Kissing In The Moonlight [Com...

By VictoryKimTae

47.3K 5.4K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Final

Chapter 9

1.3K 169 126
By VictoryKimTae

ကားလေးက Café View အရှေ့မှာ ထိုးရပ်သွားသည်။ ကားပေါ်မှ ဆင်းတော့မည် ပြင်တော့ ဆရာက လှမ်းတားပါသည်။

"Café View က ဒီအချိန်ဆို Bar ဖွင့်ထားတာ ကလေးလေးရဲ့... အမူးသမားတွေနဲ့ အန္တရာယ်များလို့ ဆရာ လိုက်ပို့ပါ့မယ်"

Café View က မနက်ပိုင်းဆို တစ်မျိုး၊ ညဘက်ဆို တစ်မျိုး ပြောင်းဖွင့်တတ်သည်။ ညဘက်ဆို Bar အဖြစ် ဖွင့်တတ်သည်မို့ မူးမူးရူးရူးတွေလည်း ရှိပါသည်။

ဆရာကိုယ်တိုင် ကားပေါ်မှ ဆင်းလာပြီး ကျွန်တော့်ဘေးနား လာရပ်နေသည်ကြောင့် ပြုံးပြလိုက်မိသည်။

ဒီလိုနဲ့ပဲ ဆိုင်ထဲကို ဝင်သွားလိုက်ပါသည်။ ဆိုင်ထဲမှာက သူ့ဝိုင်းနဲ့သူ ဆူဆူညံညံတွေ ဖြစ်နေ၏။

အဖေ ရှိနေသည့် ဝိုင်းကို ရှာလိုက်ပြီး ပိုက်ဆံအိတ် လိုက်ပေးသည်အထိ ဆရာက အနောက်မှာ ပါလာပါသည်။ အဖေကတော့ ဆရာ့ကို အားနာလွန်းလို့ မျက်နှာပျက်ကုန်တော့သည်။

အဖေ့ကို ပိုက်ဆံအိတ်ပေးပြီး ဆိုင်ထဲမှ ထွက်တော့ အမူးသမားတစ်ယောက်နဲ့ တိုးပါသည်။ ထိုလူက ကျွန်တော့်ဘက်ကို ယိမ်းထိုးလာတော့ ဆရာက ကျွန်တော့် ပုခုံးကို ကျစ်ကျစ်ဆုပ်ကိုင်ထား၏။

ဆရာ့ အရပ်အရှည်ကြီးကို လည်ပင်းလေး မော့လို့ လှမ်းကြည့်လိုက်မိသည်။ ဆရာကတော့ အရှေ့တည့်တည့်မှ အမူးသမားက ကျွန်တော့်ကို မတိုက်မိစေရန် သူ့ဘက်ကို ဆွဲကပ်လို့ ထားပါသည်။

ဒီလိုမျိုး အနီးကပ်‌ နေရချိန်ဟာ ဒီအချိန်နဲ့ဆို သုံးကြိမ်မြောက် ဖြစ်ပါသည်။ ကိုရိန်းရဲ့ ထီးလေးအောက်မှာ အတူတူ ‌ရှိဖူးချိန်၊ ကားပေါ်မှာ ခါးပတ် ပတ်ပေးချိန်... ပြီးနောက် ဒီအချိန်လေးရယ် ဖြစ်၏။

"အို ဆရာက မင်းကို ဟိုလူ ဝင်တိုက်မိသွားမှာ စိုးလို့ပါ။ နာသွားလား ကလေးလေး..."

ဟိုလူ ထွက်သွားတော့မှ တင်းတင်းဆုပ်ကိုင်ထားသည့် ပုခုံးကို လွှတ်ပေးရင်း မျက်နှာကို လိုက်ကြည့်လို့နေပါသည်။

ဆရာက ဒီလိုပဲ တစ်ဖက်လူ၏ အရိပ်အကဲကို သိပ်ဂရုစိုက်တတ်သည်မို့ ပြုံးပျော်ချင်နေသည့် မျက်နှာအမူအရာကို ထိန်းလိုက်ရပါသည်။

ခေါင်းခါလိုက်ကာ

"ကျွန်တော် မနာပါဘူး။ ကျေးဇူးတင်ပါတယ် ဆရာ"

"အင်း ဆရာတို့ ပြန်ရအောင်.. မိုးချုပ်နေလို့ မင်း အမေ စိတ်ပူလိမ့်မယ်"

အရှေ့မှ ထွက်သွားသည့် ကျောပြင်ကျယ်ကြီးကို လိုက်ကြည့်နေမိရင်းက ပြုံးလိုက်မိပြန်သည်။

ဆရာက ဒီလိုပဲ သိပ်ချစ်စရာ ကောင်းသလားဟု မေးလိုက်ချင်ပါသည်။ ဆရာရဲ့ ယဉ်ကျေးလှသည့် စကားအသုံးအနှုန်းတွေ၊ နူးညံ့လှသည့် အပြုအမူလေးတွေ၊ နွေးထွေးလှသည့် အထိအတွေ့လေးတွေ...

နှလုံးသားလေးက တစ်စထက် တစ်စတိုးလို့ ဆရာ့ဆီမှာ ပျော်ဝင်သွားရှာပါပြီ။ ကျွန်တော့် ဆရာက ဒီလိုပဲ သိပ်ချစ်စရာကြီး ဖြစ်နေပါ၏။

.

.

အိမ်ပြန်လမ်းမှာတော့ ဆရာက သီချင်းလေး ဖွင့်လို့ထားပါသည်။ သီချင်းဆိုပေမယ့် မြူးကြွကြွတွေ မဟုတ်ဘဲ အေးငြိမ့်ငြိမ့် သံစဉ်တွေသာ ဖြစ်သည်။

ထိုအချိန်တွင် ဆရာ့ ဖုန်းလေးက မီးလင်းသွားပြီး အသံမြည်လာတော့သည်။

Phone screen မှာ My Heather ဆိုသည့် contact name လေးရယ်၊ ဆရာနဲ့အတူတူ တွဲရိုက်ထားသည့် မိန်းကလေးပုံရယ်...

