(Zawgyi)
🌸Mud(နွံ)🌸
 ကျန်းချန်က
ရိပေါ်က
"ဒါဆိုစိတ်ချမယ် Mr.Lan"
"စိတ်ချလိုက်ပါ Mr.Wang"
"ဟာ တွေ့ပြီ"
စာရွက်ကိုယူကာ ပြုံး၍
..............................................................................
"ေ-သချာတာပေါ့"
"ယေး!!..."
..................................................................................
>>>လေဆိပ်၌<<<
"Hello Daddy"
"ကျောက်စဉ်းအိုး...."
"Daddy Morningပါ "
"Morning သမီး"
"အော် ဒီလိုလား"
.................................................................................
"Hello ကိုကို"
"အင်း"
"ကိုကိုကလဲ....သူ့ဘာသာမရိုးသားလည်း ကျွန်တော်ရိုးသားရင် ရပြီမဟုတ်လားလို့ နော်"
"ကျစ်"
"ကိုကို.........နော်....လို့"
"အင်းပါ.."
"ကျန့်"
"ဗျာကိုကို"
"ဟင် ဘယ်သူလဲ"
"ဟဟဟဟ"
.................................................................................
"အဖေ..."
"သားရယ် အဖေက မင်းကိုလွမ်းနေတာ...တကယ်ကြီးများ အဖေ့ကိုမုန်းသွားပြီလားလို့တောင်ထင်နေတာ"
"ဟုတ်"
ရိပေါ်က
"ဟေ ဆွေမျိုး?"
"ဟေ..........."
................................................................................
"ဟုတ်ပါပြီဗျာ ဟဟဟ"
"ရှောင်....!"
"မင်း!....ဖုန်းမြင့်!"
"သမီး"
"ရှင်"
"သား...သားငယ်..."
"ခ ခဗျားက...ဘယ် ဘယ်သူလဲ"
"ရှောင်"
.................................................................................
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
..................................................................................
(Unicode)
🌸Mud(နှံ)🌸
"ယန်လီ ကျန့်ကို ငါစောင့်ရှောက်မှာ နင်စောင့်ရှောက်စရာမလိုဘူး"
ငိုကာ အလွမ်းသည်ရင်ဖွင့်နေကြတဲ့မောင်နှမယောက် ရိပေါ်ရဲ့စကားကြောင့် ငိုရာမှရပ်၍ ကြောင်သွားပြီး ကျန်းချန်ကပါ မျက်လုံးပြူးသွားသည်။ ကျန်းချန်က
"ရိပေါ် မင်းဘာပြောလိုက်တာ"
"ကျန့်ကိုငါပဲစောင့်ရှောက်မှာ ဘယ်သူမှစောင့်ရှောက်စရာမလိုဘူး"
ယန်လီက
"ဟဲ့ နင်အဲ့လိုတော့မပြောနဲ့ ကျန့်ကျန့်က ငါ့မောင်လေးနော်"
"နင်အဲ့လိုပြောကြေးဆို ကျန့်က ငါ့ချစ်သူပဲလေ"
ယန်လီ/ကျန်းချန် - "ဘယ်လို..."
"နင်တို့ပြန်တွဲနေတာလား"
ရှောင်းကျန့်က
"ဟုတ်တယ်မမ ကိုကိုနဲ့ကျွန်တော်...ပြန်တွဲနေပြီ..."
ရှောင်းကျန့်က ပါးလေးရဲကာ ပြောတော့ ယန်လီက မျက်မှောင်ကျုံ့ကာ
"ဘာ! နင်တို့တွေ ငါ့ကိုအခုမှပြောတယ်ဟုတ်လား!"
ယန်လီက ဒေါသသံနဲ့ပြောတာကြောင့် ရှောင်းကျန့်လန့်သွားသည် ။
"မ မဟုတ်ပါဘူး မမ ကျွန်တော်တို့ကလေ"
"တော်စမ်း! ဘာမှမပြောနဲ့ အခုမှပြောတော့ အကုန်နောက်ကျကုန်မှာပေါ့! နင်တို့တွေကတော့လေ.. ဟဲ့ကျန်းချန်"
"ဟေ"
"မဂ်လာပွဲအမြန်ဆုံးစီစဉ်ဖို့ နင့်ကို မန်နေဂျာခန့်လိုက်ပြီ"
ယန်လီ့စကားကြောင့် ရှောင်းကျန့်နဲ့ရိပေါ် ပြုံးရယ်သွားကာ ရှောင်းကျန့်လေးကိုဖက်ထားလိုက်သောရိပေါ်။ ယန်လီနဲ့ကျန်းချန်ကတော့ ရိပေါ်တို့ကိုကြည့်ကာ အားကျသောအမူအရာဖြင့် စနောက်ကျီစယ်နေကြကာ တစ်အိမ်လုံးရယ်မောသံတွေနဲ့ ပြည့်နှက်လျက်ပင်
................................................................................
