Beta ယောင်ဆောင်သောမြို့အုပ်ကတ...

By sususandi15

238K 15.9K 476

မြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော် More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Extra
new fic review

Part 10

5.2K 372 24
By sususandi15

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 10
------------
လော့ယန်မြို့ကနေ ယွီမြို့တော်ကို ရထားနဲ့သွားရတာလောက်
ဘယ်ဟာမှ‌ကောင်းတာမရှိပါ ရှောင်ကျန့်ဒီလိုမျိုးကိုသဘောကျတယ် အမှန်ဆိုသဘော်နဲ့သွားချင်တာကို မြို့အုပ်၀မ်ကရထားနဲ့ပဲသွားမယ်
တဲ့လေ ။

"မြို့အုပ်၀မ်...မြို့အုပ်၀မ်"

"ပြော..."

"ကျန့်ကျန့်တို့အဲ့ကိုဘာသွားလုပ်ကြမှာလဲဟင်"

"မင်းကိုသွားရောင်းစားမလို့"

"ဟွန်း...အကောင်းနဲ့မေးတာကို..."

"ငါကလည်းအကောင်းနဲ့ပြောတာပဲလေ..."

"မြို့အုပ်၀မ်ကို ခေါ်တော့ဘူး...."

လက်လေးပိုက်လို့ ပြတင်းပေါက်ဘက်လှည့်ကာ နူတ်ခမ်းကမသိမသာထော်ထားသေးတယ် ကလေးကလားစိတ်
တွေပါလား....။

"အဖွဲ့၁က ရထားရပ်ရင် အရှေ့မှာစောင့်နေရမယ် အဖွဲ့၂ကကားရှေ့မှာစောင့်နေရမယ် ဟုတ်ပြီလား..."

"ဟုတ်ကဲ့!"

ကျင်းရန်ကမှာကြားနေတယ် ဒီနေရာက ပထမတန်းစားဖြစ်လို့
မည်သူမှ၀ယ်မစီးနိုင်ပေမဲ့လည်း မြို့အုပ်၀မ်ကအပြတ်ငှားထား
တာဆိုတော့ ဒီနေရာမှာ ကိုယ်ရံတော်တွေနဲ့သူတို့ကလွဲပြီးမည်သူ
မှမရှိပေ ။

"မြို့အုပ်၀မ်...."

မခေါ်ဘူးလို့ပြောလည်း မနေနိုင်တဲ့ဒီဟာလေးက စကားခဏခဏကို
လာပြောနေတော့ မြို့အုပ်၀မ်အထူးတလည်မချော့ပါ ချော့ရအောင်
လည်းသူနဲ့ကိုယ်နဲ့ကသမီးရည်းစားမဟုတ်။

"ကိုယ်ရံတော်တပ်တွေအများကြီးပဲနော်...ဘာလို့လဲဟင်..."

"လုပ်ကြံသူတွေရှိနိုင်တယ်..."

"ဝါး...တကယ်ကြီး..."

"အင်း...အဲ့တာကြောင့်သတိထားနေရတယ်"

"မိုက်တယ်ကွာ လုပ်ကြံသူတွေက သေနတ်နဲ့ခပ်ဝေးဝေးက
နေချောင်းပြီး ပစ်ရင် ပွဲသိမ်းပြီ ရုပ်ရှင်ထဲကလိုပဲ မိုက်တယ်"

"...."

ရှောင်ကျန့်ကအမြဲလိုလိုကလေးအတွေးတွေပဲတွေးတတ်တယ်
မြို့အုပ်တို့မည်သည် လုပ်ကြံခံရနိုင်တယ် ဘုရင်တွေတောင်လုပ်ကြံ
ခံရသေးတာပဲကို သူတို့ရဲ့ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ မြို့အုပ်၀မ်ရိူး
ဆိုရင်လည်းရထားပေါ်မှာလုပ်ကြံခံရလိုက်တာပဲကို....။

"မြို့အုပ်၀မ်...."

