Paid gpမှာပြီးဖို့၂၃ပိုင်းပဲကျန်ပါတော့တယ်ရှင့်။ဥေဖာက်ကြမယ့်ကေလးေတွ ဝင်မယ်ဆိုဝင်လို့ရပြီနော်။
Ch-40 ရှာဖွေတွေ့ရှိမှု
ရုတ်ချည်းဆိုသလိုပင် မိမိမှာရှုဝေ့ရှန်ပျောက်ဆုံးနေကြောင်းသိလိုက်ရသည်။သူမကငါနဲ့လာတာကအဆင်ပြေပေမယ့် ငါနဲ့ပြန်မလိုက်ခဲ့ဘူးပေါ့လေ။သရဲတစ်ကောင်ဖြစ်ရတာကအရမ်းလွယ်တာပဲ။သူမကသွားချင်တဲ့နေရာတွေဆီ လှစ်ကနဲသွားနိုင်တယ်။
ခေတ္တအကြာတွင် စုယန်မှကားထဲဝင်လာသည်။မိမိတို့၏အိမ်ပြန်လမ်းတွင် တစ်ယောက်နှင့်တစ်ယောက်စကားတစ်ခွန်းမှမပြောခဲ့ကြပေ။မိမိမှာအမှန်ကိုပင်တိတ်ဆိတ်မနေချင်တော့၍ အသံလွှင့်သည်အားနားထောင်ရန်ရေဒီယိုအားဖွင့်လိုက်သည်။
"ဒါကတော့..."
Host၏အသံမှာထွက်လာရုံသာရှိသေးသော်ငြား စုယန်မှပိတ်ချလိုက်သည်။
"ရှင်"
"ငါကအသံလွှင့်တာတွေကိုနားထောင်ရတာမကြိုက်ဘူး"
စုယန်မှပြန်ပြောလာသည်။သူသည်သူ၏အေးစက်စက်အခြေအနေသို့ထပ်ပြောင်းသွားပြန်သည်။သူသည်မိမိ၏ခေါင်းအားပုတ်ပေးခဲ့သည့် နွေးထွေးပြီးပြုံးရွှင်နေသော စုယန်မဟုတ်တော့ပေ။လူတစ်ယောက်ကဒီလောက်မြန်မြန်ဘယ်လိုပြောင်းသွားနိုင်ရတာလဲဟ။
"ငါ့ကိုအဲ့လိုမျိုးကြည့်မေနနဲ့"
စုယန်သည်မိမိ၏အငြိုးတကြီးအကြည့်ေကြာင့်နေရခက်နေပုံရသည်။
"ဘော့စ်။အဲ့ဒါကိုေနာင်တရမိမယ်လို့ရှင်မထင်ဘူးလား"
"ဘာေနာင်တရစရာလိုလို့လဲ"
မိမိမှာသူ့ထံ၌အပြတ်အသတ်ရှုံးနိမ့်သွားတော့သည်။
"အမ်...ပရော်ဖက်ဆာတစ်ယောက်ဖြစ်လာပြီး ကျွန်မကိုတက္ကသိုလ်ထဲစာရင်းသွင်းပေးလို့လေ။ကျွန်မတို့အဲ့နေရာရဖို့ကို ရှင်အများကြီးလုပ်ခဲ့ရမှာပဲ။ကျွန်မထွက်လိုက်ရင် ရှင်တစ်ကယ်အဆင်ပြေရဲ့လား"