ကွမ်းယောက်တစ်ယောက် လန်လူကြီးမင်း၏ရုံးခန်းထဲတွင် ဘယ်သူမှမရှိချိန် စာရွှက်တွေကို လှန်လောရှာနေသည်။ ရိပေါ်နဲ့ လန်လူကြီးမင်းကတော့ နားနေခန်း၌ တိတ်တဆိတ်CCTVကိုကြည့်နေသည် ။
"တကယ်မထင်ထားဘူးဗျာ ဒါကြောင့် ကျွန်တော့်ရဲ့စာရွက်စာတမ်းတွေ တစ်ရွက်ပြီးတစ်ရွက်ပျောက်ပျောက်နေပါတယ်လို့စဉ်းစားနေတာ ဒါကြောင့်ကိုး"
ကျန်းချန်က
"ကဲ အခု သ-က်ေ-သလည်းရှိပြီဆိုတော့ ကျင်းကွမ်းယောင်ကိုဖြုတ်ချဖို့အတွက် Company ရဲ့ ဈေးနှုန်းအချက်အလက်တွေကိုပဲ ရှာဖို့ကျန်တော့တယ်"
"အဲ့အချက်အလက်တွေက ကျွန်တော့်ဆီမှာအကုန်ရှိပြီးသားပါ Mr.Jiang Cheng ဒါအတွက်တော့စိတ်ပူစရာမလိုပါဘူး ဟိုတစ်ခါ Mr.Wangပြောကတည်းက ကြိုလုပ်ထားလိုက်တာပါ သို့သော် ဒီလိုမျိုးလက်ပူးလက်ကြပ် သူ့ကိုမမိလို့သာ နောက်ပြီး Companyက CCTVတွေအကုန်လုံးကို သူကသိနေတော့ ရှောင်တိမ်းဖို့လွယ်တယ်လေ အခုတော့ Mr.Wangကျေးဇူးကြောင့် သ-က်ေ-သတွေရခဲ့ပြီဗျာ"
ရိပေါ်က
"ဒါဆို ဘာမှမစောင့်ဆိုင်းနဲ့တော့ ရဲတွေခေါ်ပြီး အချက်အလက်တွေအကုန်တင်ပြလိုက် ပြီးရင် သူ့ကို Companyက ဆွဲထုတ်မယ် သူ့အတွက် ခြေချစရာနေရာမရှိအောင် လုပ်ပါ Mr.Lan"
"စိတ်ချပါ Mr.Wang ကျွန်တော်တို့သဘောတူညီထားတဲ့အတိုင်း Mr.Wangက လုပ်ပေးခဲ့ပြီဆိုတော့ ကျန်တာကျွန်တော့်တာဝန်သာ ထားလိုက်ပါဗျ"
"ဒါဆိုစိတ်ချမယ် Mr.Lan"
"စိတ်ချလိုက်ပါ Mr.Wang"
လန်လူကြီးမင်းနဲ့ရိပေါ်တို့ လက်ချင်းဆွဲ၍ နှုတ်ဆက်ကာ ဂုဏ်ပြုနေကြသည်။ ကျန်းချန်က
"ကဲကဲ ဒါဆို မနက်ဖြန်ကြရင် ကျွန်တော်နဲ့ရိပေါ် Mr.Lanဆီကို လာခဲ့မယ် အားလုံးအဆင်သင့်ပြင်ထားနော်"
"ဟုတ်ကဲ့ Mr.Jiang Cheng အချိန်ကိုက်ကိုဖြစ်နေစေရမယ်"
သဘောတူညီမှုယူကြပြီး CCTVကိုပြန်ကြည့်နေကြသည် ။
ကွမ်းယောင် စာရွက်တွေကိုမွှေနှောက်ရှာနေရင်း ဗီဒိုတစ်ခုဆွဲထုတ်လိုက်တော့ သူလိုချင်နေတဲ့ Company ရဲ့ရှယ်ယာထည့်ထားသော အချက်အလက်စာရွက်
"ဟာ တွေ့ပြီ"
စာရွက်ကိုယူကာ ပြုံး၍
"အဟက် မင်းတို့တွေ ငါ့ကိုဘယ်လိုပဲ ပညာပေးချင်နေပါစေ ငါက အသာပေးမယ်များထင်နေလား....ဟဟဟ ငါ့ရဲ့လက်ထဲမှာ ဒီရှယ်ယာတွေရှိနေပြီ ဒီCompanyကို ငါပိုင်တော့မှာ အဟင်း... ခက်တာက ရှောင်းကျန့်ရဲ့Companyကိုအပိုင်သိမ်းဖို့လုပ်ကြံတုန်းကတောင် ဒီလောက်ထိ မခက်ဘူး...ဝမ်ရိပေါ် ရှိနေလို့ ခဗျားကြီးရှေ့အရင်ရက်တွေမှာ သ-က်သာသွားတယ်မှတ်ပါ Mr.Lan Yi"
တစ်ယောက်ထဲ ကြိမ်းဝါးနေကာ ပျော်နေသောကျင်းကွမ်းယောင်။ သူ့ရဲ့စကားပြောသံတွေ အမူအရာတစ်ခုချင်းစီတိုင်းကို ရိပေါ်ရဲ့လျှို့ဝှက်CCTVက မှတ်တမ်းတင်နေတာကိုတော့ သူမသိလိုက်ပေ။
..............................................................................