"အင်း..."

"အကယ်လို့လေ မြို့အုပ်၀မ်သာ လုပ်ကြံခံရ‌ရင်လေ...ကျန့်ကျန့်က
မုဆိုးဖိုကြီးဖြစ်သွားမှာပေါ့နော်...."

"....."

"ဒါပေမဲ့သေချာပြန်စဉ်းစားကြည့်ရင်လည်း ကျန့်ကျန့်ကမုဆိုးဖို
ဖြစ်မယ်ဆိုရင် မြို့အုပ်၀မ်ရဲ့ပိုင်ဆိုင်မူ့တွေလည်းရမယ် အဲ့တာဆို
ကျန့်ကျန့်ချမ်းသာပြီ"

"...."

"ဟုတ်တယ်မှတ်လားဟင်..."

မြို့အုပ်၀မ်ဘာမှ‌မပြောတော့ဘဲနဲ့ ခေါင်းနောက်သို့လှန်ချကာ အိပ်လိုက်သည် ရှောင်ကျန့်ကတော့သူ့လက်ကိုလူပ်နိူးနေတုန်းပဲ။

"ဟင်...ကျန့်ကျန့်ပြောတာဟုတ်တယ်မှတ်လားဟင်"

"မသိဘူး...."

"...."

အချိန်လေးအတော်ကြာတော့ရှောင်ကျန့်ငြိမ်သွားပြီလို့မှတ်တယ်
မြို့အုပ်၀မ်မျက်လုံးကိုအသာလေးလှန်ကြည့်တော့ လူပ်စိလူပ်စိနဲ့
မြို့အုပ်၀မ်နားကပ်လာကာ စောင်ကြီးခြုံလို သူ့လက်မောင်းကိုမှီကာ
အိပ်နေတယ်။

ယခုမှပဲနားအေးရတော့တယ် မဟုတ်ရင်ဒီဟာလေးကစကားတွေပြောတာကိုယ်တောင်အိပ်လို့မရဘူး။
.
.
.
.
"အင်း..."

ရှောင်ကျန့်နိုးလာတော့ တစ်နေရာရာကိုသွားနေသောပုံ ရှောင်ကျန့်မျက်လုံးများကျယ်သွားရတယ် သူအိပ်တုန်းကရထားပေါ်မှာလေ အခုဒါကြီးကဘာကြီးလဲ ။

"ငြိမ်ငြိမ်နေ ပစ်ချမိလိုက်မယ်...."

ရှောင်ကျန့်အပေါ်ကိုမော့ကြည့်မိမှ မြို့အုပ်၀မ် ဘေးပတ်လည်ကိုကြည့်မိတော့ သူတို့ကိုကြည့်သူတွေကအများအပြားရှေ့ကိုကြည့်မိတော့ ကားတံခါးကအသင့်ဖွင့်ထားပြီးနေပြီ ။

ကားနားရောက်တော့မှသူ့ကိုချီထားရာကနေအသာလေးချပေးတယ် ကားထဲဝင်ထိုင်ကာ မြို့အုပ်၀မ်တက်ပြီးနောက် အရှေ့ကကားနှစ်စီး
လောက်သွားပြီးမှသာသူတို့ထွက်ရတော့တယ် ရှောင်ကျန့်ကားနောက်မှန်ကနေ အနောက်ကိုလှည့်ကြည့်မိတော့
အနောက်မှာလည်းကားနှစ်စီး ကိုယ်ရံတော်တွေပဲနေမှာပဲလေ ။

"မြို့အုပ်၀မ် ဒီကိုရောက်တာ ဘယ်တုန်းကလဲ ကျန့်ကျန့်အိပ်ပျော်သွားလို့မသိလိုက်မိဘူး"

"မင်းမနိုးခင်၅မိနစ်လောက်ကပါ"

"အော်....မြို့အုပ်၀မ် ကျန့်ကျန့်ကိုချီထားတာမလေးဘူးလားဟင်"

