Majestic Love Story In Dae Go...

By nuenueki

25.8K 4.2K 683

စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... More

မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
23.သေရွာပြန်
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
28. နိုင်ငံတော်စျာပန
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
32.နောက်ကွယ်မှစီစဥ်သူ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
39. မြတ်နိုးရပါသော
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
53.Majestic Love Story in Dae Goguyeo
Author Note
အမှတ်တရ Section

3.တွေ့ဆုံခြင်းအစ

490 76 4
By nuenueki

၁၀နှစ်ကြာသော်....

ဆောနူးတစ်ယောက် အထိန်းတော်ကြီး
မသိခင် အိမ်တော်ထဲကခိုးထွက်လာပြီး အိမ်ရဲ့အနီးမှာရှိတဲ့တောအုပ်ထဲမှာ ဆေးပင်လေးတွေကိုယ်တိုင်ရှာပြီးခူးမယ်ဆိုတဲ့အတွေးနဲ့ ပျော်ရွှင်မြူးတူးစွာ တောထဲဝင်လာခဲ့သည်။

နန်းတော်ထဲကထွက်လာတာတစ်လပဲရှိသေးပေမယ့် နန်းတော်ထဲမှာနေရတဲ့ဘဝထက် အခုအိမ်တော်သေးသေးလေးမှာနေရတဲ့ဘဝကို ပိုပြီးသဘောကျနေမိသည်။

နန်းတော်မှာဆို ရှိသမျှနန်းတွင်းသူတွေ မိန်းမစိုးတွေ ရဲမက်တွေ အကုန်လုံးအပြင် အယုတ်စွဆုံး ခမည်းတော်ကိုယ်တိုင်ကပါ ဆောနူးကိုမြင်ရင် သရဲတစ္ဆေကိုမြင်ရသလိုကြောက်လန့်ပြီး ရှောင်ဖယ်သွားကြသည်မဟုတ်ပါလား။

ဘယ်သူကမှ အပေါင်းအသင်းမလုပ်ချင်ဘဲ တော်ဝင်ကျောင်းတော်မှာ ပညာသင်ဖို့တောင် အခြားသူတွေကိုထိခိုက်စေမှာစိုးတာကြောင့်အဆောင်တော်မှာပင် ဆရာနဲ့ကန့်လန့်ကာခြားပြီး စာသင်ရတဲ့ ဆောနူးရဲ့ ကမ္ဘာက အခြားသူတွေနဲ့အမြဲတစေ သီးသန့်ဖြစ်နေတတ်သည်။

"မျက်နှာကိုမြင်လိုက်သူမှန်သမျှကို ကံဆိုးစေတဲ့မင်းသားလေး "
ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ဆောနူးမျက်နှာလေးကို
ဆောနူးကိုယ်တိုင်ကလွဲရင် မည်သူမျှမမြင်ဖူးချေ။

တစ်ခါတစ်လေတော့သာမန်လူတွေလို လွတ်လွတ်လပ်လပ်ရှင်သန်နေထိုင်ချင်ပေမယ့် ကျွန်တော့် မျက်နှာကိုမြင်ပြီး ကံဆိုးမှုတွေကြုံမယ့်သူတွေကိုတွေးလိုက်မိရင် မျက်နှာပေါ်က အနက်ရောင်ပဝါစကြီးကိုခဏလေးတောင်ဖယ်ရှားဖို့မဝံ့ရဲတော့ချေ။

ပဝါစကိုအမှတ်မထင် ဖြုတ်ထားမိရာကနေ မျက်နှာကိုမြင်သွားပြီး ကံဆိုးကာ ရေတွင်းထဲခြေချော်ကျသေဆုံးခဲ့တဲ့နန်းတွင်းသူတစ်ဦး၊
ညဘက်အိပ်ပျော်နေတုန်း နန်းဆောင်ကိုမီးလောင်လို့ လာရောက်ကယ်ဆယ်ရင်းကနေ အိပ်နေချိန်ပဝါအုပ်မထားမိတဲ့ ကျွန်တော့်မျက်နှာကိုမြင်သွားတဲ့ ကိုယ်ရံတော်ရဲမက်အချို့ရဲ့ သေဆုံးမှု စသည့် ကြောက်မက်ဖွယ်ရာ ကံဆိုးမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးနောက်

လူမှန်းသိတတ်စကတည်းက ကိုယ့်ကြောင့် သူများကံဆိုးရမယ်ဆိုတဲ့စိတ်ကြီးက အသည်းနှလုံးထဲမှာအမြစ်တွယ်နေတာမို့ တစ်ခါတစ်လေ အိပ်နေရင်းတောင် ပဝါကိုဖြုတ်ပစ်ဖို့သတ္တိမရှိတဲ့အထိ အကြောက်စွဲနေမိသည်။

အဲဒါကြောင့် အသက်၁၀နှစ်ပြည့်ချိန်မှာ ခမည်းတော်ဆီက မြို့တော်အစွန်အဖျားတောအုပ်နားက အိမ်တော်ငယ်လေးတစ်ခုမှာ အထိန်းတော်အချို့နဲ့အတူ သွားရောက်နေထိုင်ဖို့ အမိန့်ရောက်လာတော့ ဝမ်းမြောက်ဝမ်းသာလက်ခံမိခဲ့သည်။

သာမန်မွန်းကြပ်တာတွေထက်ပိုဆိုးတဲ့ နန်းတော်ထဲမှာ ကိုယ့်ကြောင့် ဘယ်သူ့ကိုများကံဆိုးစေလိမ့်မလဲဆိုတဲ့အတွေးနဲ့ရှင်သန်ရတာထက် လူသူမနီးတဲ့ ဒီလိုအိမ်တော်လေးမှာ တစ်သက်လုံးလွတ်လပ်စွာနေသွားရတာက ပိုကောင်းမည်မဟုတ်ပါလား။

