မဆုံသောမျဉ်းပြိုင်
By Khar_197
22.7K 1.7K 178
တစ်ခါတစ်လေ ကံကြမ္မာက အလှည့်အပြောင်းထက်ကျီစားလွန်းတယ်။ ဒီအလှည့်အပြောင်းမှာ ငါတို့အားလုံးနစ်နာခဲ့ရတယ်။ More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း၂၃
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)ဇာတ်သိမ်းပိုင်း
gl
အပိုင်း(၂၂)
483 35 2
By Khar_197
Unicode
နွေးရဲ့မတားစဖူးတားဆီသံတွေဟာ နားထဲတဝဲလည်လည်။ ခုတော့နွေးရဲ့တားဆ‌ီးသံတွေရဲ့အဓိပ္ပာယ်က်ုနားလည်သလိုလိုရှိပြီ။ သို့ပေမယ့် အကြီးကြီးကိုနောက်ကျသွားခဲ့လေပြီ။ ခုချိန်မှပဲ လေးလံလှတဲ့ခန္ဓာကိုယ်ကြီးက ငှက်မွှေးလေးလ်ုပေါ့ပါးသွားသလားမပြောတတ်။ အရာရာဟာ ဘာကြောင့်များဒီလောက်နောက်ပြောင်နေရပါသနည်း။ အနာဂတ်ဆိုတဲ့အရာထဲမှာ ဒီအရာတွေပါမနေတာ သူရောနွေးရောသိပါသည်။ မေမေ့ရဲ့တစ်ဦးတည်းသောသား။ နွေးရဲ့တစ်ဦးတည်းသောချစ်သူ။ ဒါတွေကိုတကယ်ပဲသူထားခဲ့ရတော့မလား။ အရှိန်နဲ့လွင့်ထွက်သွားတဲ့ခန္ဓာကိုယ်ဟာ အရှိန်ပြင်းပြင်းနဲ့ပြန်ကျတော့ သူ့ဦးနှောက်ရော၊အမြင်အာရုံပါအကုန်အမှောင်အတိကျလျက်။ကိုယ့်ကိုခွင့်လွှတ်တယ်မလားဟင် နွေး။ သားဘာဖြစ်သွားတာလဲမသိတော့ဘူးအမေ။
“ဒေါက်တာ ဒေါက်တာ! ရှိုင်းလေးကဘာလို့ဒီလောက်ကြာနေရတာလဲ ကျွန်မသမီးလေး...ကျွန်မသမီးလေး အခြေအနေ”
ဒေါ်ခက်ခက်မိုးတစ်ယောက်၏မိခင်ပုံရိပ်သည် သူ့ရင်သွေးသေမင်းနှင့်စစ်ခင်းကာမှလုံးလုံးလျားလျားပေါ်လာသလိုပင်။
“အခြေအနေကတော့အရေးပေါ်အခြေအနေမှာပဲရှိပါသေးတယ်။ ပြောရမှာစိတ်မကောင်းပေမယ့် ခုချိန်မှသူနဲ့ကိုက်ညီတဲ့ နှလုံးမရဘူးဆိုရင် ...”
“တောင်းပန်ပါတယ်ဒေါက်တာရယ်~~ကျွန်မ~~ကျွန်မသမီးလေးကိုကယ်ပေးပါ~~ကျွန်မနှလုံးကိုယူပါ ကျွန်မတို့ကသားအမိဆိုတော့ ကိုက်ညီမှာပါ ကျွန်မသမီးလေးကိုကယ်ပေးပါ~~”
ကြမ်းပြင်ပေါ်ရုတ်တရက်ကြီး ဒူးထောက်ချရင်း လက်အုပ်တွေချီကာ တောင်းပန်နေရှာတဲ့ ဒေါ်ခက်ခက်မိုးကိုကြည့်ရင်း မိခင်တစ်ယောက်ရဲ့သောကဗျာပါဒကိုခံစားရစေသည်။ သို့သော်သူတို့တွေမှာလည်းစည်းမျဉ်းစည်းကမ်းနဲ့။
“ဒေါ်ခက်ခက်မိုးထပါဗျာ ကျွန်တော်တို့တွေမှာလည်းစည်းမျဉ်းတွေရှိတယ်။ ကိုက်ညီနေရင်တောင် အသက်ရှင်လျက်ရှိနေတဲ့လူဆီကနှလုံးယူလို့မရဘူး။ ဒါသားအမိပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်။ စိတ်ချပါ။ကျွန်တော်တို့အကောင်းဆုံးကြိုးစားကုသကြမှာပါ။ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းရေးဌာနဘက်ကိုလည်း ကျွန်တော်အကူအညီတောင်းထားပါတယ်”
ဒေါက်တာကရှင်းပြပြီးတာနဲ့ ခွဲခန်းထဲပြန်ဝင်သွားသည်။ တော်တော်ကြာတဲ့မှ ဒေါက်တာတစ်ယောက်စာရွက်စာတမ်းတွေကိုင်ကာ ခွဲခန်းဆီပြေးလာသည်။ ထို့နောက်ပြာတိပြာယာနှင့် ခွဲခန်းထဲပြေးဝင်သွားလေသည်။
“လူနာရှင်တွေ ..”
