အပိုင်း သုံး

1.5K 149 7
                                    

"တကယ်တော့ အိုမီဂါလည်း ဘာဖြစ်လဲသားရဲ့...ဘာမှကြောက်စရာမလိုဘူး ဦးလေးတို့က သားရဲ့မိသားစုပဲလေ ဂျောင်ဟန်ရဲ့..."

မျိုးရိုးဗီဇမှာ အိုမီဂါလို့ အဖြေထွက်လာပြီး ယွန်ဆောင်းဆူရဲ့ပြောစကား။

အေးပေါ့ သူတို့အတွက် အိုမီဂါက ပိုပြီးထိန်းချုပ်ရလွယ်မှာကိုး။

"ကျွန်တော် အဆင်ပြေတာမို့ ဦးလေးရော ဟျောင်းရော စိတ်မပူပါနဲ့။"

ရှည်ရှည်ဝေးဝေးတွေပြောချင်စိတ်မရှိတာမို့ ဒီလောက်ပဲပြောပြီး လှည့်ထွက်လာလိုက်တယ်။သူ့မှာ စီစဉ်စရာတွေရှိနေပြီ။

အိုမီဂါတစ်ယောက်ရဲ့ ကရိကထတွေက ဘယ်လောက်များလိုက်သလဲ။ သူကအရွယ်မရောက်သေးတာမို့ သူ့ဂလင်းတွေက ကောင်းကောင်းမဖွံ့ဖြိုးသေးဘူးဆိုပေမယ့် ဒီနောက်ပိုင်းမှာ ဂလင်းအားဆေးသောက်ပြီး ကျန်းမာအောင် လုပ်ရမယ်။ မတော်တဆဖယ်ရိုမုန်းတွေ စိမ့်ထွက်ပြီး အယ်လ်ဖာတွေကို မနှိုးဆွမိအောင် gland patch ကပ်ရမယ်။ အခန့်မသင့်ရင် heatဖြစ်နိုင်ပြီး ဒုက္ခများနိုင်လို့ ဆေးတွေဘာတွေလည်း ဆောင်ရအုံးမယ်။ အိုမီဂါဖြစ်ရတာ သောက်လုပ်ရှုပ်လိုက်တာ....။

ခုလောလောဆယ်တော့ ကျောင်းတက်ဖို့ ပြင်ဆင်ရမှာ။ ပြီးတော့ သူ့ကိုလည်း ရှာရအုံးမယ်။

ချွဲဆွန်းချော....အယ်လ်ဖာတွေထဲမှာမှ ရှားပါးတဲ့ dominant alpha...Choi groupရဲ့ CEO၊
စီးပွားရေးလောကရဲ့ ဘုရင်တစ်ဆူ။

အရင်ဘဝတုန်းကတော့ သူ အိုမီဂါဖြစ်ကြောင်း သိလိုက်ရပြီး စိတ်‌တွေထွေပြားနေတဲ့အချိန် ကားလျှောက်မောင်းရင်း မြို့ပြင်က ခွေးဂေဟာတစ်ခုကို ရောက်သွားခဲ့တာ။
စီးပွားရေးလောကမှာ လူတိုင်းကဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ သခင်ကြီးချွဲက ခွေးလေးတွေကို ပွတ်သပ်ပေးနေတဲ့မြင်ကွင်းက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ကြည့်ကောင်းတယ်လေ။

အဲ့တုန်းက ခွေးလေးတစ်ကောင်က ရုတ်တရက်ပြေးထွက်သွားတာကို ချွဲဆွန်းချောက လိုက်ဖမ်းရင်း ကားလမ်းပေါ်က လာနေတဲ့ကားတစ်စီးကို တွေ့တဲ့အချိန်မှာ သူလည်း ဘာမှမတွေးနိုင်ဘဲ ခွေးရောလူရော ကားလမ်းပေါ်က ဆွဲချခဲ့တာ။ ပြီးတော့ ဘာမှမပြောဘဲ လှည့်ထွက်လာခဲ့တာပဲ။ အဲ့အချိန်ထဲက ချွဲဆွန်းချောက သူ့ကို ဖောအင်လပ်ခဲ့တာထင်တယ်။ ဒါဆို သူနဲ့တွေ့ဖို့ အဲ့ကိုပြန်သွားရမယ်ပေါ့။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now