Between The Hate [ Completed ]

By Jeon_Khun

38.5K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

09

718 101 94
By Jeon_Khun

#Zawgyi

" ဂယူ... "

ကူးေခၚလိုက္သည္ကိုေတာင္ မၾကားပါဘဲသူတို႔ရဲ႕
အေျခအေနေတြဟာ တင္းမာေနၾကသည္။ဂယူက
ထယ္ေယာင္းကိုၾကည့္ကာ သူ႔ေဒါသေတြကိုလည္း
ထိန္းခ်ဳပ္ေနရသည္က သူ႔အတြက္မလြယ္လွပါ။

ထယ္ေယာင္းမွာလည္း မင္ဂယူရဲ႕အၾကည့္ကို
ဂရုေတာင္မစိုက္ဘဲ ခပ္တည္တည္ရယ္လိုက္ၿပီး
ၾကည့္ေနေသးသည္။ကူးမွာေတာ့ ထယ္ေယာင္းနဲ႔
မင္ဂယူတို႔ကိုၾကည့္ကာ လန္႔ေနသည္။ဘာလို႔ဆို
သူနဲ႔ထယ္ေယာင္းနမ္းတာကို ဂယူကျမင္သြားခဲ့
တာမဟုတ္လား။

" ငါ့ကူးကို မင္းကဘာလုပ္ဖို႔နမ္းရတာလဲ၊ကူးမွာ
ခ်စ္သူရွိတာဆိုတာ မင္းသိတယ္ေလ! "

ဂယူက ထယ္ေယာင္းၾကည့္ရင္းေဒါသတႀကီး
ေမးလိုက္သည္။ထယ္ေယာင္းမွာေတာ့ ဂယူ႔ရဲ႕စကားကို ဂရုမစိုက္သလိုေနသည္။
အေၾကာတင္းပံုက တကယ့္မလြယ္တာ။

" အဲ့ဒါဘာလုပ္ရမွာလဲ "

ထယ္ေယာင္းက မင္ဂယူ႔ရဲ႕မ်က္လံုးေတြကို
ျပန္ၾကည့္လိုက္ရင္း ေျပာလိုက္သည္။ဂယူက
ထယ္ေယာင္းရဲ႕စကားေၾကာင့္ လက္သီးဆုပ္ကို
ခပ္တင္းတင္းဆုပ္ထားသည္။ကူးကေတာ့ ဂယူ႔ရဲ႕
လက္သီးဆုပ္ကာ ေဒါသထြက္ေနသည္ကိုသိလို႔
တားလိုက္သည္။

" ဂယူ... "

" တိတ္စမ္းပါ!ခင္ဗ်ား တိတ္စမ္းပါ၊က်ဳပ္ၾကားေန
ရတာနဲ႔တင္ နားထဲခါးေနၿပီ!တိတ္တိတ္ေနစမ္း! "

ထယ္ေယာင္းက ကူးဘက္ကိုလွည့္ၾကည့္လိုက္ၿပီး
စိတ္မရွည္စြာေအာ္လိုက္သည္။ကူးမွာ ထယ္ေယာင္းေအာ္သည္ကိုလန္႔လို႔ တုန္တက္သြားတာျဖစ္သည္။ထယ္ေယာင္းလည္း
ေဒါသထြက္ေနတာမို႔ ေအာ္လိုက္တာေၾကာင့္
သူ႔ကိုယ္သူ လြန္တယ္လို႔မေတြးမိ။

" ငါ့ကူးကို မင္းေအာ္စရာမလိုဘူး၊ေတာက္!ငါ့
ခ်စ္သူနားကေန ေဝးေဝးေရွာင္၊ကူးကငါ့ခ်စ္သူ၊
ငါနဲ႔လက္ထပ္မဲ့သူ!မင္း မွတ္ထား! "

မင္ဂယူက ကူးလက္ကိုလွမ္းဆြဲလိုက္ရင္း သူ႔ဘက္ကိုေခၚလိုက္ကာေျပာသည္။ထိုသည္ကို
ထယ္ေယာင္းကလည္း လြတ္ေနသည့္ကူးရဲ႕
လက္တစ္ဖက္ကိုျပန္ဆြဲလိုက္ကာ ျပန္ေျပာသည္။

" အဲ့ေတာ့ ဘာလုပ္ရမွာလဲ၊ေရွာင္စရာလား၊
ကင္မ္ထယ္ေယာင္းရဲ႕ အဘိဓာန္မွလက္ေလွ်ာ့တာ
မရွိဘူး၊အာ...ဒါၿပီးေတာ့ ခင္ဗ်ားမွတ္ထားလိုက္!
ေျပာျပထားတာေပါ့..ဟက္..ကိုကိုအလွေလးက ကင္မ္ထယ္ေယာင္းရဲ႕ကင္မ္ေဂ်ာင္ဂုျဖစ္လာမွာ! "

" ဘာ! မင္း! "

ထယ္ေယာင္းရဲ႕ စကားဟာခပ္ျပတ္ျပတ္။
မင္ဂယူကလည္း ေဒါသထြက္လို႔စကားေတာင္
အမ်ားႀကီးမေျပာႏိုင္ဘဲျဖစ္ေနတာ။ပိုဆိုးတာက
ထယ္ေယာင္းက သူလက္ဆြဲထားတဲ့ ကူးရဲ႕ လက္ဖမိုးကိုေတာင္ မွီသေလာက္နမ္းေသးတာ။

ကူးကေတာ့ သူတို႔ႏွစ္ေယာက္လက္ဆြဲထားသည့္
ၾကားကေနအလယ္ကေန မလြတ္မလပ္ျဖစ္သည္။
ဒါကိုႏွစ္ေယာက္လံုးကလည္း သူ႔လက္ကိုဆြဲထား
တာအလြတ္မေပးပါေလ။ဒါေတာင္ သူ႔ကို
ထယ္ေယာင္းက နမ္းလိုက္ေသးသည္။

" လႊတ္ၾကပါေတာ့၊ငါ့ကို လႊတ္လိုက္ပါေတာ့
ကင္မ္္ထယ္ေယာင္းရယ္၊ငါမင္းကိုလည္း ေသခ်ာ
ေျပာခဲ့ေသးတာပဲ၊ငါက မင္ဂယူနဲ႔... "

" ပါးစပ္ပိတ္ထားစမ္းဗ်ာ! က်ဳပ္ကိုပဲ ခင္ဗ်ားယူရမွာ၊က်ဳပ္ေမြးလာထည္းက ဂြ်န္ေဂ်ာင္ဂုအတြက္ ေမြးလာခဲ့တာ "

ထယ္ေယာင္းက သူလက္ဆြဲထားတဲ့ကူးကိုၾကည့္
ရင္းေျပာလိုက္သည္။မင္ဂယူကလည္း သူ႔ကူးရဲ႕
လက္ကိုတင္းတင္းကိုင္ထားသည္မို႔ မလႊတ္ေပး။

" ကူးလက္ကိုလႊတ္လိုက္ပါ၊ငါတို႔ဘာသာ ေအးေဆးစကားေျပာၾကမယ္ "

ဂယူသက္ျပင္းခ်လိုက္ၿပီး ေအးေဆးေျဖသည္။
သူ႔စကားေၾကာင့္ ထယ္ေယာင္းကခပ္မဲ့မဲ့ျပံဳးၿပီး
လက္ကိုမလႊတ္ေပးဘဲ ပိုကိုင္ထားျပသည္။
ထယ္ေယာင္းပံုစံေၾကာင့္ ကူးကစိတ္တုိကာ
ႏႈတ္ခမ္းကိုက္လိုက္ရင္းႏွစ္ေယာက္လံုးဆြဲထား
သည့္လက္တို႔ကို အတင္းရုန္းခ်ေတာ့သည္။

" ကင္မ္ထယ္ေယာင္း ! ကင္မ္မင္ဂယူ!
ႏွစ္ေယာက္လံုးလႊတ္ေတာ့!မင္းတို႔ဆြဲထားတဲ့
ငါ့လက္က တအားနာေနၿပီ!လူေတြလည္း
ပန္းျခံထဲသြားလာေနတာ မင္းတို႔ေတြမရွက္ၾက
ဘူးလား၊မင္းတို႔မရွက္ရင္ေတာင္ ငါရွက္တယ္! "

ကူးက သူ႔လက္ကိုဆြဲထားတဲ့ႏွစ္ေယာက္လံုးကို
ေအာ္ေျပာလိုက္သည္။သို႔ေပမဲ့ႏွစ္ေယာက္လံုးက
သူ႔ကိုအလြတ္မေပးဘဲ တင္းေနေအာင္ပိုဆြဲထား
ပါေတာ့သည္။

" ေမာင္မလႊတ္ႏိုင္ဘူး ကိုကိုအလွေလး "

" ကိုယ္မလႊတ္ႏိုင္ဘူး ကူး၊သူ႔လက္ထဲ ကူးပါသြား
လိမ့္မွာေလကြာ "

ထယ္ေယာင္းကေျပာေတာ့ မင္ဂယူကလည္း
ကူးကိုအလြတ္မေပးဘဲ လက္ကိုဆြဲထားသည္။
ထို႔အတူထယ္ေယာင္းကလည္း ကူးရဲ႕လက္ကို
ဆြဲထားမွတင္းေနေရာပဲ။ကူးမွာေတာ့ သက္ျပင္း
ရွည္ခ်လို႔ မရတဲ့အဆံုး ထပ္ေအာ္ရသည္။

" ကင္မ္ထယ္ေယာင္း!ကင္မ္မင္ဂယူ! "

ကူးကနာေနၿပီလို႔ေျပာလိုက္ေတာ့ မင္ဂယူက
သူ႔ခ်စ္သူနာေနတာကိုမၾကည့္ရက္လို႔ အရင္ဆံုး
လက္ကိုလႊတ္ေပးလိုက္ေတာ့သည္။ထိုသည္ကို
ထယ္ေယာင္းက မလႊတ္ေပးလိုက္ဘဲဆက္ဆြဲ
ထားေသးသည္။ကူးက စိတ္မရွည္ဟန္ၾကည့္
လိုက္ေတာ့ ဘာမ်ားလဲဆိုသည့္အထာျဖင့္
သူ႔ကို ေမးေငါ့ျပေနတာ။အံ့ဩစရာ၊ရုပ္ကိုက
ဆြဲကုတ္ခ်င္စရာ။

" ထယ္ေယာင္း ငါ့ကူးကိုလႊတ္လိုက္ေတာ့၊သူ႔
လက္တအားနာေနၿပီမလား "

မင္ဂယူက သူ႔မွာလက္သာလႊတ္ေပးလိုက္ရတာ
ကူးကိုဆက္ဆြဲထားေသးသည့္ ထယ္ေယာင္းကို
ၾကည့္ကာေျပာလိုက္သည္။ထယ္ေယာင္းက
သူ႔ကိုကိုအလွေလးရဲ႕လက္ကိုဆြဲယူလိုက္ၿပီး
ေသခ်ာၾကည့္ေပးေနသည္။ၿပီးမွ...