ဆရာ့ကို ကြည့်လိုက်မိတော့ ပြုံးရွှင်လို့ ဖုန်းကိုင်လိုက်ပါသည်။ speaker ကို ဖွင့်ထားသည်မို့ ဆရာက ကျွန်တော့်ကို လှမ်းကြည့်ပါသေးသည်။

"ဆရာ့ earphone ကျန်ခဲ့လို့ ဒီလိုပဲ ဖွင့်ထားလိုက်မယ်နော်"

ကားမောင်းနေရင်းက ဖုန်းကို လက်ကကိုင်ပြီး ပြောရန် အဆင်မပြေသည်ကြောင့် ဖြစ်ပါသည်။

"အစ်ကို... Heather ကို လာခေါ်ပါလား။ မူးနေလို့ ကားလည်း မမောင်းချင်ဘူး"

ဆရာက ကျွန်တော့်ကို တစ်လှည့်ကြည့်ကာ စဉ်းစားရ ခက်သွားဟန်...

"ကျွန်တော် ဒီမှာပဲ ဆင်းလိုက်လို့ ရပါတယ်။ ဆရာ့ မိတ်ဆွေကို သွားခေါ်လို့ ရပါတယ်"

"ဘယ်ဟုတ်ပါ့မလဲ.. ဆရာက အိမ်အထိ ပို့ပေးမယ်လို့ ပြောထားခဲ့တာလေ။ heather ... အစ်ကို လာခဲ့မှာမို့ အဲဒီမှာပဲ စောင့်နေနော်။ လိပ်စာ ပို့ထားပေးလိုက်"

"ဒီမှာ တစ်ခဏလေးတောင် မနေချင်တော့ဘူး။ အစ်ကိုက Heather ကို ပစ်ထားချင်နေတာလား။ အစ်ကို မလာချင်ရင်လည်း တခြားသူကို ခေါ်လိုက်လို့ ရတယ်"

"ကျစ်... Heather အစ်ကိုပြောနေတာ နားထောင်လေ။ အစ်ကို အခု လာခဲ့မယ် ဟုတ်ပြီလား"

ဖုန်းကျသွားပါသည်။ ဆရာကတောဘ ကားကို ပြန်ကွေ့ပြီး ပို့ပေးလာသည့် လိပ်စာ အတိုင်း သွားနေ၏။

"ကလေးလေးကို ဆရာ အားနာပါတယ်။ Heather က ဒီလိုပဲ ဂျစ်တိုက်နေကျမို့ ဆရာ့အပေါ်ဆို သိပ်ဆိုးချင်နေတာ... သူ့ကို သွားခေါ်ပြီးရင် မင်းအိမ်ကို ပို့ပေးမယ်နော်"

ကျွန်တော် ခေါင်းလေးသာ အသာညိတ်လိုက်မိသည်။ ဆရာ့ကားနဲ့ ဆရာမောင်းသည်မို့ ဘယ်ကိုသွားချင်ပါသည်ဟုလည်း မပြောနိုင်ပါ။

ပြောလို့ ရနိုင်သည်အထိ အစ်မ Heather နဲ့ ဆရာတို့ကြားက ရင်းနှီးသည့် ဆက်ဆံရေးလိုမှ မဟုတ်ဘဲ...

တစ်အောင့်ကြာတော့ Porsche ကားလေးက Queen Bar မှာ ထိုးရပ်ပါသည်။ ရွှေအိုရောင် ဆံပင် အလိပ်လိုက်နဲ့ ထို မိန်းကလေးက ရပ်စောင့်လို့ နေပါသည်။

ပေါင်လယ်လောက်အထိသာ ရှည်သည့် ဂါဝန်တိုလေးကို ရင်ဟိုက်နေသည်ကြောင့် ကုတ်အသေးလေး ခြုံလို့ ထားပါသည်။

"အစ်ကိုက သိပ်ကြာတာပဲ... Heather ဒီမှာ ရပ်စောင့်နေတာ ၅ မိနစ် ရှိနေပြီ"

ဆရာက ကားပေါ်မှ ဆင်းသွားတော့ ထိုမိန်းကလေးက လှမ်းအော်ပြောသည်။ ထို့နောက် ကျွန်တော် ထိုင်နေသည့် နေရာဘက် လျှောက်လို့ လာသည်မို့ မျက်လုံးလေးဝင့်ကာ ကြောင်အသွားရသည်။

ထိုမိန်းကလေး ကလည်း ကျွန်တော့်ကို ကြည့်လို့ ဆရာ့ကိုလည်း လှမ်းကြည့်ပါသည်။

"ဒါက အစ်ကို့ တပည့်လေး... သူ့အိမ်ကို လိုက်ပို့ပေးရမှာ"

"အစ်ကိုကလည်း Heather က အောင်မြင်နေတဲ့ model တစ်ယောက်မို့ ဒီလိုမျိုး လူတကာနဲ့ ကားအတူတူ စီးဖို့ မသင့်တော်တာကို သိရဲ့သားနဲ့... Heather သတင်းတွေ ပေါက်ကြားကုန်ရင် ဘယ်လိုလုပ်မလဲ"

ထိုမိန်းကလေးက လက်ပိုက်ထားရင်း ဆရာ့ကို မျက်မှောင်ကုပ်ကာ ကြည့်လို့နေပါသည်။ ဆရာကတော့ မျက်နှာပျက်ယွင်းသွားရင်း

"အစ်ကို့တပည့်ကို ဒီလိုတွေ မပြောနဲ့ Heather... ဒီကလေးက မင်းကိုလည်း ဘာဒုက္ခမှ ပေးစရာအကြောင်း မရှိဘူး။ ကားပေါ် တက်လိုက်တော့"

"ပြီးတာပါပဲ။ ကောင်လေး... မမက ဒီမှာ ထိုင်နေကျမို့ အနောက်ကို သွားပေးလို့ ရမလား"

ထို မိန်းကလေးက ကားတံခါးကို ဆွဲဖွင့်ရင်း ကျွန်တော့်ကို ပြောနေသည်မို့ ခါးပတ်ကို ဖြုတ်ကာ ခပ်သုတ်သုတ်သာ ဆင်းလိုက်ရသည်။

"Heather ကလည်း ကလေးကို အားနာစရာ"

"ဘာဖြစ်လို့လဲ အနောက်မှာထိုင်လည်း အဆင်ပြေတယ် မဟုတ်လား ကောင်လေးရဲ့"

အားနာနေသည့် ဆရာ့ မျက်နှာလေးကြောင့် ခပ်မြန်မြန်သာ ခေါင်းညိတ်လိုက်ရသည်။

"ဟုတ်ကဲ့ ကျွန်တော် အဆင်ပြေပါတယ်"

ဒီလိုနဲ့ပဲ ဆရာ့ကားလေးက ကျွန်တော့် အိမ်ဆီ ဦးတည်ပါတော့သည်။

.