ရှီးချန် အခန်းထဲဝင်လာကာ ရှောင်းကျန့်ရှေ့ရပ်လိုက်သည်။ ရှောင်းကျန့်လည်း မော့ကြည့်လိုက်ပြီး
"ဘာလာလုပ်ပြန်ပြီလဲမင်း"
"ရှောင်းကျန့်ကလည်း ဟိုနှစ်လက ကျွန်တော့်ကိုပြောထားတယ်လေ သူငယ်ချင်းအဖြစ်စဉ်းစားပေးမယ်လို့ အခုလကုန်ဆို ကျောင်းတောင်ပြီးတော့မယ် အခုထိ မဖြေကမရသေးဘူးလေ"
"အော်...ဟုတ်သားပဲ မေ့နေတာ ဒီလတွေထဲစာမေးပွဲတွေနဲ့ဆိုတော့ မင်းကိုအကြောင်းပြန်ဖို့မေ့သွားတယ် sorry ရှီးချန်"
"ရပါတယ်ရှောင်းကျန့်ရယ်...ရှောင်းကျန့်သာ ကျွန်တော်နဲ့သူငယ်ချင်းလုပ်မယ်ဆိုရင်လေ ကျွန်တော်တကယ်လိမ်မာမှာပါ"
"မင်းစကားက ေ-သချာရဲ့လား"
"ေ-သချာတာပေါ့"
"ကောင်းပြီလေ ငါမင်းကို သူငယ်ချင်းအဖြစ်လက်ခံတယ်"
"ယေး!!..."
"နေဦး...ပြောလို့မပြီးသေးဘူး ငါမင်းကိုသူငယ်ချင်းအဖြစ်ပဲလက်ခံတာနော် အဲ့ထက်အဆင့်တက်ချင်မနေနဲ့"
"ဒါကတော့ ပြောမရဘူးလေ လူ့စိတ်ဆိုတာ အမြဲပြောင်းလဲနေတာမဟုတ်လား"
"ဒါကမင်းအတွေး ငါ့အတွေးနဲ့မတူလို့ မင်းကိုမပြောပြတော့ဘူး ပြောပြလည်းမင်းက နားလည်မှာမဟုတ်လို့"
"နားလည်လည် မလည်လည်ပါ...ကျွန်တော်ကတော့ ရှောင်းကျန့်မှ ရှောင်းကျန့်ပဲ"
ရှောင်းကျန့် ခေါင်းခါကာ စိတ်လေနေသည်
..................................................................................
>>>လေဆိပ်၌<<<
ယွင်လူကြီးမင်း လေဆိပ်သို့ရောက်နေလေပြီ။ ဖုန်းခေါ်ကာ ဟိုကြည့်ဒီကြည့်ဖြင့်လူရှာနေသော ယွင်လူကြီးမင်း။ ယန်လီဖုန်းကို ကိုင်လိုက်ကာ
"Hello Daddy"
"သမီး Daddy လေဆိပ်ရောက်နေပြီ သမီးက ဘယ်မှာလဲ"
"သမီးလည်းလေဆိပ်မှာပဲလေ Daddy ကအခုဘယ်နားမှာလဲ"
"Daddyက ကျောက်စဉ်းအိုးအရှေ့နားမှာ"
"ကျောက်စဉ်းအိုး...."