"အဲ့ဒီတော့ မင်းကကျောင်းကိုဆက်သွားချင်တယ်လို့ဆိုလိုတာလား"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ရပါဘူးနော်။နားလည်မှုလွဲတာပါ။နားလည်မှုလွဲတာပါ။ကျွန်မဆိုလိုတာ အဲ့တာမဟုတ်ဘူးလေ...ကျွန်မကသိချင်ရုံနဲ့တင် မေးကြည့်ချင်လို့ပါ"
မိမိမှာခေါင်းအားခပ်ကြမ်းကြမ်းဘယ်ညာယမ်းလိုက်သည်။မိမိ၏ကြုံရာစကားစုလေးမှာ မိမိအားချောက်ထဲတွန်းချလုနီးပါးဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"ကျောင်းကနေငါ့ကိုစာပေရပ်ဆိုင်ရာဧည့်ပါမောက္ခအနေနဲ့ခဏလာလုပ်ပေးဖို့ဖိတ်ခဲ့တာေလ။အဲ့တာကမင်းထင်သလောက်လည်းမရှုပ်ထွေးပါဘူး"
မိမိမှာတောင့်တင်းသွားပြီး ကိစ္စများအားရှင်းသွားစေရန်လိုအပ်သည့်မေးခွန်းများအားလုံးကို မေးဖို့ဆုံးဖြတ်လိုက်သည်။
"ဘော့စ်။ရှင့်အသက်အရွယ်နဲ့ဆို Ph.Dဘွဲ့ကိုခုထိမရသင့်သေးဘူးမလား။ဧည့်ပါမောက္ခတစ်ယောက်ဖြစ်ဖို့ ရှင်ဘယ်လိုလုပ်နိုင်သွားတာလဲ။ပြီးတော့ဘော့စ်ရေ ရှင်ကဘယ်လိုစာရေးဆရာမျိုးလဲ။ကျွန်မရှင့်နာမည်ကိုဝဘ်မှာရှာကြည့်ခဲ့ပေမယ့် ဘာတစ်ခုမှမတွေ့ခဲ့ဘူး..."
"မင်းကငါ့နာမည်ကိုရှာဖို့ဝဘ်ကိုသုံးခဲ့တာပေါ့လေ"
စုယန်သည်မျက်ခုံးပင့်လိုက်ပြီး မိမိထံကြည့်လာသည်။
"အထင်မလွဲပါနဲ့။ကျွန်မကသိချင်ရုံတစ်ခုတည်းပါပဲ။ဒါကဘာကြောင့်များ...."
မိမိမှပြန်ပြောလိုက်သည်။မိမိမှာ သနားစရာမကောင်းသည့်ပုံပေါ်စေရန် ကိုယ့်ကိုကိုယ်အကောင်းဆုံးလုပ်ဖို့ကြိုးစားလိုက်သည်။
"ပြီးတော့ငါ့မှာPh.Dဘွဲ့မရှိဘူးလို့ဘယ်သူကပြောတာလဲ"
"ဒါပေမယ့်ရှင်က..."
စုယန်မှနှာမှုတ်လိုက်သည်။
"ဟမ့်။ငါကဉာဏ်ကြီးရှင်တစ်ယောက်ဆိုတဲ့အချက်ကို မင်းခုထိလက်မခံနိုင်သေးဘူးလား။ငါကငါ့ရဲ့ဒေါက်တာဘွဲ့ကို၂၄နှစ်မှာရခဲ့တာလေ။ဟ သာမန်လူပါပဲ..."