.

"မနေ့က ဘာမှ ထူးထူးခြားခြား မဖြစ်ဘူးလား"

ကျောင်းကို သွားသည့် လမ်းမှာ ကိုရိန်းက စပ်စပ်စုစု မေးလာပါသည်။

"ဘာဖြစ်ရမလဲ ဒီလိုပဲ ကားအတူတူ စီးပြီး အဖေ့ဆီသွားတယ်။ ပြီးတော့ ပြန်လာတယ် ဒါပဲပေါ့"

"မင်းကလည်း... ငါက ဒီလောက်အထိ ကူညီပေးလိုက်တာကို တစ်ခုခုတော့ မကြိုးစားဘူး"

"မလုပ်ချင်ပါဘူး။ ဆရာ့အတွက် အနှောင့်အယှက် ဖြစ်မှာလည်း စိုးရိမ်သေးတာ"

Model Heather နဲ့ အကြောင်းကိုတော့ မပြောမိတော့ပါဘူး။ နောက်မှသာ အကြောင်းကိစ္စ တိုက်ဆိုင်သွားမှ ပြောပြဖို့ စိတ်ကူးရသည်။

ကျောင်းဝန်းထဲကို ဝင်တော့မည် ပြင်တော့ မိန်းကလေးတစ်ယောက်က အနားက ဖြတ်လျှောက်သွားသည်။ ခပ်မြန်မြန်ပဲ သွားနေသည်မို့ ခလုတ်တိုက်ကာ လဲကျတော့မလို ဖြစ်သွား၏။

ကိုရိန်းက လျှင်လျှင်မြန်မြန်ပဲ ထို မိန်းကလေးကို ပုခုံးက‌ ကိုင်ကာ ဝင်ထိန်းပေးလိုက်ရသည်။

"ကျေးဇူးတင်ပါတယ်"

မိန်းကလေးက အလန့်တကြားဖြင့် မျက်လုံး‌အိမ်တွေ ကျယ်သွားရင်း ကိုရိန်းကို ကျေးဇူးတင်စကား ပြောပါသည်။ ကိုရိန်းက သူဆွဲထားသည့် မိန်းကလေးလက်ကို လွှတ်ပေးလိုက်တော့ ထို မိန်းကလေးက ကျောင်းဝန်းထဲ တစ်ချိုးတည်း ပြေးဝင်သွားရှာသည်။

"ကိုရိန်းကြီးက မိန်းကလေး ရတော့မှာပဲ"

ပြုံးဖြီးဖြီးဖြင့် အနားကပ်ပြောတော့ မျက်ခုံးတွေ ကျုံ့လို့ လှည့်ကြည့်လာသည်။

"ဘာလဲ... မိန်းကလေးလက်ကိုတောင် ဆွဲလိုက်သေးတာ။ ကိုရိန်းကြီးတော့ ရင်မခုန်ဘူးလား"

"တော်စမ်းပါ Taehyung ရာ... သူများတွေ ကြားကုန်ရင် ဟို မိန်းကလေးလည်း သိက္ခာကျရမယ်"

"အော အော အခုတော့ အဲ့မိန်းကလေး ဘက်က ဝင်နာနေတာပေါ့လေ"

ကိုရိန်းရဲ့ ဆူပုတ်နေသည့် မျက်နှာကို လိုက်ကြည့်ကာပြောတော့ မျက်စောင်းထိုးသည်။

"မဟုတ်ဘူးလို့ ပြောနေတယ်လေ။ သူ လဲကျမှာစိုးလို့ ထိန်းပေးတာကို လျှောက်ပြောမနေနဲ့"

"မင်းသာ စိတ်ဝင်စားရင် ငါ အောင်သွယ်ပေးမှာ... စောနက ကောင်မလေးက ချောလည်းချောတယ်မဟုတ်လား"

"ဒီမှာတင် တော်လိုက်တော့ Taehyung... မင်းကို ဒီကိစ္စတွေ မလုပ်ဖို့ ပြောထားတယ်လေ။ မင်း လုပ်ချင်ရင် တခြားလူကို သွားလုပ်... တော်ပြီကွာ အတန်းပဲ သွားတော့မယ်"

ကိုရိန်းက စိတ်ဆိုး မာန်ဆိုးဖြင့် အော်ဟစ်နေသည်မို့ မျက်နှာငယ်လေးဖြင့် လိုက်ကြည့်ရသည်။

ကျောပိုးအိတ်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားရင်း ကိုရိန်းကို လိုက်ကြည့်တော့ သူက ကျောင်းထဲကိုသာ ဦးတည်သွားသည်။

စိတ်ဆိုးစရာ ဘာအကြောင်းမှ မရှိသည်မို့ သက်သက်မဲ့ လူကို စိတ်ဆိုးပြီး အော်ဟောက်သွား၏။

ကိုရိန်း အနောက်ကို ပြေးလိုက်ကာ စကားပြောတော့လည်း ပြန်မဖြေ... ဒီကောင် အလကား စိတ်ကောက်နေတော့တာ။

.

.

