" Bad Husband" ( Complete)

By HlaingHlaing112

64.3K 7.3K 1.3K

ကျုပ်ကဆိုးတယ်လေ ခင်ဗျားမသိဘူးလား ? More

intro
🔥 1 🔥
🔥 2 🔥
🔥 3 🔥
🔥 4 🔥
🔥 5 🔥
🔥 6 🔥
🔥 7 🔥
🔥 9 🔥
🔥 10 🔥
🔥 11 🔥
🔥 12 🔥
🔥 13 🔥
🔥 14 🔥(18+)
🔥 15 🔥
🔥 16 🔥
🔥 17 🔥
🔥 18 🔥 (18+)
🔥 19 🔥
🔥 20 🔥
🔥 21 🔥
🔥22🔥
🔥 23 🔥
🔥 24 🔥
🔥 25 🔥
🔥 26 🔥
🔥 27 🔥
🔥 28 🔥
🔥 29 🔥
🔥 30 🔥
🔥 31 🔥
32
The End

🔥 8 🔥

1.7K 204 34
By HlaingHlaing112


ဘူဂေးရီးယားကနေပြန်တာ့ လမ်းကြောင်းမတူပဲ 'မကာအို'ကို တန်းသွား‌လေသည်။ တရား၀င်လောင်းကစားဆော့လို့ရတဲ့ နိုင်ငံမို့ နိုင်ငံတကာက အလောင်းအစားဝါသနာပါတဲ့ လူတွေလည်း  'မကာအို 'ကို လာကြတာများလေသည်။ ဂျီမင်တော့ ကင်မ်ထယ်ယောင်းတို့ နောက်ကိုသာ လိုက်ခဲ့ရတာ ဘယ်နေရာ ၊ ဘာလုပ်မှန်းမသိပါ။  အောက်ထပ်ကနေ အပေါ်ဆုံးထပ်ထိ လူတွေက ပြည့်နှက်နေလေသည်။ မင်ဟိုပြောတာတော့ ဒီနေရာက ကြေးအကြီးဆုံး လောင်းကစားနေရာတဲ့ ။ လက်ဝှေ့ပွဲ ၊ နပန်းပွဲ ၊ ဖဲ စသည့် နိုင်ငံတကာက လောင်းကစားဝိုင်းတွေ ပုံစံမျိုးစုံ ရှိတဲ့နေရာဆိုတာကို ဂျီမင်အခုမှ သိရလေသည်။

ဒီလိုနေရာမျိုးကို အချိတ်အဆက်နဲ့ လာရမှန်းကိုအ၀င်တုန်းက မင်ဟိုကဒ်ပြတုန်းက သိလိုက်ရသည်။ သူတို့ကို အသက် ၃၀အရွယ်လောက်ရှိတဲ့ လူတစ်ယောက်က နေရာကို လာပြပေးသည်။ Lite ကနေတက်လာတော့ မြင်နေရတဲ့ မိန်းခလေး နပန်းပွဲ ။တကယ်ကိုပဲ အသေသတ်နေရတာလား ။ လူမည်းအမျိုးသမီးလား ..အာဖရိကတိုက်ကလားမသိတဲ့ အမျိုးသမီးသည် မျက်နှာတစ်ခုလုံး ဖူးရောင်ပြီး သွေးတွေက ထွက်နေလေသည်။ ထယ်ယောင်းကတော့ ထိုသို့ လိုက်မကြည့်ပေ ။ လက်သာပိုက်ထားလေသည်။ မင်ဟိုကတော့ သူနဲ့အလှမ်းကွာပေမဲ့ နပန်းပွဲကို ကြည့်နေလေသည်။ ပထမဆုံး မရောက်ခင်နှစ်ထပ်မှာ အပေါ်ပိုင်းဗလာနဲ့ ကနေတဲ့ ကောင်မလေးတွေကို တွေ့လိုက်ရတော့ ဂျီမင်မျက်နှာကို အရှေ့သို့ လှည့်လိုက်သည်။ ထိုအခါ ကင်မ်ထယ်ယောင်းက သူ့မျက်နှာရှေ့ကို လာရပ်သည်။

" ဒီလောက်လှတဲ့ မြင်ကွင်းကို "

ထယ်ယောင်းက သူ့အရှေ့မှာ ရပ်နေတာမို့ လက်နဲ့တွန်းဖယ်တော့ ထယ်ယောင်း မရွေ့

" ယောင်္ကျားလေးချင်း စိတ်မ၀င်စားဘူးဆိုရင် မိန်းခလေးကိုတော့ စိတ်၀င်စားရမှာပေါ့ "

Lite ထဲမှာတောင် ပြသာနာလာရှာနေသေးသည်။ မင်ဟို ကင်မ်ထယ်ယောင်း လက်မောင်းကို ရိုက်လိုက်သည်။ သူတို့ကို လိုက်ရှာပေးတဲ့ တရုတ်လူမျိုးကတော့ သူတို့ကကိုးရီးယားလို ပြောနေတာမို့ ကြည့်ယုံသာကြည့်ပြီး ပြန်လှည့်သွားသည်။

" မင်းလိုမျိုးလူက လွဲရင် အကုန်စိတ်၀င်စားတယ် "

" Ohh..."

ဂျီမင်ရဲ့အဖြေကြောင့် ထယ်ယောင်းအသံတစ်ချက်သာထွက်ပြီး အရှေ့သို့ပြန်လှည့်သွားသည်။ ဂျီမင်တကယ်ပဲ ပြန်လည်မပြောချင်သလို စကားလည်း လုံး၀လုံး၀ မပြောချင်ပါ ။ ဒီကိုလာဖို့ အစကထဲက မပြောထားပေမဲ့ ကင်မ်ထယ်ယောင်းက သူ့သဘောအတိုင်းပဲ ဒီနေရာကို ရောက်ချလာတာ ။ ပြီးတော့ ခေါ်လာတာကလည်း လောင်းကစားနေရာ ။

အပေါ်ဆုံးထပ်ကိုရောက်တော့ အနီရောင်အခန်းထဲသို့ ဂျီမင်တို့ ၀င်သွားရလေသည်။ အခန်းထဲ၌ ၆ဝိုင်းလောက်သာ ရှိသည်။ သူတို့ထိုင်မဲ့ဝိုင်းအထိကို အောက်ထပ်ကနေ အပေါ်ဆုံးထပ်ထိ လိုက်ပို့တဲ့လူသည် ထွက်သွားလေသည်။ ခဏအကြာ သူတို့နေရာကို ကောင်မလေး သုံးယောက်သူတို့ကြားမှာ လာထိုင်လေသည်။ ဂျီမင်ကိုယ်လေး ကျုံသွားလေသည်။ ရင်သားတစ်၀က်လောက်ထိ‌ကို ပေါ်အောင်၀တ်ထားပြီး တင်ပါးထိပေါ်နေတဲ့ ကောင်မလေးတွေ ၀တ်ထားတဲ့ အ၀တ်အစားကြောင့်ပင် ဖြစ်သည်။ ကင်မ်ထယ်ယောင်းကတော့ ဒီနေရာကို ခနခနလာဖူးပုံရသည်။ ကောင်မလေးလေးတွေနဲ့လည်း အကျွမ်းတစ်၀င်ရှိနေလေသည်။ ကောင်မလေးနှစ်ယောက်ကတော့ ကင်မ်ထယ်ယောင်းနဲ့ စကားပြောနေသလို မင်ဟိုကလည်း ကျန်တဲ့ကောင်မလေးနဲ့ စကားပြောနေလေသည်။

ခဏအကြာတော့ လူတစ်ယောက်က အလယ်မှာ လာရပ်လေသည်။ ပြီးတော့ အနောက်က ကွယ်ထားတဲ့ ကတ္တီပါသားကို ဖယ်ချလေသည်။ လေးထောင့်ဖန်သားနဲ့လုပ်ထားတဲ့အထဲမှာ စိန်ပွင့်တွေကို ဂျီမင်တွေ့ရလေသည်။ လေလံပွဲပဲ ။ တောင်အာဖိရက ၊ မြန်မာ ဆိုပြီး ရေးထားတာ ။ တောင်အာဖိရကနဲ့ မြန်မာပြည်က စိန်တွေပဲ သီးသန့်ကို ပြတာ ။ ဒါဆို ပြည်မကြီးကဘက်ကလူ‌တွေ လာရောင်းတာ ဖြစ်နိုင်သည်။ သူတို့အရှေ့ကို ဖန်ခွက်နဲ့ ထည့်ထားတဲ့ အရက်ခွက် ၆ခွက်သာ လာချပေးလေသည်။

ဂျီမင် လေလံပွဲကိစ္စနဲ့ပတ်သက်ရင် မသိတာမို့ အခုနက လာချပေးတဲ့ အရက်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ကို ယူ၍ သောက်လိုက်သည်။ စသောက်သောက်ချင်းကတော့ ဂျီမင်တစ်မျိုးခံစားရလေသည်။ သူဒီလိုအရက်မျိုးမသာက်ဖူးပါ ။ တော်တော်လေး သောက်လို့ကောင်းပြီး လူကို ငြိမ်စေလေသည်။ ပြီးတော့ ထပ်၍ သောက်ချင်သည်။ စိန်တွေကို ဈေးဖွင့်တဲ့အခါ ဂျီမင်ငြိမ်ငြိမ်လေး ဖြစ်နေကာ နားထောင်နေမိလေသည်။ စိန်တွေရဲ့ဈေးတွေက သူတစ်သက်လုံးရှာလို့ မရတဲ့ ဈေးအနအထားမှာရှိတဲ့ စိန်တွေလည်း ရှိလေသည်။ ၆ဝိုင်းလုံးက သူ့လူနဲ့သူ လူပြည့်နေလေသည်။ ကင်မ်ထယ်ယောင်းရော ၀ယ်နေလားဆိုပြီး ကြည့်တော့လည်း ကောင်မလေးနှစ်ယောက်ရဲ့ ပုခုံး‌ပေါ်မှာသာ လက်နှစ်ဖက်ရှိနေလေသည်။ ကင်မ်ထယ်ယောင်းကြားမှာ ညှပ်ထားတဲ့ဆေးလိပ်ဆီက အငွေ့ကလည်း သူ့နှာခေါင်းဆီသို့ ခနခန၀င်လာလေသည်။ ဖန်ခွက်ထဲမှာ ထည့်ထားတဲ့ အရက်တွေက ထူးဆန်းသည်။ ဘာတွေ ရောထားတာလဲ ? ။

" ရား ..ပတ်ဂျီမင် ဘယ်နှခွက်တောင် သောက်လိုက်တာလဲ ?" 