"လေးတယ်...၀က်ကိုမလိုက်ရတဲ့အတိုင်းပဲ"

"ကျန့်ကျန့် သူငယ်ချင်းတွေကျန့်ကျန့်ကိုချီတော့ပေါ့ပေါ့လေး‌လို့ပြောတာပဲ"

"မင်းကိုချီဖူးတယ် ဘယ်သူတွေကလည်း"

"၃ယောက်၄ယောက်လောက်ရှိတယ် ကျောင်းမှာအားကစားပွဲလုပ်တုန်းက တစ်ယောက်တစ်လှည့်စီချီပြီးပြေးရတာလေ အရမ်းပျော်ဖို့ကောင်းတာ အဲ့ကျရင်ကျန့်ကျန့်ကမချီရဘူး ကျန့်ကျန့်ကိုချီပြီးပြေးတဲ့သူတွေကြီးပဲ"

"....."

"မြို့အုပ်၀မ်က ၅ယောက်မြောက်ပါ ဟီး..."

"...."

"အိုက်ယား ယွီမြို့တော်ကအရမ်းလှတာပဲ..."

၁နာရီလောက်သွားလိုက်ရပြီးတဲ့နောက်မှာတော့ ယွီမြို့တော်ရဲ့
မြို့အုပ်အိမ်တော်စီရောက်သွားတော့တယ် ဒုမြို့အုပ်လို့လည်းခေါ်လို့
ရတယ် မြို့အုပ်၀မ်ရဲ့သူငယ်ချင်းအရင်းကြီးပေါ့ ။

"ဟား..ဟား.. မြို့အုပ်၀မ်ကြီး!"

သူကမြို့အုပ်၀မ်ကိုပြေးဖက်ပြီး တရီတမောနဲ့ကြိုဆိုတယ် သူ့ကိုမြင်တော့ ပြုံးကာ လက်ကိုဆွဲယူလိုက်တယ် ။

"မင်း‌ကတော်ကိုတော့ အနောက်တိုင်းစတိုင်နဲ့ နူတ်ဆက်မယ်နော်"

"ဟမ်?"

ရှောင်ကျန့်ရဲ့လက်ကထိုသူရဲ့ဆွဲရာနောက်ပါသွားပြီး ထိုသူရဲ့မျက်နှာ
ကလည်းသူ့လက်နားကပ်လာတယ် ။

"နူတ်ဆက်တာဒီလောက်နဲ့တော်သင့်ပြီ"

မြို့အုပ်၀မ်က ထိုသူရဲ့မျက်နှာကိုအုပ်ကာ တွန်းလိုက်ပြီး သူ့လက်ကို
ဆုပ်ကိုင်ထားတယ် ခုနကသူ‌ကတော့ ရီနေတုန်းပဲ။

"သ၀န်တိုတယ်ပေါ့....နားလည်ပါတယ်ကွာ...ဒါဆိုလည်းပြင်သစ်စတိုင်နူတ်ဆက်နည်းဆိုရင်ရော"

"ငါတို့ပြန်တော့မယ်...."

"အိုက်ယား...မြို့အုပ်၀မ်ကြီးကလည်း ချစ်လို့စလိုက်တာပါကွာ...
မင်းကတော်ကလည်းစိတ်ဆိုးတာမှမဟုတ်တာ...ဟုတ်တယ်နော်မင်းကတော်"

"ကျန့်ကျန့်စိတ်ဆိုးတယ် မြို့အုပ်၀မ်ကို....အနောက်တိုင်းစတိုင်နူတ်ဆက်နည်းသိချင်လို့ပါဆို"

"ဒီလိုနူတ်ဆက်တာ...."

