စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.1K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 1

2.1K 66 0
By Ex_0069

Unicode
Episode _ 1

ကျုပ်နာမည်က တေလွန်း။ အမေ့ဗိုက်ထဲမှာကတည်းက ဆိုးလွန်း၊ ပေလွန်း၊ တေလွန်းလို့ အမေက ကျုပ်ကိုမွေးတော့ တေလွန်းလို့မှည့်ပေးလိုက်တာပဲ။ လူကလည်း စနေသား၊ နေတက်..ရေတက်အချိန်မှာမွေးတော့ ဇနဲ့ဗျ။ ကျုပ်တို့က မောင်နှမနှစ်ယောက်၊ ကျုပ်မှာ အစ်မတစ်ယောက်ရှိနေတယ်။ သူက အင်္ဂါသမီး၊ နာမည်က ငွေကျော့။ ကျုပ်နဲ့တော့ အမြဲတကျတ်ကျတ်ပဲ၊ နေ့နံပဲစီးလွန်းတာလား..၊ အရင်ဘဝကပဲ ရန်သူတွေတော်ခဲ့သလားတော့မသိ၊ မြင်လိုက်တာနဲ့ နှစ်ယောက်သားကိုက်တော့တာပဲ။ ကျုပ်တို့နှစ်ယောက်တည့်တဲ့အချိန်ဆိုတာ တော်တော်ရှားတယ်။ အဘ(အဖေ)နဲ့အမေက အမြဲပြောတယ်။ ကျုပ်က သက်ဦးမဟုတ်တာတော်တော်ကံကောင်းတယ်တဲ့၊ မဟုတ်ရင် သူတို့ကိုပါ ရောင်းစားမဲ့ကောင်တဲ့ဗျာ။ ဒါက မနာလိုလို့ပြောတဲ့စကားဆိုတာ သိပြီးသား။ ကျုပ်မွေးမှပဲ အဘရဲ့လယ်တွေ၊ ယာတွေကအထွက်တိုးပြီး ရွာမှာအလှူကြီးပေးနိုင်တာလေ....။ ကျုပ်ကို ဘဘုန်းကဟောထားပြီးသား၊ ဘုန်းကံအရမ်းမြင့်တဲ့ကောင်၊ မြင့်ဆို တော်ရုံတန်ရုံမဟုတ်ဘူးလေ။ ဟိုတလောက ရွာမှာ အကြော်သည်အဒေါ်ကြီးကိုသရဲဝင်ပူးတယ်ဆိုပြီး အပနှင်ဆရာတွေတောင် ထုတ်ပေးလို့မရဘူး၊ ကျုပ်က ကလေးပီပီဟန်ချီချီ သွားစပ်စုတာပေါ့။ အဲ့မှာဗျာ အဲ့သရဲဝင်ပူးနေတဲ့ဒေါ်ကြီးက ကျုပ်လည်းမြင်ရော ကြောက်ပါပြီ..နောက်မလုပ်တော့ပါဘူး.. ကြောက်ပါပြီလို့အော်ပြီး သရဲက တန်းထွက်သွားတာပဲဗျာ။ အဲ့ကတည်းက ရွာထဲကလူတွေ ကျုပ်ဆို ရှိန်ကုန်ကြတာပဲဗျာ။ ဒါတင်မကသေးဘူး၊ ရွာမှာ ကျွဲပျောက်၊နွားပျောက်၊ဆိတ်ပျောက်ရင် ဘယ်သူမှရှာမတွေ့ရင် ကျုပ်ကိုပဲ လာခေါ်ကြတာဗျ၊ အဲ့ပျောက်တဲ့နေရာတစ်ဝိုက်မှာ ပျောက်တဲ့အကောင်က ကျုပ်ရောက်ရင် အရင်ရောက်နေပြီးသား၊ ဘဘုန်းပြောတာတော့ ကျုပ်က တောစောင့်နတ်၊ တောင်စောင့်နတ်တွေထက် ဘုန်းတန်ခိုးပိုကြီးတယ်လို့ ပြောတာပဲ။

" ဟေ့ကောင် ငတေ!!.. မင်း ခုချိန်ထိ မထသေးဘူးလား.. "

ဟော ကြားရပါပြီ.. ကျုပ်အိပ်တဲ့ခေါင်းရင်းအခန်းပြတင်းပေါက်ကနေဝင်လာတဲ့နေရောင်နဲ့အတူတူ အဘရဲ့အသံကျယ်ကျယ်ကို။

" ထပြီ အဘရေ... ထပြီဗျ ထပြီ! "

ကျုပ်အသက်က ဆယ့်ခြောက်နှစ်၊ ပညာအရည်အချင်းကတော့ ဆယ်တန်းဖြေထားတယ်...၊ အောင်မှာတော့ ကျိန်းသေပဲဗျ။ ကျုပ်က လပတ်စာမေးပွဲတိုင်းမှာသာ အဆင့်သိပ်မကောင်းတာ.. ဒါကလည်း တမင်တကာမဖြေချင်လို့ မဖြေခဲ့တာပါ။ အမြဲတမ်းအတန်းတင်စာမေးပွဲတိုင်းမှာတော့ ကျုပ်က ဆရာကြီးပဲ။ ရွာကကျောင်းဆရာမတွေဆို ကျုပ်အကြောင်းသိပြီး အဘကိုလာတိုင်သေးတယ်။ လပတ်စာမေးပွဲမှာ အဆင့်မကောင်းဘဲနဲ့ အတန်းတင်စာမေးပွဲမှာကျ အားလုံးထက်အဖြေတွေကိုသိနေလို့တဲ့လေ။ တခါကဆို ကျုပ်ကို ခိုးချတယ်ထင်ပြီး ကျောင်းအုပ်ကြီးရှေ့မှာ တစ်ယောက်တည်း သီးသန့်ဖြေခိုင်းတာနော်။ ကျုပ်ကတော့ အေးဆေးပဲ။ ကျုပ်က အဓိကနဲ့သာမညကို ခွဲတတ်တယ်ပေါ့ဗျာ။ နောက်တော့လည်း ကျုပ်အကြောင်းကိုသိသွားပြီး ဆရာမတွေရော၊ ကျောင်းအုပ်ကြီးကပါ လက်မြောက်ထားလိုက်တော့တာပဲ။