ဂျီမင်လက်ထဲက ခွက်ကို မင်ဟိုဆွဲလုလိုက်သည်။ ထိုအခါ ကင်မ်ထယ်ယောင်းကပါ ဂျီမင်ကိုကြည့်လိုက် ၊ ဖန်ခွက်တွေကို ကြည့်လိုက်နဲ့ ။

" သောက်လို့ မရဘူးလား ? "

မှေးစင်းစင်းမျက်လုံးတွေနဲ့ မင်ဟိုကို ဂျီမင်ပြန်ဖြေလေသည်။ ကင်မ်ထယ်‌ယောင်းကို ကောင်မလေးတွေကိုပြန်လွှတ်လိုက်သည်။

" အမူးသမားလား ..ဘိန်းမှိန်း မှိန်းနေတဲ့လူပြောရမလား ?"

ကင်မ်ထယ်ယောင်းအပြောကြောင့် ဂျီမင်နည်းနည်းတော့ လန့်သွားသည်။ 

" ဟင့် .."

"Quaaludes တွေထည့်ထားတာ ၊ တစ်ယောက်တစ်ခွက်ပဲ ချထားတာလေ ဂျီမင်ရယ် ၊ ဘယ်နှယ်ကြောင့် သုံးခွက်တောင် သောက်လိုက်ရတာလဲ ?   " 

( Quaaludes က စိတ်ကိုငြိမ်စေတဲ့ မူးယစ်ဆေးဝါးတစ်မျိုး )

ကင်မ်ထယ်ယောင်းက ကြည့်ယုံသာကြည့်ပြီး ဘာမှတော့မပြောချေ ။ ဂျီမင်ကတော့ သောက်ပြီးသွားမှာ လန့်နေလေသည်။ ပြီးတော့ ခေါင်းကို အောက်စိုက်ထားသည် ။

" အန္တရာယ်ရှိလား မင်ဟို "

" မရှိတော့ မရှိပါဘူး ၊ မင်းကို ကိုးရီးယားရဲတွေစစ်လို့မိရင်တော့ ထောင်ထဲပဲ "

"....."

ထောင်ထဲဆိုတဲ့စကားကြောင့် ဂျီမင် မျက်နှာမဲ့သွားလေသည်။ ကင်မ်ထယ်ယောင်းကတော့ ပြုံးသည်။ ဂျီမင်သည် ကင်မ်ထယ်ယောင်းဘက် မျက်နှာ လှည့်ရာမှာ အနားကိုတိုးပြီး

" ဟိုတယ်ကို ပြန်ပို့ပေး "

" ကျုပ်ကလား ?"

ဂျီမင်မြန်မြန်ပဲ ခေါင်းကိုညိတ်သည်။ မျက်နှာတစ်ခုလုံးနီရဲပြီး ပုံစံလေးက သခင်အမိန့်ပေးရင် နာခံမဲ့ ပုံစံမျိုး ဖြစ်နေလေသည်။ ထပ်၍ ဂျီမင်က ကင်မ်ထယ်ယောင်းရဲ့ နားနားကိုကပ်ပြီး လေသံဖျော့ဖျော့ဖြင့်

" အိမ်ပြန်ချင်တယ်... အဖေ့ကိုတွေ့ချင်တယ် "

ထောင်ထဲရောက်သွားမယ် ပြောလိုက်မှ အိမ်ပြန်ချင်တယ် ၊ အဖေ့ကိုတွေ့ချင်တယ် လုပ်နေတဲ့လူကို စောင်းငဲ့ကြည့်တော့ သူ့ပါးဆီသို့ နှာခေါင်းထိပ်ဖြင့် ရစ်သီရစ်သီ လုပ်နေလေသည်။ မူးရင် လွတ်တဲ့လူပဲ ။

" ဘာလို့ ကျုပ်ကခင်ဗျားပြောတာကို လုပ်ပေးရမှာလဲ..ခင်ဗျားကြောင့် ကောင်မလေးတွေ ထွက်သွားခိုင်းလိုက်ရတယ် ၊ ပြီးတော့ ကျုပ်နှုတ်ခမ်းကို ပေါက်အောင် ကိုက်ထားတာလည်း ကျေနပ်သေးတာ မဟုတ်ဘူး "

ပတ်ဂျီမင်ရန်ပြိုင်မဖြစ်နိုင်တဲ့ အချိန်သည် အရက်မူးတဲ့ အချိန်ဆိုတာကို ထယ်ယောင်းသိလိုက်သည်။ သူ့ပေါင်ကို လက်နှစ်ဖက်နဲ့ လာထောက်ပြီး သူ့နှုတ်ခမ်းနားကို ကပ်လာပြီး

" ပြန်နမ်းပေးရင် ကျေမယ်မလား ?"

" ဟာ့ ..."

ကင်မ်ထယ်ယောင်းပြန်ပြောဖို့တောင် ဆွံ့အသွားသည်။ သူမမြင်ဖူးတဲ့ ပတ်ဂျီမင်ရဲ့အခြားတစ်ဖက်က လန့်စရာကောင်းသည်။ 

" ကျုပ်ကိုမဟုတ်ပဲ မင်ဟိုကို နမ်းကြည့် "

" ရား ..ကင်မ်ထယ်ယောင်း မင်းရူးနေလား ?"

" အင်း ..ပြီးရင် ပေးပြန်မယ် မလား ?"

" အင်း ."

မင်ဟိုက ခေါင်းကိုခါရင်

" ပတ်ဂျီမင် ကျွန်တော့်မှာ ရည်းစားရှိတယ် ဒါမျိုးလုပ်လို့မရဘူး "

ထယ်ယောင်းကတော့ ဘာမှမပြောပဲ ပတ်ဂျီမင်ရဲ့ လှုပ်ရှားမှုကိုသာ ကြည့်သည်။ ပတ်ဂျီမင်သည် ထိုင်နေရာက ထရပ်ကာ မင်ဟိုထိုင်‌တဲ့နေရာဆီကိုသွားတော့

" ကင်မ်ထယ်ယောင်း...မင်းတားလေ ..အမူးပြေရင် အထိုးခံရမဲ့ အပေါက် " 

မင်ဟိုဆီကို လှမ်းမဲ့ ခြေလှမ်းတွေ စတင်တော့ ထယ်ယောင်း ထိုင်နေရက်ပဲ ပတ်ဂျီမင်ရဲ့ ခါးကနေ ကိုင်ကာ သူ့ပေါင်ပေါ်ရောက်အောင် ပေးထိုင်စေလိုက်သည် ။ ပြန်ရဖို့အရေး ဘာဖြစ်ဖြစ် လုပ်မဲ့ပုံပဲ ။ Quaaludes ပဲထည့်တယ်ဆိုတာ သေချာရဲ့လား ? ။

" မူးရင် တွေ့ကရာကောင်တွေက ဘာဖြစ်ဖြစ်လုပ်ခိုင်းရင် ဘာဖြစ်ဖြစ်လုပ်မဲ့ပုံပဲ "

ကင်မ်ထယ်ယောင်းရဲ့ ပေါင်ပေါ်မှာ ထိုင်နေတာမို့ ဂျီမင်ကိုယ်က အနည်းငယ်မြင့်နေပေမဲ့ မျက်နှာကို ငုံ့ကိုင်းပြီး ကင်မ်ထယ်ယောင်းရဲ့ ပါးနှစ်ဖက်ကို ကိုင်လိုက်သည်။ ပြီးတော့ နှုတ်ခမ်းကို ဖိကပ်လိုက်သည်။ မင်ဟိုကတော့ အံ့ဩမင်သက်နေလေသည်။ နေပါအုန်း ၊ ဒီနှစ်ယောက်က ဘာတွေလဲ ၊ မင်ဟို မသောက်ရသေးပဲ မူးချင်သလိုလို ဖြစ်လာလေသည် ။

" နမ်းတာ မဟုတ်ပဲ အခြားဟာဆိုရင်ရော "

ကင်မ်ထယ်ယောင်းပါးကိုကိုင်ထားတဲ့ ဂျီမင်လက်ကို ဆွဲဖြုတ်လိုက်သည်။ ပြီးတော့ ကင်မ်ထယ်ယောင်းလက်က ဂျီမင်ရဲ့ရင်ဘတ်ကနေဆင်းသွားပြီး အင်္ကျီစကို အနည်းငယ်ပင့်လိုက်ပြီး ဗိုက်သားကိုညာဘက် လက်ညိုးတစ်ချောင်းနဲ့ ပွတ်ဆွဲရင်

" ဟင့် ..."

ထိုလူရဲ့အဖြေက ဘာလဲ ? ။ ဒီလူမူးရင် ဘယ်အနေအထားထိကို ရောက်မလဲ ? ။ စိတ်၀င်စားရာပဲ။

" နမ်းပြီးပြီး ပို့ပေး "

လက်ချောင်းကြားက ဆေးလိပ်ကို ဖွာလိုက်ရင် သူ့ကိုယ်ပေါ်မှာ ထိုင်နေတဲ့လူရဲ့ ခေါင်းနောက်ကို ကိုင်ကာ နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်ရင် ဆေးလိပ်ငွေ့တွေကို ပါးစပ်ထဲ ထည့်ပေးလိုက်တော့ ချောင်းဆိုးတော့လေသည်။

" အဟွတ် ..အဟွတ် ..."

