ကိုရိန်းနဲ့ မခေါ်တာ ၂၄ နာရီ တိတိပင် ရှိနေပြီဖြစ်သည်။ ၂၄ နာရီဆိုသည်က စက္ကန့်နဲ့ ရေတွက်လျှင် သိပ်များလွန်းသည့် ပမာဏပါပင်။
ကိုရိန်းကြီးက ဒီလိုမျိုး ငြိမ်ကုပ်နိုင်သည်မို့ စိတ်တောင် ပိုဆိုးမိပါသေးသည်။ သို့သော်လည်း ဒီအတိုင်း ဆက်သွားလို့က မဖြစ်သည်မို့ ကျူရှင်က ပြန်ရောက်သည်နှင့် သူ့အိမ်ဘက် ကူးရသည်။
"Taehyung... မင်း သူငယ်ချင်းနဲ့ စိတ်ကောက်နေတာလား"
ကိုရိန်း အမေက အရိပ်အကဲ နားလည်ပါသည်။ အဲဒီကောင်က ကျွန်တော်နဲ့ ရန်ဖြစ်လျှင် သူ့အိမ်ကို အစောကြီး ပြန်ပြီး အခန်းအောင်းတတ်သည်။
အန်တီ့ကို ခေါင်းညိတ်လို့ ပြုံးပြလိုက်ကာ ကိုရိန်း အခန်းဆီ သွားရပါသည်။
တံခါးခေါက်မနေတော့ဘဲ ဖွင့်ကာ ဝင်လာလိုက်တော့ ကျောပေးလို့ ပြတင်းပေါက်ကို ကြည့်နေပါသည်။
ဒါဟာ ကျွန်တော် ရောက်နေမှန်း သိသိကြီးနဲ့ မူယာပိုနေခြင်း... သိပ်လည်း တတ်နိုင်ပါသေးသည်။
"အဟွန်း... Korain Garcia (ကိုရိန်း ဂါစီယာ) နဲ့ တွေ့ချင်လို့ပါ"
ချောင်းဟန့်လို့ အသံပြုတော့ ပုခုံးတွေ တစ်ချက် တွန့်သွားပါသည်။ နေနိုင်သည်လည်း မဟုတ်ပါဘဲ စိတ်ကောက်သည်။ ပြီးနောက် တစ်ယောက်တည်း ကြိတ်မှိတ်ရယ်နေပြန်ပါသည်။
"Korain Garcia က မကြာခင်မှာ အနိုင်ရတော့မယ့် volleyball အသင်းခေါင်းဆောင်ဆိုတော့ ကျွန်တော့်လို နုံချာတဲ့သူက တွေ့ဖူးချင်လို့ပါ။ ဒီဘက်လေး လှည့်ကြည့်ပါဦး ခင်ဗျာ..."
"အရူးကောင်... လျှောက်ပြောနေတယ်"
ကိုရိန်းက သူ့ ကုတင်ပေါ်မှာ ခေါင်းအုံးသေးလေးကို ဆွဲယူကာ ကျွန်တော့်ဆီ လှမ်းပစ်ပေါက်သည်။
ခပ်သုတ်သုတ်ကာ ရှောင်လိုက်ရင်း ကိုရိန်းအနား တိုးကပ်သွားလိုက်သည်။
"စိတ်ဆိုးပြေတော့လေကွာ... ကိုရိန်းကလည်း ချစ်လို့ စတာကို မင်းက သိပ်စိတ်ဆိုးတတ်တာပဲ"
သူ့ ကုတင်ပေါ် တက်လိုက်ကာ လဲချလိုက်ပြီး ကိုရိန်းရဲ့ အင်္ကျီစကို ဆွဲလို့ ပြောနေလိုက်သည်။
"အော အော ဖြစ်ရသေးတယ်။ ရေခဲချောင်းလေး စားမိတာကို စိတ်ဆိုးတာ ဘယ်သူလဲ"
"ဒါကတော့ မတူဘူးလေကွာ"
နှုတ်ခမ်းဆူကာ ပြောတော့ ကိုရိန်းက မျက်နှာမဲ့ပစ်သည်။
"မင်း ကစားချင်တဲ့ volleyball ကို ဒီတစ်ကြိမ် နောက်ဆုံး ကစားခွင့်ပေးမယ်လေ။ စိတ်ဆိုးပြေတော့လို့ ကိုရိန်းရ..."
ကိုရိန်းရဲ့ ခါးနားက အင်္ကျီစတွေဟာ ကျွန်တော့် လက်ချောင်းထဲမှာ ကြေမွလို့... ကိုရိန်းက ဒါကို ကြည့်ပြီး ရယ်လာပါသည်။
"မင်း လာအားပေးမလား။ ဒါဆို စိတ်ဆိုးပြေပေးမယ်"
"လူလည်ကျတာ... ငါက အဲလို ကစားပွဲတွေ မကြိုက်တာ သိရဲ့သားနဲ့။ MMA လို ပွဲမျိုးဆို တစ်မျိုးပေါ့... Volleyball ရဲ့ စည်းမျဉ်းတွေကို နားမလည်ပါဘူးကွာ"
"မသိဘူး Taehyung ရာ... မင်းလာရင် စိတ်ဆိုးပြေပေးမယ်။ မလာရင် ပိုစိတ်ဆိုးဦးမယ်"
"ဟုတ်ပြီ ဟုတ်ပြီ။ လာပေးမယ် ရပြီလား"
ကိုရိန်းက သူ့စိတ်ကြိုက် အဖြေရတော့မှ ကျေနပ်သွားပါသည်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ကြား ပြန်ပြီး ပြေလည်သွားတော့သည်။
ကိုရိန်း ဆီမှာပဲ ဆက်နေဖြစ်သည်မို့ သူ့ ခေါင်းအုံးကို တက်ခွထားလိုက်သည်။ ကိုရိန်းက ဒါကို မကြိုက်ပေမယ့် အပြစ်တော့ မပြောပါဘူး။
"ကိုရိန်း... မင်းက ကောင်မလေး ထားမှာလား။ ဒါဆို ဘယ်လိုမျိုးကို ရွေးမှာလဲ။ မင်းတို့ စပိန်ထဲကလား"
"လာပြန်ပြီ ဒီအကြောင်းပဲ... စာကိုသာ အာရံုစိုက်စမ်းပါ"
"မင်းက အခုထိ သဘောကျတဲ့ သူမှ မတွေ့သေးတာ... ငါဆို ဆရာ့ကို သိပ်သဘောကျတာလေ။ အဲတော့ မင်း သဘောကျမယ့် သူကိုလည်း သိချင်တာပေါ့"
ကိုရိန်းက စိတ်ရှုပ်သလို သူ့ ခေါင်းမှ အညိုရောင် ဆံပင် အကောက်တွေကို ခါထုတ်ပစ်သည်။
"ပြင်သစ်သူ ရပြီလား.. အကြောင်းအရင်းတော့ သိချင်ဦးမလား။ ပြင်သစ်အနမ်း ဘယ်လိုလဲ သိချင်လို့ကွာ"
