"မင်္ဂလာပါ စီအီးအိုချွဲ ကျွန်တော်က ယွန်းလုပ်ငန်းစုရဲ့ ဒုဥက္ကဌ ယွန်းဆူယော့ပါ..."
ချွဲဆွန်းချော ကမ်းပေးနေတဲ့လက်ကို တစ်ချက်သာကြည့်ပြီး ဘေးက ယွန်းဂျောင်ဟန်ကို ခပ်စူးစူးကြည့်လာခဲ့တယ်။ ဒီအမျိုးသားရောက်လာကတည်းက ပွဲက ငြိမ်သက်သွားခဲ့တာ။ သူတောင်မှ ရင်တွေတုန်နေတုန်း။
ယွန်းဆူယော့က တန်းလန်းဖြစ်နေတဲ့လက်ကို အသာပြန်ရုတ်ရင်း
"ဒါက ကျွန်တော့်ညီလေးပါ ယွန်းဂျောင်ဟန်လို့ ခေါ်ပါတယ်..."
ဂျောင်ဟန် မသိချင်ယောင်ဘဲ ဆောင်ရမလား။ နှုတ်ပဲဆက်ရမလား တွေးမရတော့ဘူး။
စိုက်ကြည့်နေတဲ့ မျက်လုံးတွေကို ပြန်မကြည့်ရဲလို့ မျက်လွှာချရင်း နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာညနေခင်းပါဗျ...ကိုကိုနဲ့ တွေ့ရမယ်လို့ ကျွန်တော်မထင်ခဲ့ဘူးရော..."
ချွဲဆွန်းချောရဲ့ အရှိန်အဝါအပြည့်နဲ့ မျက်နှာသေပေါ်မှာ အပြုံးပါးပါးလေး ဖြတ်ပြေးသွားတယ်။ ဒီကောင်လေး သူ့ကို မသိချင်ယောင်ဆောင်မယ်ထင်ထားတာလေ။ ပြီးတော့ ယွန်းလုပ်ငန်းစုဆိုတာက အချိန်တန်ရင် သူ့လက်အောက်ရောက်လာမယ့် လုပ်ငန်းစုအသေးစားလေးပါပဲ။ ယွန်းလုပ်ငန်းစုနဲ့ ယွန်းဂျောင်ဟန်ရဲ့ ပတ်သက်မှုကို စုံစမ်းရတော့မယ်လို့ မှတ်ထားလိုက်တယ်။
ယွန်းဆူယော့က "ဟန်လေးက စီအီးအိုချွဲနဲ့ သိတယ်လား ဟျောင်းလည်း မသိရပါလား"
ဂျောင်ဟန် ပြန်ဖြေဖို့ ပါးစပ်ဟရုံပဲ ရှိသေးတယ်။ ချွဲဆွန်းချောဆီက အသံကြားလိုက်ရတယ်။
"ယွန်းလုပ်ငန်းစုကနေ ပရောဂျက်တစ်ခု ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးထားတာ ရှိတယ်မဟုတ်လား"
စကားလမ်းကြောင်းလွဲသွားပြီး အလုပ်အကြောင်းဘက်ရောက်သွားတာမို့ သက်ပြင်းလေးချရင်း ဂျောင်ဟန် တိတ်တိတ်လေး ထွက်လာခဲ့တယ်။ အယ်လ်ဖာတွေကြားနေရတာ အသက်ရှူကျပ်တယ် တကယ်။ အစားအစာတွေ ခင်းကျင်းထားတဲ့နေရာမှာ စားချင်တာလေးတွေထည့်ပြီး သစ်သီးဖျော်ရည်တစ်ခွက်ယူကာ ထိုင်ဖို့ နေရာရှာလိုက်တယ်။ သေချာတာပေါ့။ တစ်စုံတစ်ယောက်ကို ကောင်းကောင်းမြင်ရမယ့်နေရာ ဖြစ်ရမယ်လေ။
ထိုင်ဖို့နေရာရှာပြီး ထိုင်ရုံရှိသေးတယ်။ ရုတ်တရက် စူးရှရှ ဖယ်ရိုမုန်းကြောင့် မျက်မှောင်ကြုတ်ပြီး မော့ကြည့်လိုက်မိတယ်။