“ဟုတ်ကဲ့ဒေါက်တာ ကျွန်မ...ကျွန်မကသူ့အမေပါ”
“ကိုက်ညီတဲ့နှလုံးအလှူရှင်တွေ့ပါပြီ ခွဲစိတ်မှုအတွက် လှူနာရှင်ရဲ့သဘောတူညီမှုလက်မှတ်လိုပါတယ်”
“ကျွန်မသမီးလေးကိုကယ်ပေးကြပါနော်...”
“စိတ်ချပါကျွန်မတို့အကောင်းဆုံးကြိုးစားပေးပါ့မယ်”
ဒေါ်ခက်ခက်မိုးရဲ့သဘောတူညီမှုလက်မှတ်ရပြီးတာနဲ့ ခွဲစိတ်ဖို့အတွက် အားချင်းစီစဉ်ကြတော့သည်။
“ကြီးမေ မဒီ ရှိုင်းလေးဆီသွားချင်တယ်။ ရှိုင်းလေးဆီလိုက်ပို့ပေးပါနော်ကြီးမေ”
မဒီလည်းကားမတော်တဆမှုမှာအထိခိုက်နည်းခဲ့သည်တော့မဟုတ်။ ‌ကားမတော်တဆမှုကြောင့် နှဖူးစပ်လည်းကွဲသွားသလို ညာဘက်ခြေထောက်ကလည်းထိခိုက်သွားသည်။ ထို့ကြောင့် စိတ်သွားတိုင်းခန္ဓာကိုယ်ကမလိုက်နိုင်တော့။
“သမီးရယ် မသွားပါနဲ့ဦး ရှိုင်းလေးအမေက..”
“ရတယ် ရပါတယ်ကြီးမေရယ် မဒီ့ကြောင့်ဖြစ်တာလေ..မေမေကြီးဆူမယ်ဆိုလည်း မဒီအဆူခံနိုင်ပါတယ်..ရှိုင်းကိုစိတ်ပူလို့ပါ..ရှိုင်း လေးအတွက်မဒီ့နှလုံးသားကိုယူဖို့မဒီသွားပြောမယ်..”
ကုတင်ပေါ်ကဆင်းဖို့ကြိုးစားပေမယ့် ခြေထောက်ကလှုပ်ပင်မလှုပ်နိုင်။ ကြီးမေကလည်း မဒီ့စကားကြောင့် အံ့အားသင့်နေသည်။
“ဘာ! ဘာပြောတယ်မေမဒီ နင့်နှလုံးသားကိုပေးမယ်..ဟဲ့ နင့်မှာ နင့်မောင်လေးတွေနဲ့ငါရှိသေးတယ်လေမေမဒီရဲ့ ငါတို့ကိုရောမတွေးတော့ဘူးလား”
ကြီးမေရဲ့သတိပေးစကားသံတွေကြားတော့ ရှိုင်းအတွက်သူဟာ ဘယ်လိုကူညီမှုမျိုးမှမပေးနိုင်ပါလားဆိုတာကိုသတိပြုမိသည်။ အများကြီးငဲ့စရာတွေရှိနေတဲ့ သူ့အနေအထားနှင့် ရှိုင်းကိုကူညီခွင့်၊ရှင်သန်ခွင့်ရအောင် ဘယ်လိုများသူလုပ်ရပါ့မလဲ။
“ဒါပေမယ့် ရိုင်းကအခုလိုအပ်နေတယ်လေကြီးမေရဲ့ အလတ်ကောင်နဲ့အငယ်လေးကို ကြီး..မေဆီ အပ်ထားခဲ့မယ်”
“မရူးစမ်းနဲ့မေမဒီရယ် ခုတောင်နင့်ကိုသူ့အမေဘယ်လိုအပြစ်တင်နေသလဲသိလား သူ့သမီးခုလိုဖြစ်ရတာနင့်ကြောင့်တဲ့ ရှိုင်းလေးကိုတော့အားနာပေမယ့် သူ့အမေဆိုတဲ့မိန်းမကိုတော့ ငါသည်းမခံနိုင်ဘူး”
“ကြီးမေရယ်~~မဒီရှိုင်းကိုဒီတိုင်းတော့ထိုင်မကြည့်နိုင်ဘူးလေ~~မဒီ့ရင်တွေနာလှပြီကြီးမေရဲ့~~”
ကြီးမေကမဒီ့ကိုသူ့ရင်ခွင်ထဲတွင် ငိုခွင့်ပေးသည်။ မဒီဘယ်လိုလုပ်မှရှိုင်းကိုကယ်နိုင်မှာလဲဆိုတာ မဒီ့ဉာဏ်နဲ့လိုက်မတွေးနိုင်တော့လက်လျှော့လိုက်ရသည်။
“သမီးမဒီ..”