ယန်လီ လည့်ပတ်ရှာလိုက်တော့ သူ့Daddyကိုတွေ့ပြီလေ ။ အနားသို့အမြန်သွားကာ ဖက်လိုက်သည်
"Daddy Morningပါ "
"Morning သမီး"
"လာ သမီးတို့ ရိပေါ်အိမ်ကိုသွားကြမယ်"
"အေးအေး သားငယ်ကရော ဘယ်မှာလဲ"
"အမလေး ရှိပါ့ အခုတော့ရိပေါ်က ကျောင်းသွားကြိုနေတယ် ပြီးရင် အိမ်ကိုတန်းပြန်လာကြလိမ့်မယ်"
"အော် ဒီလိုလား"
ယွင်လူကြီးမင်းနဲ့ ယန်လီတို့ လေဆိပ်မှ ရိပေါ်အိမ်သို့ ပြန်လာကြသည်။
.................................................................................
ရိပေါ် ကားကိုကျောင်းရှေ့၌ရပ်ကာ ကြည့်နေသည်။ ကျောင်းလွှတ်တော့ ကျောင်းသားတွေထွက်လာကြသည့်အထဲ အသဲအမဲရှာနေတဲ့ရိပေါ်။ အကြာအတော်ကြာတာတောင် ထွက်မလာသေးတဲ့ရှောင်းကျန့်ကြောင့်
"ကျစ် ကျန့်က ဘာလို့ထွက်မလာသေးတာလဲ"
ဆိုကာ ရှောင်းကျန့်ဆီ ဖုန်းခေါ်လိုက်သည်။ ရှောင်းကျန့်လည်း ဖုန်းကိုင်ကာ
"Hello ကိုကို"
"မင်းအခုဘယ်မှာလဲ ကျောင်းကလွှတ်နေပြီ အခုချိန်ထိ ကျောင်းထဲက ထွက်မလာသေးဘူး ဘာလုပ်နေတာလဲပြော"
"ဖြေးဖြေးပြောပါကိုကိုရယ်...ဒီမှာ Finalစာမေးပွဲအတွက် ဆရာမဆီကနေ အရေးကြီးတဲ့မေးခွန်းတွေယူနေလို့ပါ"
ထိုအချိန် ဘေးမှ မျန့်မျန့်နှင့်ဝမ်ချင်က ဖုန်းထဲသို့အော်၍ပြောသည်
"ဟုတ်တယ်ရှောင်ကောကောရေ ညီမတို့လည်းသ-က်ေ-သရှိပါတယ်"
"တွေ့လား တွေ့လား သူများတွေကပါ ထောက်ခံပေးနေပြီ"
"အင်းပါ အခုယူပြီးပြီမလား ထွက်လာတော့လေ"
"ဟုတ်ဟုတ် ထွက်လာနေပြီကိုကို"
ရှောင်းကျန့်နဲ့ဝမ်ချင်တို့တစ်သိုက် ထွက်လာတော့ ရိပေါ် ပြုံး၍ကြည့်နေသည် ။ ထိုအချိန် ရှောင်းကျန့်အနောက်မှ ပါလာသော ရှီးချန်ကိုမြင်တော့ ပြုံးနေရာမှာ ချက်ချင်းမျက်နှာတည်သွားသောရိပေါ်
"ရှောင်းကျန့် သဘက်ခါမှတွေ့မယ်နော်"
"အင်း"
ပြောကာ ရှောင်းကျန့် ဝမ်ချင်တို့ကိုပါ နှုတ်ဆက်ပြီး ကားလမ်းကူးကာ ရိပေါ်ဆီကိုသွားလိုက်သည်။ ကားတံခါးကို ဖွင့်ကာ ဝင်ပြီး ရိပေါ်ကိုကြည့်တော့ မျက်နှာကြီးက ဆူပုတ်ပုတ်
"အယ် ကိုကို မျက်နှာကြီးက ဘာလို့ဆူပုတ်နေတာလဲ"
"အဲ့ကောင်နဲ့မပေါင်းနဲ့လို့ပြောထားတယ်မလား"
"အော်ကိုကိုရယ်...ဘာများလဲလို့ သူက ကျွန်တော့်ရဲ့ဂျူနီယာပါ ရိုးရိုးသားသားသူငယ်ချင်းတွေပါ အထင်မလွဲပါနဲ့နော်"
"မင်းပဲ အရင်က သူနဲ့အပေါင်းသင်းမလုပ်ဘူးဆိုပြီးကတိပေးထားတာလေ"
"အဲ့တုန်းက ကိုကိုက ဟိုလိုတွေထင်နေတာလေ အခုက သူငယ်ချင်းဘော်ဒါတွေလိုပဲလေနော် စိတ်မဆိုးပါနဲ့....နော်နော်နော်"
"အဲ့ကောင်အကြည့်တွေကို ကိုယ်သိတယ်ကျန့် အဲ့ကောင်နဲနဲလေးမှ မရိုးသားဘူး"
"ကိုကိုကလဲ....သူ့ဘာသာမရိုးသားလည်း ကျွန်တော်ရိူးသားရင် ရပြီမဟုတ်လားလို့ နော်"
"ကျစ်"
"ကိုကို.........နော်....လို့"
ရှောင်းကျန့်ရဲ့ချွဲနွဲ့တဲ့အသံနှင့်အမူအရာကြောင့် ရိပေါ် စိတ်လျှော့လိုက်ရသည်
"အင်းပါ အဓိကက ကျန့်ရိုးသားဖို့ပဲ ကိုယ်နောက်ထပ်တစ်ခါ ထပ်ပြီး အဖြစ်မခံနိုင်တော့ဘူးနော်"
"စိတ်ချပါကိုကိုရယ်...ကျွန်တော့်က ကိုကို့ကိုပဲချစ်တာပါ..."