" မူးမူးနဲ့ "

  

ဘေးနားက ဆိုဖာဆီသို့ ထယ်ယောင်းပြန်တွန်းပို့လိုက်သည်။ ထယ်ယောင်း တွန်းပို့လိုက်တဲ့အတိုင်း ဂျီမင် ငြိမ်ငြိမ်လေး ထိုနေရာမှာ ထိုင်နေလေသည်။ မင်ဟိုလည်းမနေသာတော့ပဲ နှစ်ယောက်ကြားမှာ ၀င်ထိုင်ရင်း

" ကင်မ်ထယ်ယောင်း မဟုတ်တာတွေ လုပ်မနေနဲ့ ၊ ဒါမျိုးစမယ်ဆိုရင် ငါလည်း ခွင့်မပြုဘူး "

မင်ဟိုပြောတာလည်း ထယ်ယောင်း ဂရုမစိုက်ပါ ။ လေလံပွဲကိုပဲ ပြန်အာရုံစိုက်လိုက်လေသည်။ လေလံပွဲ မပြီးမချင်း ပြန်လို့မရပေ ။

......

ဟိုတယ်မှာ အခန်းကို သန့်ရှင်းရေး လာလုပ်ပေးရင် သူ့ကို အပြင်မှာ " မနက်စာ လာစားပါ " ဟူ၍ မှာလာသောကြောင့် အခန်းပြင်ကို ထွက်ခဲ့ရလေသည်။ ညကလည်း ဒီကို ဘယ်လိုပြန်ရောက်လဲ ဆိုတာကို သူမသိတော့ပါ ။ ဆိုဂျုဆိုရင် ဘယ်လောက် သောက်သောက် ဘာမှမဖြစ်ပေမဲ့ မနေ့က အရက်တွေကျတော့ သူဒီကို ဘယ်လိုပြန်ရောက်ဆိုတာတောင် မသိတဲ့အဖြစ် ။

" နိုးပြီးလား ဂျီမင် "

" အင်း .."

မင်ဟိုကိုတွေ့တော့  ဝိုင်းမှာ ၀င်ထိုင်လိုက်လေသည်။ မင်ဟိုက စားစရာကို အဆင်သင့်မှာထားပေးလေသည်။ ထယ်ယောင်းကိုတော့ မတွေ့ပါ ။

"  ညက အကြောင်းရောသိလား ?"

" ဟမ်..."

ညက အကြောင်း ။

" အမှန်အတိုင်း ပြောရရင် ငါမမှတ်မိဘူးမင်ဟို ၊ ပြသာနာ ရှာမိသေးလား ?"

" ကျွန်တော့်ကိုတော့ မဟုတ်ပါဘူး ၊ ကင်မ်ထယ်ယောင်းကို မေးကြည့် "

" သူ့ကို "

" ဟုတ်တယ် ကင်မ်ထယ်ယောင်းကို "

ကင်မ်ထယ်ယောင်းကို သူပြသာနာရှာလိုက်မိတာလား ? ။ ဘာပြသာနာတွေ ရှာလိုက်မိတာပါလိမ့် ? ။ မကျေနပ်ချက်တွေနဲ့ ထိုးလိုက်မိသေးလား ? ။ ဒါမှမဟုတ် ဆဲလိုက်မိတာလား ? ။ အား ..မသိတော့ဘူး ။ နောက်ကိစ္စ နောက်ရှင်းပဲ။ 

" ဟိုမှာ လာပြီး "

ကောင်မလေးတစ်ယောက်နဲ့ အတူယှဉ်တွဲက လာနေတဲ့ ကင်မ်ထယ်ယောင်း ။ စကားတစ်ပြောပြောနဲ့ လာလေသည်။ ညက ကိစ္စ ပြသာနာရှာရင် ဘယ်လိုလုပ်မလဲ ? ။

မင်ဟိုက ဂျီမင်ဘက်မှာ လာထိုင်သည်။ ကင်မ်ထယ်ယောင်းနဲ့ ကင်မ်ထယ်ယောင်းနဲ့အတူ ပါလာတဲ့ ကောင်မလေးအတွက်  နေရာဖယ်ပေးလိုက်တာဖြစ်သည် ။

" Mail ပို့ရင်လည်း ၀င်ကြည့်ပါအုန်း ကင်မ်ရယ် ..ဒို့ကို အဖက်မလုပ်တော့သလိုပဲ "

" ကိုယ်မအားလို့ပါ ၊ ကိုယ်အလုပ်၀င်ရင်တော့  မင်းလာမယ်မလား ?"

" ဒါပေါ့ ၊ ဒို့ပါ အလုပ်၀င်လိုက်မယ် ၊ အတွင်းရေးမှူးနေရာကို ဒို့ကိုပေးမယ်မလား "

" ဒါတော့ ကိုယ်နဲ့မဆိုင်ဘူး ၊ မင်းရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တယ် "

မင်ဟိုနဲ့ဂျီမင်က ကင်မ်ထယ်ယောင်းတို့နဲ့ သီးသန့်ဖြစ် နေလေသည်။ မင်ဟိုကမ်းပေးတဲ့ သံသရာ‌ရည်ကို အရင်သောက်လိုက်မိသည်။ မင်ဟိုနဲ့ ကင်မ်ထယ်ယောင်းက အကျင့်စရိုက်မတူကြတာကို ဘယ်လို သူငယ်ချင်းတွေ ဖြစ်နေလဲမသိပါ ။ မင်ဟိုကို ကင်မ်ထယ်ယောင်းက ချိန်းချောက်ပြီး သူငယ်ချင်းလုပ်ခိုင်းတာများလား ? ။။

" သူက ကင်မ်ထယ်ယောင်းရဲ့ အီစီကလီလေ ၊ မွန်ဂိုယောင်းလို့ ခေါ်တယ် ၊ ကိုးရီးယားနဲ့ ထိုင်၀မ်စပ်ထားတာ ၊ မကာအိုမှာ အခုနေနေတာ "

" မသိချင်ပါဘူး "

ဘာလို့ သူ့ကိုလာပြောနတာပါလိမ့် ? ။ ကင်မ်ထယ်ယောင်း‌တွဲသမျှ လူတွေကိုသာ လိုက်မှတ်ရမယ်ဆိုရင်
သူ့ IQ 200 အထက်ရှိမှာပဲ ရမည်ဖြစ်သည်။

" ဒါဆို ဒို့အရင်ပြန်လိုက်မယ်နော် ကင်မ် "

ထယ်ယောင်းက ခေါင်းညိတ်လိုက်တော့ သူမက ထယ်ယောင်းရဲ့ပါးကို နမ်းပြီး ထွက်သွားလေသည်။ သူမထွက်သွားတော့ ကင်မ်ထယ်ယောင်းက ဂျီမင်ရဲ့ သံပုရာရည်ကို ယူသောက်ပြီး

" ဟိုအမူးသမား ဒီနေ့ပြန်မယ် "

ပြောကာ ထထွက်သွားလေသည်။ ထိုအခါ မင်ဟိုက ဂျီမင်ဆီကို လက်ညိုးထိုးပြီး

" မင်းကို ပြောသွားတာပဲ "

" သိတယ် "

သူ့ကိုကြည့်ပြီး ပြောသွားတာ သူမသိပဲနေမလား ? ။  ညက ကိစ္စတော့ ကင်မ်ထယ်ယောင်းက ဘာမှမပြောပေ ။ ဒါဆို ကြီးကြီးမားမား သူပြသာနာ မရှာမိဘူး ထင်ပါရက် ... ။

....

" ဟိုမှာ ပျော်ခဲ့ရဲ့လား ဂျီမင် "

ဆိုးလ်မြို့ကို ပြန်ရောက်တော့လည်း ဆောဂျွန်အွန်းက ညစာ စားဖို့ချိန်းလေသည်။ အထက်တန်းကကျောင်းက သူငယ်ချင်းမို့ အားနာတာနဲ့ နောက်နေ့ပဲ သွားတွေ့လိုက်မိသည်။ ဆောဂျွန်အွန်းက အလုပ်မှာ ဌာနာမှူးမို့ လစာကတော့ ကောင်းမှာ သေချာလေသည်။ အခုလို အထပ်မြင့် ရှုခင်းကောင်းတဲ့ စားသောက်ဆိုင်ကို ‌လာဖို့ ခေါ်တာ ။

" ဒီလိုပါပဲ .."

" ငါမင်းကိုပြောစရာရှိလို့ "

" အင်း ပြောလေ "

ဆောဂျွန်မှာထားပေးတဲ့ "Patbingsu " ရေခဲမုန့်ကို အရင်စားလိုက်ပြီး တူကိုကိုင်ကာ နံ့ရိုးကင်ကို နှစ်လုတ် ၊သုံးလုတ် အရင်စားလိုက်မိသည်။ ပဲနို့ခေါက်ဆွဲကို အနည်းငယ်လာက်သာစားပြီး ရပ်လိုက်ပြီး

" ငါမင်းကို သဘောကျနေတယ် ဆိုတာကို သိတယ်မလား ?"

" ဟမ် ..."

" ဟယ်ဆန်းမှာအတူကျာင်းတက်တုန်းက ငါမင်းကို သဘောကျခဲ့တာလေ "

ဆောဂျွန်အွန်းထိုသို့ပြောတာ့ ဂျီမင် ခေါင်းခဲသွားသည်။ ဆောဂျွန်အွန်း အထက်တန်းတုန်းက သူ့ကို " သဘောကျတယ် " ဆိုပြီး ပြောတုန်းက စ, တယ်ထင်နေခဲ့တာ ။

"  ဆောဂျွန်အွန်း .."

" ငါမင်းကို လိုက်လို့ရမလား ?"

" ငါ့ကိုတွေ့ချင်တယ်ဆိုတာက ဒီစကားပြောမလို့လား ?"

သူ့ဆီက အခုချိန်ထိ အချစ်ဆိုတာ မရှိပါ ။ ဆောဂျွန်အွန်းမှ မဟုတ်ဘူး ၊  ဘယ်သူ့အပေါ်ကိုမှ ခံစားချက်တွေ မထားနေတာ ။ သူအလုပ်လုပ်ရအုံးမယ် ။ ဒီကိစ္စက အရင်သူ့ရဲ့  နံပါတ် ၁ ဦးစားပေး ဖြစ်လေသည်။

" ဂျီမင် .."