“တီဆွေ~~”
အခန်းတံခါးရုတ်တရက်ပွင့်သွားခြင်းနှင့်အတူ အမြန်ရောက်လာပုံပေါ်သည့် တီဆွေ့ကိုဦးစွာမြင်ရသည်။
“မမလေး..မမလေး..”
ရှိုင်းဆိုတဲ့အသိနဲ့တင် သူ့တစ်ကိုယ်လုံးပူထူသွားပြီ။
“ရှိုင်း..ရှိုင်းဘာဖြစ်လို့လဲဟင်”
“မမလေးအတွက် အလှူရှင်ပေါ်လာပြီ အခုခွဲစိတ်ဖို့ပြင်ဆင်နေပြီ!”
“တကယ်...တကယ်လားတီဆွေ~~တော်ပါသေးရဲ့ တော်ပါသေးတယ် ကြီးမေ ကြီးမေကြားလား~~ရှိုင်းလေးအတွက်အလှူရှင်ရပြီတဲ့”
“ကြားပါတယ်သမီးရယ် ကြီးမေကြားပါတယ်ကွယ်”
“တီဆွေ မဒီ့ကိုခေါ်သွားပါ မဒီရှိုင်းလေးဆီသွားချင်တယ်~~မဒီ့ကိုခေါ်သွားပါနော်”
တီဆွေဟာ ကြီးမေကိုလှမ်းကြည့်ရင်း ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းကိုအကြည့်ကနေမေးနေဟန်။ ကြီးမေကသက်ပြင်းအကြိမ်ကြိမ်ချရင်းခေါင်းညိတ်ပြကာမှ မဒီဝှီးချဲပေါ်ရောက်ရသည်။
“ဆွေဆွေ နင့်တူမကိုခွဲခန်းအထိခေါ်မသွားပါနဲ့ကွယ် တော်ကြာ ရှိုင်းလေးအမေတရားလွန်လာရင် အစ်မသည်းခံနိုင်မှာမဟုတ်ဘူး”
“ဟုတ်ကဲ့ အစ်မ”
တီဆွေတွန်းပေးတဲ့ဝှီးချဲပေါ်မှာထိုင်နေရင်းစိတ်တွေဟာရှိုင်းဆီကိုအပြေးပြေးအလွှားလွှား။ ဒီခြေထောက်သာမထိခိုက်ခဲ့ရင် ရှိုင်းဆီမဒီရောက်နေလောက်ပြီ။ ခွဲခန်းဘက်ကိုလှမ်းမြင်နေရတဲ့ထောင့်ချိုးလေးနားရောက်တော့တီဆွေကရပ်လိုက်ကာ။
“မဒီ သမီးဒီနားကပဲကြည့်ပါတော့ကွယ်။ မမကြီးကတယူသန်။သမီးကိုဒုက္ခပေးမှာ”
မဒီ့သက်ပြင်းချသံကိုတီဆွေကြားပါလိမ့်မည်။သို့သော်မတတ်နိုင်။
“တီဆွေရယ် ရှေ့နားလေးမှာပဲရပ်ပေးပါ။ မဒီရှိုင်းလေးထွက်လာရင်မမြင်ရမှာစိုးလို့ပါ။ မဒီအဲ့နားလေးကပဲကြည့်ပါရစေနော်”