အိမ်တော်လေးဆိုပေမယ့် အထိန်းတော်တွေအတွက်သီးသန့် အဆောင်ငယ်လေးပါရှိသည့်အပြင် နန်းတွင်းမှာမဟုတ်သည့်အတွက် နန်းစည်းကမ်းအတိုင်း အနားမှာ အထိန်းတော်တွေအမြဲခစားနေစရာမလိုတာကြောင့် ကြီးမားကျယ်ပြန့်လှသောနန်းတော်ကြီးထက် ဒီအိမ်တော်သေးသေးလေးမှာ ပို၍ အသက်ရှူချောင်လေသည်။
အိမ်တော်ဝန်းလေးထဲမှာ အသီးအနှံလေးစိုက်ခင်းလေးတွေစိုက်ပျိုးထားပြီး ပန်းခင်းလေးတွေလည်းရှိတဲ့အပြင် တောအုပ်လေးနဲ့ပါနီးတာကြောင့် နှစ်လိုဖွယ်ရာအပြည့်နဲ့အိမ်တော်လေးမှာနေထိုင်ရတာ ကို အမှန်တကယ်ပဲ သဘောတွေ့လျှက်ရှိသည်။

ကျွန်တော့်ကြောင့်ကံဆိုးခဲ့ရတဲ့သူတွေအတွက် ပြန်ပေးဆပ်သည့်အနေဖြင့် လူတွေရဲ့အသက်ကိုကယ်နိုင်မည့် ဆေးပညာရပ်ကို သေချာစွာ လေ့လာသင်ယူရင်း တိတ်တဆိတ်အခမဲ့ဆေးလိုက်ကုပေးမည်ဟုလည်း ကြံစည်ထားတာကြာင့် ဒီအိမ်တော်ရောက်တာနဲ့ အထိန်းတော်ကြီးလစ်တဲ့အချိန် တောအုပ်ထဲခိုးဝင်ကာ ဆေးဖော်စပ်ဖို့ဆေးပင်များလိုက်လံရှာဖွေတတ်တဲ့အကျင့်လေးဖြစ်လာခဲ့သည်။

လိုချင်တဲ့ဆေးပင်လိုက်ရှာရင်း တောနက်မှန်းမသိနက်လာခဲ့ရာ တစ်နေရာအရောက်တွင် တောခွေးအုပ်စုနဲ့ ရင်ဆိုင်လိုက်ရသည်။

တောခွေးအုပ်မှာ အကောင်၃၀ခန့်ရှိပြီး ကျွန်တော့်ကိုတွေ့တာနဲ့ ရန်လိုနေတာကြောင့် ရုတ်တရက် ဘာလုပ်ရမှန်းမသိဘဲခြေဦးတည့်ရာကိုသာပြေးလွှားခဲ့ရသည်။

မနက်ကတည်းက အိမ်တော်ကထွက်လာလိုက်တာ အခုနေ့လည်စာစားချိန်ကိုတောင်ကျော်နေပြီမို့ ပြေးလွှားနေရင်းမောဟိုက်နေသည့်အပြင် ဗိုက်ကလည်းအတော်အတန်ဆာလောင်နေတာကြောင့်အားတွေကုန်လာသည်။

တောခွေးအုပ်စုကလည်း ဆာလောင်နေသည့်ဟန်၊ လူကောင်နည်းနည်းသေးညှက်တဲ့ ကျွန်တော့်ကိုမြင်ကတည်းက အနိုင်ကျင့်လို့ရမယ့်စားစရာလေးလို့ မှတ်ယူပြီး သည်းသည်းသန်သန်နောက်ကလိုက်လာတာဇွဲလျှော့မည့်ပုံလည်းမပေါ်။

တောခွေးအုပ်ထဲမှ အကောင်အကြီးဆုံးတစ်ကောင်က အလွန်လျှင်မြန်သောအရှိန်ဖြင့် အားကုန်ပြေးလာပြီး ခြေထောက်ကိုလှမ်းကိုက်ဆွဲလိုက်ချိန်မှာ လူက မဟန်နိုင်တော့ဘဲ လဲ ကျသွားသည်။

ထိုအချိန်တွင် နောက်နားဆီမှ အရိပ်တစ်ခုထွက်ပေါ်လာပြီး တောခွေးအုပ်ကိုတိုက်ခိုက်ခြောက်လှန့်လိုက်သည်။
ကျွန်တော့်ခြေထောက်ကိုကိုက်လိုက်သည့် တောခွေးကြီးကိုကား မြားဖြင့်လက်စတုံးစီရင်လိုက်သည်။
အဖွဲ့ထဲက အကြီးဆုံးအကောင်ကြီးမှာ မြားချက်ကြောင့် လဲကျ သေဆုံးသွားတာကိုမြင်တော့ ကျန်တောခွေးများလည်း တောထဲသို့ဖရိုဖရဲပြေးလွှားပျောက်ကွယ်သွားတော့သည်။

ကူညီပေးတဲ့သူကိုကျေးဇူးတင်စကားပြောချင်လို့ မတ်တပ်ရပ်ဖို့ကြိုးစားပေမယ့် ခြေသလုံးဆီက တဆစ်ဆစ်နာကျင်မှုက ပိုတိုးလာတာမို့ ဆေးပင်တွေထည့်ထားတဲ့အိတ်ကြီးတစ်ဖက်နဲ့ ကုန်းကုန်းကြီးဖြစ်နေတဲ့ကျွန်တော့်ကို တောခွေးတွေလက်ထဲမှ ကယ်တင်ပေးခဲ့တဲ့ ကောင်လေးက အလွယ်တကူပင်ကောက်ပွေ့လိုက်ပြီး စမ်းချောင်းလေးတစ်ခုရှိရာဆီသို့ခေါ်သွားသည်။

စမ်းချောင်းဘေးက ကျောက်တုံးလေးပေါ်အသာအယာချပေးပြီးနောက် ထိုကောင်လေးက ဒဏ်ရာရထားတဲ့ကျွန်တော့်ရဲ့ခြေထောက်ကို ဆွဲယူလိုက်သည်။

ထို့နောက်အဝတ်ကို ဒူးခေါင်းအကျော်ထိလိပ်တင်လိုက်ပြီး ဒဏ်ရာကိုတစ်ချက်ကြည့်လိုက်သည်။
ထိုအခါမှ ကျွန်တော်လည်း ထိုကောင်ကလေး ရဲ့မျက်နှာကို သေချာလေးကြည့်လိုက်မိသည်။

ခန္ဓာကိုယ်က ကျွန်တော့်ထက်ထွားသော်လည်း မျက်နှာကိုကြည့်ရင်တော့ကျွန်တော့်အသက်နဲ့မတိမ်းမယိမ်းဖြစ်မည်ဟု ခန့်မှန်းရသည်။

မျက်နှာမှာ အေးစက်တည်ကြည်နေပြီး ဒဏ်ရာကိုမျက်မှောင်ကျုံ့ပြီး ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခုရှိနေသည်။