ကိုရိန်းက Taehyung နဲ့ စိတ်ကောက်နေသည်မို့ တစ်နေကုန် စကားမပြောကြပါဘူး။

ကိုရိန်းက Taehyung နဲ့ ယှဉ်လျှင်တော့ အပေါင်းအသင်း ပိုဆံ့သည်မို့ တခြားကျောင်းသားတွေနဲ့ အခေါ်အပြော ရှိပါသည်။

နေ့လည်စာ စားတော့ အခန်း ၅ က ကျောင်းသားတွေ ကိုရိန်းဆီ ရောက်လာကြသည်။

"ဘော်လီဘော ကစားဖို့ လူလိုနေတာ မင်းပြန်ဆော့ပါလား"

ဟိုဘက်ဝိုင်းမှာ တစ်ယောက်တည်း ထိုင်နေသည့် Taehyung ကို တစ်ချက်ကြည့်လိုက်မိသည်။ အခန်း ၅ က ကျောင်းသားတွေကလည်း လိုက်ကြည့်ပါသည်။

"ဘာလဲ မင်း အချစ်ကြီးနဲ့ မခေါ်ကြဘူးလား"

အခန်း ၅ ရဲ့ အတန်းခေါင်းဆောင် ဂျီဟိုက ရွှတ်နောက‌်နောက် ပြောသည်မို့ ကိုရိန်းက ခေါင်းကုပ်လိုက်မိသည်။

"Taehyung နဲ့ မခေါ်တာနဲ့ပဲ ကစားတာကို မနားနဲ့လေကွာ... မင်း ပါမှ ဖြစ်မှာကွ။ ဟိုဘက်ကျောင်းက ကောင်တွေကို ကလဲ့စားချေမှာဆို"

ကိုရိန်းက ဝါသနာ အရ မဟုတ်ဘဲ အပျော်တမ်း ကစားလေ့ရှိပါသည်။ စပိန်ကပြာမို့ တခြားကျောင်းသာ‌း‌ေတွထက် အရပ်လည်း ပိုရှည်ကာ ထွားလည်း ထွားကြိုင်းပါသည်။

ဒီလိုကစားရင် သူတို့ အာရှသားတွေက ကိုရိန်းကို နည်းနည်းလေးတောင် မယှဉ်နိုင်...

"ဘာလဲ မင်းတို့က ဘာတွေလဲဟ မရိုးသားကြဘူးလား။ Taehyung က မင်းကို ဆက်မဆော့ခိုင်းဘူးဆို... မင်းနဲ့ Taehyung တကယ်ပဲ တွဲနေကြတာလား"

ကိုရိန်းက သူ့ကို ကျောပေးပြီး ထွက်သွားသည့် Taehyung ကို ကြည့်ကာ ရယ်လိုက်မိသည်။

ဒီလိုပဲ Taehyung နဲ့ သူ့ကို ကျောင်းသားတွေကြား ထင်ကြေးတွေ ပေးနေကြသည်။ အမြဲတမ်း တပူးပူး တတွဲတွဲမို့ရယ်၊ Taehyung ကြောင့် ဘော်လီဘော ဆက်မဆော့တော့တာရယ်...

ဒီလို အကြောင်းတွေကြောင့်ပဲ Taehyung နဲ့ သတင်းတွေ လျှောက်ထွက်နေတာ ဖြစ်သည်။

"မဟုတ်ပါဘူးကွာ... ငါလည်း နားချင်လို့ပါ"

"မဟုတ်ဘူးဆိုလည်း ပြန်ကစားစမ်းပါကွာ။ မင်း မပါရင် ငါတို့ အသင်းက မသေချာတာလည်း သိရဲ့သားနဲ့"

"Taehyung ကို သွားပြောလေ... ငါက သူနဲ့ မခေါ်လို့ သူ့ကိုတော့ တိုက်ရိုက်မပြောချင်ဘူး။ မင်းတို့ ပြောချင်ရင် သွားပြောကြပေါ့။ သူ ကစားခိုင်းရင် ငါ ကစားပေးမယ်။ ရပြီလား"

အခန်း ၅ က ကျောင်းသားတွေ ဆူဆူညံညံနဲ့ အော်ရယ်ကုန်ကြသည်။

"မင်း ပြောတော့ Taehyung နဲ့ မဆိုင်ဘူးဆို... အခုတော့ Taehyung ကို သွားပြောပေါ့ ဟုတ်သလား"

ကိုရိန်း မျက်နှာက နီရဲလို့ ထမင်းကိုသာ ငုံ့စားနေလိုက်တော့သည်။

.

.

ဖတ်ရှုပေးသူတစ်ဦးချင်း‌ကို ကျေးဇူးတင်ပါတယ်

ကိုရိန်းက ဒီလိုလေးပါရယ်... အမည်းရောင် ဆံပင်တော့ မဟုတ်ဘဲ ညိုညိုလေးပါ။

နှုတ်ခမ်းထူထူနဲ့ ဒီလို ကောင်ချောလေးပေါ့လေ... ပြီးတော့ ကိုရိန်းက Main character ပါပဲ။ ဒီမှာဆို Main character ၃ ယောက် ပါဝင်မှာပါ။

VictoryKimTae

November 21, 2023

Zawgyi

ကားေလးက Café View အေရွ႕မွာ ထိုးရပ္သြားသည္။ ကားေပၚမွ ဆင္းေတာ့မည္ ျပင္ေတာ့ ဆရာက လွမ္းတားပါသည္။

"Café View က ဒီအခ်ိန္ဆို Bar ဖြင့္ထားတာ ကေလးေလးရဲ႕... အမူးသမားေတြနဲ႔ အႏၲရာယ္မ်ားလို႔ ဆရာ လိုက္ပို႔ပါ႔မယ္"

Café View က မနက္ပိုင္းဆို တစ္မ်ိဳး၊ ညဘက္ဆို တစ္မ်ိဳး ေျပာင္းဖြင့္တတ္သည္။ ညဘက္ဆို Bar အျဖစ္ ဖြင့္တတ္သည္မို႔ မူးမူး႐ူး႐ူးေတြလည္း ရွိပါသည္။

ဆရာကိုယ္တိုင္ ကားေပၚမွ ဆင္းလာၿပီး ကြၽန္ေတာ့္ေဘးနား လာရပ္ေနသည္ေၾကာင့္ ၿပဳံးျပလိုက္မိသည္။