အဲ.. ဆိုလိုရင်းကိုမရောက်တော့ဘူး။ အခုက ကျုပ်က လူပျိုပေါက်အရွယ်ပေါ့ဗျာ။ အစောနက ထပြီလို့ပြောလိုက်တာကလည်း လူကိုထပြီလို့ပြောတာမဟုတ်ဘူး.. အခြားဟာကို ပြောတာ။ သိကြတယ်မလား...။ ဒါပေမဲ့လည်း အဲ့တာက အရေးမကြီးဘူး။ အဘက သူ့သမီးကိုဆို သည်းသည်းလှုပ်ပဲဗျ။ ကျုပ်ကျ အမြဲကြိမ်လုံးတရမ်းရမ်းနဲ့။ မသိရင် ကျုပ်က နွားကြီးကျနေရောပဲ။ အဲ့တော့ အောက်ကထနေတဲ့ဟာရော.. လူရော အိပ်ရာကနေ ထရတော့တာပေါ့။ ခြင်ထောင်ထဲက ထွက်၊ လှေကားကနေဆင်းပြီး နောက်ဖေးအရင်သွားရတယ်။ တမျိုးတော့ မထင်ကြနဲ့ဗျ..၊ မနက်အိပ်ရာနိုးရင် အပေါ့အရင်သွားတတ်တာက ကျုပ်အကျင့်မို့ပါ။

" အဘရာ... တစ်နေ့ တစ်နေ့ အဘ မပင်ပန်းဘူးလား၊ အပြင်ကနေ အိမ်အပေါ်ထပ်ထိ ကျုပ်ကြားအောင် အော်နိုးနေရတာကို... "

" ငါ ရေနွေးခွက်နဲ့ ကောက်ပေါက်လိုက်ရ..၊ မင်းကို ငါမှ မနိုးရင် ဘယ်သူလာနိုးမှာလဲ...၊ ငွေကျော့ကိုသွားနိုးခိုင်းရအောင်ကလည်း မင်းလိုခွေးအိပ်နည်းအိပ်တဲ့ကောင်နဲ့ မဖြစ်ဘူးကွ "

ကိုယ့်သားကိုယ်များ ခွေးနဲ့နှိုင်းရတယ်လို့ အဘရယ်။ ထားပါတော့.. အဘပြောတာလည်းမှားတာမှ မပါတာ။ ကျုပ်က ပုဆိုးနဲ့အိပ်ပြီဆို ဟိုပေါ်ဒီပေါ်ဗျ။ ဒါတောင် ခြင်ထောင်က ငှက်ပျောအူခြင်ထောင်( ဆောင်းမှာနွေးပြီး နွေမှာအေးတဲ့ ခြင်တောင်မျိုး၊ အထဲကကြည့်လျှင်လည်း အပြင်ကိုသည်းသည်းကွဲကွဲမမြင်ရသလို အပြင်ကကြည့်ရင်လည်း အထဲကိုမမြင်ရတဲ့ခြင်ထောင်မျိုးပါ၊ ခြင်ထောင်အစနဲ့မျက်နှာကိုကပ်ကြည့်မှ တစ်ဖက်ကိုမြင်ရတဲ့ခြင်ထောင်မျိုး )နဲ့အိပ်တာ။

" အဘ..၊ အမေရော "

" ဥပုဂ်ကျောင်းသွားတယ်.... "

" ဟာ... အဘက လိုက်မသွားဘူးလား၊ အဘလည်း အရွယ်ရလာပြီနော်.. ကိုယ့်နောက်ပါမဲ့ဟာလေး လုပ်သင့်နေပြီ...၊ အမေဆို မနက်တိုင်း ဘဘုန်းကျောင်းကို ဆွမ်းချိုင့်ပို့နေတာပဲ.. ကြည့်!..၊ ဘယ်လောက်ကောင်းလိုက်လဲ... တကယ်ဆို အခု အဘအရွယ်နဲ့ဆို ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ... အမေနဲ့အတူတူ ဘုရားသွားကျောင်းတက်လုပ်သင့်နေပြီဗျ "

တေလွန်း အဘထိုင်နေတဲ့အိမ်ရှေ့က စားပွဲချထားတဲ့တန်းလျားနှစ်ခုမှာမျက်နှာချင်းဆိုင်ထိုင်နေရင်းနဲ့မှ အမေပြင်ပေးထားခဲ့တဲ့ ငချိတ်ပေါင်းကို အားရပါးရစားရင်း အဘကိုပြန်ဆုံးမနေသည်။

* ဖြောင်း...!!! *

သူဆုံးမတာက ပါးစပ်နဲ့။ အဘဆုံးမလိုက်တာက ကြိမ်လုံးနဲ့ဗျ။ သူ မေ့သွားတာ.. အဘရဲ့အနားမှာမထိုင်ခင် အဘဆီမှာ ကြိမ်လုံးရှိမရှိ အရင်ကြည့်ရမှာကို။ အခုတော့...။

" အား... နာလိုက်တာ အဘရာ "

" ငတေ.. မင်း ငါ့ကို တကယ်သွေးတက်အောင်လုပ်နေတာပဲ.. ဟမ်၊ မင်းက အဖေလား... ငါက အဖေလား.... "

" အဘက အဖေပါဗျာ...၊ ဒါပေမဲ့.. "

" တော်..! "

အဘက ကြိမ်လုံးကို လက်ထဲကနေစားပွဲပေါ်ပစ်တင်လိုက်ပြီး မာန်မဲလိုက်သည်။

" မင်း.. ခဏနေကျရင် ရှင်မွှေးလေးဆီ သွားမှာမလား... "

" အွန်း... "

" အေး... မင်းသွားရင် အိမ်တံခါးတွေကို သေချာပိတ်ခဲ့၊ ငါ မင်းအမေဆီလိုက်သွားမလို့...၊ ဆရာတော်က ခဏနေ သီလပေးတော့မှာ.. ငါ သွားပြီ! "

