"ဒါတာတာ ဘာယူလားလဲခန့်မှန်းကြည့်"
လေးလေးငယ်က အရာတစ်ခုအား အနောက်တွင်ဖွက်ထားရင်း
ပြုံးပျော်စွာမေးလာ၏။
သက်ပိုင် ချောင်းကြည့်ဖို့ ခေါင်းအားစောင်းလိုက်ပေမဲ့ လေးလေးငယ် သိပ်လျင်သည်၊အစအနလေးပင်မမြင်လိုက်ရ။
"ခင်ဗျားမပြပဲ ကျွန်တော်က ဘယ်လိုသိမှာလဲ"
သက်ပိုင်က မျက်ခုံးအားပင့်ရင်း
မကျေမနပ်စွာဖြင့်ပြောလိုက်သည်။
ထိုအခါ လေးလေးငယ်က သူ့အမူအရာကို ရယ်ရင်း နောက်ကျောဘက်မှဖွက်ထားသောအရာကို ထုတ်ပြလာသည်။
အဲ့တာကတော့ အခြားမဟုတ် အလယ်မှ လှီးထားသော ချောကလက်
ကိတ်မုန့်တခြမ်းဖြစ်သည်။
သက်ပိုင် ဒါကဘာအံ့သြစရာရှိလဲဆိုသည့် အကြည့်ဖြင့်ကြည့်လိုက်တော့
လေးလေးငယ်က မျက်မှောင်ကိုခပ်သာသာကျုံ့၍ တဖက်မှာတော့ပြုံးနေ၏။
"အရူးကောင်လေး ငါကိုယ်တိုင်ဖုတ်ထားတာကွ"
သက်ပိုင် ခေါင်းတငြိမ့်ငြိမ့်နှင့် ဆေးရုံအခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်လိုက်တော့ လေးလေးငယ် ကိတ်မုန့်ကိုစားပွဲတွင်ချပေးတာ သက်ပိုင်အတွက် ကိတ်မုန့်တစ်စိတ်အား ဓားဖြင့်ခွဲပေးသည်။
"မမှတ်မိဘူးလား ဒါမင်းအကြိုက်ဆုံးကိတ်လေ အသက်ရဲ့၊
မင်းက ငါလုပ်တဲ့ချောကလက်ကိတ်ကိုအကြိုက်ဆုံးပဲလို့တောင်ပြောသေးတာ"
စကားအားပြောနေရင်းဖြင့် သက်ပိုင်အားဇွန်းကိုကမ်းပေးလာသည်။
"အဲ့တာကသူလေ ကျွန်တော်မှမဟုတ်တာ"
သက်ပိုင် စူပုတ်စွာပြောမိတော့ လေးလေးငယ်က ဟက်ဟက်ပက်ပက်ရယ်သည်။
ထို့နောက် သက်ပိုင်၏ခေါင်းအားလက်ဖြင့် ဖွလိုက်ရင်း ပါးလေးများဆီကိုလျှောဆင်းသွားကာ ပါးပြင်လေးကိုအသာညစ်၏။
"သူနဲ့မင်းနဲ့က အတူတူပဲလေ အသက်ရဲ့၊ဘာတွေဒီလောက်ခွဲခြားနေတာတုန်း။
ပြောရရင် မင်းလည်းငါ့ယောက်ျား မင်းပြောတဲ့သူဆိုတာကလည်း ငါ့ယောက်ျားပဲလေ"
"ဟုတ်ပေမဲ့လဲ....."
သက်ပိုင် သူ့ကိုယ်သူဘာဖြစ်နေသလဲသူကိုယ်တိုင်ပင်မသိတော့ချေ။
သူ့အရှေ့မှ လေးလေးငယ်ဆိုသောသူ၏ယောက်ျားမှာ အရင်တချိန်ကသူဖြစ်ခဲ့သော်လည်း ယခုအခါတွင် အရင်တုန်းကမှတ်ညဏ်များသူ၌မရှိတော့ချေ။
အရိုးရှင်းဆုံးပြောရလျှင် သူဟာသူမဟုတ်သလိုပင်။
အကယ်၍ အရင်ကမှတ်ညဏ်တွေမပေါ်ခဲ့ရင် အရင်ကသက်ပိုင်သာပြန်မလာခဲ့ရင် သူဒီလူကိုအပိုင်ရနိုင်မယ်မဟုတ်လား။
သူ့ကိုယ်သူ ပြန်၍အတ္တကြီးနေသည်မှာတော့ မိုက်ရူးရဲဆန်လှသည်။
သို့ပေမဲ့ မှတ်ညဏ်အားလုံးကိုပိုင်ဆိုင်ထားတဲ့ အရင်ကသက်ပိုင်ကို သူ့အရှေ့ကလူဘယ်လောက်တောင်ချစ်ကြောင်းပြောခဲ့ပြီးပြီလဲ...
သူကရော ဒီလူရဲ့အကြောင်းတွေကိုသူ့ထက်ပိုသိနိုင်မလား...ယခုလက်ရှိသူကရော ဒီလူအကြောင်းကိုဘယ်လောက်သိလဲ။
အရင်ကသက်ပိုင်နဲ့အခုသက်ပိုင်နဲ့
လေးလေးငယ်ကဘယ်သူ့ကိုပိုချစ်နိုင်လောက်သလဲ။
သူ့ထက်စာရင်အချိန်များစွာပိုရှိပြီး အမှတ်တရများစွာရှိခဲ့တဲ့ အရင်ကသက်ပိုင်ကို သူအလွန်ပင်သဝန်တိုပါသည်။
သက်ပိုင်ငေးငိုင်စွာ နေသည်ကို လေးလေးငယ်က သတိထားမိဟန်။
"ဘာဖြစ်လို့လဲအသက်"
"ကျွန်တော်စဥ်းစားနေတာ....."
"အမ်"
"အရင်ကသက်ပိုင်နဲ့အခုသက်ပိုင်နဲ့ဆိုရင် ခင်ဗျားဘယ်သူ့ကိုပိုချစ်လဲ"
"ဟမ် ဘယ်လို?"
လေးလေးငယ်က ခေါင်းရှုပ်သွားဟန်နှင့် သူ့အားကြည့်လာသည်။
"ကျွန်တော်ဆိုလိုတာက အရင်ကမှတ်ညဏ်တွေအကုန်ရှိတဲ့သက်ပိုင်နဲ့
အခုဘာမှတ်ညပ်မှမရှိတဲ့သက်ပိုင်...
ခင်ဗျား ဘယ်သူ့ကိုပိုချစ်လဲ"
"မဟုတ်သေးဘူးလေ အသက်...
အရင်ကသက်ပိုင်ဖြစ်ဖြစ် အခုသက်ပိုင်ဖြစ်ဖြစ် မင်းကမင်း
ပဲလေ..လေးလေးငယ်က မင်းကိုချစ်တာပေါ့"
သက်ပိုင် ခေါင်းအားငိုက်ချထားမိရင်း တိုးတိုးလေးရေရွတ်လိုက်မိသည်။
"သဝန်တိုတယ်....."
"ဘာ?"
"သဝန်တိုတယ်လို့...ကျွန်တော့်ထက်ခင်ဗျားရဲ့အကြောင်းကိုပိုသိတဲ့ အရင်က ကျွန်တော့်ကိုယ်ကျွန်တော်မနာလိုဘူး....
ကိုယ့်အကြိုက်ဘာမှန်းတောင်မမှတ်မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်အားမရဘူး...
ကျွန်တော်ကြောက်တယ်...အထားခံခဲ့ရမှာကိုကြောက်တယ် အရွေးချယ်မခံခဲ့ရမှာကိုကြောက်တယ်"
သက်ပိုင်က အော်ဟစ်လာရင်းပြောလာသဖြင့် စိုင်းကြောင်သွားမိသည်။
သို့သော် အချိန်ခဏလေးအတွင်းမှာပင် ဒီကောင်လေးကို သူနားလည်လိုက်သည်။
သက်ပိုင်ဟာထိုကဲ့သို့ကောင်လေးမျိုးပင်။
မည်သို့မည်ပုံပင်ဖြစ်နေပါစေ...