ထို့နောက်သူသည်မိမိထံအကြည့်တစ်ချက်ပစ်လွှတ်လာသည်။
အိုး တောင်းပန်ပါတယ်နော်။ကျွန်မရဲ့ကိုးရို့ကားယားမျက်လုံးတွေက ရှင့်ကိုဉာဏ်ကြီးရှင်တစ်ယောက်လိုမြင်ဖို့ကျရှုံးသွားလို့လေ။ထင်တဲ့အတိုင်းပဲ ဉာဏ်ကြီးရှင်နဲ့ရူးနေတဲ့လူကြားမှမျဉ်းပါးပါးလေးပဲရှိနေတယ်လေ။
"ရှင်ဒီလိုပြောတာကြားမှပဲ ကျွန်မလည်းစိတ်ချမ်းသာသွားတော့တယ်။ကျွန်မသာေကျာင်းကေနနှုတ်ထွက်လိုက်ရင် ကျွန်မကရှင့်အားထုတ်မှုတွေကိုအလကားဖြစ်သွားစေမလားဆိုပြီးကြောက်နေခဲ့တာလေ...ရှင်ကဒီလိုမျိုးအရည်အချင်းရှိတဲ့ယောင်္ကျားတစ်ဦးဆိုတာကို ကျွန်မနည်းနည်းတော့နားလည်လာပါပြီ"
မိမိသည်'အရည်အချင်းရှိေသာေယာင်္ကျား'ဆိုသည့်စကားလုံးများကို ရွဲ့စောင်း၍အလေးပေးပြောလိုက်သည်။
"မင်းရဲ့ဘော့စ်ကဉာဏ်ကြီးရှင်တစ်ယောက်ဆိုတာကိုမင်းသိသွားတာကောင်းတယ်။အခုကစပြီး ငါ့ကိုပိုပြီးကောင်းကောင်းပြုစုပေးသင့်တယ်"
"ဒါပေါ့...တနင်္လာနေ့မှာပဲ ကျွန်မကျောင်းကနေနှုတ်ထွက်လိုက်မယ်"
မိမိမှာမိမိ၏အပြုံးအားဖုံးမထားနိုင်တော့ပေ။အဓိကအကြောင်းအရင်းမှာ ကျောင်းထွက်နိုင်ဖို့ဖြစ်ပြီး နောက်တစစ်ချက်မှာ စုယန်၏သူ့ကိုယ်သူမတန်တဆစိတ်ကြီးဝင်နေမှုကြောင့်ဖြစ်သည်။အဲ့တာကအရမ်းရယ်စရာေကာင်းတာပဲ။သူကသူ့ကိုယ်သူမြှောက်စားနေတဲ့အချိန်ဆို ကြည့်ရတာဘယ်လောက်ရယ်စရာကောင်းတယ်ဆိုတာကို သူမသိတဲ့ပုံပဲ။
"စကားမစပ် ငါတစ်ခုခုလုပ်ဖို့ရှိသေးတယ်။မင်းအိမ်ပြန်ပြီးအရင်နားနေနှင့်လိုက်။မင်းကိုယ်မင်းရောဂရုစိုက်နိုင်ရဲ့လား။မင်းငါ့ကိုရှန်ရှောက်ချင်ဆီလှမ်းပြီးခေါ်ပေးေစချင်လား"
စုယန်မှမေးလာသည်။ကားသည်မိမိတို့မြို့ထဲသို့စပြီးဝင်လာေနပြီဖြစ်သည်။
"သူ့ကိုမခေါ်ပါနဲ့။ကျွန်မအဆင်ပြေပါတယ်။ပြီးတော့ကျွန်မကရှင့်လက်ထောက်လေ။ရှင်ဘာလုပ်နေတယ်ဆိုတာကို ဘာလို့ကျွန်မကိုရှင်မပြောနိုင်တာလဲ။ကျွန်မကဘာလို့ရှင်နဲ့မသွားနိုင်ရတာလဲ"
မိမိသည်သတိထား၍တွန်းအားပေးလိုက်သည်။
စုယန်မှာတုတ်တုတ်မှလှုပ်မလာခဲ့ပေ။
