Implausible || Myanmar Transl...

Od Nattawatmommy

11.7K 1.1K 185

Credit to @pengennulisau on Wattpad Enigma ဆိုတာက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး သူရဲ့ရှားပါးလွန်းမှုကြောင့်... Více

ဟောကိန်းထုတ်ခံရခြင်း
ရှိတ်ထ်မြို့
အာရုံထဲမှာပေါ်လာတဲ့ သူ
စတင်တွေ့ဆုံခြင်း
မျှော်လင့်ချက်ရောင်ခြည်
Enigma
နန်းတက်ပွဲ
လွမ်းဆွတ်သတိရခြင်း
အပြာရောင်လ
ခရီးလမ်း
ဖူးစာဖက်
ပျောက်ဆုံးခြင်း
မစ်စတီဖောအတု
လူပျိုစင်ဘ၀
စိုးရိမ်ပူပန်မှု (🍼)
သက်သေပြခဲ့ခြင်း
နောက်ဆုံး စာမျက်နှာ

သူတို့ကြားက ဆက်နွယ်မှု

580 61 19
Od Nattawatmommy

ခြောက်လကြာပြီးနောက်,

"အိမ်ရှေ့စံ ဒီညပဲ တကယ်ပြန်တော့မလို့လားဟင်? မနက်ဖြန်မနက်အထိ မစောင့်တော့ဘူးလား?"

သူ့ကို စူးစိုက်ကြည့်ရင်း နည်းနည်းလောက် ထပ်နေပါဦးလို့ တောင်းဆိုနေတဲ့အမျိုးသားနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး Gemini ခပ်ဖွဖွပြုံးပြမိတယ်။ "တကယ်မရလို့ပါ ကိုယ့်ရဲ့Alphaသေးသေးလေးရယ်...ပင်လယ်အော်မှာ သူပုန်တွေသောင်းကျန်းလို့တဲ့ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်သွားရမယ်လေ"

"အဲ့တာ ဘုရင်ကြီးအလုပ်မဟုတ်ဘူးလားဟင်?"

Enigma က ရယ်လိုက်ပြီး "မင်းရဲ့ အသက်ကြီးနေပြီဖြစ်တဲ့ ယောက္ခမတော် သူပုန်တွေအပေါ် ဓားကိုင်နေတာ ကြည့်ရက်တယ်ပေါ့...အသက်ငယ်ပြီး လုပ်ရည်ကိုင်ရည်ရှိသေးတဲ့ကိုယ်က ပိုမသင့်တော်ဘူးလား ဟင်?"

"ဒါပေမယ့် အဲ့အသက်ကြီးနေတဲ့လူကြီးက အစ်ကို့ခမည်းတော်လေ Enigma" Fourth က စိတ်ရှုပ်တာကိုပြတဲ့အနေနဲ့ Gemini ရင်ဘတ်ကို လက်သီးနဲ့ဖွဖွလေးထိုးလာတယ်။

ပြီးတော့ Gemini ရင်ခွင်ထဲက မင်းသားသေးသေးလေးက ခေါင်းငိုက်စိုက်ချသွားရင်း ၀မ်းနည်းမှုကို အောင့်ထားရလို့ တုန်ယင်နေတဲ့အသက်ရှူသံတွေနဲ့။ "မင်းသားလေး အဆင်ပြေရဲ့လား?"

အဖြေပေးတဲ့အနေနဲ့ ခေါင်းခါပြလာတယ်။ အမှုထမ်းတွေနဲ့ အစောင့်တွေရှိမနေတဲ့ ဒီနေ့နေ့လည် ဖီးနစ်နန်းတော်ဥယျာဉ်ထဲမှာ Fourth က သူ့Enigmaကို ကပ်ချွဲနေပါတယ်။ ဖီးနစ်ဆီ တင်ပို့လိုက်တဲ့ မန်ဂျက်စတစ်က ကုန်တွေကို စစ်ဆေးဖို့ရောက်လာတဲ့ သူ့Enigma မန်ဂျက်စတစ်ကို ပြန်တော့မယ်ဆိုလို့ပေါ့...

"ဘာလို့ ကျွန်တော်တို့ မနေ့က လက်မဆက်ခဲ့မိတာလဲ?!" လွမ်းနေခဲ့တာ‌ အလွမ်းပြေကာစရှိသေး ထပ်ခွဲရတော့မယ်ဆိုလို့ Fourth ရှိုက်သံတွေကြားက ပြောလိုက်မိတယ်။ သူ့Enigmaက ဖီးနစ်ကို တစ်လမှတစ်ခါပဲလာပြီး တစ်ခါလာရင်လဲ ရက်ပိုင်းလေးပဲနေတာလေ!