" အားနာပေမဲ့ ငါအခု အဲ့ကိစ္စကို မစဉ်းစားနိုင်သေးဘူး ၊ မင်းကိုတော့ အားနာပါတယ် "

ဂျီမင်ပြောတော့ ဆောဂျွန်အွန်း ခေါင်းငိုက်စိုက်သွားလေသည်။ ခနအကြာတော့

" သူငယ်ချင်းအနေနဲ့ဆိုရင်တော့ တွေ့လို့ရတယ် မလား ဂျီမင် "

" ရတာပေါ့ ၊ တစ်မြို့ထဲသားချင်းတွေပဲ ၊ အကူအညီလိုတာရှိရင် ဖုန်းဆက်ပြီးသာတောင်း "

ထိုအခါ ဆောဂျွန်အွန်းရဲ့ ပြန်ပြုံးသွားပြီး အလုပ်က အကြောင်းကို နှစ်ယောက်သား ပြောဖြစ်ကြလေသည်။ ဂျီမင် စဉ်းစားလိုက်သည်။ ဆောဂျွန်အွန်းက ရမ်းကားတဲ့ လူမဟုတ်သလို ၊ ဆိုးသွမ်းတဲ့လူလည်း မဟုတ်ချေ။ ရည်မွန်ပြီး အလုပ်ကို ဟိုအရင်ကထဲက ကြိုးစားတဲ့လူ ဖြစ်သည်။ အထက်တန်းကျောင်းအတူတက်တဲ့တစ်လျှောက်လုံး သူ့အပေါ်လည်း အရမ်းကောင်းခဲ့သူဖြစ်လေသည်။

အချိန်တော်တော်ကြာ စကားပြောပြီးတော့ ပြန်တော့မလိုလုပ်ကြတော့ ဆောဂျွန်အွန်းက

"  ငါလိုက်ပို့ပေးမယ်လေ "

" နေပါစေ ..အိမ်နဲ့နီးနီးလေးပဲ ၊ မင်းသာ ဝေးနေတာ ၊ ကောင်ကောင်းပြန် "

ဆောဂျွန်အွန်းက ပြန်ပို့ပေးဖို့ထပ်ခါထပ်ခါပြောနေပေမဲ့ ဂျီမင်က ငြင်းနိုင်တာကြာင့် ဆောဂျွန်အွန်း လက်လျှော့သွားလေသည်။

အိမ်နဲ့ စားသောက်ဆိုင်နဲ့က လမ်းလျှောက်ရင် နာရီ၀က်လောက်သာ ဝေးတာမို့ ကျန်းမာရေးနဲ့ညီအောင် လမ်းကိုသာ လျှောက်၍ ပြန်လာမိသည်။  ဆိုးလ်မြို့ကတော့ ညနက်လာပြီးဖြစ်တာတောင် စည်ကားနေဆဲပဲ ။ 

မီးပွိုင့်ဖြတ်မဲ့နေရာကိုသွားမလို့လုပ်တော့ သူ့ရှေ့မှာ ကားတစ်စင်းလာရပ်သည်။ ထိုကားက  အိမ်က ကား ။  ကားမှန်ကို ချလိုက်တော့

" ပတ်ဂျီမင် .."

ကားပေါ်ကနေ မင်ဟိုက အော်ခေါ်ပေမဲ့ ဂျီမင်က တစ်ကိုယ်တည်းကြားယုံလေး နှုတ်ခမ်းလှုပ်ကာ

" မင်ဟို "

" ပြန်မလို့လား ?"

" အင်း ဟုတ်တယ် "

" လိုက်ခဲ့လေ ၊ ကျွန်တာ်လည်း အဲ့အိမ်ကိုပဲ သွားမှာ "

ကားမှန်ချထားတာမို့ အနောက်မှာ ကင်မ်ထယ်ယောင်းပါလာတာကိုပါ မြင်ရလေသည်။ ကင်မ်ထယ်ယောင်းက ကားပေါ်မှာ အိပ်ပျော်နေတာပဲ ။

" မလိုက်တော့ဘူး "

" လိုက်ခဲ့ပါ ၊ တစ်ယောက်ထဲမလား ?"

မင်ဟိုက ဖော်ဖော်ရွေရွေနဲ့ ခေါ်နေပေမဲ့ ကင်မ်ထယ်ယောင်းက ကားမှန်အပြင်ဘက်ကို ကြည့်ကာ တစ်စုံတစ်ရာကို တွေးမိနေပုံရသည်။

" ရတယ် မလိုက်တော့ဘူး "

နောက်ခန်းက ကားတံခါးကို ကင်မ်ထယ်ယောင်း တွန်းဖွင့်လိုက်သည်။

" လိုက်ခဲ့ ..ပြောစရာရှိတယ် "

ကင်မ်ထယ်ယောင်းရဲ့ အကြည့်တွေက သူသာမလိုက်သွားရင် သူ့ကို ဒီနေရာမှာတင် အရှက်ခွဲမဲ့ပုံ ။ ဟိုတစ်ခါက ကျောင်းက စာကြည့်ခန်းထဲမှာ သူ့ရှေ့မှာပင် ကျောင်းသားတစ်ယောက်ကို ထိုးလိုက်တာ ။ ထိုအချိန်တုန်းက ကင်မ်ထယ်ယောင်းရဲ့မျက်လုံးထဲမှာ သားရဲတစ်ကောင်လို သတ်ချင်ဖြတ်ချင်နေတာကို သူတွေ့လိုက်ရလေသည်။

ကားနောက်ခန်းကနေ လိုက်သွားရင် ဘေးနားထိုင်နေတဲ့လူကို မကြည့်တော့ ဖုန်းကို ပွတ်မိသည်။

" ထယ်ယောင်းရလား ?"

" ကျစ် ..မသေဘူး "

ထိုအခါမှ ဂျီမင် ကင်မ်ထယ်ယောင်းကိုကြည့်လိုက်သည်။ အပြင်ခံ လည်သာအနက်ရောင်ကို ၀တ်ထားတာမို့ အပေါ်ပိုင်းဘာဖြသ်လဲဆိုတာကိုတော့မတွေ့ရပဲ ဒူးနားကဘောင်းဘီစကတော့ ဆုတ်ပြတ်သတ်နေလေသည်။ သွေးတွေက ခြောက်နေသလို ၊ ဆက်ပြီးလည်း သွေးက ထွက်နေလေသည်။  သူ့ဆောင်ထားတက်တဲ့ ပုဝါလေးကို ထုတ်လိုက်ပြီး

" ခြေထောက်ပေး "

" လာမရှုပ်နဲ့ .."

ကင်မ်ထယ်ယောင်းတော်တော်စိတ်ညစ်နေပုံရသည်။ ကြည့်ရတာ ရန်ဖြစ်လာတာနဲ့မတူပါ ။ ဆိုင်ကယ်မောင်းနေတာမို့ ဆိုင်ကယ်မှောက်တာပဲ နေမှာ ။ ဂျီမင် ထယ်ယောင်းနားကို တိုးသွားပြီး ဒူးနေရာကို စည်းပေးလိုက်သည်။
လစ်လျူရှုသင့်တဲ့လူ မှန်ပေမဲ့  လူတစ်ယောက် ထိခိုက်ဒဏ်ရာ ရနေရင် လစ်လျူမရှုနိုင်တာက သူ့အားနည်းချက်ပေ ။

သူ့အသားကို လာထိတော့ ဘေးက လူကို ထယ်ယောင်းကြည့်လိုက်သည် ။ သူ့ဒူးကို စည်းပေးနေတုန်း လေနဲ့တောင် မှုတ်နေသေးသည်။ ပြီးတော့လည်း တစ်ဖက်သို့ ပြန်လှည့်သွားသည်။

" ဘာလုပ်တာလဲ ?"

ဒဏ်ရာရထားတဲ့ ခြေထောက်ကို ဂျီမင်ပေါင်ပေါ်မှာ တင်လိုက်သည်။

" အောက်ချထားရင် သွေးက ဆက်ထွက်နေတယ်လေ ၊ ကွေးလို့မရလို့ တင်လိုက်တာ ၊ ဘယ်လိုလုပ်မလဲ ကားက အဲလောက်မကျယ်ဘူးလေ "

ဂျီမင် နှုတ်ခမ်းကို ကိုက်လိုက်သည်။ စိတ်ကောင်းလေး ၀င်လာပြီဆိုရင် ကျိန်ဆဲရအောင်လုပ်သည်။ ဘယ်၀ဋ်ကြွေးလဲတော့ ဂျီမင်မသိပါ။  တစ်ပတ်လောက်ပဲ သည်းခံရတော့မည်။ နောက်ဆို ထပ်တွေ့စရာမရှိတော့ပါ ။




Zawgyi


ဘူေဂးရီးယားကေနျပန္တာ့ လမ္းေၾကာင္းမတူပဲ 'မကာအို'ကို တန္းသြား‌ေလသည္။ တရား၀င္ေလာင္းကစားေဆာ့လို႔ရတဲ့ နိုင္ငံမို႔ နိုင္ငံတကာက အေလာင္းအစားဝါသနာပါတဲ့ လူေတြလည္း  'မကာအို 'ကို လာၾကတာမ်ားေလသည္။ ဂ်ီမင္ေတာ့ ကင္မ္ထယ္ေယာင္းတို႔ ေနာက္ကိုသာ လိုက္ခဲ့ရတာ ဘယ္ေနရာ ၊ ဘာလုပ္မွန္းမသိပါ။  ေအာက္ထပ္ကေန အေပၚဆုံးထပ္ထိ လူေတြက ျပည့္ႏွက္ေနေလသည္။ မင္ဟိုေျပာတာေတာ့ ဒီေနရာက ေၾကးအႀကီးဆုံး ေလာင္းကစားေနရာတဲ့ ။ လက္ေဝွ႕ပြဲ ၊ နပန္းပြဲ ၊ ဖဲ စသည့္ နိုင္ငံတကာက ေလာင္းကစားဝိုင္းေတြ ပုံစံမ်ိဳးစုံ ရွိတဲ့ေနရာဆိုတာကို ဂ်ီမင္အခုမွ သိရေလသည္။

