Impersonator Lover (complete)

De BlackRoseTK93

93.4K 8.3K 823

Jeon Jungkook Kim Taehyung Mais

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38

Final

2.8K 197 26
De BlackRoseTK93

အိမ်ပေါ်ထပ်သို့ပွေ့ချီခံရပြီပါသွားတာတောင်လူပေါ်ကနေအသံကောင်းဟစ်နေတဲ့ Taehyung ကို Jungkook မှာ ဖြစ်ညစ်ပြီးချုပ်ကာအနမ်းတွေပေးချင်နေတဲ့အထိ အသဲတွေယားလို့..

" ရားးး Jeon Jungkook မင်းကဘာကောင်လည်း ဟမ် ငါ့ကိုခုလိုချုပ်ထားလို့ရလား . ငါမေးနေတယ်လေ ဘာကောင်လည်းလို့!!!"

" မင်းယောကျားလေ "

" ဟ ဘာကိုငါ့ယောကျားလည်း ငါချစ်တာမယုံဘဲနဲ့ ငါ့ယောကျားလုပ်ချင်နေတာဟုတ်လား သွား ထွက်သွား "

အရစ်တော်သမက်လေးရဲ့အသံကပြန်ခါနီးအိမ်အောက်က ယောက္ခမကြီးတောင်ကြားနေရသေးကြောင့် ယောက္ခမကြီးမှာတော့ပြုံးပြုံး ပြုံးပြုံးနဲ့သူ၏သမက်လေးကိုချစ်မဝဖြစ်လို့နေကာ ခေါင်းတရမ်းရမ်းနဲ့အိမ်ပြန်သွားတော့သည်..

" မသွားပါဘူး မင်းကိုအများကြီးချစ်ရအုံးမှာမလို့ မင်းနားက တစ်စက္ကန့်လေးတောင်ထွက်မသွားဘူးစိတ်ချ "

" မင်းမသွားရင်ငါသွားမယ် ဖယ်ခုဖယ် "

ခန္တာကိုယ်ပေါ်ကနေအတင်းရုန်းကန်ကာဆင်းဖို့ကြိုးစားနေတဲ့ Taehyung ကို အခန်းထဲဝင်လာပြီး အခန်းတံခါးကို ခြေထောက်နဲ့နောက်ပြန်ကန်ကာပိတ်လိုက်ပြီး ကုတင်ပေါ်ပစ်ချလိုက်ကာ ကိုယ်ပေါ်ကနေခွလို့ လက်နှစ်ဖက်ကိုချုပ်ထားလိုက်သည်..ဒါတောင်အောက်ကနေလှုပ်ရွနေတဲ့ Taehyung..

အပေါ်ကနေအုပ်မိုးကာ နှုတ်ခမ်းလေးကိုစုပ်ယူကာ အနမ်းလေးပေးလိုက်တော့ ငြိမ်ကျသွားတဲ့ Taehyung..နှုတ်ခမ်းလေးကိုအနမ်းပေးပြီး အနည်းငယ်မျှသာ ခွာကာ နှစ်ခေါင်းထိပ်လေးနှစ်ခုကိုထိကပ်လို့ထားသည်..

" Tae~"

Jungkook ကသူရဲ့နာမည်လေးကို ဆွဲပြီးခေါ်လိုက်တဲ့ချိန်မှာ မျက်လွှာလေးချကာ ငြိမ်နေတဲ့Taehyung ရဲ့အကြည့်တို့က Jungkook မျက်ဝန်းတွေကိုကြည့်မိသွားကာ အကြည့်ခြင်းစုံလို့..

" အင်း~ "

မပီသလိုပီသလို တိုးညှင်းသောအသံလေးဖြင့်ပြန်ထူးလိုက်တဲ့ Taehyung ..

" ငါတို့ ~ "

Impersonator Lover

ပြတင်းပေါက်ကနေတဆင့် လေစိမ်းအေးအေးလေးတွေတိုက်ခက်နေတာကြောင့် လိုက်ကာစအဖြူလေးတွေလွင့်လို့နေသည်..ညချမ်းရဲ့လေအေးအေးလေးတွေကြောင့် အချစ်ခရီးကိုအတူတူဖြတ်သန်းခဲ့ကြလို့မောဟိုက်ကာစိုစွတ်နေတဲ့ ချွေးတို့ကြောင့်တိုက်လိုက်တဲ့လေတို့ဟာပို၍အေးနေသလို Taehyung ဟာ Jungkook ရဲ့ ရင်ခွင်ထဲသို့ ပိုတိုးကာဝင်ရောက်လို့နေသည်..

" Tae ချစ်တယ် "

" ငါလည်း မင်းကိုအရမ်းချစ်တယ် "

" ကိုယ်က ပိုချစ်ရသူဆိုတာကိုရောသိလား."

" အင်း သိတယ် "

ရင်ခွင်ထဲကနေမော့ကြည့်ကာပြုံးလို့နေတာကြောင့်မို့တက်နေသောပါးပြင်လေးကိုခေါင်းလေးငုံ့ကာ အနမ်းလေးပေးလိုက်သည်..သူ့ကိုအနမ်းလေးပေးပြီးပြုံးကာကြည့်လို့နေတဲ့ Jungkook ရဲ့နှုတ်ခမ်းလေးကိုလည်း အနမ်းလေးတပွက့်ပြန်ပေးလိုက်သည်..

