နောက်တစ်နေ့
သွေးသစ်တို့သားအဖdutyပြီးသွားတော့အိမ်ပြန်ဖို့ဟိုတယ်ထဲကထွက်လာကြသည်။အပေါက်ဝရောက်တော့အဖြူရောင်တီရှပ်ကိုအပေါ်ကမီးခိုးနဲ့အဖြူကွက်ကျားချည်ထည်လက်ရှည်ထပ်ဝတ်ထားကာအောက်ကဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်ထားပြီးကားကိုမှီကာရပ်နေတဲ့ကွန်းကိုတွေ့လိုက်ရသည်။သွေးသစ်ကွန်းကိုစိုက်ကြည့်နေမိသည်။အရင်ကလဲဒီလိုပုံတစ်ခါတလေမြင်ဖူးပါရဲ့နဲ့မျက်လုံးကအကျင့်မကောင်းစွာထပ်ပြီးစိုက်ကြည့်နေမိပြန်သည်။
"ဦးဦး"
"ဗျာ့...သမီးလေးတို့ကပြန်တော့မလို့လား"
"ဟုတ်ဦးဦး ကြန်တော့မှာ"
"ဒါဆိုဦးဦးလိုက်ပို့မယ်"
"ဟင် တကယ်ယားဦးဦး"
"ဒါပေါ့ သမီးအဖေပါခေါ်လိုက်ပါဦး ဦးကိုစိုက်ကြည့်နေရတာညောင်းနေတော့မယ်"
ပယင်းသွေးသစ်တို့အပြင်ထွက်လာတော့သူ့ကိုမြင်ကတည်းကပယင်းသွေးသစ်စိုက်ကြည့်နေမှန်းသိတာနဲ့ပြောလိုက်သည်။ထိုအခါမှရှက်ရမ်းရမ်းပြီး
"အဟမ်း!! မလိုက်ဘူး မလိုက်ရဘူးသမီးငယ် ဖေဖေတို့ကိုယ့်ဘာသာပြန်မယ်လာ"
"ဖေဖေကယဲ ရှိုင်ကယ်ကဦးကြီးကိုပေးယိုက်တာကိုအိမ်ကယဲဝေးကြီးမီးမီးညောင်းတယ်ဖေဖေရဲ့"
"ညောင်းရင်ဖေဖေချီမယ် လာ"
"ခင်ဗျားဘယ်လိုဖြစ်နေတာလဲပယင်းသွေးသစ် ကလေးကလိုက်ချင်နေတာကို လာ သမီးလေးတက်"
"မတက်ရဘူး မင်းငါတို့သားအဖနဲ့လာမပတ်သက်နဲ့ကွန်း"
"ဖေဖေတို့နှစ်ယောက်ကထော်ဘူးယားဟင်"
"ဟင်"
သွေးသစ်သမီးပြောတဲ့စကားကိုသဘောမပေါက်လို့ပြန်မေးမိသည်။
"ဖေဖေနဲ့ဦးဦးနဲ့ကတူငယ်ချင်းတွေရှို ထော်ကြဘူးယားယို့"
"မဟုတ်ပါဘူး ဖေဖေတို့ကသိတောင်မသိဘူး လာအိမ်ပြန်ကြစို့ ဦးကြီးဖို့ဟင်းချက်ရဦးမှာ သွားရအောင်"
ဆိုကာသွားဖို့ပြင်နေစဉ်လက်မောင်းကနေဆွဲတာခံလိုက်ရသည်။
"ပယင်းသွေးသစ်ခင်ဗျားခေါင်းမာတာခုထိမလျှော့သေးဘူးပဲ ကျုပ်ကိုမုန်းနေရင်တောင်ခင်ဗျားသမီးမျက်နှာထောက်ဦး ဟိုမှာပြန်ချင်ပုံမရဘူး"
ဆိုကာသမီးငယ်ကိုလက်ညှိုးထိုးကာပြောတော့မျက်နှာလေးကမအီမလည်ဖြစ်နေသည်။
"လာ တက် ငြင်းမနေနဲ့တော့"