ဒီတစ်ခါတော့တီဆွေရဲ့သက်ပြင်းချသံနဲ့အတူ မဒီပြောတဲ့နေရာအထိ ဝှီးချဲတွန်းပေးသည်။ ခွဲခန်းအရှေ့မှာ ငိုနေတဲ့မေမေကြီးရယ်၊မျက်နှာမကောင်းလှတဲ့ဥက္ကဌကြီးရယ်၊ အမြဲမျက်နှာတည်နဲ့ရှိနေတတ်တဲ့သက်မျိုးထင်တောင် မျက်နှာသိပ်မကောင်းလှ။ ဒီလူတွေကိုကြည့်ရင်း မဒီ့ရင်ထဲဆို့နင့်လာရသည်။ ရှိုင်းလေးရဲ့အက်ဆီးဒင့်ကပုံရိပ်တွေကအစီအရီပေါ်လာသည်။ အဆင်ပြေပြေနဲ့ဆက်ရှင်သန်ရမယ်နော်ရှိုင်း။ မဒီရှိနေသေးတယ်။ ရှိုင်းကိုချစ်တဲ့မဒီရှိနေသေးတယ်။ မျက်လုံးတွေစုံမှိတ်လိုက်တော့ စိမ့်အိုင်လာတဲ့မျက်ရည်တွေဟာ ပါးပေါ်သို့အလိုအလျောက်စီးဆင်း၏။ နစ်မြုပ်လိုက်တဲ့စိတ်တွေအတွက်ဆုတောင်းသံတွေသာထပ်နေခဲ့သည်။ ရှိုင်းရှင်သန်ဖို့ကသာ နံပါတ်၁ဆုတောင်းဖြစ်နေပါ၏။
“ငါ့ကြောင့်~~ငါသာတားခဲ့ရင်~~ငါ့ကြောင့်သာမဟုတ်ရင် ရှိုင်းက~~အဲ့နေရာမှာရှိနေမှာမဟုတ်ဘူး~~ငါ့ကြောင့် အကုန်လုံးငါ့ကြောင့်!”
မဒီ့ကို မေမေကြီးပြောသမျှတွေပြန်ကြားပြီးအပြစ်ရှိစိတ်တွေဟာ တစ်ကိုယ်လုံးပျံ့နှံ့လာသည်။
“မဒီ သမီးတီဆွေ့ကိုကြည့်စမ်း အရမ်းကြီးမစိုးရိမ်နဲ့ ဒီကိစ္စတွေကမမကြီးပြောသလို သမီးနဲ့မဆိုင်ဘူး သမီးကြောင့်မဟုတ်ဘူး မမလေးရဲ့နှလုံးကတစ်ချိန်မဟုတ်တစ်ချိန်မဟုတ်တစ်ချိန်အစားထိုးရမှာပဲ”
“ဒါပေမယ့် မဒီသာတားနိုင်ခဲ့ရင်~~မွေးနေ့ဆိုတဲ့ရက်ထူးရက်မြတ်မှာ ရှိုင်းကသေမင်းနဲ့စစ်ခင်းနေရမှာမဟုတ်ဘူး~~”
“ကံသာပါလာရင်ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ် ဘယ်အရာမှတားမရပါဘူးကွယ် ဒါသမီးအပြစ်မဟုတ်ဘူးဆိုတာယုံစမ်း ဥက္ကဌကြီးကလည်း သမီးကိုယုံပါတယ်”
တီဆွေ့စကားကြားမှ ရင်ထဲမွန်းကြပ်ရသမျှဟာပြိုကျတော့သည်။မေမေကြီးကတော့ သူ့ကိုစွပ်စွဲနေတုန်းပါပင်။ခွဲစိတ်ခန်းတံခါးကိုသာငေးရင်း ဆုတစ်ခုတည်းကိုသာဆုတောင်းနေခဲ့သည်။
“တီဆွေ...တီဆွေ ဟိုမှာရှိုင်းလေးထွက်လာပြီ...ရှိုင်းကိုဘယ်အခန်းမှာထားလဲဆိုတာလိုက်ကြည့်ပေးပါဦးတီဆွေရယ် ရှိုင်းအဆင်ပြေရဲ့လားကြည့်ပေးပါဦး~~”