ခပ်သုတ်သုတ်ထွက်သွားတဲ့အဘကိုကြည့်ပြီး တေလွန်း သဘောကျကာ ရယ်မိသည်။ အဘက အမေနဲ့အတူတူလိုက်မသွားတာမဟုတ်၊ သူ့ကိုနိုးဖို့နဲ့ မနက်စာကျွေးဖို့ တမင်တကာကို အိမ်မှာနေခဲ့ပြီး သူမနက်စာစားပြီးတဲ့အထိစောင့်ပြီးမှ အမေတို့ရှိတဲ့ဥပုဂ်​ကျောင်းကို သွားခြင်းဖြစ်သည်။ အပြောအဆိုနဲ့လက်ကသာကြိမ်လုံးကိုင်ပြီးကြမ်းပြနေပေမဲ့ သူ့အဘက သူ့ကိုသိပ်ချစ်မှန်း တေလွန်းသိသည်။ တေလွန်းလည်း တက်တက်စင်အောင်ပြောင်သွားတဲ့ငချိတ်ပေါင်းပန်းကန်ကို မီးဖိုတဲထဲမှာရေစိမ်ခဲ့ပြီး အိမ်တံခါးတွေကိုပိတ်ကာ ဆင်ပေါက်ဆီကို သွားဖို့ပြင်တော့သည်။ အဘပြောတဲ့ရှင်မွှေးလေးဆိုတာ ကျုပ်နဲ့ငယ်ပေါင်းလေ။ ကျုပ်ကတော့ သူ့ကို အခြားသူတွေနဲ့မတူအောင် ဆင်ပေါက်လို့ပဲ ခေါ်တယ်။ ရွာထဲက အခြားသူတွေကတော့ ရှင်မွှေးလို့ပဲခေါ်ကြတယ်။ ကျုပ်လို ဆင်ပေါက်လို့ခေါ်ချင်ကြတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့က တေလွန်းမှမဟုတ်တာ။ ခေါ်ရဲခေါ်ကြည့်လေ။ တေလွန်ူအကြောင်း သိသွားမှာပေါ့။ ပြီးတော့ ရှင်မွှေးဆိုတဲ့နာမည်ကြောင့် မိန်းကလေးလို့မထင်ကြနဲ့အုန်းဗျ၊ သူက ကျုပ်လိုပဲ အတံနဲ့ ယောက်ျားလေးဗျ။

သူ့အိမ်က ကျုပ်အိမ်နဲ့တော့ တော်တော်ဝေးတယ်။ ကျုပ်အိမ်က ရွာအလယ်လောက်မှာ၊ သူ့အိမ်က ရွာမြောက်ပိုင်းဘက်နည်းနည်းကျတယ်။ ခြေကျင်သွားရင် ငါးမိနစ်လောက်သွားရပြီး စက်ဘီးနဲ့ဆိုရင်တော့ နှစ်မိနစ်ထက် မပိုဘူး။ မိုးတွင်းဆိုရင်တော့ ရွာလမ်းက ဗွက်ထတယ်လေ။ အဲ့အခါကျ ခြေကျင်ပဲ သွားရတယ်။ စက်ဘီးက ရွံထဲနစ်ပြီး နင်းမရတော့ဘူး။

" အရီးလေး.. ကျုပ် လာတယ်ဗျို့ "

" တေလွန်းရေ.. မင်းသူငယ်ချင်းက ရွာထိပ်က ကုက္ကိုလ်တန်းကိုသွားနှင့်ပြီဟဲ့...၊ အဲ့ကောင်လေး မင်းကို စိတ်ကောက်သွားပြန်ပြီထင်တယ်...၊ အစောကထိ သူ မင်းကိုစောင့်နေသေးတယ်... မင်း မလာတော့ဘူးထင်ပြီး တစ်ယောက်တည်းထွက်သွားတာပဲ.... "

" ဟာ.. ဒီကောင်ကတော့! "

တေလွန်းက အိမ်ရှေ့ကကွမ်းပျစ်ပေါ်မှာ ဆန်ပြာ( စကောထဲကိုဆန်ထည့်၍ စပါးလုံး၊ စပါးချေးရွေးရအောင် လှည့်တာမျိုးကိုပြောတာပါ )နေတဲ့ရှင်မွှေးရဲ့အမေအရီးလေးနန်းမှုံရဲ့စကားကြောင့် ဒေါသထွက်သွားသည်။ အရီးလေးက ရှမ်းလူမျိုးဖြစ်ပြီး ဦးကြီးသာငြိမ်းက ရှမ်းပြည်ဘက် ကုန်သွားပို့ရင်း အရီးလေးနန်းမှုံကိုမြင်မြင်ချင်းကြိုက်ပြီး ခိုးပြေးလာတာလေ။

အဲ့တာတွေက နောက်မှပြောပြမယ်။ အခုတော့ ကျုပ်ကို မစောင့်ဘဲ လုပ်ချင်ရာလုပ်သွားတဲ့ဟိုကောင့်ကို ကျုပ် တော်တော်ဒေါသထွက်နေတယ်။ လူက ကျုပ်ထက် သုံးရက်သာကြီးတာ.. အသက်ကလွဲရင် ဘယ်နေရာမှ ကျုပ်လောက်မကြီးဘူး။ အဲ.. မျက်လုံးကတော့ ကျုပ်ထက် ပြူးတယ်။ အိမ်က အဘနဲ့အမေကတော့ အဲ့ကောင်မျက်လုံးကို သမင်မျက်လုံးလေးလို့တောင်ပြောကြတာ။ အဘနဲ့အမေက လူတကာကို တိရစ္ဆာန်တွေနဲ့နှိုင်းသလား မမေးနဲ့။ ရှမ်းစပ်မို့ အသားဖြူတယ်ထင်မနေနဲ့၊ သူက ဦးကြီးသာငြိမ်းနဲ့တူတော့ အသားက ညိုချက်။ ပြောရရင် ကျုပ်ကတောင် သူ့ထက် အသားအရည်က လတ်တယ်ပြောရမယ်.. ဟဲ.. ဟဲ ကြွားတာတော့ မဟုတ်ဘူးပေါ့ဗျာ။