" ချစ်တယ် "

" ငါလည်း ချစ်တယ် "

တခန်းလုံး​​မှောင်နေတဲ့ သူတို့ရဲ့အခန်းထဲသို့ဖြာကျနေတဲ့လမင်းကြီးရဲ့အလင်းရောင်ကြောင့် နှစ်ဦးသားရဲ့အပြုံးတွေကိုအထင်းသားမြင်နေရသည်..

" Tae ကိုယ့်ကိုဘယ်အချိန်ကစပြီးချစ်မိသွားတာလည်း "

" မသိလိုက်ဘူး ငါသတိထားမိတဲ့အချိန်က စက်ရုံမှာ အထည်လိပ်တွေပြုတ်ကျတော့ မင်းငါကိုကာလိုက်လို့လက်ကျိုးပြီးဆေးရုံရောက်တဲ့နေ့ကပေါ့ ဒါပေမယ့် အဲ့အချိန်မှာ မင်းက ငါ့နှလုံးသားရဲ့ အနက်ရှိုန်းဆုံးနေရာကိုရောက်နှင့်လို့နေပြီ "

" သိပ်စကားတက်နေသလိုပဲ ကိုယ်ရဲ့Tae "

" တကယ်ပြောနေတာပါနော် "

" ချစ်တယ် Tae ရယ် "

လမင်းကြီးရဲ့ အလင်းရောင်အောက် တဦးနှင့်တဦး အကြည့်တို့မလွဲကာချစ်စကားတို့ပြောနေကြပြီး ချစ်သူရဲ့မျက်နှာတကမ္ဘာထင်ပြီး နောက်ရက်မတွေ့ရတော့မယ့်သူတွေအလား အကြည့်တို့မပျက်..တချက်တချက် တိုးဝင်လာတဲ့ လေပြည်အေးတွေဟာ သူတို့နှစ်ဦးရဲ့ ရင်ခုန်သံတွေကို အေးစက်သွားအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပေ..

Taehyung အတွက် အချစ်ရေးက အစပိုင်းမှာ ကံမကောင်းခဲ့တာကြောင် Taehyung ဟာ ချစ်ရမှာကိုလည်းကြောက်နေသလို ချစ်မိသွားပြီးရင်လည်း ဆုံးရှုံးရမှာကိုလည်းကြောက်နေခဲ့ပေမယ့် မထင်ထားခဲ့တဲ့ ဖြစ်ရပ်တခုကြောင့် သူထပ်မှန်ချစ်မိခဲ့သည်..ဒီတခါလည်း ဟန်ဆောင်ခဲ့တဲ့ အချစ်တခုကို တကယ်ချစ်မိသွားတဲ့ သူ့အတွက် ကြေကွဲခြင်း ဆုံရှုံးခြင်းနဲ့ပဲ အဆုံး သတ် မယ်ထင်ခဲ့တာ..

တကယ်တော့ အဲ့လိုမဟုတ်ခဲ့ပဲ Jungkook ကလည်း သူကို သူထက်ပိုချစ်နေခဲ့တာကြောင့် သူ့အတွက်ဒီတခါတော့ ပျော်စရာအဆုံးသတ်လေးဖြစ်ခဲ့ရသည်..

သူ့ ရဲ့ အချစ်ကိုနားလည်ပြီးတန်ဖိုးထားပေးတဲ့ Jungkook နဲ့ တွေ့ခဲ့ရတာကြောင့် သူ့ ရဲ့ဘဝဆုံးတိုင် Jungkook ရဲ့ လက်ကိုတွဲလို့ သံသရာတလျှောက် ချစ်သွားပါ့မယ်လို့ ကတိတို့ပေးရင် သာယာလှပတဲ့ နေ့ရက်လေးတွေကို ချစ်ရသူ Jungkook နဲ့အတူတူဖြတ်သန်းသွားမယ်လို့တွေးရင်း အိပ်ပျော်နေပြီဖြစ်တဲ့ Jungkook ရဲ့ ရင်ခွင်ထဲ ပိုတိုးလို့ဝင်ကာဖတ်လို့ နောက်လာမယ့်အနာဂတ်တွေမှာ အများကြီးချစ်ပေးနိုင်အောင် အားမွေးရင်း အိပ်စက်ခြင်းစီသို့ ဦးတည်ကာ အေးချမ်းသောညချမ်းလေးကိုချစ်ရသူရဲ့ ရက်ခွင်ကြီးထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ကာ ကုန်ဆုံးလိုက်တော့သည်..

Impersonator Lover

ပြီးပါပြီ

BlackroseTK 93
Taekookforever 🐰🐯

Impersonator Lover လေးကို စိတ်ရှည်ရှည်နဲ့ ကောင်းကောင်းမကောင်းကောင်းဖတ်မှာပဲဆိုတဲ့ ကျွန်မရဲ့ အချစ်လေးတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 😘

zawgyi



" မင်းယောကျားလေ "







" Tae~"


" အင်း~ "


" ငါတို့ ~ "

Impersonator Lover


" Tae ချစ်တယ် "



" အင်း သိတယ် "


" ချစ်တယ် "

" ငါလည်း ချစ်တယ် "





" တကယ်ပြောနေတာပါနော် "

" ချစ်တယ် Tae ရယ် "





Impersonator Lover


ပြီးပါပြီ

BlackroseTK 93
Taekookforever


Continue lendo

Você também vai gostar

949K 36K 86
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
109K 5.5K 53
(y/n) (l/n) a girl who was born in the modern world who somewhat ends up in the taisho era of demon slayer. Her sassiness and eccentric attitude capt...
110K 2.6K 41
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...