ဒီလိုနဲ႔ပဲ ဆိုင္ထဲကို ဝင္သြားလိုက္ပါသည္။ ဆိုင္ထဲမွာက သူ့ဝိုင္းနဲ႔သူ ဆူဆူညံညံေတြ ျဖစ္ေန၏။

အေဖ ရွိေနသည့္ ဝိုင္းကို ရွာလိုက္ၿပီး ပိုက္ဆံအိတ္ လိုက္ေပးသည္အထိ ဆရာက အေနာက္မွာ ပါလာပါသည္။ အေဖကေတာ့ ဆရာ့ကို အားနာလြန္းလို႔ မ်က္ႏွာပ်က္ကုန္ေတာ့သည္။

အေဖ့ကို ပိုက္ဆံအိတ္ေပးၿပီး ဆိုင္ထဲမွ ထြက္ေတာ့ အမူးသမားတစ္ေယာက္နဲ႔ တိုးပါသည္။ ထိုလူက ကြၽန္ေတာ့္ဘက္ကို ယိမ္းထိုးလာေတာ့ ဆရာက ကြၽန္ေတာ့္ ပုခုံးကို က်စ္က်စ္ဆုပ္ကိုင္ထား၏။

ဆရာ့ အရပ္အရွည္ႀကီးကို လည္ပင္းေလး ေမာ့လို႔ လွမ္းၾကည့္လိုက္မိသည္။ ဆရာကေတာ့ အေရွ႕တည့္တည့္မွ အမူးသမားက ကြၽန္ေတာ့္ကို မတိုက္မိေစရန္ သူ့ဘက္ကို ဆြဲကပ္လို႔ ထားပါသည္။

ဒီလိုမ်ိဳး အနီးကပ္‌ ေနရခ်ိန္ဟာ ဒီအခ်ိန္နဲ႔ဆို သုံးႀကိမ္ေျမာက္ ျဖစ္ပါသည္။ ကိုရိန္းရဲ႕ ထီးေလးေအာက္မွာ အတူတူ ‌ရွိဖူးခ်ိန္၊ ကားေပၚမွာ ခါးပတ္ ပတ္ေပးခ်ိန္... ၿပီးေနာက္ ဒီအခ်ိန္ေလးရယ္ ျဖစ္၏။

"အို ဆရာက မင္းကို ဟိုလူ ဝင္တိုက္မိသြားမွာ စိုးလို႔ပါ။ နာသြားလား ကေလးေလး..."

ဟိုလူ ထြက္သြားေတာ့မွ တင္းတင္းဆုပ္ကိုင္ထားသည့္ ပုခုံးကို လႊတ္ေပးရင္း မ်က္ႏွာကို လိုက္ၾကည့္လို႔ေနပါသည္။

ဆရာက ဒီလိုပဲ တစ္ဖက္လူ၏ အရိပ္အကဲကို သိပ္ဂ႐ုစိုက္တတ္သည္မို႔ ၿပဳံးေပ်ာ္ခ်င္ေနသည့္ မ်က္ႏွာအမူအရာကို ထိန္းလိုက္ရပါသည္။

ေခါင္းခါလိုက္ကာ

"ကြၽန္ေတာ္ မနာပါဘူး။ ေက်းဇူးတင္ပါတယ္ ဆရာ"

"အင္း ဆရာတို႔ ျပန္ရေအာင္.. မိုးခ်ဳပ္ေနလို႔ မင္း အေမ စိတ္ပူလိမ့္မယ္"

အေရွ႕မွ ထြက္သြားသည့္ ေက်ာျပင္က်ယ္ႀကီးကို လိုက္ၾကည့္ေနမိရင္းက ၿပဳံးလိုက္မိျပန္သည္။

ဆရာက ဒီလိုပဲ သိပ္ခ်စ္စရာ ေကာင္းသလားဟု ေမးလိုက္ခ်င္ပါသည္။ ဆရာရဲ႕ ယဉ္ေက်းလွသည့္ စကားအသုံးအႏႈန္းေတြ၊ ႏူးညံ့လွသည့္ အျပဳအမူေလးေတြ၊ ေႏြးေထြးလွသည့္ အထိအေတြ႕ေလးေတြ...

ႏွလုံးသားေလးက တစ္စထက္ တစ္စတိုးလို႔ ဆရာ့ဆီမွာ ေပ်ာ္ဝင္သြားရွာပါၿပီ။ ကြၽန္ေတာ့္ ဆရာက ဒီလိုပဲ သိပ္ခ်စ္စရာႀကီး ျဖစ္ေနပါ၏။

.

.

အိမ္ျပန္လမ္းမွာေတာ့ ဆရာက သီခ်င္းေလး ဖြင့္လို႔ထားပါသည္။ သီခ်င္းဆိုေပမယ့္ ျမဴးႂကြႂကြေတြ မဟုတ္ဘဲ ေအးၿငိမ့္ၿငိမ့္ သံစဉ္ေတြသာ ျဖစ္သည္။

ထိုအခ်ိန္တြင္ ဆရာ့ ဖုန္းေလးက မီးလင္းသြားၿပီး အသံျမည္လာေတာ့သည္။

Phone screen မွာ My Heather ဆိုသည့္ contact name ေလးရယ္၊ ဆရာနဲ႔အတူတူ တြဲ႐ိုက္ထားသည့္ မိန္းကေလးပုံရယ္...

ဆရာ့ကို ၾကည့္လိုက္မိေတာ့ ၿပဳံးရႊင္လို႔ ဖုန္းကိုင္လိုက္ပါသည္။ speaker ကို ဖြင့္ထားသည္မို႔ ဆရာက ကြၽန္ေတာ့္ကို လွမ္းၾကည့္ပါေသးသည္။

"ဆရာ့ earphone က်န္ခဲ့လို႔ ဒီလိုပဲ ဖြင့္ထားလိုက္မယ္ေနာ္"

ကားေမာင္းေနရင္းက ဖုန္းကို လက္ကကိုင္ၿပီး ေျပာရန္ အဆင္မေျပသည္ေၾကာင့္ ျဖစ္ပါသည္။

"အစ္ကို... Heather ကို လာေခၚပါလား။ မူးေနလို႔ ကားလည္း မေမာင္းခ်င္ဘူး"

ဆရာက ကြၽန္ေတာ့္ကို တစ္လွည့္ၾကည့္ကာ စဉ္းစားရ ခက္သြားဟန္...