"အင်းပါ.."
ပြုံးကာ ရှောင်းကျန့်ကို ဖက်လိုက်ပြီး ဆံပင်လေးတွေကိုပွတ်သပ်ပေးနေသောရိပေါ်
"ကျန့်"
"ဗျာကိုကို"
"ကျန့်အတွက် အိမ်မှာဧည့်သည်တစ်ယောက်ရောက်နေတယ်"
"ဟင် ဘယ်သူလဲ"
"အဲ့ဒါကတော့ အိမ်ရောက်ရင်သိမှာပေါ့ နောက်ပြီးမနက်ဖြန်ကြရင် သွားစရာရှိတယ် အဲ့ဒါ ကျန့်ပါ လိုက်ခဲ့ရမယ်"
"အင်း လိုက်ခဲ့ပေးမယ်လေကိုကို"
"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ကိုယ်တို့အခု မင်းအဖေကိုသွားခေါ်ကြမယ်"
"ဟင်? အဖေ့ကိုဘာလို့ခေါ်မှာလဲ"
"အိမ်ရောက်ရင် သိရမယ်ဆို"
"အင်းပါ...ကိုကိုတို့ကလည်း လျှို့ဝှက်လိုက်တာ..."
"ဟဟဟဟ"
ရိပေါ် နဲ့ရှောင်းကျန့် ဆေးရုံသို့မောင်းထွက်လာသည်။
.................................................................................
ဆေးရုံသို့ရောက်ချိန် ရှောင်းကျန့် အခန်းထဲဝင်လိုက်တော့ ရှောင်လူကြီးမင်း ပျော်ကာ အိပ်နေရာမှ ထထိုင်သည်
"သားငယ်လေး...ရှောင်းကျန့်"
ရှောင်းကျန့် ငိုမဲ့မဲ့ဖြစ်ကာ ရှောင်လူကြီးမင်းကို ပြေးဖက်လိုက်သည်။
"အဖေ..."
"သားရယ် အဖေက မင်းကိူလွမ်းနေတာ...တကယ်ကြီးများ အဖေ့ကိုမုန်းသွားပြီလားလို့တောင်ထင်နေတာ"
ရှောင်းကျန့် ဖက်နေရာဖယ်ကာ မျက်နှာကိုညိုးငယ်စွာကြည့်ပြီး
"သားတောင်းပန်ပါတယ်အဖေ...အဲ့တုန်းက တအားစိတ်လှုပ်ရှားပြီး ပြောချင်ရာတွေ ပြောမိခဲ့တာပါ...နောက်ပြီး သား အဖေ့ကိုမမုန်းပါဘူး"
"အင်းပါကွယ်...သားက အဖေ့ကိုမမုန်းဘူးဆိုတာနဲ့တင်ပဲ အဖေကျေနပ်ပါပြီ"
"ဟုတ်"
ရိပေါ်က
"ဟို.... Uncle ကျွန်တော့်အိမ်ကို ခဏလောက်လိုက်ခဲ့လို့ရမလားဗျာ"
"ဟေ အေး ရတယ်လေ Uncle လည်း ဆေးရုံမှာပဲ ထိုင်နေရတာ ပျင်းလှပြီကွယ်"
"ဒါအတွက်တော့ ကျွန်တော်စီစဉ်ထားပါတယ် Uncle အိမ်မှာပဲ nurse နဲ့ထားပြီးလည်း သ-က်တောင့်သ-က်သာနေလို့ရပါတယ်ဗျ"
"အယ်...မဟုတ်တာကွယ်....ပိုက်ဆံတွေကုန်ပါတယ်...မလုပ်ပါနဲ့"
"မကုန်ပါဘူး Uncle နောက်ဆို ဆွေမျိုးတွေတော်မယ့်ကိစ္စပဲလေ အပန်းမကြီးပါဘူး"
"ဟေ ဆွေမျိုး?"