ကဲ ဆိုလိုရင်းကို မရောက်တော့ဘူး။ အခုလောလောဆယ် အဲ့ကောင်ဆီကို အရင်လိုက်သွားလိုက်အုန်းမယ်။

" အရီးလေး ကျုပ် အဲ့တာဆို ဆင်ပေါက်နောက် လိုက်သွားလိုက်အုန်းမယ်ဗျာ... "

" အေး.. အေး၊ မင်းရဲ့အကိုကို ဆူမနေနဲ့အုန်းနော်...၊ သူ့မှာ မင်း မလာတော့ဘူးထင်ပြီး မျက်ရည်လေးတစမ်းစမ်းနဲ့ ထွက်သွားတာ...၊ စက်ဘီးရလို့ မနေ့ကပျော်နေတာကိုတောင် သတိမရရှာတော့ဘူး... "

" ဟုတ်ကဲ့ပါဗျာ.... "

အရီးလေးကလည်း မသိရင် ကျုပ်ကပဲ သူ့သားကို အမြဲအနိုင်ကျင့်နေတဲ့ကောင်ကျနေရောပဲ။ ကျုပ်က ဆူချင်လို့ဆူတာမှ မဟုတ်တာ၊ ကျုပ်ထက် သုံးရက်ကြီးပြီး ကျုပ်လောက်တောင် ဘာကိုမှမသိတဲ့အဲ့ကောင်ပုံစံကို အားမရလို့ ပြောမိတာလေးပဲရှိတာကို။ ကျုပ်လည်း အရီးလေးကိုပြောပြီး ကုက္ကိုလိတန်းကို လိုက်သွားတယ်။

အဲ့ဆင်ပေါက်ဟာလေ ဗုဒ္ဓဟူးသားလို့ မပြောရဘူး။ တော်တော်တော့ ကောက်တာဗျ။ အမှတ်သည်းခြေကလည်း ကြီးသေး။ ငယ်ငယ်လေးကတည်းက ဝဝကစ်ကစ်နဲ့ လမ်းလျှောက်ရင်ဆင်သွားသလိုမျိုး အိပဲ့ပဲ့နဲ့မို့ သူ့ကို ကျုပ်က ဆင်ပေါက်လို့ခေါ်တာဗျ။ အခုထိလည်း အဲ့ပုံစံပါပဲဗျာ။ သူများတွေလို အဆီရစ်ပြီးဝတာမျိုးမဟုတ်ဘဲ သူ့အသားကိုက ပြည့်ပြည့်လေးနဲ့နူးအိနေတာမျိုး။ ဥပမာ ပြောရရင်ဗျာ.. စျေးကြီးတဲ့ကိတ်မုန့်လုံးလေးတွေလို သူ့အသားက အိအိလေး၊ အဲ့ဆင်ပေါက်က အသားသာညိုတာ မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းက တစ်ကယ်လှတာဗျ။ အရီးလေးနန်းမှုံနဲ့တူတာလေ။ သူ့ကို မိန်းကလေးလိုသာပြင်ရင် ကျောင်းကကောင်တွေပြောသလို ညိုချောဖြစ်နေမှာ။ ဒါပေမဲ့ ကျုပ်က သူ့လို မိန်းကလေးလိုပြင်ဆင်ပေးဖို့မပြောနဲ့၊ အခြားကောင်တွေ... အခြားအတန်းထဲကကောင်မလေးတွေက အဲ့လိုပြောရင်ကို မကြိုက်တာ။ ကျောင်းမှာဆို ရှင်မွှေးနဲ့တေလွန်း၊ တေလွန်းနဲ့ရှင်မွှေးက ခွဲမရဘူး။ တေလွန်းရှိနေတဲ့နေရာမှာသာ ရှင်မွှေးမရှိရင် မရှိမယ်၊ ရှင်မွှေးရှိနေတဲ့နေရာအနီးတစ်ဝိုက်မှာဆို တေလွန်းက အမြဲရှိနေပြီးသား။ မိဘချင်းကလည်း ရင်းနှီးပြီး ငယ်ငယ်လေးကတည်း အတူတူကြီးပြင်းလာခဲ့တာမို့ ကျုပ်တို့နှစ်ယောက်က အမြဲ စားအတူတူ၊ သွားအတူတူပဲ။ သူ့ကို စောင့်ရှောက်ရမဲ့တာဝန်က ကျုပ်မှာ နဂိုမွေးကတည်းက ပါလာပြီးသားလေ။ အဲ့အကြောင်းကိုတော့ နောက်မှရှင်းပြတော့မယ်။

Next episode ........