မြို့အုပ်၀မ်ကပြောရင်းနဲ့ရှောင်ကျန့်လက်ကိုဆွဲကာ လက်ခုံကိုနမ်းလိုက်သည် ရှောင်ကျန့်မျက်လုံးအိမ်လေးတွေကျယ်
သွားပြီး ရင်တွေခုန်လာတယ် အနောက်တိုင်းနိုင်ငံတွေရဲ့နူတ်ဆက်နည်းကဒီလိုမျိုးလား။

သူတို့နှစ်ယောက်ကိုကြည့်ပြီး ယွီမြို့အုပ်မှာ ဘာမှ‌မပြောနိုင်တော့ပါ
နူတ်ဆက်ရမှာကသူလေ ....။

"လာကြ...လာကြ..နားချင်နေပြီမဟုတ်လား...."

ယွီမြို့အုပ်ကသူတို့ကိုခေါ်သွားတော့ ရှောင်ကျန့်လိုက်ကြည့်နေမိသည် အိမ်ကြီးကသားနားလိုက်တာ
ပန်းချီကားတွေလည်းချိတ်ဆွဲထားသေးတယ် မိုက်တယ်။

"မြို့အုပ်၀မ်...ငါတို့တစ်တွေ မနက်ဖြန် ဂေါက်ရိုက်ရအောင်ကွာ
ငါတို့လည်းမရိုက်ရတာကြာပြီမဟုတ်လား"

"အင်း..."

"ကျန့်ကျန့်လည်း ဂေါက်ရိုက်မယ်လေနော်"

"ရိုက်တတ်လို့လား"

"ကျန့်ကျန့်မရိုက်တတ်ပေမဲ့လည်း ဘယ်လောက်ခက်မှာမို့လို့လဲ"

"....."

ရှောင်ကျန့်အကဲခတ်ရသလောက်ဆိုရင် ယွီမြို့အုပ်ကပျော်ပျော်
နေတတ်ပြီး ဖော်ရွေတတ်တဲ့သူစားမျိုး မြို့အုပ်၀မ်ကျတော့
အင်းအင်းနဲ့ပဲ အလွန်အေးတဲ့သူစားမျိုးကြီး ။

ညဘက်ရောက်ပြီးအိပ်တော့ ရှောင်ကျန့်တစ်ချက်စိတ်ပူမိသည်
မြို့အုပ်၀မ်ပြောတာက ဒီမှာတစ်ပတ်လောက်ကြာနေမယ်တဲ့လေ
အဲ့တာကိုစိတ်ပူတာမဟုတ်ပေမဲ့ ဆေးအာနိသင်ပျယ်သွားမှာကြောက်လို့ပင် ဒါပေမဲ့လည်းတစ်ပတ်လောက်ထိ ခံနိုင်ရင်တော့တော်ပါသေးရဲ့။
-------------
မနက်ဘက်စောစော ယွီမြို့အုပ်အိမ်တော်ရဲ့ အနောက်ဘက်မှာဂေါက်ရိုက်
ကြတယ် ။

*ဝှစ်...ဝှစ်*

ဝှစ်ခနဲဆိုသလိုပဲ ဂေါက်ရိုက်တံကိုအားနဲ့လွှဲပြီးရိုက်လိုက်တဲ့အသံက
လေထဲမှာပေါ်ထွက်သွားခဲ့တယ် အားပြင်းပြင်းနဲ့အရိုက်ခံရသော
ဘောလုံးကလည်း မြောက်တက်ပြီးအောက်ကျသွားတော့မှလှိမ့်ကာ
သတ်မှတ်ထားတဲ့နေရာစီကိုတန်းတန်းမတ်မတ်ကျရောက်သွားလေတော့တယ် ။

"မြို့အုပ်၀မ်မှ အမှတ်၁၀၀"

"ဝါး....ကျန့်ကျန့်ယောကျာ်းကအရမ်းတော်တာပဲ..."

ရှောင်ကျန့်ကလက်ခုပ်လေးတီးကာ ထခုန်နေသည် မြို့အုပ်၀မ်ခေါင်းတစ်ချက်ငြိမ့်ပြကာ ရှောင်ကျန့်ဘေးနားသွားရပ်
သည် ရှောင်ကျန့်ရပ်နေတာက စင်ပေါ်မှာအပေါ်ကအမိုးလေးနဲ့
ပေါ့ ရှောင်ကျန့်ကတော့ပွဲကြည့်ပရိတ်သက်လုပ်နေရသည်။

"မြို့အုပ်၀မ်...အရမ်းတော်တာပဲ..."

