နောက်တစ်နေ့ညနေရောက်တော့ကွန်းတစ်ယောက်ပျာယာတွေခတ်နေလေသည်။အခန်းထဲမှာကွန်းတစ်ယောက်ထဲထိုင်မရထမရဟိုလျှောက်ဒီလျှောက်နဲ့နောက်တော့ဟိုတယ်အပေါက်ဝနားသွားပြီးသုတကိုသွားစောင့်နေသည်။မိနစ်အနည်းငယ်ကြာတော့သုတတစ်ယောက်လက်ထဲမှာစာအိတ်တစ်အိတ်ကိုင်ပြီးဟိုတယ်ကိုရောက်လာသည်။ကွန်းလဲသုတကိုမြင်တာနဲ့သုတလက်ထဲကစာအိတ်ကိုသွားယူသည်။ပြီးတော့စာအိတ်ကိုဖောက်ပြီးအထဲကစာရွက်ကိုဖတ်လိုက်သည်။ဖတ်လိုက်ပြီးတော့ကွန်းတစ်ယောက်ယိုင်သွားသည်။
'အမရာကငါ့သမီးမဟုတ်ဘူးပေါ့ဒါဆို'
:တောက်!!!
ကွန်းတစ်ယောက်မယုံနိုင်ဖြစ်နေသည်။
"သုတမင်းယူလာတာစာရွက်ရောမှန်ရဲ့လား"
"မှန်ပါတယ်boss စားပွဲပေါ်မှာစာအိတ်လေးတင်ထားတာယူသွားဆိုလို့ယူလာတာပါboss ဘာဖြစ်လို့လဲဟင်"
"ဒီမှာအမရာနဲ့ငါနဲ့သွေးသားတော်စပ်မှုနှုန်းက1%တဲ့"
"ဗျာ"
သုတလဲလန့်သွားသည်။ဒါဆိုဒီကလေးကbossကလေးလဲမဟုတ်ပြန်ဘူးပေါ့
"Boss"
"ဘာလဲ"
"ကိုသွေးသစ်ကမွေးစားထားတာရောမဖြစ်နိုင်ဘူးလား"
"မသိတော့ဘူးကွာ စိတ်တွေရှုပ်လာပြီ ဟာကွာ!!"
ဆိုကာဘေးကနံရံကိုလက်သီးတွေနဲ့ထိုးနေသည်။သုတလဲအလျင်အမြန်တားလိုက်ရသည်။
"Boss မလုပ်ပါနဲ့ဗျာကိုသွေးသစ်ကbossကိုသေချာပြန်မဖြေရင်ကျွန်တော်သွားမေးပေးရမလား"
"နေပါစေ မမေးနဲ့ငါကိုယ်တိုင်သွားမယ်"
ဆိုကာသုတဆီကကားသော့ယူပြီးကားဆီသွားဖို့ပြင်နေစဉ်ကွန်းဆီဖုန်းဝင်လာသည်။
"ဟလို"
"ဟလို ကိုကွန်းအသင်္ချေလားခင်ဗျ"
"ဟုတ်ပါတယ်"
"ဟုတ်ကျွန်တော်က***ဓာတ်ခွဲခန်းကတာဝန်ရှိသူပါခင်ဗျ"
"ဘာကိစ္စရှိလို့လဲဗျ"
"ခုနကလေကိုကွန်းအသင်္ချေတို့ဆေးစစ်ချက်မှားယူသွားလို့ပါဗျ အဲ့တာပြန်လဲဖို့ဆက်လိုက်တာပါခင်ဗျ"
"ဗျာ"
"ခုနကဆေးစစ်ချက်လာယူသွားတာအဲ့တာကိုကွန်းအသင်္ချေတို့စာရွက်မဟုတ်ဘူးခင်ဗျတစ်ခြားတစ်ယောက်ရဲ့စာရွက်ပါ အဲ့တာပြန်လဲဖို့ဆက်တာပါဗျ ကျွန်တော်တို့ကလဲနာမည်မတပ်လိုက်ရတော့မှားယူမိသွားတာဖြစ်မယ်ခင်ဗျ"
"ဪ"
ဆိုကာကွန်းတို့ဘာပြောနေလဲဆိုတာစပ်စုနေသည့်သုတကိုကွန်းတစ်ယောက်မျက်ထောင့်နီကြီးနဲ့ကြည့်လိုက်သည်။ပြီးတော့
"ဟုတ်ဒါဆိုကျွန်တော်ပြန်လဲပေးလိုက်ပါ့မယ်"
"ဟုတ်ကျေးဇူးတင်ပါတယ်ဗျ"
"ရပါတယ်ဗျ"
ဆိုကာဖုန်းချလိုက်ရင်းသုတဘက်ကိုလှည့်ကာသုတရဲ့ညှို့သကျည်းကိုတစ်ချက်ကန်လိုက်သည်။သုတလဲရုတ်တရတ်ဆိုတော့အရမ်းနာသွားကာမြေကြီးပေါ်ဒူးထောက်မိသွားသည်။
"အ!!"
