ကွန်းတစ်ယောက်သွေးသစ်တို့နဲ့တွေ့ပြီးအခန်းထဲပြန်သွားတော့ထိုင်မရထမရဖြစ်နေသည်။စိတ်ထဲမှာလဲပယင်းသွေးသစ်နဲ့သူ့သမီးအကြောင်းကိုတွေးနေသည်။တကယ်ပဲပယင်းသွေးသစ်ကမိန်းမထပ်ရသွားတာဆိုဘယ်လိုလုပ်မလဲ။သူတောင်၄နှစ်လုံးသူ့ကိုတစ်ရက်မှမေ့မရခဲ့တာသူကမိန်းမယူပြီးကလေးတောင်မွေးနေနိုင်တာလား။
"တောက်!!!"
"Bossဘာဖြစ်လို့လဲဟင်"
သုတသူ့bossတောက်ခေါက်သံကြားတော့အလန့်တကြားထမေးမိသည်။
"ဘာမှမဖြစ်ဘူး"
"ဪဟုတ်ကဲ့ပါboss"
"သုတ...ငါမင်းကိုတစ်ခုခိုင်းစရာရှိတယ်"
"ဟုတ်ခိုင်းပါboss"
"ပယင်းသွေးသစ်အကြောင်းစုံစမ်းပေးစမ်းကွာ"
"ဗျာ ဘာဖြစ်လို့လဲboss"
"ငါသူ့သမီးဆိုတဲ့ကလေးမလေးဘယ်လိုရလာတာလဲသိချင်တယ် ငါနဲ့သူနဲ့ကွဲပြီးတော့ထပ်ပြီးမိန်းမယူလိုက်တာလားဆိုတာသိချင်တယ်"
"ဪ ဒါနဲ့လေbossအရင်ခါကျွန်တော်တို့စုံစမ်းတော့ကိုသွေးသစ်ကပုဂံမှာပဲပြန်နေပြီးဒီဟိုတယ်မှာပဲပြန်လုပ်တယ်လို့သိထားတာမဟုတ်ဘူးလားboss"
"ဟုတ်တယ် မှန်တယ်ဒါမဲ့အခုသူ့မှာကလေးရှိနေတာငါတို့ဒီရောက်မှသိရတာလေ အဲ့တော့မိန်းမရမရဆိုတာလဲမပြောနိုင်ဘူးလေ"
"ဪဟုတ်ကဲ့ပါbossကျွန်တော်စုံစမ်းပေးပါ့မယ်"
"ကောင်းပြီ"
ကွန်းတကယ်ပဲအံ့ဩမိသည်။သွေးသစ်ကသူ့မှာသမီးရှိနေတာသူတကယ်လျှိုထားတာပဲ။ဘယ်လိုပဲဖြစ်ဖြစ်သူမရရအောင်စုံစမ်းရမည်။ကွန်းလဲဘေးကစားပွဲပေါ်မှာတင်ထားတဲ့မျက်မှန်တပ်လိုက်ပြီးlaptopဖွင့်လိုက်ရင်းအလုပ်ကိစ္စတွေလုပ်နေလိုက်သည်။
နောက်နေ့မနက်ရောက်တော့သွေးသစ်နဲ့အမရာတို့မျက်နှာသစ်ပြင်ဆင်ပြီးတော့အခန်းထဲကထွက်လာကြသည်။
"သမီးငယ်ခနစောင့်ဦးနော် ဖေဖေမနက်စာမှာပေးထားတယ်သိလား"
"ဟုတ်ဖေဖေ မီးမီးဟိုနားမှာတွားရှော့ယိုက်ဦးမယ်နော်"
"အရမ်းမဆော့နဲ့နော် အဝေးကြီးလဲမသွားနဲ့..."