"မလိုဘူး။မင်းအိမ်ကိုအရင်သွားနှင့်လိုက်။ဒါကမင်းရဲ့ဘော့စ်အမိန့်ပဲ။ပြောရရင် မင်းကအမြဲပျင်းနေချင်တာမဟုတ်ဘူးလား"
"မဟုတ်ပါဘူးနော်"
မိမိမှာတိတ်တိတ်လေးရေရွတ်လိုက်သည်။ပြီးနောက် မိမိပြောချင်နေသည့်စကားလုံးများကို ပြန်မျိုချလိုက်ရသည်။စုယန်ကငါ့ကိုငဲ့ညှာနေတယ်ပေါ့လေ။ဒါပေမယ့် သူ့အလုပ်ရဲ့အပြင်ကတစ်ခုခုဖြစ်လာပြီဆိုရင် သူကအမြဲတမ်းငါတို့ကြားမှာအကွာအေဝးတစ်ခုကို ရှင်းရှင်းလင်းလင်းထိန်းသိမ်းထားတတ်တယ်။ငါကသူ့ရဲ့ကိုယ်ရေးကိုယ်တာလက်ထောက်ဆိုပေမယ့် သူကငါ့ကို့သူ့ဘဝရဲ့မပြောပလောက်တဲ့ကိစ္စတွေကိုပဲ ကိုင်တွယ်ဖို့ခွင့်ပြုပေးထားတယ်။
သူကပဲအရမ်းသတိထားလွန်းနေတာလား။ဒါမှမဟုတ် ငါကသူ့မျက်လုံးတွေထဲမှာ ယုံကြည်ထိုက်တဲ့လူမဟုတ်တဲ့ပုံပေါ်နေတာလား။
စုယန်မှမိမိအားအိမ်ပြန်ပို့ပေးပြီးနောက် မိမိမှာကိုယ့်ဘာသာကိုယ်ဆိုဖာပေါ်ဝင်ကွေးလိုက်ပြီး မိမိ၏ကြောင်သရဲလေးနှင့်ခွေးသရဲလေးတို့ တစ်ကောင်နဲ့တစ်ကောင်ကိုက်နေကြသည်ကိုကြည့်နေလိုက်သည်။ပြတင်းပေါက်လိုက်ကာများအားလုံးမှာ ပင့်တက်သွားပြီး မှုန်ဝါးဝါးလေထုအားဖြစ်နေစေသည်။အပြင်အဆင်မှာ မိမိအားမိမိအတွေးများအပေါ်နက်နက်ရှိုင်းရှိုင်းဆင်ခြင်သုံးသပ်ခွင့်ပြုနေသည်။
အကြောင်းအရင်းအချို့ကြောင့် မိမိမှာမိမိတို့ကြားတွင် 'ယုံကြည်မှုမရှိ'ဆိုသည့်မမြင်နိုင်သောမျက်နှာပြင်တစ်ချပ်ရှိနေသလိုခံစားနေရသည်။မိမိသည်စုယန်၏လက်ထောက်ဖြစ်သော်ငြား မိမိမှာသူ့အလုပ်အပေါ်တစ်ခုခုမေးခွင့်၊သိခွင့်မရခဲ့ပေ။မိမိသွားများမှာ အငြိမ်မနေနိုင်တော့ဘဲ မိမိလက်သည်းများကိုစကိုက်မိတော့သည်။မိမိမျက်လုံးများသည်စုယန်၏အိပ်ခန်းရှိရာဆီရောက်သွားသည်။
စုယန်သည် ဘယ်တုန်းကမှမိမိအားသူ၏အိပ်ခန်းတွင်းသို့ဝင်ခွင့်မပြုခဲ့ပေ။အထဲကဘာတွေလဲ။ဘယ်လိုလျှို့ဝှက်ချက်တွေကို စုယန်ဖွက်ထားတာလဲ။မိမိမသိတော့ပေ။ပြီးနောက်မိမိသည်အတွေးနယ်ချဲ့တော့သည်။ငါဘယ်တုန်းကစပြီးဒီလိုဟာတွေအပေါ်တအားကြီးဂရုစိုက်သွားမိတာလဲ။