ကိုရိန်းက မျက်နှာလေး ရဲလို့ ခပ်စွာစွာ ပြန်ဖြေလာပါသည်။ ကိုရိန်းရဲ့ အဖြေကို ကြာတော့ ဝမ်းဗိုက်ကို နှိပ်ကာ အော်ရယ်မိသည်။
"ဟား ဟား ကိုရိန်းကြီးက မထင်ရဘူးပဲ"
ကိုရိန်းကတော့ မျက်နှာ ဆူပုတ်လို့ စိုက်ကြည့်နေပါသည်။ ထိုအခါမှ ကိုယ်ရှိန်သတ်လိုက်ပြီး အိမ်ပြန်ဖို့ ပြင်ရသည်။ အမေကလည်း ညစာ စားဖို့ စောင့်နေလောက်ပြီ။
"ငါ ပြန်တော့မယ် မင်းရဲ့ ပွဲကို လာခဲ့မယ်နော်"
တံခါးဝ အနားကို ရောက်တော့ ကိုရိန်းက အနောက်က ပြေးလိုက်လာပြီး လက်ကို ဆွဲလာပါသည်။
"MMA နဲ့ WWE ဘယ်ဟာ ပိုကြိုက်လဲ"
ကိုရိန်းက ရုတ်တရက်ကြီး မေးလာသည်မို့ မျက်လုံးဝိုင်းကာ အထူးအဆန်း ကြည့်လိုက်မိသည်။
"ငါက ကိုယ်တိုင် ဆော့ရတာသာ မကြိုက်တာ.. အဲလိုပွဲတွေတော့ စိတ်ဝင်စားလို့ ဘယ်ဟာ ဖြစ်ဖြစ် သဘောကျတယ်။ ဘာဖြစ်လို့လဲ"
"မဟုတ်ဘူး ဒီအတိုင်း မေးကြည့်တာ... မင်း အိမ်ပြန်တော့လေ"
ကိုရိန်းက သူ့ အခန်းထဲမှ အတင်းတွန်းထုတ်ကာ ပြန်ခိုင်းနေတော့သည်။
.
.
အမျိုးသား စာကြည့်တိုက်ကို မရောက်ဖြစ်တာ ကြာပြီမို့ ဒီတစ်နေ့တော့ ကျူရှင်က အပြန် ကိုရိန်းကို အတင်းဆွဲခေါ်လာရသည်။
ဟိုးအရင် ရက်တွေကလို စာကြည့်တိုက်မှာ ဆရာနဲ့ မျက်နှာချင်းဆိုင် စာအုပ်လေး ဖတ်ရသည့် ခံစားချက်မျိုးကို လွမ်းမိသည်မို့လည်း ဖြစ်ပါသည်။
Art and literature တွေဘက် လျှောက်လာလိုက်တော့ ပန်းချီဆွဲရသည့် နည်းလမ်းတွေအကြောင်း ကိုရီးယားဘာသာဖြင့် ရေးထားသည့် စာအုပ်လေး တွေ့ရသည်။
ထိုစာအုပ်ကို ဆွဲယူလိုက်ကာ ခုံတန်းရှည်မှာ သွားဖတ်မည် ပြင်တော့ Fiction တွေဘက် ဦးတည်သွားပြန်ပါသည်။
အချစ်ဝတ္ထုတွေကို စွဲလမ်းခဲ့သည်တော့ မဟုတ်သော်လည်း "အချစ်ဦး" ဆိုသည့် ခေါင်းစဉ်အောက်မှာ စိတ်ဝင်တစား ဖြစ်သွားရပြန်သည်။
ကိုရိန်းကို ရှာတော့ ကလေးဖတ်သည့် ကာတွန်းစာအုပ်တွေကြား ခေါင်းတိုးဝင်လို့ တိုးတိတ်တိတ်ရယ်နေပါသည်။
စာကြည့်တိုက် အနား ပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ ဆရာများ ရှိနေမလားဟု ရှာမိပါသည်။
လွန်ခဲ့သည့် မိနစ်ပိုင်းတုန်းက ကျူရှင်မှာ တွေ့ခဲ့သော်လည်း တစ်စက္ကန့်လေးကတောင် လွမ်းသည့် စိတ်ကို ပိုတိုးစေပါ၏။
"ဆရာဂျွန် မရောက်တာ ကြာနေပြီနော်"
"ဟုတ်ပါရဲ့ အစ်မရယ်... ကျွန်တော်လည်း မအားတာနဲ့ မရောက်ဖြစ်တာပါ။ ဒါက အရင်တစ်ပတ်က ငှားသွားတဲ့ စာအုပ်တွေပါ"
ဟုတ်ပါ့မလားဟု တွေးနေရင်းနဲ့ အသံလာရာဆီ အကြည့်လေး ရောက်မိသွားပါသည်။
ဆရာလည်း ကျွန်တော့်လို ကျူရှင်က ပြန်သည်နှင့် စာကြည့်တိုက်ကို တန်းဝင်လာပုံ ရပါသည်။
စာကြည့်တိုက်မှူးနဲ့ စကားလေး ပြောရင်း စာအုပ်တွေ ပြန်အပ်နေပါသည်။ ထိုအချိန်မှာပဲ ဒီဘက်ကို လှည့်လာပြီမို့ ခပ်မြန်မြန် အကြည့်လွှဲလိုက်ရသည်။
မျက်နှာချင်းဆုံသွားသည့်အခါ၊ အကြည့်ချင်းဆုံသွားသည့်အခါ... အရာရာတိုင်းဟာ ရပ်တန့်သွားပြီး နှလုံးသားလေးသာ တဒိတ်ဒိတ် ခုန်ရင်း ကျန်နေခဲ့လေ့ ရှိပါသည်။
ဒီလိုနဲ့ မောပန်းခဲ့ရသည့် နေ့ရက်တွေဟာလည်း မရေတွက်နိုင်တော့ပြီမို့ ဒီတစ်ခဏလေးတော့ အနားပေးဖို့ ဆုံးဖြတ်ထားလိုက်ရပါသည်။
ဆရာ့ မျက်ဝန်းတွေနဲ့ ဆုံလိုက်လျှင် ရင်ဘတ်ထဲမှာ နွေးထွေးလို့ ရေနတ်သမီး ပန်းကလေးတွေလည်း တလှိုင်လှိုင် ပွင့်လေ ရှိတတ်ပါသည်။
"မင်း ရွေးပြီးပြီလား ပြန်ကြမယ်လေ"
ကိုရိန်းက သူ့ ကာတွန်းစာအုပ်ကြီး ထားပြီးနောက် ကျွန်တော့်ကို လာခေါ်ပါသည်။ ဆရာ ရောက်နေသည်ကို သူ မသိသေးပါဘူး။
"ငါ ခဏ နေဦးမယ်... မင်းရော"
"မင်းနေရင် ငါလည်း နေမှာပေါ့"
ကိုရိန်းက သူ့ထုံးစံအတိုင်း ကာတွန်းစာအုပ်တွေဘက် ထွက်သွားသည်။