အထားခဲ့ခံရမှာကိုအမြဲကြောက်ပြီး
အထီးမကျန်ချင်တဲ့သူ၊
ပိုင်ဆိုင်လိုစိတ်ကြီးပြီး၊
ဘယ်အခြေအနေ
သူဆိုတဲ့စိုင်းအောင်မင်းခန့်ကိုသိပ်ကိုချစ်တဲ့သူ။
ဒီကောင်လေးက သူ့ကိုယ်သူ
သဝန်တိုပြီး စိတ်ရှုပ်ထွေးနေတာပင်။
စိုင်း သက်ပိုင်အနားသို့ကပ်သွားလိုက်ရင်း ငုံ့ထားသောခေါင်းအားမော့လိုက်ကာ မျက်လုံးချင်းဆုံစေလိုက်သည်။
မျက်လုံးအိမ်ထဲမျက်ရည်အိုင်လေးများဖြစ်ပေါ်နေသည်ကို မြင်လိုက်တော့နှလုံးသားက မတည်မငြိမ်နှင့် မျက်ခွံလေးများအား အသာနမ်းရင်း
ထိုမှတဆင့် နှုတ်ခမ်းပါးများဆီသို့ခရီးဆက်လိုက်သည်။
အစကတော့ ကြောင်တောင်တောင်နှင့်ကောင်လေးက ခဏအကြာတော့အနမ်းများကိုတုံ့ပြန်လာပါ၏။
အရူးလေး။
"ငါ့ကိုကြည့် အသက်"
အနမ်းများကိုအဆုံးသတ်လိုက်ရင်း
အကြည့်များကိုထပ်တူကျစေလိုက်တော့ သက်ပိုင်၏မျက်လုံးတို့ကအနည်းငယ်ရီဝေနေ၏။
"မင်းက မင်းထင်ထားတာထက် ငါ့အကြောင်းကိုပိုသိတယ်...ပြီးတော့
မင်းကငါ့ကိုအမြဲချစ်နေတာ၊
ငါကလည်း မင်းတစ်ယောက်တည်းကိုပဲ ဆက်ချစ်သွားမှာ"
"ဒါဆို ခင်ဗျားက ကျွန်တော့်ကိုချစ်တာပေါ့"
"အင်း မင်းတစ်ယောက်တည်းကိုပဲအသက်....
အရင်ကလည်းမင်းကိုငါချစ်တယ်
အခုကော...နောက်ပြီး နောင်ကော
တကယ့်ကိုပဲ မင်းမှမင်းပါပဲကွာ"
သက်ပိုင်အခုသေချာနားလည်လိုက်ပြီပင်...
လေးလေးငယ်ချစ်သောသူဟာ၊
အောင်သက်ပိုင်ဆိုတဲ့သူပဲဖြစ်သည်။
အတိတ်မေ့သည်ဖြစ်စေ အတိတ်မမေ့ခဲ့သည်ဖြစ်စေ လေးလေးငယ်က သူဖြစ်နေလို့ကို ချစ်တာပင်ဖြစ်သည်။
ထို့အတူ အရင်ကသူဟာလည်းလေးလေးငယ်ကိုချစ်ခဲ့သလို
လက်ရှိသူဟာလည်း လေးလေးငယ်ဆိုသည့်သူကိုချစ်ဦးမည်ပင်။
ဦးနှောက်ကမေ့နေခဲ့ရင်တောင်
နှလုံးသားဟာအမြဲအမှတ်ရနေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အချစ်ကြောင့်သာဖြစ်ပါ၏။
ရက်အနည်းငယ်ဆေးရုံ၌နေအပြီးတွင်တော့ သက်ပိုင်ဆေးရုံကဆင်းခွင့်ရခဲ့လေသည်။
လေးလေးငယ်နှင့်အတူ အိမ်ပြန်သည့်တစ်လျှောက် သက်ပိုင်အလွန်ပင်စိတ်လှုပ်ရှားနေ၍ သူနှင့်လေးလေးငယ်နေသည့်အိမ်ကလေးကိုအလွန်ပင်မြင်ချင်နေလေသည်။
အိမ်သို့အရောက် အိမ်ထဲသို့အပြေးဝင်သွားမိတော့ လေးလေးငယ်က အနောက်ကနေချော်လဲမည်စိုး၍ တား၏။
ထိုသို့တားမှ သက်ပိုင်က ကြီးကောင်ကြီးမားကြီးနှင့် ချော်လဲလိုက်ပါသေးသည်။
နောက်တော့ လေးလေးငယ်ကပဲအပြေးလေးလာထူ၍ ဆူပူပါလေတော့သည်။
သူဟာလေးလေးငယ်နှင့်ပတ်သတ်လျှင် ကလေးလေးတစ်ယောက်လိုပင်ဖြစ်နေတော့သည်။
အိမ်ထဲကိုဝင်တော့ ပုံမှန်အိမ်ထောင်ပရိဘောဂများနှင့် ဝင်ဝင်ချင်းပင် ဒါဟာသူ့ရဲ့အိမ်လို့ခံစားသွားရစေတဲ့အထိရင်းနှီးသောနွေးထွေးမှုကိုခံစားလိုက်ရသည်။
သက်ပိုင် အိမ်အားပတ်ကြည့်နေတုန်း လေးလေးငယ်က အထုပ်အပိုးများအားကားပေါ်မှ ချနေ၏။
သက်ပိုင် သူတို့နှစ်ယောက်၏အိပ်ခန်းဟုသံတယရှိဟန်တူသည့် အခန်းထဲကိုဝင်လိုက်သည့်အချိန်တွင် နှလုံးသားမှာ ကျေနပ်ဝမ်းသာမှုတစ်စုံတစ်ရာကိုခံစားလိုက်ရသည်။
အိပ်ယာထက်တွင် လဲချလိုက်စဥ်မှာပဲ လေးလေးငယ်ကအိပ်ခန်းထဲသို့ဝင်လို့လာသည်။
"အိပ်တောင်အိပ်နေပြီပေါ့"
"ဒီကိုလာ"
သက်ပိုင် အနားသို့လာရန်ခေါ်လိုက်တော့လေးလေးငယ်က အနားသို့တိုးလာ၏။
ထိုအခါ လေးလေးငယ်အား ဝုန်းကနဲဆွဲဖက်ပစ်လိုက်၍ သူ၏ရင်ဘက်ပေါ်တွင်အိပ်စေလိုက်သည်။
လေးလေးငယ်က အင်း ဟုသာအသံပြုရင်း ငြိမ်ငြိမ်လေး အိပ်နေပေးသည်။
ထို့နောက် နှစ်ယောက်သားထိုနေရာတွင်အိပ်ပျော်သွားကြပြီး နိုးအလာတွင်တော့ နေ့လည်စာ စားရန်ပြင်ဆင်ကြသည်။
မီးဖိုချောင်ထဲ သက်ပိုင်ဝင်လိုက်၍ ကြောင်အိမ်ပေါ်ရှိ အေပရွန်အား ဝတ်ဆင်လိုက်၍ ဟင်းအားစတင်ချက်ပြုတ်လိုက်သည်။
မသိရင် တကယ့်ကိုလုပ်လေ့လုပ်ထနေတဲ့သူအတိုင်း။
သက်ပိုင် မယုံသင်္ကါစွာဖြင့် လေးလေးငယ်ကိုမေးခွန်းတစ်ခုထုတ်လိုက်၏။
"အရင်က ဒီမှာထမင်းဟင်း ဘယ်သူချက်တာလဲ"
ထိုအခါ လေးလေးငယ်က ပေါ့ပါးစွာဖြင့်ပြန်ဖြေလာပါသည်။
"မင်းလေ"တဲ့။
*****
"လေးလေးငယ်ရေ!!"
သက်ပိုင် မီးဖိုချောင်ထဲကနေအော်ခေါ်လိုက်တော့ ဧည့်ခန်းထဲမှာ TVကြည့်နေတဲ့လေးလေးငယ်က အသံပေးလာ၏။
"ဘာတုန်း!"
အခုမှစသက်သာခါစ လူနာကိုကျခိုင်းစားထားပြီး သူကိုယ်တိုင်ကျTVကြည့်နေသော လေးလေးငယ်အား သက်ပိုင်ပညာပေးပစ်ဖို့ စဥ်းစားထားလိုက်သည်။
"ဒီကိုခဏလာပါဦး!"
ထိုအခါ လေးလေးငယ်က မီးဖိုချောင်ထဲသို့ဝင်လာ၏။
ထို့နောက် သူ၏ဘေးတွင် စားပွဲအားလက်ထောက်၍ ဘာလဲဆိုသည့်အကြည့်နှင့်။
"ခိုင်းစရာရှိလို့"
"ဘာခိုင်းမလို့"
သူ၏နံဘေးရှိ လေးလေးငယ်အား ရွှတ်ကနဲ မြည်အောင်နမ်းလိုက်ရင်း ပြီတီတီ အကြည့်နှင့် ကြည့်ကာ
"ချစ်ခိုင်းမလို့"
လေးလေးငယ်၏မျက်နှာက နီတက်သွား၍ အိုးတိုးအမ်းတမ်းဖြစ်သွား၏။
မှတ်ပြီလား သက်ပိုင်ကိုလာစမ်းချင်ဦး။
"ဒီလောက်ညဏ်များတဲ့ကလေး သူမျကိုပေးပစ်သင့်လားနော်"
"ပေးရက်တယ်ပေါ့"
"မပေးရက်ပါဘူး အာချောင်ကြည့်တာ"
သက်ပိုင် ခွီးကနဲရယ်တော့ လေးလေးငယ်က ပြုံးသည်။
ထို့နောက် ပြောလာသည်က
"ဒီချစ်ဖို့ကောင်းတဲ့ကလေးလေးကို လေးလေးငယ် ဘယ်လိုလုပ်ပေးပစ်ရက်မှာတုန်း"တဲ့လေ။
*****
ယနေ့ လေးလေးငယ်အလုပ်သွားသည်။
နေ့တိုင်း လေးလေးငယ်ဘေးနားရှိနေပေးခဲ့လို့ထင်သည်၊ယခုလေးလေးငယ်မရှိတော့ သက်ပိုင်မှာအလွန်အလွန်ပင်အထီးကျန်ရသည်ဟုခံစားရလေသည်။
ထို့ကြောင့် စာအုပ်ဖတ်ရန်အတွက် စာကြည့်ခန်းထဲသို့ဝင်လိုက်ရင်း များစွာသော စာအုပ်စင်များအားကြည့်ရင်းမည်သည့်စာအုပ်ဖတ်ရမည်ကိုရွေးချယ်နေလိုက်၏။
ထိုအချိန်တွင် စာအုပ်များအကြား၌အများနှင့်မတူပဲ ကွဲထွက်နေသည့်စာအုပ်ကလေးတအုပ်ကိုတွေ့၍ ဆွဲထုတ်လိုက်တော့ ဒိုင်ယာရီရေးတဲ့စာအုပ်ကလေးတအုပ်။
သက်ပိုင် စာကြည့်စားပွဲ၌ ထိုင်လိုက်ရင်း စာအုပ်အားဖွင့်လိုက်၏။
စာအုပ်အစပိုင်းတွင်တော့ လေးလေးငယ်အားလွမ်းသည့်အကြောင်းတွေကိုမမောနိုင်မပမ်းနိုင်ရေးထား၍
ဘယ်လောက်ပင် လေးလေးငယ်ကိုတမ်းတနိုင်လွန်းသူလဲသိသာလွန်းသည်။
သက်ပိုင်သူ့ကိုသူရယ်လိုက်မိရင်း စာအုပ်အားဆက်၍ ဖတ်ခဲ့လိုက်သည်။
စာအုပ်၏အလယ်နားလောက်တွင်တော့ မတူညီသည့်စာစုအားမြင်တွေ့လိုက်ရလေသည်။
စာမျက်နှာ(-)
*ဒီနေ့ လေးလေးငယ်ကိုပြန်တွေ့ရတယ်......