"မင်း!! ငါသေချာမမေးဘူးလားမင်းယူလာတာစာရွက်မှန်ရဲ့လားလို့"
"မေးပါတယ်boss"
အကန်ခံရတဲ့ခြေထောက်လေးကိုပွတ်ကာပြန်ဖြေသည်။
"အဲ့တော့မင်းဘာပြန်ပြောလဲငါ့ကို"
"မှန်ပါတယ်ဆိုပြီးပြန်ဖြေတာပါ"
"အေးမင်းမှန်ပါတယ်ဆိုတဲ့စာရွက်ကတခြားလူရဲ့စာရွက်ကြီးကွ!!"
"ဗျာ!!!"
"သွား အခုသွားလဲချည် သွား!!"
"ဟုတ် ဟုတ်ကဲ့ပါboss"
သုတလဲအလျင်အမြန်ထကာကွန်းဆီကစာရွက်ယူပြီးကားပေါ်တက်ကာပြန်သွားလဲလေသည်။
ကွန်းတစ်ယောက်ရင်ထဲကအလုံးကြီးတစ်လုံးကျသွားလေသည်။ထပ်ပြီးအဲ့ဒီနေရာမှာပဲသုတကိုထပ်စောင့်နေသည်။
နောက်တော့သုတပြန်ရောက်လာသည်။သုတဆီကစာရွက်ထပ်ယူလိုက်ပြီးဖွင့်ကြည့်လိုက်တော့မှသူ့ရင်ထဲအလုံးစုံအေးသွားရတော့သည်။
'ပယင်းကmpregဖြစ်နေတာပဲ'
"Yessss!!!!"
သုတလဲအခုမှစိတ်အေးနိုင်တော့သည်။ဒီတစ်ခါပါမဟုတ်ရင်သူခေါင်းပြတ်မှာအသေအချာပင်ဖြစ်သည်။သုတဆီကကားသော့ယူလိုက်ပြီးပယင်းဆီသွားဖို့ပြင်နေစဉ်ဖုန်းထပ်လာတာနဲ့ကြည့်လိုက်တော့ဟိန်းမြတ်ဖြစ်နေသည်။
"ပြောဟိန်းမြတ်"
"ငါရောက်ပြီကွန်း"
"အာ ဟုတ်သားပဲ အေးအေးငါလာပြီခနစောင့်"
"Ok ok"
ဆိုကာဖုန်းချပြီးကွန်းလာမှာကိုစောင့်နေလိုက်သည်။ကွန်းလဲကားစက်နှိုးလိုက်ပြီးလေဆိပ်ကိုဦးတည်လိုက်သည်။
လေဆိပ်ကိုရောက်တော့ဟိန်းမြတ်ကိုလိုက်ရှာလိုက်သည်။ဟော တွေ့ပါပြီအထုပ်အပိုးတွေနဲ့သူ့ကိုစောင့်နေတဲ့ဟိန်းမြတ်။ဟိန်းမြတ်ဆီသွားလိုက်ပြီး
"ဟိန်းမြတ်"
"လာပြီလား"
"အေး ငါမင်းပြောထားတာကိုမေ့သွားတာ"
"အယ် ငါတို့ကွန်းအသင်္ချေမှဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ်ကွဘာလို့လဲ"
"မင်းကတော်ရုံတန်ရုံဆိုမမေ့တတ်တဲ့ကောင်လေကွာ အခုကြမေ့နေတယ်ဆိုတော့ ဒါမှမဟုတ်ငါ့ကိုခေါင်းထဲမှာကိုမရှိတာလား"
"ဒုတိယဟာပိုမှန်မယ်"
"သူတောင်းစား!!"