"ကြၽန္ေတာ္ ဒီမွာပဲ ဆင္းလိုက္လို႔ ရပါတယ္။ ဆရာ့ မိတ္ေဆြကို သြားေခၚလို႔ ရပါတယ္"

"ဘယ္ဟုတ္ပါ႔မလဲ.. ဆရာက အိမ္အထိ ပို႔ေပးမယ္လို႔ ေျပာထားခဲ့တာေလ။ heather ... အစ္ကို လာခဲ့မွာမို႔ အဲဒီမွာပဲ ေစာင့္ေနေနာ္။ လိပ္စာ ပို႔ထားေပးလိုက္"

"ဒီမွာ တစ္ခဏေလးေတာင္ မေနခ်င္ေတာ့ဘူး။ အစ္ကိုက Heather ကို ပစ္ထားခ်င္ေနတာလား။ အစ္ကို မလာခ်င္ရင္လည္း တျခားသူကို ေခၚလိုက္လို႔ ရတယ္"

"က်စ္... Heather အစ္ကိုေျပာေနတာ နားေထာင္ေလ။ အစ္ကို အခု လာခဲ့မယ္ ဟုတ္ၿပီလား"

ဖုန္းက်သြားပါသည္။ ဆရာကေတာဘ ကားကို ျပန္ေကြ႕ၿပီး ပို႔ေပးလာသည့္ လိပ္စာ အတိုင္း သြားေန၏။

"ကေလးေလးကို ဆရာ အားနာပါတယ္။ Heather က ဒီလိုပဲ ဂ်စ္တိုက္ေနက်မို႔ ဆရာ့အေပၚဆို သိပ္ဆိုးခ်င္ေနတာ... သူ့ကို သြားေခၚၿပီးရင္ မင္းအိမ္ကို ပို႔ေပးမယ္ေနာ္"

ကြၽန္ေတာ္ ေခါင္းေလးသာ အသာညိတ္လိုက္မိသည္။ ဆရာ့ကားနဲ႔ ဆရာေမာင္းသည္မို႔ ဘယ္ကိုသြားခ်င္ပါသည္ဟုလည္း မေျပာႏိုင္ပါ။

ေျပာလို႔ ရႏိုင္သည္အထိ အစ္မ Heather နဲ႔ ဆရာတို႔ၾကားက ရင္းႏွီးသည့္ ဆက္ဆံေရးလိုမွ မဟုတ္ဘဲ...

တစ္ေအာင့္ၾကာေတာ့ Porsche ကားေလးက Queen Bar မွာ ထိုးရပ္ပါသည္။ ေရႊအိုေရာင္ ဆံပင္ အလိပ္လိုက္နဲ႔ ထို မိန္းကေလးက ရပ္ေစာင့္လို႔ ေနပါသည္။

ေပါင္လယ္ေလာက္အထိသာ ရွည္သည့္ ဂါဝန္တိုေလးကို ရင္ဟိုက္ေနသည္ေၾကာင့္ ကုတ္အေသးေလး ၿခဳံလို႔ ထားပါသည္။

"အစ္ကိုက သိပ္ၾကာတာပဲ... Heather ဒီမွာ ရပ္ေစာင့္ေနတာ ၅ မိနစ္ ရွိေနၿပီ"

ဆရာက ကားေပၚမွ ဆင္းသြားေတာ့ ထိုမိန္းကေလးက လွမ္းေအာ္ေျပာသည္။ ထို႔ေနာက္ ကြၽန္ေတာ္ ထိုင္ေနသည့္ ေနရာဘက္ ေလွ်ာက္လို႔ လာသည္မို႔ မ်က္လုံးေလးဝင့္ကာ ေၾကာင္အသြားရသည္။

ထိုမိန္းကေလး ကလည္း ကြၽန္ေတာ့္ကို ၾကည့္လို႔ ဆရာ့ကိုလည္း လွမ္းၾကည့္ပါသည္။

"ဒါက အစ္ကို႔ တပည့္ေလး... သူ့အိမ္ကို လိုက္ပို႔ေပးရမွာ"

"အစ္ကိုကလည္း Heather က ေအာင္ျမင္ေနတဲ့ model တစ္ေယာက္မို႔ ဒီလိုမ်ိဳး လူတကာနဲ႔ ကားအတူတူ စီးဖို႔ မသင့္ေတာ္တာကို သိရဲ႕သားနဲ႔... Heather သတင္းေတြ ေပါက္ၾကားကုန္ရင္ ဘယ္လိုလုပ္မလဲ"

ထိုမိန္းကေလးက လက္ပိုက္ထားရင္း ဆရာ့ကို မ်က္ေမွာင္ကုပ္ကာ ၾကည့္လို႔ေနပါသည္။ ဆရာကေတာ့ မ်က္ႏွာပ်က္ယြင္းသြားရင္း

"အစ္ကို႔တပည့္ကို ဒီလိုေတြ မေျပာနဲ႔ Heather... ဒီကေလးက မင္းကိုလည္း ဘာဒုကၡမွ ေပးစရာအေၾကာင္း မရွိဘူး။ ကားေပၚ တက္လိုက္ေတာ့"

"ၿပီးတာပါပဲ။ ေကာင္ေလး... မမက ဒီမွာ ထိုင္ေနက်မို႔ အေနာက္ကို သြားေပးလို႔ ရမလား"

ထို မိန္းကေလးက ကားတံခါးကို ဆြဲဖြင့္ရင္း ကြၽန္ေတာ့္ကို ေျပာေနသည္မို႔ ခါးပတ္ကို ျဖဳတ္ကာ ခပ္သုတ္သုတ္သာ ဆင္းလိုက္ရသည္။

"Heather ကလည္း ကေလးကို အားနာစရာ"

"ဘာျဖစ္လို႔လဲ အေနာက္မွာထိုင္လည္း အဆင္ေျပတယ္ မဟုတ္လား ေကာင္ေလးရဲ႕"

အားနာေနသည့္ ဆရာ့ မ်က္ႏွာေလးေၾကာင့္ ခပ္ျမန္ျမန္သာ ေခါင္းညိတ္လိုက္ရသည္။

"ဟုတ္ကဲ့ ကြၽန္ေတာ္ အဆင္ေျပပါတယ္"

ဒီလိုနဲ႔ပဲ ဆရာ့ကားေလးက ကြၽန္ေတာ့္ အိမ္ဆီ ဦးတည္ပါေတာ့သည္။

.