"ဧည့်တယ်တွေနဲ့တိုက်မိမယ် တူများကဘယ်ပဲထော်ထော်ယိုက်ရဘူး"
သွေးသစ်ပြောမဲ့စကားတွေကိုသမီးလေးကကြားနေကြဆိုတော့သူကတောင်ရှေ့ကပိတ်ပြောနေလိုက်သေးသည်။
"သိရင်ပြီးတာပါပဲ သွား ဖေဖေလဲစစ်စရာရှိတာလေးတွေစစ်လိုက်ဦးမယ်"
"ဟုတ်ဖေဖေ"
ဆိုကာထွက်သွားလေသည်။သွေးသစ်လဲသမီးလေးကိုသေချာကြည့်ပြီးတော့မှဒီနေ့အခန်းအပ်မယ့်နေရာဆီသွားလိုက်တော့သည်။အမရာလဲသူစီးနေကြဒန်းလေးဆီသွားပြီးဒန်းထိုင်စီးနေသည်။
ကွန်းတို့မနက်စာကိုဟိုတယ်မှာပဲစားလိုက်ကြသည်။ပြီးတော့သူ့အဖေဆီကဖုန်းလာတာနဲ့ပန်းခြံနားကိုသွားပြီးဖုန်းပြောနေသည်။
"ဟလိုအဖေ"
"အေးသား ဘယ်လိုလဲပုဂံရောက်တာအဖေတောင်မသိရဘူးသုတကပြောမှသိရတယ်"
"သားလဲပြောမလို့ပါပဲအလုပ်ကများနေတော့အဖေ့ဆီမဆက်ဖြစ်ဘူးဖြစ်သွားတာ"
"အေးပါ အေးပါငါ့သားအဆင်ပြေရင်ပြီးတာပါပဲ"
"ဟုတ် အဖေလဲအဆင်ပြေတယ်မလား နေကောင်းလား"
"အေးကွာပြေတယ်ပဲဆိုပါတော့ ဟိုတစ်နေ့ကတော့သွေးတိုးသွားသေးတယ်"
"ဟုတ်လား အခုရောဘယ်လိုနေသေးလဲအဖေ"
"အခုကတော့သက်သာပါပြီကွာအဲ့ဒီ့နေ့ကစိတ်ရှုပ်စရာလေးတွေများသွားလို့ပါ"
"ဟုတ်ကဲ့ပါ ကျန်းမာရေးသေချာဂရုစိုက်နော်အဖေ"
"အေးပါသားရာ ဒါနဲ့နောက်နှစ်ရက်ကြရင်ပုလဲ၄နှစ်ပြည့်ပြီသား"
"ဟုတ်လား ဟုတ်သားပဲအဖေဘာလုပ်ချင်လဲပြောလေသားသုတကိုလွှတ်လိုက်ရမလား"
"မလိုပါဘူးကွာ ဖြစ်နိုင်ရင်တော့သားရောသွေးသစ်ရောကိုအဖေနဲ့အတူတူရှိနေစေချင်တာပေါ့ကွာ"
ကွန်းလဲဖအေ့ဆန္ဒသိလိုက်ရတော့စိတ်မကောင်းဖြစ်မိသွားသည်။ခေါင်းလေးငုံ့လိုက်ရင်း
"အဖေ့ဆန္ဒသားဖြစ်အောင်ဖြည့်ဆည်းပေးပါ့မယ်အဖေ ဒီနှစ်တော့အဖေတစ်ယောက်ထဲပဲဆက်ပြီးလုပ်ပေးပါဦးနောက်နှစ်ကြရင်တော့သားအဖေဖြစ်စေချင်သလိုလုပ်ပေးပါ့မယ်"
"ရပါတယ်သားရယ် ပုဂံမှာဆိုတော့သွေးသစ်နဲ့ရောတွေ့လား"
"ဟုတ်တွေ့တယ်အဖေ ပယင်းအပြင်သူ့သမီးလေးကိုလဲတွေ့လိုက်ရတယ်"
"သမီးလေး?"