ဒါပေမယ့် ဒီလို ကျဲလှတဲ့ တွေ့ဆုံမှုတွေကြားထဲကတောင် သူတို့နှစ်ယောက်ကြား ဆက်နွယ်မှုက သူတို့ကြားက ကွာဝေးမှုတွေကို ကျော်လွန်ပြီး အချိန်နဲ့အမျှ ကြီးထွားခဲ့ပါတယ်။

Gemini သူ့Alphaသေးသေးလေးရဲ့ ပုခုံးကို ဖွဖွလေးပွတ်ပေးမိရင်း "မင်း မနေ့က နေလို့မကောင်းဘူးလေ လက်ဆက်တာပဲဖြစ်ဖြစ် ကိုယ်နဲ့ သရဖူကို အပ်နှင်းခံတာပဲဖြစ်ဖြစ် လုပ်ဖို့ မင်းမှ အဆင်သင့်မဖြစ်သေးတာ...ကိုယ်လဲ အဲ့လိုပဲ မင်းအကြောင်း လေ့လာဖို့ အများကြီးလိုသေးတယ် ကိုယ်တို့ သေချာအဆင်သင့်မဖြစ်သေးဘဲ လက်ဆက်လိုက်ရင် ပြဿနာတွေဖြစ်လာနိုင်တယ်လေ ကိုယ့်ရဲ့ ရင့်ကျက်နေတဲ့လူကြီးလေးက နားလည်တယ်မလား?"

"ဒါပေမယ့် အိမ်ရှေ့စံ_"

ပြန်ပြောဖို့လုပ်နေတဲ့ Fourth သူ့ရှေ့က သူနဲ့နီးကပ်စွာ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့အမျိုးသားကြောင့် လည်ချောင်းထဲကနေ စကားတွေ ထွက်မလာတော့သလို ရင်‌တွေလဲခုန်သွားမိတယ်။ တကယ်ကို သူက ဒီမြတ်နိုးရတဲ့အကြည့်တွေထဲ ကျဆုံးနေပြီပဲ!

"ကျွန်တော် နားလည်ပါတယ်"

မန်ဂျက်စတစ်တိုင်းပြည်က မင်းသားလေး နှစ်ခြိုက်တဲ့ ဖီးနစ်ရဲ့ ထရစ်လို့ခေါ်တဲ့ အထူးလက်ဖက်ရည်။ ခွက်ထဲက လက်ဖက်ရည်တွေကတော့ ခွက်ပိုင်ရှင်က တန်းမသောက်ဘဲ သူချစ်ရတဲ့မင်းသားလေးနဲ့ မအားလတ်အောင် စကားပြောနေတာမို့ အေးကုန်ပါပြီ။ Gemini စိတ်လိုလက်ရ ပြုံးလိုက်တယ်။ ထရစ်လက်ဖက်ရည်သောက်ရင်း မင်းသားလေးFourthနဲ့ စကားပြောနေရချိန်က သူ့အတွက်တော့ အကောင်းဆုံးအချိန်ပါပဲ! အခုတလော အာရုံတွေများပြီးရှုပ်နေတဲ့ သူ့ခေါင်းကို ခဏပဲဖြစ်ဖြစ် အေးသွားစေတယ်လေ...

"မင်းက အလိုလိုက်ခံထားရလို့ အချွဲလေး ဖြစ်လာတယ် ဟုတ်တယ်မလား? အရင်တုန်းကဆို ရှက်ပဲရှက်နေတတ်တာလေ" သူ့Alphaကိုကြည့်ရင်း Gemini မှတ်ချက်ပေးလိုက်တယ်။

တော်၀င်မင်းသားတွေနဲ့ မင်းသမီးတွေအတွက်တော့ အချစ်ဆိုတာလဲ သင်ယူရတဲ့ သင်ခန်းစာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့နဲ့အမှတ်တူတဲ့လူတွေနဲ့သာ လက်ဆက်ရမှာမို့လို့လေ....ကြင်ဖက်က ကံကြမ္မာအရ ဖန်တီးပြီးသားဆိုပေမယ့် တကယ်လက်တွေ့မှာ တွေ့ဆုံဆက်ဆံရတဲ့အခါ အဆင့်အတန်းမတူရင် ရှုပ်ထွေးမှုတွေရှိလာနိုင်လို့ပဲဖြစ်တယ်။

အဆင့်အတန်းတူတဲ့ ကြင်ဖက်တွေအတွက်တော့ ကံကောင်းတာဖြစ်ပေမယ့် အဆင့်အတန်းမတူတဲ့ထဲက ကြင်ယာတော်ရှာတွေ့တဲ့သူတွေအတွက်တော့ နှစ်ယောက်ထဲကတစ်ယောက်က လူမှုအဖွဲ့အစည်းဆီက အမြဲ ရှုံ့ချခံရတဲ့ ကိုယ်လုပ်တော်သက်သက်ဖြစ်သွားနိုင်သလို နှစ်ယောက်လုံးက သူတို့ဆက်နွယ်မှုကို ဖျက်ဆီးဖို့ ဓလေ့ထုံးတမ်းတစ်ခုလဲ လုပ်ရနိုင်ပါတယ်။