ကျွန်တော်ကတော့ စာကြည့်တိုက်ထဲ လျှောက်ပတ်နေလိုက်ရင်း ဆရာ့ကို လိုက်ရှာမိပြန်ပါသည်။ ကျောပြင်လေး တွေ့လို့ ခပ်သုတ်သုတ် လိုက်သွားလျှင် အနားရောက်တော့ ဆရာက ပျောက်သွားတတ်သည်။
ဒီလိုနဲ့ပဲ လိုက်ရှာရင်းက ကျောပြင်ကျယ်ကြီးကို ဝင်တိုက်မိတော့သည်။
ခပ်မာမာ ကျောပြင်ကြီးမို့ နှဖူးက အောင့်ခနဲတောင် ဖြစ်သွားရသည်။
"မင်းပဲလား ကလေးလေး... ဆရာ့အနောက် လိုက်နေတာ မဟုတ်လား"
ဆရာက စာအုပ်ကို ပိတ်လို့ ရယ်လာပါသည်။ နှဖူးကို ဖိပွတ်ကာ မျက်နှာရဲတက်သည်အထိ ရှက်နေသည်ကို ဖုံးဖိထားရသည်။
"နာသွားတယ် မဟုတ်လား ဆရာ တောင်းပန်ပါတယ်။ မရည်ရွယ်တာကို သိတယ် မဟုတ်လား"
ဆရာက အခုထိ ပြုံးရွှင်ရွှင် ဖြစ်နေပါသေးသည်။
"လာလေ... ခုံတန်းရှည်ဘက် သွားရအောင်"
ဆရာ့ အနောက်ကနေ ခန္ဓာကိုယ်လေး ကျုံ့လို့ လိုက်သွားမိသည်။ ဆရာက လူရှင်းသည့် ခုံတန်းဆီ ရောက်အောင် သွားပါသည်။ အခုတော့ ဒီနေရာမှာ ၅ ယောက်လောက်သာ ရှိတော့သည်။
"ဒီမှာ ရွှေဝါရောင် နှင်းပန်းလေး အကြောင်းရေးထားတဲ့ စာအုပ်လေ။ ပန်းရဲ့ ပေါက်ရောက်တဲ့ နေရာတွေ၊ မျိုးစိတ်တွေ မဟုတ်ဘဲ ဂရိဒဏ္ဍာရီထဲက ပန်းအကြောင်းပေါ့"
ဆရာက အဝါရောင် ပန်းကလေးနဲ့ မျက်နှာဖုံးလုပ်ထားသည့် စာအုပ်ကို စားပွဲပေါ် တင်လိုက်ပါသည်။
"ရေနတ်သမီးပန်းပဲ"
"အင်း ဖတ်ချင်လား... အင်္ဂလိပ်ဘာသာနဲ့မို့ ဆရာ ဖတ်ပြရမလား"
တုံ့ဆိုင်းမနေဘဲ ခပ်မြန်မြန်သာခေါင်းညိတ်လိုက်ပါသည်။ ဆရာက ပြုံးလို့ စာအုပ်လေးကို လှပ်လိုက်ပါသည်။
"ဂရိဒဏ္ဍာရီ တခုထဲမှာ Narcissus လို့ခေါ်တဲ့ ယောကျာ်းဟာ မြစ်နတ်ဘုရား Cephissus ရဲ့သားတော်တစ်ပါးဖြစ်တယ်။ သူက ချောမောလွန်းသလောက် အလွန်လည်း မာနကြီးတယ်။ Narcissus တစ်ယောက် တောအုပ်ထဲ လမ်းလျှောက်နေတုန်း Echo, Omm (Mountain nymph) နတ်ဘုရားမ တစ်ဦးက သူ့ကိုမြင်ပြီး နက်ရှိုင်းစွာ ချစ်မိသွားတယ်။ ဒါနဲ့ သူ့နောက်ကို တကောက်ကောက် လိုက်ေတာ့တာေပါ့။ Narcissus ကလည်း သူ့နောက်ကို လိုက်နေကြောင်းခံစားခဲ့ရပြီး နောက်ကလိုက်နေတာ ဘယ်သူလဲလို့ အော်မေးလိုက်တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ နတ်ဘုရားမ က သူ့အကြောင်းတွေ ပြောပြခဲ့ပြီး သူ့ကို လက်ခံဖို့လည်း တောင်းဆိုခဲ့တယ်။
မာနကြီးတဲ့ Narcissus က နတ်ဘုရားမကို လက်မခံဘဲ တစ်ယောက်တည်းထားခဲ့ဖို့သာ ပြောခဲ့တယ်။ အပစ်ပယ်ခံနတ်သမီးဟာ ဝမ်းနည်းကြေကွဲနေပြီး ကျန်ရှိနေသေးတဲ့ဘ၀ တစ်လျှောက်လုံးမှာ အထီးကျန်စွာ နေခဲ့ရတော့တာပေါ့... ဒါ့ကြောင့် နတ်ဘုရားမဟာ Narcissus ကို အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒီလိုနဲ့ နွေရာသီရဲ့ နေ့တစ်နေ့မှာ Narcissus တစ်ယောက် အမဲလိုက်ပြီးအပြန် မောမောနဲ့ ရေငတ်လာတယ်။ ရေငတ်နေတဲ့ Narcissus တစ်ယောက် ရေကန်ထဲ ရေသောက်ဖို့ ကုန်းအကြည့်မှာ နတ်ဘုရားမ ကျိန်စာ ကြောင့် သူ့ရုပ်ရည်ကို ရေကန်မှာ မြင်လိုက်ပေမယ့် အခြားသူ တစ်ဦးလို့ပဲ ထင်သွားခဲ့တယ်။
မြင်ရတဲ့ သူ့ပုံရိပ်ကို သူနက်ရှိုင်းစွာ ချစ်မြတ်နိုးမိသွားေတာ့တာေပါ့။ ဒီပုံရိပ်ကနေ မခွာနိုင်အောင်ဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူရဲ့ ချစ်ခြင်းမေတ္တာဟာ အပြန်အလှန် မရနိုင်ကြောင်း သဘောပေါက်လာပြီး ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေတဲ့ မီး ကြောင် ရွှေေရာင် ဒါမှမဟုတ် အဖြူရောင် ပန်းေလး တစ်ပွင့်အဖြစ် ပြောင်းခဲ့ရတော့တယ်။
အဲ့ဒီပန်းဟာ ရေနတ်သမီးပန်း၊ ရွှေဝါရောင် နှင်းပန်းလေးပါပဲ။ သူ့ကို daffodil၊ daffadowndilly၊ narcissus နဲ့ jonquil လို့လည်း ခေါ်ကြတယ်။ အချို့ကလည်း မာနကြီးသော ပန်း Daffodil လို့လည်း ခေါ်ကြတာပေါ့။ ရုပ်ရည်ချောမောလှပပြီး မာနကြီးတဲ့သူတွေက အိမ်ထောင်ဖက်မရှာကြဘူးဆိုရင် ဒီပန်းနဲ့ အလားတူပဲလို့ တင်စားကြတယ်။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပေမယ့်လည်းပေါ့"