ဆိုကာကားပေါ်ဆွဲခေါ်လေသည်။သွေးသစ်လဲကားပေါ်တက်ထိုင်ပြီးသမီးကိုသူ့ပေါင်ပေါ်မှာတင်လိုက်သည်။ကွန်းလဲကားပေါ်ရောက်တော့အမရာ့ကိုဆွဲခေါ်လိုက်တော့သွေးသစ်ကပြန်ဆွဲထားသည်။
"မင်းဘာလုပ်တာလဲငါ့သမီးကို"
"ခလေးကိုဒီတိုင်းထိုင်ခိုင်းထားမလို့လား နောက်မှာသူ့အတွက်safety seatရှိတယ်ခင်ဗျားပေါ်ထိုင်ခိုင်းရင်အန္တရာယ်များမယ် ပေး"
ရှင်းပြလိုက်ခါမှကလေးကိုပေးသည်။ဟုတ်သားပဲသူကွန်းကိုစိတ်တိုပြီးဒါကိုမေ့သွားသည်။ကွန်းလဲပွေ့ချီလိုက်ပြီးအနောက်မှာပြောင်းထိုင်ခိုင်းကာသေချာလုပ်ပေးလိုက်ပြီးအရှေ့ပြန်လာလိုက်သည်။ပြီးတော့သွေးသစ်မျက်နှာနားကပ်လာတော့သွေးသစ်အကြောက်ကြောက်အလန့်လန့်နဲ့နောက်ဆုတ်မိသည်။
"မင်း!! ဘာလုပ်တာလဲနောက်မှာကလေးရှိတယ်"
"ကျစ်!! ခင်ဗျားဘာတွေပြောနေတာလဲဒီမှာခင်ဗျားseat beltတပ်မထားလို့တပ်ပေးမလို့လုပ်နေတာ"
"ဖယ်!! ငါ့ဘာငါလုပ်မယ်"
ဆိုကာရှက်ရမ်းရမ်းပြီးကွန်းကိုတွန်းထုတ်ကာသူ့ဘာသူတပ်နေသည်။ကွန်းလဲတစ်ချက်ပြုံးလိုက်ပြီးကားကိုစက်နှိုးလိုက်တော့သည်။အိမ်ရောက်သွားတော့သွေးသစ်ကကားပေါ်ကဆင်းလိုက်ပြီးအမရာလေးကိုခေါ်ကာအိမ်ထဲဝင်သွားသည်။အပေါက်ဝနားရောက်တော့ကွန်းကလှမ်းအော်လိုက်သည်။
"ခင်ဗျားကိုလိုက်ပို့ပေးတဲ့လူကိုအိမ်ထဲတောင်မခေါ်တော့ဘူးလား"
သွေးသစ်မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်ကာ
"မင်းကိုဘယ်သူကလိုက်ပို့ခိုင်းနေလို့လဲ မင်းဘာမင်းအတင်းလိုက်ပို့တာလေအိမ်ထဲခေါ်စရာအကြောင်းတစ်စက်မှမရှိဘူးကွန်းအသင်္ချေ"
ကွန်းကိုရန်လှည့်တွေပြီးအိမ်ထဲပြန်ဝင်သွားလေသည်။ကွန်းသဘောတကျပြုံးလိုက်ရင်း
"အသက်ကြီးလာတာတောင်အခုထိစွာနေတုန်းပဲ ဘယ်လိုလေးလဲပယင်းသွေးသစ်ရာ"
ကွန်းလဲရုံးကိုပြန်သွားလိုက်သည်။ကွန်းဟိုတယ်မှာဆောက်မယ့်ပုံစံတွေကိုကြည့်လိုက်ပြင်လိုက်လုပ်နေစဉ်ဖုန်းဝင်လာတာနဲ့ကြည့်လိုက်တော့ဟိန်းမြတ်ဖြစ်နေသည်။
"ပြော ခွေးသား"