" နာေနလား ကိုကိုအလွေလး၊ ဥံဳဖြဗ်ာ.. ေမာင့္လွလွေလးလက္နာသြားတာလား "

" အင္း..နာတယ္၊ငါ့လက္ကိုလႊတ္ေတာ့ ထယ္ေယာင္း... "

ကူးစိတ္မရွည္ေပမဲ့လည္း ေဒါသရိပ္ထြက္ေနတဲ့
ဂယူ႔ရဲ႕စိတ္ကိုသိေနတာမို႔ စိတ္ကိုေလွ်ာ့ကာ
ႏူးညံ့ေသာအသံျဖင့္ေျဖလိုက္သည္။သူကထိုသို႔
ေျဖလိုက္ေရာ ထယ္ေယာင္းမ်က္ခံုးပင့္၍သူ႔ကို
ၾကည့္လာသည္။ၾကည့္!ရုပ္ကိုကကုတ္ခ်င္စရာ။

" ကိုကိုအလွေလးကေလ အခုထိနားမလည္ေသး
ဘူးမလား၊ကိုကိုအလွေလးရဲ႕ ခ်စ္သူကိုၾကည့္၊
ေမာင့္နဲ႔လက္ဆြဲထားတာေတာင္ ျဖဳတ္တယ္ေလ၊
သေဘာက ကိုကိုအလွေလးကိုအခက္အခဲေတြ
ရွိရင္ေတာင္ လက္ကိုလႊတ္ခ်မယ္ဆိုတာမ်ိဳး၊
ေမာင့္ကိုပဲၾကည့္ ကိုကိုအလွေလးကို
ဘယ္ေလာက္ခ်စ္လဲဆို သူမျဖဳတ္လည္းေမာင္
လည္းမျဖဳတ္ဘူး၊သူလက္ျဖဳတ္သြားလည္း
ေမာင္ကမျဖဳတ္ဘူးဆိုတာက ဘာျဖစ္လို႔ဆို
ေမာင္ကဘယ္လိုအခက္အခဲပဲရွိေနပါေစ
ကိုကိုအလွေလးရဲ႕လက္ကို မျဖဳတ္တာက သိပ္ခ်စ္လို႔ေလ "

ထယ္ေယာင္းစကားေၾကာင့္ မင္ဂယူ႔မွာအံ့ဩ
သလိုျဖစ္သြားၿပီး ကူးလက္ကိုျပန္ကိုင္ဖို႔လုပ္
ေနျပန္ေတာ့ ကူးမွာဂယူ႔ကိုၾကည့္ကာေခါင္းခါ
ျပလိုက္ရသည္။တကယ္ပဲ။ႏွစ္ေယာက္လံုးက
ကေလးေတြလို မုန္႔မရမွာဆိုးလို႔လုေနသလိုမ်ိဳး။
တကယ္ကူးစိတ္ေတြ ညစ္လာၿပီ။

ထိုအခ်ိန္မွာ သူတို႔လက္ဆြဲတဲ့ပြဲမၿပီးေသးခင္ပဲ
ေယာင္းဝူက ထယ္ေယာင္းရဲ႕အေနာက္ကိုေရာက္
လာသည္။

" ကင္မ္ထယ္ေယာင္း ငါသြားစရာရွိတယ္၊ငါ့ကို
လႊတ္ေပးေတာ့၊နာတယ္၊မင္းကိုလည္းငါက
အေသအခ်ာရွင္းျပခဲ့တယ္မလား၊ငါ့စိတ္က_ "

" ေဩာ္...သိတယ္ေလ၊ကိုကိုအလွေလးရဲ႕စိတ္က
ေမာင္နဲ႔ကားေပၚမွာျဖစ္သြားတဲ့ကိစၥကိုေရာ၊ေမာင္
ခဏခဏနမ္းတာက္ုလည္း စိတ္ထဲထည့္ထား
တာကိုေျပာတာမလား "

ထယ္ေယာင္းက ခပ္ေရးေရးျပံဳးလိုက္ၿပီး မ်က္ခံုးပင့္ျပကာ ေျပာလိုက္ေတာ့ ကူးစိတ္ထဲ
စိတ္ပူသြားၿပီး ဂယူ႔ဘက္ကိုလွည့္ၾကည့္မိသည္။
ဂယူကေတာ့ ကူးကိုအံ့ဩသလိုေလးၾကည့္ေတာ့
ကူးမွာမ်က္ႏွာေလးငံု႔ၾကသြားသည္။ဒီကိစၥက
ဟုတ္သည္မလား။သူမွမျငင္းႏိုင္ဘဲ။

" ဆရာ၊ကြ်န္ေတာ္စကား ျဖတ္ေျပာပါရေစ၊
ဆရာခိုင္းထားတာလည္း လုပ္ၿပီးသြားပါၿပီဗ်၊
ၿပီးေတာ့အဖိုးက ဆရာ့ကိုေခၚေနတယ္၊
ဆိုင္တစ္ဆိုင္မွာ ႏွစ္ေယာက္ထည္းတဲ့ "

ကူးလက္ကိုဆြဲထားရင္း ေယာင္းဝူကအေနာက္မွာ
ရပ္ကာေျပာလိုက္သည့္စကားေၾကာင့္ ထယ္ေယာင္းကျပံဳးလိုက္ၿပီး ကူးလက္ကိုလႊတ္
ေပးလိုက္သည္။ကူးကထယ္ေယာင္းရဲ႕လက္က
လြတ္သြားသည္ႏွင့္ ဂယူကခါးကေနဆြဲဖက္လိုက္
သည္။ထယ္ေယာင္းၾကည့္လိုက္ရင္း ခပ္မဲ့မဲ့
ျပံဳးလိုက္သည္။သူမ်ားအပိုင္ဆြဲလိုက္ပံုက
အျမင္ကပ္စရာပဲ။

" ေမာင္သြားၿပီ၊ေယာင္းဝူ သူ႔အိမ္ကိုယာယီ
စာခ်ဳပ္ေလးပို႔ေပးထားလိုက္၊သူအိမ္ေရာက္ရင္
ဖတ္ၿပီးဝမ္းသာသြားလိမ့္မယ္ "

" ဟုတ္ကဲ့ဆရာ "

ထယ္ေယာင္းကခပ္ျပတ္ျပတ္မွာၿပီးေရွ႕ကေန
ဦးေဆာင္ထြက္သြားသည္။ေယာင္းဝူမွာေတာ့
ေနာက္ကက်န္ခဲ့ေပမဲ့ ထယ္ေယာင္းရဲ႕အပိုင္ကို
အရိုအေသေပးၿပီးသြားမွ အေနာက္ကလိုက္သြား
သည္။

ထယ္ေယာင္းတို႔လည္းထြက္သြားေရာ ဂယူက
သူတို႔ထိုင္ေနၾက ခံုတန္း၌ထိုင္လိုက္ကာ သက္ျပင္းရွည္ခ်ေနသည္။ကူးမွာေတာ့ ထယ္ေယာင္းေျပာသြားတဲ့စကားေတြေၾကာင့္
သူ႔ကိုဂယူက မုန္းသြားေနမလားဆိုသည့္
စိတ္ျဖင့္ေၾကာက္္ေနသည္။ထိုသည္ကို
ဂယူကရိပ္မိေတာ့ ကူးလက္ေလးကိုဆြဲၿပီး
သူ႔ေဘးနားကိုထိုင္ေစသည္။ၿပီးေနာက္
လက္ျဖဴေလးကိုဆြဲယူၿပီး သူ႔အိတ္ကပ္ထဲ အသင့္ပါသည့္လက္ကိုင္ပုဝါကိုထုတ္ၿပီး
ကူးရဲ႕လက္ကိုသုတ္ေပးလိုက္ရင္း
စကားဆိုေတာ့သည္။

" ေတာင္းပန္ပါတယ္၊ကိုယ့္ခ်စ္သူကို တစ္ျခား
တစ္ေယာက္က ကိုယ့္ေရွ႕မွာနမ္းျပတာကို
ဝင္မဆြဲႏိုင္မိတာ၊ဒါေပမယ့္ ကိုယ္ကေဒါသကို
ထိန္းထားလိုက္တာပါ ကူး... "

ကူးရဲ႕လက္ကိုသုတ္ေပးေနရင္း ဂယူကကူးရဲ႕
လက္ျဖဴေလးရဲ႕လက္ဖမိုးကိုနမ္းလိုက္သည္။
ၿပီးေနာက္ ထိုလက္ျဖဴေလးကိုသူ႔ပါးမွာကပ္ၿပီး
ကူးကိုၾကည့္ေနသည္။ကူးကေတာ့ ဂယူလုပ္သမွ်
မ်က္ဝန္းဝိုင္းေတြျဖင့္ၾကည့္ေနသည္။

" ကူးကကိုယ့္ခ်စ္သူပဲကို၊ဒီလက္ဖမိုးကအစ
ကိုယ္ပဲနမ္းလာခဲ့ရတာ၊သဝန္တိုေပမဲ့ ကိုယ့္ကူးက
ကင္းကင္းရွင္းရွင္းေနတာမို႔ ကိုယ္သိတယ္ "

ဂယူကကူးရဲ႕ေျပာခ်င္ေနသည့္စကားေတြကို
သိေနဟန္ျဖင့္ ခပ္ေရးေရးျပံဳးလို႔ေျဖလိုက္သည္။
ကူးမွာေတာ့ ဂယူ႔ကိုအားနာတာကလြဲလို႔
သူဘာမွမတက္ႏိုင္ပါေလ။

" ေတာင္းပန္ပါတယ္ ဂယူ..ကူးက... "

" ကိုယ္နားလည္တာမို႔ မလိုအပ္ဘူး ကူး၊
ကူးကနားလည္ေပးပါ၊ကိုယ္ကကူးလက္ကို
လႊတ္ေပးတယ္ဆိုတာက လက္ေလွ်ာ့တာမ်ိဳး
မဟုတ္ဘဲ ခ်စ္ရသူနာမွာဆိုးလို႔လက္လႊတ္ေပး
လိုက္တာပါ ကူး "

ဂယူရဲ႕အသံေတြ တိုးလ်ကာနာက်င္ေနဟန္ေပါက္
သည္။ဂယူတစ္ခါမွ အဲ့ေလာက္ထိမျဖစ္ဖူးဘူး။
သူသိသည္။ခုနကထယ္ေယာင္းေျပာလိုက္သည့္
စကားေၾကာင့္ စိတ္မေကာင္းျဖစ္သြားတာေနမွာ။

" ဂယူ...ကူးရဲ႕ရင္ထဲမွာ ဂယူကသာကူးရဲ႕ခ်စ္သူမို႔
ကူးက ဂယူ႔ကိုသိပ္ခ်စ္တာေနာ္၊အဲ့ဒါကို ဂယူက
ေသခ်ာမွတ္ထားေပးပါ "

" ကိုယ္သိပါတယ္၊ကိုယ္တို႔ ဆိုင္ခန္းေနရာကို
သြားၾကည့္ရေအာင္ေလ "

ဂယူကကူးကိုၾကည့္ရင္း စကားဆိုလိုက္ေတာ့
ကူးမွာေခါင္းၿငိမ့္ျပလိုက္သည္။သို႔ေပမဲ့သူ႔ရင္ထဲ
အခုထက္ထိၿငိမ္းေအးေနေသးတာေတာ့မဟုတ္။
ဂယူကေရွ႕ကေနထြက္သြားၿပီး ကူးလက္ကိုဆြဲ
ကာထြက္သြားေနေတာ့ ကူးလည္းဂယူ႔ေဘးကေန
လိုက္ၿပီးစိတ္မေကာင္းစိတ္ေလးေတြက ရွိေသး
သည္။

သူေတြးမိပါသည္။ဘယ္သူကေရာ ကိုယ္ခ်စ္သူကို
အျခားတစ္ေယာက္နဲ႔ကားထဲမွာ ကိစၥႀကီးႀကီးျဖစ္
ေတာ့မလိုကိစၥေတြကိုေရာ၊ကိုယ့္ခ်စ္သူကို အပိုင္
ရွိတာသိရဲ႕နဲ႔တင္ အတင္းနမ္းတာကိုေတာင္
ဂယူကနားလည္ေပးလိုက္ရေပမဲ့ ရင္ထဲမွာစိတ္
မေကာင္းဘူးဆိုတာ သူသိေနေသးသည္။
ဒါေၾကာင့္ အားနာစိတ္ပိုတိုးေနတာမို႔ကူးက
ေနာက္ဆို ထယ္ေယာင္းကိုေရွာင္ရမည္ေလ။

~

ဗြမ္း!