ပြန်မတွေ့တာဘယ်လောက်တောင်ကြာပြီလဲ...အရမ်းလွမ်းနေခဲ့တာ...လေးလေးငယ်ကိုသိပ်ကိုလွမ်းနေခဲ့တာ။
ပြီးတော့ သူကငါ့ကိုဖက်ခွင့်ပေးတုန်းပဲ*
စာမျက်နှာ(-)
*လေးလေးငယ်ရဲ့တိုက်ခန်းဘေးမှာ တိုက်ခန်းတစ်လုံးကိုဝယ်လိုက်တယ်၊လေးလေးငယ် အိမ်ပြောင်းတာကိုကူညီပေးပြီး စကားတွေအများကြီးလည်းပြောခဲ့ရသေးတယ်၊
အစကငါကသူ့ရဲ့တူမလေးကို လေးလေးငယ်ရဲ့ကောင်မလေးလို့တောင်ထင်သွားသေးတယ်..ရယ်စရာပဲ*
စာမျက်မှာ(-)
*လေးလေးငယ်နဲ့ပိုပိုပြီးရင်းနှီးလာတယ်....
လေးလေးငယ်ကိုအများကြီးသဘောကျတယ်...ပြီးတော့အများကြီးလည်းမြတ်နိုးတယ်။
လေးလေးငယ်ကငါ့အပိုင်ဖြစ်ရင်သိပ်ကောင်းမှာပဲ*
စာမျက်နှာ(-)
*လေးလေးငယ်နဲ့ ခရီးထွက်ခဲ့တာ၊တကယ့်ကိုပျော်စရာကောင်းတယ်*
စာမျက်နှာ(-)
*ငါ လေးလေးငယ်ကိုဖွင့်ပြောလိုက်ပြီ...သူငါ့ကိုစကားမပြောတော့ဘူး၊
ငါ့ကိုမုန်းသွားပြီများလား*
သက်ပိုင် စာအုပ်အားအဆုံးထိ ဖတ်အပြီးတွင်တော့ သူနှင့်လေးလေးငယ်အကြား ကြုံတွေခဲ့ရသည့်အဖြစ်အပျက်များကိုပို၍သိရှိလိုက်ရလေသည်။
သက်ပိုင် စာအုပ်အားပြန်လည်၍ စာအုပ်စင်တွင်ပြန်ထားမည်အလုပ် ထိုင်ခုံမှထလိုက်သညိ့အချိန်မှာပဲ ခေါင်းကအလွန်ပင်နောက်ကျိလာ၍ ထိုအခါတွင် သက်ပိုင် ထိုင်ချလိုက်မိသည်။
တဆစ်ဆစ်နာကျင်လာမှုက တဖြည်းဖြည်းချင်း ကြီးစိုးလာပြီး သက်ပိုင်မှာအလွန့်ပင် ခေါင်းမူးလာ၍ မြင်ကွင်းရှိအရာအားလုံးကပင်
ဝေဝါးလာလေသည်။
ထို့နောက် တရိပ်ရိပ်ပေါ်လာသောပုံရိပ်များနှင့် ခေါင်းထဲသို့ဝင်လာသောမှတ်ညဏ်များစွာက အလုအယက်နှင့်။
"ဟေ့ကောင်လေး
မင်းနာမည်ဘယ်လိုခေါ်လဲ"
"အောင်သက်ပိုင်ပါ"
လပြည့်နေ့တစ်နေ့။
"ငယ်သေးတာပဲ...
အကိုလို့ခေါ် ငါ့ကို"
"လေးလေးငယ်.."
အမာရွတ်နှင့်လူကြီးတစ်ယောက်။
သူ့ကိုပွေ့ဖက်ပေးခဲ့တဲ့အနွေးဓာတ်။
ထိုအချိန်မှာပဲ ဖျက်ကနဲ အခြားမှတ်ညဏ်တစ်ခုကို မျက်လုံးထဲတွင်ပေါ်လာပြန်၏။
"ကိုးနာရီပန်း"
"ဘာလုပ်မလို့လဲ"
"ပေးစရာလူရှိလို့"
သူ၏လက်ထဲမှ ပန်းအိုးလေးတစ်အိုး။
"လေး..လေးငယ်ကို ချစ်တယ်"
ပထမဆုံးဖွင့်ဟခဲ့သော နှလုံးသားထဲမှစကားစုများ။
"ဟုတ်နေခဲ့တာပဲ.....
ဒါဆိုရင်ပြီးဆုံးသွားပြီပေါ့နော်"
"ဟင်"
"စိတ်မပူပါနဲ့လေးလေးငယ်
ရှေ့ဆက်တိုးဖို့မဖြစ်နိုင်တော့တဲ့အပြင်
နောက်ဆုတ်ဖို့ကလည်း သိပ်နောက်ကျသွားပြီမလား။
စိတ်မပူပါနဲ့ ကျွန်တော်ဒီနားလေးမှာပဲရပ်နေပေးပါ့မယ်"
ထွက်သွားဖို့ကြိုးစားခဲ့သည့် လေးလေးငယ်...။
"မုန်တိုင်းလာတော့မှာ အသက်"
"......."
"လေးလေးငယ်နဲ့အတူ အိမ်ပြန်ရအောင်"
ချစ်ရသူနှင့်သူ၏နှလုံးသား ထပ်တူကျသည်ဟုဝန်ခံခဲ့သောနေ့။
"ကျွန်တော် လေးလေးငယ်ကိုလက်ထပ်ခွင့်ရနိုင်မလားလေးလေးငယ်"
ချစ်ရသူက သူ့အပိုင်ဖြစ်ဖို့ကမ်းလှမ်းချက်။
"အင်း ငါမင်းကိုလက်ထပ်မယ် အသက်"
ချစ်ရသူ၏ အဖြေ။
ထို့နောက် မှတ်ညဏ်များဟာ တစ်ခုပြီးတစ်ခု တိုးတိုး၍ ဝင်လာ၍ သူထိုနေရာတွင် ခေါင်းမူးလွန်း၍ လဲကျသွားလေတော့သည်။
သက်ပိုင် ပြုံးယောင်သာပြုံးလိုက်ရင်း အသံတိုးတိုးလေးနှင့်ပြောလိုက်သည်က...
"မှတ်ညဏ်ပြန်ရတာကလည်းအဲ့လောက်နာဖို့လိုလို့လားကွာ...."
*****
စိုင်း အလုပ်က ပြန်လာခိုက် အိမ်တွင်မည်သူမှရှိမနေ။
အိပ်ခန်းထဲတွင်လည်းမရှိ၊မီးဖိုချောင်းထဲတွင်လည်းမရှိ၊ဘယ်နေရာမှာမှပင်သက်ပိုင်ကရှိမနေခဲ့ချေ။
ထိုအချိန်တွင် ဖုန်းထံမှ နိုတီသံကတောင်ကနဲတက်လာ၍
ကြည့်လိုက်တော့ ပေးပို့သူကသူ၏အသက်။
စာထဲမှာတော့ လိပ်စာတစ်ခုပါရှိ၍ ထိုနေရာ၌ စောင့်နေမည်ဟူ၍ပါ၏။
စိုင်း ချက်ချင်းပင် သက်ပိုင်ပေးပို့သောနေရာဆီသို့ ထွက်လာခဲ့လိုက်၍ သက်ပိုင် ထိုနေရာကိုဘာကြောင့်သွားမှန်းမသိချေ။
ထိုနေရာက သက်ပိုင်ငယ်ငယ်က နေခဲ့သောမိဘမဲ့ဂေဟာဖြစ်သောကြောင့်ပင်။
စိုင်းဂေဟာကိုရောက်တော့ ဂေဟာရှိလူများက သက်ပိုင်ကအဲ့ကိုမရောက်ခဲ့ပါဘူးဟူ၍ငြင်းလေသည်။
ဒါဆိုသက်ပိုင် အဘယ်များရောက်သွားသလဲ။
သေချာသည်ကသူ၏သက်ပိုင်ကတော့မလိမ်တတ်ပါချေ။
ဒါကြောင့် နောက်ဆုံးတစ်နေရာဖြစ်သည့် ဂေဟာလမ်းကြားလေးဆီသို့ဦးတည်းလိုက်၏။
စိုင်းထင်တာမမှားချေ...
သက်ပိုင်ဟာထိုနေရာတွင်ရှိနေခဲ့သည်။
ယနေ့ဟာ လပြည့်နေ့ရယ်မို့ လပြည့်ဝန်းကြီးဟာ လင်းလက်၍ အလင်းရောင်ဟာလမ်းကြားလေးထဲ၌ဖြာ
ကျနေသည်။
သက်ပိုင်က လဝန်းကြီးအားမော့ကြည့်လို့နေ၍ သူ့ကိုမြင်ဟန်မတူချေ။
ဤမြင်ကွင်းဟာ သူတို့နှစ်ယောက်ပထမဆုံးစတွေ့ချိန်က သက်ပိုင်၏ပုံနှင့်တူလေသည်။
လပြည့်ဝန်းကြီးဟာ တစိုက်မတ်မတ်ကြည့်နေသည့်၎င်းပယင်းရောင်မျက်ဝန်းများဟာလည်း လှပဆဲပင်။
"အသက်..."ဟုခေါ်လိုက်တော့ သက်ပိုင်က သူ့ကိုလှည့်ကြည့်လာ၏။
"ရောက်လာပြီလား"
"မင်းကဒီကိုဘယ်လိုရောက်နေတာလဲ...မဟုတ်မှ မင်းမှတ်ညဏ်တွေပြန်ရပြီလို့ ငါ့ကိုမပြော......"
စိုင်းစကားပင်ဆုံးအောင်မပြောရသေး သက်ပိုင်ထံမှစကားအချို့ကို ကြားဖြတ်၍ပြောလိုက်ပြီး ထိုစကားများက သူ၏သက်ပိုင်ထံသို့ဦးတည်နေသော ခြေထောက်များ၏ရွေ့လျားမှုကိူရပ်တန့်သွားစေ၏။
"လေးလေးငယ် ဒါက ကျွန်တော်တို့ပထမဆုံးတွေ့တဲ့အချိန်တုန်းကနဲ့မတူဘူးလားဟင်"
စိုင်း သက်ပိုင်အားမယုံနိုင်စွာကြည့်လိုက်မိသည်။
"အသက်..မင်း...."
သက်ပိုင်က ပြုံးသည်၊ထို့နောက် ဘယ်ဘက်လက်အားထောင်ပြလာသည်။
ဘယ်ဘက်လက်သူကြွယ်မှ စိန်လက်စွပ်ကလေးက လက်ကနဲ။
သက်ပိုင်က တကယ့်ကို ပြန်ပြီးအရာအားလုံးကိုမှတ်မိလာပြီဖြစ်သည်။
"လေးလေးငယ်ရဲ့ယောက်ျားကို အခုပြေးဖက်သင့်တယ်လို့မထင်ဘူးလား လေးလေးငယ်"
စိုင်း၏တကိုယ်လုံး လျှပ်စစ်နဲ့အတို့ခံလိုက်ရသလိုပင်။
ချက်ချင်းသက်ပိုင်ထံသို့ပြေးသွားမိလိုက်သည်။
ရင်ဖက်နှစ်ခုအား အချင်းချင်းထိကပ်သွား၍ စိုင်း၏လက်များက သက်ပိုင်၏လည်ပင်းသို့ရောက်သွား၍ သက်ပိုင်၏လက်များက စိုင်း၏ခါးဆီသို့ဝင်ရောက်လာသည်။
"ချစ်တယ် လေးလေးငယ်"
"ချစ်တယ်...အသက် ငါမင်းကိုအရမ်းချစ်တယ်"
"ဘယ်လောက်ထိချစ်တာလဲ"
"မင်းရဲ့ဇနီးလေးဖြစ်ပေးနိုင်တဲ့အထိ"
သက်ပိုင်ကော သူကောနှစ်ယောက်သားပြိုင်တူရယ်လိုက်မိကြသည်။
ထို့နောက် နှုတ်ခမ်းများအား ထပ်တူကျစေလိုက်ပြီး အနမ်းများအားစတင်လိုက်မိသည်။
မထင်မှတ်ထားသော တွေ့ဆုံမှု၊
မသိလိုက်ပါပဲချည်နှောင်မိသွားတဲ့နှလုံးသားတွေ အရာအားလုံးဟာ
မထင်မှတ်ထားစွာပင်ဖြစ်ပျက်ခဲ့သည်။
အကြိမ်ကြိမ်လွဲ၍ အခါခါကွဲခဲ့သည်။
သို့သော်လည်း မိုးကုတ်စက်ဝိုင်းအောက်တွင် သူတို့အမြဲပြန်လည်ဆုံတွေ့ခဲ့၍ နှလုံးသား၏အလိုကိုလည်း မတားဆီးနိုင်ခဲ့ချေ။
သေချာသည်ကတော့
သံတရာဟာ လည်ပတ်နေသေးသ၍
နာရီလက်တံတွေဟာ ရွေ့လျားနေသေးသ၍ ကျွန်တော်(ငါ) လေးလေးငယ်(မင်း)ကိုအမြဲချစ်သွားမှာပါ လေးလေးငယ်(အသက်)။
*********
ပြီးပါပြီ။
********
Nov.27.2023
Alexander_AN
A/N-ခရီးတစ်ခုကတော့ ထပ်ပြီးပြီးဆုံးသွားခဲ့ပြန်ပါပြီ။အညိုနဲ့အတူလိုက်ပါပေးခဲ့ကြတဲ့ readerလေးတွေကိုအညိုကအများကြီးကျေးဇူးတင်ပါတယ်ဗျ။
နောက်လည်းအများကြီးကြိုးစားပြီး Fictionအသစ်တွေဖန်တီးဖို့ရှိပါတယ်။
ဒါကြောင့် နောက်ထပ် Fictionမှာ ထပ်တွေ့ကြမယ်နော် အချစ်ကလေးတို့ရေUwU
သက်ပိုင်နဲ့လေးလေးငယ်တို့ကိုချစ်တယ်ဆိုရင် Reviewလေးတွေရေးပေးဖို့မမေ့ကြပါနဲ့ခင်ဗျ၊ပြီးတော့အညို့ကိုချစ်ကြောင်းတွေပေါ့(ရေးချင်မလားလို့ပါ😔💅)
ဆိုတော့ See youပါအသည်းကျော်ပဲလှော်လေးတို့။
******
"ဒါတာတာ ဘာယူလားလဲခန္႔မွန္းၾကည့္"
ေလးေလးငယ္က အရာတစ္ခုအား အေနာက္တြင္ဖြက္ထားရင္း
ျပဳံးေပ်ာ္စြာေမးလာ၏။
သက္ပိုင္ ေခ်ာင္းၾကည့္ဖို႔ ေခါင္းအားေစာင္းလိုက္ေပမဲ့ ေလးေလးငယ္ သိပ္လ်င္သည္၊အစအနေလးပင္မျမင္လိုက္ရ။
"ခင္ဗ်ားမျပပဲ ကြၽန္ေတာ္က ဘယ္လိုသိမွာလဲ"
သက္ပိုင္က မ်က္ခုံးအားပင့္ရင္း
မေက်မနပ္စြာျဖင့္ေျပာလိုက္သည္။
ထိုအခါ ေလးေလးငယ္က သူ႕အမူအရာကို ရယ္ရင္း ေနာက္ေက်ာဘက္မွဖြက္ထားေသာအရာကို ထုတ္ျပလာသည္။
အဲ့တာကေတာ့ အျခားမဟုတ္ အလယ္မွ လွီးထားေသာ ေခ်ာကလက္
ကိတ္မုန္႔တျခမ္းျဖစ္သည္။
သက္ပိုင္ ဒါကဘာအံ့ၾသစရာ႐ွိလဲဆိုသည့္ အၾကည့္ျဖင့္ၾကည့္လိုက္ေတာ့
ေလးေလးငယ္က မ်က္ေမွာင္ကိုခပ္သာသာက်ံဳ႕၍ တဖက္မွာေတာ့ျပဳံးေန၏။
"အ႐ူးေကာင္ေလး ငါကိုယ္တိုင္ဖုတ္ထားတာကြ"
သက္ပိုင္ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ေဆး႐ုံအခန္းထဲ႐ွိ ဆိုဖာေပၚတြင္ထိုင္လိုက္ေတာ့ ေလးေလးငယ္ ကိတ္မုန္႔ကိုစားပြဲတြင္ခ်ေပးတာ သက္ပိုင္အတြက္ ကိတ္မုန္႔တစ္စိတ္အား ဓားျဖင့္ခြဲေပးသည္။
"မမွတ္မိဘူးလား ဒါမင္းအႀကိဳက္ဆုံးကိတ္ေလ အသက္ရဲ႕၊
မင္းက ငါလုပ္တဲ့ေခ်ာကလက္ကိတ္ကိုအႀကိဳက္ဆုံးပဲလို႔ေတာင္ေျပာေသးတာ"
စကားအားေျပာေနရင္းျဖင့္ သက္ပိုင္အားဇြန္းကိုကမ္းေပးလာသည္။
"အဲ့တာကသူေလ ကြၽန္ေတာ္မွမဟုတ္တာ"
သက္ပိုင္ စူပုတ္စြာေျပာမိေတာ့ ေလးေလးငယ္က ဟက္ဟက္ပက္ပက္ရယ္သည္။
ထို႔ေနာက္ သက္ပိုင္၏ေခါင္းအားလက္ျဖင့္ ဖြလိုက္ရင္း ပါးေလးမ်ားဆီကိုေလွ်ာဆင္းသြားကာ ပါးျပင္ေလးကိုအသာညစ္၏။
"သူနဲ႔မင္းနဲ႔က အတူတူပဲေလ အသက္ရဲ႕၊ဘာေတြဒီေလာက္ခြဲျခားေနတာတုန္း။
ေျပာရရင္ မင္းလည္းငါ့ေယာက်္ား မင္းေျပာတဲ့သူဆိုတာကလည္း ငါ့ေယာက်္ားပဲေလ"
"ဟုတ္ေပမဲ့လဲ....."
သက္ပိုင္ သူ႕ကိုယ္သူဘာျဖစ္ေနသလဲသူကိုယ္တိုင္ပင္မသိေတာ့ေခ်။
သူ႕အေ႐ွ႕မွ ေလးေလးငယ္ဆိုေသာသူ၏ေယာက်္ားမွာ အရင္တခ်ိန္ကသူျဖစ္ခဲ့ေသာ္လည္း ယခုအခါတြင္ အရင္တုန္းကမွတ္ညဏ္မ်ားသူ၌မ႐ွိေတာ့ေခ်။
အ႐ိုး႐ွင္းဆုံးေျပာရလွ်င္ သူဟာသူမဟုတ္သလိုပင္။
အကယ္၍ အရင္ကမွတ္ညဏ္ေတြမေပၚခဲ့ရင္ အရင္ကသက္ပိုင္သာျပန္မလာခဲ့ရင္ သူဒီလူကိုအပိုင္ရႏိုင္မယ္မဟုတ္လား။
သူ႕ကိုယ္သူ ျပန္၍အတၱႀကီးေနသည္မွာေတာ့ မိုက္႐ူးရဲဆန္လွသည္။
သို႔ေပမဲ့ မွတ္ညဏ္အားလုံးကိုပိုင္ဆိုင္ထားတဲ့ အရင္ကသက္ပိုင္ကို သူ႕အေ႐ွ႕ကလူဘယ္ေလာက္ေတာင္ခ်စ္ေၾကာင္းေျပာခဲ့ၿပီးၿပီလဲ...
သူကေရာ ဒီလူရဲ႕အေၾကာင္းေတြကိုသူ႕ထက္ပိုသိႏိုင္မလား...ယခုလက္႐ွိသူကေရာ ဒီလူအေၾကာင္းကိုဘယ္ေလာက္သိလဲ။
အရင္ကသက္ပိုင္နဲ႔အခုသက္ပိုင္နဲ႔
ေလးေလးငယ္ကဘယ္သူ႕ကိုပိုခ်စ္ႏိုင္ေလာက္သလဲ။
သူ႕ထက္စာရင္အခ်ိန္မ်ားစြာပို႐ွိၿပီး အမွတ္တရမ်ားစြာ႐ွိခဲ့တဲ့ အရင္ကသက္ပိုင္ကို သူအလြန္ပင္သဝန္တိုပါသည္။
သက္ပိုင္ေငးငိုင္စြာ ေနသည္ကို ေလးေလးငယ္က သတိထားမိဟန္။
"ဘာျဖစ္လို႔လဲအသက္"
"ကြၽန္ေတာ္စဥ္းစားေနတာ....."
"အမ္"
"အရင္ကသက္ပိုင္နဲ႔အခုသက္ပိုင္နဲ႔ဆိုရင္ ခင္ဗ်ားဘယ္သူ႕ကိုပိုခ်စ္လဲ"
"ဟမ္ ဘယ္လို?"
ေလးေလးငယ္က ေခါင္း႐ႈပ္သြားဟန္ႏွင့္ သူ႕အားၾကည့္လာသည္။
"ကြၽန္ေတာ္ဆိုလိုတာက အရင္ကမွတ္ညဏ္ေတြအကုန္႐ွိတဲ့သက္ပိုင္နဲ႔
အခုဘာမွတ္ညပ္မွမ႐ွိတဲ့သက္ပိုင္...
ခင္ဗ်ား ဘယ္သူ႕ကိုပိုခ်စ္လဲ"
"မဟုတ္ေသးဘူးေလ အသက္...
အရင္ကသက္ပိုင္ျဖစ္ျဖစ္ အခုသက္ပိုင္ျဖစ္ျဖစ္ မင္းကမင္း
ပဲေလ..ေလးေလးငယ္က မင္းကိုခ်စ္တာေပါ့"
သက္ပိုင္ ေခါင္းအားငိုက္ခ်ထားမိရင္း တိုးတိုးေလးေရ႐ြတ္လိုက္မိသည္။
"သဝန္တိုတယ္....."
"ဘာ?"
"သဝန္တိုတယ္လို႔...ကြၽန္ေတာ္႕ထက္ခင္ဗ်ားရဲ႕အေၾကာင္းကိုပိုသိတဲ့ အရင္က ကြၽန္ေတာ္႕ကိုယ္ကြၽန္ေတာ္မနာလိုဘူး....
ကိုယ့္အႀကိဳက္ဘာမွန္းေတာင္မမွတ္မိတဲ့ ကြၽန္ေတာ္႕ကိုယ္ကြၽန္ေတာ္အားမရဘူး...
ကြၽန္ေတာ္ေၾကာက္တယ္...အထားခံခဲ့ရမွာကိုေၾကာက္တယ္ အေ႐ြးခ်ယ္မခံခဲ့ရမွာကိုေၾကာက္တယ္"
သက္ပိုင္က ေအာ္ဟစ္လာရင္းေျပာလာသျဖင့္ စိုင္းေၾကာင္သြားမိသည္။
သို႔ေသာ္ အခ်ိန္ခဏေလးအတြင္းမွာပင္ ဒီေကာင္ေလးကို သူနားလည္လိုက္သည္။
သက္ပိုင္ဟာထိုကဲ့သို႔ေကာင္ေလးမ်ိဳးပင္။
မည္သို႔မည္ပုံပင္ျဖစ္ေနပါေစ...
အထားခဲ့ခံရမွာကိုအၿမဲေၾကာက္ၿပီး
အထီးမက်န္ခ်င္တဲ့သူ၊
ပိုင္ဆိုင္လိုစိတ္ႀကီးၿပီး၊
ဘယ္အေျခအေန
သူဆိုတဲ့စိုင္းေအာင္မင္းခန္႔ကိုသိပ္ကိုခ်စ္တဲ့သူ။
ဒီေကာင္ေလးက သူ႕ကိုယ္သူ
သဝန္တိုၿပီး စိတ္႐ႈပ္ေထြးေနတာပင္။
စိုင္း သက္ပိုင္အနားသို႔ကပ္သြားလိုက္ရင္း ငုံ႔ထားေသာေခါင္းအားေမာ့လိုက္ကာ မ်က္လုံးခ်င္းဆုံေစလိုက္သည္။
မ်က္လုံးအိမ္ထဲမ်က္ရည္အိုင္ေလးမ်ားျဖစ္ေပၚေနသည္ကို ျမင္လိုက္ေတာ့ႏွလုံးသားက မတည္မၿငိမ္ႏွင့္ မ်က္ခြံေလးမ်ားအား အသာနမ္းရင္း
ထိုမွတဆင့္ ႏႈတ္ခမ္းပါးမ်ားဆီသို႔ခရီးဆက္လိုက္သည္။
အစကေတာ့ ေၾကာင္ေတာင္ေတာင္ႏွင့္ေကာင္ေလးက ခဏအၾကာေတာ့အနမ္းမ်ားကိုတုံ႔ျပန္လာပါ၏။
အ႐ူးေလး။
"ငါ့ကိုၾကည့္ အသက္"
အနမ္းမ်ားကိုအဆုံးသတ္လိုက္ရင္း
အၾကည့္မ်ားကိုထပ္တူက်ေစလိုက္ေတာ့ သက္ပိုင္၏မ်က္လုံးတို႔ကအနည္းငယ္ရီေဝေန၏။
"မင္းက မင္းထင္ထားတာထက္ ငါ့အေၾကာင္းကိုပိုသိတယ္...ၿပီးေတာ့
မင္းကငါ့ကိုအၿမဲခ်စ္ေနတာ၊
ငါကလည္း မင္းတစ္ေယာက္တည္းကိုပဲ ဆက္ခ်စ္သြားမွာ"
"ဒါဆို ခင္ဗ်ားက ကြၽန္ေတာ္႕ကိုခ်စ္တာေပါ့"
"အင္း မင္းတစ္ေယာက္တည္းကိုပဲအသက္....
အရင္ကလည္းမင္းကိုငါခ်စ္တယ္
အခုေကာ...ေနာက္ၿပီး ေနာင္ေကာ
တကယ့္ကိုပဲ မင္းမွမင္းပါပဲကြာ"
သက္ပိုင္အခုေသခ်ာနားလည္လိုက္ၿပီပင္...
ေလးေလးငယ္ခ်စ္ေသာသူဟာ၊
ေအာင္သက္ပိုင္ဆိုတဲ့သူပဲျဖစ္သည္။
အတိတ္ေမ့သည္ျဖစ္ေစ အတိတ္မေမ့ခဲ့သည္ျဖစ္ေစ ေလးေလးငယ္က သူျဖစ္ေနလို႔ကို ခ်စ္တာပင္ျဖစ္သည္။
ထို႔အတူ အရင္ကသူဟာလည္းေလးေလးငယ္ကိုခ်စ္ခဲ့သလို
လက္႐ွိသူဟာလည္း ေလးေလးငယ္ဆိုသည့္သူကိုခ်စ္ဦးမည္ပင္။
ဦးေႏွာက္ကေမ့ေနခဲ့ရင္ေတာင္
ႏွလုံးသားဟာအၿမဲအမွတ္ရေနေပလိမ့္မည္။
အဘယ္ေၾကာင့္ဆိုေသာ္ အခ်စ္ေၾကာင့္သာျဖစ္ပါ၏။
ရက္အနည္းငယ္ေဆး႐ုံ၌ေနအၿပီးတြင္ေတာ့ သက္ပိုင္ေဆး႐ုံကဆင္းခြင့္ရခဲ့ေလသည္။
ေလးေလးငယ္ႏွင့္အတူ အိမ္ျပန္သည့္တစ္ေလွ်ာက္ သက္ပိုင္အလြန္ပင္စိတ္လႈပ္႐ွားေန၍ သူႏွင့္ေလးေလးငယ္ေနသည့္အိမ္ကေလးကိုအလြန္ပင္ျမင္ခ်င္ေနေလသည္။
အိမ္သို႔အေရာက္ အိမ္ထဲသို႔အေျပးဝင္သြားမိေတာ့ ေလးေလးငယ္က အေနာက္ကေနေခ်ာ္လဲမည္စိုး၍ တား၏။
ထိုသို႔တားမွ သက္ပိုင္က ႀကီးေကာင္ႀကီးမားႀကီးႏွင့္ ေခ်ာ္လဲလိုက္ပါေသးသည္။
ေနာက္ေတာ့ ေလးေလးငယ္ကပဲအေျပးေလးလာထူ၍ ဆူပူပါေလေတာ့သည္။
သူဟာေလးေလးငယ္ႏွင့္ပတ္သတ္လွ်င္ ကေလးေလးတစ္ေယာက္လိုပင္ျဖစ္ေနေတာ့သည္။
အိမ္ထဲကိုဝင္ေတာ့ ပုံမွန္အိမ္ေထာင္ပရိေဘာဂမ်ားႏွင့္ ဝင္ဝင္ခ်င္းပင္ ဒါဟာသူ႕ရဲ႕အိမ္လို႔ခံစားသြားရေစတဲ့အထိရင္းႏွီးေသာေႏြးေထြးမႈကိုခံစားလိုက္ရသည္။
သက္ပိုင္ အိမ္အားပတ္ၾကည့္ေနတုန္း ေလးေလးငယ္က အထုပ္အပိုးမ်ားအားကားေပၚမွ ခ်ေန၏။
သက္ပိုင္ သူတို႔ႏွစ္ေယာက္၏အိပ္ခန္းဟုသံတယ႐ွိဟန္တူသည့္ အခန္းထဲကိုဝင္လိုက္သည့္အခ်ိန္တြင္ ႏွလုံးသားမွာ ေက်နပ္ဝမ္းသာမႈတစ္စုံတစ္ရာကိုခံစားလိုက္ရသည္။
အိပ္ယာထက္တြင္ လဲခ်လိုက္စဥ္မွာပဲ ေလးေလးငယ္ကအိပ္ခန္းထဲသို႔ဝင္လို႔လာသည္။
"အိပ္ေတာင္အိပ္ေနၿပီေပါ့"
"ဒီကိုလာ"
သက္ပိုင္ အနားသို႔လာရန္ေခၚလိုက္ေတာ့ေလးေလးငယ္က အနားသို႔တိုးလာ၏။
ထိုအခါ ေလးေလးငယ္အား ဝုန္းကနဲဆြဲဖက္ပစ္လိုက္၍ သူ၏ရင္ဘက္ေပၚတြင္အိပ္ေစလိုက္သည္။
ေလးေလးငယ္က အင္း ဟုသာအသံျပဳရင္း ၿငိမ္ၿငိမ္ေလး အိပ္ေနေပးသည္။
ထို႔ေနာက္ ႏွစ္ေယာက္သားထိုေနရာတြင္အိပ္ေပ်ာ္သြားၾကၿပီး ႏိုးအလာတြင္ေတာ့ ေန႔လည္စာ စားရန္ျပင္ဆင္ၾကသည္။
မီးဖိုေခ်ာင္ထဲ သက္ပိုင္ဝင္လိုက္၍ ေၾကာင္အိမ္ေပၚ႐ွိ ေအပ႐ြန္အား ဝတ္ဆင္လိုက္၍ ဟင္းအားစတင္ခ်က္ျပဳတ္လိုက္သည္။
မသိရင္ တကယ့္ကိုလုပ္ေလ့လုပ္ထေနတဲ့သူအတိုင္း။
သက္ပိုင္ မယုံသကၤါစြာျဖင့္ ေလးေလးငယ္ကိုေမးခြန္းတစ္ခုထုတ္လိုက္၏။
"အရင္က ဒီမွာထမင္းဟင္း ဘယ္သူခ်က္တာလဲ"
ထိုအခါ ေလးေလးငယ္က ေပါ့ပါးစြာျဖင့္ျပန္ေျဖလာပါသည္။
"မင္းေလ"တဲ့။
*****
"ေလးေလးငယ္ေရ!!"
သက္ပိုင္ မီးဖိုေခ်ာင္ထဲကေနေအာ္ေခၚလိုက္ေတာ့ ဧည့္ခန္းထဲမွာ TVၾကည့္ေနတဲ့ေလးေလးငယ္က အသံေပးလာ၏။
"ဘာတုန္း!"
အခုမွစသက္သာခါစ လူနာကိုက်ခိုင္းစားထားၿပီး သူကိုယ္တိုင္က်TVၾကည့္ေနေသာ ေလးေလးငယ္အား သက္ပိုင္ပညာေပးပစ္ဖို႔ စဥ္းစားထားလိုက္သည္။
"ဒီကိုခဏလာပါဦး!"
ထိုအခါ ေလးေလးငယ္က မီးဖိုေခ်ာင္ထဲသို႔ဝင္လာ၏။
ထို႔ေနာက္ သူ၏ေဘးတြင္ စားပြဲအားလက္ေထာက္၍ ဘာလဲဆိုသည့္အၾကည့္ႏွင့္။
"ခိုင္းစရာ႐ွိလို႔"
"ဘာခိုင္းမလို႔"
သူ၏နံေဘး႐ွိ ေလးေလးငယ္အား ႐ႊတ္ကနဲ ျမည္ေအာင္နမ္းလိုက္ရင္း ၿပီတီတီ အၾကည့္ႏွင့္ ၾကည့္ကာ
"ခ်စ္ခိုင္းမလို႔"
ေလးေလးငယ္၏မ်က္ႏွာက နီတက္သြား၍ အိုးတိုးအမ္းတမ္းျဖစ္သြား၏။
မွတ္ၿပီလား သက္ပိုင္ကိုလာစမ္းခ်င္ဦး။
"ဒီေလာက္ညဏ္မ်ားတဲ့ကေလး သူမ်ကိုေပးပစ္သင့္လားေနာ္"
"ေပးရက္တယ္ေပါ့"
"မေပးရက္ပါဘူး အာေခ်ာင္ၾကည့္တာ"
သက္ပိုင္ ခြီးကနဲရယ္ေတာ့ ေလးေလးငယ္က ျပဳံးသည္။
ထို႔ေနာက္ ေျပာလာသည္က
"ဒီခ်စ္ဖို႔ေကာင္းတဲ့ကေလးေလးကို ေလးေလးငယ္ ဘယ္လိုလုပ္ေပးပစ္ရက္မွာတုန္း"တဲ့ေလ။
*****
ယေန႔ ေလးေလးငယ္အလုပ္သြားသည္။
ေန႔တိုင္း ေလးေလးငယ္ေဘးနား႐ွိေနေပးခဲ့လို႔ထင္သည္၊ယခုေလးေလးငယ္မ႐ွိေတာ့ သက္ပိုင္မွာအလြန္အလြန္ပင္အထီးက်န္ရသည္ဟုခံစားရေလသည္။
ထို႔ေၾကာင့္ စာအုပ္ဖတ္ရန္အတြက္ စာၾကည့္ခန္းထဲသို႔ဝင္လိုက္ရင္း မ်ားစြာေသာ စာအုပ္စင္မ်ားအားၾကည့္ရင္းမည္သည့္စာအုပ္ဖတ္ရမည္ကိုေ႐ြးခ်ယ္ေနလိုက္၏။
ထိုအခ်ိန္တြင္ စာအုပ္မ်ားအၾကား၌အမ်ားႏွင့္မတူပဲ ကြဲထြက္ေနသည့္စာအုပ္ကေလးတအုပ္ကိုေတြ႕၍ ဆြဲထုတ္လိုက္ေတာ့ ဒိုင္ယာရီေရးတဲ့စာအုပ္ကေလးတအုပ္။
သက္ပိုင္ စာၾကည့္စားပြဲ၌ ထိုင္လိုက္ရင္း စာအုပ္အားဖြင့္လိုက္၏။
စာအုပ္အစပိုင္းတြင္ေတာ့ ေလးေလးငယ္အားလြမ္းသည့္အေၾကာင္းေတြကိုမေမာႏိုင္မပမ္းႏိုင္ေရးထား၍
ဘယ္ေလာက္ပင္ ေလးေလးငယ္ကိုတမ္းတႏိုင္လြန္းသူလဲသိသာလြန္းသည္။
သက္ပိုင္သူ႕ကိုသူရယ္လိုက္မိရင္း စာအုပ္အားဆက္၍ ဖတ္ခဲ့လိုက္သည္။
စာအုပ္၏အလယ္နားေလာက္တြင္ေတာ့ မတူညီသည့္စာစုအားျမင္ေတြ႕လိုက္ရေလသည္။
စာမ်က္ႏွာ(-)
*ဒီေန႔ ေလးေလးငယ္ကိုျပန္ေတြ႕ရတယ္......
ျပန္မေတြ႕တာဘယ္ေလာက္ေတာင္ၾကာၿပီလဲ...အရမ္းလြမ္းေနခဲ့တာ...ေလးေလးငယ္ကိုသိပ္ကိုလြမ္းေနခဲ့တာ။
ၿပီးေတာ့ သူကငါ့ကိုဖက္ခြင့္ေပးတုန္းပဲ*
စာမ်က္ႏွာ(-)
*ေလးေလးငယ္ရဲ႕တိုက္ခန္းေဘးမွာ တိုက္ခန္းတစ္လုံးကိုဝယ္လိုက္တယ္၊ေလးေလးငယ္ အိမ္ေျပာင္းတာကိုကူညီေပးၿပီး စကားေတြအမ်ားႀကီးလည္းေျပာခဲ့ရေသးတယ္၊
အစကငါကသူ႕ရဲ႕တူမေလးကို ေလးေလးငယ္ရဲ႕ေကာင္မေလးလို႔ေတာင္ထင္သြားေသးတယ္..ရယ္စရာပဲ*
စာမ်က္မွာ(-)
*ေလးေလးငယ္နဲ႔ပိုပိုၿပီးရင္းႏွီးလာတယ္....
ေလးေလးငယ္ကိုအမ်ားႀကီးသေဘာက်တယ္...ၿပီးေတာ့အမ်ားႀကီးလည္းျမတ္ႏိုးတယ္။
ေလးေလးငယ္ကငါ့အပိုင္ျဖစ္ရင္သိပ္ေကာင္းမွာပဲ*
စာမ်က္ႏွာ(-)
*ေလးေလးငယ္နဲ႔ ခရီးထြက္ခဲ့တာ၊တကယ့္ကိုေပ်ာ္စရာေကာင္းတယ္*
စာမ်က္ႏွာ(-)
*ငါ ေလးေလးငယ္ကိုဖြင့္ေျပာလိုက္ၿပီ...သူငါ့ကိုစကားမေျပာေတာ့ဘူး၊
ငါ့ကိုမုန္းသြားၿပီမ်ားလား*
သက္ပိုင္ စာအုပ္အားအဆုံးထိ ဖတ္အၿပီးတြင္ေတာ့ သူႏွင့္ေလးေလးငယ္အၾကား ၾကဳံေတြခဲ့ရသည့္အျဖစ္အပ်က္မ်ားကိုပို၍သိ႐ွိလိုက္ရေလသည္။
သက္ပိုင္ စာအုပ္အားျပန္လည္၍ စာအုပ္စင္တြင္ျပန္ထားမည္အလုပ္ ထိုင္ခုံမွထလိုက္သညိ့အခ်ိန္မွာပဲ ေခါင္းကအလြန္ပင္ေနာက္က်ိလာ၍ ထိုအခါတြင္ သက္ပိုင္ ထိုင္ခ်လိုက္မိသည္။
တဆစ္ဆစ္နာက်င္လာမႈက တျဖည္းျဖည္းခ်င္း ႀကီးစိုးလာၿပီး သက္ပိုင္မွာအလြန္႔ပင္ ေခါင္းမူးလာ၍ ျမင္ကြင္း႐ွိအရာအားလုံးကပင္
ေဝဝါးလာေလသည္။
ထို႔ေနာက္ တရိပ္ရိပ္ေပၚလာေသာပုံရိပ္မ်ားႏွင့္ ေခါင္းထဲသို႔ဝင္လာေသာမွတ္ညဏ္မ်ားစြာက အလုအယက္ႏွင့္။
"ေဟ့ေကာင္ေလး
မင္းနာမည္ဘယ္လိုေခၚလဲ"
"ေအာင္သက္ပိုင္ပါ"
လျပည့္ေန႔တစ္ေန႔။
"ငယ္ေသးတာပဲ...
အကိုလို႔ေခၚ ငါ့ကို"
"ေလးေလးငယ္.."
အမာ႐ြတ္ႏွင့္လူႀကီးတစ္ေယာက္။
သူ႕ကိုေပြ႕ဖက္ေပးခဲ့တဲ့အေႏြးဓာတ္။
ထိုအခ်ိန္မွာပဲ ဖ်က္ကနဲ အျခားမွတ္ညဏ္တစ္ခုကို မ်က္လုံးထဲတြင္ေပၚလာျပန္၏။
"ကိုးနာရီပန္း"
"ဘာလုပ္မလို႔လဲ"
"ေပးစရာလူ႐ွိလို႔"
သူ၏လက္ထဲမွ ပန္းအိုးေလးတစ္အိုး။
"ေလး..ေလးငယ္ကို ခ်စ္တယ္"
ပထမဆုံးဖြင့္ဟခဲ့ေသာ ႏွလုံးသားထဲမွစကားစုမ်ား။
"ဟုတ္ေနခဲ့တာပဲ.....
ဒါဆိုရင္ၿပီးဆုံးသြားၿပီေပါ့ေနာ္"
"ဟင္"
"စိတ္မပူပါနဲ႔ေလးေလးငယ္
ေ႐ွ႕ဆက္တိုးဖို႔မျဖစ္ႏိုင္ေတာ့တဲ့အျပင္
ေနာက္ဆုတ္ဖို႔ကလည္း သိပ္ေနာက္က်သြားၿပီမလား။
စိတ္မပူပါနဲ႔ ကြၽန္ေတာ္ဒီနားေလးမွာပဲရပ္ေနေပးပါ့မယ္"
ထြက္သြားဖို႔ႀကိဳးစားခဲ့သည့္ ေလးေလးငယ္...။
"မုန္တိုင္းလာေတာ့မွာ အသက္"
"......."
"ေလးေလးငယ္နဲ႔အတူ အိမ္ျပန္ရေအာင္"
ခ်စ္ရသူႏွင့္သူ၏ႏွလုံးသား ထပ္တူက်သည္ဟုဝန္ခံခဲ့ေသာေန႔။
"ကြၽန္ေတာ္ ေလးေလးငယ္ကိုလက္ထပ္ခြင့္ရႏိုင္မလားေလးေလးငယ္"
ခ်စ္ရသူက သူ႕အပိုင္ျဖစ္ဖို႔ကမ္းလွမ္းခ်က္။
"အင္း ငါမင္းကိုလက္ထပ္မယ္ အသက္"
ခ်စ္ရသူ၏ အေျဖ။
ထို႔ေနာက္ မွတ္ညဏ္မ်ားဟာ တစ္ခုၿပီးတစ္ခု တိုးတိုး၍ ဝင္လာ၍ သူထိုေနရာတြင္ ေခါင္းမူးလြန္း၍ လဲက်သြားေလေတာ့သည္။
သက္ပိုင္ ျပဳံးေယာင္သာျပဳံးလိုက္ရင္း အသံတိုးတိုးေလးႏွင့္ေျပာလိုက္သည္က...
"မွတ္ညဏ္ျပန္ရတာကလည္းအဲ့ေလာက္နာဖို႔လိုလို႔လားကြာ...."
*****
စိုင္း အလုပ္က ျပန္လာခိုက္ အိမ္တြင္မည္သူမွ႐ွိမေန။
အိပ္ခန္းထဲတြင္လည္းမ႐ွိ၊မီးဖိုေခ်ာင္းထဲတြင္လည္းမ႐ွိ၊ဘယ္ေနရာမွာမွပင္သက္ပိုင္က႐ွိမေနခဲ့ေခ်။
ထိုအခ်ိန္တြင္ ဖုန္းထံမွ ႏိုတီသံကေတာင္ကနဲတက္လာ၍
ၾကည့္လိုက္ေတာ့ ေပးပို႔သူကသူ၏အသက္။
စာထဲမွာေတာ့ လိပ္စာတစ္ခုပါ႐ွိ၍ ထိုေနရာ၌ ေစာင့္ေနမည္ဟူ၍ပါ၏။
စိုင္း ခ်က္ခ်င္းပင္ သက္ပိုင္ေပးပို႔ေသာေနရာဆီသို႔ ထြက္လာခဲ့လိုက္၍ သက္ပိုင္ ထိုေနရာကိုဘာေၾကာင့္သြားမွန္းမသိေခ်။
ထိုေနရာက သက္ပိုင္ငယ္ငယ္က ေနခဲ့ေသာမိဘမဲ့ေဂဟာျဖစ္ေသာေၾကာင့္ပင္။
စိုင္းေဂဟာကိုေရာက္ေတာ့ ေဂဟာ႐ွိလူမ်ားက သက္ပိုင္ကအဲ့ကိုမေရာက္ခဲ့ပါဘူးဟူ၍ျငင္းေလသည္။
ဒါဆိုသက္ပိုင္ အဘယ္မ်ားေရာက္သြားသလဲ။
ေသခ်ာသည္ကသူ၏သက္ပိုင္ကေတာ့မလိမ္တတ္ပါေခ်။
ဒါေၾကာင့္ ေနာက္ဆုံးတစ္ေနရာျဖစ္သည့္ ေဂဟာလမ္းၾကားေလးဆီသို႔ဦးတည္းလိုက္၏။
စိုင္းထင္တာမမွားေခ်...
သက္ပိုင္ဟာထိုေနရာတြင္႐ွိေနခဲ့သည္။
ယေန႔ဟာ လျပည့္ေန႔ရယ္မို႔ လျပည့္ဝန္းႀကီးဟာ လင္းလက္၍ အလင္းေရာင္ဟာလမ္းၾကားေလးထဲ၌ျဖာ
က်ေနသည္။
သက္ပိုင္က လဝန္းႀကီးအားေမာ့ၾကည့္လို႔ေန၍ သူ႕ကိုျမင္ဟန္မတူေခ်။
ဤျမင္ကြင္းဟာ သူတို႔ႏွစ္ေယာက္ပထမဆုံးစေတြ႕ခ်ိန္က သက္ပိုင္၏ပုံႏွင့္တူေလသည္။
လျပည့္ဝန္းႀကီးဟာ တစိုက္မတ္မတ္ၾကည့္ေနသည့္၎ပယင္းေရာင္မ်က္ဝန္းမ်ားဟာလည္း လွပဆဲပင္။
"အသက္..."ဟုေခၚလိုက္ေတာ့ သက္ပိုင္က သူ႕ကိုလွည့္ၾကည့္လာ၏။
"ေရာက္လာၿပီလား"
"မင္းကဒီကိုဘယ္လိုေရာက္ေနတာလဲ...မဟုတ္မွ မင္းမွတ္ညဏ္ေတြျပန္ရၿပီလို႔ ငါ့ကိုမေျပာ......"
စိုင္းစကားပင္ဆုံးေအာင္မေျပာရေသး သက္ပိုင္ထံမွစကားအခ်ိဳ႕ကို ၾကားျဖတ္၍ေျပာလိုက္ၿပီး ထိုစကားမ်ားက သူ၏သက္ပိုင္ထံသို႔ဦးတည္ေနေသာ ေျခေထာက္မ်ား၏ေ႐ြ႕လ်ားမႈကိူရပ္တန္႔သြားေစ၏။
"ေလးေလးငယ္ ဒါက ကြၽန္ေတာ္တို႔ပထမဆုံးေတြ႕တဲ့အခ်ိန္တုန္းကနဲ႔မတူဘူးလားဟင္"
စိုင္း သက္ပိုင္အားမယုံႏိုင္စြာၾကည့္လိုက္မိသည္။
"အသက္..မင္း...."
သက္ပိုင္က ျပဳံးသည္၊ထို႔ေနာက္ ဘယ္ဘက္လက္အားေထာင္ျပလာသည္။
ဘယ္ဘက္လက္သူႂကြယ္မွ စိန္လက္စြပ္ကေလးက လက္ကနဲ။
သက္ပိုင္က တကယ့္ကို ျပန္ၿပီးအရာအားလုံးကိုမွတ္မိလာၿပီျဖစ္သည္။
"ေလးေလးငယ္ရဲ႕ေယာက်္ားကို အခုေျပးဖက္သင့္တယ္လို႔မထင္ဘူးလား ေလးေလးငယ္"
စိုင္း၏တကိုယ္လုံး လွ်ပ္စစ္နဲ႔အတို႔ခံလိုက္ရသလိုပင္။
ခ်က္ခ်င္းသက္ပိုင္ထံသို႔ေျပးသြားမိလိုက္သည္။
ရင္ဖက္ႏွစ္ခုအား အခ်င္းခ်င္းထိကပ္သြား၍ စိုင္း၏လက္မ်ားက သက္ပိုင္၏လည္ပင္းသို႔ေရာက္သြား၍ သက္ပိုင္၏လက္မ်ားက စိုင္း၏ခါးဆီသို႔ဝင္ေရာက္လာသည္။
"ခ်စ္တယ္ ေလးေလးငယ္"
"ခ်စ္တယ္...အသက္ ငါမင္းကိုအရမ္းခ်စ္တယ္"
"ဘယ္ေလာက္ထိခ်စ္တာလဲ"
"မင္းရဲ႕ဇနီးေလးျဖစ္ေပးႏိုင္တဲ့အထိ"
သက္ပိုင္ေကာ သူေကာႏွစ္ေယာက္သားၿပိဳင္တူရယ္လိုက္မိၾကသည္။
ထို႔ေနာက္ ႏႈတ္ခမ္းမ်ားအား ထပ္တူက်ေစလိုက္ၿပီး အနမ္းမ်ားအားစတင္လိုက္မိသည္။
မထင္မွတ္ထားေသာ ေတြ႕ဆုံမႈ၊
မသိလိုက္ပါပဲခ်ည္ေႏွာင္မိသြားတဲ့ႏွလုံးသားေတြ အရာအားလုံးဟာ
မထင္မွတ္ထားစြာပင္ျဖစ္ပ်က္ခဲ့သည္။
အႀကိမ္ႀကိမ္လြဲ၍ အခါခါကြဲခဲ့သည္။
သို႔ေသာ္လည္း မိုးကုတ္စက္ဝိုင္းေအာက္တြင္ သူတို႔အၿမဲျပန္လည္ဆုံေတြ႕ခဲ့၍ ႏွလုံးသား၏အလိုကိုလည္း မတားဆီးႏိုင္ခဲ့ေခ်။
ေသခ်ာသည္ကေတာ့
သံတရာဟာ လည္ပတ္ေနေသးသ၍
နာရီလက္တံေတြဟာ ေ႐ြ႕လ်ားေနေသးသ၍ ကြၽန္ေတာ္(ငါ) ေလးေလးငယ္(မင္း)ကိုအၿမဲခ်စ္သြားမွာပါ ေလးေလးငယ္(အသက္)။
*********
ၿပီးပါၿပီ။
********
Nov.27.2023
Alexander_AN
A/N-ခရီးတစ္ခုကေတာ့ ထပ္ၿပီးၿပီးဆုံးသြားခဲ့ျပန္ပါၿပီ။အညိဳနဲ႔အတူလိုက္ပါေပးခဲ့ၾကတဲ့ readerေလးေတြကိုအညိဳကအမ်ားႀကီးေက်းဇူးတင္ပါတယ္ဗ်။
ေနာက္လည္းအမ်ားႀကီးႀကိဳးစားၿပီး Fictionအသစ္ေတြဖန္တီးဖို႔႐ွိပါတယ္။
ဒါေၾကာင့္ ေနာက္ထပ္ Fictionမွာ ထပ္ေတြ႕ၾကမယ္ေနာ္ အခ်စ္ကေလးတို႔ေရUwU
သက္ပိုင္နဲ႔ေလးေလးငယ္တို႔ကိုခ်စ္တယ္ဆိုရင္ Reviewေလးေတြေရးေပးဖို႔မေမ့ၾကပါနဲ႔ခင္ဗ်၊ၿပီးေတာ့အညိဳ႕ကိုခ်စ္ေၾကာင္းေတြေပါ့(ေရးခ်င္မလားလို႔ပါ😔💅)
ဆိုေတာ့ See youပါအသည္းေက်ာ္ပဲေလွာ္ေလးတို႔။
******