" တော်သေးတယ် ဒဏ်ရာက အရမ်းမများလို့
ဒဏ်ရာကိုရေဆေးပြီးရင် ငါ့မှာပါတဲ့ဆေးထည့်ပေးမယ် "

စမ်းချောင်းထဲကရေနဲ့ ဒဏ်ရာကိုအသာအယာဆေးကြောပေးနေတဲ့ထိုကောင်လေးကို ဆောနူး တအံ့တသြငေးကြည့်နေမိသည်။
ဘဝမှာ သူစိမ်းတစ်ယောက်ဆီကနေ သာမန်လူလိုမျိုး ကြင်ကြင်နာနာဆက်ဆံခံရတာမျိုးက ဒါပထမဆုံးပင်။
နန်းတော်ထဲမှာဆို အားလုံးက မတတ်သာလို့သာ ခစားနေရပေမယ့် ကံဆိုးမှာကိုသေမလောက်ကြောက်နေကြတာမို့ မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်လိုသာဆက်ဆံခံခဲ့ရတာမဟုတ်ပါလား။

မယ်တော်ရယ် အခုနန်းပြင်ကိုအတူပါလာတဲ့မယ်တော်ရဲ့လူယုံ အထိန်းတော်ကြီးရယ်ကလည်း လူထူးဆန်းလိုမဆက်ဆံပေမယ့်နွေးနွေးထွေးထွေး ရှိလှသည်တော့မဟုတ်ပေ။

ဆေးထည့်ပေးတဲ့အခါ နာကျင်မှုကြောင့်တုန်ရီသွားတော့ ဂရုဏာသက်နဲ့မျက်ဝန်းတွေနဲ့မော့ကြည့်လာသည်။
မျက်နှာအမူအရာကတော့အေးစက်စက်ဆိုပေမယ့် မျက်ဝန်းတွေကနွေးထွေးမှုတွေကိုခံစားလိုက်ရတာကြောင့် ရင်ထဲမှာနွေးထွေးသွားတော့သည်။

ထို့နောက်ကောင်လေးက သူ၏နဖူးမှာစည်းထားသောနဖူးစည်းကိုဖြုတ်ကာ ကျွန်တော့်ရဲ့ ဒဏ်ရာမှာစည်းနှောင်ပေးလာသည်။

နဖူးစည်းကိုဖြုတ်လိုက်တော့ အနည်းငယ်ဝေ့ဝဲ ကျလာတဲ့ ဆံနွယ်အချို့က သူ့ရဲ့ရှိရင်းစွဲခန့်ညားမှုကို ပိုပြီးကြည့်ကောင်းသွားစေသည်။

" မင်းကသူတို့ထဲကတစ်ယောက်ပဲလား
ဒီတောထဲကိုဘာရည်ရွယ်ချက်နဲ့လာတာလဲ "

ကောင်လေးက တစ်ခုခုကိုအထင်လွဲနေမှန်းထိုမေးခွန်းကိုကြားမှသဘောပေါက်လိုက်သည်။
သူတို့ထဲကတစ်ယောက်လားတဲ့
သူတို့ ဆိုတာက ဘယ်သူတွေပါလိမ့်။

" ငါ ငါက ဆေးပင်ရှာဖို့ လာခဲ့တာပါ
တောခွေးအုပ်နဲ့မထင်မှတ်ဘဲ တွေ့ခဲ့ရတာ တခြား ဘာရည်ရွယ်ချက်မှမရှိပါဘူး"

ရှားရှားပါးပါး မိတ်ဆွေတစ်ယောက်ရမည့်ဆဲဆဲတွင် အထင်လွဲတာခံရမှာစိုးတာကြောင့် ဖြေရှင်းချက်ပေးတဲ့စကားတွေကအထစ်အထစ်အငေါ့ငေါ့။
သူစိမ်းတစ်ယောက်နဲ့စကားမပြောဖူးတာကြောင့်ဘယ်ကဘယ်လိုစပြီး မိတ်ဆွေဖွဲ့ရမလဲဆိုတာလည်းဆောနူးမသိတော့ချေ လက်ဖျားတွေအေးစက်လာပြီး ခေါင်းထဲမှာ အတွေးတွေကယောက်ယက်ခတ်နေတော့သည်။

( ဘယ်လိုပြောရင်ကောင်းမလဲ မင်းကအရမ်းချောတာပဲဆိုရင် ထူးဆန်းနေမလား။

ဒါမှမဟုတ်မင်းကရောဘယ်ကလာတာလဲဆိုရင်
စပ်စုရာကျသွားမလား။

နာမည်ဘယ်လိုခေါ်လဲဆိုတာပဲမေးလိုက်ရမလား
ငါ့နာမည်မေးလာရင်ရောဘယ်လိုလုပ်ရမလဲ နာမည်အရင်းကိုပြောလို့တော့မဖြစ်ဘူး။)

ခေါင်းထဲမှာ အတွေးတွေအပြည့်ဖြစ်နေပေမယ့် ပါးစပ်ကနေတော့တစ်လုံးမှထွက်မလာဘဲ ထိုလူစိမ်းကောင်လေး ကိုသာငေးကြည့်နေမိတဲ့ကျွန်တော့်ကိုထူးဆန်းသူတစ်ယောက်လို့ထင်သွားသည်လားမသိ။

" ဒီလိုအားနည်းပြီး အူကြောင်ကြားပုံစံနဲ့ဆိုရင်တော့သူလျှိုမဖြစ်နိုင်ဘူး ဒဏ်ရာကိုလည်းဆေးစည်းပေးပြီပြီဆိုတော့ ငါသွားတော့မယ်။
ဒီအတိုင်းလမ်းကြုံလို့ကူညီတာပဲမို့ ကျေးဇူးတင်စရာမလိုဘူး။"

ပြောပြောဆိုဆိုနဲ့ လှည့်ထွက်သွားတဲ့သူရဲ့အင်္ကျီစကို အလျှင်အမြန်ဆွဲထားလိုက်တော့ ပြန်လှည့်ကြည့်လာသည်။

( ချောလိုက်တာ)

ပြန်လှည့်အကြည့်မှာ မျက်မှောင်ကြုံ့လျှက်ရှိတဲ့မျက်ဝန်းတွေက တစ်မျိုးလေးဆွဲဆောင်မှုရှိနေသည်။