ဒီလိုေနရာမ်ိဳးကို အခ်ိတ္အဆက္နဲ႕ လာရမွန္းကိုအ၀င္တုန္းက မင္ဟိုကဒ္ျပတုန္းက သိလိုက္ရသည္။ သူတို႔ကို အသက္ ၃၀အ႐ြယ္ေလာက္ရွိတဲ့ လူတစ္ေယာက္က ေနရာကို လာျပေပးသည္။ Lite ကေနတက္လာေတာ့ ျမင္ေနရတဲ့ မိန္းခေလး နပန္းပြဲ ။တကယ္ကိုပဲ အေသသတ္ေနရတာလား ။ လူမည္းအမ်ိဳးသမီးလား ..အာဖရိကတိုက္ကလားမသိတဲ့ အမ်ိဳးသမီးသည္ မ်က္ႏွာတစ္ခုလုံး ဖူးေရာင္ၿပီး ေသြးေတြက ထြက္ေနေလသည္။ ထယ္ေယာင္းကေတာ့ ထိုသို႔ လိုက္မၾကည့္ေပ ။ လက္သာပိုက္ထားေလသည္။ မင္ဟိုကေတာ့ သူနဲ႕အလွမ္းကြာေပမဲ့ နပန္းပြဲကို ၾကည့္ေနေလသည္။ ပထမဆုံး မေရာက္ခင္ႏွစ္ထပ္မွာ အေပၚပိုင္းဗလာနဲ႕ ကေနတဲ့ ေကာင္မေလးေတြကို ေတြ႕လိုက္ရေတာ့ ဂ်ီမင္မ်က္ႏွာကို အေရွ႕သို႔ လွည့္လိုက္သည္။ ထိုအခါ ကင္မ္ထယ္ေယာင္းက သူ႕မ်က္ႏွာေရွ႕ကို လာရပ္သည္။

" ဒီေလာက္လွတဲ့ ျမင္ကြင္းကို "

ထယ္ေယာင္းက သူ႕အေရွ႕မွာ ရပ္ေနတာမို႔ လက္နဲ႕တြန္းဖယ္ေတာ့ ထယ္ေယာင္း မေ႐ြ႕

" ေယာကၤ်ားေလးခ်င္း စိတ္မ၀င္စားဘူးဆိုရင္ မိန္းခေလးကိုေတာ့ စိတ္၀င္စားရမွာေပါ့ "

Lite ထဲမွာေတာင္ ျပသာနာလာရွာေနေသးသည္။ မင္ဟို ကင္မ္ထယ္ေယာင္း လက္ေမာင္းကို ရိုက္လိုက္သည္။ သူတို႔ကို လိုက္ရွာေပးတဲ့ တ႐ုတ္လူမ်ိဳးကေတာ့ သူတို႔ကကိုးရီးယားလို ေျပာေနတာမို႔ ၾကည့္ယုံသာၾကည့္ၿပီး ျပန္လွည့္သြားသည္။

" မင္းလိုမ်ိဳးလူက လြဲရင္ အကုန္စိတ္၀င္စားတယ္ "

" Ohh..."

ဂ်ီမင္ရဲ႕အေျဖေၾကာင့္ ထယ္ေယာင္းအသံတစ္ခ်က္သာထြက္ၿပီး အေရွ႕သို႔ျပန္လွည့္သြားသည္။ ဂ်ီမင္တကယ္ပဲ ျပန္လည္မေျပာခ်င္သလို စကားလည္း လုံး၀လုံး၀ မေျပာခ်င္ပါ ။ ဒီကိုလာဖို႔ အစကထဲက မေျပာထားေပမဲ့ ကင္မ္ထယ္ေယာင္းက သူ႕သေဘာအတိုင္းပဲ ဒီေနရာကို ေရာက္ခ်လာတာ ။ ၿပီးေတာ့ ေခၚလာတာကလည္း ေလာင္းကစားေနရာ ။

အေပၚဆုံးထပ္ကိုေရာက္ေတာ့ အနီေရာင္အခန္းထဲသို႔ ဂ်ီမင္တို႔ ၀င္သြားရေလသည္။ အခန္းထဲ၌ ၆ဝိုင္းေလာက္သာ ရွိသည္။ သူတို႔ထိုင္မဲ့ဝိုင္းအထိကို ေအာက္ထပ္ကေန အေပၚဆုံးထပ္ထိ လိုက္ပို႔တဲ့လူသည္ ထြက္သြားေလသည္။ ခဏအၾကာ သူတို႔ေနရာကို ေကာင္မေလး သုံးေယာက္သူတို႔ၾကားမွာ လာထိုင္ေလသည္။ ဂ်ီမင္ကိုယ္ေလး က်ဳံသြားေလသည္။ ရင္သားတစ္၀က္ေလာက္ထိ‌ကို ေပၚေအာင္၀တ္ထားၿပီး တင္ပါးထိေပၚေနတဲ့ ေကာင္မေလးေတြ ၀တ္ထားတဲ့ အ၀တ္အစားေၾကာင့္ပင္ ျဖစ္သည္။ ကင္မ္ထယ္ေယာင္းကေတာ့ ဒီေနရာကို ခနခနလာဖူးပုံရသည္။ ေကာင္မေလးေလးေတြနဲ႕လည္း အကြၽမ္းတစ္၀င္ရွိေနေလသည္။ ေကာင္မေလးႏွစ္ေယာက္ကေတာ့ ကင္မ္ထယ္ေယာင္းနဲ႕ စကားေျပာေနသလို မင္ဟိုကလည္း က်န္တဲ့ေကာင္မေလးနဲ႕ စကားေျပာေနေလသည္။

ခဏအၾကာေတာ့ လူတစ္ေယာက္က အလယ္မွာ လာရပ္ေလသည္။ ၿပီးေတာ့ အေနာက္က ကြယ္ထားတဲ့ ကတၱီပါသားကို ဖယ္ခ်ေလသည္။ ေလးေထာင့္ဖန္သားနဲ႕လုပ္ထားတဲ့အထဲမွာ စိန္ပြင့္ေတြကို ဂ်ီမင္ေတြ႕ရေလသည္။ ေလလံပြဲပဲ ။ ေတာင္အာဖိရက ၊ ျမန္မာ ဆိုၿပီး ေရးထားတာ ။ ေတာင္အာဖိရကနဲ႕ ျမန္မာျပည္က စိန္ေတြပဲ သီးသန႔္ကို ျပတာ ။ ဒါဆို ျပည္မႀကီးကဘက္ကလူ‌ေတြ လာေရာင္းတာ ျဖစ္နိုင္သည္။ သူတို႔အေရွ႕ကို ဖန္ခြက္နဲ႕ ထည့္ထားတဲ့ အရက္ခြက္ ၆ခြက္သာ လာခ်ေပးေလသည္။

ဂ်ီမင္ ေလလံပြဲကိစၥနဲ႕ပတ္သက္ရင္ မသိတာမို႔ အခုနက လာခ်ေပးတဲ့ အရက္ထည့္ထားတဲ့ ဖန္ခြက္တစ္ခြက္ကို ယူ၍ ေသာက္လိုက္သည္။ စေသာက္ေသာက္ခ်င္းကေတာ့ ဂ်ီမင္တစ္မ်ိဳးခံစားရေလသည္။ သူဒီလိုအရက္မ်ိဳးမသာက္ဖူးပါ ။ ေတာ္ေတာ္ေလး ေသာက္လို႔ေကာင္းၿပီး လူကို ၿငိမ္ေစေလသည္။ ၿပီးေတာ့ ထပ္၍ ေသာက္ခ်င္သည္။ စိန္ေတြကို ေဈးဖြင့္တဲ့အခါ ဂ်ီမင္ၿငိမ္ၿငိမ္ေလး ျဖစ္ေနကာ နားေထာင္ေနမိေလသည္။ စိန္ေတြရဲ႕ေဈးေတြက သူတစ္သက္လုံးရွာလို႔ မရတဲ့ ေဈးအနအထားမွာရွိတဲ့ စိန္ေတြလည္း ရွိေလသည္။ ၆ဝိုင္းလုံးက သူ႕လူနဲ႕သူ လူျပည့္ေနေလသည္။ ကင္မ္ထယ္ေယာင္းေရာ ၀ယ္ေနလားဆိုၿပီး ၾကည့္ေတာ့လည္း ေကာင္မေလးႏွစ္ေယာက္ရဲ႕ ပုခုံး‌ေပၚမွာသာ လက္ႏွစ္ဖက္ရွိေနေလသည္။ ကင္မ္ထယ္ေယာင္းၾကားမွာ ညွပ္ထားတဲ့ေဆးလိပ္ဆီက အေငြ႕ကလည္း သူ႕ႏွာေခါင္းဆီသို႔ ခနခန၀င္လာေလသည္။ ဖန္ခြက္ထဲမွာ ထည့္ထားတဲ့ အရက္ေတြက ထူးဆန္းသည္။ ဘာေတြ ေရာထားတာလဲ ? ။

" ရား ..ပတ္ဂ်ီမင္ ဘယ္ႏွခြက္ေတာင္ ေသာက္လိုက္တာလဲ ?" 

ဂ်ီမင္လက္ထဲက ခြက္ကို မင္ဟိုဆြဲလုလိုက္သည္။ ထိုအခါ ကင္မ္ထယ္ေယာင္းကပါ ဂ်ီမင္ကိုၾကည့္လိုက္ ၊ ဖန္ခြက္ေတြကို ၾကည့္လိုက္နဲ႕ ။

" ေသာက္လို႔ မရဘူးလား ? "

ေမွးစင္းစင္းမ်က္လုံးေတြနဲ႕ မင္ဟိုကို ဂ်ီမင္ျပန္ေျဖေလသည္။ ကင္မ္ထယ္‌ေယာင္းကို ေကာင္မေလးေတြကိုျပန္လႊတ္လိုက္သည္။

" အမူးသမားလား ..ဘိန္းမွိန္း မွိန္းေနတဲ့လူေျပာရမလား ?"