"အင်း"

"ကဲ ငါ့အလှည့်ပဲဝှေ့..."

ဒီတစ်ခါတော့ယွီမြို့အုပ်ရဲ့အလှည့်ပင် သေသေချာချာအနေအထား
ကိုပြင်လို့ အားနဲ့လွှဲပြီးရိုက်ချလိုက်တယ် အချိန်ကဆောင်းရာသီ
ဖြစ်သော်လည်းပဲ မနက်ဘက်မှာအားကစားလုပ်တတ်တဲ့ယွီမြို့အုပ်
ကအေးတယ်လို့တောင်မထင် လက်တို နဲ့သာဂေါက်ရိုက်တော့
လက်မောင်းကြွက်သားတွေက ဘေးတွင်ရပ်ကြည့်နေကြတော့
အစေခံကောင်မလေးတွေအတွက် ရင်ခုန်လောက်စရာပင်။

"ယွီမြို့အုပ် အမှတ်၁၀၀!"

ယွီမြို့အုပ်က အောင်ပွဲရသောအနေအထားနဲ့လက်သီးလက်မောင်းတန်းလို့
သူ့တို့စီတည့်တည့်လျှောက်လာပြီး ရှောင်ကျန့်ဘေးနားကရေဘူးကိုယူသောက်လိုက်သေးသည်။

"ယွီမြို့အုပ် ယွီမြို့အုပ်"

"ဘာလဲဗျ မင်းကတော်..."

"ယွီမြို့အုပ်ရဲ့ လက်မောင်းကြွက်သားတွေကလေ အရမ်းမိုက်တာပဲသိလား"

"တကယ်လား...ကျွန်တော်ကတော့ သေးတယ်ထင်နေတာ မင်းကတော်ရဲ့..."

"ဟုတ်ပါဘူး...ကျန့်ကျန့်လက်မောင်းကသေးသေးလေး ယွီမြို့အုပ်ရဲ့လက်မောင်းကြွက်သားတွေက လုံး၀ကို ရင်သက်ရူမောစရာပဲ သိလား"

"ကျေးဇူးပါဗျ မင်းကတော်..."

"နောက်တစ်နေရာ ငါတို့ထပ်သွားဦးမှာလား..."

မြို့အုပ်၀မ်ရဲ့အသံကထွက်ပေါ်လာလေပြီ မြို့အုပ်၀မ်ကိုကြည့်လိုက်
တော့တစ်ခုခုကိုမကျေမချမ်းသောမျက်နှာနဲ့ ယွီမြို့အုပ်ကပြုံးကာ
လမ်းညွှန်ပြလိုက်သည်။

"ဒီတစ်ခါတော့ ဟိုးနားကနေပြီးရိုက်ကြတာပေါ့ အမှတ်၂၀၀အထိယူကြမယ်ဆိုရင်ရော..."

"ဟက်!...စိန်လိုက်လေ..."

"သွားကြတာပေါ့....ကြွပါဗျ မင်းကတော်လေး..."

"ဟုတ်ကဲ့ခင်ဗျ..."

"ဖြည်းဖြည်းဆင်းနော်..."

ယွီမြို့အုပ်က ရှောင်ကျန့်ရှေ့လက်လာကမ်းသည် ရှောင်ကျန့်လည်းဟိုကြည့်ဒီကြည့်နဲ့ရီလိုက်သေးသည် ။

"ယွီမြို့အုပ်ကလည်း လှေကားအသေးလေးသုံးထစ်ပဲကို..."

"ဟုတ်ပါတယ် romantic ဆန်ချင်လို့လေ မရဘူးလား"

"ဟို..အမ်..."