" ဟို ဟိုလေ သူ သူငယ်ချင်း အဲဒါ မိတ်ဆွေလား ဘယ်လိုပြောရမလဲ "

မိတ်ဆွေဖွဲ့ရအောင်လို့ပြောချင်ပေမယ့်စကားတွေကအယောင်ယောင်အမှားမှား

" မိတ်ဆွေဖွဲ့ချင်တယ်လို့ပြောမလို့လား မလိုဘူး ငါက နေရာအတည်တကျမရှိဘဲ လျှောက်သွားနေရတဲ့သူမို့ နောက်ထပ်လည်းတွေ့နိုင်မှာမဟုတ်ဘူး "

သူ၏အေးစက်စက်လေသံနဲ့ သူစိမ်းဆန်သောစကားကြောင့် မိတ်ဆွေတစ်ယောက်ရတော့မည့်အခွင့်အရေးကို လက်လွှတ်ရတော့မည်ဆိုသောအသိဖြင့် ဝမ်းနည်းနှမြောတသစွာ မျက်ရည်တို့ဝေ့ဝဲလာသည်။

အင်းလေ မျက်နှာကိုလည်းပဝါနဲ့အုပ်ထားရပြီး ကိုယ့်နာမည်အရင်းကိုလည်းမပြောပြရဲ မိတ်ဆက်စကားတောင် ကောင်းကောင်းပြောမထွက်တဲ့ ဂြိုလ်ဆိုးလိုလူတစ်ယောက်က မိတ်ဆွေတစ်ယောက်လိုချင်တယ်ဆိုတာရယ်ချင်စရာကောင်းနေတာပေါ့လေ။
ကိုယ့်အတွေးနဲ့ကိုယ်ဝမ်းနည်းနေမိတုန်း ထွက်သွားဖို့ပြင်နေသူက သက်ပြင်းတစ်ချက်ချကာပြန်လှည့်လာသည်။

" မျက်ရည်က ဘာလို့အဲလောက်လွယ်လွယ်ကျလာရတာလဲ။

အထင်မလွဲပါနဲ့

ငါကမိတ်ဆွေမဖွဲ့ချင်လို့မဟုတ်ဘူး

လူမှန်းသိတတ်စအရွယ်ကတည်းက ငါ့နောက်ကိုလိုက်ပြီးလုပ်ကြံဖို့ကြိုးစားနေတဲ့သူတွေအများကြီးရှိတာမို့ တစ်နေရာတည်းမှာကြာကြာမနေနိုင်ဘဲ ဂျိုဝီစခန်းတစ်ခုကနေတစ်ခုကို ခဏခဏပြောင်းနေရတာ အဲဒါကြောင့် ဘယ်သူ့ကိုမှသံယောဇဉ်မထားချင်ဘူး။

ပြီးတော့ငါ့နောက်ကိုလိုက်နေတဲ့သူတွေက တော်ဝင်မိသားစုကမို့ ပိုပြီးအန္တရာယ်များတယ်

တော်ဝင်မိသားစုတွေက အာဏာနဲ့ပတ်သတ်လာရင် သွေးသားအချင်းချင်းတောင် ငဲ့ညှာမနေကြတဲ့ စိတ်ပျက်စရာ အရူးလိုလူတွေလေ။

ငါ့အတွက်နဲ့မဆိုင်တဲ့သူကိုပါရောပြီးထိခိုက်စေမှာကိုမလိုလားဘူး။ ငါနဲ့ခင်နေမှန်းသိရင်မင်းဆီပါရောက်လာကြမှာစိုးတယ်။

အဲဒါကြောင့် ဒီလောက်နဲ့ရေစက်ဖြတ်ပြီး သူငယ်ချင်းမလုပ်ကြစို့နဲ့ ဟုတ်ပြီလား။"

သူကကျွန်တော့်ခေါင်းကိုညင်သာစွာတစ်ချက်ပုတ်လိုက်ပြီး နှစ်သိမ့်သလိုပြောလိုက်သည်။

ကျွန်တော့်ခေါင်းထဲမှာတော့ တော်ဝင်မိသားစု ဆိုတဲ့စကားလုံးက မိုးခြိမ်းသံတစ်ခုလိုပဲ့တင်ထပ်လျက်ရှိသည်။

တော်ဝင်မိသားစုက သတ်ဖို့ကြိုးစားနေတာတဲ့လား။
ဘာလို့ပါလိမ့်။
တော်ဝင်မိသားစုကို မုန်းတီးနေပုံရတဲ့ ထိုသူက ကျွန်တော်သာ တော်ဝင်မိသားစုက မင်းသားတစ်ပါးဖြစ်တယ်ဆိုတဲ့အဖြစ်မှန်ကိုသာသိသွားရင် သူငယ်ချင်းတောင်မဖြစ်လိုက်ဘဲ ရန်သူတစ်ယောက်လိုသဘောထားပြီးမုန်းတီးသွားတော့မှာမဟုတ်ပါလား။

zawgyi

၁၀ႏွစ္ၾကာေသာ္....

ေဆာႏူးတစ္ေယာက္ အထိန္းေတာ္ႀကီးမသိခင္ အိမ္ေတာ္ထဲကခိုးထြက္လာၿပီး အိမ္ရဲ႕အနီးမွာရွိတဲ့ေတာအုပ္ေလးထဲမွာ ေဆးပင္ေလးေတြကိုယ္တိုင္ရွာၿပီးခူးမယ္ဆိုတဲ့အေတြးနဲ႕ ေပ်ာ္႐ႊင္ျမဴးတူးစြာ ေတာထဲဝင္လာခဲ့သည္။

နန္းေတာ္ထဲကထြက္လာတာတစ္လပဲရွိေသးေပမယ့္ နန္းေတာ္ထဲမွာေနရတဲ့ဘဝထက္ အခုအိမ္ေတာ္ေသးေသးေလးမွာေနရတဲ့ဘဝကို ပိုၿပီးသေဘာက်ေနမိသည္။

နန္းေတာ္မွာဆို ရွိသမွ်နန္းတြင္းသူေတြ မိန္းမစိုးေတြ ရဲမက္ေတြ အကုန္လုံးအျပင္ အယုတ္စြဆုံး ခမည္းေတာ္ကိုယ္တိုင္ကပါ ေဆာႏူးကိုျမင္ရင္ သရဲတစ္ေဆကိုျမင္ရသလိုေၾကာက္လန့္ၿပီး ေရွာင္ဖယ္သြားၾကသည္မဟုတ္ပါလား။