ကင္မ္ထယ္ေယာင္းအေျပာေၾကာင့္ ဂ်ီမင္နည္းနည္းေတာ့ လန႔္သြားသည္။ 

" ဟင့္ .."

"Quaaludes ေတြထည့္ထားတာ ၊ တစ္ေယာက္တစ္ခြက္ပဲ ခ်ထားတာေလ ဂ်ီမင္ရယ္ ၊ ဘယ္ႏွယ္ေၾကာင့္ သုံးခြက္ေတာင္ ေသာက္လိုက္ရတာလဲ ?   " 

( Quaaludes က စိတ္ကိုၿငိမ္ေစတဲ့ မူးယစ္ေဆးဝါးတစ္မ်ိဳး )

ကင္မ္ထယ္ေယာင္းက ၾကည့္ယုံသာၾကည့္ၿပီး ဘာမွေတာ့မေျပာေခ် ။ ဂ်ီမင္ကေတာ့ ေသာက္ၿပီးသြားမွာ လန႔္ေနေလသည္။ ၿပီးေတာ့ ေခါင္းကို ေအာက္စိုက္ထားသည္ ။

" အႏၲရာယ္ရွိလား မင္ဟို "

" မရွိေတာ့ မရွိပါဘူး ၊ မင္းကို ကိုးရီးယားရဲေတြစစ္လို႔မိရင္ေတာ့ ေထာင္ထဲပဲ "

"....."

ေထာင္ထဲဆိုတဲ့စကားေၾကာင့္ ဂ်ီမင္ မ်က္ႏွာမဲ့သြားေလသည္။ ကင္မ္ထယ္ေယာင္းကေတာ့ ၿပဳံးသည္။ ဂ်ီမင္သည္ ကင္မ္ထယ္ေယာင္းဘက္ မ်က္ႏွာ လွည့္ရာမွာ အနားကိုတိုးၿပီး

" ဟိုတယ္ကို ျပန္ပို႔ေပး "

" က်ဳပ္ကလား ?"

ဂ်ီမင္ျမန္ျမန္ပဲ ေခါင္းကိုညိတ္သည္။ မ်က္ႏွာတစ္ခုလုံးနီရဲၿပီး ပုံစံေလးက သခင္အမိန႔္ေပးရင္ နာခံမဲ့ ပုံစံမ်ိဳး ျဖစ္ေနေလသည္။ ထပ္၍ ဂ်ီမင္က ကင္မ္ထယ္ေယာင္းရဲ႕ နားနားကိုကပ္ၿပီး ေလသံေဖ်ာ့ေဖ်ာ့ျဖင့္

" အိမ္ျပန္ခ်င္တယ္... အေဖ့ကိုေတြ႕ခ်င္တယ္ "

ေထာင္ထဲေရာက္သြားမယ္ ေျပာလိုက္မွ အိမ္ျပန္ခ်င္တယ္ ၊ အေဖ့ကိုေတြ႕ခ်င္တယ္ လုပ္ေနတဲ့လူကို ေစာင္းငဲ့ၾကည့္ေတာ့ သူ႕ပါးဆီသို႔ ႏွာေခါင္းထိပ္ျဖင့္ ရစ္သီရစ္သီ လုပ္ေနေလသည္။ မူးရင္ လြတ္တဲ့လူပဲ ။

" ဘာလို႔ က်ဳပ္ကခင္ဗ်ားေျပာတာကို လုပ္ေပးရမွာလဲ..ခင္ဗ်ားေၾကာင့္ ေကာင္မေလးေတြ ထြက္သြားခိုင္းလိုက္ရတယ္ ၊ ၿပီးေတာ့ က်ဳပ္ႏႈတ္ခမ္းကို ေပါက္ေအာင္ ကိုက္ထားတာလည္း ေက်နပ္ေသးတာ မဟုတ္ဘူး "

ပတ္ဂ်ီမင္ရန္ၿပိဳင္မျဖစ္နိုင္တဲ့ အခ်ိန္သည္ အရက္မူးတဲ့ အခ်ိန္ဆိုတာကို ထယ္ေယာင္းသိလိုက္သည္။ သူ႕ေပါင္ကို လက္ႏွစ္ဖက္နဲ႕ လာေထာက္ၿပီး သူ႕ႏႈတ္ခမ္းနားကို ကပ္လာၿပီး

" ျပန္နမ္းေပးရင္ ေက်မယ္မလား ?"

" ဟာ့ ..."

ကင္မ္ထယ္ေယာင္းျပန္ေျပာဖို႔ေတာင္ ဆြံ႕အသြားသည္။ သူမျမင္ဖူးတဲ့ ပတ္ဂ်ီမင္ရဲ႕အျခားတစ္ဖက္က လန႔္စရာေကာင္းသည္။ 

" က်ဳပ္ကိုမဟုတ္ပဲ မင္ဟိုကို နမ္းၾကည့္ "

" ရား ..ကင္မ္ထယ္ေယာင္း မင္း႐ူးေနလား ?"

" အင္း ..ၿပီးရင္ ေပးျပန္မယ္ မလား ?"

" အင္း ."

မင္ဟိုက ေခါင္းကိုခါရင္

" ပတ္ဂ်ီမင္ ကြၽန္ေတာ့္မွာ ရည္းစားရွိတယ္ ဒါမ်ိဳးလုပ္လို႔မရဘူး "

ထယ္ေယာင္းကေတာ့ ဘာမွမေျပာပဲ ပတ္ဂ်ီမင္ရဲ႕ လႈပ္ရွားမႈကိုသာ ၾကည့္သည္။ ပတ္ဂ်ီမင္သည္ ထိုင္ေနရာက ထရပ္ကာ မင္ဟိုထိုင္‌တဲ့ေနရာဆီကိုသြားေတာ့

" ကင္မ္ထယ္ေယာင္း...မင္းတားေလ ..အမူးေျပရင္ အထိုးခံရမဲ့ အေပါက္ " 

မင္ဟိုဆီကို လွမ္းမဲ့ ေျခလွမ္းေတြ စတင္ေတာ့ ထယ္ေယာင္း ထိုင္ေနရက္ပဲ ပတ္ဂ်ီမင္ရဲ႕ ခါးကေန ကိုင္ကာ သူ႕ေပါင္ေပၚေရာက္ေအာင္ ေပးထိုင္ေစလိုက္သည္ ။ ျပန္ရဖို႔အေရး ဘာျဖစ္ျဖစ္ လုပ္မဲ့ပုံပဲ ။ Quaaludes ပဲထည့္တယ္ဆိုတာ ေသခ်ာရဲ႕လား ? ။

" မူးရင္ ေတြ႕ကရာေကာင္ေတြက ဘာျဖစ္ျဖစ္လုပ္ခိုင္းရင္ ဘာျဖစ္ျဖစ္လုပ္မဲ့ပုံပဲ "

ကင္မ္ထယ္ေယာင္းရဲ႕ ေပါင္ေပၚမွာ ထိုင္ေနတာမို႔ ဂ်ီမင္ကိုယ္က အနည္းငယ္ျမင့္ေနေပမဲ့ မ်က္ႏွာကို ငုံ႕ကိုင္းၿပီး ကင္မ္ထယ္ေယာင္းရဲ႕ ပါးႏွစ္ဖက္ကို ကိုင္လိုက္သည္။ ၿပီးေတာ့ ႏႈတ္ခမ္းကို ဖိကပ္လိုက္သည္။ မင္ဟိုကေတာ့ အံ့ဩမင္သက္ေနေလသည္။ ေနပါအုန္း ၊ ဒီႏွစ္ေယာက္က ဘာေတြလဲ ၊ မင္ဟို မေသာက္ရေသးပဲ မူးခ်င္သလိုလို ျဖစ္လာေလသည္ ။

" နမ္းတာ မဟုတ္ပဲ အျခားဟာဆိုရင္ေရာ "

ကင္မ္ထယ္ေယာင္းပါးကိုကိုင္ထားတဲ့ ဂ်ီမင္လက္ကို ဆြဲျဖဳတ္လိုက္သည္။ ၿပီးေတာ့ ကင္မ္ထယ္ေယာင္းလက္က ဂ်ီမင္ရဲ႕ရင္ဘတ္ကေနဆင္းသြားၿပီး အကၤ်ီစကို အနည္းငယ္ပင့္လိုက္ၿပီး ဗိုက္သားကိုညာဘက္ လက္ညိုးတစ္ေခ်ာင္းနဲ႕ ပြတ္ဆြဲရင္

" ဟင့္ ..."

ထိုလူရဲ႕အေျဖက ဘာလဲ ? ။ ဒီလူမူးရင္ ဘယ္အေနအထားထိကို ေရာက္မလဲ ? ။ စိတ္၀င္စားရာပဲ။

" နမ္းၿပီးၿပီး ပို႔ေပး "

လက္ေခ်ာင္းၾကားက ေဆးလိပ္ကို ဖြာလိုက္ရင္ သူ႕ကိုယ္ေပၚမွာ ထိုင္ေနတဲ့လူရဲ႕ ေခါင္းေနာက္ကို ကိုင္ကာ ႏႈတ္ခမ္းကို ဖိကပ္နမ္းလိုက္ရင္ ေဆးလိပ္ေငြ႕ေတြကို ပါးစပ္ထဲ ထည့္ေပးလိုက္ေတာ့ ေခ်ာင္းဆိုးေတာ့ေလသည္။

" အဟြတ္ ..အဟြတ္ ..."

" မူးမူးနဲ႕ "

  

ေဘးနားက ဆိုဖာဆီသို႔ ထယ္ေယာင္းျပန္တြန္းပို႔လိုက္သည္။ ထယ္ေယာင္း တြန္းပို႔လိုက္တဲ့အတိုင္း ဂ်ီမင္ ၿငိမ္ၿငိမ္ေလး ထိုေနရာမွာ ထိုင္ေနေလသည္။ မင္ဟိုလည္းမေနသာေတာ့ပဲ ႏွစ္ေယာက္ၾကားမွာ ၀င္ထိုင္ရင္း

" ကင္မ္ထယ္ေယာင္း မဟုတ္တာေတြ လုပ္မေနနဲ႕ ၊ ဒါမ်ိဳးစမယ္ဆိုရင္ ငါလည္း ခြင့္မျပဳဘူး "

မင္ဟိုေျပာတာလည္း ထယ္ေယာင္း ဂ႐ုမစိုက္ပါ ။ ေလလံပြဲကိုပဲ ျပန္အာ႐ုံစိုက္လိုက္ေလသည္။ ေလလံပြဲ မၿပီးမခ်င္း ျပန္လို႔မရေပ ။

......