"ယွီ...ဟျိုက် မင်းရဲ့ ဇနီးကျမှဒီလိုလုပ်ပါလား ဘာလို့ငါ့ရဲ့မင်းကတော်ကိုမှလာလုပ်ရတာလဲ သိလို့ရမလား.."

ရှောင်ကျန့် ဘာမှ‌မပြောရသေးခင်မှာပဲ မြို့အုပ်၀မ်က၀င်ပြောတာကြောင့် ပါးစပ်ပိတ်လိုက်ရသည် ။

"အိုက်ယား ၀မ်ရိပေါ်ကြီးကလည်းကွာ...ငါကဇနီးလည်းမရှိပါဘူးကွ
ဒါပေမဲ့လည်း မင်းရဲ့ မင်းကတော်က တအားချစ်ဖို့ကောင်းနေ‌တော့...."

"ရှောင်ကျန့် ငါတို့ပြန်ရအောင်....အခု..."

"၀မ်ရိပေါ်ကြီးကလည်းကွာ... သ၀န်တိုစရာမရှိတိုနေပြန်ပါပြီကွာ
ပြီးရောလေ မစတော့ဘူး မစတော့ပါဘူးကွာ..."

"...."

ယွီမြို့အုပ်ကလည်း အရူံးပေးသလိုမျိုး လက်လေးနှစ်ဖက်ထောင်ကာသူ့ကိုပြုံးပြသည် မြို့အုပ်၀မ်ကမျက်လုံးတစ်ချက်ဝှေ့ကာ ရှောင်ကျန့်လက်ကိုဆွဲလို့
အရှေ့ကနေသွားတော့သည် အနောက်ကနေ ယွီမြို့အုပ်က‌တော့
ပြုံးပြုံးနဲ့သာလိုက်ခဲ့ပါတော့တယ်။

"ယွီမြို့အုပ်....မင်းကတော်ရှောင်ကျန့်ကို သဘောကျနေတာလား"

ဘေးနားကနေလာမေးသော ယွီအိမ်တော်ထိန်းကြီးကိုကြည့်ပြီး
ခေါင်းလည်းမခါသလို ခေါင်းလည်းမငြိမ့်ခဲ့ပါ ။

"၀မ်ရိပေါ်ကြီးကိုစလို့ကောင်းနေလို့ပါ အိမ်တော်ထိန်းကြီး"

"...."

"သူသ၀န်တိုတာ ပထမဆုံးမြင်ဖူးတာပဲမို့လို့ စလို့ကောင်းနေတယ်"

"...."

သတ်မှတ်ထားတဲ့နေရာကိုရောက်တော့ရပ်ကာ မြို့အုပ်၀မ်က သူ၀တ်ထားသော လက်ရှည်ကိုချွတ်လိုက်သည် ။

"အား!!!"
"မြို့အုပ်၀မ်က...မိုက်တယ်ဟေ့..."

ကြည့်နေကြသော ‌အစေခံကောင်မလေးတွေကထအော်ကြလေတယ် ရှောင်ကျန့်စူပုတ်ပုတ်ဖြစ်သွားရသည် ဒီလူကြီး ဒီလောက်အေးနေ
တာကို ဘာလို့လက်ရှည်ကိုချွတ်လိုက်တာလဲ အခုတော့ ဒီလက်မောင်းကြွက်သားတွေကို မိန်းကလေးတွေကိုပြတော့
ကျေနပ်သွားပြီမို့လို့လား....။

*ဝှစ်...*

ဝှစ်ခနဲဆိုသလိုပဲ မြို့အုပ်၀မ်ရဲ့ရိုက်ချက်ကပြင်းထန်လွန်းလို့ ဘောလုံးကလွင့်ထွက်သွားပြီး သတ်မှတ်ထားတဲ့အလံထောင်ထားတဲ့နေရာထက်ပိုပြီး ခပ်ဝေးဝေးကိုရောက်သွားလေတယ်။

"သတ်မှတ်ထားတဲ့နေရာထက်တောင်ကျော်ပြီး ရိုက်လိုက်တာပဲ
၀မ်ရိပေါ်ကြီးက.... မဆိုးပါဘူး...ဒီတစ်ခါတော့ ငါ့အလှည့်ပေါ့.."