အဖိုးနဲ႔သြားေတြ႕ဖို႔အတြက္ အားေနတုန္းေလးမွာ
သူ႔အပိုင္ကြန္ဒိုရဲ႕Rooftopမွာရွိသည့္ ေရကူးကန္၌ ေရကူးေနသည္။ေရကူးလို႔ၿပီးေရာ
ေရကန္ေဘာင္ကိုကပ္လို႔မွီၿပီးေနာက္ အသင့္ရွိေန
သည့္ရွန္ပိန္ထည့္ထားသည့္ခြက္ကို ေသာက္ရင္း
ဆိုးလ္းၿမိဳ႕ရဲ႕အလွကိုၾကည့္ရင္း တစ္စံုတစ္ခုကို
ေတြးမိသြားဟန္ျပံဳးလိုက္သည္။

" ဟားဟား...ေတာက္!မိုက္လိုက္တာကြာ၊
ကိုကိုအလွေလးရဲ႕အပိုင္မွန္းသိသာေအာင္
လုပ္ျပလိုက္ေရာ ေသြးပ်က္သြားတဲ့မ်က္ႏွာက
သိပ္သိသာလြန္းတာ! "

သည္ေန႔မွာ ကိုကိုအလွေလးရဲ႕လက္ကို တင္းေနေအာင္ဆြဲထားလိုက္ၿပီး သူ႔အပိုင္ထက္
ပိုသိသာသြားေအာင္လုပ္ျပလိုက္ေတာ့ အဲ့လူရဲ႕
မ်က္ႏွာႀကီးေသြးပ်က္သြားတာကိုေတြ႕လိုက္၏။
ေသြးပ်က္သြားလည္း ေနာက္ဆိုပိုပ်က္ရမယ္။
ဘာလို႔ဆို ကင္မ္ထယ္ေယာင္းကကင္မ္ေဂ်ာင္ဂုကို
ရေအာင္ယူမွာမို႔!

သူေတြးေနရင္း ဖုန္းသံကျမည္လာတာမို႔
ထယ္ေယာင္းဖုန္းကိုၾကည့္လိုက္ေတာ့ အဖိုးက
ဆက္ေနတာမို႔ ဖုန္းကိုင္လိုက္သည္။

" ေျပာပါ အဖိုး "

' တစ္ေန႔လံုးCompanyရဲ႕ အလုပ္ေတြမလုပ္ဘဲ
ဘယ္သြားေနတာလဲ ငါ့ေျမး '

အဖိုးကသူ႔အား တစ္ဖက္ကေနရယ္သလိုျဖင့္
ေမးလာသည္။သူ႔မွာေတာ့အဖိုးစကားေၾကာင့္
ရယ္လိုက္ရင္း ျပန္ေျဖလိုက္သည္။

" ကြ်န္ေတာ့္ရဲ႕အသက္ေလးရွိသြားတာပါအဖိုး၊
အေရးႀကီးတဲ့အသက္ေလးမို႔ "

' Companyရဲ႕အစည္းေဝးကိုေတာင္ျဖတ္ၿပီး
သြားရတဲ့အထိ အဲ့ဒီအသက္ကေရးႀကီးတာေပါ့
ဟုတ္လား ကင္မ္ထယ္ေယာင္း '

အဖိုးကသူ႔အေျဖကို သေဘာက်စြာရယ္ရင္း
ျပန္ေျဖသည္။ၿပီးေနာက္သူကေတာ့ အဖိုးကို
စကားျပန္စေတာ့သည္။

" အဖိုးရဲ႕ေျမးကင္မ္ထယ္ေယာင္းရဲ႕ အုပ္ထိန္းသူစစ္စစ္ေလ အဖိုးရဲ႕၊ဒီေလာက္ေတာ့
အေရးေပးဖို႔သူက ပိုအေရးႀကီးတာေပါ့ "

' ဟုတ္ပါၿပီကြာ၊အဖိုးနဲ႔ေတြ႕ရင္ ေျမးရဲ႕
အုပ္ထိန္းသူကိုေခၚခဲ့မလား '

အဖိုးရဲ႕ေနာက္ထပ္စကားေၾကာင့္ သူျပံဳးသည္။
အဖိုးကသူဆြယ္စရာေတာင္မလိုဘဲ သူ႔ကိုေတာင္
ႀကိဳၿပီးသေဘာတူေနသည္ပဲ။

" အခုေတာ့သူက ကြ်န္ေတာ့္နဲ႔မျဖစ္ေသးဘူးအဖိုး၊
ဒါေပမဲ့ကတိေပးတယ္ အဖိုးရဲ႕ေျမးသမက္ကို
ကြ်န္ေတာ္အဖိုးေရွ႕ေခၚလာခဲ့မယ္ "

တီ ~

ထိုသို႔သာခပ္ျပတ္ျပတ္ေျဖၿပီး ထယ္ေယာင္းက
သူကိုင္ထားသည့္ဖုန္းကိုယူကာ ေရကန္ထဲမွ
တက္လာခဲ့သည္။အေပၚကိုေရာက္ေရာ အသင့္တင္ထားတဲ့dream bedေပၚက bathrobeကိုဝတ္လို႔ေရထပ္ခ်ိဳးဖို႔ ေရခ်ိဳးခန္းထဲဝင္သည္။

ေရခ်ိဳးခန္းထဲေရာက္ေတာ့ ေရပန္းဖြင့္လိုက္ၿပီး
ေရပန္းေအာက္စီးက်တဲ့ေရေတြကိုခံယူကာ
ကိုကိုအလွေလးကိုေတြးမိျပန္သည္။လွလိုက္တာ၊
မ်က္လံုးထဲျမင္ေနရသည့္ ကိုကိုအလွေလးရဲ႕
အံ့ဩပံုကိုေတြ႕ေတာ့ ျပံဳးလိုက္သည္။

" ကိုကိုအလွေလးက အရမ္းခ်စ္စရာေကာင္းတာ၊
ေမာင္ခင္ဗ်ားေလးကို သိပ္ခ်စ္တာပဲကြာ "

အဖိုးနဲ႔ေတြ႕ရမွာျဖစ္တာေၾကာင့္ အခ်ိန္ဆြဲမေနဘဲ
ေရအျမန္ခ်ိဳးၿပီး ဆံပင္ေျခာက္ေနေအာင္သုတ္လို႔
ေရႊအိုေရာင္ဆံပင္တို႔ကို ဂ်ယ္ျဖင့္သပ္တင္ၿပီး
အနက္ေရာင္ Suitအျပည့္ျဖင့္ခပ္မိုက္မိုက္။
လက္မွာGUCCI Warst watchပတ္ကာ
မွန္ကိုတစ္ခ်က္ၾကည့္ၿပီး ျပံဳးလိုက္သည္။
ုၿပီးေနာက္မွသူ႔ဖုန္းနဲ႔ကားေသာ့ကိုယူကာ
ကြန္ဒိုမွထြက္လာၿပီး အဖိုးနဲ႔သြားေတြ႕ရန္
စားေသာက္ဆိုင္ကိုေရာက္လာသည္။

အဖိုးရဲ႕မန္ေနဂ်ာပို႔ေပးတဲ့ Locationကို ၾကည့္ေတာ့ ရိုးရာစားေသာက္ဆိုင္တစ္ခုျဖစ္၏။
သူ႔အဖိုးက နာမည္ႀကီးစားေသာက္ဆိုင္ေတြထက္
ရိုးရာvibeအျပည့္ရတဲ့ေနရာေတြကို သြားရတာ
သေဘာအက်ဆံုးျဖစ္သည္ေလ။သူလည္း
ေနာက္မက်ခ်င္တာမို႔ အျမန္ေမာင္းကာအဖိုးရွိ
လာရသည္။

အဖိုးခ်ိန္းတဲ့စားေသာက္ဆိုင္ကိုေရာက္ေတာ့
အလုပ္သမားအားလံုးကို သူ႔ကိုအရိုေသေပး
ၾကသည္။သူလည္းအသိမွတ္ျပဳလိုက္ၿပီး
အထဲဘက္ကိုဆက္ေလွ်ာက္လာေတာ့အဖိုးရဲ႕
မန္ေနဂ်ာက သူ႔ကိုေတြ႕ေတာ့ႏႈတ္ဆက္သည္။

" ဥကၠဌႀကီးက သူေဌးေလးကိုေစာင့္ေနပါတယ္၊
ဝင္သြားလိုက္ပါ "

မန္ေနဂ်ာကေျပာရင္းတံခါးကိုဆြဲေပးသည္။
သူလည္းအထဲဝင္သြားေတာ့ ရိုးရာအခန္းတစ္ခု
ပံုစံမို႔ သူ႔အဖိုးကအကုန္မွာထားၿပီး မစားေသးဘဲ
ေစာင့္ေနတာ။

" ၾကာသြားလားအဖိုး "

သူလည္းအဖိုးနဲ႔ မ်က္ႏွာခ်င္းဆိုင္ေရွ႕ ဝင္ထိုင္လိုက္ၿပီး ေမးလိုက္သည္။အဖိုးကေတာ့
သူ႔ေျမးကိုၾကည့္ၿပီးျပံဳးကာ ေခါင္းခါျပသည္။
ၿပီးေနာက္ ေခ်ာင္းဟန္႔ရင္းစကားစသည္။

" အဟမ္း...မၾကာပါဘူးကြာ အဲ့ဒါထက္ အဖိုးေျမးရဲ႕ ေျမးသမက္ဆိုလား
ၾကားခ်င္ေနတာ "

အဖိုးကသူ႔ကိုၾကည့္ရင္း ျပံဳးလို႔ေျဖလာသည္။
ထယ္ေယာင္းကအဖိုးစကားေၾကာင့္ ရယ္ရင္း
ေျဖလိုက္သည္။အဓိပၸါယ္ရွိစြာေပါ့။

" သိတယ္၊အဖိုးကကြ်န္ေတာ့္ထက္ မေတာ္ရေသးတဲ့ေျမးသမက္ကို ေတြ႕ခ်င္ေနတာ၊
သူကအရည္အခ်င္းရွိၿပီး လူေလးကအစသိပ္
လွတယ္၊အဖိုးျမင္ရင္ေျမးနဲ႔သေဘာတူမွာပါ "

" ေျမးမေျပာလည္း အဖိုးကေျမးေရြးခ်ယ္တဲ့
သူကဘယ္လိုလူမ်ိဳးလဲဆိုတာ သိပါတယ္၊ေျမးရဲ႕
ခပ္ဆိုးဆိုးပံုစံကိုေအးေအာင္ထိန္းလိုက္တာက
ေယာက်ာ္းေလးတစ္ေယာက္ဆိုတာေတာင္
အဖိုးအံံ့ဩေနတာ "

ထယ္ေယာင္းရဲ႕အဖိုးက ထိုသို႔စကားဆိုသည္။
အဖိုးရဲ႕စကားေတြမွာ သူ႔ကိုစိတ္ဆိုးေနျခင္း
တစ္စိုးတစ္စိမွ်မရွိ။သူ႔ကိုေတာင္အံ့ဩေနတာ။
အဖိုးက သူတစ္ခြန္းဆိုတစ္ခြန္းမို႔သူဘာလုပ္လုပ္
လက္ခံေနေသးတာ။ကိုကိုအလွေလးကိုသာ
သူခိုးေျပးၿပီးေခၚလာလည္း လက္ခံမည့္သူက
အဖိုးထိပ္ဆံုးပဲ။

" ဟုတ္တယ္အဖိုး၊တစ္ေန႔ေတာ့ အဖိုးေရွ႕ေခၚ
လာပါ့မယ္၊ကဲ...ကြ်န္ေတာ္လည္း ဒီအရက္
မေသာက္ဖူးေတာ့ အဖိုးကိုအရက္ ကြ်န္ေတာ္
ငွဲ႔ေပးပါရေစ၊ၿပီးမွ ကြ်န္ေတာ္ကမ္းလွမ္းတာကို
လက္ခံဖို႔ ေဆြးေႏႊးၾကတာေပါ့ "

ထယ္ေယာင္းက သူ႔ေရွ႕အရက္ထည့္ထားတဲ့
ခရားအိုးကိုမၿပီးသူ႔အဖိုးထံထည့္ေပးဖို႔လုပ္ေတာ့
အဖိုးျဖစ္သူက ေရွ႕ကေႂကြခြက္ေလးကိုကမ္းၿပီး
အရက္ထည့္ဖို႔ လက္ခံသည္။

" ေကာင္းၿပီကြာ၊အဖိုးေျမး ကမ္းလွမ္းတာကို
လက္ခံရမွာေပါ့ "