ဟိုတယ္မွာ အခန္းကို သန႔္ရွင္းေရး လာလုပ္ေပးရင္ သူ႕ကို အျပင္မွာ " မနက္စာ လာစားပါ " ဟူ၍ မွာလာေသာေၾကာင့္ အခန္းျပင္ကို ထြက္ခဲ့ရေလသည္။ ညကလည္း ဒီကို ဘယ္လိုျပန္ေရာက္လဲ ဆိုတာကို သူမသိေတာ့ပါ ။ ဆိုဂ်ဳဆိုရင္ ဘယ္ေလာက္ ေသာက္ေသာက္ ဘာမွမျဖစ္ေပမဲ့ မေန႕က အရက္ေတြက်ေတာ့ သူဒီကို ဘယ္လိုျပန္ေရာက္ဆိုတာေတာင္ မသိတဲ့အျဖစ္ ။

" နိုးၿပီးလား ဂ်ီမင္ "

" အင္း .."

မင္ဟိုကိုေတြ႕ေတာ့  ဝိုင္းမွာ ၀င္ထိုင္လိုက္ေလသည္။ မင္ဟိုက စားစရာကို အဆင္သင့္မွာထားေပးေလသည္။ ထယ္ေယာင္းကိုေတာ့ မေတြ႕ပါ ။

"  ညက အေၾကာင္းေရာသိလား ?"

" ဟမ္..."

ညက အေၾကာင္း ။

" အမွန္အတိုင္း ေျပာရရင္ ငါမမွတ္မိဘူးမင္ဟို ၊ ျပသာနာ ရွာမိေသးလား ?"

" ကြၽန္ေတာ့္ကိုေတာ့ မဟုတ္ပါဘူး ၊ ကင္မ္ထယ္ေယာင္းကို ေမးၾကည့္ "

" သူ႕ကို "

" ဟုတ္တယ္ ကင္မ္ထယ္ေယာင္းကို "

ကင္မ္ထယ္ေယာင္းကို သူျပသာနာရွာလိုက္မိတာလား ? ။ ဘာျပသာနာေတြ ရွာလိုက္မိတာပါလိမ့္ ? ။ မေက်နပ္ခ်က္ေတြနဲ႕ ထိုးလိုက္မိေသးလား ? ။ ဒါမွမဟုတ္ ဆဲလိုက္မိတာလား ? ။ အား ..မသိေတာ့ဘူး ။ ေနာက္ကိစၥ ေနာက္ရွင္းပဲ။ 

" ဟိုမွာ လာၿပီး "

ေကာင္မေလးတစ္ေယာက္နဲ႕ အတူယွဥ္တြဲက လာေနတဲ့ ကင္မ္ထယ္ေယာင္း ။ စကားတစ္ေျပာေျပာနဲ႕ လာေလသည္။ ညက ကိစၥ ျပသာနာရွာရင္ ဘယ္လိုလုပ္မလဲ ? ။

မင္ဟိုက ဂ်ီမင္ဘက္မွာ လာထိုင္သည္။ ကင္မ္ထယ္ေယာင္းနဲ႕ ကင္မ္ထယ္ေယာင္းနဲ႕အတူ ပါလာတဲ့ ေကာင္မေလးအတြက္  ေနရာဖယ္ေပးလိုက္တာျဖစ္သည္ ။

" Mail ပို႔ရင္လည္း ၀င္ၾကည့္ပါအုန္း ကင္မ္ရယ္ ..ဒို႔ကို အဖက္မလုပ္ေတာ့သလိုပဲ "

" ကိုယ္မအားလို႔ပါ ၊ ကိုယ္အလုပ္၀င္ရင္ေတာ့  မင္းလာမယ္မလား ?"

" ဒါေပါ့ ၊ ဒို႔ပါ အလုပ္၀င္လိုက္မယ္ ၊ အတြင္းေရးမႉးေနရာကို ဒို႔ကိုေပးမယ္မလား "

" ဒါေတာ့ ကိုယ္နဲ႕မဆိုင္ဘူး ၊ မင္းရဲ႕အရည္အခ်င္းေပၚမွာပဲ မူတည္တယ္ "

မင္ဟိုနဲ႕ဂ်ီမင္က ကင္မ္ထယ္ေယာင္းတို႔နဲ႕ သီးသန႔္ျဖစ္ ေနေလသည္။ မင္ဟိုကမ္းေပးတဲ့ သံသရာ‌ရည္ကို အရင္ေသာက္လိုက္မိသည္။ မင္ဟိုနဲ႕ ကင္မ္ထယ္ေယာင္းက အက်င့္စရိုက္မတူၾကတာကို ဘယ္လို သူငယ္ခ်င္းေတြ ျဖစ္ေနလဲမသိပါ ။ မင္ဟိုကို ကင္မ္ထယ္ေယာင္းက ခ်ိန္းေခ်ာက္ၿပီး သူငယ္ခ်င္းလုပ္ခိုင္းတာမ်ားလား ? ။။

" သူက ကင္မ္ထယ္ေယာင္းရဲ႕ အီစီကလီေလ ၊ မြန္ဂိုေယာင္းလို႔ ေခၚတယ္ ၊ ကိုးရီးယားနဲ႕ ထိုင္၀မ္စပ္ထားတာ ၊ မကာအိုမွာ အခုေနေနတာ "

" မသိခ်င္ပါဘူး "

ဘာလို႔ သူ႕ကိုလာေျပာနတာပါလိမ့္ ? ။ ကင္မ္ထယ္ေယာင္း‌တြဲသမွ် လူေတြကိုသာ လိုက္မွတ္ရမယ္ဆိုရင္
သူ႕ IQ 200 အထက္ရွိမွာပဲ ရမည္ျဖစ္သည္။

" ဒါဆို ဒို႔အရင္ျပန္လိုက္မယ္ေနာ္ ကင္မ္ "

ထယ္ေယာင္းက ေခါင္းညိတ္လိုက္ေတာ့ သူမက ထယ္ေယာင္းရဲ႕ပါးကို နမ္းၿပီး ထြက္သြားေလသည္။ သူမထြက္သြားေတာ့ ကင္မ္ထယ္ေယာင္းက ဂ်ီမင္ရဲ႕ သံပုရာရည္ကို ယူေသာက္ၿပီး

" ဟိုအမူးသမား ဒီေန႕ျပန္မယ္ "

ေျပာကာ ထထြက္သြားေလသည္။ ထိုအခါ မင္ဟိုက ဂ်ီမင္ဆီကို လက္ညိုးထိုးၿပီး

" မင္းကို ေျပာသြားတာပဲ "

" သိတယ္ "

သူ႕ကိုၾကည့္ၿပီး ေျပာသြားတာ သူမသိပဲေနမလား ? ။  ညက ကိစၥေတာ့ ကင္မ္ထယ္ေယာင္းက ဘာမွမေျပာေပ ။ ဒါဆို ႀကီးႀကီးမားမား သူျပသာနာ မရွာမိဘူး ထင္ပါရက္ ... ။

....

" ဟိုမွာ ေပ်ာ္ခဲ့ရဲ႕လား ဂ်ီမင္ "

ဆိုးလ္ၿမိဳ႕ကို ျပန္ေရာက္ေတာ့လည္း ေဆာဂြၽန္အြန္းက ညစာ စားဖို႔ခ်ိန္းေလသည္။ အထက္တန္းကေက်ာင္းက သူငယ္ခ်င္းမို႔ အားနာတာနဲ႕ ေနာက္ေန႕ပဲ သြားေတြ႕လိုက္မိသည္။ ေဆာဂြၽန္အြန္းက အလုပ္မွာ ဌာနာမႉးမို႔ လစာကေတာ့ ေကာင္းမွာ ေသခ်ာေလသည္။ အခုလို အထပ္ျမင့္ ရႈခင္းေကာင္းတဲ့ စားေသာက္ဆိုင္ကို ‌လာဖို႔ ေခၚတာ ။

" ဒီလိုပါပဲ .."

" ငါမင္းကိုေျပာစရာရွိလို႔ "

" အင္း ေျပာေလ "

ေဆာဂြၽန္မွာထားေပးတဲ့ "Patbingsu " ေရခဲမုန႔္ကို အရင္စားလိုက္ၿပီး တူကိုကိုင္ကာ နံ႕ရိုးကင္ကို ႏွစ္လုတ္ ၊သုံးလုတ္ အရင္စားလိုက္မိသည္။ ပဲနို႔ေခါက္ဆြဲကို အနည္းငယ္လာက္သာစားၿပီး ရပ္လိုက္ၿပီး

" ငါမင္းကို သေဘာက်ေနတယ္ ဆိုတာကို သိတယ္မလား ?"

" ဟမ္ ..."

" ဟယ္ဆန္းမွာအတူက်ာင္းတက္တုန္းက ငါမင္းကို သေဘာက်ခဲ့တာေလ "

ေဆာဂြၽန္အြန္းထိုသို႔ေျပာတာ့ ဂ်ီမင္ ေခါင္းခဲသြားသည္။ ေဆာဂြၽန္အြန္း အထက္တန္းတုန္းက သူ႕ကို " သေဘာက်တယ္ " ဆိုၿပီး ေျပာတုန္းက စ, တယ္ထင္ေနခဲ့တာ ။

"  ေဆာဂြၽန္အြန္း .."

" ငါမင္းကို လိုက္လို႔ရမလား ?"

" ငါ့ကိုေတြ႕ခ်င္တယ္ဆိုတာက ဒီစကားေျပာမလို႔လား ?"