"ဟုတ်တယ်အဖေ ပယင်းမှာသမီးလေးတစ်ယောက်ရှိနေတယ်"
"ဪ"
"သားလဲစုံစမ်းနေတယ်အဖေ"
"အေးပါ သိရရင်အဖေ့ကိုလဲပြောဦး"
"ဟုတ်အဖေဒါဆိုဒါပဲနော်"
"ဟုတ်ပြီငါ့သား"
ကွန်းဖုန်းချပြီးပန်းခြံထဲလာခဲ့လိုက်သည်။ပန်းခြံထဲရောက်တော့ခပ်လှမ်းလှမ်းမှာနေရောင်ခြည်နွေးနွေးအောက်မှာအသားဖြူဖြူလေးနဲ့ဟပ်နေအောင်ဝတ်ထားတဲ့ဂါဝန်အပြာရောင်လေးနဲ့ချစ်စဖွယ်ကောင်းစွာဒန်းထိုင်စီးနေတဲ့ကလေးမလေး တစ်နည်း ပယင်းရဲ့သမီးလေးကိုမြင်လိုက်ရသည်။ကွန်းထိုကလေးမလေးကိုလှမ်းကြည့်ရင်းရင်ထဲမှာလဲပူပန်သည်လားကြောက်ရွံ့သည်လားမသဲကွဲသည့်ခံစားချက်တွေပြည့်နေသည်။တကယ်လို့ဒီကလေးလေးကပယင်းနောက်ထပ်မိန်းမထပ်ယူပြီးမွေးထားတဲ့သူဆိုဘယ်လိုလုပ်မလဲ။သူလက်လျှော့လိုက်ရတော့မှာလား။ဟင့်အင်း သူလွှတ်ပေးထားတာဒီလိုလက်လျှော့လိုက်ရဖို့လွှတ်ပေးလိုက်တာမှမဟုတ်ပဲပယင်းစိတ်ပြေလက်ပျောက်ဖြစ်အောင်လွှတ်ပေးထားတာ။ပယင်းသွေးသစ်ဆိုတာသူတစ်ယောက်ထဲကပဲပိုင်ဆိုင်ရမဲ့သူ့အပိုင်လူသားလေး။ကျန်တဲ့ဘယ်သူ့ကိုမှဘယ်အကြောင်းကြောင့်နဲ့မှသူ့ကိုလက်လွှတ်ခံပြီးမပေးနိုင်ပါ။သုတလာရင်တော့သူသိရတော့မှာပါ။လောလောဆယ်တော့သူကလေးမလေးနားသွားလိုက်သည်။ဘေးကလွတ်နေတဲ့ဒန်းမှာထိုင်လိုက်ရင်း
"ဟေး ဦးကိုမှတ်မိလားကလေးမ"
"မှတ်မိရယ် မနေ့ကဦးဦးယေ"
"သမီးနာမည်ကဘယ်လိုခေါ်လဲ"
"ညပ်အမယာတွန်း"
"ဘာရယ် ဦးနားမလည်ဘူး"
"ညပ်အမယာတွန်းယို့"
ကွန်းမျက်မှောင်ကုပ်မိသွားသည်။တိုင်တော့ပတ်ပြီ။ကလေးကစကားမပီတော့သူကနားမလည်။ကလေးနာမည်တောင်နားမလည်လို့မသိရတဲ့ဘဝ။ကွန်းလဲအကြံရသွားတာနဲ့
"သမီးအသက်ဘယ်နှနှစ်လဲ"
"တုံးနှစ်"
ဆိုကာလက်လေးသုံးချောင်းထောင်ပြလာသည်။ဒီတစ်ခါတော့သူ့လက်သေးသေးလေးတွေကယ်သွားလို့သူနားလည်လိုက်သည်။
"ဒါဆိုစာမရေးတတ်လောက်သေးဘူးပဲ...သမီးစာရေးတတ်ပြီလား"
"ရေးတတ်တေးဝူး ဒါမဲ့တကြီး ထထွေးရယ် အေ၊ဘီ၊ရှီ၊ဒီရယ်တော့ကြောတတ်တယ်"
"ဪ ဒါဆိုနာမည်လေးတစ်ချက်ဦးကိုပြန်ပြောပါဦး"
"ညပ်အမယာတွန်း"
ကွန်းခေါင်းကုပ်မိသည်။သုတဆီဖုန်းခေါ်လိုက်ရင်း
"သုတ"
"ဗျာboss"
"မင်းမှာတူမတွေရှိတယ်မလား ငါနာမည်တစ်ခုပြောပြမယ်ဘာသာပြန်ပေးစမ်းကွာ"
"ဗျာ ဟုတ် ဟုတ်"
သုတမှာတူမနှစ်ယောက်ရှိတာသူသိသည်။သူ့တူမအငယ်လေးကဒီကလေးမလေးနဲ့ရွယ်တူလောက်ဆိုတော့သူများနားလည်မလားဆိုပြီးသုတဆီဖုန်းဆက်လိုက်တာဖြစ်သည်။
"သမီးဒီဖုန်းထဲကဦးဦးကိုသမီးနာမည်ပြောပြပေးပါဦး"
မျက်လုံးဝိုင်းဝိုင်းလေးနဲ့မော့ကြည့်လိုက်ရင်း
"ညပ်အမယာတွန်း"
ကွန်းလဲဖုန်းပြန်ယူလိုက်ရင်း
"နားလည်လားသုတ"
"ဟုတ်boss မြတ်အမရာကွန်းလို့ပြောတာပါboss"
"ဪအေးအေး ကျေးဇူးကွာ"
"ဟုတ်boss"
ကွန်းလဲသိချင်တာသိလိုက်ရတော့ဖုန်းချပြီးကလေးမလေးကိုဆက်ပြီးမေးလိုက်သည်။
"သမီးမှာမေမေရှိလား"
"တိဝူး ဖေဖေပဲရှိယာ"
ကွန်းမျက်ခုံးတစ်ဖက်ပင့်မိသွားသည်။ဒါဆိုပယင်းသွေးသစ်ကသူ့မိန်းမနဲ့မပေါင်းတာလား။ဘယ်လိုလဲ...?