ဆရာ့ စကားတွေ ရပ်တန့်သွားတော့ မျက်ဝန်းအိမ်မှာ အရည်ကြည်တွေ လဲ့လို့ ကျန်နေခဲ့မိသည်။
ရေနတ်သမီးပန်းရဲ့ ဒဏ္ဍာရီက ဒီလိုပဲ သနားစရာကောင်းသလားဟု တွေးလိုက်မိပါသည်။
"ဘယ်လိုနေလဲ သနားဖို့ကောင်းတယ် မဟုတ်လား။ မာနကြီးတဲ့ ဒီပန်းကို သဘောကျတဲ့ မင်းကရော ဒီလိုပဲလား ကလေးလေး"
ခေါင်းခါလိုက်မိသည်။ ကျွန်တော့်အတွက်ကတော့ ရေနတ်သမီးပန်းက သက်သက် အဓိပ္ပာယ်တစ်မျိုး ရှိနေပါသေးသည်။
"ရေနတ်သမီးပန်းက ဆရာနဲ့ တူတယ်... ရုပ်ချောပြီး အိမ်ထောင်ဖက်မရှာတဲ့ မာနကြီးတဲ့သူမို့လေ"
ဆရာက ပုခုံးတွေ လှုပ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပါသည်။
"ဟုတ်သလား... ဒီလိုဆို ပြောပါဦး။ ဘာကြောင့် ဒီမာနကြီးတဲ့ ပန်းကို သဘောကျနေရတာလဲ"
ဒီလိုဆိုတော့ နှုတ်ဆိတ်သွားမိသည်။ ပြန်ဖြေဖို့ အဖြေ မရှိသည် မဟုတ်သော်လည်း ပြန်ဖြေဖို့ရန် အကြောင်း မသင့်သေးခြင်း။
"ဒီလိုမျိုး အကြောင်းအရင်း သက်သက်ရှိပါသေးတယ်။ လျှို့ဝှက်ချက်မို့ပါ"
ဆရာက ကျွန်တော့်ခေါင်းမှ ဆံပင်လေးတွေကို ထိုးဖွရင်း ရယ်လာပါတော့သည်။
"မင်းက လျှို့ဝှက်ချက်တွေ သိပ်များနေတော့တာပဲ"
ဆရာ့ကို ပြုံးပြီးတော့သာ ကြည့်လိုက်မိတော့သည်။ ဆရာနဲ့ အတူ ပြုံးရယ်နေရင်းက အဝေးကို အကြည့်ရောက်မိတော့ ကိုရိန်းက ကျွန်တော်တို့ကို ကြည့်နေပါသည်။
သူ့ကို ပြုံးပြန်ရန် ပြင်တော့ ကိုရိန်းက ကျောခိုင်းကာ အနောက်ဘက်မှ စာအုပ်စင်တွေကြား တိုးဝင်သွားတော့သည်။
.
.
ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်
Daffodil အတွက် ဒဏ္ဍာရီအကြောင်းအရာတွေ အကုန်လုံးကို သက်ဆိုင်တဲ့ စာရေးသူတွေဆီ မူပိုင်ခွင့်ပေးပါတယ်နော်... ဒါတွေက ကိုယ်ရှာထားတာ မဟုတ်ပါဘူး။ Facebook အပြင်၊ Google က ရေးသားထားတဲ့ မူရင်း စာရေးသူတွေဆီကပါ။
Daffodil က ကိုယ်ရဲ့ မွေးလပန်းလေးမို့ သဘောကျတာတော့ အမှန်ပါရယ်...
ဒီတစ်နေ့လည်း စာလုံးပေါင်း မစစ်ထားတာမို့ အမှားတွေတော့ ရှိနေဦးမှာပါ။ အရင်လိုပဲ သည်းခံပေးပါဦးနော်။
VictoryKimTae
November 23, 2023
Zawgyi
ကိုရိန္းနဲ႔ မေခၚတာ ၂၄ နာရီ တိတိပင္ ရွိေနၿပီျဖစ္သည္။ ၂၄ နာရီဆိုသည္က စကၠန္႔နဲ႔ ေရတြက္လွ်င္ သိပ္မ်ားလြန္းသည့္ ပမာဏပါပင္။
ကိုရိန္းႀကီးက ဒီလိုမ်ိဳး ၿငိမ္ကုပ္ႏိုင္သည္မို႔ စိတ္ေတာင္ ပိုဆိုးမိပါေသးသည္။ သို႔ေသာ္လည္း ဒီအတိုင္း ဆက္သြားလို႔က မျဖစ္သည္မို႔ က်ဴရွင္က ျပန္ေရာက္သည္ႏွင့္ သူ့အိမ္ဘက္ ကူးရသည္။
"Taehyung... မင္း သူငယ္ခ်င္းနဲ႔ စိတ္ေကာက္ေနတာလား"
ကိုရိန္း အေမက အရိပ္အကဲ နားလည္ပါသည္။ အဲဒီေကာင္က ကြၽန္ေတာ္နဲ႔ ရန္ျဖစ္လွ်င္ သူ့အိမ္ကို အေစာႀကီး ျပန္ၿပီး အခန္းေအာင္းတတ္သည္။
အန္တီ့ကို ေခါင္းညိတ္လို႔ ၿပဳံးျပလိုက္ကာ ကိုရိန္း အခန္းဆီ သြားရပါသည္။
တံခါးေခါက္မေနေတာ့ဘဲ ဖြင့္ကာ ဝင္လာလိုက္ေတာ့ ေက်ာေပးလို႔ ျပတင္းေပါက္ကို ၾကည့္ေနပါသည္။
ဒါဟာ ကြၽန္ေတာ္ ေရာက္ေနမွန္း သိသိႀကီးနဲ႔ မူယာပိုေနျခင္း... သိပ္လည္း တတ္ႏိုင္ပါေသးသည္။
"အဟြန္း... Korain Garcia (ကိုရိန္း ဂါစီယာ) နဲ႔ ေတြ႕ခ်င္လို႔ပါ"
ေခ်ာင္းဟန္႔လို႔ အသံျပဳေတာ့ ပုခုံးေတြ တစ္ခ်က္ တြန္႔သြားပါသည္။ ေနႏိုင္သည္လည္း မဟုတ္ပါဘဲ စိတ္ေကာက္သည္။ ၿပီးေနာက္ တစ္ေယာက္တည္း ႀကိတ္မွိတ္ရယ္ေနျပန္ပါသည္။
"Korain Garcia က မၾကာခင္မွာ အႏိုင္ရေတာ့မယ့္ volleyball အသင္းေခါင္းေဆာင္ဆိုေတာ့ ကြၽန္ေတာ့္လို ႏုံခ်ာတဲ့သူက ေတြ႕ဖူးခ်င္လို႔ပါ။ ဒီဘက္ေလး လွည့္ၾကည့္ပါဦး ခင္ဗ်ာ..."