"ဟုတ်ပါတယ်ဗျ ရှောင်းကျန့်နဲ့ကျွန်တော်က မေတ္တာမျှနေကြတာပါဗျ"
"ဟေ..........."
ရှောင်လူကြီးမင်းက မျက်လုံးပြူးကာ အံ့ဩသွား၍ ရှောင်းကျန့်ကိုကြည့်တော့ ပါးလေးနှစ်ဖက်ရဲကာ ခေါင်းငုံ့ပြတဲ့သားကြောင့် ရှောင်လူကြီးမင်းပြုံးမိသွားသည်
"အော်....ငါ့သားတောင် ကြင်ဖော်ရနေပြီပဲ...သဘောတူတယ်ကွာ...."
ရှောင်လူကြီးမင်းစကားကြောင့် ရှောင်းကျန့်ပျော်သွားကာ
"ဟာ တကယ်နော် အဖေ ကျွန်တော်တို့ကိုတကယ်သဘောတူတာနော်"
"တကယ်ပေါ့သားရာ လူငယ်လေးဝမ်ရိပေါ်ဆိုတာက ပြောစရာမလိုအောင်ကို စွမ်းဆောင်ရည်ပြည့်ဝတဲ့လူငယ်လေးလေ သားကိုမယူရသေးပဲနဲ့တောင် အဖေ့အသ-က်ကိုလည်းကယ်တယ် သားကိုလည်းကျောင်းထားပေးတဲ့အပြင် အစစအရာရာ အားလူံးကို ဂရုစိုက်ပေးတဲ့ဒီလူငယ်လေးကို အဖေက ငါ့သားနဲ့သဘောမတူရင် အဖေ ရူးရာကျမှာပေါ့..."
"ဟီးဟီး ပျော်လိုက်တာအဖေရယ်"
ရှောင်းကျန့် ရှောင်လူကြီးမင်းကိုဖက်တော့ ရှောင်လူကြီးမင်းက ရိပေါ်ကို လက်ဖြင့်လာဖို့ခေါ်တော့ ရိပေါ်လည်း ထိုနွေးထွေးတဲ့ထွေးဖက်မှုကြား ပါဝင်လိုက်သည်။
................................................................................
ယွင်လူကြီးမင်း ကော်ဖီသောက်နေရင်း ဧည့်ခန်း၌ ထိုင်နေသည်။ ယန်လီနဲ့ကျန်းချန်လည်း ဘေးနားမှာထိုင်နေကာ
"သမီး သားငယ်နဲ့ရိပေါ်က မရောက်သေးပါလား သူတို့ဘယ်တော့လာမှာလဲ ဖုန်းဆက်ကြည့်ပါဦး"
"အော် daddyရယ် ဒါကရိပေါ်အိမ်ပါ သူတို့ထွက်မပြေးပါဘူး လာမှာပေါ့လို့ စိတ်အေးအေးနဲ့စောင့်ပါ"
"အေးပါသမီးရယ် Daddyလည်းစိတ်လောသွားလို့ပါ သားငယ်ကိုတွေ့ချင်နေတာနဲ့ပဲ"
ရိပေါ်တို့ကား ခြံထဲသို့ဝင်လာသည်။ ရိပေါ်နဲ့ ရှောင်းကျန့် ရှောင်လူကြီးမင်းကိူ တွဲခေါ်လာကာ အိမ်ထဲဝင်လာသည်။ ရှောင်လူကြီးမင်းက
"ရပါတယ် သားတို့ရယ် အဖေ လမ်းလျှောက်နိုင်ပါတယ်"
"အဖေကလည်း ချစ်လို့တွဲပေးတာလေ"
"ဟုတ်ပါပြီဗျာ ဟဟဟ"
ရယ်မောကာ ဝင်လာကြာတော့ ယွင်လူကြီးမင်းလည်း ထရပ်ကာ သူ့သားငယ်ကိုမျှော်လင့်တကြားကြည့်သည်။ ဧည့်ခန်းထဲအရောက် ယွင်လူကြီးမင်းနှင့် ရှောင်လူကြီးမင်းတို့ မျက်နှာချင်းဆိုင်တွေ့ဆုံမိသွားကြသည် ။
"ရှောင်....!"