မိမိသည်စာအုပ်တစ်အုပ်ဖတ်ခဲ့ရသည်ကိုအစပြန်ဖော်လိုက်သည်။မင်းတစ်စုံတစ်ယောက်ကိုချစ်မိသွားတဲ့အချိန်ဆို မင်းကသူ့အကြောင်း အရာအားလုံးကိုသတိထားမိလာလိမ့်မယ်။သူကမင်းအပေါ်ကိုဘယ်လိုဆက်ဆံတယ်ဆိုတာ၊သူသုံးလိုက်တဲ့နည်းလမ်းတွေ၊သူ့ရဲ့သဘောထား စတာတွေကိုသတိထားမိလာလိမ့်မယ်တဲ့။ဒါကငါ့ရဲ့လက်ရှိအနေအထားအတိုင်းကြီးပဲလေ။
မိမိသည်ထိုအကြောင်းအားတွေးရင်း မိမိစိတ်ထဲမှာမီးလောင်နေသလိုမျိုးခံစားနေရသည်။မိမိသာထိုအရာအားမဖိနှိပ်နိုင်ပါလျှင် နေသာထိုင်သာရှိတော့မည်မဟုတ်ပေ။
မိမိမှစိုးထိတ်စွာခံစားနေရစဉ် ဗလာမျက်ဝန်းတစ်စုံသည် မီးဖိုချောင်တံခါးမှတစ်ဆင့် မိမိအားငေးကြည့်နေသည်။အဲ့တာရှုဝေ့ရှန်ပဲ။သူမမှာလက်ရှိတွင် တံခါးနောက်၌လှဲနေရင်း အဟကြားမှနေမိမိကိုတိတ်တိတ်လေးချောင်းကြည့်နေသည်။ဟမ်။သူမကဘယ်အချိန်ကစပြီးအရမ်းကျိုးနွံလာတာလဲဟ။
"ဘာဖြစ်လို့လဲ။နင်ဘာလို့ငါ့ကိုကြည့်နေတာလဲ"
မိမိသည်တိုးတိုးလေးမေးလိုက်သည်။
ရှုဝေ့ရှန်သည်နည်းနည်းတုံ့ဆိုင်းနေပုံရသည်။ထို့နောက်သူမသည်မိမိထံသို့ ဝေခွဲမရဟန်ဖြင့်မြောလွင့်လာသည်။မိနစ်အနည်းငယ်အကြာတွင် သူမသည်ဝင်ပေါက်ဆီမြောလွှင့်သွားပြီး မိမိအားလိုက်ခဲ့ရန်အချက်ပြလိုက်သည်။သူမမှာမိမိအားတစ်နေရာဆီခေါ်သွားချင်နေသည်ဟု မိမိထင်မိသည်။
မိမိမှာသက်ပြင်းချလိုက်မိသည်။မိမိမှာသူမအားကူညီပေးမည်ဟုကတိပေးပြီးမှတော့ဖြင့် အခြားလူများအားတောင်းဆိုရမည်ဆိုလျှင်တောင် မိမိစကားများအားတည်ရပေမည်။
အနွေးထည်ပါးပါးတစ်ထည်ဝတ်လိုက်ပြီး မိမိသည်ရှုဝေ့ရှန်နောက်လိုက်ပြီး အေးစိမ့်နေသောညခင်းအောက်တွင် အချိန်အကြာကြီးလမ်းလျှောက်လိုက်ရသည်။ထို့နောက် မိမိတို့သည်စွန့်ပစ်ေနရာတစ်ခုသို့မရောက်မီတစ်နာရီကြာအောင်ဘတ်စ်ကားစီးလိုက်ရသည်။မိမိသည်ပတ်ပတ်လည်အားကြည့်လိုက်ရာ အမှောင်ထုတစ်ခုသာရှိသည်ကိုသတိပြုမိလိုက်သည်။ထိုနေရာတွင် အမျိုးအမည်မသိရသောအင်းစက်အချို့မှာ သူတို့၏အသံများအားထုတ်လွှတ်လျှက်ရှိသည်။ထိုသည်မှာဆိုးဆိုးဝါးဝါးကြောက်ရွံ့သွားစေလောက်သည်။