"အ႐ူးေကာင္... ေလွ်ာက္ေျပာေနတယ္"
ကိုရိန္းက သူ့ ကုတင္ေပၚမွာ ေခါင္းအုံးေသးေလးကို ဆြဲယူကာ ကြၽန္ေတာ့္ဆီ လွမ္းပစ္ေပါက္သည္။
ခပ္သုတ္သုတ္ကာ ေရွာင္လိုက္ရင္း ကိုရိန္းအနား တိုးကပ္သြားလိုက္သည္။
"စိတ္ဆိုးေျပေတာ့ေလကြာ... ကိုရိန္းကလည္း ခ်စ္လို႔ စတာကို မင္းက သိပ္စိတ္ဆိုးတတ္တာပဲ"
သူ့ ကုတင္ေပၚ တက္လိုက္ကာ လဲခ်လိုက္ၿပီး ကိုရိန္းရဲ႕ အကႌ်စကို ဆြဲလို႔ ေျပာေနလိုက္သည္။
"ေအာ ေအာ ျဖစ္ရေသးတယ္။ ေရခဲေခ်ာင္းေလး စားမိတာကို စိတ္ဆိုးတာ ဘယ္သူလဲ"
"ဒါကေတာ့ မတူဘူးေလကြာ"
ႏႈတ္ခမ္းဆူကာ ေျပာေတာ့ ကိုရိန္းက မ်က္ႏွာမဲ့ပစ္သည္။
"မင္း ကစားခ်င္တဲ့ volleyball ကို ဒီတစ္ႀကိမ္ ေနာက္ဆုံး ကစားခြင့္ေပးမယ္ေလ။ စိတ္ဆိုးေျပေတာ့လို႔ ကိုရိန္းရ..."
ကိုရိန္းရဲ႕ ခါးနားက အကႌ်စေတြဟာ ကြၽန္ေတာ့္ လက္ေခ်ာင္းထဲမွာ ေၾကမြလို႔... ကိုရိန္းက ဒါကို ၾကည့္ၿပီး ရယ္လာပါသည္။
"မင္း လာအားေပးမလား။ ဒါဆို စိတ္ဆိုးေျပေပးမယ္"
"လူလည္က်တာ... ငါက အဲလို ကစားပြဲေတြ မႀကိဳက္တာ သိရဲ႕သားနဲ႔။ MMA လို ပြဲမ်ိဳးဆို တစ္မ်ိဳးေပါ႔... Volleyball ရဲ႕ စည္းမ်ဉ္းေတြကို နားမလည္ပါဘူးကြာ"
"မသိဘူး Taehyung ရာ... မင္းလာရင္ စိတ္ဆိုးေျပေပးမယ္။ မလာရင္ ပိုစိတ္ဆိုးဦးမယ္"
"ဟုတ္ၿပီ ဟုတ္ၿပီ။ လာေပးမယ္ ရၿပီလား"
ကိုရိန္းက သူ့စိတ္ႀကိဳက္ အေျဖရေတာ့မွ ေက်နပ္သြားပါသည္။ ဒီလိုနဲ႔ပဲ ကြၽန္ေတာ္တို႔ၾကား ျပန္ၿပီး ေျပလည္သြားေတာ့သည္။
ကိုရိန္း ဆီမွာပဲ ဆက္ေနျဖစ္သည္မို႔ သူ့ ေခါင္းအုံးကို တက္ခြထားလိုက္သည္။ ကိုရိန္းက ဒါကို မႀကိဳက္ေပမယ့္ အျပစ္ေတာ့ မေျပာပါဘူး။
"ကိုရိန္း... မင္းက ေကာင္မေလး ထားမွာလား။ ဒါဆို ဘယ္လိုမ်ိဳးကို ေရြးမွာလဲ။ မင္းတို႔ စပိန္ထဲကလား"
"လာျပန္ၿပီ ဒီအေၾကာင္းပဲ... စာကိုသာ အာ႐ံုစိုက္စမ္းပါ"
"မင္းက အခုထိ သေဘာက်တဲ့ သူမွ မေတြ႕ေသးတာ... ငါဆို ဆရာ့ကို သိပ္သေဘာက်တာေလ။ အဲေတာ့ မင္း သေဘာက်မယ့္ သူကိုလည္း သိခ်င္တာေပါ႔"
ကိုရိန္းက စိတ္ရႈပ္သလို သူ့ ေခါင္းမွ အညိဳေရာင္ ဆံပင္ အေကာက္ေတြကို ခါထုတ္ပစ္သည္။
"ျပင္သစ္သူ ရၿပီလား.. အေၾကာင္းအရင္းေတာ့ သိခ်င္ဦးမလား။ ျပင္သစ္အနမ္း ဘယ္လိုလဲ သိခ်င္လို႔ကြာ"
ကိုရိန္းက မ်က္ႏွာေလး ရဲလို႔ ခပ္စြာစြာ ျပန္ေျဖလာပါသည္။ ကိုရိန္းရဲ႕ အေျဖကို ၾကာေတာ့ ဝမ္းဗိုက္ကို ႏွိပ္ကာ ေအာ္ရယ္မိသည္။
"ဟား ဟား ကိုရိန္းႀကီးက မထင္ရဘူးပဲ"
ကိုရိန္းကေတာ့ မ်က္ႏွာ ဆူပုတ္လို႔ စိုက္ၾကည့္ေနပါသည္။ ထိုအခါမွ ကိုယ္ရွိန္သတ္လိုက္ၿပီး အိမ္ျပန္ဖို႔ ျပင္ရသည္။ အေမကလည္း ညစာ စားဖို႔ ေစာင့္ေနေလာက္ၿပီ။
"ငါ ျပန္ေတာ့မယ္ မင္းရဲ႕ ပြဲကို လာခဲ့မယ္ေနာ္"
တံခါးဝ အနားကို ေရာက္ေတာ့ ကိုရိန္းက အေနာက္က ေျပးလိုက္လာၿပီး လက္ကို ဆြဲလာပါသည္။
"MMA နဲ႔ WWE ဘယ္ဟာ ပိုႀကိဳက္လဲ"
ကိုရိန္းက ႐ုတ္တရက္ႀကီး ေမးလာသည္မို႔ မ်က္လုံးဝိုင္းကာ အထူးအဆန္း ၾကည့္လိုက္မိသည္။
"ငါက ကိုယ္တိုင္ ေဆာ့ရတာသာ မႀကိဳက္တာ.. အဲလိုပြဲေတြေတာ့ စိတ္ဝင္စားလို႔ ဘယ္ဟာ ျဖစ္ျဖစ္ သေဘာက်တယ္။ ဘာျဖစ္လို႔လဲ"
"မဟုတ္ဘူး ဒီအတိုင္း ေမးၾကည့္တာ... မင္း အိမ္ျပန္ေတာ့ေလ"
ကိုရိန္းက သူ့ အခန္းထဲမွ အတင္းတြန္းထုတ္ကာ ျပန္ခိုင္းေနေတာ့သည္။
.
.
အမ်ိဳးသား စာၾကည့္တိုက္ကို မေရာက္ျဖစ္တာ ၾကာၿပီမို႔ ဒီတစ္ေန႔ေတာ့ က်ဴရွင္က အျပန္ ကိုရိန္းကို အတင္းဆြဲေခၚလာရသည္။
ဟိုးအရင္ ရက္ေတြကလို စာၾကည့္တိုက္မွာ ဆရာနဲ႔ မ်က္ႏွာခ်င္းဆိုင္ စာအုပ္ေလး ဖတ္ရသည့္ ခံစားခ်က္မ်ိဳးကို လြမ္းမိသည္မို႔လည္း ျဖစ္ပါသည္။
Art and literature ေတြဘက္ ေလွ်ာက္လာလိုက္ေတာ့ ပန္းခ်ီဆြဲရသည့္ နည္းလမ္းေတြအေၾကာင္း ကိုရီးယားဘာသာျဖင့္ ေရးထားသည့္ စာအုပ္ေလး ေတြ႕ရသည္။
ထိုစာအုပ္ကို ဆြဲယူလိုက္ကာ ခုံတန္းရွည္မွာ သြားဖတ္မည္ ျပင္ေတာ့ Fiction ေတြဘက္ ဦးတည္သြားျပန္ပါသည္။
အခ်စ္ဝတၳဳေတြကို စြဲလမ္းခဲ့သည္ေတာ့ မဟုတ္ေသာ္လည္း "အခ်စ္ဦး" ဆိုသည့္ ေခါင္းစဉ္ေအာက္မွာ စိတ္ဝင္တစား ျဖစ္သြားရျပန္သည္။
ကိုရိန္းကို ရွာေတာ့ ကေလးဖတ္သည့္ ကာတြန္းစာအုပ္ေတြၾကား ေခါင္းတိုးဝင္လို႔ တိုးတိတ္တိတ္ရယ္ေနပါသည္။
စာၾကည့္တိုက္ အနား ပတ္ဝန္းက်င္ကို လိုက္ၾကည့္ကာ ဆရာမ်ား ရွိေနမလားဟု ရွာမိပါသည္။
လြန္ခဲ့သည့္ မိနစ္ပိုင္းတုန္းက က်ဴရွင္မွာ ေတြ႕ခဲ့ေသာ္လည္း တစ္စကၠန္႔ေလးကေတာင္ လြမ္းသည့္ စိတ္ကို ပိုတိုးေစပါ၏။
"ဆရာဂြၽန္ မေရာက္တာ ၾကာေနၿပီေနာ္"
"ဟုတ္ပါရဲ႕ အစ္မရယ္... ကြၽန္ေတာ္လည္း မအားတာနဲ႔ မေရာက္ျဖစ္တာပါ။ ဒါက အရင္တစ္ပတ္က ငွားသြားတဲ့ စာအုပ္ေတြပါ"
ဟုတ္ပါ႔မလားဟု ေတြးေနရင္းနဲ႔ အသံလာရာဆီ အၾကည့္ေလး ေရာက္မိသြားပါသည္။
ဆရာလည္း ကြၽန္ေတာ့္လို က်ဴရွင္က ျပန္သည္ႏွင့္ စာၾကည့္တိုက္ကို တန္းဝင္လာပုံ ရပါသည္။
စာၾကည့္တိုက္မွဴးနဲ႔ စကားေလး ေျပာရင္း စာအုပ္ေတြ ျပန္အပ္ေနပါသည္။ ထိုအခ်ိန္မွာပဲ ဒီဘက္ကို လွည့္လာၿပီမို႔ ခပ္ျမန္ျမန္ အၾကည့္လႊဲလိုက္ရသည္။
မ်က္ႏွာခ်င္းဆုံသြားသည့္အခါ၊ အၾကည့္ခ်င္းဆုံသြားသည့္အခါ... အရာရာတိုင္းဟာ ရပ္တန္႔သြားၿပီး ႏွလုံးသားေလးသာ တဒိတ္ဒိတ္ ခုန္ရင္း က်န္ေနခဲ့ေလ့ ရွိပါသည္။
ဒီလိုနဲ႔ ေမာပန္းခဲ့ရသည့္ ေန႔ရက္ေတြဟာလည္း မေရတြက္ႏိုင္ေတာ့ၿပီမို႔ ဒီတစ္ခဏေလးေတာ့ အနားေပးဖို႔ ဆုံးျဖတ္ထားလိုက္ရပါသည္။
ဆရာ့ မ်က္ဝန္းေတြနဲ႔ ဆုံလိုက္လွ်င္ ရင္ဘတ္ထဲမွာ ေႏြးေထြးလို႔ ေရနတ္သမီး ပန္းကေလးေတြလည္း တလႈိင္လႈိင္ ပြင့္ေလ ရွိတတ္ပါသည္။
"မင္း ေရြးၿပီးၿပီလား ျပန္ၾကမယ္ေလ"
ကိုရိန္းက သူ့ ကာတြန္းစာအုပ္ႀကီး ထားၿပီးေနာက္ ကြၽန္ေတာ့္ကို လာေခၚပါသည္။ ဆရာ ေရာက္ေနသည္ကို သူ မသိေသးပါဘူး။
"ငါ ခဏ ေနဦးမယ္... မင္းေရာ"
"မင္းေနရင္ ငါလည္း ေနမွာေပါ႔"
ကိုရိန္းက သူ့ထုံးစံအတိုင္း ကာတြန္းစာအုပ္ေတြဘက္ ထြက္သြားသည္။
ကြၽန္ေတာ္ကေတာ့ စာၾကည့္တိုက္ထဲ ေလွ်ာက္ပတ္ေနလိုက္ရင္း ဆရာ့ကို လိုက္ရွာမိျပန္ပါသည္။ ေက်ာျပင္ေလး ေတြ႕လို႔ ခပ္သုတ္သုတ္ လိုက္သြားလွ်င္ အနားေရာက္ေတာ့ ဆရာက ေပ်ာက္သြားတတ္သည္။