ထိုစကားကိုသာပြောရင်း သူကိုယ်တိုင်ကတော့နံရံအကွယ်ကဝှီးချဲပေါ်မှငေးကြည့်နေရုံသာ။ နှလုံးအစားထိုးခံထားရတဲ့ရှိုင်း၊ ဆေးပိုက်တွေအများကြီးနဲ့ရှိုင်း၊ဒါတွေဟာ သူ့အတွက်တော့ ငရဲတစ်ခု။ တီဆွေပြန်ရောက်လာပြီး အခန်းတစ်ခုဆီ ခေါ်သွားသည်။ အပြင်ကနေလှမ်းမြင်ရရုံနဲ့ကျေနပ်ခဲ့ရတဲ့ ရှိုင်းရဲ့ရှင်သန်ခြင်း။ ခွဲစိတ်မှုအောင်မြင်တယ်ဆိုတာနဲ့တင်အရာအာလုံးပိုင်နိုင်သွားရသလိုပင်။
“ရှိုင်းလေးအနားသွားချင်လိုက်တာတီဆွေရယ်~~”
“မေမေကြီးအိမ်ခဏပြန်ရင်တီဆွေခေါ်‌သွားပေးပါ့မယ် ခုတော့ အခန်းပြန်ရအောင်နော် မြင်သွားရင်ပြဿနာရှာလိမ့်မယ်”
ဒီလိုနှင့် ရှိုင်းကိုခဏလေးသာငေးရင်း ပြန်လာခဲ့ရပြန်သည်။
“ဘယ်သူရှိလဲ! ဘယ်သူမှမရှိကြဘူးလား! ဟေးး! တစ်ယောက်မှမရှိကြဘူးလား!”
အသံကုန်အော်ဟစ်နေပေမယ့် အမှောင်ထုသာကြီးစိုးနေတဲ့ တောလို့ထင်ရတဲ့ဒီနေရာမှာ အော်ဟစ်နေတဲ့သူ့အသံကလွဲရင် ပရစ်သံတစ်ခုတောင်မကြားရ။ လက်ထဲကမှိန်ပြပြမီးအိမ်ကဒီနေရာမှာတော့ သူအားအကိုးရဆုံးသော အလင်းရောင်လေးဖြစ်သည်။
“မင်းတစ်ယောက်တည်းမဟုတ်ဘူး ငါလည်းရှိသေးတယ်”
ရုတ်တရက်အနောက်ဘက်ဆီကလာတဲ့ယောက်ျားအသံတစ်ခုကြောင့် လန့်ဖြန့်ကာ လှည့်ကြည့်လိုက်မိပေမယ့် လူဆိုတဲ့ဘယ်အရိပ်အယောင်မှရှိမနေ။
“ငါ့ကိုရှာနေတာလား ဟားဟား”
ရယ်သံနက်နက်ကြားရချိန် သူ့တစ်ကိုယ်လုံးကြက်သီးတွေဖြာသွားသည်။ ဘာလို့ဒီရယ်သံကသူ့ကိုမကျေနပ်နေဘူးလို့ခံစားရပါသနည်း။
“ဘယ်သူလဲ! ခင်ဗျားကရောဘယ်သူလဲ! ”
ဒီလိုအော်လိုက်ပြန်တော့ ထိုအသံဟာပေါ်မလာပြန်။လေကြမ်းကြမ်းသာတိုက်ခတ်ရင်း သူ့လက်ထဲကမီးအိမ်လေးကိုငြှိမ်းသတ်ဖို့ကြိုးစားနေသည့်နှယ်။
“မင်းငါ့ကိုရှာနေဖို့မလိုပါဘူး ဘာလို့လဲသိလား ဟားဟား!”
သူကယောင်ကတမ်းနဲ့အသံလာရာအားလုံးကိုတစ်ပတ်လည်လိုက်ရှာနေမိလားမသိတော့။ သူ့အမေးတွေကိုလည်း ခေါင်းညိတ်မိလိုက်လား။ ခေါင်းခါမိလိုက်လားမသေချာ။
“ငါကမင်းမို့လို့ပေါ့ ငါ့ကိုရှာစရာမလိုတော့ဘူး မင်းကငါပဲ ငါကလည်းမင်းပဲလေ ဟားဟား”
“မဟုတ်ဘူး မဟုတ်ဘူး! ဘာကိစ္စနဲ့လဲ ငါကရော ဘယ်သူလဲ ခင်ဗျားကရော..”