ဥပမာအားဖြင့် Luna View။ သူပုန်အုပ်စုထဲမှာ ကြင်ဖက်ရှာတွေ့သူ။ တစ်နည်းအားဖြင့် အဆင့်အတန်းမတူတဲ့ကြင်ယာတော်ကို ရှာတွေ့သူ။ သူမရဲ့ Alpha ဆီကနေ အငြင်းခံလိုက်ရတဲ့ သူတို့ တစ်ဦးတည်းသောသမီးလေးရဲ့ ကံကြမ္မာကို Viewမိဘတွေက လက်မခံနိုင်ကြပါဘူး။ နောက်ဆုံးမှာတော့ Luna Viewနဲ့ သူမရဲ့ကြင်ဖက်က ဒေလီတောင်ကနေ တိုက်ရိုက်စီးဆင်းလာတဲ့ မြင့်မြတ်တဲ့ရေနဲ့ ဓလေ့ထုံးတမ်းအတိုင်း သူတို့ကြားက ဆက်နွယ်မှုကို ဖျက်ဆီးခဲ့ပြီး Luna Viewက ကြင်ဖက်မရှိသူဖြစ်တဲ့ Markနဲ့ လက်ဆက်လိုက်ရတယ်။

ကြင်ဖက်မရှိသူတွေက သူတို့လို ကြင်ဖက်မရှိတဲ့သူတွေ ဒါမှမဟုတ် ကြင်ဖက်နဲ့ဆက်နွယ်မှုကို ဖျက်ဆီးထားတဲ့သူတွေနဲ့ လက်ဆက်နိုင်တယ်။ ဒါပေမယ့် လက်ဆက်လိုက်တဲ့သူတို့ကြားက ဆက်နွယ်မှုကတော့ ဖျက်ဆီးလို့ မရနိုင်တော့ဘူး။

"ကျွန်တော့ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကျွန်တော် သင်ထားတာပဲ..မင်းသားတွေအနေနဲ့ ကျွန်တော်တို့က ဘာကိစ္စအ‌ပေါ်မှ အရမ်းကြီး တုန်လှုပ်သွားလို့မရဘူးမလား?" Fourth က ပြန်ဖြေတယ်။

သူ့Alphaသေးသေးလေးရဲ့ ပြောစကားကို ထောက်ခံတဲ့အနေနဲ့ Gemini ခေါင်းငြိမ့်ပြလိုက်တယ်။ "ဟုတ်တယ် ဟုတ်ပြီ နေမ၀င်ခင် အချိန်ရှိသေးတယ်ဆိုတော့ အခု ကိုယ့်ကို ပြောပြပါဦး မင်းရဲ့ဖယ်ရိုမုန်းတွေကြောင့် မေ့လဲတဲ့သူတွေရှိသေးလား?"

သူတို့စတွေ့တည်းကနေ ပြီးခဲ့တဲ့ခြောက်လအတွင်း omegaအဖြစ် ပြောင်းလဲ‌လာနေတဲ့Fourth ကြုံခဲ့ရတဲ့ ကိစ္စအသစ်အသစ်တွေ‌ဆိုတာ အများကြီးပဲ။ အသားကျအောင် လုပ်နေတာကလဲ တစ်နေ့ထက်တစ်နေ့ အဆင်ပြေလာပါပြီ။

ဖီးနစ်ရဲ့ Luna Bookက ကိစ္စအသစ်တွေနဲ့ ကြုံတွေ့နေရတဲ့ သားငယ်လေးဘေးမှာပဲ အဖော်ပြုရင်း အလုပ်များနေလို့ ဖီးနစ်ရဲ့တခြားကိစ္စတွေမှာတောင် ၀င်မပါတော့ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်အသစ်နဲ့ အသားကျအောင်လုပ်ရင်း နန်းတော်က လုပ်လက်စတွေကိုလဲ Fourth အပြီးသတ်နေပြီဖြစ်တယ်။ သူ့ဖယ်ရိုမုန်းတွေက အားလျော့လာပြီး သူ့မယ်တော်လိုမျိုး သူ့စိတ်တွေက ပိုတည်ငြိမ်လာရင်း သူheat၀င်မယ့်အချိန်ကလဲ နီးကပ်လာပါပြီ။

သူ့ cycle ကို ဘယ်လိုနာမည်ပေးရမလဲတောင် သူမသိဘူး။ သူ့၀မ်းဗိုက်က အရမ်းနာပြီး နေ့တစ်၀က်လောက် သူသတိမေ့နေလဲ သူ့ဖယ်ရိုမုန်းတွေကြောင့် လူတွေဒုက္ခရောက်နေတုန်းပဲလေ...