ထိုသည္ျဖင့္ထယ္ေယာင္းထည့္ေပးတဲ့အရက္ကို
ဧည့္ခံရင္း ထယ္ေယာင္းကိုလည္းသူ႔အဖိုးက
အရက္ျပန္ထည့္ေပးသည္။ၿပီးေနာက္အဖိုး
ထည့္ေပးတဲ့အရက္ကိုေသာက္ရင္း သူျပံဳးလိုက္သည္။အဓိိပၸါယ္ရွိရွိျပံဳးတာ။
သူကမ္းလွမ္းမဲ့အရာကို အဖိုးသေဘာက်မယ္လို႔
သူေမွ်ာ္လင့္သည္။ဘာေၾကာင့္ဆို ထိုအရာက
တန္ဖိုးႀကီးလို႔။

~

ညေနေရာက္ေတာ့ ကူးနဲ႔ဂယူက ကူးရဲ႕အိမ္ကို ေစာေစာျပန္လာခဲ့ၾကသည္။သို႔ေပမဲ့လည္း
ေမေမ့အတြက္ၾကည့္ေပးခဲ့မည့္ ဆိုင္ေလးကို
ဝယ္သူတစ္ေယာင္ဦးသြားတယ္ဆိုသည္တဲ့။
ဒါေၾကာင့္မို႔စိတ္ပ်က္လို႔သာ အိမ္ကိုျပန္လာ
ခဲ့ရသည္။

ဂယူကေတာ့သူ႔ကိုကားဂိတ္နားထိ လိုက္ပို႔ေပးၿပီး
ညိဳးငယ္ေသာမ်က္ႏွာထားျဖင့္ အိမ္ကိုျပန္သြား
ခဲ့တာ။အခုေတာ့ ဂယူသာမ်က္ႏွာပ်က္ရသည္။
ကင္မ္ထယ္ေယာင္းဆိုသည့္သူမွာလည္း
ႀကိဳက္စရာလူအေတာ္ရွားေနသည္ထင္သည္။
သူ႔လိုခ်စ္သူရွိေနတဲ့သူကိုမွ လာႀကိဳက္သည္။

အခုေတာင္ဂယူက ကားဂိတ္နားထိ လိုက္ပို႔ေပးသည္။ကူးကေတာ့အားနာၿပီး လိုက္မပို႔ခိုင္းဖို႔ေျပာေတာ့ဂယူ႔မ်က္ႏွာအေတာ္
ပ်က္ေနတာမို႔ ကူးကဆက္မေျပာလိုက္ေပမဲ့
အေမနဲ႔အေဖအတြက္ဝယ္စရာရွိတယ္ေျပာၿပီး
ထြက္သြားေတာ့သည္။

" စိတ္ညစ္တယ္၊ငါေနာက္ဆို ထယ္ေယာင္းနဲ႔
ေရွာင္ရမယ္၊ေန႔လယ္ကေတာ့ ပိုင္စိုးပိုင္နင္း
လုပ္ေသးတာ၊ေဒါသထြက္လာၿပီ "

ကူးကားစီးမျဖစ္ေတာ့ဘဲ စိတ္ေျပလက္ေပ်ာက္
ျဖစ္ေအာင္လမ္းေလွ်ာက္လာခဲ့သည္။ကူးေလး
လမ္းေလွ်ာက္ရင္း ဆိုင္ေကာင္းေလးတစ္ဆိုင္ေရွ႕
ေရာက္ေတာ့ ကူးအၾကည့္ပို႔မိသည္။ဆိုင္ထဲက
မွန္ဖန္သားနားမွာျပထားတဲ့ suitအနက္ႀကီးက
ထင္းေနေအာင္ ၾကည့္ေကာင္းတာမို႔ကူးသေဘာ
က်သည္။အေတြးထဲ ထိုSuitကဂယူနဲ႔လိုက္မယ္
ထင္လို႔ ကူးပိုသေဘာက်သည္။ဒါေၾကာင့္မို႔
ကူးေလးဝင္ၾကည့္ဖို႔ ဆိုင္ထဲဝင္လိုက္သည္။

" ႀကိဳဆိုပါတယ္ ဘာမ်ားလိုခ်င္လို႔လဲ "

ဆိုင္ဝန္ထမ္းမိန္းကေလးက ႏႈတ္ဆက္ေတာ့
ကူးအလိုက္တသင့္ႏႈတ္ဆက္ရင္း ဆိုင္ထဲက
ေယာက်္ားဝတ္အမ်ိဳအစားေတြကို လိုက္ေရြး
ၾကည့္သည္။ခုနကေတာ့ အက်ႌထက္ေကာင္းတဲ့
ဖန္အိမ္ထဲ suitအက်ႌထည့္ထားသည္။

" မဝယ္ႏိုင္လည္းၾကည့္မေနသင့္ဘူးေနာ္၊ဒါက
ငါယူမလို႔၊ငါ့သေဘာက်ရတဲ့ သူ႔ကိုေပးဖို႔ဝယ္
ၿပီးေနၿပီေနာ္၊ဖယ္ေနသင့္တယ္ "

ကူးၾကည့္ေနရင္းေဘးကေန ကူးထက္ငယ္တဲ့
ေကာင္ေလးကေရာက္လာၿပီး ကူးၾကည့္ေနသည့္
ဖန္အိမ္ထဲကsuitကိုၾကည့္ကာ ေျပာလာသည္။
ေကာင္ေလးကရိုင္းလိုက္တာဟု ကူးေလး
ေကာက္ခ်က္ခ်မိသည္။

" မသိလို႔ပါ၊အစ္ကိုက ဒါေလးကခန္႔ညားလို႔
ၾကည့္မိတာပါ "

ကူးေလးက စိတ္ကိုေျဖေလ်ာကာေအးေအးလူလူ
ေျပာလိုက္သည္။ထိုသည္ကို ေကာင္ငယ္ေလးက
သူ႔ကိုၾကည့္ကာခပ္မဲ့မဲ့ရယ္ရင္း ေဘးကသူ႔အေဖာ္
ေတြကပါေရာက္လာၿပီး မတူသလိုၾကည့္သည္။

" မဝယ္ႏိုင္ဘဲၾကည့္ေနတာေလ၊နားလည္ေပါ့၊
ေနာက္လူေတြၾကည့္ၿပီး ဝယ္ရမယ္ဆိုတာ "

ထိုေကာင္ေလးရဲ႕စကားေၾကာင့္ ကူးေလးမွာ
မ်က္ႏွာပ်က္သြားၿပီး တစ္ျခားအဝတ္ေတြ
ၾကည့္သည့္ေနရာသို႔ိေရာက္သြားသည္။
သူဒီနားမွာသာဆက္ေနရင္ က်ီက်ယ္တဲ့ေကာင္
ေတြနဲ႔ရန္ျဖစ္ေနရဦးမွာ။စိတ္ပ်က္လြန္းလို႔
အေဝးကိုေရွာင္လာကာ ေဆာင္းဘက္ေရာက္ၿပီမို႔
ဆြယ္တာေတြထားရာသို႔ၾကည့္ေနသည္။

ကူးေလးသေဘာက်တဲ့အေရာင္နဲ႔မို႔ ထိၾကည့္ရင္း
ေစ်းႏႈန္းကိုၾကည့္ေတာ့ သူ႔ဝယ္ႏိုင္တာမို႔ယူဖို႔
လုပ္လိုက္သည္။

" အို!ဟိုဝန္ထမ္း ဒီႏွစ္ထည္ကိုငါယူမယ္၊ဒါ
ေတြေရာ၊အားလံုးကိုလိုခ်င္တယ္ "

ထိုေကာင္ေလးက ကူးကိုမၾကည္သလိုၾကည့္ၿပီး
ေဘးနားကိုလာကာ ကူးနဲ႔အရပ္ကရြယ္တူမို႔
ကူးအနားကိုကပ္လာသည္။ကူးက
ထိုေကာင္ေလးကိုႏႈတ္ခမ္းကိုက္ၿပီး ခပ္စူးစူးစိုက္ၾကည့္ေနတာ။သူ႔ဘာသာဝယ္မည့္
အက်ႌေတြကအစလိုက္ၾကည့္ၿပီး လိုက္ဝယ္ဖို႔
လုပ္သည္။သူနဲ႔ကူးက ရန္စမွမရွိဘဲ။

" ဒီမွာေကာင္ေလးက ငါကမင္းနဲ႔ဘာရန္စမွ
မရွိတာကို ဘာလို႔လိုက္ၿပီးရန္စေနတာလဲ "

ကူးေလးက စိတ္မရွည္စြာေမးလိုက္သည္။
ဆိုင္ထဲမွာဆိုေပမဲ့ ထိုေကာင္ေလးကခ်မ္းသာတဲ့
သူေဌးသားေလးမို႔ထင္သည္။သူ႔အနားကို
ဝန္ထမ္းမေလးေတြက ေရာက္မလာခဲ့ပါ။
သူတို႔ၾကည့္ေနၾကၿပီး လာမတားၾကခဲ့ပါ။

" ေတာက္!စိတ္ပ်က္စရာ သူေဌးေတြ "

ကူးေတာက္ေခါက္လိုက္သည္။ကူးကေဒါသစိတ္
ေတြထြက္လာၿပီမို႔ ဘာမွဆက္မေျပာေနဘဲ
ထြက္သြားဖို႔လုပ္သည္။ထိုသည္ကို ေကာင္ေလးက ကူးရဲ႕လက္ကိုဆြဲၿပီး ခပ္စူးစူးစိုက္ၾကည့္ကာ စကားဆိုသည္။

" ဟက္...ေဒါသႀကီးလိုက္တာ၊ခင္ဗ်ားလို
မာနႀကီးတဲ့သူကို အစ္ကိုထယ္ကဘာလို႔ႀကိဳက္
ေနတာလဲမသိဘူး၊လူကသာဘာမွမဟုတ္တာ
မာနာက ႀကီးေသးတယ္ေနာ္ "

" မင္းကငါ့အသက္ လိုခ်င္သမွ်ကိုလိုက္ထိေန
တာမကဘူး၊ငါ့အသက္ကိုေတာင္ မင္းက
လိုက္ရန္ရွာေနတာလား "

သူနဲ႔ထိုေကာင္ေလးက ရန္ျဖစ္စရာကိစၥမရွိဘဲ
စကားျဖင့္ထိုးႏွက္ျဖစ္ေနၾကတုန္းရွိေသးသည္။
ဆိုင္ထဲထယ္ေယာင္းက ညေနကပံုစံမဟုတ္ဘဲ
သပ္သပ္ရပ္ရပ္ဝတ္ထားကာ ဆိုင္ထဲသို႔
ဝင္လာခဲ့သည္။

" အစ္ကိုထယ္.... "

" မင္းနဲ႔ငါကသိၾကလို႔လား "

ထယ္ေယာင္းက ကူးေဘးနားမွာရပ္လိုက္ၿပီး
ကူးရဲ႕ခါးေသးေလးကိုဆြဲဖက္လို႔လီယမ္ကို ၾကည့္ကာေျပာလိုက္သည္။လီယမ္ကေတာ့
ကူးရဲ႕ခါးကိုဖက္ထားတဲ့ ထယ္ေယာင္းရဲ႕
လက္ေတြကိုၾကည့္ရင္း ေဒါသထြက္ေနသည္။

" ေဒါသထြက္ေနလည္း ဘာမွမထူးဘူး၊
မင္းမွတ္ထား ကင္မ္ထယ္ေယာင္းရဲ႕အသက္ကို
ထိရဲထိၾကည့္၊မင္းကို ငါသတ္မယ္!လာ!
ကိုကို ေမာင္တို႔ျပန္မယ္! "

ကူးရဲ႕လက္ကိုထယ္ေယာင္းကဆြဲၿပီး ဆိုင္ထဲက
ထြက္သြားသည္။ကူးကေတာ့ ျပႆနာေတြကို
မသိသူပမာေၾကာင္ေၾကာင္နဲ႔ထယ္ေယာင္းဆြဲရာ
ပါသြားေတာ့သည္။အထြက္နားကိုေရာက္ေရာ
ထယ္ေယာင္းက ေယာင္းဝူကိုေတြ႕ေတာ့
ေျပာလိုက္သည္။

" ဒီဆိုင္ကိုပိတ္သိမ္းလိုက္! "

" ဟုတ္ကဲ့ ဆရာ! "