ဒီလိုနဲ႔ပဲ လိုက္ရွာရင္းက ေက်ာျပင္က်ယ္ႀကီးကို ဝင္တိုက္မိေတာ့သည္။
ခပ္မာမာ ေက်ာျပင္ႀကီးမို႔ ႏွဖူးက ေအာင့္ခနဲေတာင္ ျဖစ္သြားရသည္။
"မင္းပဲလား ကေလးေလး... ဆရာ့အေနာက္ လိုက္ေနတာ မဟုတ္လား"
ဆရာက စာအုပ္ကို ပိတ္လို႔ ရယ္လာပါသည္။ ႏွဖူးကို ဖိပြတ္ကာ မ်က္ႏွာရဲတက္သည္အထိ ရွက္ေနသည္ကို ဖုံးဖိထားရသည္။
"နာသြားတယ္ မဟုတ္လား ဆရာ ေတာင္းပန္ပါတယ္။ မရည္ရြယ္တာကို သိတယ္ မဟုတ္လား"
ဆရာက အခုထိ ၿပဳံးရႊင္ရႊင္ ျဖစ္ေနပါေသးသည္။
"လာေလ... ခုံတန္းရွည္ဘက္ သြားရေအာင္"
ဆရာ့ အေနာက္ကေန ခႏၶာကိုယ္ေလး က်ဳံ႕လို႔ လိုက္သြားမိသည္။ ဆရာက လူရွင္းသည့္ ခုံတန္းဆီ ေရာက္ေအာင္ သြားပါသည္။ အခုေတာ့ ဒီေနရာမွာ ၅ ေယာက္ေလာက္သာ ရွိေတာ့သည္။
"ဒီမွာ ေရႊဝါေရာင္ ႏွင္းပန္းေလး အေၾကာင္းေရးထားတဲ့ စာအုပ္ေလ။ ပန္းရဲ႕ ေပါက္ေရာက္တဲ့ ေနရာေတြ၊ မ်ိဳးစိတ္ေတြ မဟုတ္ဘဲ ဂရိဒ႑ာရီထဲက ပန္းအေၾကာင္းေပါ႔"
ဆရာက အဝါေရာင္ ပန္းကေလးနဲ႔ မ်က္ႏွာဖုံးလုပ္ထားသည့္ စာအုပ္ကို စားပြဲေပၚ တင္လိုက္ပါသည္။
"ေရနတ္သမီးပန္းပဲ"
"အင္း ဖတ္ခ်င္လား... အဂၤလိပ္ဘာသာနဲ႔မို႔ ဆရာ ဖတ္ျပရမလား"
တုံ႔ဆိုင္းမေနဘဲ ခပ္ျမန္ျမန္သာေခါင္းညိတ္လိုက္ပါသည္။ ဆရာက ၿပဳံးလို႔ စာအုပ္ေလးကို လွပ္လိုက္ပါသည္။
"ဂရိဒ႑ာရီ တခုထဲမွာ Narcissus လို႔ေခၚတဲ့ ေယာက်ာ္းဟာ ျမစ္နတ္ဘုရား Cephissus ရဲ႕သားေတာ္တစ္ပါးျဖစ္တယ္။ သူက ေခ်ာေမာလြန္းသေလာက္ အလြန္လည္း မာနႀကီးတယ္။ Narcissus တစ္ေယာက္ ေတာအုပ္ထဲ လမ္းေလွ်ာက္ေနတုန္း Echo, Omm (Mountain nymph) နတ္ဘုရားမ တစ္ဦးက သူ့ကိုျမင္ၿပီး နက္ရႈိင္းစြာ ခ်စ္မိသြားတယ္။ ဒါနဲ႔ သူ့ေနာက္ကို တေကာက္ေကာက္ ေလိုက္တာ့ေတာပါ႔။ Narcissus ကလည္း သူ့ေနာက္ကို လိုက္ေနေၾကာင္းခံစားခဲ့ရၿပီး ေနာက္ကလိုက္ေနတာ ဘယ္သူလဲလို႔ ေအာ္ေမးလိုက္တယ္။ ဒီလိုနဲ႔ပဲ ေနာက္ဆုံးမွာ နတ္ဘုရားမ က သူ့အေၾကာင္းေတြ ေျပာျပခဲ့ၿပီး သူ့ကို လက္ခံဖို႔လည္း ေတာင္းဆိုခဲ့တယ္။
မာနႀကီးတဲ့ Narcissus က နတ္ဘုရားမကို လက္မခံဘဲ တစ္ေယာက္တည္းထားခဲ့ဖို႔သာ ေျပာခဲ့တယ္။ အပစ္ပယ္ခံနတ္သမီးဟာ ဝမ္းနည္းေၾကကြဲေနၿပီး က်န္ရွိေနေသးတဲ့ဘ၀ တစ္ေလွ်ာက္လုံးမွာ အထီးက်န္စြာ ေနခဲ့ရေတာ့တာေပါ႔... ဒါ႔ေၾကာင့္ နတ္ဘုရားမဟာ Narcissus ကို အျပစ္ေပးဖို႔ ဆုံးျဖတ္ခဲ့တယ္။
ဒီလိုနဲ႔ ေႏြရာသီရဲ႕ ေန႔တစ္ေန႔မွာ Narcissus တစ္ေယာက္ အမဲလိုက္ၿပီးအျပန္ ေမာေမာနဲ႔ ေရငတ္လာတယ္။ ေရငတ္ေနတဲ့ Narcissus တစ္ေယာက္ ေရကန္ထဲ ေရေသာက္ဖို႔ ကုန္းအၾကည့္မွာ နတ္ဘုရားမ က်ိန္စာ ေၾကာင့္ သူ့႐ုပ္ရည္ကို ေရကန္မွာ ျမင္လိုက္ေပမယ့္ အျခားသူ တစ္ဦးလို႔ပဲ ထင္သြားခဲ့တယ္။