ဘယ္သူကမွ အေပါင္းအသင္းမလုပ္ခ်င္ဘဲ ေတာ္ဝင္ေက်ာင္းေတာ္မွာ ပညာသင္ဖို႔ေတာင္ အျခားသူေတြကိုထိခိုက္ေစမွာစိုးတာေၾကာင့္အေဆာင္ေတာ္မွာပင္ ဆရာနဲ႕ကန့္လန့္ကာျခားၿပီး စာသင္ရတဲ့ ေဆာႏူးရဲ႕ ကမၻာက အျခားသူေတြနဲ႕အၿမဲတေစ သီးသန့္ျဖစ္ေနတတ္သည္။

"မ်က္ႏွာကိုျမင္လိုက္သူမွန္သမွ်ကို ကံဆိုးေစတဲ့မင္းသားေလး "
ဆိုတဲ့ ဂုဏ္ပုဒ္ေၾကာင့္ ေဆာႏူးမ်က္ႏွာေလးကို
ေဆာႏူးကိုယ္တိုင္ကလြဲရင္ မည္သူမွ်မျမင္ဖူးေခ်။

တစ္ခါတစ္ေလေတာ့သာမန္လူေတြလို လြတ္လြတ္လပ္လပ္ရွင္သန္ေနထိုင္ခ်င္ေပမယ့္ ကြၽန္ေတာ့္ မ်က္ႏွာကိုျမင္ၿပီး ကံဆိုးမႈေတြႀကဳံမယ့္သူေတြကိုေတြးလိုက္မိရင္ မ်က္ႏွာေပၚက အနက္ေရာင္ပဝါစႀကီးကိုခဏေလးေတာင္ဖယ္ရွားဖို႔မဝံ့ရဲေတာ့ေခ်။

ပဝါစကိုအမွတ္မထင္ ျဖဳတ္ထားမိရာကေန မ်က္ႏွာကိုျမင္သြားၿပီး ကံဆိုးကာ ေရတြင္းထဲေျခေခ်ာ္က်ေသဆုံးခဲ့တဲ့နန္းတြင္းသူတစ္ဦး၊
ညဘက္အိပ္ေပ်ာ္ေနတုန္း နန္းေဆာင္ကိုမီးေလာင္လို႔ လာေရာက္ကယ္ဆယ္ရင္းကေန အိပ္ေနခ်ိန္ပဝါအုပ္မထားမိတဲ့ ကြၽန္ေတာ့္မ်က္ႏွာကိုျမင္သြားတဲ့ ကိုယ္ရံေတာ္ရဲမက္အခ်ိဳ႕ရဲ႕ ေသဆုံးမႈ စသည့္ ေၾကာက္မက္ဖြယ္ရာ ကံဆိုးမႈေတြကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရၿပီးေနာက္

လူမွန္းသိတတ္စကတည္းက ကိုယ့္ေၾကာင့္ သူမ်ားကံဆိုးရမယ္ဆိုတဲ့စိတ္ႀကီးက အသည္းႏွလုံးထဲမွာအျမစ္တြယ္ေနတာမို႔ တစ္ခါတစ္ေလ အိပ္ေနရင္းေတာင္ ပဝါကိုျဖဳတ္ပစ္ဖို႔သတၱိမရွိတဲ့အထိ အေၾကာက္စြဲေနမိသည္။

အဲဒါေၾကာင့္ အသက္၁၀ႏွစ္ျပည့္ခ်ိန္မွာ ခမည္းေတာ္ဆီက ၿမိဳ႕ေတာ္အစြန္အဖ်ားေတာအုပ္နားက အိမ္ေတာ္ငယ္ေလးတစ္ခုမွာ အထိန္းေတာ္အခ်ိဳ႕နဲ႕အတူ သြားေရာက္ေနထိုင္ဖို႔ အမိန့္ေရာက္လာေတာ့ ဝမ္းေျမာက္ဝမ္းသာလက္ခံမိခဲ့သည္။

သာမန္မြန္းၾကပ္တာေတြထက္ပိုဆိုးတဲ့ နန္းေတာ္ထဲမွာ ကိုယ့္ေၾကာင့္ ဘယ္သူ႕ကိုမ်ားကံဆိုးေစလိမ့္မလဲဆိုတဲ့အေတြးနဲ႕ရွင္သန္ရတာထက္ လူသူမနီးတဲ့ ဒီလိုအိမ္ေတာ္ေလးမွာ တစ္သက္လုံးလြတ္လပ္စြာေနသြားရတာက ပိုေကာင္းမည္မဟုတ္ပါလား။

အိမ္ေတာ္ေလးဆိုေပမယ့္ အထိန္းေတာ္ေတြအတြက္သီးသန့္ အေဆာင္ငယ္ေလးပါရွိသည့္အျပင္ နန္းတြင္းမွာမဟုတ္သည့္အတြက္ နန္းစည္းကမ္းအတိုင္း အနားမွာ အထိန္းေတာ္ေတြအၿမဲခစားေနစရာမလိုတာေၾကာင့္ ႀကီးမားက်ယ္ျပန့္လွေသာနန္းေတာ္ႀကီးထက္ ဒီအိမ္ေတာ္ေသးေသးေလးမွာ ပို၍ အသက္ရႉေခ်ာင္ေလသည္။
အိမ္ေတာ္ဝန္းေလးထဲမွာ အသီးအႏွံေလးစိုက္ခင္းေလးေတြစိုက္ပ်ိဳးထားၿပီး ပန္းခင္းေလးေတြလည္းရွိတဲ့အျပင္ ေတာအုပ္ေလးနဲ႕ပါနီးတာေၾကာင့္ ႏွစ္လိုဖြယ္ရာအျပည့္နဲ႕အိမ္ေတာ္ေလးမွာေနထိုင္ရတာ ကို အမွန္တကယ္ပဲ သဘောတှေ့လကြျရျှိသညျ။