Zawgyi
Episode _ 1

က်ဳပ္နာမည္က ေတလြန္း။ အေမ့ဗိုက္ထဲမွာကတည္းက ဆိုးလြန္း၊ ေပလြန္း၊ ေတလြန္းလို႔ အေမက က်ဳပ္ကိုေမြးေတာ့ ေတလြန္းလို႔မွည့္ေပးလိုက္တာပဲ။ လူကလည္း စေနသား၊ ေနတက္..ေရတက္အခ်ိန္မွာေမြးေတာ့ ဇနဲ႔ဗ်။ က်ဳပ္တို႔က ေမာင္ႏွမႏွစ္ေယာက္၊ က်ဳပ္မွာ အစ္မတစ္ေယာက္ရိွေနတယ္။ သူက အဂၤါသမီး၊ နာမည္က ေငြေက်ာ့။ က်ဳပ္နဲ႔ေတာ့ အၿမဲတက်တ္က်တ္ပဲ၊ ေန့နံပဲစီးလြန္းတာလား..၊ အရင္ဘဝကပဲ ရန္သူေတြေတာ္ခဲ့သလားေတာ့မသိ၊ ျမင္လိုက္တာနဲ႔ ႏွစ္ေယာက္သားကိုက္ေတာ့တာပဲ။ က်ဳပ္တို႔ႏွစ္ေယာက္တည့္တဲ့အခ်ိန္ဆိုတာ ေတာ္ေတာ္ရွားတယ္။ အဘ(အေဖ)နဲ႔အေမက အၿမဲေျပာတယ္။ က်ဳပ္က သက္ၪီးမဟုတ္တာေတာ္ေတာ္ကံေကာင္းတယ္တဲ့၊ မဟုတ္ရင္ သူတို႔ကိုပါ ေရာင္းစားမဲ့ေကာင္တဲ့ဗ်ာ။ ဒါက မနာလိုလို႔ေျပာတဲ့စကားဆိုတာ သိၿပီးသား။ က်ဳပ္ေမြးမွပဲ အဘရဲ့လယ္ေတြ၊ ယာေတြကအထြက္တိုးၿပီး ရြာမွာအလႉႀကီးေပးႏိုင္တာေလ....။ က်ဳပ္ကို ဘဘုန္းကေဟာထားၿပီးသား၊ ဘုန္းကံအရမ္းျမင့္တဲ့ေကာင္၊ ျမင့္ဆို ေတာ္ရံုတန္ရံုမဟုတ္ဘူးေလ။ ဟိုတေလာက ရြာမွာ အေၾကာ္သည္အေဒၚႀကီးကိုသရဲဝင္ပူးတယ္ဆိုၿပီး အပႏွင္ဆရာေတြေတာင္ ထုတ္ေပးလို႔မရဘူး၊ က်ဳပ္က ကေလးပီပီဟန္ခ်ီခ်ီ သြားစပ္စုတာေပါ့။ အဲ့မွာဗ်ာ အဲ့သရဲဝင္ပူးေနတဲ့ေဒၚႀကီးက က်ဳပ္လည္းျမင္ေရာ ေၾကာက္ပါၿပီ..ေနာက္မလုပ္ေတာ့ပါဘူး.. ေၾကာက္ပါၿပီလို႔ေအာ္ၿပီး သရဲက တန္းထြက္သြားတာပဲဗ်ာ။ အဲ့ကတည္းက ရြာထဲကလူေတြ က်ဳပ္ဆို ရိွန္ကုန္ၾကတာပဲဗ်ာ။ ဒါတင္မကေသးဘူး၊ ရြာမွာ ကြၽဲေပ်ာက္၊ႏြားေပ်ာက္၊ဆိတ္ေပ်ာက္ရင္ ဘယ္သူမွရွာမေတြ့ရင္ က်ဳပ္ကိုပဲ လာေခၚၾကတာဗ်၊ အဲ့ေပ်ာက္တဲ့ေနရာတစ္ဝိုက္မွာ ေပ်ာက္တဲ့အေကာင္က က်ဳပ္ေရာက္ရင္ အရင္ေရာက္ေနၿပီးသား၊ ဘဘုန္းေျပာတာေတာ့ က်ဳပ္က ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္ေတြထက္ ဘုန္းတန္ခိုးပိုႀကီးတယ္လို႔ ေျပာတာပဲ။

" ေဟ့ေကာင္ ငေတ!!.. မင္း ခုခ်ိန္ထိ မထေသးဘူးလား.. "

ေဟာ ၾကားရပါၿပီ.. က်ဳပ္အိပ္တဲ့ေခါင္းရင္းအခန္းျပတင္းေပါက္ကေနဝင္လာတဲ့ေနေရာင္နဲ႔အတူတူ အဘရဲ့အသံက်ယ္က်ယ္ကို။

" ထၿပီ အဘေရ... ထၿပီဗ် ထၿပီ! "

က်ဳပ္အသက္က ဆယ့္ေျခာက္ႏွစ္၊ ပညာအရည္အခ်င္းကေတာ့ ဆယ္တန္းေျဖထားတယ္...၊ ေအာင္မွာေတာ့ က်ိန္းေသပဲဗ်။ က်ဳပ္က လပတ္စာေမးပြဲတိုင္းမွာသာ အဆင့္သိပ္မေကာင္းတာ.. ဒါကလည္း တမင္တကာမေျဖခ်င္လို႔ မေျဖခဲ့တာပါ။ အၿမဲတမ္းအတန္းတင္စာေမးပြဲတိုင္းမွာေတာ့ က်ဳပ္က ဆရာႀကီးပဲ။ ရြာကေက်ာင္းဆရာမေတြဆို က်ဳပ္အေၾကာင္းသိၿပီး အဘကိုလာတိုင္ေသးတယ္။ လပတ္စာေမးပြဲမွာ အဆင့္မေကာင္းဘဲနဲ႔ အတန္းတင္စာေမးပြဲမွာက် အားလံုးထက္အေျဖေတြကိုသိေနလို႔တဲ့ေလ။ တခါကဆို က်ဳပ္ကို ခိုးခ်တယ္ထင္ၿပီး ေက်ာင္းအုပ္ႀကီးေရ႔ွမွာ တစ္ေယာက္တည္း သီးသန္႔ေျဖခိုင္းတာေနာ္။ က်ဳပ္ကေတာ့ ေအးေဆးပဲ။ က်ဳပ္က အဓိကနဲ႔သာမညကို ခြဲတတ္တယ္ေပါ့ဗ်ာ။ ေနာက္ေတာ့လည္း က်ဳပ္အေၾကာင္းကိုသိသြားၿပီး ဆရာမေတြေရာ၊ ေက်ာင္းအုပ္ႀကီးကပါ လက္ေျမာက္ထားလိုက္ေတာ့တာပဲ။