"သမီးမေမေကိုမမြင်ဖူးဘူးလား"
"ဟုတ် ဖေဖေ့ကိုပဲမြင်ဖူးယာ"
"ဪ"
ဒါဆိုပယင်းသွေးသစ်ကဘယ်လိုလဲ
"ဦးဦးကဖေဖေ့ကိုတိယို့ယားဟင်"
"ဟင်..အင်း သိတယ် သိတာပေါ့သမီးရဲ့"
"ဒါရှိုဦးဦးကဖေဖေ့တူငယ်ချင်းပေါ့နော်"
"ဟင် ဦးနားမလည်ဘူးသမီး"
"တူငယ်ချင်းယားယို့"
"သူငယ်ချင်းလားလို့မေးတာလား"
"ဟုတ်ရယ်"
"ဪဟုတ်တယ်သမီး"
"ဦးဦးနာမည်ကဘယ်တူယဲဟင်"
"နာမည်လား"
"ဟုတ်"
"ဦးနာမည်က ကွန်းအသင်္ချေတဲ့"
"ဟုတ်ယား ဟာ ဒါရှိုမီးမီးနာမည်နဲ့တူတူပဲပေါ့"
"ဟုတ်သားပဲ ကွန်းချင်းအတူတူပဲ"
"ဟီး ဟုတ်ရယ်နော်"
ကလေးမလေးကရယ်လိုက်တော့ပယင်းနဲ့တော်တော်တူသည်။ပယင်းရယ်လိုက်ရင်လဲသူ့လိုပဲပါးလေးနှစ်ဖက်ကမို့တက်လာပြီးမျက်လုံးလေးတွေကမှေးစင်းသွားသည်။ဒီကလေးမလေးပယင်းဆီကအပြုံးလှလှလေးတွေကိုရထားတာပဲ။ကွန်းသေချာစိုက်ကြည့်နေမိသည်။ကြည့်ရင်းကြည့်ရင်းနဲ့မှနှာတံကသူနဲ့တူနေသလိုပင် သူ့လိုနှာတံမျိုးဖြောင့်စင်းပြီးအဆုံးမှာချွန်ချွန်လေးဖြစ်နေသည်။ကွန်းလဲအကြည့်တွေဖြတ်လိုက်ရင်းအိပ်ကပ်ထဲကချောကလပ်လေးကိုထုတ်ပေးလိုက်သည်။
"ရော့ ဒါသမီးလေးဖို့ ချစ်စရာကောင်းပြီးလိမ္မာလို့ဦးကကျွေးတာ"
"တော်ပြီဦးဦး ဖေဖေကမှာထားတယ်တူများကျွေးယာတွေရှားရဝူးတဲ့"
"ဦးကသူများမဟုတ်ပါဘူးသမီးရဲ့ စားပါ"
"ဟင့်အင်း ရှားချင်ဝူး ရှားဝူး"
ဆိုကာပြန်တွန်းထုတ်နေသည်။
ခေါင်းမာတာလဲသူ့အဖေနဲ့တူလိုက်တာလို့ကွန်းတစ်ချက်တွေးလိုက်သည်။
"ဟုတ်ပါပြီဗျာ ဒါဆိုဦးသွားပြီနော်သမီးငယ် နေပူလာပြီအရိပ်ထဲမှာပြောင်းဆော့နော်"
"ဟုတ်ဦးဦး တာ့တာ"
"တာ့တာပါဗျာ"
ကွန်းလဲကလေးလေးကိုပြုံးပြပြီးထွက်လာခဲ့သည်။အခန်းထဲပြန်ဝင်လာတော့သုတကရောက်နေနှင့်ပြီဖြစ်သည်။
"သုတ"
"Boss ကိုသွေးသစ်ကမိန်းမထပ်မယူပါဘူးboss ဒီကလေးကိုတော့ဘယ်လိုရလာလဲမသိဘူးဒါမဲ့ကျွန်တော်စုံစမ်းလာသမျှတော့ကိုသွေးသစ်ရန်ကုန်ကပြန်ရောက်ထဲကဘယ်သူနဲ့မှဘာမှမဖြစ်ခဲ့သလိုမိန်းမလဲမယူခဲ့ပါဘူးboss"
"...."