Fourth အသက်ပြင်းပြင်းရှူလိုက်ပြီး "ကြင်ဖက်ရှာတွေ့သွားပြန်တော့လဲ ပင်ပန်းလိုက်တာနော်..." သူ့Enigmaရဲ့ လက်ချောင်းလေးတွေကို ထိတွေ့ကျီစယ်ရင်း သူ ညည်းညူလိုက်တယ်။

Gemini က Fourth ခေါင်း‌လေးပေါ် သူ့ခေါင်းတင်လိုက်ရင်း ပြုံးမိတယ်။ "စိတ်ရှည်ရမယ်လေ...ကိုယ်တို့မှအဆင်သင့်မဖြစ်သေးဘဲ မဟုတ်ဘူးလား ဟင်?"

"အိမ်ရှေ့စံ ကျွန်တော် မေးဖို့မေ့နေတာ" Fourth က Gemini နဲ့ မျက်နှာချင်းဆိုင်နိုင်ဖို့ သူ့ကိုယ်ကို မတ်မတ်နေလိုက်ရင်း ၀မ်းနည်းစွာနဲ့ "အစ်ကို့ ဖြစ်တည်မှုနဲ့ ပက်သက်ပြီးတော့လေ...မန်ဂျက်စတစ်က လူတွေက အဆင်ပြေရဲ့လားဟင်?"

Enigma ဆီက အပြုံးတွေပျောက်သွားရင်း ၀မ်းနည်းမှုတွေက နေရာယူသွားတယ် "ဒါကြီးက ရှင်းပြဖို့အရမ်းခက်ပေမယ့် သေချာတာကတော့ ကိုယ် ကိုယ့်တိုင်းပြည်က လူတွေကို ဖျောင်းဖျနိုင်မှာပါ ကိုယ့်အတွက် သူတို့ကို ဖျောင်းဖျဖို့ အချိန်ရှိနေသေးတာပဲလေ" သူ့ကြင်ယာတော်သေးသေးလေးကို နှစ်သိမ့်တဲ့အနေနဲ့ သူပြောလိုက်တယ်။

"အစက ကျွန်တော်တောင် Enigma တကယ်ရှိတာ မယုံခဲ့ဘူးမို့ အစ်ကို့တိုင်းပြည်က လူတွေ ဘယ်လိုထင်မလဲ ကျွန်တော် နားလည်ပါတယ် ပြီးတော့..." သူ့ရှေ့က အရပ်ရှည်ရှည်နဲ့ အမျိုးသား အံကြိတ်လိုက်တာ Fourth တွေ့လိုက်တယ် "အဲ့တာက အစ်ကို့အတွက် အရမ်းခက်ခဲခဲ့မှာပဲ ဟုတ်တယ်မလား? လူအများကြီးက သံသယ၀င်ကြပြီး ကိုယ့်လူမျိုးဆီက ဝိုင်းပယ်ခံရလုနီးပါးဖြစ်ခဲ့တာကလေ...."

Gemini က သူ့Alpha လက်လေးကို တင်းတင်းကိုင်လိုက်ပြီး "ကိုယ်အဆင်ပြေပါတယ် အားလုံးကို အချိန်တစ်ခုတော့ ပေးရမှာပဲမလား? မင်းဆီကရမယ့် အားပေးမှုတွေနဲ့ဆို ကိုယ် သေချာပေါက် အရာအားလုံးကို ဖြတ်ကျော်နိုင်မှာပါ"

Mateဆိုတိုင်းလဲ ကြိုက်ကြတာမျိုးမဟုတ်ပေမယ့် တစ်စုံနှစ်ယောက်ကတော့ ခြောက်လတည်းနဲ့ မခွဲနိုင် မခွာနိုင်တွေဖြစ် 😛

ဒီထဲက Gemini နဲ့ Fourth က ငါးနှစ်လောက်ကွာတာမို့ အခေါ်အဝေါ်ကို အစ်ကိုလို့ သုံးထားပါတယ်နော် မူရင်းထဲမှာ I နဲ့ Youပဲဆိုတော့လေ အဆင်မပြေရင် ဒါမှမဟုတ် သုံးစေချင်တဲ့ အခေါ်အဝေါ်ရှိရင် အချိန်မရွေး ပြောနိုင်ပါတယ်na....<3

အချွဲလေး Nattawat က ဘယ်လိုတောင် ချစ်ချာလေးဖြစ်နေမှာပါလိမ့် ㅠ ㅠ

Pokračovat ve čtení

Mohlo by se ti líbit

306K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
15.2K 1.3K 28
"Kitty kitty come here"
539K 37.7K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC