုးမိသည်။
"ဟိုအချိန်တွေတုန်းကမင်းငါ့ကိုပြောခဲ့တဲ့စကားတွေကအဲ့တာငါ့အမေကိုမုန်းလို့လက်စားချေချင်ရုံသက်သက်ပြောခဲ့တဲ့စကားတွေလား"
"ဘယ်စကားတွေလဲပယင်း"
"မင်းအခန်းမှာတုန်းကငါ့ကိုပြောတာလေ ငါ့အချစ်ကိုလိုချင်တယ်ငါ့ကိုပိုင်ဆိုင်ချင်တယ်ဘာညာဆိုတာ"
"စိတ်ရင်းနဲ့"
"လက်ထပ်တာကရော"
"လက်စားချေချင်လို့ဆိုပေမယ့်အဲ့ဒီစကားတွေပြောတုန်းကခင်ဗျားကိုစိတ်ရင်းနဲ့တကယ်ပြောခဲ့တာပယင်း ပယင်းကိုမောင်ကပုဂံမှာထဲကမြတ်နိုးခဲ့ရတာ ဟိန်းမြတ်တို့လဲသိတယ်ဒါပေမဲ့ပယင်းအမေကအန်တီဖြစ်နေတယ်ဆိုတော့..."
"ခွေးကောင် ဘာပြန်ပြောရမှန်းကိုမသိတော့ဘူး"
"အဟားး"
"မေ့ဖို့ရာမဖြစ်နိုင်ဘူးဆိုတာသိပေမယ့်ဖြစ်နိုင်ရင်ပြန်တွေးလို့မကောင်းတဲ့အရာတွေကိုမေ့ထားဖို့တောင်းဆိုချင်တယ်ပယင်း မောင်အခုကစပြီးပယင်းစိတ်ချမ်းသာအောင်ထားမှာမလို့ပစ္စုပ္ပန်တည့်တည့်ကိုပဲရှုပြီးမောင်နဲ့သမီးမျက်နှာကိုပဲတွေးနေပေးပါပယင်း"
ကွန်းကသူ့မျက်နှာကိုသေချာစိုက်ပြီးအတည်ပေါက်နဲ့ပြောနေတာမလို့သွေးသစ်နေရခက်လာသည်။
"အင်းပါငါမတွေးမိအောင်ကြိုးစားပါ့မယ်"
"ဟုတ်"