ထယ္ေယာင္းကခပ္ျပတ္ျပတ္ေျပာၿပီး အျပင္သို႔
ကူးရဲ႕လက္ကိုဆြဲၿပီးထြက္သြားသည္။အထဲမွာ
က်န္ခဲ့တဲ့လီယမ္ကေတာ့ ႏႈတ္ခမ္းကိုတင္းတင္း
ကိုက္လို႔ ေဒါသထြက္က်န္ခဲ့သည္။

အကိုထယ္ကိုသေဘာက်လို႔ စေရာက္ထည္းက
အေၾကာင္းေတြအားလံုး လိုက္စံုစမ္းေနတာ။
ၾကားသိရေတာ့လည္း ေကာင္ေလးတစ္ေယာက္ကို
မရမကလိုက္ေနတာတဲ့။တစ္ခါတုန္းကဆို
ထိုေကာင္ေလးကိုနမ္းေနခဲ့ေသးတာေတာင္
သူေတြ႕ခဲ့ရေသးတာ။အခုေတာ့အရမ္းကို
ကာကြယ္ေပးေနတယ္ေပါ့။

" ၾကည့္ေန!အဲ့ေကာင္အစ္ကိုထယ့္ေဘးက
ထြက္သြားေစရမယ္! "

To be continued ~

ကိုကိုအလွေလးကိုဖတ္ခ်င္ၾကတယ္ဆိုလို႔
ေရးေပးလိုက္ပါတယ္ဗ်။

Followers 2kျပည့္သြားလို႔
ေက်းဇူးတင္ပါတယ္ဗ်။အမ်ားႀကီးလည္းထပ္
ႀကိဳးစားသြားပါ့မယ္။

> >

#Unicode

" ဂယူ... "

ကူးခေါ်လိုက်သည်ကိုတောင် မကြားပါဘဲသူတို့ရဲ့
အခြေအနေတွေဟာ တင်းမာနေကြသည်။ဂယူက
ထယ်ယောင်းကိုကြည့်ကာ သူ့ဒေါသတွေကိုလည်း
ထိန်းချုပ်နေရသည်က သူ့အတွက်မလွယ်လှပါ။

ထယ်ယောင်းမှာလည်း မင်ဂယူရဲ့အကြည့်ကို
ဂရုတောင်မစိုက်ဘဲ ခပ်တည်တည်ရယ်လိုက်ပြီး
ကြည့်နေသေးသည်။ကူးမှာတော့ ထယ်ယောင်းနဲ့
မင်ဂယူတို့ကိုကြည့်ကာ လန့်နေသည်။ဘာလို့ဆို
သူနဲ့ထယ်ယောင်းနမ်းတာကို ဂယူကမြင်သွားခဲ့
တာမဟုတ်လား။

" ငါ့ကူးကို မင်းကဘာလုပ်ဖို့နမ်းရတာလဲ၊ကူးမှာ
ချစ်သူရှိတာဆိုတာ မင်းသိတယ်လေ! "

ဂယူက ထယ်ယောင်းကြည့်ရင်းဒေါသတကြီး
မေးလိုက်သည်။ထယ်ယောင်းမှာတော့ ဂယူ့ရဲ့စကားကို ဂရုမစိုက်သလိုနေသည်။
အကြောတင်းပုံက တကယ့်မလွယ်တာ။

" အဲ့ဒါဘာလုပ်ရမှာလဲ "

ထယ်ယောင်းက မင်ဂယူ့ရဲ့မျက်လုံးတွေကို
ပြန်ကြည့်လိုက်ရင်း ပြောလိုက်သည်။ဂယူက
ထယ်ယောင်းရဲ့စကားကြောင့် လက်သီးဆုပ်ကို
ခပ်တင်းတင်းဆုပ်ထားသည်။ကူးကတော့ ဂယူ့ရဲ့
လက်သီးဆုပ်ကာ ဒေါသထွက်နေသည်ကိုသိလို့
တားလိုက်သည်။

" ဂယူ... "

" တိတ်စမ်းပါ!ခင်ဗျား တိတ်စမ်းပါ၊ကျုပ်ကြားနေ
ရတာနဲ့တင် နားထဲခါးနေပြီ!တိတ်တိတ်နေစမ်း! "

ထယ်ယောင်းက ကူးဘက်ကိုလှည့်ကြည့်လိုက်ပြီး
စိတ်မရှည်စွာအော်လိုက်သည်။ကူးမှာ ထယ်ယောင်းအော်သည်ကိုလန့်လို့ တုန်တက်သွားတာဖြစ်သည်။ထယ်ယောင်းလည်း
ဒေါသထွက်နေတာမို့ အော်လိုက်တာကြောင့်
သူ့ကိုယ်သူ လွန်တယ်လို့မတွေးမိ။

" ငါ့ကူးကို မင်းအော်စရာမလိုဘူး၊တောက်!ငါ့
ချစ်သူနားကနေ ဝေးဝေးရှောင်၊ကူးကငါ့ချစ်သူ၊
ငါနဲ့လက်ထပ်မဲ့သူ!မင်း မှတ်ထား! "

မင်ဂယူက ကူးလက်ကိုလှမ်းဆွဲလိုက်ရင်း သူ့ဘက်ကိုခေါ်လိုက်ကာပြောသည်။ထိုသည်ကို
ထယ်ယောင်းကလည်း လွတ်နေသည့်ကူးရဲ့
လက်တစ်ဖက်ကိုပြန်ဆွဲလိုက်ကာ ပြန်ပြောသည်။

" အဲ့တော့ ဘာလုပ်ရမှာလဲ၊ရှောင်စရာလား၊
ကင်မ်ထယ်ယောင်းရဲ့ အဘိဓာန်မှလက်လျှော့တာ
မရှိဘူး၊အာ...ဒါပြီးတော့ ခင်ဗျားမှတ်ထားလိုက်!
ပြောပြထားတာပေါ့..ဟက်..ကိုကိုအလှလေးက ကင်မ်ထယ်ယောင်းရဲ့ကင်မ်ဂျောင်ဂုဖြစ်လာမှာ! "

" ဘာ! မင်း! "

ထယ်ယောင်းရဲ့ စကားဟာခပ်ပြတ်ပြတ်။
မင်ဂယူကလည်း ဒေါသထွက်လို့စကားတောင်
အများကြီးမပြောနိုင်ဘဲဖြစ်နေတာ။ပိုဆိုးတာက
ထယ်ယောင်းက သူလက်ဆွဲထားတဲ့ ကူးရဲ့ လက်ဖမိုးကိုတောင် မှီသလောက်နမ်းသေးတာ။

ကူးကတော့ သူတို့နှစ်ယောက်လက်ဆွဲထားသည့်
ကြားကနေအလယ်ကနေ မလွတ်မလပ်ဖြစ်သည်။
ဒါကိုနှစ်ယောက်လုံးကလည်း သူ့လက်ကိုဆွဲထား
တာအလွတ်မပေးပါလေ။ဒါတောင် သူ့ကို
ထယ်ယောင်းက နမ်းလိုက်သေးသည်။

" လွှတ်ကြပါတော့၊ငါ့ကို လွှတ်လိုက်ပါတော့
ကင်မ်ထယ်ယောင်းရယ်၊ငါမင်းကိုလည်း သေချာ
ပြောခဲ့သေးတာပဲ၊ငါက မင်ဂယူနဲ့... "

" ပါးစပ်ပိတ်ထားစမ်းဗျာ! ကျုပ်ကိုပဲ ခင်ဗျားယူရမှာ၊ကျုပ်မွေးလာထည်းက ဂျွန်ဂျောင်ဂုအတွက် မွေးလာခဲ့တာ "

ထယ်ယောင်းက သူလက်ဆွဲထားတဲ့ကူးကိုကြည့်
ရင်းပြောလိုက်သည်။မင်ဂယူကလည်း သူ့ကူးရဲ့
လက်ကိုတင်းတင်းကိုင်ထားသည်မို့ မလွှတ်ပေး။

" ကူးလက်ကိုလွှတ်လိုက်ပါ၊ငါတို့ဘာသာ အေးဆေးစကားပြောကြမယ် "

ဂယူသက်ပြင်းချလိုက်ပြီး အေးဆေးဖြေသည်။
သူ့စကားကြောင့် ထယ်ယောင်းကခပ်မဲ့မဲ့ပြုံးပြီး
လက်ကိုမလွှတ်ပေးဘဲ ပိုကိုင်ထားပြသည်။
ထယ်ယောင်းပုံစံကြောင့် ကူးကစိတ်တိုကာ
နှုတ်ခမ်းကိုက်လိုက်ရင်းနှစ်ယောက်လုံးဆွဲထား
သည့်လက်တို့ကို အတင်းရုန်းချတော့သည်။

" ကင်မ်ထယ်ယောင်း ! ကင်မ်မင်ဂယူ!
နှစ်ယောက်လုံးလွှတ်တော့!မင်းတို့ဆွဲထားတဲ့
ငါ့လက်က တအားနာနေပြီ!လူတွေလည်း
ပန်းခြံထဲသွားလာနေတာ မင်းတို့တွေမရှက်ကြ
ဘူးလား၊မင်းတို့မရှက်ရင်တောင် ငါရှက်တယ်! "

ကူးက သူ့လက်ကိုဆွဲထားတဲ့နှစ်ယောက်လုံးကို
အော်ပြောလိုက်သည်။သို့ပေမဲ့နှစ်ယောက်လုံးက
သူ့ကိုအလွတ်မပေးဘဲ တင်းနေအောင်ပိုဆွဲထား
ပါတော့သည်။

" မောင်မလွှတ်နိုင်ဘူး ကိုကိုအလှလေး "

" ကိုယ်မလွှတ်နိုင်ဘူး ကူး၊သူ့လက်ထဲ ကူးပါသွား
လိမ့်မှာလေကွာ "

ထယ်ယောင်းကပြောတော့ မင်ဂယူကလည်း
ကူးကိုအလွတ်မပေးဘဲ လက်ကိုဆွဲထားသည်။
ထို့အတူထယ်ယောင်းကလည်း ကူးရဲ့လက်ကို
ဆွဲထားမှတင်းနေရောပဲ။ကူးမှာတော့ သက်ပြင်း
ရှည်ချလို့ မရတဲ့အဆုံး ထပ်အော်ရသည်။

" ကင်မ်ထယ်ယောင်း!ကင်မ်မင်ဂယူ! "

ကူးကနာနေပြီလို့ပြောလိုက်တော့ မင်ဂယူက
သူ့ချစ်သူနာနေတာကိုမကြည့်ရက်လို့ အရင်ဆုံး
လက်ကိုလွှတ်ပေးလိုက်တော့သည်။ထိုသည်ကို
ထယ်ယောင်းက မလွှတ်ပေးလိုက်ဘဲဆက်ဆွဲ
ထားသေးသည်။ကူးက စိတ်မရှည်ဟန်ကြည့်
လိုက်တော့ ဘာများလဲဆိုသည့်အထာဖြင့်
သူ့ကို မေးငေါ့ပြနေတာ။အံ့ဩစရာ၊ရုပ်ကိုက
ဆွဲကုတ်ချင်စရာ။

" ထယ်ယောင်း ငါ့ကူးကိုလွှတ်လိုက်တော့၊သူ့
လက်တအားနာနေပြီမလား "

မင်ဂယူက သူ့မှာလက်သာလွှတ်ပေးလိုက်ရတာ
ကူးကိုဆက်ဆွဲထားသေးသည့် ထယ်ယောင်းကို
ကြည့်ကာပြောလိုက်သည်။ထယ်ယောင်းက
သူ့ကိုကိုအလှလေးရဲ့လက်ကိုဆွဲယူလိုက်ပြီး
သေချာကြည့်ပေးနေသည်။ပြီးမှ...