ျမင္ရတဲ့ သူ့ပုံရိပ္ကို သူနက္ရႈိင္းစြာ ခ်စ္ျမတ္ႏိုးမိသြားေတာ့ေတာပါ႔။ ဒီပုံရိပ္ကေန မခြာႏိုင္ေအာင္ျဖစ္ခဲ့ရတယ္။ ေနာက္ဆုံးမွာေတာ့ သူရဲ႕ ခ်စ္ျခင္းေမတၱာဟာ အျပန္အလွန္ မရႏိုင္ေၾကာင္း သေဘာေပါက္လာၿပီး ခႏၶာကိုယ္အတြင္း ေလာင္ကြၽမ္းေနတဲ့ မီး ေၾကာင္ ေေရႊရာင္ ဒါမွမဟုတ္ အျဖဴေရာင္ ပန္းေလး တစ္ပြင့္အျဖစ္ ေျပာင္းခဲ့ရေတာ့တယ္။
အဲ့ဒီပန္းဟာ ေရနတ္သမီးပန္း၊ ေရႊဝါေရာင္ ႏွင္းပန္းေလးပါပဲ။ သူ့ကို daffodil၊ daffadowndilly၊ narcissus နဲ႔ jonquil လို႔လည္း ေခၚၾကတယ္။ အခ်ိဳ႕ကလည္း မာနႀကီးေသာ ပန္း Daffodil လို႔လည္း ေခၚၾကတာေပါ႔။ ႐ုပ္ရည္ေခ်ာေမာလွပၿပီး မာနႀကီးတဲ့သူေတြက အိမ္ေထာင္ဖက္မရွာၾကဘူးဆိုရင္ ဒီပန္းနဲ႔ အလားတူပဲလို႔ တင္စားၾကတယ္။ နည္းနည္းေတာ့ အူေၾကာင္ေၾကာင္ႏိုင္ေပမယ့္လည္းေပါ႔"
ဆရာ့ စကားေတြ ရပ္တန္႔သြားေတာ့ မ်က္ဝန္းအိမ္မွာ အရည္ၾကည္ေတြ လဲ့လို႔ က်န္ေနခဲ့မိသည္။
ေရနတ္သမီးပန္းရဲ႕ ဒ႑ာရီက ဒီလိုပဲ သနားစရာေကာင္းသလားဟု ေတြးလိုက္မိပါသည္။
"ဘယ္လိုေနလဲ သနားဖို႔ေကာင္းတယ္ မဟုတ္လား။ မာနႀကီးတဲ့ ဒီပန္းကို သေဘာက်တဲ့ မင္းကေရာ ဒီလိုပဲလား ကေလးေလး"
ေခါင္းခါလိုက္မိသည္။ ကြၽန္ေတာ့္အတြက္ကေတာ့ ေရနတ္သမီးပန္းက သက္သက္ အဓိပၸာယ္တစ္မ်ိဳး ရွိေနပါေသးသည္။
"ေရနတ္သမီးပန္းက ဆရာနဲ႔ တူတယ္... ႐ုပ္ေခ်ာၿပီး အိမ္ေထာင္ဖက္မရွာတဲ့ မာနႀကီးတဲ့သူမို႔ေလ"
ဆရာက ပုခုံးေတြ လႈပ္သည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္ေမာပါသည္။
"ဟုတ္သလား... ဒီလိုဆို ေျပာပါဦး။ ဘာေၾကာင့္ ဒီမာနႀကီးတဲ့ ပန္းကို သေဘာက်ေနရတာလဲ"
ဒီလိုဆိုေတာ့ ႏႈတ္ဆိတ္သြားမိသည္။ ျပန္ေျဖဖို႔ အေျဖ မရွိသည္ မဟုတ္ေသာ္လည္း ျပန္ေျဖဖို႔ရန္ အေၾကာင္း မသင့္ေသးျခင္း။
"ဒီလိုမ်ိဳး အေၾကာင္းအရင္း သက္သက္ရွိပါေသးတယ္။ လွ်ိဳ႕ဝွက္ခ်က္မို႔ပါ"
ဆရာက ကြၽန္ေတာ့္ေခါင္းမွ ဆံပင္ေလးေတြကို ထိုးဖြရင္း ရယ္လာပါေတာ့သည္။
"မင္းက လွ်ိဳ႕ဝွက္ခ်က္ေတြ သိပ္မ်ားေနေတာ့တာပဲ"
ဆရာ့ကို ၿပဳံးၿပီးေတာ့သာ ၾကည့္လိုက္မိေတာ့သည္။ ဆရာနဲ႔ အတူ ၿပဳံးရယ္ေနရင္းက အေဝးကို အၾကည့္ေရာက္မိေတာ့ ကိုရိန္းက ကြၽန္ေတာ္တို႔ကို ၾကည့္ေနပါသည္။
သူ့ကို ၿပဳံးျပန္ရန္ ျပင္ေတာ့ ကိုရိန္းက ေက်ာခိုင္းကာ အေနာက္ဘက္မွ စာအုပ္စင္ေတြၾကား တိုးဝင္သြားေတာ့သည္။
.
.
ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္
Daffodil အတြက္ ဒ႑ာရီအေၾကာင္းအရာေတြ အကုန္လုံးကို သက္ဆိုင္တဲ့ စာေရးသူေတြဆီ မူပိုင္ခြင့္ေပးပါတယ္ေနာ္... ဒါေတြက ကိုယ္ရွာထားတာ မဟုတ္ပါဘူး။ Facebook အျပင္၊ Google က ေရးသားထားတဲ့ မူရင္း စာေရးသူေတြဆီကပါ။
Daffodil က ကိုယ္ရဲ႕ ေမြးလပန္းေလးမို႔ သေဘာက်တာေတာ့ အမွန္ပါရယ္...
ဒီတစ္ေန႔လည္း စာလုံးေပါင္း မစစ္ထားတာမို႔ အမွားေတြေတာ့ ရွိေနဦးမွာပါ။ အရင္လိုပဲ သည္းခံေပးပါဦးေနာ္။
VictoryKimTae
November 23, 2023