"ငါတို့ကဘာလို့ဒီကိုလာတာလဲ"
မိမိသည်ကိုယ်ကိုကျုံ့လိုက်ပြီးမဝံ့မရဲမေးလိုက်သည်။
ရှုဝေ့ရှန်သည်မိမိမေးခွန်းအား အရေးမလုပ်ပဲ လမ်းကိုဆက်လက်ဦးဆောင်သွားသည်။ပတ်လည်၌လည်း လမ်းမီးတိုင်များရှိမနေသည့်အပြင် သူမ၏လှုံ့ဆော်မှုကိုလည်းမသိထား၍ မိမိမှာသူမနောက်မှလိုက်ရုံသာတတ်နိုင်တော့သည်။
ရုတ်ချည်းဆိုသလိုသူမသည်ရပ်သွားပြီး သူမခြေဖဝါးအောက်ရှိမြေပြင်ကိုညွှန်ပြလာသည်။
"ဘာလဲ"
မိမိသည်သူမနားရွက်ပတ်လည်ရှိ လက်အမူအယာများအားလိုက်ကြည့်ရင်း မျက်တောင်ခတ်လိုက်ကာ နားလည်စပြုလာသည်။
"အဲ့ဒီမှာတစ်ခုခုရှိနေတယ်လို့ နင်ငါ့ကိုပြောချင်နေတာလား"
ရှုဝေ့ရှန်သည်ဖြည်းဖြည်းလေးခေါင်းငြိမ့်ပြလာသည်။မိမိမှထိုနေရာအား စေ့စေ့စပ်စပ်ရှာဖွေနိုင်ရန်အလို့ငှာ သူမသည်မိမိအားနေရာပေးရန်ရွှေ့လိုက်သည်။မိမိသည်ဖုန်းမီးဖွင့်လိုက်ကာ ထိုသိသာနေသည့်နေရာရှိမြေကြီးသည် ထိုနားပတ်လည်ရှိမြေများထက်ပိုပျော့နေသည်ကိုသတိပြုမိလိုက်သည်။ဖုန်းမီးအားသုံးရင်း ထိုမြေပေါ်တွင် သစ်ပင်များ သို့မဟုတ် မြက်ပင်များတစ်ပင်မှရှိမနေသည်ကိုမြင်နေရသည်။
မိမိသည်ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ရှုဝေ့ရှန်အားမေးလိုက်သည်။
"ငါသာစောစောသိခဲ့ရင် ငါနဲ့အတူတန်ဆာပလာအချို့သယ်လာလို့ရဦးမယ်။နင်ကငါ့ကိုလက်ဗလာနဲ့တူးစေချင်နေတာလား"
သူမသည်အချိန်အတော်ကြာသည်အထိပြန်ဖြေမလာခဲ့ပေ။ထို့ေကြာင့်မိမိလည်းအရှုံးပေးလိုက်ရသည်။မိမိသည်လက်များအားအချင်းချင်းပွတ်လိုက်ပြီး အင်္ကျီလက်များကိုမတင်လိုက်သည်။ထို့နောက် မိမိသည်လက်များဖြင့်သာစတူးတော့သည်။ဘယ်လိုပင်ဖြစ်စေ အောက်၌မြှပ်ထားသည်မှာ ကံကောင်းထောက်မစွာဖြင့် အရမ်းနက်အောင်မြှပ်မထားခဲ့ပေ။တစ်ဆယ်စင်တီမီတာအေပါက်တစ်ခုတူးပြီးသည်နှင့် မိမိသည်ခပ်မာမာအရာတစ်ခုအားခံစားလိုက်ရသည်။ထိုသည်မှာငွေလက်ကောက်တစ်ကွင်းပင်။