ကြၽန္ေတာ့္ေၾကာင့္ကံဆိုးခဲ့ရတဲ့သူေတြအတြက္ ျပန္ေပးဆပ္သည့္အေနျဖင့္ လူေတြရဲ႕အသက္ကိုကယ္နိုင္မည့္ ေဆးပညာရပ္ကို ေသခ်ာစြာ ေလ့လာသင္ယူရင္း တိတ္တဆိတ္အခမဲ့ေဆးလိုက္ကုေပးမည္ဟုလည္း ႀကံစည္ထားတာၾကာင့္ ဒီအိမ္ေတာ္ေရာက္တာနဲ႕ အထိန္းေတာ္ႀကီးလစ္တဲ့အခ်ိန္ ေတာအုပ္ထဲခိုးဝင္ကာ ေဆးေဖာ္စပ္ဖို႔ေဆးပင္မ်ားလိုက္လံရွာေဖြတတ္တဲ့အက်င့္ေလးျဖစ္လာခဲ့သည္။

လိုခ်င္တဲ့ေဆးပင္လိုက္ရွာရင္း ေတာနက္မွန္းမသိနက္လာခဲ့ရာ တစ္ေနရာအေရာက္တြင္ ေတာေခြးအုပ္စုနဲ႕ ရင္ဆိုင္လိုက္ရသည္။

ေတာေခြးအုပ္မွာ အေကာင္၃၀ခန့္ရွိၿပီး ကြၽန္ေတာ့္ကိုေတြ႕တာနဲ႕ ရန္လိုေနတာေၾကာင့္ ႐ုတ္တရက္ ဘာလုပ္ရမွန္းမသိဘဲေျခဦးတည့္ရာကိုသာေျပးလႊားခဲ့ရသည္။

မနက္ကတည္းက အိမ္ေတာ္ကထြက္လာလိုက္တာ အခုေန႕လည္စာစားခ်ိန္ကိုေတာင္ေက်ာ္ေနၿပီမို႔ ေျပးလႊားေနရင္းေမာဟိုက္ေနသည့္အျပင္ ဗိုက္ကလည္းအေတာ္အတန္ဆာေလာင္ေနတာေၾကာင့္အားေတြကုန္လာသည္။

ေတာေခြးအုပ္စုကလည္း ဆာေလာင္ေနသည့္ဟန္၊ လူေကာင္နည္းနည္းေသးညွက္တဲ့ ကြၽန္ေတာ့္ကိုျမင္ကတည္းက အနိုင္က်င့္လို႔ရမယ့္စားစရာေလးလို႔ မွတ္ယူၿပီး သည္းသည္းသန္သန္ေနာက္ကလိုက္လာတာဇြဲေလွ်ာ့မည့္ပုံလည္းမေပၚ။

ေတာေခြးအုပ္ထဲမွ အေကာင္အႀကီးဆုံးတစ္ေကာင္က အလြန္လွ်င္ျမန္ေသာအရွိန္ျဖင့္ အားကုန္ေျပးလာၿပီး ေျခေထာက္ကိုလွမ္းကိုက္ဆြဲလိုက္ခ်ိန္မွာ လူက မဟန္နိုင္ေတာ့ဘဲ လဲ က်သြားသည္။

ထိုအခ်ိန္တြင္ ေနာက္နားဆီမွ အရိပ္တစ္ခုထြက္ေပၚလာၿပီး ေတာေခြးအုပ္ကိုတိုက္ခိုက္ေျခာက္လွန့္လိုက္သည္။
ကြၽန္ေတာ့္ေျခေထာက္ကိုကိုက္လိုက္သည့္ ေတာေခြးႀကီးကိုကား ျမားျဖင့္လက္စတုံးစီရင္လိုက္သည္။
အဖြဲ႕ထဲက အႀကီးဆုံးအေကာင္ႀကီးမွာ ျမားခ်က္ေၾကာင့္ လဲက် ေသဆုံးသြားတာကိုျမင္ေတာ့ က်န္ေတာေခြးမ်ားလည္း ေတာထဲသို႔ဖရိုဖရဲေျပးလႊားေပ်ာက္ကြယ္သြားေတာ့သည္။

ကူညီေပးတဲ့သူကိုေက်းဇူးတင္စကားေျပာခ်င္လို႔ မတ္တပ္ရပ္ဖို႔ႀကိဳးစားေပမယ့္ ေျခသလုံးဆီက တဆစ္ဆစ္နာက်င္မႈက ပိုတိုးလာတာမို႔ ေဆးပင္ေတြထည့္ထားတဲ့အိတ္ႀကီးတစ္ဖက္နဲ႕ ကုန္းကုန္းႀကီးျဖစ္ေနတဲ့ကြၽန္ေတာ့္ကို ေတာေခြးေတြလက္ထဲမွ ကယ္တင္ေပးခဲ့တဲ့ ထိုေကာင္ေလးက အလြယ္တကူပင္ေကာက္ေပြ႕လိုက္ၿပီး စမ္းေခ်ာင္းေလးတစ္ခုရွိရာဆီသို႔ေခၚသြားသည္။

စမ္းေခ်ာင္းေဘးက ေက်ာက္တုံးေလးေပၚအသာအယာခ်ေပးၿပီးေနာက္ ထိုေကာင္ေလးက ဒဏ္ရာရထားတဲ့ကြၽန္ေတာ့္ရဲ႕ေျခေထာက္ကို ဆြဲယူလိုက္သည္။

ထို႔ေနာက္အဝတ္ကို ဒူးေခါင္းအေက်ာ္ထိလိပ္တင္လိုက္ၿပီး ဒဏ္ရာကိုတစ္ခ်က္ၾကည့္လိုက္သည္။
ထိုအခါမွ ကြၽန္ေတာ္လည္း ထိုေကာင္ကေလး ရဲ႕မ်က္ႏွာကို ေသခ်ာေလးၾကည့္လိုက္မိသည္။

ခႏၶာကိုယ္က ကြၽန္ေတာ့္ထက္ထြားေသာ္လည္း မ်က္ႏွာကိုၾကည့္ရင္ေတာ့ကြၽန္ေတာ့္အသက္နဲ႕မတိမ္းမယိမ္းျဖစ္မည္ဟု ခန့္မွန္းရသည္။

မ်က္ႏွာမွာ ေအးစက္တည္ၾကည္ေနၿပီး ဒဏ္ရာကိုမ်က္ေမွာင္က်ဳံ႕ၿပီး ၾကည့္ေနတဲ့ မ်က္ဝန္းေတြမွာ ထူးဆန္းတဲ့ အရွိန္အဝါတစ္ခုရွိေနသည္။