အဲ.. ဆိုလိုရင္းကိုမေရာက္ေတာ့ဘူး။ အခုက က်ဳပ္က လူပ်ိဳေပါက္အရြယ္ေပါ့ဗ်ာ။ အေစာနက ထၿပီလို႔ေျပာလိုက္တာကလည္း လူကိုထၿပီလို႔ေျပာတာမဟုတ္ဘူး.. အျခားဟာကို ေျပာတာ။ သိၾကတယ္မလား...။ ဒါေပမဲ့လည္း အဲ့တာက အေရးမႀကီးဘူး။ အဘက သူ႔သမီးကိုဆို သည္းသည္းလႈပ္ပဲဗ်။ က်ဳပ္က် အၿမဲႀကိမ္လံုးတရမ္းရမ္းနဲ႔။ မသိရင္ က်ဳပ္က ႏြားႀကီးက်ေနေရာပဲ။ အဲ့ေတာ့ ေအာက္ကထေနတဲ့ဟာေရာ.. လူေရာ အိပ္ရာကေန ထရေတာ့တာေပါ့။ ျခင္ေထာင္ထဲက ထြက္၊ ေလွကားကေနဆင္းၿပီး ေနာက္ေဖးအရင္သြားရတယ္။ တမ်ိဳးေတာ့ မထင္ၾကနဲ႔ဗ်..၊ မနက္အိပ္ရာႏိုးရင္ အေပါ့အရင္သြားတတ္တာက က်ဳပ္အက်င့္မို႔ပါ။

" အဘရာ... တစ္ေန့ တစ္ေန့ အဘ မပင္ပန္းဘူးလား၊ အျပင္ကေန အိမ္အေပၚထပ္ထိ က်ဳပ္ၾကားေအာင္ ေအာ္ႏိုးေနရတာကို... "

" ငါ ေရႏြေးခြက္နဲ႔ ေကာက္ေပါက္လိုက္ရ..၊ မင္းကို ငါမွ မႏိုးရင္ ဘယ္သူလာႏိုးမွာလဲ...၊ ေငြေက်ာ့ကိုသြားႏိုးခိုင္းရေအာင္ကလည္း မင္းလိုေခြးအိပ္နည္းအိပ္တဲ့ေကာင္နဲ႔ မျဖစ္ဘူးကြ "

ကိုယ့္သားကိုယ္မ်ား ေခြးနဲ႔ႏိႈင္းရတယ္လို႔ အဘရယ္။ ထားပါေတာ့.. အဘေျပာတာလည္းမွားတာမွ မပါတာ။ က်ဳပ္က ပုဆိုးနဲ႔အိပ္ၿပီဆို ဟိုေပၚဒီေပၚဗ်။ ဒါေတာင္ ျခင္ေထာင္က ငွက္ေပ်ာအူျခင္ေထာင္( ေဆာင္းမွာေနြးၿပီး ေနြမွာေအးတဲ့ ျခင္ေတာင္မ်ိဳး၊ အထဲကၾကည့္လ်ွင္လည္း အျပင္ကိုသည္းသည္းကြဲကြဲမျမင္ရသလို အျပင္ကၾကည့္ရင္လည္း အထဲကိုမျမင္ရတဲ့ျခင္ေထာင္မ်ိဳးပါ၊ ျခင္ေထာင္အစနဲ႔မ်က္ႏွာကိုကပ္ၾကည့္မွ တစ္ဖက္ကိုျမင္ရတဲ့ျခင္ေထာင္မ်ိဳး )နဲ႔အိပ္တာ။

" အဘ..၊ အေမေရာ "

" ဥပုဂ္ေက်ာင္းသြားတယ္.... "

" ဟာ... အဘက လိုက္မသြားဘူးလား၊ အဘလည္း အရြယ္ရလာၿပီေနာ္.. ကိုယ့္ေနာက္ပါမဲ့ဟာေလး လုပ္သင့္ေနၿပီ...၊ အေမဆို မနက္တိုင္း ဘဘုန္းေက်ာင္းကို ဆြမ္းခ်ိဳင့္ပို႔ေနတာပဲ.. ၾကည့္!..၊ ဘယ္ေလာက္ေကာင္းလိုက္လဲ... တကယ္ဆို အခု အဘအရြယ္နဲ႔ဆို ေကြးေသာလက္ မဆန္႔မွီ၊ ဆန္႔ေသာလက္ မေကြးမွီ... အေမနဲ႔အတူတူ ဘုရားသြားေက်ာင္းတက္လုပ္သင့္ေနၿပီဗ် "

ေတလြန္း အဘထိုင္ေနတဲ့အိမ္ေရ႔ွက စားပြဲခ်ထားတဲ့တန္းလ်ားႏွစ္ခုမွာမ်က္ႏွာခ်င္းဆိုင္ထိုင္ေနရင္းနဲ႔မွ အေမျပင္ေပးထားခဲ့တဲ့ ငခ်ိတ္ေပါင္းကို အားရပါးရစားရင္း အဘကိုျပန္ဆံုးမေနသည္။

* ေျဖာင္း...!!! *

သူဆံုးမတာက ပါးစပ္နဲ႔။ အဘဆံုးမလိုက္တာက ႀကိမ္လံုးနဲ႔ဗ်။ သူ ေမ့သြားတာ.. အဘရဲ့အနားမွာမထိုင္ခင္ အဘဆီမွာ ႀကိမ္လံုးရိွမရိွ အရင္ၾကည့္ရမွာကို။ အခုေတာ့...။

" အား... နာလိုက္တာ အဘရာ "

" ငေတ.. မင္း ငါ့ကို တကယ္ေသြးတက္ေအာင္လုပ္ေနတာပဲ.. ဟမ္၊ မင္းက အေဖလား... ငါက အေဖလား.... "

" အဘက အေဖပါဗ်ာ...၊ ဒါေပမဲ့.. "

" ေတာ္..! "

အဘက ႀကိမ္လံုးကို လက္ထဲကေနစားပြဲေပၚပစ္တင္လိုက္ၿပီး မာန္မဲလိုက္သည္။

" မင္း.. ခဏေနက်ရင္ ရွင္ေမႊးေလးဆီ သြားမွာမလား... "

" အြန္း... "

" ေအး... မင္းသြားရင္ အိမ္တံခါးေတြကို ေသခ်ာပိတ္ခဲ့၊ ငါ မင္းအေမဆီလိုက္သြားမလို႔...၊ ဆရာေတာ္က ခဏေန သီလေပးေတာ့မွာ.. ငါ သြားၿပီ! "