" နာနေလား ကိုကိုအလှလေး၊ ဥုံဖွဗျာ.. မောင့်လှလှလေးလက်နာသွားတာလား "

" အင်း..နာတယ်၊ငါ့လက်ကိုလွှတ်တော့ ထယ်ယောင်း... "

ကူးစိတ်မရှည်ပေမဲ့လည်း ဒေါသရိပ်ထွက်နေတဲ့
ဂယူ့ရဲ့စိတ်ကိုသိနေတာမို့ စိတ်ကိုလျှော့ကာ
နူးညံ့သောအသံဖြင့်ဖြေလိုက်သည်။သူကထိုသို့
ဖြေလိုက်ရော ထယ်ယောင်းမျက်ခုံးပင့်၍သူ့ကို
ကြည့်လာသည်။ကြည့်!ရုပ်ကိုကကုတ်ချင်စရာ။

" ကိုကိုအလှလေးကလေ အခုထိနားမလည်သေး
ဘူးမလား၊ကိုကိုအလှလေးရဲ့ ချစ်သူကိုကြည့်၊
မောင့်နဲ့လက်ဆွဲထားတာတောင် ဖြုတ်တယ်လေ၊
သဘောက ကိုကိုအလှလေးကိုအခက်အခဲတွေ
ရှိရင်တောင် လက်ကိုလွှတ်ချမယ်ဆိုတာမျိုး၊
မောင့်ကိုပဲကြည့် ကိုကိုအလှလေးကို
ဘယ်လောက်ချစ်လဲဆို သူမဖြုတ်လည်းမောင်
လည်းမဖြုတ်ဘူး၊သူလက်ဖြုတ်သွားလည်း
မောင်ကမဖြုတ်ဘူးဆိုတာက ဘာဖြစ်လို့ဆို
မောင်ကဘယ်လိုအခက်အခဲပဲရှိနေပါစေ
ကိုကိုအလှလေးရဲ့လက်ကို မဖြုတ်တာက သိပ်ချစ်လို့လေ "

ထယ်ယောင်းစကားကြောင့် မင်ဂယူ့မှာအံ့ဩ
သလိုဖြစ်သွားပြီး ကူးလက်ကိုပြန်ကိုင်ဖို့လုပ်
နေပြန်တော့ ကူးမှာဂယူ့ကိုကြည့်ကာခေါင်းခါ
ပြလိုက်ရသည်။တကယ်ပဲ။နှစ်ယောက်လုံးက
ကလေးတွေလို မုန့်မရမှာဆိုးလို့လုနေသလိုမျိုး။
တကယ်ကူးစိတ်တွေ ညစ်လာပြီ။

ထိုအချိန်မှာ သူတို့လက်ဆွဲတဲ့ပွဲမပြီးသေးခင်ပဲ
ယောင်းဝူက ထယ်ယောင်းရဲ့အနောက်ကိုရောက်
လာသည်။

" ကင်မ်ထယ်ယောင်း ငါသွားစရာရှိတယ်၊ငါ့ကို
လွှတ်ပေးတော့၊နာတယ်၊မင်းကိုလည်းငါက
အသေအချာရှင်းပြခဲ့တယ်မလား၊ငါ့စိတ်က_ "

" ေဩာ်...သိတယ်လေ၊ကိုကိုအလှလေးရဲ့စိတ်က
မောင်နဲ့ကားပေါ်မှာဖြစ်သွားတဲ့ကိစ္စကိုရော၊မောင်
ခဏခဏနမ်းတာက်ုလည်း စိတ်ထဲထည့်ထား
တာကိုပြောတာမလား "

ထယ်ယောင်းက ခပ်ရေးရေးပြုံးလိုက်ပြီး မျက်ခုံးပင့်ပြကာ ပြောလိုက်တော့ ကူးစိတ်ထဲ
စိတ်ပူသွားပြီး ဂယူ့ဘက်ကိုလှည့်ကြည့်မိသည်။
ဂယူကတော့ ကူးကိုအံ့ဩသလိုလေးကြည့်တော့
ကူးမှာမျက်နှာလေးငုံ့ကြသွားသည်။ဒီကိစ္စက
ဟုတ်သည်မလား။သူမှမငြင်းနိုင်ဘဲ။

" ဆရာ၊ကျွန်တော်စကား ဖြတ်ပြောပါရစေ၊
ဆရာခိုင်းထားတာလည်း လုပ်ပြီးသွားပါပြီဗျ၊
ပြီးတော့အဖိုးက ဆရာ့ကိုခေါ်နေတယ်၊
ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်ထည်းတဲ့ "

ကူးလက်ကိုဆွဲထားရင်း ယောင်းဝူကအနောက်မှာ
ရပ်ကာပြောလိုက်သည့်စကားကြောင့် ထယ်ယောင်းကပြုံးလိုက်ပြီး ကူးလက်ကိုလွှတ်
ပေးလိုက်သည်။ကူးကထယ်ယောင်းရဲ့လက်က
လွတ်သွားသည်နှင့် ဂယူကခါးကနေဆွဲဖက်လိုက်
သည်။ထယ်ယောင်းကြည့်လိုက်ရင်း ခပ်မဲ့မဲ့
ပြုံးလိုက်သည်။သူများအပိုင်ဆွဲလိုက်ပုံက
အမြင်ကပ်စရာပဲ။

" မောင်သွားပြီ၊ယောင်းဝူ သူ့အိမ်ကိုယာယီ
စာချုပ်လေးပို့ပေးထားလိုက်၊သူအိမ်ရောက်ရင်
ဖတ်ပြီးဝမ်းသာသွားလိမ့်မယ် "

" ဟုတ်ကဲ့ဆရာ "

ထယ်ယောင်းကခပ်ပြတ်ပြတ်မှာပြီးရှေ့ကနေ
ဦးဆောင်ထွက်သွားသည်။ယောင်းဝူမှာတော့
နောက်ကကျန်ခဲ့ပေမဲ့ ထယ်ယောင်းရဲ့အပိုင်ကို
အရိုအသေပေးပြီးသွားမှ အနောက်ကလိုက်သွား
သည်။

ထယ်ယောင်းတို့လည်းထွက်သွားရော ဂယူက
သူတို့ထိုင်နေကြ ခုံတန်း၌ထိုင်လိုက်ကာ သက်ပြင်းရှည်ချနေသည်။ကူးမှာတော့ ထယ်ယောင်းပြောသွားတဲ့စကားတွေကြောင့်
သူ့ကိုဂယူက မုန်းသွားနေမလားဆိုသည့်
စိတ်ဖြင့်ကြောက်နေသည်။ထိုသည်ကို
ဂယူကရိပ်မိတော့ ကူးလက်လေးကိုဆွဲပြီး
သူ့ဘေးနားကိုထိုင်စေသည်။ပြီးနောက်
လက်ဖြူလေးကိုဆွဲယူပြီး သူ့အိတ်ကပ်ထဲ အသင့်ပါသည့်လက်ကိုင်ပုဝါကိုထုတ်ပြီး
ကူးရဲ့လက်ကိုသုတ်ပေးလိုက်ရင်း
စကားဆိုတော့သည်။

" တောင်းပန်ပါတယ်၊ကိုယ့်ချစ်သူကို တစ်ခြား
တစ်ယောက်က ကိုယ့်ရှေ့မှာနမ်းပြတာကို
ဝင်မဆွဲနိုင်မိတာ၊ဒါပေမယ့် ကိုယ်ကဒေါသကို
ထိန်းထားလိုက်တာပါ ကူး... "

ကူးရဲ့လက်ကိုသုတ်ပေးနေရင်း ဂယူကကူးရဲ့
လက်ဖြူလေးရဲ့လက်ဖမိုးကိုနမ်းလိုက်သည်။
ပြီးနောက် ထိုလက်ဖြူလေးကိုသူ့ပါးမှာကပ်ပြီး
ကူးကိုကြည့်နေသည်။ကူးကတော့ ဂယူလုပ်သမျှ
မျက်ဝန်းဝိုင်းတွေဖြင့်ကြည့်နေသည်။

" ကူးကကိုယ့်ချစ်သူပဲကို၊ဒီလက်ဖမိုးကအစ
ကိုယ်ပဲနမ်းလာခဲ့ရတာ၊သဝန်တိုပေမဲ့ ကိုယ့်ကူးက
ကင်းကင်းရှင်းရှင်းနေတာမို့ ကိုယ်သိတယ် "

ဂယူကကူးရဲ့ပြောချင်နေသည့်စကားတွေကို
သိနေဟန်ဖြင့် ခပ်ရေးရေးပြုံးလို့ဖြေလိုက်သည်။
ကူးမှာတော့ ဂယူ့ကိုအားနာတာကလွဲလို့
သူဘာမှမတက်နိုင်ပါလေ။

" တောင်းပန်ပါတယ် ဂယူ..ကူးက... "

" ကိုယ်နားလည်တာမို့ မလိုအပ်ဘူး ကူး၊
ကူးကနားလည်ပေးပါ၊ကိုယ်ကကူးလက်ကို
လွှတ်ပေးတယ်ဆိုတာက လက်လျှော့တာမျိုး
မဟုတ်ဘဲ ချစ်ရသူနာမှာဆိုးလို့လက်လွှတ်ပေး
လိုက်တာပါ ကူး "

ဂယူရဲ့အသံတွေ တိုးလျကာနာကျင်နေဟန်ပေါက်
သည်။ဂယူတစ်ခါမှ အဲ့လောက်ထိမဖြစ်ဖူးဘူး။
သူသိသည်။ခုနကထယ်ယောင်းပြောလိုက်သည့်
စကားကြောင့် စိတ်မကောင်းဖြစ်သွားတာနေမှာ။

" ဂယူ...ကူးရဲ့ရင်ထဲမှာ ဂယူကသာကူးရဲ့ချစ်သူမို့
ကူးက ဂယူ့ကိုသိပ်ချစ်တာနော်၊အဲ့ဒါကို ဂယူက
သေချာမှတ်ထားပေးပါ "

" ကိုယ်သိပါတယ်၊ကိုယ်တို့ ဆိုင်ခန်းနေရာကို
သွားကြည့်ရအောင်လေ "

ဂယူကကူးကိုကြည့်ရင်း စကားဆိုလိုက်တော့
ကူးမှာခေါင်းငြိမ့်ပြလိုက်သည်။သို့ပေမဲ့သူ့ရင်ထဲ
အခုထက်ထိငြိမ်းအေးနေသေးတာတော့မဟုတ်။
ဂယူကရှေ့ကနေထွက်သွားပြီး ကူးလက်ကိုဆွဲ
ကာထွက်သွားနေတော့ ကူးလည်းဂယူ့ဘေးကနေ
လိုက်ပြီးစိတ်မကောင်းစိတ်လေးတွေက ရှိသေး
သည်။

သူတွေးမိပါသည်။ဘယ်သူကရော ကိုယ်ချစ်သူကို
အခြားတစ်ယောက်နဲ့ကားထဲမှာ ကိစ္စကြီးကြီးဖြစ်
တော့မလိုကိစ္စတွေကိုရော၊ကိုယ့်ချစ်သူကို အပိုင်
ရှိတာသိရဲ့နဲ့တင် အတင်းနမ်းတာကိုတောင်
ဂယူကနားလည်ပေးလိုက်ရပေမဲ့ ရင်ထဲမှာစိတ်
မကောင်းဘူးဆိုတာ သူသိနေသေးသည်။
ဒါကြောင့် အားနာစိတ်ပိုတိုးနေတာမို့ကူးက
နောက်ဆို ထယ်ယောင်းကိုရှောင်ရမည်လေ။

~

ဗွမ်း!

အဖိုးနဲ့သွားတွေ့ဖို့အတွက် အားနေတုန်းလေးမှာ
သူ့အပိုင်ကွန်ဒိုရဲ့Rooftopမှာရှိသည့် ရေကူးကန်၌ ရေကူးနေသည်။ရေကူးလို့ပြီးရော
ရေကန်ဘောင်ကိုကပ်လို့မှီပြီးနောက် အသင့်ရှိနေ
သည့်ရှန်ပိန်ထည့်ထားသည့်ခွက်ကို သောက်ရင်း
ဆိုးလ်းမြို့ရဲ့အလှကိုကြည့်ရင်း တစ်စုံတစ်ခုကို
တွေးမိသွားဟန်ပြုံးလိုက်သည်။

" ဟားဟား...တောက်!မိုက်လိုက်တာကွာ၊
ကိုကိုအလှလေးရဲ့အပိုင်မှန်းသိသာအောင်
လုပ်ပြလိုက်ရော သွေးပျက်သွားတဲ့မျက်နှာက
သိပ်သိသာလွန်းတာ! "

သည်နေ့မှာ ကိုကိုအလှလေးရဲ့လက်ကို တင်းနေအောင်ဆွဲထားလိုက်ပြီး သူ့အပိုင်ထက်
ပိုသိသာသွားအောင်လုပ်ပြလိုက်တော့ အဲ့လူရဲ့
မျက်နှာကြီးသွေးပျက်သွားတာကိုတွေ့လိုက်၏။
သွေးပျက်သွားလည်း နောက်ဆိုပိုပျက်ရမယ်။
ဘာလို့ဆို ကင်မ်ထယ်ယောင်းကကင်မ်ဂျောင်ဂုကို
ရအောင်ယူမှာမို့!