"ဟားဟား မဟုတ်ပါဘူးကွာအမရာလေးနဲ့ငါနဲ့DNAစစ်ထားတဲ့ကိစ္စကြောင့်ပါ"
"သိသွားပြီပေါ့အခု"
"အင်း မင်းတော်တော်ရက်စက်တဲ့ကောင်ကွာ ငါ့သွေးသားရှိတာတောင်မပြောပဲလျှိုထားတယ်"
"ပြောရင်မင်းကကိုသွေးသစ်ကိုရောအမရာလေးကိုပါနှိပ်စက်နေမှာလေ မပြောရက်ပါဘူးသူတို့သားအဖအေးဆေးလေးနေပါစေ"
ကွန်းဟိန်းမြတ်ကိုမျက်စောင်းကြီးထိုးလိုက်ရင်း
"မင်း မဟုတ်တာတွေပြောပြီမသိရင်ငါကမကောင်းတဲ့ကောင်ကြီးကြလို့"
"မကောင်းတဲ့ကောင်ပဲလေမင်းက"
ကွန်းလဲခေါင်းငုံ့လိုက်ရင်း
"မင်းကလဲကွာ ငါလဲအခုငါလုပ်ခဲ့တာတွေအတွက်ပေးဆပ်နေရပါပြီ"
"ကိုယ့်ခံစားချက်ကိုနောက်ထားပြီးလုပ်ချင်တာပဲဇွတ်လုပ်တဲ့ကောင်အခုကြတန်လားပြော မင်းရောကိုသွေးသစ်ရောနှစ်ဖက်လုံးခံစားရတာပဲလေ"
"သူကငါ့ကိုမုန်းနေတာလေဘယ်လိုလုပ်ခံစားနေနိုင်မှာလဲ နောက်မှပြောရအောင်ဒီမှာတော်တော်ကြာနေပြီ ဘယ်လိုက်ပို့ရမလဲပြော"
"ယောက္ခမကြီးအိမ်ပဲလိုက်ပို့တော့"
"ယောက္ခမ? ကိုသူခန့်အိမ်လား"
"အေးလေ"
"ဪ တက် တက်"
ဟိန်းမြတ်လဲအထုပ်ပိုးတွေတင်ပြီးကားပေါ်တက်လိုက်သည်။ကွန်းလဲဟိန်းမြတ်ကိုလမ်းမေးပြီးကိုသူခန့်တို့အိမ်လိုက်ပို့လိုက်သည်။ပို့ပြီးနှုတ်ဆက်ပြီးတာနဲ့သွေးသစ်တို့ဆီထွက်လာခဲ့သည်။သွေးသစ်တို့အိမ်ရောက်တော့အိမ်ထဲဝင်လာလိုက်သည်။
ဧည့်ခန်းမှာငုပ်တုပ်လေးထိုင်ဆော့နေတဲ့သူ့သမီးလေးကိုတွေ့လိုက်ရသည်။
"သမီး"
"အယ် ဦးဦး"
"ဗျာ့"
"မီးမီးတို့ချီယာတာယားဟင်"
"ဟုတ်တယ်သမီးငယ် သမီးလေး ဖေဖေရော"
"ဖေဖေနောက်မှာဟင်းချက်နေရယ်ဦးဦး"
"ဪ ဒါဆိုသွားလိုက်ဦးမယ်နော်ဖေဖေ့ဆီ"
"ဟုတ်"
ကွန်းလဲကလေးနဲ့ပြောပြီးတော့သွေးသစ်ဆီထွက်လာခဲ့သည်။