ခပ္သုတ္သုတ္ထြက္သြားတဲ့အဘကိုၾကည့္ၿပီး ေတလြန္း သေဘာက်ကာ ရယ္မိသည္။ အဘက အေမနဲ႔အတူတူလိုက္မသြားတာမဟုတ္၊ သူ႔ကိုႏိုးဖို႔နဲ႔ မနက္စာေကြၽးဖို႔ တမင္တကာကို အိမ္မွာေနခဲ့ၿပီး သူမနက္စာစားၿပီးတဲ့အထိေစာင့္ၿပီးမွ အေမတို႔ရိွတဲ့ဥပုဂ္​ေက်ာင္းကို သြားျခင္းျဖစ္သည္။ အေျပာအဆိုနဲ႔လက္ကသာႀကိမ္လံုးကိုင္ၿပီးၾကမ္းျပေနေပမဲ့ သူ႔အဘက သူ႔ကိုသိပ္ခ်စ္မွန္း ေတလြန္းသိသည္။ ေတလြန္းလည္း တက္တက္စင္ေအာင္ေျပာင္သြားတဲ့ငခ်ိတ္ေပါင္းပန္းကန္ကို မီးဖိုတဲထဲမွာေရစိမ္ခဲ့ၿပီး အိမ္တံခါးေတြကိုပိတ္ကာ ဆင္ေပါက္ဆီကို သြားဖို႔ျပင္ေတာ့သည္။ အဘေျပာတဲ့ရွင္ေမႊးေလးဆိုတာ က်ဳပ္နဲ႔ငယ္ေပါင္းေလ။ က်ဳပ္ကေတာ့ သူ႔ကို အျခားသူေတြနဲ႔မတူေအာင္ ဆင္ေပါက္လို႔ပဲ ေခၚတယ္။ ရြာထဲက အျခားသူေတြကေတာ့ ရွင္ေမႊးလို႔ပဲေခၚၾကတယ္။ က်ဳပ္လို ဆင္ေပါက္လို႔ေခၚခ်င္ၾကတဲ့သူေတြလည္းရိွတယ္။ ဒါေပမဲ့ သူတို႔က ေတလြန္းမွမဟုတ္တာ။ ေခၚရဲေခၚၾကည့္ေလ။ ေတလြႏ္ူအေၾကာင္း သိသြားမွာေပါ့။ ၿပီးေတာ့ ရွင္ေမႊးဆိုတဲ့နာမည္ေၾကာင့္ မိန္းကေလးလို႔မထင္ၾကနဲ႔အုန္းဗ်၊ သူက က်ဳပ္လိုပဲ အတံနဲ႔ ေယာက္်ားေလးဗ်။

သူ႔အိမ္က က်ဳပ္အိမ္နဲ႔ေတာ့ ေတာ္ေတာ္ေဝးတယ္။ က်ဳပ္အိမ္က ရြာအလယ္ေလာက္မွာ၊ သူ႔အိမ္က ရြာေျမာက္ပိုင္းဘက္နည္းနည္းက်တယ္။ ေျခက်င္သြားရင္ ငါးမိနစ္ေလာက္သြားရၿပီး စက္ဘီးနဲ႔ဆိုရင္ေတာ့ ႏွစ္မိနစ္ထက္ မပိုဘူး။ မိုးတြင္းဆိုရင္ေတာ့ ရြာလမ္းက ဗြက္ထတယ္ေလ။ အဲ့အခါက် ေျခက်င္ပဲ သြားရတယ္။ စက္ဘီးက ရြံထဲနစ္ၿပီး နင္းမရေတာ့ဘူး။

" အရီးေလး.. က်ဳပ္ လာတယ္ဗ်ိဳ႕ "

" ေတလြန္းေရ.. မင္းသူငယ္ခ်င္းက ရြာထိပ္က ကုကၠိုလ္တန္းကိုသြားႏွင့္ၿပီဟဲ့...၊ အဲ့ေကာင္ေလး မင္းကို စိတ္ေကာက္သြားျပန္ၿပီထင္တယ္...၊ အေစာကထိ သူ မင္းကိုေစာင့္ေနေသးတယ္... မင္း မလာေတာ့ဘူးထင္ၿပီး တစ္ေယာက္တည္းထြက္သြားတာပဲ.... "

" ဟာ.. ဒီေကာင္ကေတာ့! "

ေတလြန္းက အိမ္ေရ႔ွကကြမ္းပ်စ္ေပၚမွာ ဆန္ျပာ( စေကာထဲကိုဆန္ထည့္၍ စပါးလံုး၊ စပါးေခ်းေရြးရေအာင္ လွည့္တာမ်ိဳးကိုေျပာတာပါ )ေနတဲ့ရွင္ေမႊးရဲ့အေမအရီးေလးနန္းမႈံရဲ့စကားေၾကာင့္ ေဒါသထြက္သြားသည္။ အရီးေလးက ရွမ္းလူမ်ိဳးျဖစ္ၿပီး ၪီးႀကီးသာၿငိမ္းက ရွမ္းျပည္ဘက္ ကုန္သြားပို႔ရင္း အရီးေလးနန္းမႈံကိုျမင္ျမင္ခ်င္းႀကိဳက္ၿပီး ခိုးေျပးလာတာေလ။

အဲ့တာေတြက ေနာက္မွေျပာျပမယ္။ အခုေတာ့ က်ဳပ္ကို မေစာင့္ဘဲ လုပ္ခ်င္ရာလုပ္သြားတဲ့ဟိုေကာင့္ကို က်ဳပ္ ေတာ္ေတာ္ေဒါသထြက္ေနတယ္။ လူက က်ဳပ္ထက္ သံုးရက္သာႀကီးတာ.. အသက္ကလြဲရင္ ဘယ္ေနရာမွ က်ဳပ္ေလာက္မႀကီးဘူး။ အဲ.. မ်က္လံုးကေတာ့ က်ဳပ္ထက္ ျပဴးတယ္။ အိမ္က အဘနဲ႔အေမကေတာ့ အဲ့ေကာင္မ်က္လံုးကို သမင္မ်က္လံုးေလးလို႔ေတာင္ေျပာၾကတာ။ အဘနဲ႔အေမက လူတကာကို တိရစၧာန္ေတြနဲ႔ႏိႈင္းသလား မေမးနဲ႔။ ရွမ္းစပ္မို႔ အသားျဖဴတယ္ထင္မေနနဲ႔၊ သူက ၪီးႀကီးသာၿငိမ္းနဲ႔တူေတာ့ အသားက ညိုခ်က္။ ေျပာရရင္ က်ဳပ္ကေတာင္ သူ႔ထက္ အသားအရည္က လတ္တယ္ေျပာရမယ္.. ဟဲ.. ဟဲ ႂကြားတာေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။