သူတွေးနေရင်း ဖုန်းသံကမြည်လာတာမို့
ထယ်ယောင်းဖုန်းကိုကြည့်လိုက်တော့ အဖိုးက
ဆက်နေတာမို့ ဖုန်းကိုင်လိုက်သည်။

" ပြောပါ အဖိုး "

' တစ်နေ့လုံးCompanyရဲ့ အလုပ်တွေမလုပ်ဘဲ
ဘယ်သွားနေတာလဲ ငါ့မြေး '

အဖိုးကသူ့အား တစ်ဖက်ကနေရယ်သလိုဖြင့်
မေးလာသည်။သူ့မှာတော့အဖိုးစကားကြောင့်
ရယ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

" ကျွန်တော့်ရဲ့အသက်လေးရှိသွားတာပါအဖိုး၊
အရေးကြီးတဲ့အသက်လေးမို့ "

' Companyရဲ့အစည်းဝေးကိုတောင်ဖြတ်ပြီး
သွားရတဲ့အထိ အဲ့ဒီအသက်ကရေးကြီးတာပေါ့
ဟုတ်လား ကင်မ်ထယ်ယောင်း '

အဖိုးကသူ့အဖြေကို သဘောကျစွာရယ်ရင်း
ပြန်ဖြေသည်။ပြီးနောက်သူကတော့ အဖိုးကို
စကားပြန်စတော့သည်။

" အဖိုးရဲ့မြေးကင်မ်ထယ်ယောင်းရဲ့ အုပ်ထိန်းသူစစ်စစ်လေ အဖိုးရဲ့၊ဒီလောက်တော့
အရေးပေးဖို့သူက ပိုအရေးကြီးတာပေါ့ "

' ဟုတ်ပါပြီကွာ၊အဖိုးနဲ့တွေ့ရင် မြေးရဲ့
အုပ်ထိန်းသူကိုခေါ်ခဲ့မလား '

အဖိုးရဲ့နောက်ထပ်စကားကြောင့် သူပြုံးသည်။
အဖိုးကသူဆွယ်စရာတောင်မလိုဘဲ သူ့ကိုတောင်
ကြိုပြီးသဘောတူနေသည်ပဲ။

" အခုတော့သူက ကျွန်တော့်နဲ့မဖြစ်သေးဘူးအဖိုး၊
ဒါပေမဲ့ကတိပေးတယ် အဖိုးရဲ့မြေးသမက်ကို
ကျွန်တော်အဖိုးရှေ့ခေါ်လာခဲ့မယ် "

တီ ~

ထိုသို့သာခပ်ပြတ်ပြတ်ဖြေပြီး ထယ်ယောင်းက
သူကိုင်ထားသည့်ဖုန်းကိုယူကာ ရေကန်ထဲမှ
တက်လာခဲ့သည်။အပေါ်ကိုရောက်ရော အသင့်တင်ထားတဲ့dream bedပေါ်က bathrobeကိုဝတ်လို့ရေထပ်ချိုးဖို့ ရေချိုးခန်းထဲဝင်သည်။

ရေချိုးခန်းထဲရောက်တော့ ရေပန်းဖွင့်လိုက်ပြီး
ရေပန်းအောက်စီးကျတဲ့ရေတွေကိုခံယူကာ
ကိုကိုအလှလေးကိုတွေးမိပြန်သည်။လှလိုက်တာ၊
မျက်လုံးထဲမြင်နေရသည့် ကိုကိုအလှလေးရဲ့
အံ့ဩပုံကိုတွေ့တော့ ပြုံးလိုက်သည်။

" ကိုကိုအလှလေးက အရမ်းချစ်စရာကောင်းတာ၊
မောင်ခင်ဗျားလေးကို သိပ်ချစ်တာပဲကွာ "

အဖိုးနဲ့တွေ့ရမှာဖြစ်တာကြောင့် အချိန်ဆွဲမနေဘဲ
ရေအမြန်ချိုးပြီး ဆံပင်ခြောက်နေအောင်သုတ်လို့
ရွှေအိုရောင်ဆံပင်တို့ကို ဂျယ်ဖြင့်သပ်တင်ပြီး
အနက်ရောင် Suitအပြည့်ဖြင့်ခပ်မိုက်မိုက်။
လက်မှာGUCCI Warst watchပတ်ကာ
မှန်ကိုတစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။
ုပြီးနောက်မှသူ့ဖုန်းနဲ့ကားသော့ကိုယူကာ
ကွန်ဒိုမှထွက်လာပြီး အဖိုးနဲ့သွားတွေ့ရန်
စားသောက်ဆိုင်ကိုရောက်လာသည်။

အဖိုးရဲ့မန်နေဂျာပို့ပေးတဲ့ Locationကို ကြည့်တော့ ရိုးရာစားသောက်ဆိုင်တစ်ခုဖြစ်၏။
သူ့အဖိုးက နာမည်ကြီးစားသောက်ဆိုင်တွေထက်
ရိုးရာvibeအပြည့်ရတဲ့နေရာတွေကို သွားရတာ
သဘောအကျဆုံးဖြစ်သည်လေ။သူလည်း
နောက်မကျချင်တာမို့ အမြန်မောင်းကာအဖိုးရှိ
လာရသည်။

အဖိုးချိန်းတဲ့စားသောက်ဆိုင်ကိုရောက်တော့
အလုပ်သမားအားလုံးကို သူ့ကိုအရိုသေပေး
ကြသည်။သူလည်းအသိမှတ်ပြုလိုက်ပြီး
အထဲဘက်ကိုဆက်လျှောက်လာတော့အဖိုးရဲ့
မန်နေဂျာက သူ့ကိုတွေ့တော့နှုတ်ဆက်သည်။

" ဥက္ကဌကြီးက သူဌေးလေးကိုစောင့်နေပါတယ်၊
ဝင်သွားလိုက်ပါ "

မန်နေဂျာကပြောရင်းတံခါးကိုဆွဲပေးသည်။
သူလည်းအထဲဝင်သွားတော့ ရိုးရာအခန်းတစ်ခု
ပုံစံမို့ သူ့အဖိုးကအကုန်မှာထားပြီး မစားသေးဘဲ
စောင့်နေတာ။

" ကြာသွားလားအဖိုး "

သူလည်းအဖိုးနဲ့ မျက်နှာချင်းဆိုင်ရှေ့ ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။အဖိုးကတော့
သူ့မြေးကိုကြည့်ပြီးပြုံးကာ ခေါင်းခါပြသည်။
ပြီးနောက် ချောင်းဟန့်ရင်းစကားစသည်။

" အဟမ်း...မကြာပါဘူးကွာ အဲ့ဒါထက် အဖိုးမြေးရဲ့ မြေးသမက်ဆိုလား
ကြားချင်နေတာ "

အဖိုးကသူ့ကိုကြည့်ရင်း ပြုံးလို့ဖြေလာသည်။
ထယ်ယောင်းကအဖိုးစကားကြောင့် ရယ်ရင်း
ဖြေလိုက်သည်။အဓိပ္ပါယ်ရှိစွာပေါ့။

" သိတယ်၊အဖိုးကကျွန်တော့်ထက် မတော်ရသေးတဲ့မြေးသမက်ကို တွေ့ချင်နေတာ၊
သူကအရည်အချင်းရှိပြီး လူလေးကအစသိပ်
လှတယ်၊အဖိုးမြင်ရင်မြေးနဲ့သဘောတူမှာပါ "

" မြေးမပြောလည်း အဖိုးကမြေးရွေးချယ်တဲ့
သူကဘယ်လိုလူမျိုးလဲဆိုတာ သိပါတယ်၊မြေးရဲ့
ခပ်ဆိုးဆိုးပုံစံကိုအေးအောင်ထိန်းလိုက်တာက
ယောကျာ်းလေးတစ်ယောက်ဆိုတာတောင်
အဖိုးအံံ့ဩနေတာ "

ထယ်ယောင်းရဲ့အဖိုးက ထိုသို့စကားဆိုသည်။
အဖိုးရဲ့စကားတွေမှာ သူ့ကိုစိတ်ဆိုးနေခြင်း
တစ်စိုးတစ်စိမျှမရှိ။သူ့ကိုတောင်အံ့ဩနေတာ။
အဖိုးက သူတစ်ခွန်းဆိုတစ်ခွန်းမို့သူဘာလုပ်လုပ်
လက်ခံနေသေးတာ။ကိုကိုအလှလေးကိုသာ
သူခိုးပြေးပြီးခေါ်လာလည်း လက်ခံမည့်သူက
အဖိုးထိပ်ဆုံးပဲ။

" ဟုတ်တယ်အဖိုး၊တစ်နေ့တော့ အဖိုးရှေ့ခေါ်
လာပါ့မယ်၊ကဲ...ကျွန်တော်လည်း ဒီအရက်
မသောက်ဖူးတော့ အဖိုးကိုအရက် ကျွန်တော်
ငှဲ့ပေးပါရစေ၊ပြီးမှ ကျွန်တော်ကမ်းလှမ်းတာကို
လက်ခံဖို့ ဆွေးနွှေးကြတာပေါ့ "

ထယ်ယောင်းက သူ့ရှေ့အရက်ထည့်ထားတဲ့
ခရားအိုးကိုမပြီးသူ့အဖိုးထံထည့်ပေးဖို့လုပ်တော့
အဖိုးဖြစ်သူက ရှေ့ကကြွေခွက်လေးကိုကမ်းပြီး
အရက်ထည့်ဖို့ လက်ခံသည်။

" ကောင်းပြီကွာ၊အဖိုးမြေး ကမ်းလှမ်းတာကို
လက်ခံရမှာပေါ့ "

ထိုသည်ဖြင့်ထယ်ယောင်းထည့်ပေးတဲ့အရက်ကို
ဧည့်ခံရင်း ထယ်ယောင်းကိုလည်းသူ့အဖိုးက
အရက်ပြန်ထည့်ပေးသည်။ပြီးနောက်အဖိုး
ထည့်ပေးတဲ့အရက်ကိုသောက်ရင်း သူပြုံးလိုက်သည်။အဓိပ္ပါယ်ရှိရှိပြုံးတာ။
သူကမ်းလှမ်းမဲ့အရာကို အဖိုးသဘောကျမယ်လို့
သူမျှော်လင့်သည်။ဘာကြောင့်ဆို ထိုအရာက
တန်ဖိုးကြီးလို့။

~

ညနေရောက်တော့ ကူးနဲ့ဂယူက ကူးရဲ့အိမ်ကို စောစောပြန်လာခဲ့ကြသည်။သို့ပေမဲ့လည်း
မေမေ့အတွက်ကြည့်ပေးခဲ့မည့် ဆိုင်လေးကို
ဝယ်သူတစ်ယောင်ဦးသွားတယ်ဆိုသည်တဲ့။
ဒါကြောင့်မို့စိတ်ပျက်လို့သာ အိမ်ကိုပြန်လာ
ခဲ့ရသည်။

ဂယူကတော့သူ့ကိုကားဂိတ်နားထိ လိုက်ပို့ပေးပြီး
ညိုးငယ်သောမျက်နှာထားဖြင့် အိမ်ကိုပြန်သွား
ခဲ့တာ။အခုတော့ ဂယူသာမျက်နှာပျက်ရသည်။
ကင်မ်ထယ်ယောင်းဆိုသည့်သူမှာလည်း
ကြိုက်စရာလူအတော်ရှားနေသည်ထင်သည်။
သူ့လိုချစ်သူရှိနေတဲ့သူကိုမှ လာကြိုက်သည်။

