အပိုင်း နှစ်ဆယ့်နှစ်

1.3K 115 4
                                    

ချွဲဆွန်းချော ယွန်းဂျောင်ဟန်နောက်က လိုက်ဖို့လွှတ်ထားတဲ့ ဘောဒီဂတ်ဆီမှ ယွန်းဂျောင်ဟန် barရောက်နေတယ်လို့ ကြားကြားချင်း ကားကို အမြန်မောင်းလာခဲ့တာ။ ဒီရောက်တော့ အသိစိတ်လွတ်နေတဲ့ ယွန်းဂျောင်ဟန်ကို မြင်လိုက်ရတဲ့အချိန်မှာ ဒေါသထက် နောင်တရတဲ့ ခံစားမှုက ပိုတိုးလာခဲ့တယ်။

သူ့မျက်စိအောက်ကနေ အပျောက်မခံဘဲ ဒီထက်ပိုပြီး ဂရုစိုက်ပေးရမှာကို....။

ဖရိုဖရဲဖြစ်နေတဲ့ အဝတ်အစားတွေနဲ့ တစ်ကိုယ်လုံးကို ကွေးကွေးလေးဖြစ်အောင် လုပ်ထားပြီး မျက်ရည်တွေကျနေတဲ့ ယွန်းဂျောင်ဟန်ကို မြင်ရတဲ့အချိန်မှာ လူသတ်ချင်စိတ်တွေ ဖြစ်လာခဲ့တာ။

ဘောဒီဂတ်တွေရဲ့ လက်ချက်ကြောင့် ကြမ်းပြင်ပေါ်လဲနေတဲ့ လေးယောက်ကို ကြည့်လိုက်တယ်။

"ခေါ်သွား....မသေစေနဲအုံး"

"ဟုတ်ကဲ့...."

တစ်ခန်းလုံးပျံ့နှံနေတဲ့ နို့စတော်ဘယ်ရီနံ့တွေကို ရှူရှိုက်ရင်း အသိစိတ်တွေ မလွတ်အောင် ထိန်းချုပ်လိုက်တယ်။

"ဘယ်ရီ...."

မျက်နှာလေးကို ဖွဖွလေးထိတွေ့ရင်း ချွဲဆွန်းချောရဲ့ အသံက အက်ကွဲနေတယ်။

ယွန်းဂျောင်ဟန် ရုတ်တရက် ရင်းနှီးနေတဲ့ ထင်းရှူးနံ့ကို ရလိုက်တဲ့အချိန်မှာ မျက်လုံးဖွင့်ကြည့်လိုက်မိတယ်။

"ကိုကို...."

ယွန်းဂျောင်ဟန် ရှေ့က လူရဲ့ ရင်ခွင်ထဲ ပစ်ဝင်လိုက်မိတယ်။ ကောင်းလိုက်တာ ထင်းရှူးနံ့တွေ....သူ အများကြီး အများကြီးလိုချင်လို့ ပိုပိုပြီး တိုးဝင်မိတယ်။

ချွဲဆွန်းချော သူ့ရင်ခွင်ထဲ ယုန်လေးတစ်ကောင်လို တိုးနေတဲ့ ဂျောင်ဟန်ကို ဖက်ထားရင်း ပိုပြီး မွှေးပျံ့လာတဲ့ နို့စတော်ဘယ်ရီနံ့တွေကြောင့် အံကြိတ်လိုက်မိတယ်။

ချွဲဆွန်းချော ယွန်းဂျောင်ဟန်ကို ပွေ့ချီလိုက်ပြီး ခြေလှမ်းကျဲတွေနဲ့ ထွက်လာခဲ့တယ်။
ကားနောက်ခန်းတံခါးကို ဖွင့်ရင်း ရင်ခွင်ထဲတိုးနေတဲ့သူကို နေရာချပေးဖို့ ကြိုးစားပေမယ့် မလွှတ်ပေးတဲ့ သူကြောင့် သူပါ ကားနောက်ခန်းထဲ ဝင်လိုက်ရင်း.....

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now