"ဟ! ဟေ့ကောင်!! မင်းဘလိုင်းကြီးနော်"
"မင်းငါ့ကိုလျှိုထားတာတွေအများကြီးပဲ ပယင်းမှာသမီးရှိတာငါ့ကိုတစ်ခွန်းမှမပြောဘူး"
"ပြောဖို့တန်လို့လားမင်းက"
"ငါကဘာဖြစ်နေလို့လဲ"
"ကိုယ့်ဘာကိုယ်သိလေမင်း နေဦးကွာငါဖုန်းဆက်တဲ့လိုရင်းပျောက်တယ် ငါမနက်ဖြန်ပုဂံပြန်လာမလို့"
"ဟုတ်လား ငါလာကြိုမယ်လေ"
"အေးမင်းပဲလာကြိုရမှာ ကိုကိုကခရီးသွားနေတာနောက်တစ်ပတ်မှပြန်လာရမှာ"
"ဪအေး အဲတာကြောင့်ငါကိုသူခန့်ကိုမမြင်မိတာကိုး"
"အေး ရောက်ရင်ဖုန်းဆက်လိုက်မယ်မင်းအားတယ်မလား"
"အားပါတယ်ကွ မအားလဲအားရမှာပေါ့"
"ဟဲဟဲ အဲ့လိုလိမ္မာစမ်းပါဖေ့သားရာ"
"ဒါပဲမလားဟေ့ကောင် ငါဒီမှာအလုပ်လုပ်စရာရှိသေးတယ်"
"အေးအေး ကိုကို့constructionလား"
"ဟုတ်တယ်"
"အကောင်းဆုံးလေးလုပ်ပေးနော်သူငယ်ချင်း"
"အေး တစ်စက္ကန့်ခံတိုက်ဆောက်ပေးမယ်"
"ဒီဖေ..."
"ဟားဟား ဒါပဲဟေ့ကောင်"
ကွန်းလဲဖုန်းချပြီးပုံကိုပြန်ပြင်နေလိုက်သည်။
"Bossဒီကဝယ်တာအဆင်ပြေသွားပြီဗျ"
"ဟုတ်လားဒါဆိုအဲ့ကပဲသုံးကြတာပေါ့"
"ဟုတ်boss ပစ္စည်းတွေကမနက်ဖြန်ရောက်မယ်တဲ့boss"
"ဪအေးအေး DNAကိစ္စကရော"
"မနက်ဖြန်ညနေကြသိရမယ်တဲ့boss"
"ဟုတ်ပြီ"
ညပိုင်းရောက်တော့ကွန်းတစ်ယောက်ထမင်းစားပြီးတော့တစ်ယောက်တည်းယောင်ချာချာဖြစ်နေသည်။သွေးသစ်တို့ကဒီနေ့ညနားရသည့်အတွက်ဟိုတယ်ကိုမလာရပေ။ကွန်းတစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။designဆွဲဖို့မျက်မှန်တပ်ပြီးipadကိုင်လိုက်ပြန်သော်လဲအကြံကထွက်မလာပေ။ipadကိုဘေးကိုပြန်ချလိုက်ပြီးပြတင်းပေါက်ဘက်ထွက်လာလိုက်သည်။အပြင်ကိုကြည့်လိုက်တော့ဟိုဟိုဒီဒီသွားနေသည့်လူတစ်စုကိုတွေ့ရသည်။ဒါပေမဲ့သူယောင်ချာချာဖြစ်နေတုန်းဖြစ်သည်။နောက်တော့ဗီဒိုထဲကလက်ရှည်ပါးတစ်ထည်ကိုကောက်ဆွဲလိုက်ပြီးအပြင်ထွက်လာခဲ့သည်။ဟိုတယ်ကဝန်ထမ်းတစ်ယောက်ရဲ့ဆိုင်ကယ်ကိုငှားပြီးအပြင်ထွက်လာခဲ့သည်။အပြင်ထွက်လာရင်းအာနန္ဒာဘုရားရောက်တော့အာနန္ဒာဘုရားဆီဝင်လာခဲ့သည်။ဆိုင်ကယ်ကိုအပ်ပြီးဘုရားထဲသို့ဝင်လာခဲ့သည်။ဘုရားဖူးပြီးဘုရားထဲကနေရာအနှံ့သွားရင်းအပြင်ဘက်ထွက်လာတော့ညောင်ပင်ကြီးနားရောက်လာသည်။ညောင်ပင်ကြီးအောက်လျှောက်သွားလိုက်ရင်းသူနဲ့ပယင်းနဲ့ပထမဆုံးဆုံတာကိုပြန်တွေးနေမိသည်။ပထမဆုံးသူတို့နှစ်ယောက်ဆုံတော့လဲပယင်းကသူ့ကိုဒီနေ့မနက်တုန်းကလိုအကြာကြီးစိုက်ကြည့်နေတာဖြစ်သည်။ပယင်းကသူနဲ့တွေ့ရင်အမြဲတမ်းလိုလိုသတိလက်လွတ်သူ့ကိုအကြာကြီးငေးနေတတ်သည်။သူလဲပယင်းကိုငေးကြည့်တတ်ပေမယ့်ပယင်းလောက်တော့မဟုတ်ပေ။သူရဲ့တဇွတ်ထိုးစိတ်ကြောင့်သူတို့နှစ်ယောက်ဝေးကွာခဲ့ရသည်။သူ့အမေလဲဆုံးပါးသွားခဲ့ရသည်။ပြန်တွေးတိုင်းစိတ်မကောင်းပေ။သူသာစိတ်လိုက်မာန်ပါမလုပ်ခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူးလို့သူခနခနတွေးမိသည်။အခုတော့သူ့စိတ်ကိုတတ်နိုင်သလောက်လျှော့ပြီးပယင်းကိုသူ့ဘက်ပြန်ပါလာအောင်ဆွဲခေါ်ရမည်။သူ့သမီးလားမသေချာသေးတဲ့ကလေးလေးကိုရောပေါ့..။
"ဟူးးး"
ကွန်းလေပူတွေကိုတစ်ချက်မှုတ်ထုတ်လိုက်ရင်းဘုရားထဲပြန်ဝင်လာခဲ့သည်။ဂေါပကဌာနကိုသွားလိုက်ပြီးတစ်သောင်းတန်ဆယ်ရွက်ထုတ်လိုက်ပြီးဂေါပကကိုပေးလိုက်သည်။
"လူလေးဘာအတွက်လဲကွဲ့"
"ဘုရားမှာပြုပြင်ဖို့လိုအပ်တဲ့နေရာအတွက်ပါ"
"ဪ ဘယ်လိုနာမည်တပ်ရမလဲကွဲ့"
"ကွယ်လွန်သူ ဒေါ်နွဲ့မူယာနဲ့ဒေါ်မြပုလဲကိုရည်စူးပြီးဦးကွန်းအသင်္ချေ၊ဦးပယင်းသွေးသစ်၊သမီးမမြတ်အမရာကွန်း လို့တပ်ပေးပါဦးလေး"
"ဪဟုတ်ပြီလူလေး ဒီမှာ"
ဆိုကာအလှူခံဖြတ်ပိုင်းလေးကိုကွန်းကိုပေးလိုက်သည်။ကွန်းလဲစာရွက်လေးကိုခေါက်ကာအင်္ကျီအိတ်ကပ်ထဲထည့်ပြီးထွက်လာခဲ့သည်။အပြင်ရောက်တော့ဆိုင်ကယ်လေးယူကာမောင်းရင်းဟိုတယ်ကိုပြန်သွားလိုက်သည်။ဟိုတယ်ပြန်ရောက်တော့ဆိုင်ကယ်ကိုပြန်အပ်ကာအခန်းထဲပြန်လာခဲ့သည်။
"Bossဘယ်သွားနေတာလဲခင်ဗျ"
"ပျင်းတာနဲ့ဟိုနားဒီနားသွားနေတာပါ"
"ဪ ကျွန်တော်ကbossပျောက်လို့လိုက်ရှာနေတာ"