"....."

"အားပေးနေနော် မင်းကတော်လေး...."

ရှောင်ကျန့်နှာခေါင်းထိပ်လေးကိုအသာလေးလက်နဲ့တောက်သွားကာဂေါက်ရိုက်တံကိုယူလို့ သွားလေပြီ သူ့ဘေးနားကိုမြို့အုပ်၀မ်ကရောက်လာလေတယ်။

"တောက်!"

တောက်ခေါက်သံကရှောင်ကျန့်ကို တုန်လူပ်စေပါတယ် မြို့အုပ်၀မ်ဘာဖြစ်လို့လဲ ပြိုင်ပွဲရူံးလို့များလား။

"မြို့အုပ်၀မ်...အရမ်းတော်တယ်သိလား ဟိုးအဝေးကြီး
ရောက်အောင်လို့ရိုက်နိုင်တယ် တကယ်တော်တယ်...."

ရှောင်ကျန့်ကလက်မလေးနှစ်ချောင်းထောင်ပြလို့ ပြုံးပြနေတယ်
မြို့အုပ်၀မ် ရှောင်ကျန့်မျက်နှာကိုသေချာစွာကြည့်လိုက်သည်။
"မင်းရဲ့ မင်းကတော်က တအားချစ်ဖို့ကောင်းနေတော့"
ယွီမြို့အုပ်ရဲ့စကားကသူ့နားထဲမှာထပ်တလဲလဲပြောနေသလိုမျိုး
ကြားယောင်လာရပြန်တယ် ။

"မြို့အုပ်၀မ်က ဒီလိုမျိုး အားနဲ့လွှဲရိုက်လိုက်တာလေ..."

"...."

"နောက်ပြီး လက်မောင်းကြွက်သားတွေကလည်း မိုက်မှမိုက်..."

"....."

‌မြို့အုပ်၀မ်ကဘာမှပြန်မပြောတော့ ရှောင်ကျန့်နေကခက်လာသည်
သူ့မျက်နှာကိုပဲစိုက်ကြည့်နေတာဆိုတော့လည်း ။

"မပြုံးပြနဲ့..."

"ဗျာ...."

"နောက်တစ်ခါ ကိုယ့်ရှေ့မှာကလွဲလို့ အခြားဘယ်ကောင်ရှေ့မှာမှမပြုံးပြနဲ့ ရှောင်ကျန့်...."

"ဘာဖြစ်လို့လဲ...."

"ကိုယ်မကြိုက်ဘူး"

"ခင်ဗျာ...."

ရှောင်ကျန့်နားမလည်ပါဘူး ဘာလို့သူ့ကိုမပြုံးပြခိုင်းချင်ရတာလဲ
သူနားမလည်တော့ပါ ။

"အဲ့တာဆိုလည်း...လက်ရှည်ပြန်၀တ်ထားချည်....ကျန့်ကျန့်မကြိုက်ဘူး"

ရှောင်ကျန့်ကလက်လေးပိုက်လို့ ဆူသလိုလိုနဲ့ပြောတော့ မြို့အုပ်၀မ်
ချက်ချင်းပဲ လက်ရှည်ကောက်၀တ်လိုက်လေတယ် အဖြစ်အပျက်ကို
အစအဆုံးသိမြင်ရလေသော ယွီမြို့အုပ်ကတော့ ပြုံးနေရုံမှ
တစ်ပါးမရှိတော့ပါချေ နောက်ဆုံးတော့ သူနဲ့မှမင်းလဲချစ်တတ်သွားတာပါပဲလား ၀မ်ရိပေါ် ....။
_____________
(25.11.2023)
#Su🐼












Part 10
------------
တဲ့လေ ။


"ပြော..."