" ေတာ္ေသးတယ္ ဒဏ္ရာက အရမ္းမမ်ားလို႔
ဒဏ္ရာကိုေရေဆးၿပီးရင္ ငါ့မွာပါတဲ့ေဆးထည့္ေပးမယ္ "

စမ္းေခ်ာင္းထဲကေရနဲ႕ ဒဏ္ရာကိုအသာအယာေဆးေၾကာေပးေနတဲ့ထိုေကာင္ေလးကို ေဆာႏူး တအံ့တၾသေငးၾကည့္ေနမိသည္။
ဘဝမွာ သူစိမ္းတစ္ေယာက္ဆီကေန သာမန္လူလိုမ်ိဳး ၾကင္ၾကင္နာနာဆက္ဆံခံရတာမ်ိဳးက ဒါပထမဆုံးပင္။
နန္းေတာ္ထဲမွာဆို အားလုံးက မတတ္သာလို႔သာ ခစားေနရေပမယ့္ ကံဆိုးမွာကိုေသမေလာက္ေၾကာက္ေနၾကတာမို႔ မေကာင္းဆိုးဝါးနတ္ဆိုးတစ္ေကာင္လိုသာဆက္ဆံခံခဲ့ရတာမဟုတ္ပါလား။

မယ္ေတာ္ရယ္ အခုနန္းျပင္ကိုအတူပါလာတဲ့မယ္ေတာ္ရဲ႕လူယုံ အထိန္းေတာ္ႀကီးရယ္ကလည္း လူထူးဆန္းလိုမဆက္ဆံေပမယ့္ႏြေးႏြေးေထြးေထြး ရွိလွသည္ေတာ့မဟုတ္ေပ။

ေဆးထည့္ေပးတဲ့အခါ နာက်င္မႈေၾကာင့္တုန္ရီသြားေတာ့ ဂ႐ုဏာသက္နဲ႕မ်က္ဝန္းေတြနဲ႕ေမာ့ၾကည့္လာသည္။
မ်က္ႏွာအမူအရာကေတာ့ေအးစက္စက္ဆိုေပမယ့္ မ်က္ဝန္းေတြကႏြေးေထြးမႈေတြကိုခံစားလိုက္ရတာေၾကာင့္ ရင္ထဲမွာႏြေးေထြးသြားေတာ့သည္။

ထို႔ေနာက္ေကာင္ေလးက သူ၏နဖူးမွာစည္းထားေသာနဖူးစည္းကိုျဖဳတ္ကာ ကြၽန္ေတာ့္ရဲ႕ ဒဏ္ရာမွာစည္းႏွောင္ေပးလာသည္။

နဖူးစည္းကိုျဖဳတ္လိုက္ေတာ့ အနည္းငယ္ေဝ့ဝဲ က်လာတဲ့ ဆံႏြယ္အခ်ိဳ႕က သူ႕ရဲ႕ရွိရင္းစြဲခန႔္ညားမႈကို ပိုၿပီးၾကည့္ေကာင္းသြားေစသည္။

" မင္းကသူတို႔ထဲကတစ္ေယာက္ပဲလား
ဒီေတာထဲကိုဘာရည္႐ြယ္ခ်က္နဲ႕လာတာလဲ "

ေကာင္ေလးက တစ္ခုခုကိုအထင္လြဲေနမွန္းထိုေမးခြန္းကိုၾကားမွသေဘာေပါက္လိုက္သည္။
သူတို႔ထဲကတစ္ေယာက္လားတဲ့
သူတို႔ ဆိုတာက ဘယ္သူေတြပါလိမ့္။

" ငါ ငါက ေဆးပင္ရွာဖို႔ လာခဲ့တာပါ
ေတာေခြးအုပ္နဲ႕မထင္မွတ္ဘဲ ေတြ႕ခဲ့ရတာ တျခား ဘာရည္႐ြယ္ခ်က္မွမရွိပါဘူး"

ရွားရွားပါးပါး မိတ္ေဆြတစ္ေယာက္ရမည့္ဆဲဆဲတြင္ အထင္လြဲတာခံရမွာစိုးတာေၾကာင့္ ေျဖရွင္းခ်က္ေပးတဲ့စကားေတြကအထစ္အထစ္အေငါ့ေငါ့။
သူစိမ္းတစ္ေယာက္နဲ႕စကားမေျပာဖူးတာေၾကာင့္ဘယ္ကဘယ္လိုစၿပီး မိတ္ေဆြဖြဲ႕ရမလဲဆိုတာလည္းေဆာႏူးမသိေတာ့ေခ် လက္ဖ်ားေတြေအးစက္လာၿပီး ေခါင္းထဲမွာ အေတြးေတြကေယာက္ယက္ခတ္ေနေတာ့သည္။

( ဘယ္လိုေျပာရင္ေကာင္းမလဲ မင္းကအရမ္းေခ်ာတာပဲဆိုရင္ ထူးဆန္းေနမလား။

ဒါမွမဟုတ္မင္းကေရာဘယ္ကလာတာလဲဆိုရင္
စပ္စုရာက်သြား။

နာမည္ဘယ္လိုေခၚလဲဆိုတာပဲေမးလိုက္ရမလား
ငါ့နာမည္ေမးလာရင္ေရာဘယ္လိုလုပ္ရမလဲ နာမည္အရင္းကိုေျပာလို႔ေတာ့မျဖစ္ဘူး။)

ေခါင္းထဲမွာ အေတြးေတြအျပည့္ျဖစ္ေနေပမယ့္ ပါးစပ္ကေနေတာ့တစ္လုံးမွထြက္မလာဘဲ ထိုလူစိမ္းေကာင္ေလး ကိုသာေငးၾကည့္ေနမိတဲ့ကြၽန္ေတာ့္ကိုထူးဆန္းသူတစ္ေယာက္လို႔ထင္သြားသည္လားမသိ။

" ဒီလိုအားနည္းၿပီး အူေၾကာင္ၾကားပုံစံနဲ႕ဆိုရင္ေတာ့သူလွ်ိုမျဖစ္နိုင္ဘူး ဒဏ္ရာကိုလည္းေဆးစည္းေပးၿပီၿပီဆိုေတာ့ ငါသြားေတာ့မယ္။
ဒီအတိုင္းလမ္းႀကဳံလို႔ကူညီတာပဲမို႔ ေက်းဇူးတင္စရာမလိုဘူး။"