"မင်း!....ဖုန်းမြင့်!"
"ရှောင် မင်းက....ဘာလို့ဒီကိုရောက်နေတာလဲ"
"ဘာ!....ဒါက ငါမေးရမယ့်ကိစ္စပါ...မင်းက ဘာလို့ဒီကိုရောက်နေတာလဲ"
"ငါက ငါ့သားနဲ့ငါ့သမီးဆီကိုလာတာ"
ယွင်လူကြီးမင်းရဲ့စကားကြောင့် ရှောင်လူကြီးမင်းအခုအနေအထားကို သတိထားမိသွားပြီး ရှောင်းကျန့်လက်ကိုကိုင်ကာ
"ဘယ်ကမင်းရဲ့သားလဲ မင်းတွေ့စရာမလိုဘူး သွား! မင်းပြန်တော့!! ဖုန်းမြင့်!!!"
"ရှောင် မင်းဘာတွေပြောနေတာလဲ"
ယွင်လူကြီးမင်း အတွေးများရှုပ်ထွေးသွားကာ ရှောင်လူကြီးမင်းရဲ့ဘေးမှ ရှောင်းကျန့်ကို သတိထားမိသွားသည် ။
"သမီး"
"ရှင်"
"Daddy သားငယ်က ဘယ်မှာလဲ"
ယန်လီလည်း လူကြီးနှစ်ယောက်ရဲ့ အငြင်းပွားမှူကြားမှာ အနည်းငယ်ကြောက်နေ၍ ကြောက်ကြောက်ဖြင့်သာ ရှောင်းကျန့်ကိုလက်ညိုးထိုးပြလိုက်တော့ ရှောင်းကျန့်ကိုကြည့်လိုက်သော ယွင်လူကြီးမင်း ။
အခုမှ သတိထားမိတာက ရှောင်းကျန့်က အမျိုးသမီးရှောင်းယွမ်နဲ့ တစ်ထပ်တူတဲ့မျက်နှာရှိနေတာပင် ။ ယွင်လူကြီးမင်း ရှောင်းကျန့်ကိုကြည့်ကာ မျက်ရည်များဝဲလာပြီး
"သား...သားငယ်..."
ရှောင်းကျန့် ဘာပြောရမှန်းမသိဖြစ်နေသည်။ တစ်ခါမှမမြင်ဖူးတဲ့လူတစ်ယောက်က သူ့ကိုသားလို့ခေါ်နေပြီး အဖေလုပ်သူကလည်း သူ့လက်ကိုအတင်းဆုတ်ကိုင်ထားသည်။ ရှောင်းကျန့် တုန်ရီနေကာ ရပ်နေလျက်
"ခ ခဗျားက...ဘယ် ဘယ်သူလဲ"
"Daddyလေ သားရဲ့အဖေအရင်းပါ"
ရှောင်းကျန့် ခေါင်းတစ်ခုလုံးထူပူသွားသည် ။ သူ ငယ်စဥ်ကတည်းက တစ်ချိန်လုံးတမ်းတနေခဲ့ရတဲ့အဖေအရင်းဆိုသူကိုတွေ့ရတော့ ဘာစကားသံမှထွက်မလာတော့ပေ။ မျက်ရည်များဝဲကာ နှုတ်ဆိတ်နေသည်။ ထိုအချိန် ရှောင်လူကြီးမင်းက
"ဒါက မင်းသားမဟုတ်ဘူးဖုန်းမြင့်!!! ဒါမင်းရဲ့သားမဟုတ်ဘူး....ဒါက ငါ့သား...ငါငယ်ငယ်လေးကတည်းက မွေးလာတဲ့ငါ့သား!...နော်သားနော်...သားက အဖေ့သားနော် ဟုတ်တယ်မလား "
ရှောင်းကျန့် မျက်ရည်များကျလာကာ မျက်နှာတစ်ခုလုံးနီရဲလာသည်။ ရှောင်လူကြီးမင်းမေးသည်ကိူ ရှောင်းကျန့် မဖြေနိုင်။ မွေးပေးခဲ့တဲ့အဖေနဲ့ ကျွေးပေးခဲ့တဲ့အဖေကို သူမရွေးချယ်တက်တော့။ ဘယ်သူက သူ့အဖေလဲဆ်ုတာကို သူမရွေးချယ်နိုင် ။ ကျောက်ရုပ်သဖွယ် နှုတ်ဆိတ်နေသည်။ ရှောင်လူကြီးမင်းက ရှောင်းကျန့်လက်တွေကိုကိုင်ကာ ငို၍ပြောနေသည်
"သားငယ်လေး...ရှောင်းကျန့်...ပြောလိုက်လေ သားက အဖေ့သားဆိုတာကို အဲ့ကောင်ကိုပြောလိုက်လေနော်...သားလေး...ရှောင်းကျန့်..."