သူ႕ဆီက အခုခ်ိန္ထိ အခ်စ္ဆိုတာ မရွိပါ ။ ေဆာဂြၽန္အြန္းမွ မဟုတ္ဘူး ၊  ဘယ္သူ႕အေပၚကိုမွ ခံစားခ်က္ေတြ မထားေနတာ ။ သူအလုပ္လုပ္ရအုံးမယ္ ။ ဒီကိစၥက အရင္သူ႕ရဲ႕  နံပါတ္ ၁ ဦးစားေပး ျဖစ္ေလသည္။

" ဂ်ီမင္ .."

" အားနာေပမဲ့ ငါအခု အဲ့ကိစၥကို မစဥ္းစားနိုင္ေသးဘူး ၊ မင္းကိုေတာ့ အားနာပါတယ္ "

ဂ်ီမင္ေျပာေတာ့ ေဆာဂြၽန္အြန္း ေခါင္းငိုက္စိုက္သြားေလသည္။ ခနအၾကာေတာ့

" သူငယ္ခ်င္းအေနနဲ႕ဆိုရင္ေတာ့ ေတြ႕လို႔ရတယ္ မလား ဂ်ီမင္ "

" ရတာေပါ့ ၊ တစ္ၿမိဳ႕ထဲသားခ်င္းေတြပဲ ၊ အကူအညီလိုတာရွိရင္ ဖုန္းဆက္ၿပီးသာေတာင္း "

ထိုအခါ ေဆာဂြၽန္အြန္းရဲ႕ ျပန္ၿပဳံးသြားၿပီး အလုပ္က အေၾကာင္းကို ႏွစ္ေယာက္သား ေျပာျဖစ္ၾကေလသည္။ ဂ်ီမင္ စဥ္းစားလိုက္သည္။ ေဆာဂြၽန္အြန္းက ရမ္းကားတဲ့ လူမဟုတ္သလို ၊ ဆိုးသြမ္းတဲ့လူလည္း မဟုတ္ေခ်။ ရည္မြန္ၿပီး အလုပ္ကို ဟိုအရင္ကထဲက ႀကိဳးစားတဲ့လူ ျဖစ္သည္။ အထက္တန္းေက်ာင္းအတူတက္တဲ့တစ္ေလွ်ာက္လုံး သူ႕အေပၚလည္း အရမ္းေကာင္းခဲ့သူျဖစ္ေလသည္။

အခ်ိန္ေတာ္ေတာ္ၾကာ စကားေျပာၿပီးေတာ့ ျပန္ေတာ့မလိုလုပ္ၾကေတာ့ ေဆာဂြၽန္အြန္းက

"  ငါလိုက္ပို႔ေပးမယ္ေလ "

" ေနပါေစ ..အိမ္နဲ႕နီးနီးေလးပဲ ၊ မင္းသာ ေဝးေနတာ ၊ ေကာင္ေကာင္းျပန္ "

ေဆာဂြၽန္အြန္းက ျပန္ပို႔ေပးဖို႔ထပ္ခါထပ္ခါေျပာေနေပမဲ့ ဂ်ီမင္က ျငင္းနိုင္တာၾကာင့္ ေဆာဂြၽန္အြန္း လက္ေလွ်ာ့သြားေလသည္။

အိမ္နဲ႕ စားေသာက္ဆိုင္နဲ႕က လမ္းေလွ်ာက္ရင္ နာရီ၀က္ေလာက္သာ ေဝးတာမို႔ က်န္းမာေရးနဲ႕ညီေအာင္ လမ္းကိုသာ ေလွ်ာက္၍ ျပန္လာမိသည္။  ဆိုးလ္ၿမိဳ႕ကေတာ့ ညနက္လာၿပီးျဖစ္တာေတာင္ စည္ကားေနဆဲပဲ ။ 

မီးပြိုင့္ျဖတ္မဲ့ေနရာကိုသြားမလို႔လုပ္ေတာ့ သူ႕ေရွ႕မွာ ကားတစ္စင္းလာရပ္သည္။ ထိုကားက  အိမ္က ကား ။  ကားမွန္ကို ခ်လိဳက္ေတာ့

" ပတ္ဂ်ီမင္ .."

ကားေပၚကေန မင္ဟိုက ေအာ္ေခၚေပမဲ့ ဂ်ီမင္က တစ္ကိုယ္တည္းၾကားယုံေလး ႏႈတ္ခမ္းလႈပ္ကာ

" မင္ဟို "

" ျပန္မလို႔လား ?"

" အင္း ဟုတ္တယ္ "

" လိုက္ခဲ့ေလ ၊ ကြၽန္တာ္လည္း အဲ့အိမ္ကိုပဲ သြားမွာ "

ကားမွန္ခ်ထားတာမို႔ အေနာက္မွာ ကင္မ္ထယ္ေယာင္းပါလာတာကိုပါ ျမင္ရေလသည္။ ကင္မ္ထယ္ေယာင္းက ကားေပၚမွာ အိပ္ေပ်ာ္ေနတာပဲ ။

" မလိုက္ေတာ့ဘူး "

" လိုက္ခဲ့ပါ ၊ တစ္ေယာက္ထဲမလား ?"

မင္ဟိုက ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႕ ေခၚေနေပမဲ့ ကင္မ္ထယ္ေယာင္းက ကားမွန္အျပင္ဘက္ကို ၾကည့္ကာ တစ္စုံတစ္ရာကို ေတြးမိေနပုံရသည္။

" ရတယ္ မလိုက္ေတာ့ဘူး "

ေနာက္ခန္းက ကားတံခါးကို ကင္မ္ထယ္ေယာင္း တြန္းဖြင့္လိုက္သည္။

" လိုက္ခဲ့ ..ေျပာစရာရွိတယ္ "

ကင္မ္ထယ္ေယာင္းရဲ႕ အၾကည့္ေတြက သူသာမလိုက္သြားရင္ သူ႕ကို ဒီေနရာမွာတင္ အရွက္ခြဲမဲ့ပုံ ။ ဟိုတစ္ခါက ေက်ာင္းက စာၾကည့္ခန္းထဲမွာ သူ႕ေရွ႕မွာပင္ ေက်ာင္းသားတစ္ေယာက္ကို ထိုးလိုက္တာ ။ ထိုအခ်ိန္တုန္းက ကင္မ္ထယ္ေယာင္းရဲ႕မ်က္လုံးထဲမွာ သားရဲတစ္ေကာင္လို သတ္ခ်င္ျဖတ္ခ်င္ေနတာကို သူေတြ႕လိုက္ရေလသည္။

ကားေနာက္ခန္းကေန လိုက္သြားရင္ ေဘးနားထိုင္ေနတဲ့လူကို မၾကည့္ေတာ့ ဖုန္းကို ပြတ္မိသည္။

" ထယ္ေယာင္းရလား ?"

" က်စ္ ..မေသဘူး "

ထိုအခါမွ ဂ်ီမင္ ကင္မ္ထယ္ေယာင္းကိုၾကည့္လိုက္သည္။ အျပင္ခံ လည္သာအနက္ေရာင္ကို ၀တ္ထားတာမို႔ အေပၚပိုင္းဘာျဖသ္လဲဆိုတာကိုေတာ့မေတြ႕ရပဲ ဒူးနားကေဘာင္းဘီစကေတာ့ ဆုတ္ျပတ္သတ္ေနေလသည္။ ေသြးေတြက ေျခာက္ေနသလို ၊ ဆက္ၿပီးလည္း ေသြးက ထြက္ေနေလသည္။  သူ႕ေဆာင္ထားတက္တဲ့ ပုဝါေလးကို ထုတ္လိုက္ၿပီး

" ေျခေထာက္ေပး "

" လာမရႈပ္နဲ႕ .."

ကင္မ္ထယ္ေယာင္းေတာ္ေတာ္စိတ္ညစ္ေနပုံရသည္။ ၾကည့္ရတာ ရန္ျဖစ္လာတာနဲ႕မတူပါ ။ ဆိုင္ကယ္ေမာင္းေနတာမို႔ ဆိုင္ကယ္ေမွာက္တာပဲ ေနမွာ ။ ဂ်ီမင္ ထယ္ေယာင္းနားကို တိုးသြားၿပီး ဒူးေနရာကို စည္းေပးလိုက္သည္။
လစ္လ်ဴရႈသင့္တဲ့လူ မွန္ေပမဲ့  လူတစ္ေယာက္ ထိခိုက္ဒဏ္ရာ ရေနရင္ လစ္လ်ဴမရႈနိုင္တာက သူ႕အားနည္းခ်က္ေပ ။

သူ႕အသားကို လာထိေတာ့ ေဘးက လူကို ထယ္ေယာင္းၾကည့္လိုက္သည္ ။ သူ႕ဒူးကို စည္းေပးေနတုန္း ေလနဲ႕ေတာင္ မႈတ္ေနေသးသည္။ ၿပီးေတာ့လည္း တစ္ဖက္သို႔ ျပန္လွည့္သြားသည္။

" ဘာလုပ္တာလဲ ?"

ဒဏ္ရာရထားတဲ့ ေျခေထာက္ကို ဂ်ီမင္ေပါင္ေပၚမွာ တင္လိုက္သည္။

" ေအာက္ခ်ထားရင္ ေသြးက ဆက္ထြက္ေနတယ္ေလ ၊ ေကြးလို႔မရလို႔ တင္လိုက္တာ ၊ ဘယ္လိုလုပ္မလဲ ကားက အဲေလာက္မက်ယ္ဘူးေလ "

ဂ်ီမင္ ႏႈတ္ခမ္းကို ကိုက္လိုက္သည္။ စိတ္ေကာင္းေလး ၀င္လာၿပီဆိုရင္ က်ိန္ဆဲရေအာင္လုပ္သည္။ ဘယ္၀ဋ္ေႂကြးလဲေတာ့ ဂ်ီမင္မသိပါ။  တစ္ပတ္ေလာက္ပဲ သည္းခံရေတာ့မည္။ ေနာက္ဆို ထပ္ေတြ႕စရာမရွိေတာ့ပါ ။

Continue Reading

You'll Also Like

1M 40.1K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
515K 14.7K 107
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
875K 19.9K 48
In wich a one night stand turns out to be a lot more than that.
178K 3.7K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...