ေျပာေျပာဆိုဆိုနဲ႕ လွည့္ထြက္သြားတဲ့သူရဲ႕အကၤ်ီစကို အလွ်င္အျမန္ဆြဲထားလိုက္ေတာ့ ျပန္လွည့္ၾကည့္လာသည္။

( ေခ်ာလိုက္တာ)

ျပန္လွည့္အၾကည့္မွာ မ်က္ေမွာင္ႀကဳံ႕လွ်က္ရွိတဲ့မ်က္ဝန္းေတြက တစ္မ်ိဳးေလးဆြဲေဆာင္မႈရွိေနသည္။

" ဟို ဟိုေလ သူ သူငယ္ခ်င္း အဲဒါ မိတ္ေဆြလား ဘယ္လိုေျပာရမလဲ "

မိတ္ေဆြဖြဲ႕ရေအာင္လို႔ေျပာခ်င္ေပမယ့္စကားေတြကအေယာင္ေယာင္အမွားမွား

" မိတ္ေဆြဖြဲ႕ခ်င္တယ္လို႔ေျပာမလို႔လား မလိုဘူး ငါက ေနရာအတည္တက်မရွိဘဲ ေလွ်ာက္သြားေနရတဲ့သူမို႔ ေနာက္ထပ္လည္းေတြ႕နိုင္မွာမဟုတ္ဘူး "

သူ၏ေအးစက္စက္ေလသံနဲ႕ သူစိမ္းဆန္ေသာစကားေၾကာင့္ မိတ္ေဆြတစ္ေယာက္ရေတာ့မည့္အခြင့္အေရးကို လက္လႊတ္ရေတာ့မည္ဆိုေသာအသိျဖင့္ ဝမ္းနည္းႏွေျမာတသစြာ မ်က္ရည္တို႔ေဝ့ဝဲလာသည္။

အင္းေလ မ်က္ႏွာကိုလည္းပဝါနဲ႕အုပ္ထားရၿပီး ကိုယ့္နာမည္အရင္းကိုလည္းမေျပာျပရဲ မိတ္ဆက္စကားေတာင္ ေကာင္းေကာင္းေျပာမထြက္တဲ့ ၿဂိဳလ္ဆိုးလိုလူတစ္ေယာက္က မိတ္ေဆြတစ္ေယာက္လိုခ်င္တယ္ဆိုတာရယ္ခ်င္စရာေကာင္းေနတာေပါ့ေလ။
ကိုယ့္အေတြးနဲ႕ကိုယ္ဝမ္းနည္းေနမိတုန္း ထြက္သြားဖို႔ျပင္ေနသူက သက္ျပင္းတစ္ခ်က္ခ်ကာျပန္လွည့္လာသည္။

" မ်က္ရည္က ဘာလို႔အဲေလာက္လြယ္လြယ္က်လာရတာလဲ။

အထင္မလြဲပါနဲ႕

ငါကမိတ္ေဆြမဖြဲ႕ခ်င္လို႔မဟုတ္ဘူး

လူမွန္းသိတတ္စအ႐ြယ္ကတည္းက ငါ့ေနာက္ကိုလိုက္ၿပီးလုပ္ႀကံဖို႔ႀကိဳးစားေနတဲ့သူေတြအမ်ားႀကီးရွိတာမို႔ တစ္ေနရာတည္းမွာၾကာၾကာမေနနိုင္ဘဲ ဂ်ိဳဝီစခန္းတစ္ခုကေနတစ္ခုကို ခဏခဏေျပာင္းေနရတာ အဲဒါေၾကာင့္ ဘယ္သူ႕ကိုမွသံေယာဇဥ္မထားခ်င္ဘူး။

ၿပီးေတာ့ငါ့ေနာက္ကိုလိုက္ေနတဲ့သူေတြက ေတာ္ဝင္မိသားစုကမို႔ ပိုၿပီးအႏၱရာယ္မ်ားတယ္

ေတာ္ဝင္မိသားစုေတြက အာဏာနဲ႕ပတ္သတ္လာရင္ ေသြးသားအခ်င္းခ်င္းေတာင္ ငဲ့ညွာမေနၾကတဲ့ စိတ္ပ်က္စရာ အ႐ူးလိုလူေတြေလ။

ငါ့အတြက္နဲ႕မဆိုင္တဲ့သူကိုပါေရာၿပီးထိခိုက္ေစမွာကိုမလိုလားဘူး။ ငါနဲ႕ခင္ေနမွန္းသိရင္မင္းဆီပါေရာက္လာၾကမွာစိုးတယ္။

အဲဒါေၾကာင့္ ဒီေလာက္နဲ႕ေရစက္ျဖတ္ၿပီး သူငယ္ခ်င္းမလုပ္ၾကစို႔နဲ႕ ဟုတ္ၿပီလား။"

သူကကြၽန္ေတာ့္ေခါင္းကိုညင္သာစြာတစ္ခ်က္ပုတ္လိုက္ၿပီး ႏွစ္သိမ့္သလိုေျပာလိုက္သည္။

ကြၽန္ေတာ့္ေခါင္းထဲမွာေတာ့ ေတာ္ဝင္မိသားစု ဆိုတဲ့စကားလုံးက မိုးၿခိမ္းသံတစ္ခုလိုပဲ့တင္ထပ္လ်က္ရွိသည္။

ေတာ္ဝင္မိသားစုက သတ္ဖို႔ႀကိဳးစားေနတာတဲ့လား။
ဘာလို႔ပါလိမ့္။
ေတာ္ဝင္မိသားစုကို မုန္းတီးေနပုံရတဲ့ ထိုသူက ကြၽန္ေတာ္သာ ေတာ္ဝင္မိသားစုက မင္းသားတစ္ပါးျဖစ္တယ္ဆိုတဲ့အျဖစ္မွန္ကိုသာသိသြားရင္ သူငယ္ခ်င္းေတာင္မျဖစ္လိုက္ဘဲ ရန္သူတစ္ေယာက္လိုသေဘာထားၿပီးမုန္းတီးသြားေတာ့မွာမဟုတ္ပါလား။

Continue Reading

You'll Also Like

38.9K 5.7K 61
ကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ...
2M 57.1K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
777 136 25
"එදා ඒ පොතට මොකද වුණේ??" "හරියට ශාපලත් පොත public library එකට ගියා වාගේ"
193K 5.8K 32
~ Year two ~ Warning; this is the second book in a series!!! This also will journey through all of the books / movies so if you want a quick read, o...