"သား daddyဆီလာပါဦး သားငယ် ရှောင်းကျန့်လေး"
အဖေနှစ်ယောက်ကြား ဗျာများနေတဲ့ရှောင်းကျန့်ကို ရိပေါ် လက်ဆွဲ၍ ဒေါသမျက်လုံးဖြင့်
"တော်ကြပါတော့... Uncle တို့တွေလုပ်တာနဲ့ ကျန့်ငိုနေရပြီ ကျန့်ကိုဗျာများအောင် မလုပ်ကြပါနဲ့ ကျွန်တော်မကြိုက်ဘူး!... Uncle တို့ဘာသာ လူကြီးချင်း သာဘောထားတူညီအောင် ညှိယူကြပါ ပြီးမှ ကျန့်ကို ဆုံးဖြတ်ခိုင်းပါ ဒီလိုမျိုးကြီးတော့ ဟိုဘက်ကလု ဒီဘက်လု မလုပ်ကြပါနဲ့!...လာ ကျန့် "
ရှောင်းကျန့်ကို အသာလေး ထွေးဖက်၍ အပေါ်ထပ်သို့ခေါ်သွားသောရိပေါ်။ ဧည့်ခန်းထဲ၌ ကျန်းချန်က ရှောင်လူကြီးမင်းကို ယွင်လူကြီးမင်းရဲ့မနီးမဝေး၌ နေရာချပေးသည် ။ ရှောင်လူကြီးမင်း ငိုနေတော့ ယွင်လူကြီးမင်းက
"ရှောင်"
"မင်းငါ့နာမည်ကို မခေါ်နဲ့!...မင်းလိုကောင်ကို ငါမမြင်ချင်ဘူး..."
"ရှောင်...မင်းမမြင်ချင်လည်း မြင်နေရမှာပဲရှောင်...ငါ့ကိုကျေးဇူးပြုပြီး သားက မင်းဆီဘယ်လိုလုပ်ရောက်နေတယ်ဆိုတာကို ရှင်းပြပေးပါကွာ"
"မင်းကို သမီးယန်လီ မပြောဘူးလား!"
ယွင်လူကြီးမင်းက ယန်လီကိုကြည့်တော့
"ဟို ဟုတ်တယ် daddyကို သမီးမပြောရသေးဘူး...သမီးပြောပြပါ့မယ်...ကျေးဇူးပြုပြီး မောင်လေးကို ငိုအောင်မလုပ်ကြပါနဲ့နော်"
ယွင်လူကြီးမင်းက ခေါင်းငြိမ့်ပြတော့ ယန်လီက ဖြစ်စဉ်ကို ရှင်းပြနေလိုက်သည်။
.................................................................................
အခန်းထဲ၌ ရှောင်းကျန့် ငိုနေသည်။ ရိပေါ်က မျက်ရည်လေးတွေကို သုတ်ပေးကာ
"ကျန့်ရယ် မငိုပါနဲ့တော့...လူကြီးတွေ သူတို့ဘာသာသူတို့ နားလည်မှုယူကြပါလိမ့်မယ် နော်"
"ကျွန်တော်...ကျွန်တော် မရွေးချယ်တက်ဘူးကိုကို"
"ဟူး...ကိုယ်သိပါတယ်...အခုမှတွေ့ရတဲ့ အဖေအရင်းနဲ့ ကျွေးမွေးလာတဲ့မွေးစားအဖေကို မရွေးချယ်နိုင်တော့မှန်း ဒါပေမယ့် ကျန့် ေ-သချာစဉ်းစားပါ...ကျန့်ဆုံးဖြတ်တာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ်အမြဲ ကျန့်ဘက်ကပဲနေပြီး ကျန့်အနားမှာအမြဲရှိနေမှာပါ"
ရှောင်းကျန့် ရိပေါ်ရင်ခွင်ထဲ၌ ငိုကာ အဖေနှစ်ယောက်ကြား ရွေးချယ်ရခက်ကာ ဗျာများလို့နေသည်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
#WattpadAuthor_LoonDarli✍️
#feedbackလေးတွေပေးခဲ့ကြပါဦးဗျ🙆💚
#ဖတ်ရှုပေးတဲ့ဒါဒါလေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ🙇🫶