.

"မေန႔က ဘာမွ ထူးထူးျခားျခား မျဖစ္ဘူးလား"

ေက်ာင္းကို သြားသည့္ လမ္းမွာ ကိုရိန္းက စပ္စပ္စုစု ေမးလာပါသည္။

"ဘာျဖစ္ရမလဲ ဒီလိုပဲ ကားအတူတူ စီးၿပီး အေဖ့ဆီသြားတယ္။ ၿပီးေတာ့ ျပန္လာတယ္ ဒါပဲေပါ႔"

"မင္းကလည္း... ငါက ဒီေလာက္အထိ ကူညီေပးလိုက္တာကို တစ္ခုခုေတာ့ မႀကိဳးစားဘူး"

"မလုပ္ခ်င္ပါဘူး။ ဆရာ့အတြက္ အေႏွာင့္အယွက္ ျဖစ္မွာလည္း စိုးရိမ္ေသးတာ"

Model Heather နဲ႔ အေၾကာင္းကိုေတာ့ မေျပာမိေတာ့ပါဘူး။ ေနာက္မွသာ အေၾကာင္းကိစၥ တိုက္ဆိုင္သြားမွ ေျပာျပဖို႔ စိတ္ကူးရသည္။

ေက်ာင္းဝန္းထဲကို ဝင္ေတာ့မည္ ျပင္ေတာ့ မိန္းကေလးတစ္ေယာက္က အနားက ျဖတ္ေလွ်ာက္သြားသည္။ ခပ္ျမန္ျမန္ပဲ သြားေနသည္မို႔ ခလုတ္တိုက္ကာ လဲက်ေတာ့မလို ျဖစ္သြား၏။

ကိုရိန္းက လွ်င္လွ်င္ျမန္ျမန္ပဲ ထို မိန္းကေလးကို ပုခုံးက‌ ကိုင္ကာ ဝင္ထိန္းေပးလိုက္ရသည္။

"ေက်းဇူးတင္ပါတယ္"

မိန္းကေလးက အလန္႔တၾကားျဖင့္ မ်က္လုံး‌အိမ္ေတြ က်ယ္သြားရင္း ကိုရိန္းကို ေက်းဇူးတင္စကား ေျပာပါသည္။ ကိုရိန္းက သူဆြဲထားသည့္ မိန္းကေလးလက္ကို လႊတ္ေပးလိုက္ေတာ့ ထို မိန္းကေလးက ေက်ာင္းဝန္းထဲ တစ္ခ်ိဳးတည္း ေျပးဝင္သြားရွာသည္။

"ကိုရိန္းႀကီးက မိန္းကေလး ရေတာ့မွာပဲ"

ၿပဳံးၿဖီးၿဖီးျဖင့္ အနားကပ္ေျပာေတာ့ မ်က္ခုံးေတြ က်ဳံ႕လို႔ လွည့္ၾကည့္လာသည္။

"ဘာလဲ... မိန္းကေလးလက္ကိုေတာင္ ဆြဲလိုက္ေသးတာ။ ကိုရိန္းႀကီးေတာ့ ရင္မခုန္ဘူးလား"

"ေတာ္စမ္းပါ Taehyung ရာ... သူမ်ားေတြ ၾကားကုန္ရင္ ဟို မိန္းကေလးလည္း သိကၡာက်ရမယ္"

"ေအာ ေအာ အခုေတာ့ အဲ့မိန္းကေလး ဘက္က ဝင္နာေနတာေပါ႔ေလ"

ကိုရိန္းရဲ႕ ဆူပုတ္ေနသည့္ မ်က္ႏွာကို လိုက္ၾကည့္ကာေျပာေတာ့ မ်က္ေစာင္းထိုးသည္။

"မဟုတ္ဘူးလို႔ ေျပာေနတယ္ေလ။ သူ လဲက်မွာစိုးလို႔ ထိန္းေပးတာကို ေလွ်ာက္ေျပာမေနနဲ႔"

"မင္းသာ စိတ္ဝင္စားရင္ ငါ ေအာင္သြယ္ေပးမွာ... ေစာနက ေကာင္မေလးက ေခ်ာလည္းေခ်ာတယ္မဟုတ္လား"

"ဒီမွာတင္ ေတာ္လိုက္ေတာ့ Taehyung... မင္းကို ဒီကိစၥေတြ မလုပ္ဖို႔ ေျပာထားတယ္ေလ။ မင္း လုပ္ခ်င္ရင္ တျခားလူကို သြားလုပ္... ေတာ္ၿပီကြာ အတန္းပဲ သြားေတာ့မယ္"

ကိုရိန္းက စိတ္ဆိုး မာန္ဆိုးျဖင့္ ေအာ္ဟစ္ေနသည္မို႔ မ်က္ႏွာငယ္ေလးျဖင့္ လိုက္ၾကည့္ရသည္။

ေက်ာပိုးအိတ္ကို က်စ္က်စ္ဆုပ္ကိုင္ထားရင္း ကိုရိန္းကို လိုက္ၾကည့္ေတာ့ သူက ေက်ာင္းထဲကိုသာ ဦးတည္သြားသည္။

စိတ္ဆိုးစရာ ဘာအေၾကာင္းမွ မရွိသည္မို႔ သက္သက္မဲ့ လူကို စိတ္ဆိုးၿပီး ေအာ္ေဟာက္သြား၏။

ကိုရိန္း အေနာက္ကို ေျပးလိုက္ကာ စကားေျပာေတာ့လည္း ျပန္မေျဖ... ဒီေကာင္ အလကား စိတ္ေကာက္ေနေတာ့တာ။

.