"ဪ မင်းလဲနားတော့လေဒီနေ့တစ်နေကုန်ပင်ပန်းထားတာ"
"ဟုတ်boss good nightပါခင်ဗျ"
"အင်းသုတ good night"
လို့ပြန်ပြောရင်းသုတထွက်သွားတော့အလှူခံဖြတ်ပိုင်းလေးကိုပိုက်ဆံအိတ်ထဲပြောင်းထည့်လိုက်သည်။
နောက်တစ်နေ့နံနက်မှာတော့
"သမီးငယ်မြန်မြန်လာနောက်ကျရင်နေတအားပူလာမယ်"
"ယာပြီဖေဖေ"
ဆိုကာမြန်မာဝတ်စုံအဖြူရောင်လေးကိုဝတ်ကာထွက်လာလေသည်။အခန်းထဲကနေမြန်မာဝတ်စုံအဖြူရောင်လေးဝတ်ကာလုံးလုံးလေးထွက်လာသည့်သူ့သမီးကိုမြင်တော့သွေးသစ်ပြုံးမိသည်။ခန္ဓာကိုယ်နဲ့fit sizeချုပ်ထားတော့ဗိုက်ဖောင်းဖောင်းလေးကအပြင်ကိုပူပြီးထွက်နေသည်။လည်ပင်းမှာလဲပုလဲဆွဲကြိုးလေးဝတ်ထားသေးသည်။ပုလဲဆွဲကြိုးလေးမြင်တော့သူ့အမေနောက်ဆုံးမသေခင်ကပုံလေးကိုသွားမြင်ယောင်သည်။ဒီနေ့ကသူ့အမေဆုံးတာ၄နှစ်ပြည့်တဲ့နေ့ဖြစ်သည်။သွေးသစ်နဲ့အမရာလေးနဲ့အမြဲတမ်းအာနန္ဒာဘုရားသွားကာဆွမ်းကပ်ဖြစ်သည်။သွေးသစ်ကျလုဆဲဆဲမျက်ရည်တွေကိုသူ့သမီးမသိအောင်ခိုးသုတ်လိုက်သည်။
"လာ ဖေဖေတို့သွားရအောင်"
"ဟုတ်"
သွေးသစ်တို့သားအဖဘုရားရောက်တော့ဆွမ်းကပ်ပြီးဘုရားဖူးကြသည်။ပြီးတော့ဘုရားပရဝုဏ်အတွင်းကတစ်နေရာကိုသွားပြီးငှက်စာကျွေးကြသည်။အမရာလေးကငှက်စာကျွေးနေရင်း
"ဖွားဖွားကြီးကောင်းရာမွန်ရာရောက်ပါရှေ နတ်ကြည်မှာကျော်ကျော်ရွှင်ရွှင်နေနိုင်ပါရှေ"
သွေးသစ်သမီးလေးဆုတောင်းသံကြားရတော့ငုံ့ကြည့်ရင်းမျက်ရည်တွေကကျလာသည်။သွေးသစ်ခပ်မြန်မြန်သုတ်လိုက်ပေမဲ့မရပါသူ့သမီးကသူ့ကိုမော့ကြည့်လာတော့တွေ့သွားသည်။
ခြေဖျားလေးကိုထောက်လိုက်ရင်းသူ့မျက်နှာဆီလက်လေးတွေလှမ်းလာတာမြင်တော့အောက်ကိုထိုင်ပေးလိုက်သည်။
"ဖေဖေငိုရဘူးယေ ငိုရင်ဒီနားကအနာခြစ်ယိမ့်မယ် ငိုရဘူးနော်ယိမ္မာရယ်"
ဆိုပြီးသူ့လက်လေးကသွေးသစ်နှလုံးနေရာကိုကိုင်ရင်းပြောလာသည်။သွေးသစ်လဲသူ့သမီးအတတ်လေးကြောင့်မျက်ရည်တွေကြားကပြုံးမိသွားသည်။ဒီအတတ်လေးကိုငိုရင်နှလုံးရောဂါရမယ်လို့ဘယ်သူကများသင်ထားတာပါလိမ့်...။