"ဟဲလို ကလေးလေး...တစ်ယောက်ထဲလား...အဖော်လိုရင် အစ်ကို့ကိုပြောလေ"
ဖယ်ရိုမုန်းတွေ မွှန်ထူနေအောင် ထုတ်ထားပြီး ရုပ်ရှင်ထဲက လမ်းသရဲတွေရဲ့ စကားလာပြောတဲ့လူကို ဂျောင်ဟန်မသိဘူး။ သူ့ဂလင်းက ဖယ်ရိုမုန်းတွေ နှိုးဆွခံရလို့ ပူလာတာကို ခံစားလိုက်ရတယ်။patchကပ်ထားပေမယ့် အဆင်ပြေပါ့မလား သူမသိဘူး။ အေးအေးချမ်းချမ်း ဗိုက်ဖြည့်ချင်ရုံလေးပါ။ သောက်ပြဿနာတွေ ပေါ်လာမှဖြစ်မှာလားလို့။
"နို့စတော်ဘယ်ရီနံ့လေးက လူလေးနဲ့တကယ်လိုက်တာပဲ....ပွဲပြီးရင် ကိုယ်နဲ့လိုက်ခဲ့မလား"
ပြောရင်းဆိုရင်း လက်လာကိုင်တဲ့ သူကြောင့် ဂျောင်ဟန်တွန်းထုတ်လိုက်ရင်း မတ်တပ်ထရပ်လိုက်တယ်။ စောက်ရမ်းတွေ မွှန်ထူနေလို့ ခေါင်းတောင် ကိုက်လာပြီ။
တွန်းထုတ်လာတော့ ဒေါသထွက်လာပုံရတဲ့ ထိုလူက ဂျောင်ဟန်ရဲ့ မျက်နှာကို ကြမ်းကြမ်းဆုပ်ကိုင်ရင်း
"မင်းက အနုနည်းသုံးလို့မရဘူးပေါ့ ဟုတ်လား"
စိတ်ထဲမှာ သူတစ်ပြန်ကိုယ်တစ်ပြန် ချချင်နေပေမယ့် လူကတော့ မတ်တပ်တောင် မနည်းရပ်နေရတာ။ သောက်ရေးမပါတဲ့ ဖယ်ရိုမုန်းတွေလေ။ အဲ့ဒါတွေကြောင့် သူအိုမီဂါမဖြစ်ချင်တာ။
ဂျောင်ဟန် ရှိသမျှအားနဲ့ တွန်းဖယ်ပစ်လိုက်တော့ အနည်းငယ်မူးနေပုံရတဲ့ ထိုလူကလည်း စားပွဲပေါ်ယိုင်ကျသွားတယ်။
အဲ့ဒီအချိန်မှာ ယွန်းဆူယော့လည်းရောက်လာခဲ့တယ်။
ယွန်းဆူယော့က "ဟန်လေး ဘာဖြစ်တာလဲ" "သခင်လေးရှင်းပါလား....ဘာများဖြစ်ကြတာလဲ"
"ဒီမိုက်ရိုင်းတဲ့ကောင်က ငါ့ကိုတွန်းတာ...ရာရာစစ ငါက ရှင်းလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသား...ဒီလိုဆက်ဆံခံရဖို့ တွေးတောင်မတွေးမိခဲ့ဘူး....ယွန်းဆူယော့ မင်းဘယ်လိုလုပ်မှာလဲ"
ယွန်းဆူယော့ ခေါင်းကိုက်လာရပြီ။ ဒီကောင်က မလောက်လေးမလောက်စားဆိုပေမယ့် သူ့အဖေက ယွန်းလုပ်ငန်းစုရဲ့ ပါတနာဖြစ်တဲ့အပြင် ဒီနေ့ရဲ့ မွေးနေ့ရှင်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမှားရင်တောင် သူ့အဖေကိုမျက်နှာသာပေးရမှာ။ ခွေးကိုရိုက်ချင်ရင် ခွေးပိုင်ရှင်မျက်နှာကို အရင်ကြည့်ရတယ်လို့ ပြောကြတယ်မလား။
ယွန်းဆူယော့က "ဟန်လေး သခင်လေးရှင်းကိုတောင်းပန်လိုက်..."
ဂျောင်ဟန် ခေါင်းတွေမူးနေတဲ့ကြားက ပြောစရာမရှိလို့ ဆွံ့အသွားတယ်။ သူကတောင်းပန်ရမယ်တဲ့လား။ ဝေးသေး။
"ဟျောင်း ပြောနေတယ်လေ။ တောင်းပန်လိုက်"
ဂျောင်ဟန်ပါးစပ်ဟဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ
ပြတ်သားပြီး ခက်ထန်တဲ့ စကားသံတစ်ခုကြားလိုက်တယ်။
"တောင်းပန်ရအောင် ယွန်းဂျောင်ဟန်က ဘာအမှားလုပ်ထားလို့လဲ"
အဲ့မတိုင်ခင်က ပွဲကြည့်နေကြတဲ့ တီးတိုးသံတွေ အကုန်တိတ်သွားတယ်။ အသံလည်း ထွက်မနိုင်တော့ဘူးလေ။ Dominant Alphaရဲ့ ပြင်းထန်တဲ့ ဖယ်ရိုမုန်းတွေအောက်မှာ စကားသံတစ်သံတောင် ထွက်မလာနိုင်ကြတော့ဘူး။
ချွဲဆွန်းချော ယွန်းဆူယော့ဘေးမှာ လဲကျတော့မတတ်ဖြစ်နေတဲ့ ယွန်းဂျောင်ဟန်ကို ဆွဲယူလိုက်ပြီး သူ့ဖယ်ရိုမုန်းတွေကို တောင့်ခံနေရလို့ ချွေးတဒီးဒီးကျမတတ်ဖြစ်နေတဲ့ သူ့ရှေ့က အယ်လ်ဖာနှစ်ယောက်ကို စိတ်မဝင်စားသလို ကြည့်လိုက်တယ်။
"ပြော....သူတောင်းပန်ရမယ့်အမှားလုပ်ထားတာရှိရင် ငါလက်ခံနိုင်လောက်မယ့် အကြောင်းပြချက်နဲ့ ရှင်းပြ"
ချွဲဆွန်းချော ပြောနေရင်း သူ့လက်ကို ဂျောင်ဟန်ရဲ့ ဂုတ်ပိုးပေါ်က ဂလင်းအပေါ် ဖွဖွလေး အုပ်ကိုင်လိုက်တယ်။
ဂျောင်ဟန် အသိစိတ်လွတ်မတတ်ဖြစ်နေရင်း ပူလောင်နေတဲ့ ဂလင်းအပေါ်အုပ်ကိုင်လိုက်တဲ့လက်ကြောင့် အသက်ရှူဖို့ ထွက်ပေါက်ရသွားသလိုပဲ။ ပြီးတော့ သူ့အနီးဆုံးမှာရှိနေတဲ့ ထင်းရှူးနံ့။ အရမ်းကိုမှ သက်သောင့်သက်သာရှိပြီး သူအများကြီး အများကြီးလိုချင်သေးတာမို့ ပိုပြီး တိုးဝင်မိတယ်။
ချွဲဆွန်းချော သူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ ကောင်လေးကို ဖက်ထားရင်း နို့စတော်ဘယ်ရီနံ့ဖျော့ဖျော့လေးကို ရှူရှိုက်မိလိုက်တော့ သူဒီအနံ့ကို ဘယ်သူ့ကိုမှ ပေးမရချင်တော့ဘူး။
"ဘာလဲ...အ သွားတာလား...ဒါမှမဟုတ် ပြောစရာမရှိတာများလား"
သခင်လေးရှင်းက "ကျွန် ကျွန်တော်က စတာကို သူ သူက ကျွန်တော့်ကို တွန်းတာပါ"
ချွဲဆွန်းချောက "စတာ...အသက်မပြည့်သေးတဲ့ အိုမီဂါတစ်ယောက်ကို ဖယ်ရိုမုန်းတွေနဲ့ မြှူဆွယ်တာ စတာတဲ့လား...စီအီးအိုရှင်း ခင်ဗျားရဲ့ အဖိုးတန်သားလေးက ဒီနေ့ ကျုပ်မျက်စိကို အမြင်ကျယ်စေတာပဲ"
စီအီးအိုရှင်းက ပျာပျာသလဲ ရှေ့ထွက်လာကာ
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် စီအီးအိုချွဲ သွန်သင်ဆုံးမဖို့ လိုအပ်တဲ့ ကျွန်တော့်အပြစ်ပါ"
ချွဲဆွန်းချောက "အင်း ဒါပေါ့ အဲ့တော့ ကျုပ်က ခင်ဗျားအစား ဆုံးမပေးမလို့လေ"
"ဗျာ...."
ချွဲဆွန်းချောက "တရားစွဲမှာမို့ ကျုပ်ရှေ့နေနဲ့ စကားပြောလိုက်ပါ....ချက်ချင်း ထောင်ထဲမထည့်လိုက်တာက မွေးနေ့ရှင် ခင်ဗျားကို ကျုပ်မျက်နှာသာပေးတာပဲ"
ပြောပြီးတာနဲ့ ထုတ်လွှတ်ထားတဲ့ ဖယ်ရိုမုန်းတွေပြန်သိမ်းလိုက်ပြီး ရင်ခွင်ထဲမှာ ယုန်လေးလိုတိုးနေတဲ့ ကောင်လေးကို ပွေ့ပြီး အခန်းထဲက ထွက်လာခဲ့တယ်။
______________________________________
Note// အမှတ်အသားမလုပ်ရသေးဘဲ တစ်ယောက်ရဲ့ဖယ်ရိုမုန်းက တစ်ယောက်ကို စိတ်သက်သာရာရစေတယ်ဆိုတာက အပိုင်းတစ်မှာ ပြောခဲ့သလို သူတို့က ဖယ်ရိုမုန်းလိုက်ဖက်မှု၁၀၀%ရှိတဲ့ အယ်လ်ဖာအိုမီဂါ အတွဲမို့လို့ပါပဲ
စိတ်ကူးတွေချရေးတာမို့ sensitive မဖြစ်ကြဘဲ အပျော်အနေနဲ့ပဲ ဖတ်ပါရှင်