ဒါကိုကြည့်ရတာအရမ်းရင်းနှီးနေသလိုပဲ။ငါတစ်နေရာရာမှာတွေ့ဖူးလို့လား။မိမိမှာထိုအေကြာင်းအားစိစစ်တွေးတောလိုက်သည်။အာ!ငါအခုမှတ်မိပြီ။ငါရှုဝေ့ရှန်ရဲ့ကိုယ်ကိုဝင်ပူးနေတုန်း ငါဒါကိုမတိုင်ခင်ကပဲမြင်ဖူးတာပဲ။ဒါက ကယ်ဗင်ကေနသူမကိုပေးခဲ့တဲ့ငွေလက်ကောက်ဖြစ်နေတာကိုး။
မိမိသည်လက်ကောက်အတွင်းဘက်အားကြည့်လိုက်သည်။သေချာတာပေါ့။ကယ်ဗင်နဲ့ရှုဝေ့ရှန်တို့ရဲ့နာမည်ကို ဒီပေါ်မှာထွင်းထားတယ်လေ။
ငွေလက်ကောက်ကဒီမှာဆိုရင် ရှုဝေ့ရှန်ရဲ့ခန္ဓာကိုယ်ကလည်းဒီမှာရှိနေတယ်လို့ယူဆနိုင်တယ်မလား။ဒါဆိုသူမက သူမရဲ့အစ်မကိုသတ်ပြီးတော့ ခန္ဓာကိုယ်ကို စွန့်ပစ်နယ်ေမြဖြစ်တဲ့ဒီေနရာဆီယူလာခဲ့ပြီး အလောင်းဖျောက်ဖို့ကြိုးစားလိုက်တာပေါ့။
မိမိမှာထိုအကြောင်းအားပိုတွေးလေလေ မိမိနောက်မှနေလေအေးများအားခံစားမိလေလေပင်။ဒီနေရာကအလောင်းဖျောက်ဖို့အတွက်နေရာကောင်းတစ်ခုပဲလေ။ငါသာမကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ကိုတွေ့တာနဲ့အဆုံးသတ်သွားလို့ကတော့ မကောင်းတာတွေဖြစ်ကုန်လိမ့်မယ်။မိမိသည်တုံ့ဆိုင်းနေရင်း တံထွေးမျိုချလိုက်ကာ ရှုဝေ့ရှန်နှင့်ညှိနှိုင်းရန်လှည့်လိုက်သည်။
"ငါတို့မနက်ဖြန်မှပြန်လာရင်ရောဘယ်လိုလဲ"
သူမမှာခေါင်းယမ်းပြလာသည်။
ကောင်းပြီလေ။သူမရဲ့အစီအစဉ်အတိုင်းလိုက်ပြီး သူမအေလာင်းကိုရှာကြတာပေါ့။
ရှုဝေ့ရှန်အတုအားယခုထိတိုင်ဘာေကြာင့်ဖော်ထုတ်မပစ်ရသည်မှာအကြောင်းအရင်းနှစ်ချက်ရှိလေသည်။ပထမအချက်မှာ သူမတွင်သူမ၏အမြွှာအစ်မနှင့်ထပ်တူညီသောပုံစံရှိနေသည်။ဒုတိယအချက်မှာ ရှုဝေ့ရှန်အစစ်၏ခန္ဓာကိုယ်အား ရှာမတွေ့သေး၍ပေ။
ရှုဝေ့ရှန်၏ခန္ဓာကိုယ်မှာမိမိခြေဖဝါးအောက်၌ရှိေနနိုင်သည်ကို သိလိုက်ချိန်တွင် မိမိမှာစတင်တုန်ယင်လာကာ မသက်မသာခံစားလိုက်ရသည်။မိမိသည်အနားတွင်ေတွ့ခဲ့ေသာကြုံရာသစ်သားချောင်းတစ်ချောင်းနှင့် ငွေလက်ကောက်တွေ့ရှိခဲ့သည့်နေရာမှာပင်စတူးလိုက်သည်။နောက်ထပ်နှစ်ဆယ်စင်တီမီတာဆက်တူးပြီးသွားချိန်တွင် သစ်သားချောင်းလေးသည် သတ္တုသေတ္တာတစ်လုံးအားရိုက်ခတ်လိုက်မိပြီး "ချွင်"ကနဲမြည်လာသည်။