အပိုင်း ခြောက်

1.3K 134 4
                                    

ပြန်လည်မွေးဖွားပြီးနောက်ပိုင်း ဒီရက်တွေမှာ ယွန်းဂျောင်ဟန်တစ်ယောက် သိပ်ဇိမ်ကျလွန်းလို့ တခါတခါကျ ပြန်မွေးဖွားမှန်းတောင် မေ့နေပြီ။ မနက်မိုးလင်းတာနဲ့ ကျောင်းသွား၊ သူငယ်ချင်းတွေနဲ့ စကားပြောလိုက် မုန့်စားလိုက်၊ ကျောင်းကပြန်ရောက်တာနဲ့ အခန်းထဲမထွက်တော့ဘဲ စာလုပ်ရင်း ညစာတောင် အခန်းထဲပဲယူစားဖြစ်တာ၊ မမြင်ချင်တဲ့မျက်နှာတွေကို မမြင်ရ‌ေတာ့ဘူးမလား။ ပြီးတော့ 8နာရီ ဒေါင်ခနဲဆိုတာနဲ့ ဖုန်းတန်းကိုင်ပြီးသား။ ကားဆီထည့်ဖို့ မေ့တာကအစ မီဆိုးလ်နဲ့ဒေးဗစ် ရန်ဖြစ်တာအဆုံး ဟိုလူကြီးကို ပေါက်ပေါက်ဖောက်ရတာပဲ။ အင်းဆိုတာကလွဲရင် ဘာမှပြန်မပြောတတ်ပေမယ့် သူ့အတွက်သီးသန့်အချိန်ပေးပြီး နားထောင်ပေးတာနဲ့တင် ယွန်းဂျောင်ဟန်တို့ လေပေါ်ရောက်နေပြီ။ အရင်ဘဝက ဘာလို့များ ဒီလိုပေါ့ပေါ့ပါးပါးမနေနိုင်ခဲ့ရတာပါလိမ့်။

ဒီနေ့ကတော့ ကျောင်းပိတ်ရက်မို့ ဂျောင်ဟန် 12နာရီထိုးမှ အခန်းထဲက ထွက်လာခဲ့တယ်။
မနက်စာနဲ့နေ့လည်စာ ပေါင်းစားပြီး ပြန်အိပ်မှာ။ ညက assignment ရေးရင်း အတော်လေးညဉ့်နက်သွားတာ။

လှေကားပေါ်က ဆင်းပြီး ထမင်းစားခန်းထဲဝင်မလို့လုပ်နေတုန်း....

"ဟန်လေး...."

မင်းပဲ ဟန်လေး၊ မင်းတို့တစ်မျိုးလုံးပဲ ဟန်လေးနေလိုက်။ ဗိုက်ဆာတာကတမျိုး၊ မမြင်ချင်တဲ့မျက်နှာမြင်ရအုံးမယ်။ သည်းခံ ယွန်းဂျောင်ဟန်။

ယွန်းဂျောင်ဟန် အပြုံးလေးနဲ့ "ဟျောင်း ကုမ္ပဏီမသွားသေးဘူးလား။ နေ့လည်တောင်ရောက်နေပြီ။ ကျွန်တော်က သွားပြီထင်နေတာ"

ယွန်းဆူယော့က "ခဏပြန်လာတာ ဟန်လေးကို ပြောစရာရှိလို့...ညနေကျ ဒင်နာတစ်ခုတက်စရာရှိတာ ဟျောင်းနဲ့အတူတူလိုက်ခဲ့မလား....အိမ်ထဲပဲနေရတာပျင်းမှာပေါ့...ဟျောင်းနဲ့လိုက်ခဲ့ပြီး လုပ်ငန်းအကြောင်းလေ့လာလို့ရတာပဲ..."

ယွန်းဂျောင်ဟန် အပြင်မှာသာပြုံးပြနေရပေမယ့် စိတ်ထဲမှာတော့ မျက်လုံးလှန်မိပြီးပြီ။ သူ့ကို အချိုသတ်ပြီး လုပ်ငန်းအကြောင်းသင်ပေးမယ်ဘာညာနဲ့ ဆွဲဆောင်နေတာလေ။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now