.

ကိုရိန္းက Taehyung နဲ႔ စိတ္ေကာက္ေနသည္မို႔ တစ္ေနကုန္ စကားမေျပာၾကပါဘူး။

ကိုရိန္းက Taehyung နဲ႔ ယွဉ္လွ်င္ေတာ့ အေပါင္းအသင္း ပိုဆံ့သည္မို႔ တျခားေက်ာင္းသားေတြနဲ႔ အေခၚအေျပာ ရွိပါသည္။

ေန႔လည္စာ စားေတာ့ အခန္း ၅ က ေက်ာင္းသားေတြ ကိုရိန္းဆီ ေရာက္လာၾကသည္။

"ေဘာ္လီေဘာ ကစားဖို႔ လူလိုေနတာ မင္းျပန္ေဆာ့ပါလား"

ဟိုဘက္ဝိုင္းမွာ တစ္ေယာက္တည္း ထိုင္ေနသည့္ Taehyung ကို တစ္ခ်က္ၾကည့္လိုက္မိသည္။ အခန္း ၅ က ေက်ာင္းသားေတြကလည္း လိုက္ၾကည့္ပါသည္။

"ဘာလဲ မင္း အခ်စ္ႀကီးနဲ႔ မေခၚၾကဘူးလား"

အခန္း ၅ ရဲ႕ အတန္းေခါင္းေဆာင္ ဂ်ီဟိုက ရႊတ္ေနာက‌္ေနာက္ ေျပာသည္မို႔ ကိုရိန္းက ေခါင္းကုပ္လိုက္မိသည္။

"Taehyung နဲ႔ မေခၚတာနဲ႔ပဲ ကစားတာကို မနားနဲ႔ေလကြာ... မင္း ပါမွ ျဖစ္မွာကြ။ ဟိုဘက္ေက်ာင္းက ေကာင္ေတြကို ကလဲ့စားေခ်မွာဆို"

ကိုရိန္းက ဝါသနာ အရ မဟုတ္ဘဲ အေပ်ာ္တမ္း ကစားေလ့ရွိပါသည္။ စပိန္ကျပာမို႔ တျခားေက်ာင္းသာ‌းေ‌တြထက္ အရပ္လည္း ပိုရွည္ကာ ထြားလည္း ထြားႀကိဳင္းပါသည္။

ဒီလိုကစားရင္ သူတို႔ အာရွသားေတြက ကိုရိန္းကို နည္းနည္းေလးေတာင္ မယွဉ္ႏိုင္...

"ဘာလဲ မင္းတို႔က ဘာေတြလဲဟ မ႐ိုးသားၾကဘူးလား။ Taehyung က မင္းကို ဆက္မေဆာ့ခိုင္းဘူးဆို... မင္းနဲ႔ Taehyung တကယ္ပဲ တြဲေနၾကတာလား"

ကိုရိန္းက သူ့ကို ေက်ာေပးၿပီး ထြက္သြားသည့္ Taehyung ကို ၾကည့္ကာ ရယ္လိုက္မိသည္။

ဒီလိုပဲ Taehyung နဲ႔ သူ့ကို ေက်ာင္းသားေတြၾကား ထင္ေၾကးေတြ ေပးေနၾကသည္။ အၿမဲတမ္း တပူးပူး တတြဲတြဲမို႔ရယ္၊ Taehyung ေၾကာင့္ ေဘာ္လီေဘာ ဆက္မေဆာ့ေတာ့တာရယ္...

ဒီလို အေၾကာင္းေတြေၾကာင့္ပဲ Taehyung နဲ႔ သတင္းေတြ ေလွ်ာက္ထြက္ေနတာ ျဖစ္သည္။

"မဟုတ္ပါဘူးကြာ... ငါလည္း နားခ်င္လို႔ပါ"

"မဟုတ္ဘူးဆိုလည္း ျပန္ကစားစမ္းပါကြာ။ မင္း မပါရင္ ငါတို႔ အသင္းက မေသခ်ာတာလည္း သိရဲ႕သားနဲ႔"

"Taehyung ကို သြားေျပာေလ... ငါက သူနဲ႔ မေခၚလို႔ သူ့ကိုေတာ့ တိုက္႐ိုက္မေျပာခ်င္ဘူး။ မင္းတို႔ ေျပာခ်င္ရင္ သြားေျပာၾကေပါ႔။ သူ ကစားခိုင္းရင္ ငါ ကစားေပးမယ္။ ရၿပီလား"

အခန္း ၅ က ေက်ာင္းသားေတြ ဆူဆူညံညံနဲ႔ ေအာ္ရယ္ကုန္ၾကသည္။

"မင္း ေျပာေတာ့ Taehyung နဲ႔ မဆိုင္ဘူးဆို... အခုေတာ့ Taehyung ကို သြားေျပာေပါ႔ ဟုတ္သလား"

ကိုရိန္း မ်က္ႏွာက နီရဲလို႔ ထမင္းကိုသာ ငုံ႔စားေနလိုက္ေတာ့သည္။

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္း‌ကို ေက်းဇူးတင္ပါတယ္

ကိုရိန္းက ဒီလိုေလးပါရယ္... အမည္းေရာင္ ဆံပင္ေတာ့ မဟုတ္ဘဲ ညိဳညိဳေလးပါ။

ႏႈတ္ခမ္းထူထူနဲ႔ ဒီလို ေကာင္ေခ်ာေလးေပါ႔ေလ... ၿပီးေတာ့ ကိုရိန္းက Main character ပါပဲ။ ဒီမွာဆို Main character ၃ ေယာက္ ပါဝင္မွာပါ။

VictoryKimTae

November 21, 2023

Continue Reading

You'll Also Like

210K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
17.3K 750 33
Tae pov: I saw him in my younger sister school. He looks like a angle fallen from heaven. He is more beautiful then most of the girls. He looks like...
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC