Unicode
လူကြီးကိုစိတ်ဆိုးပြေပြီးကတည်း နိုရာမျက်နှာဟာ တပြုံးပြုံးနဲ့နွားပွဲစားလိုပဲ။ ဘေးကမြူဒေါင်းမှာတော့ဆန့်ကျင်ဘက် မျက်နှာကညှိုးငယ်နေတယ်။
''မြူလေး....''
''ဟင်....ဘာလဲ နိုရာ''
''နင်ဘာတွေဖြစ်နေတာလဲဟင် မျက်နှာလည်းမကောင်းဘူး''
''ဒီလိုပါပဲ နိုရာရယ်။ဘာမှမဖြစ်ပါဘူး။စိတ်မပူနဲ့နော်''
''မပူလို့ရမလား နင်ကခါတိုင်းမျက်နှာလေးက ပြုံးရွှင်နေတတ်တာလေ။ မဟုတ်မှ ဟိုလူကနင့်ကို အနိုင်ကျင့်ပြန်ပြီလား''
''သူကငါ့ကို မုန်းနေတာပဲလေ။ အနိုင်ကျင့်တာ မဆန်းပါဘူး ''
မြူဒေါင်းငယ်မှာ ဝမ်းနည်းစိတ်ကပိုလို့လှိုင်းထလာမိသည်။ငိုချင်စိတ်ကမနည်းထိန်းရင်း ဘာမှမဖြစ်သလိုဟန်ဆောင်နေရသည်။နိုရာကလည်း ဒါကိုရိပ်မိ၏။
''ဘာဖြစ်ဖြစ်နင့်ဘေးမှာ ငါအမြဲရှိတယ်နော်သိလား။ ငါကနင်ရဲ့ သူငယ်ချင်းကောင်းလည်းဖြစ်သလို နင့်ရဲ့ညီအကိုကောင်းလည်းဖြစ်တယ်ဆိုတာမှတ်ထားနော်''
''အင်းပါ နိုရာ။ငါ့ဘေးမှာ ရှိပေးလို့ နင့်ကို ကျေးဇူးတင်ပါတယ် ''
''မလိုပါဘူးဆိုနေ....။ဒါနဲ့ နင့်မွေးနေ့ရောက်တော့မှာမလား မြူလေး။နင်ဘာလိုချင်လဲ မွေးနေ့ကျ''
''ဘာမှလိုပါဘူးဟာ ''
''မလိုလို့မရပါဘူး။ အဲ့နေ့ကျ နင့်ကို လက်ဆောင်ပေးဖို့ငါကြိုစဥ်းစားထားရမယ် အဟီး''
''တန်ဖိုးကြီးတာတွေပေးရင် ငါမယူဘူးနော် နိုရာ''
''အေးပါဟာ သိပ်စျေးမများတာဆိုရတယ်မလား''
''အင်း....''
''အဲ့ဆိုထ...ငါတို့စိတ်ပြေလက်ပြောက် ခွင့်ယူပြီးလျှောက်လည်ကြမယ်''
''ဖြစ်ပါ့မလား boss ကဆူလိမ့်မယ်''
မြူဒေါင်းက ခပ်ရို့ရို့မေးတော့ နိုရာကတခစ်ခစ်ရီပြန်သည်။သူ့လူကြီးကို သူပိုင်ပါတယ်ဆိုတဲ့အထာမျိုးနဲ့။
''လာစမ်းပါ ငါရအောင်ပြောပါ့မယ်''
''အင်းပါ ''
နိုရာက မြူဒေါင်းလက်ကိုဆွဲလို့ သူတို့ရဲ့ အလုပ်ရှင်သူဌေးလူချောကြီးစီပြေးတော့သည်။ဒီနေ့တော့ စိတ်ညစ်စရာတွေ ခဏဖယ်ရအောင်ပါ မြူဒေါင်းငယ်။
. . . . . .
ညပိုင်းတွင်.....
ဒေါက်ဖိနပ်သံ တခွပ်ခွပ်နဲ့ ပေါင်တံရှည်သွယ်သွယ်တွေပေါ်သည်ထိခွဲကြောင်းနဲ့ စကပ်ရှည်နဲ့သူမ။နီတာရယ်နှုတ်ခမ်းထူထူနဲ့ ပါးလွှာသည့်မိတ်ကပ်အရှိန်အဝါနဲ့သူမဟာ လူငန်းရှင်အတော်အများကြားရေပန်းစားလှသည့် ထိပ်ထားပျိုပင်။ လှလည်းလှသလို အဆိပ်လည်းပြင်းသည်တဲ့။သို့သော် နောက်ကွယ်ကနူးညံ့တဲ့စိတ်ထားလှလှလေးကိုတော့ မည်သူမှမမြင်နိုင်ကြ။ လျှောက်လှမ်းလာသည့်ဦးတည်ရာက ဝိုင်ခွက်ကိုမာန်ပါပါကိုင်ရင်း လုပ်ငန်းရှင်တချို့နှင့် ပြောဆိုနေသည့် စိုင်းတခေတ်မှိုင်းထံသို့။
''ကို.....''
''အင်း....''
''မတွေ့တာကြာလို့ ဒို့ကိုလွမ်းနေသေးလားဟင်''
မူယာပိုကာ ခပ်ချွဲချွဲဆိုတော့ဘေးကလူကြီးများကပင် တဏှာစိတ်ဖြင့်သဘောကျကုန်သည်။သို့သော် စိုင်းကတော့တည်တင်းနေတုန်းဖြစ်၏။
''ကိုယ့်မှာ မင်းတစ်ယောက်ပဲရှိတာမဟုတ်ဘူး ပျို။ကိုယ့်ဘေးမှာ မင်းလိုမျိုးတွေအများကြီး တစ်ယောက်မရှိနောက်တစ်ယောက်နဲ့ပျော်နေရုံဘဲ''
''ကိုကလည်း နည်းနည်းတော့ အားနာပါးနာသတိရဦးမှပေါ့လို့''
''စိတ်ရှုပ်စရာတွေ ကိုယ်မလုပ်ဘူး''
''အဟင်း....မောင်စိုင်းတခေတ်ကလဲကွာ မိန်းကလေးကိုအဲ့လိုမပြောပါနဲ့ ဝမ်းနည်းသွားပါအုံးမယ်''
ဘေးကဗိုက်ပူပူနဲ့လူက ခပ်ကျယ်ကျယ်ရီပြီးဝင်ပြောသည်။ ပျိုကိုလည်း သရေတမြာမြာနဲ့စူးစိုက်ကြည့်နေ၏။
''ဟုတ်ပါ့ ဦးတို့ကမှအလိုက်သိသေးတယ်။ကိုက နည်းနည်းလေးမှကိုယ်ချင်းမစာဘူးနော် သူများကို''
''အဲ့ဆိုလည်း သူတို့စီသွားကပ်လေပျို ။ကိုယ့်ကို အချိန်လာမဖြုန်းစမ်းနဲ့!''
''ဒို့က ကို့လိုလူချောလူခန့်ကိုပြစ်ပြီး သူများတွေစီသွားစရာလားလို့။ဘာလဲ သဝန်တိုလို့လား ကိုက။''
''အဟွန်း! ဟာသပဲ ''
''ကဲပါ ပျိုရေ။မောင်စိုင်းတခေတ်စီမနေချင် ဦးစီလာခဲ့နော်။ဦးက ပျိုကိုဆိုအမြဲ welcome နော် ဟင်းဟင်း။''
''အို....Noပါနော်။ပျိုကတော့ ကိုမှကိုပဲ အဟင်း!''
''ဦးမင်းခေါင် ။အချိန်လည်းလင့်နေပြီဆိုတော့ ကျုပ်ကိုပြန်ခွင့်ပြုပါဦး''
''ဟော....ပြန်တော့မလို့လားမောင်စိုင်းတခေတ်ရယ်။နေပါဦးကွ စောပါသေးတယ် ''
''စိတ်ရှုပ်လို့ ပြန်တာ။ နောက်မှဆုံတာပေါ့ ''
ပြောပြီး ဝိုင်ခွက်ကိုစားပွဲပေါ်ပြန်ချလို့ အင်္ကျီကိုတစ်ချက်သပ်ပြီးအပြင်ကို ထွက်လာလိုက်တယ်။နောက်မှာတော့ ထိပ်ထားပျိုကလိုက်ပါလာသည်။ ကားနားရောက်သည်ထိ နောက်ကပါလာတော့စိုက်းက နောက်လှည့်ကာမျက်မှာကျုံ့၍ကြည့်၏။
''ဘယ်လိုက်လာတာလဲ ထိပ်ထားပျို....!''
''ကိုနဲ့ ပြန်မလို့လေ။ပျို့မှာကားမပါလာဘူး''
''အလာတုန်းက ဘာနဲ့လာလဲ!''
''ဒယ်ဒီလိုက်ပို့တာလေ''
''အပြန်လည်း မင်းဒယ်ဒီပဲလာကြိုခိုင်းလိုက်''
''ဒယ်ဒီက ဒီချိန်အိပ်လောက်ပြီကို။ ကိုကလည်း လမ်းကြုံလေးလိုက်ပို့ရတာတောင် အရမ်းတွန့်တိုတာပဲ''
''ကျစ်! ပက်ချွဲနှက်ချွဲတွေလာမလုပ်စမ်းနဲ့။စိတ်ရှုပ်တယ်...!''
''အဟင်း! ဟုတ်ပါပြီ ။ဒါဆိုလည်း လမ်းကြုံလိုက်ခဲ့လို့ရမလား ကိုစိုင်းတခေတ်မှိုင်းရှင့်''
''ကောင်းပြီ.....ဒါနောက်ဆုံးပဲ ''
ထို့နောက် ကားနဲ့ထိပ်ထားပျိုအိမ်ရှေ့ထိ လိုက်ပို့ပြီးမှာ စိုင်းအိမ်ပြန်လာရသည်။ စိတ်ရှုပ်စရာ ရေမွှေးနံ့တွေကြောင့် ရေဝင်ချိုးပစ်ရပြန်တယ်။စိတ်ကထိုမှသာ ပြန်လန်းလာတော့၏။အိပ်ယာထက် လှဲချလိုက်ပြီး အပေါ်ကိုငေးငိုင်ကြည့်နေမိပေမဲ့အတွေးထဲ ဖြတ်ကတည်းဝင်လာသော မြူဒေါင်းငယ်။ အကြည်လဲ့နေတဲ့မျက်ဝန်းတွေ။တင်းတင်းကိုက်ထားတဲ့နှုတ်ခမ်းပါးတွေ။ပြိုကျနေတဲ့မျက်ရည်စက်တွေနဲ့တောင် မြူဒေါင်းငယ်ကပြေပြစ်စွာလှပလျက်ပေ။ သူခုဟိုနေ့ကအဖြစ်အပျက်ကို ပြန်လို့တွေးတော့မိပါ၏။သူ့လုပ်ရပ်တွေက တကယ်ဆိုနည်းနည်းတော့များသွားချေသည်။ ဒေါသစိတ်ကိုလွယ်လွယ်နဲ့ထိန်းမရတတ်တဲ့သူ့အကျင့်က တကယ်စိတ်ရှုပ်စရာပင်။ လူတွေအများကြီးရှေ့ပြောဆိုပစ်ခဲ့မိတော့ ထိုကလေးကိုအရှက်ရသွားစေတယ်ထင်၏။
ဒါပေမယ့် စိုင်းကိုဒီလိုဖြစ်အောင်သူကိုယ်တိုင်လုပ်ခဲ့တာပဲလေ။ အိမ်မှာဒီလောက် လိုလေစိတ်မရှိအောင်အပြည့်အစုံထားပေးတာတောင် သူကအပြင်ထွက်ပြီးအလုပ်လုပ်နေခဲ့တာ။ မဖြစ်သင့်တာကိုမှ သူကရွေးလုပ်တော့စိုင်းကိုစိတ်တိုရစေသည်။ဘာအလုပ်မှာ ပင်ပင်ပန်းပန်းလုပ်စရာမလိုအောင်ထားပေးတာပဲလေ ဘာတွေများလိုအပ်သေးလို့အလုပ်လုပ်ချင်နေရတာလည်း။လုပ်တဲ့ company ကလည်းဟန်ဓနရိုးစီမှာတဲ့လား။ စိုင်းမျက်မှောင်တွေကျုံ့မိပြန်တယ်။ စိတ်ထဲဘဝင်မကျမှုကပိုဆိုးလာခဲ့၏။
တီ..........တီ.........(ဖုန်းမြည်သံ)
ဖုန်းနံပါတ်ကိုကြည့်တော့ စိုင်းရဲ့အမေစီကဖြစ်၏။ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး လေသာဆောင်ဘက်ထွက်ပြီးဖုန်းကိုဖြေလိုက်သည်။
''ဟယ်လို အမေ''
''သားအိပ်ပြီးထင်နေတာ''
''ခဏနေမှ အိပ်မလို့။အမေ ဘာပြောမလို့လဲ''
''သားသတင်းတွေတက်လာတယ်။ဟိုဂြိုလ်ကောင်က သားကိုဘာတွေစိတ်အနှောက်အယှက်ပေးနေလို့လဲ!''
''ဘာမှတော့ မပေးပါဘူး။သူ့ဘာသာသူနေနေတာ''
''သားကို စိတ်တိုအောင်တော့လုပ်တယ်မလား''
''အင်း......''
''သား.....''
''ဘာပြောချင်လို့လဲ အမေ''
''သား.....အမေ့ကိုစိမ်းသွားတယ်နော်''
''ဟူး....အမေထင်လို့ပါ။သားအမေတို့နဲ့ အတူပြန်နေနိုင်ဖို့ ဘယ်လောက်ထိမျှော်လင့်ခဲ့ရလည်းဆိုတာ အမေသိပါတယ်''
''အဲ့တာတော့ မဖြစ်နိုင်တော့ဘူးသား။ မင်းအဖေက....''
စိုင်းဝရန်တာကို ခပ်တင်းတင်းဆုပ်ကိုင်ပစ်လိုက်ပြီး အံကြိတ်လိုက်မိသည်။ နားထင်ကြောတွေထောင်ထလာသည်အထိ ဒေါသထွက်မိ၏။ဘာလို့သူတို့မိသားစုအရင်လို ပြန်မနေနိုင်ရမှာလည်း။ဟိုသားအမိသာကောက်မလာခဲ့ရင် စိုင်းငယ်ငယ်ကလို စိုင်းတို့မိသားစုပျော်နေရလောက်ပြီ။အဲ့ဂြိုလ်ဆိုးသားအမိကြောင့်။
''ကျွန်တော်ကဖြစ်နိုင်အောင် ပြန်လုပ်မှာ!။ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ်! ''
ဒေါ်ခေတ်သစ်ညို၏နှုတ်ခမ်းတွေက အပေါ်ကိုကော့တက်လျက်။သူမသားအကြောင်း သူမကောင်းကောင်းသိသည်မို့ သူမမျက်ဝန်းတွေကတောက်ပနေတော့၏။
ကိုစိုင်းထည်ဝါရေ ရှင့်သားကရှင့်သွေးအပြည့်ပါသလို ကျွန်မရဲ့သွေးလည်းအပြည့်အဝပါတယ်ဆိုတာ ရှင်မှတ်ထားသင့်တယ်။ရှင်ကကျွန်မလက်ကပြေးချင်ပေမဲ့ ရှင့်သားလက်ကပြေးလွတ်မလားဆိုတာ သိပ်သိချင်နေပြီ ။ရှင်နဲ့ကျွန်မရဲ့ ကစားပွဲမှာကျွန်မဝှက်ဖဲက ရှင့် ရဲ့ သားပဲ အဟက်။
''သား.....မေမေကသားအပေါ် တာဝန်တွေမကျေခဲ့မိလို့ မေမေတောင်းပန်ပါတယ်''
''မလိုပါဘူး အမေရဲ့ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ ''
''မေမေက သားကိုသတိတွေရနေတာ အိပ်ရေးတွေတောင်ပျက်တာများနေပြီ''
''ဒါဆိုလည်း အခုနားလိုက်အမေ။ကျွန်တော်လည်း နားတော့မယ် ''
''အင်းပါ သားရယ်။သားကို အရမ်းချစ်တယ်နော် မေမေ့သားလေး''
''အင်း....။ကျွန်တော်ရောပဲ''
''ဒါဘဲနော် သား။good nightပါ''
တီ........
ဖုန်းကျသွားတော့ စိုင်းကောင်းကင်ကိုမော့ကြည့်မိတယ်။ သူ့စိတ်တွေအဆိုးမရဘူး။စိတ်တွေအရမ်းမွန်းကြပ်ပြီး လေဟာနယ်ထဲရောက်နေရသလိုပဲ။လေအေးအေးတွေကို ရှူရှိုက်ပစ်လိုက်ရင်း cigaretteတစ်လိပ်ကိုထုတ်ပြီးဖွာနေလိုက်တယ်။ ဖင်ခြေကပ်ထိရောက်မှမီးသတ်ပြီး အိပ်ယာထဲပြန်ဝင်ပြီးလှဲလိုက်တယ်။ အိပ်ပျော်လို့ပျော်ငြား မျက်လုံးကိုမှေးမှိတ်ထားပေမဲ့လည်းအိပ်မပျော်နိုင်။စိတ်ပိုရှုပ်စွာ ကျစ်စုတ်မိ၏။ပွယောင်ယောင်စည်းထားသည့်ဆံပင်ရှည်တွေကို အပေါ်လှန်တင်ပြီး အိပ်ယာကထလို့သူ့ခြေလှမ်းတွေက အခန်းတစ်ခုစီသာ။
အခန်းရှေ့ရောက်တော့ တံခါးကိုလှပ်ကြည့်မိသည်။တံခါးကခပ်လွဲလွဲပဲဖွင့်ဟသွားယပြန်သည်မို့ စိုင်းမျက်မှောင်တွေကျုံ့မိ၏။
ညဘက်တွေတံခါးကို လော့ခ်ချပြီးတောင်မအိပ်တတ်ဘူးလား....။အခန်းထဲရောက်တော့အိပ်ရာထက် မီးရောင်မှိန်မှိန်အောက်မှာ အိပ်မောကျနေတဲ့ ကိုယ်လုံးလေး။အပူပင်ကင်းစွာ အိပ်စက်လျက်ပင်။စိုင်းအနားကို ခြေလှမ်းဖြေးဖြေးနှင့်ကပ်တိုးသွားလိုက်ပြီး အိပ်နေတဲ့မျက်နှာလေးကို ငေးစိုက်ကြည့်လိုက်၏။ အေးမြလွန်းသည်။ခပ်သင်းသင်းကိုယ်သင်းနံ့လေးကို ရှူမိတော့သူခုဏသောက်လာသည့် cigaretteထက်တောင်စွဲလမ်းချင်စရာကောင်းလွန်းသည်။ ရှုပ်ထွေးလွန်းတဲ့စိတ်တွေကအခုမှကြည်လင်လာသလို စိုင်းမျက်နှာလည်းရွှင်လန်းလာရသည်။တစ်ညလုံး ထိုမျက်နှာလှလှလေးအား ငေးမောလျက်။
မြူဒေါင်းညက အိမ်မက်ထဲမှာ ကိုကိုကသူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေခဲတယ်တဲ့.....။
#TBC
မြူဒေါင်းရဲ့မွေးနေ့လေးရောက်လာပါတော့မယ် ဘာတွေဆက်ဖြစ်လာမလဲပေါ့နော်။ဆူးနန်းရဲ့ စာဖတ်သူတွေအတော်အများသိမှာပါ ဆူးနန်းကအချိုချည်းပဲမကျွေးတတ်ပါဘူးရှင့်။ နောက် upateလေးကနည်းနည်းကြာနိုင်ပါတယ်ရှင့် ။
Zawgyi
လူႀကီးကိုစိတ္ဆိုးေျပၿပီးကတည္း နိုရာမ်က္ႏွာဟာ တၿပဳံးၿပဳံးနဲ႕ႏြားပြဲစားလိုပဲ။ ေဘးကျမဴေဒါင္းမွာေတာ့ဆန့္က်င္ဘက္ မ်က္ႏွာကညွိုးငယ္ေနတယ္။
''ျမဴေလး....''
''ဟင္....ဘာလဲ နိုရာ''
''နင္ဘာေတြျဖစ္ေနတာလဲဟင္ မ်က္ႏွာလည္းမေကာင္းဘူး''
''ဒီလိုပါပဲ နိုရာရယ္။ဘာမွမျဖစ္ပါဘူး။စိတ္မပူနဲ႕ေနာ္''
''မပူလို႔ရမလား နင္ကခါတိုင္းမ်က္ႏွာေလးက ၿပဳံး႐ႊင္ေနတတ္တာေလ။ မဟုတ္မွ ဟိုလူကနင့္ကို အနိုင္က်င့္ျပန္ၿပီလား''
''သူကငါ့ကို မုန္းေနတာပဲေလ။ အနိုင္က်င့္တာ မဆန္းပါဘူး ''
ျမဴေဒါင္းငယ္မွာ ဝမ္းနည္းစိတ္ကပိုလို႔လွိုင္းထလာမိသည္။ငိုခ်င္စိတ္ကမနည္းထိန္းရင္း ဘာမွမျဖစ္သလိုဟန္ေဆာင္ေနရသည္။နိုရာကလည္း ဒါကိုရိပ္မိ၏။
''ဘာျဖစ္ျဖစ္နင့္ေဘးမွာ ငါအၿမဲရွိတယ္ေနာ္သိလား။ ငါကနင္ရဲ႕ သူငယ္ခ်င္းေကာင္းလည္းျဖစ္သလို နင့္ရဲ႕ညီအကိုေကာင္းလည္းျဖစ္တယ္ဆိုတာမွတ္ထားေနာ္''
''အင္းပါ နိုရာ။ငါ့ေဘးမွာ ရွိေပးလို႔ နင့္ကို ေက်းဇူးတင္ပါတယ္ ''
''မလိုပါဘူးဆိုေန....။ဒါနဲ႕ နင့္ေမြးေန႕ေရာက္ေတာ့မွာမလား ျမဴေလး။နင္ဘာလိုခ်င္လဲ ေမြးေန႕က်''
''ဘာမွလိုပါဘူးဟာ ''
''မလိုလို႔မရပါဘူး။ အဲ့ေန႕က် နင့္ကို လက္ေဆာင္ေပးဖို႔ငါႀကိဳစဥ္းစားထားရမယ္ အဟီး''
''တန္ဖိုးႀကီးတာေတြေပးရင္ ငါမယူဘူးေနာ္ နိုရာ''
''ေအးပါဟာ သိပ္ေစ်းမမ်ားတာဆိုရတယ္မလား''
''အင္း....''
''အဲ့ဆိုထ...ငါတို႔စိတ္ေျပလက္ေျပာက္ ခြင့္ယူၿပီးေလွ်ာက္လည္ၾကမယ္''
''ျဖစ္ပါ့မလား boss ကဆူလိမ့္မယ္''
ျမဴေဒါင္းက ခပ္ရို႔ရို႔ေမးေတာ့ နိုရာကတခစ္ခစ္ရီျပန္သည္။သူ႕လူႀကီးကို သူပိုင္ပါတယ္ဆိုတဲ့အထာမ်ိဳးနဲ႕။
''လာစမ္းပါ ငါရေအာင္ေျပာပါ့မယ္''
''အင္းပါ ''
နိုရာက ျမဴေဒါင္းလက္ကိုဆြဲလို႔ သူတို႔ရဲ႕ အလုပ္ရွင္သူေဌးလူေခ်ာႀကီးစီေျပးေတာ့သည္။ဒီေန႕ေတာ့ စိတ္ညစ္စရာေတြ ခဏဖယ္ရေအာင္ပါ ျမဴေဒါင္းငယ္။
. . . . . .
ညပိုင္းတြင္.....
ေဒါက္ဖိနပ္သံ တခြပ္ခြပ္နဲ႕ ေပါင္တံရွည္သြယ္သြယ္ေတြေပၚသည္ထိခြဲေၾကာင္းနဲ႕ စကပ္ရွည္နဲ႕သူမ။နီတာရယ္ႏႈတ္ခမ္းထူထူနဲ႕ ပါးလႊာသည့္မိတ္ကပ္အရွိန္အဝါနဲ႕သူမဟာ လူငန္းရွင္အေတာ္အမ်ားၾကားေရပန္းစားလွသည့္ ထိပ္ထားပ်ိဳပင္။ လွလည္းလွသလို အဆိပ္လည္းျပင္းသည္တဲ့။သို႔ေသာ္ ေနာက္ကြယ္ကႏူးညံ့တဲ့စိတ္ထားလွလွေလးကိုေတာ့ မည္သူမွမျမင္နိုင္ၾက။ ေလွ်ာက္လွမ္းလာသည့္ဦးတည္ရာက ဝိုင္ခြက္ကိုမာန္ပါပါကိုင္ရင္း လုပ္ငန္းရွင္တခ်ိဳ႕ႏွင့္ ေျပာဆိုေနသည့္ စိုင္းတေခတ္မွိုင္းထံသို႔။
''ကို.....''
''အင္း....''
''မေတြ႕တာၾကာလို႔ ဒို႔ကိုလြမ္းေနေသးလားဟင္''
မူယာပိုကာ ခပ္ခြၽဲခြၽဲဆိုေတာ့ေဘးကလူႀကီးမ်ားကပင္ တဏွာစိတ္ျဖင့္သေဘာက်ကဳန္သည္။သို႔ေသာ္ စိုင္းကေတာ့တည္တင္းေနတုန္းျဖစ္၏။
''ကိုယ့္မွာ မင္းတစ္ေယာက္ပဲရွိတာမဟုတ္ဘူး ပ်ိဳ။ကိုယ့္ေဘးမွာ မင္းလိုမ်ိဳးေတြအမ်ားႀကီး တစ္ေယာက္မရွိေနာက္တစ္ေယာက္နဲ႕ေပ်ာ္ေန႐ုံဘဲ''
''ကိုကလည္း နည္းနည္းေတာ့ အားနာပါးနာသတိရဦးမွေပါ့လို႔''
''စိတ္ရႈပ္စရာေတြ ကိုယ္မလုပ္ဘူး''
''အဟင္း....ေမာင္စိုင္းတေခတ္ကလဲကြာ မိန္းကေလးကိုအဲ့လိုမေျပာပါနဲ႕ ဝမ္းနည္းသြားပါအုံးမယ္''
ေဘးကဗိုက္ပူပူနဲ႕လူက ခပ္က်ယ္က်ယ္ရီၿပီးဝင္ေျပာသည္။ ပ်ိဳကိုလည္း သေရတျမာျမာနဲ႕စူးစိုက္ၾကည့္ေန၏။
''ဟုတ္ပါ့ ဦးတို႔ကမွအလိုက္သိေသးတယ္။ကိုက နည္းနည္းေလးမွကိုယ္ခ်င္းမစာဘူးေနာ္ သူမ်ားကို''
''အဲ့ဆိုလည္း သူတို႔စီသြားကပ္ေလပ်ိဳ ။ကိုယ့္ကို အခ်ိန္လာမျဖဳန္းစမ္းနဲ႕!''
''ဒို႔က ကို႔လိုလူေခ်ာလူခန့္ကိုျပစ္ၿပီး သူမ်ားေတြစီသြားစရာလားလို႔။ဘာလဲ သဝန္တိုလို႔လား ကိုက။''
''အဟြန္း! ဟာသပဲ ''
''ကဲပါ ပ်ိဳေရ။ေမာင္စိုင္းတေခတ္စီမေနခ်င္ ဦးစီလာခဲ့ေနာ္။ဦးက ပ်ိဳကိုဆိုအၿမဲ welcome ေနာ္ ဟင္းဟင္း။''
''အို....Noပါေနာ္။ပ်ိဳကေတာ့ ကိုမွကိုပဲ အဟင္း!''
''ဦးမင္းေခါင္ ။အခ်ိန္လည္းလင့္ေနၿပီဆိုေတာ့ က်ဳပ္ကိုျပန္ခြင့္ျပဳပါဦး''
''ေဟာ....ျပန္ေတာ့မလို႔လားေမာင္စိုင္းတေခတ္ရယ္။ေနပါဦးကြ ေစာပါေသးတယ္ ''
''စိတ္ရႈပ္လို႔ ျပန္တာ။ ေနာက္မွဆုံတာေပါ့ ''
ေျပာၿပီး ဝိုင္ခြက္ကိုစားပြဲေပၚျပန္ခ်လိဳ႕ အကၤ်ီကိုတစ္ခ်က္သပ္ၿပီးအျပင္ကို ထြက္လာလိုက္တယ္။ေနာက္မွာေတာ့ ထိပ္ထားပ်ိဳကလိုက္ပါလာသည္။ ကားနားေရာက္သည္ထိ ေနာက္ကပါလာေတာ့စိုက္းက ေနာက္လွည့္ကာမ်က္မွာက်ဳံ႕၍ၾကည့္၏။
''ဘယ္လိုက္လာတာလဲ ထိပ္ထားပ်ိဳ....!''
''ကိုနဲ႕ ျပန္မလို႔ေလ။ပ်ိဳ႕မွာကားမပါလာဘူး''
''အလာတုန္းက ဘာနဲ႕လာလဲ!''
''ဒယ္ဒီလိုက္ပို႔တာေလ''
''အျပန္လည္း မင္းဒယ္ဒီပဲလာႀကိဳခိုင္းလိုက္''
''ဒယ္ဒီက ဒီခ်ိန္အိပ္ေလာက္ၿပီကို။ ကိုကလည္း လမ္းႀကဳံေလးလိုက္ပို႔ရတာေတာင္ အရမ္းတြန့္တိုတာပဲ''
''က်စ္! ပက္ခြၽဲႏွက္ခြၽဲေတြလာမလုပ္စမ္းနဲ႕။စိတ္ရႈပ္တယ္...!''
''အဟင္း! ဟုတ္ပါၿပီ ။ဒါဆိုလည္း လမ္းႀကဳံလိုက္ခဲ့လို႔ရမလား ကိုစိုင္းတေခတ္မွိုင္းရွင့္''
''ေကာင္းၿပီ.....ဒါေနာက္ဆုံးပဲ ''
ထို႔ေနာက္ ကားနဲ႕ထိပ္ထားပ်ိဳအိမ္ေရွ႕ထိ လိုက္ပို႔ၿပီးမွာ စိုင္းအိမ္ျပန္လာရသည္။ စိတ္ရႈပ္စရာ ေရေမႊးနံ႕ေတြေၾကာင့္ ေရဝင္ခ်ိဳးပစ္ရျပန္တယ္။စိတ္ကထိုမွသာ ျပန္လန္းလာေတာ့၏။အိပ္ယာထက္ လွဲခ်လိဳက္ၿပီး အေပၚကိုေငးငိုင္ၾကည့္ေနမိေပမဲ့အေတြးထဲ ျဖတ္ကတည္းဝင္လာေသာ ျမဴေဒါင္းငယ္။ အၾကည္လဲ့ေနတဲ့မ်က္ဝန္းေတြ။တင္းတင္းကိုက္ထားတဲ့ႏႈတ္ခမ္းပါးေတြ။ၿပိဳက်ေနတဲ့မ်က္ရည္စက္ေတြနဲ႕ေတာင္ ျမဴေဒါင္းငယ္ကေျပျပစ္စြာလွပလ်က္ေပ။ သူခုဟိုေန႕ကအျဖစ္အပ်က္ကို ျပန္လို႔ေတြးေတာ့မိပါ၏။သူ႕လုပ္ရပ္ေတြက တကယ္ဆိုနည္းနည္းေတာ့မ်ားသြားေခ်သည္။ ေဒါသစိတ္ကိုလြယ္လြယ္နဲ႕ထိန္းမရတတ္တဲ့သူ႕အက်င့္က တကယ္စိတ္ရႈပ္စရာပင္။ လူေတြအမ်ားႀကီးေရွ႕ေျပာဆိုပစ္ခဲ့မိေတာ့ ထိုကေလးကိုအရွက္ရသြားေစတယ္ထင္၏။
ဒါေပမယ့္ စိုင္းကိုဒီလိုျဖစ္ေအာင္သူကိုယ္တိုင္လုပ္ခဲ့တာပဲေလ။ အိမ္မွာဒီေလာက္ လိုေလစိတ္မရွိေအာင္အျပည့္အစုံထားေပးတာေတာင္ သူကအျပင္ထြက္ၿပီးအလုပ္လုပ္ေနခဲ့တာ။ မျဖစ္သင့္တာကိုမွ သူကေ႐ြးလုပ္ေတာ့စိုင္းကိုစိတ္တိုရေစသည္။ဘာအလုပ္မွာ ပင္ပင္ပန္းပန္းလုပ္စရာမလိုေအာင္ထားေပးတာပဲေလ ဘာေတြမ်ားလိုအပ္ေသးလို႔အလုပ္လုပ္ခ်င္ေနရတာလည္း။လုပ္တဲ့ company ကလည္းဟန္ဓနရိုးစီမွာတဲ့လား။ စိုင္းမ်က္ေမွာင္ေတြက်ဳံ႕မိျပန္တယ္။ စိတ္ထဲဘဝင္မက်မႈကပိုဆိုးလာခဲ့၏။
တီ..........တီ.........(ဖုန္းျမည္သံ)
ဖုန္းနံပါတ္ကိုၾကည့္ေတာ့ စိုင္းရဲ႕အေမစီကျဖစ္၏။ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး ေလသာေဆာင္ဘက္ထြက္ၿပီးဖုန္းကိုေျဖလိုက္သည္။
''ဟယ္လို အေမ''
''သားအိပ္ၿပီးထင္ေနတာ''
''ခဏေနမွ အိပ္မလို႔။အေမ ဘာေျပာမလို႔လဲ''
''သားသတင္းေတြတက္လာတယ္။ဟိုၿဂိဳလ္ေကာင္က သားကိုဘာေတြစိတ္အႏွောက္အယွက္ေပးေနလို႔လဲ!''
''ဘာမွေတာ့ မေပးပါဘူး။သူ႕ဘာသာသူေနေနတာ''
''သားကို စိတ္တိုေအာင္ေတာ့လုပ္တယ္မလား''
''အင္း......''
''သား.....''
''ဘာေျပာခ်င္လို႔လဲ အေမ''
''သား.....အေမ့ကိုစိမ္းသြားတယ္ေနာ္''
''ဟူး....အေမထင္လို႔ပါ။သားအေမတို႔နဲ႕ အတူျပန္ေနနိုင္ဖို႔ ဘယ္ေလာက္ထိေမွ်ာ္လင့္ခဲ့ရလည္းဆိုတာ အေမသိပါတယ္''
''အဲ့တာေတာ့ မျဖစ္နိုင္ေတာ့ဘူးသား။ မင္းအေဖက....''
စိုင္းဝရန္တာကို ခပ္တင္းတင္းဆုပ္ကိုင္ပစ္လိုက္ၿပီး အံႀကိတ္လိုက္မိသည္။ နားထင္ေၾကာေတြေထာင္ထလာသည္အထိ ေဒါသထြက္မိ၏။ဘာလို႔သူတို႔မိသားစုအရင္လို ျပန္မေနနိုင္ရမွာလည္း။ဟိုသားအမိသာေကာက္မလာခဲ့ရင္ စိုင္းငယ္ငယ္ကလို စိုင္းတို႔မိသားစုေပ်ာ္ေနရေလာက္ၿပီ။အဲ့ၿဂိဳလ္ဆိုးသားအမိေၾကာင့္။
''ကြၽန္ေတာ္ကျဖစ္နိုင္ေအာင္ ျပန္လုပ္မွာ!။ဘယ္လိုနည္းနဲ႕ဘဲ ျဖစ္ျဖစ္! ''
ေဒၚေခတ္သစ္ညို၏ႏႈတ္ခမ္းေတြက အေပၚကိုေကာ့တက္လ်က္။သူမသားအေၾကာင္း သူမေကာင္းေကာင္းသိသည္မို႔ သူမမ်က္ဝန္းေတြကေတာက္ပေနေတာ့၏။
ကိုစိုင္းထည္ဝါေရ ရွင့္သားကရွင့္ေသြးအျပည့္ပါသလို ကြၽန္မရဲ႕ေသြးလည္းအျပည့္အဝပါတယ္ဆိုတာ ရွင္မွတ္ထားသင့္တယ္။ရွင္ကကြၽန္မလက္ကေျပးခ်င္ေပမဲ့ ရွင့္သားလက္ကေျပးလြတ္မလားဆိုတာ သိပ္သိခ်င္ေနၿပီ ။ရွင္နဲ႕ကြၽန္မရဲ႕ ကစားပြဲမွာကြၽန္မဝွက္ဖဲက ရွင့္ ရဲ႕ သားပဲ အဟက္။
''သား.....ေမေမကသားအေပၚ တာဝန္ေတြမေက်ခဲ့မိလို႔ ေမေမေတာင္းပန္ပါတယ္''
''မလိုပါဘူး အေမရဲ႕က်န္းမာေရးကိုပဲ ဂ႐ုစိုက္ပါ ''
''ေမေမက သားကိုသတိေတြရေနတာ အိပ္ေရးေတြေတာင္ပ်က္တာမ်ားေနၿပီ''
''ဒါဆိုလည္း အခုနားလိုက္အေမ။ကြၽန္ေတာ္လည္း နားေတာ့မယ္ ''
''အင္းပါ သားရယ္။သားကို အရမ္းခ်စ္တယ္ေနာ္ ေမေမ့သားေလး''
''အင္း....။ကြၽန္ေတာ္ေရာပဲ''
''ဒါဘဲေနာ္ သား။good nightပါ''
တီ........
ဖုန္းက်သြားေတာ့ စိုင္းေကာင္းကင္ကိုေမာ့ၾကည့္မိတယ္။ သူ႕စိတ္ေတြအဆိုးမရဘူး။စိတ္ေတြအရမ္းမြန္းၾကပ္ၿပီး ေလဟာနယ္ထဲေရာက္ေနရသလိုပဲ။ေလေအးေအးေတြကို ရႉရွိုက္ပစ္လိုက္ရင္း cigaretteတစ္လိပ္ကိုထုတ္ၿပီးဖြာေနလိုက္တယ္။ ဖင္ေျခကပ္ထိေရာက္မွမီးသတ္ၿပီး အိပ္ယာထဲျပန္ဝင္ၿပီးလွဲလိုက္တယ္။ အိပ္ေပ်ာ္လို႔ေပ်ာ္ျငား မ်က္လုံးကိုေမွးမွိတ္ထားေပမဲ့လည္းအိပ္မေပ်ာ္နိုင္။စိတ္ပိုရႈပ္စြာ က်စ္စုတ္မိ၏။ပြေယာင္ေယာင္စည္းထားသည့္ဆံပင္ရွည္ေတြကို အေပၚလွန္တင္ၿပီး အိပ္ယာကထလို႔သူ႕ေျခလွမ္းေတြက အခန္းတစ္ခုစီသာ။
အခန္းေရွ႕ေရာက္ေတာ့ တံခါးကိုလွပ္ၾကည့္မိသည္။တံခါးကခပ္လြဲလြဲပဲဖြင့္ဟသြားယျပန္သည္မို႔ စိုင္းမ်က္ေမွာင္ေတြက်ဳံ႕မိ၏။
ညဘက္ေတြတံခါးကို ေလာ့ခ္ခ်ၿပီးေတာင္မအိပ္တတ္ဘူးလား....။အခန္းထဲေရာက္ေတာ့အိပ္ရာထက္ မီးေရာင္မွိန္မွိန္ေအာက္မွာ အိပ္ေမာက်ေနတဲ့ ကိုယ္လုံးေလး။အပူပင္ကင္းစြာ အိပ္စက္လ်က္ပင္။စိုင္းအနားကို ေျခလွမ္းေျဖးေျဖးႏွင့္ကပ္တိုးသြားလိုက္ၿပီး အိပ္ေနတဲ့မ်က္ႏွာေလးကို ေငးစိုက္ၾကည့္လိုက္၏။ ေအးျမလြန္းသည္။ခပ္သင္းသင္းကိုယ္သင္းနံ႕ေလးကို ရႉမိေတာ့သူခုဏေသာက္လာသည့္ cigaretteထက္ေတာင္စြဲလမ္းခ်င္စရာေကာင္းလြန္းသည္။ ရႈပ္ေထြးလြန္းတဲ့စိတ္ေတြကအခုမွၾကည္လင္လာသလို စိုင္းမ်က္ႏွာလည္း႐ႊင္လန္းလာရသည္။တစ္ညလုံး ထိုမ်က္ႏွာလွလွေလးအား ေငးေမာလ်က္။
ျမဴေဒါင္းညက အိမ္မက္ထဲမွာ ကိုကိုကသူ႕ကိုၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနခဲတယ္တဲ့.....။
#TBC
ျမဴေဒါင္းရဲ႕ေမြးေန႕ေလးေရာက္လာပါေတာ့မယ္ ဘာေတြဆက္ျဖစ္လာမလဲေပါ့ေနာ္။ဆူးနန္းရဲ႕ စာဖတ္သူေတြအေတာ္အမ်ားသိမွာပါ ဆူးနန္းကအခ်ိဳခ်ည္းပဲမေကြၽးတတ္ပါဘူးရွင့္။ ေနာက္ upateေလးကနည္းနည္းၾကာနိုင္ပါတယ္ရွင့္ ။