"ဟိုလေbossကျွန်တော့စိတ်ထင်ပြောရမယ်ဆိုရင်ကိုသွေးသစ်ကmale pregnant ထင်တယ်ဗျ"
"အာ အေးဟုတ်သားပဲ"
ဟုတ်တာပဲသူဒီအချက်ကိုမေ့နေတယ်။ဒီအရာတွေသူမသိတာမဟုတ်ဟိုမှာနေခဲ့တော့ဒါတွေကအမြဲတမ်းကြားရသည်။ဒါပေမဲ့ဒီလူကြမှသူဘာလို့မတွေးမိပါလိမ့်။သူဒီတစ်ချက်လိုသွားသည်။အဲ့တာကြောင့်ကလေးမလေးကသူ့အမေကိုတစ်ခါမှမမြင်ဖူးဘူးလို့ပြောတာပေါ့
"ကျေးဇူးပဲသုတရာငါဒီတစ်ချက်ကိုမေ့သွားတယ်"
"ရပါတယ်bossရာကျွန်တော်လဲစိတ်ထင်တာပြောကြည့်တာပါ"
ပယင်းသွေးသစ်ခင်ဗျားဖုံးထားလဲကျုပ်ကရအောင်ဖော်ပြမယ်စောင့်ကြည့်နေပါ။ကွန်းအခန်းထဲကပြန်ထွက်လာပြီးကလေးမလေးကိုပန်းခြံထဲပြန်သွားရှာလိုက်သည်။ပန်းခြံထဲမှာမရှိတော့ဟိုတယ်တစ်ခုလုံးပတ်ရှာနေမိသည်။နောက်ဆုံးတော့တွေ့ပါပြီ။receptionကကောင်မလေးတွေနားမှာရယ်နေတဲ့ထိုကလေးမ။ကွန်းအမရာ့နားသွားလိုက်ပြီးခေါ်လိုက်သည်။
"အမရာ သမီးငယ်"
"ချင်ဦးဦး"
"ဦးဆီခန"
အမရာလဲထိုင်ခုံပေါ်ကဆင်းပြီးကွန်းဆီသွားလိုက်သည်။
"ဦးဦးဘာယဲဟင်...အ!"
ခေါင်းကဆံပင်မွှေးဆွဲနှုတ်ခံလိုက်ရသလိုနာသွား၍အမရာအော်လိုက်သည်။ခေါင်းလေးကိုလဲပွတ်နေလိုက်သေးသည်။ကွန်းလဲလိုချင်တာရပြီဆိုတော့
"အာ မေ့သွားပြီကွာ အမရာလေးကိုပြောဖို့ဆိုပြီးအခုမေ့သွားပြီsorryနော်သမီး"
"ဟုတ် ရပါတယ်ဦးဦး"
"သွား သွား ဆော့နေတာမလား တာ့တာ"
"ဟုတ် တာ့တာဦးဦး"
ကွန်းလဲအမရာ့ကိုနှုတ်ဆက်ပြီးအခန်းထဲပြန်ဝင်လာခဲ့သည်။
"သုတဒါကိုDNAစစ်ပေးသေချာကိုင်နော် မပျောက်စေနဲ့"
ဆိုကာသူ့လက်ထဲဆံပင်မွှေးတစ်ချောင်းပေးလာလေသည်။
"ဟုတ်bossကျွန်တော်ရန်ကုန်ကိုပို့လိုက်ပါ့မယ်"
"ကောင်းပြီ တတ်နိုင်သမျှမြန်မြန်လေးလိုချင်တယ်resultကို"
"ဟုတ်ကဲ့ပါboss"
နောက်ဆုံးတော့သိရတော့မှာပေါ့ပယင်းသွေးသစ်ရာ။အမရာသာခင်ဗျားနဲ့ကျုပ်သမီးဆိုကျုပ်ဆီမရရအောင်ပြန်ခေါ်မယ်ပယင်းသွေးသစ်။ထပ်ပြီးလွှတ်မထားတော့ဘူး..။