ကဲ ဆိုလိုရင္းကို မေရာက္ေတာ့ဘူး။ အခုေလာေလာဆယ္ အဲ့ေကာင္ဆီကို အရင္လိုက္သြားလိုက္အုန္းမယ္။

" အရီးေလး က်ဳပ္ အဲ့တာဆို ဆင္ေပါက္ေနာက္ လိုက္သြားလိုက္အုန္းမယ္ဗ်ာ... "

" ေအး.. ေအး၊ မင္းရဲ့အကိုကို ဆူမေနနဲ႔အုန္းေနာ္...၊ သူ႔မွာ မင္း မလာေတာ့ဘူးထင္ၿပီး မ်က္ရည္ေလးတစမ္းစမ္းနဲ႔ ထြက္သြားတာ...၊ စက္ဘီးရလို႔ မေန့ကေပ်ာ္ေနတာကိုေတာင္ သတိမရရွာေတာ့ဘူး... "

" ဟုတ္ကဲ့ပါဗ်ာ.... "

အရီးေလးကလည္း မသိရင္ က်ဳပ္ကပဲ သူ႔သားကို အၿမဲအႏိုင္က်င့္ေနတဲ့ေကာင္က်ေနေရာပဲ။ က်ဳပ္က ဆူခ်င္လို႔ဆူတာမွ မဟုတ္တာ၊ က်ဳပ္ထက္ သံုးရက္ႀကီးၿပီး က်ဳပ္ေလာက္ေတာင္ ဘာကိုမွမသိတဲ့အဲ့ေကာင္ပံုစံကို အားမရလို႔ ေျပာမိတာေလးပဲရိွတာကို။ က်ဳပ္လည္း အရီးေလးကိုေျပာၿပီး ကုကၠိုလိတန္းကို လိုက္သြားတယ္။

အဲ့ဆင္ေပါက္ဟာေလ ဗုဒၶဟူးသားလို႔ မေျပာရဘူး။ ေတာ္ေတာ္ေတာ့ ေကာက္တာဗ်။ အမွတ္သည္းေျခကလည္း ႀကီးေသး။ ငယ္ငယ္ေလးကတည္းက ဝဝကစ္ကစ္နဲ႔ လမ္းေလ်ွာက္ရင္ဆင္သြားသလိုမ်ိဳး အိပဲ့ပဲ့နဲ႔မို႔ သူ႔ကို က်ဳပ္က ဆင္ေပါက္လို႔ေခၚတာဗ်။ အခုထိလည္း အဲ့ပံုစံပါပဲဗ်ာ။ သူမ်ားေတြလို အဆီရစ္ၿပီးဝတာမ်ိဳးမဟုတ္ဘဲ သူ႔အသားကိုက ျပည့္ျပည့္ေလးနဲ႔ႏူးအိေနတာမ်ိဳး။ ဥပမာ ေျပာရရင္ဗ်ာ.. ေစ်းႀကီးတဲ့ကိတ္မုန္႔လံုးေလးေတြလို သူ႔အသားက အိအိေလး၊ အဲ့ဆင္ေပါက္က အသားသာညိုတာ မ်က္ခံုး၊ မ်က္လံုး၊ ႏႈတ္ခမ္းက တစ္ကယ္လွတာဗ်။ အရီးေလးနန္းမႈံနဲ႔တူတာေလ။ သူ႔ကို မိန္းကေလးလိုသာျပင္ရင္ ေက်ာင္းကေကာင္ေတြေျပာသလို ညိုေခ်ာျဖစ္ေနမွာ။ ဒါေပမဲ့ က်ဳပ္က သူ႔လို မိန္းကေလးလိုျပင္ဆင္ေပးဖို႔မေျပာနဲ႔၊ အျခားေကာင္ေတြ... အျခားအတန္းထဲကေကာင္မေလးေတြက အဲ့လိုေျပာရင္ကို မႀကိဳက္တာ။ ေက်ာင္းမွာဆို ရွင္ေမႊးနဲ႔ေတလြန္း၊ ေတလြန္းနဲ႔ရွင္ေမႊးက ခြဲမရဘူး။ ေတလြန္းရိွေနတဲ့ေနရာမွာသာ ရွင္ေမႊးမရိွရင္ မရိွမယ္၊ ရွင္ေမႊးရိွေနတဲ့ေနရာအနီးတစ္ဝိုက္မွာဆို ေတလြန္းက အၿမဲရိွေနၿပီးသား။ မိဘခ်င္းကလည္း ရင္းႏွီးၿပီး ငယ္ငယ္ေလးကတည္း အတူတူႀကီးျပင္းလာခဲ့တာမို႔ က်ဳပ္တို႔ႏွစ္ေယာက္က အၿမဲ စားအတူတူ၊ သြားအတူတူပဲ။ သူ႔ကို ေစာင့္ေရွာက္ရမဲ့တာဝန္က က်ဳပ္မွာ နဂိုေမြးကတည္းက ပါလာၿပီးသားေလ။ အဲ့အေၾကာင္းကိုေတာ့ ေနာက္မွရွင္းျပေတာ့မယ္။

Next episode ........

Continue Reading

You'll Also Like

1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
7.3M 302K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
4M 195K 101
✅ "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐢𝐚𝐧 𝐧𝐨𝐯𝐞𝐥 ↯ ⚔︎ ʙᴏᴏᴋ ᴏɴᴇ ᴀɴᴅ ᴛᴡᴏ ᴄᴏᴍʙɪɴᴇᴅ ⚔︎ ...