တွေပါလား....။


"ဟုတ်ကဲ့!"

မှမရှိပေ ။

"မြို့အုပ်ဝမ်...."




"ဝါး...တကယ်ကြီး..."



"...."

ခံရသေးတာပဲကို သူတို့ရဲ့ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ မြို့အုပ်ဝမ်ရိုး

"မြို့အုပ်ဝမ်...."

"အင်း..."


"....."


"...."

"ဟုတ်တယ်မှတ်လားဟင်..."

မြို့အုပ်ဝမ်ဘာမှ‌မပြောတော့ဘဲနဲ့ ခေါင်းနောက်သို့လှန်ချကာ အိပ်လိုက်သည် ရှောင်ကျန့်ကတော့သူ့လက်ကိုလူပ်နိုးနေတုန်းပဲ။


"မသိဘူး...."

"...."

အိပ်နေတယ်။

.
.
.
.
"အင်း..."











"၃ယောက်၎ယောက်လောက်ရှိတယ် ကျောင်းမှာအားကစားပွဲလုပ်တုန်းက တစ်ယောက်တစ်လှည့်စီချီပြီးပြေးရတာလေ အရမ်းပျော်ဖို့ကောင်းတာ အဲ့ကျရင်ကျန့်ကျန့်ကမချီရဘူး ကျန့်ကျန့်ကိုချီပြီးပြေးတဲ့သူတွေကြီးပဲ"

"....."


"...."






"ဟမ်?"





"ငါတို့ပြန်တော့မယ်...."



"ဒီလိုနူတ်ဆက်တာ...."


နူတ်ဆက်ရမှာကသူလေ ....။




"အင်း..."


"ရိုက်တတ်လို့လား"


"....."


-------------
ကြတယ် ။

*ဝှစ်...ဝှစ်*






"အင်း"

"ကဲ ငါ့အလှည့်ပဲဝှေ့..."





"ဘာလဲဗျ မင်းကတော်..."






လမ်းညွှန်ပြလိုက်သည်။


"ဟက်!...စိန်လိုက်လေ..."


"ဟုတ်ကဲ့ခင်ဗျ..."

"ဖြည်းဖြည်းဆင်းနော်..."




"ဟို..အမ်..."






"...."





"...."


"...."


"အား!!!"


*ဝှစ်...*



"....."



"တောက်!"



ကြားယောင်လာရပြန်တယ် ။


"...."


"....."


"မပြုံးပြနဲ့..."

"ဗျာ...."


"ဘာဖြစ်လို့လဲ...."

"ကိုယ်မကြိုက်ဘူး"

"ခင်ဗျာ...."

သူနားမလည်တော့ပါ ။


_____________
(25.11.2023)
#Su🐼

Continue Reading

You'll Also Like

23.1K 1.5K 17
ကျုပ်ဘဝရဲ့ ပထမဆုံးဆိုတဲ့အရာရာတိုင်းဟာ ဒီလူ့ကြောင့်ပဲဖြစ်တည်နေခဲ့ပြီ။ ကျုပ်မေးစမ်းပါဦးမယ် ခင်ဗျားမလွန်လွန်းဘူးလား ရှောင်းစွာ..." ကျုပ်ဘဝရဲ့ ပထမဆုံးဆ...
111K 3.9K 15
(Unicode) "ကျွန်တော့်အဆောင်ထဲခိုးဝင်ပြီး နမ်းတာအားမရလို့ အခုကျွန်တော်အနောက်ပါနောင်ယောင်ခံလိုက်နေပြန်တယ် ကျွန်တော်လိုကြင်ယာတော်လောင်းတစ်ယောက်စီကဘာလိုခ...
848 83 10
الوحده تصنع مِنك شَخص آخر لَم تكون تُريد أن تكون هو.. Cover By: Kimrossy12
36.6K 1K 9
War comes with nothing but takes away everything. In which the past watched how their children changed the tides of the war by creating another side...