အခုတောင်ဂယူက ကားဂိတ်နားထိ လိုက်ပို့ပေးသည်။ကူးကတော့အားနာပြီး လိုက်မပို့ခိုင်းဖို့ပြောတော့ဂယူ့မျက်နှာအတော်
ပျက်နေတာမို့ ကူးကဆက်မပြောလိုက်ပေမဲ့
အမေနဲ့အဖေအတွက်ဝယ်စရာရှိတယ်ပြောပြီး
ထွက်သွားတော့သည်။

" စိတ်ညစ်တယ်၊ငါနောက်ဆို ထယ်ယောင်းနဲ့
ရှောင်ရမယ်၊နေ့လယ်ကတော့ ပိုင်စိုးပိုင်နင်း
လုပ်သေးတာ၊ဒေါသထွက်လာပြီ "

ကူးကားစီးမဖြစ်တော့ဘဲ စိတ်ပြေလက်ပျောက်
ဖြစ်အောင်လမ်းလျှောက်လာခဲ့သည်။ကူးလေး
လမ်းလျှောက်ရင်း ဆိုင်ကောင်းလေးတစ်ဆိုင်ရှေ့
ရောက်တော့ ကူးအကြည့်ပို့မိသည်။ဆိုင်ထဲက
မှန်ဖန်သားနားမှာပြထားတဲ့ suitအနက်ကြီးက
ထင်းနေအောင် ကြည့်ကောင်းတာမို့ကူးသဘော
ကျသည်။အတွေးထဲ ထိုSuitကဂယူနဲ့လိုက်မယ်
ထင်လို့ ကူးပိုသဘောကျသည်။ဒါကြောင့်မို့
ကူးလေးဝင်ကြည့်ဖို့ ဆိုင်ထဲဝင်လိုက်သည်။

" ကြိုဆိုပါတယ် ဘာများလိုချင်လို့လဲ "

ဆိုင်ဝန်ထမ်းမိန်းကလေးက နှုတ်ဆက်တော့
ကူးအလိုက်တသင့်နှုတ်ဆက်ရင်း ဆိုင်ထဲက
ယောကျ်ားဝတ်အမျိုအစားတွေကို လိုက်ရွေး
ကြည့်သည်။ခုနကတော့ အင်္ကျီထက်ကောင်းတဲ့
ဖန်အိမ်ထဲ suitအင်္ကျီထည့်ထားသည်။

" မဝယ်နိုင်လည်းကြည့်မနေသင့်ဘူးနော်၊ဒါက
ငါယူမလို့၊ငါ့သဘောကျရတဲ့ သူ့ကိုပေးဖို့ဝယ်
ပြီးနေပြီနော်၊ဖယ်နေသင့်တယ် "

ကူးကြည့်နေရင်းဘေးကနေ ကူးထက်ငယ်တဲ့
ကောင်လေးကရောက်လာပြီး ကူးကြည့်နေသည့်
ဖန်အိမ်ထဲကsuitကိုကြည့်ကာ ပြောလာသည်။
ကောင်လေးကရိုင်းလိုက်တာဟု ကူးလေး
ကောက်ချက်ချမိသည်။

" မသိလို့ပါ၊အစ်ကိုက ဒါလေးကခန့်ညားလို့
ကြည့်မိတာပါ "

ကူးလေးက စိတ်ကိုဖြေလျောကာအေးအေးလူလူ
ပြောလိုက်သည်။ထိုသည်ကို ကောင်ငယ်လေးက
သူ့ကိုကြည့်ကာခပ်မဲ့မဲ့ရယ်ရင်း ဘေးကသူ့အဖော်
တွေကပါရောက်လာပြီး မတူသလိုကြည့်သည်။

" မဝယ်နိုင်ဘဲကြည့်နေတာလေ၊နားလည်ပေါ့၊
နောက်လူတွေကြည့်ပြီး ဝယ်ရမယ်ဆိုတာ "

ထိုကောင်လေးရဲ့စကားကြောင့် ကူးလေးမှာ
မျက်နှာပျက်သွားပြီး တစ်ခြားအဝတ်တွေ
ကြည့်သည့်နေရာသို့ိရောက်သွားသည်။
သူဒီနားမှာသာဆက်နေရင် ကျီကျယ်တဲ့ကောင်
တွေနဲ့ရန်ဖြစ်နေရဦးမှာ။စိတ်ပျက်လွန်းလို့
အဝေးကိုရှောင်လာကာ ဆောင်းဘက်ရောက်ပြီမို့
ဆွယ်တာတွေထားရာသို့ကြည့်နေသည်။

ကူးလေးသဘောကျတဲ့အရောင်နဲ့မို့ ထိကြည့်ရင်း
ဈေးနှုန်းကိုကြည့်တော့ သူ့ဝယ်နိုင်တာမို့ယူဖို့
လုပ်လိုက်သည်။

" အို!ဟိုဝန်ထမ်း ဒီနှစ်ထည်ကိုငါယူမယ်၊ဒါ
တွေရော၊အားလုံးကိုလိုချင်တယ် "

ထိုကောင်လေးက ကူးကိုမကြည်သလိုကြည့်ပြီး
ဘေးနားကိုလာကာ ကူးနဲ့အရပ်ကရွယ်တူမို့
ကူးအနားကိုကပ်လာသည်။ကူးက
ထိုကောင်လေးကိုနှုတ်ခမ်းကိုက်ပြီး ခပ်စူးစူးစိုက်ကြည့်နေတာ။သူ့ဘာသာဝယ်မည့်
အင်္ကျီတွေကအစလိုက်ကြည့်ပြီး လိုက်ဝယ်ဖို့
လုပ်သည်။သူနဲ့ကူးက ရန်စမှမရှိဘဲ။

" ဒီမှာကောင်လေးက ငါကမင်းနဲ့ဘာရန်စမှ
မရှိတာကို ဘာလို့လိုက်ပြီးရန်စနေတာလဲ "

ကူးလေးက စိတ်မရှည်စွာမေးလိုက်သည်။
ဆိုင်ထဲမှာဆိုပေမဲ့ ထိုကောင်လေးကချမ်းသာတဲ့
သူဌေးသားလေးမို့ထင်သည်။သူ့အနားကို
ဝန်ထမ်းမလေးတွေက ရောက်မလာခဲ့ပါ။
သူတို့ကြည့်နေကြပြီး လာမတားကြခဲ့ပါ။

" တောက်!စိတ်ပျက်စရာ သူဌေးတွေ "

ကူးတောက်ခေါက်လိုက်သည်။ကူးကဒေါသစိတ်
တွေထွက်လာပြီမို့ ဘာမှဆက်မပြောနေဘဲ
ထွက်သွားဖို့လုပ်သည်။ထိုသည်ကို ကောင်လေးက ကူးရဲ့လက်ကိုဆွဲပြီး ခပ်စူးစူးစိုက်ကြည့်ကာ စကားဆိုသည်။

" ဟက်...ဒေါသကြီးလိုက်တာ၊ခင်ဗျားလို
မာနကြီးတဲ့သူကို အစ်ကိုထယ်ကဘာလို့ကြိုက်
နေတာလဲမသိဘူး၊လူကသာဘာမှမဟုတ်တာ
မာနာက ကြီးသေးတယ်နော် "

" မင်းကငါ့အသက် လိုချင်သမျှကိုလိုက်ထိနေ
တာမကဘူး၊ငါ့အသက်ကိုတောင် မင်းက
လိုက်ရန်ရှာနေတာလား "

သူနဲ့ထိုကောင်လေးက ရန်ဖြစ်စရာကိစ္စမရှိဘဲ
စကားဖြင့်ထိုးနှက်ဖြစ်နေကြတုန်းရှိသေးသည်။
ဆိုင်ထဲထယ်ယောင်းက ညနေကပုံစံမဟုတ်ဘဲ
သပ်သပ်ရပ်ရပ်ဝတ်ထားကာ ဆိုင်ထဲသို့
ဝင်လာခဲ့သည်။

" အစ်ကိုထယ်.... "

" မင်းနဲ့ငါကသိကြလို့လား "

ထယ်ယောင်းက ကူးဘေးနားမှာရပ်လိုက်ပြီး
ကူးရဲ့ခါးသေးလေးကိုဆွဲဖက်လို့လီယမ်ကို ကြည့်ကာပြောလိုက်သည်။လီယမ်ကတော့
ကူးရဲ့ခါးကိုဖက်ထားတဲ့ ထယ်ယောင်းရဲ့
လက်တွေကိုကြည့်ရင်း ဒေါသထွက်နေသည်။

" ဒေါသထွက်နေလည်း ဘာမှမထူးဘူး၊
မင်းမှတ်ထား ကင်မ်ထယ်ယောင်းရဲ့အသက်ကို
ထိရဲထိကြည့်၊မင်းကို ငါသတ်မယ်!လာ!
ကိုကို မောင်တို့ပြန်မယ်! "

ကူးရဲ့လက်ကိုထယ်ယောင်းကဆွဲပြီး ဆိုင်ထဲက
ထွက်သွားသည်။ကူးကတော့ ပြဿနာတွေကို
မသိသူပမာကြောင်ကြောင်နဲ့ထယ်ယောင်းဆွဲရာ
ပါသွားတော့သည်။အထွက်နားကိုရောက်ရော
ထယ်ယောင်းက ယောင်းဝူကိုတွေ့တော့
ပြောလိုက်သည်။

" ဒီဆိုင်ကိုပိတ်သိမ်းလိုက်! "

" ဟုတ်ကဲ့ ဆရာ! "

ထယ်ယောင်းကခပ်ပြတ်ပြတ်ပြောပြီး အပြင်သို့
ကူးရဲ့လက်ကိုဆွဲပြီးထွက်သွားသည်။အထဲမှာ
ကျန်ခဲ့တဲ့လီယမ်ကတော့ နှုတ်ခမ်းကိုတင်းတင်း
ကိုက်လို့ ဒေါသထွက်ကျန်ခဲ့သည်။

အကိုထယ်ကိုသဘောကျလို့ စရောက်ထည်းက
အကြောင်းတွေအားလုံး လိုက်စုံစမ်းနေတာ။
ကြားသိရတော့လည်း ကောင်လေးတစ်ယောက်ကို
မရမကလိုက်နေတာတဲ့။တစ်ခါတုန်းကဆို
ထိုကောင်လေးကိုနမ်းနေခဲ့သေးတာတောင်
သူတွေ့ခဲ့ရသေးတာ။အခုတော့အရမ်းကို
ကာကွယ်ပေးနေတယ်ပေါ့။

" ကြည့်နေ!အဲ့ကောင်အစ်ကိုထယ့်ဘေးက
ထွက်သွားစေရမယ်! "

To be continued ~

ကိုကိုအလှလေးကိုဖတ်ချင်ကြတယ်ဆိုလို့
ရေးပေးလိုက်ပါတယ်ဗျ။

Followers 2kပြည့်သွားလို့
ကျေးဇူးတင်ပါတယ်ဗျ။အများကြီးလည်းထပ်
ကြိုးစားသွားပါ့မယ်။

> >

Continue Reading

You'll Also Like

950 54 12
It's 1978, Joe & Jill are on their first overseas trip as a married couple. Joe has to step in as Chairman of a Senate Committee so Jill is hostess f...
24.5K 3.2K 29
Top - KIMTAEHYUNG Bottom - JEON JUNGKOOK VKOOK ကင္မ္ထယ္ေယာင္း!! ခင္ဗ်ားက်ဳပ္က္ိုနမ္းရင္ ခင္ဗ်ားရဲ႕ဆံပင္ေမႊးျပဳတ္ၿပီမွတ္ ! ကင်မ်ထယ်ယောင်း!! ခင်ဗျား...
2.3M 117K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
3.6K 465 5
" ဂျွန့်ရဲ့မျက်ဝန်းတွေကပြောနေတယ်... ကိုယ့်ကိုချစ်နေတဲ့အကြောင်းတွေကို‌လေ~ "