အသံနက်နက်နဲ့ရယ်နေတာကိုထပ်သည်းမခံနိုင်တော့။ သူ့မေးခွန်းတွေကိုဖြေနေမယ့်အစားရယ်သံတွေပဲကြားနေရတာမဟုတ်သေးပါဘူး။ ပြီးတော့ သူကိုယ်တိုင်ကရောဘယ်သူလဲ။ ရုတ်တရက်နောက်ဆုတ်လိုက်တဲ့အချိန် တစ်ခုခုကိုဝင်တိုက်မိသွားသည်။ အလန့်တကြားလှည့်ကြည့်မိတော့ ယောက်ျားတစ်ယောက်။ မြင်ဖူးသလိုရှိပေမယ့်မရင်းနှီးတဲ့မျက်နှာ။တကယ်ပဲ ခင်ဗျားဘယ်သူလဲ။
“ငါကမင်းမို့လို့ သေချာဂရုစိုက်ပေးပါ အကောင်းဆုံးရှင်သန်ပါ ငါသွားပြီ”
“နေ...နေဦး..ဟေ့လူ!”
သူ့အသံတွေသာဟိန်းထွက်သွားသည်။ ဟိုလူကသူ့ကိုတော့ဖြင့်တစ်ချက်သာပြုံးပြပြီးလှည့်မကြည့်စတမ်းထွက်သွားလေပြီ။
“တီ..တီ...”
“ရှိုင်း ရှိုင်းလေး! ဒေါက်တာ့ကိုခေါ်ပါဦး ဒေါက်တာ့ကိုခေါ်ကြပါဦး!”
ဆေးရုံအခန်းအတွင်း စက်မြည်သံတွေ၊အော်ဟစ်သံတွေ ပွက်လောရိုက်ကုန်သည်။ ဒေါက်တာတွေရောက်လာတော့မှ ရှိုင်းလေးရဲ့ပင်တိုင်ဆရာဝန် ဒေါက်တာသန်းနိုင်ရော ဒေါက်တာမြတ်စိုးပါရောက်လာပြီဖြစ်ကြောင်းသိရသည်။
“‌နှလုံးကခန္ဓာကိုယ်ထဲမှာအသားကျဖို့စောင့်ရဦးမယ့်အခြေအနေမှာခုလိုပဲအရေးပေါ်အခြေအနေတွေကဖြစ်နိုင်တယ်။ နောက်ပြီးလူနာကနှလုံးလည်းအစားထိုးထားရတယ်။ ကားအက်ဆီးဒင့်ကြောင့် ဖြစ်တဲ့ ဦးခေါင်းနဲ့နောက်ကျောဒဏ်ရာတွေကလည်းများတော့ ခန္ဓာကိုယ်ကပြန်ကောင်းဖို့အားစိုက်ရတာတွေတအားများတယ်။စိုးရိမ်ရမယ့်အခြေအနေကိုတော့ကျော်နိုင်သွားပါပြီ”
“ကျေးဇူး..ကျေးဇူးတင်ပါတယ်ဒေါက်တာ”
“ရပါတယ်ဗျာ ခွင့်ပြုပါဦး”
ဦးဘခက်တစ်ယောက် သက်ပြင်းတစ်ချက်ရှိုက်ရင်းတစ်ခုခုကိုဆုံးဖြတ်လိုက်ဟန်တူသည်။ တုတ်ကောက်တရွေ့ရွေ့နဲ့ ဒေါက်တာသန်းနိုင်အနားလျှောက်လာသည်။
“ဒေါက်တာ ကျွန်တော်နဲ့စကားခဏပြောနိုင်မလား”
“ရပါတယ်အန်ကယ်လ် ကျွန်တော်ဝရံတာဘက်ထွက်ခဲ့ပါ့မယ်”
တုတ်ကောက်တဒေါက်ဒေါက်နဲ့ ထွက်သွားသည့် ဦးဘခက်နောက်ကျောကိုလှမ်းကြည့်ရင်းဒေါက်တာသန်းနိုင်တစ်ယောက် သက်ပြင်းရှိုက်လိုက်မိသည်။
“ နွယ်နွယ် ဂျူတီချိန်းပြီးရင်ပြန်လို့ရပြီနော်”
“ဆရာကရော နွယ်တို့နဲ့တစ်ခါတည်းပြန်မလိုက်ဘူးလားဆရာ”
“ဆရာကိစ္စလေးရှိသေးလို့”
“ဟုတ်ကဲ့ဆရာ”
နွယ်နွယ်တို့ထွက်သွားခါမှ ဦးဘခက်စောင့်နေမည့် ဝရံတာဘက်ထွက်လာခဲ့သည်။
“အန်ကယ်လ်”
“အော် ဒေါက်တာ...ကျွန်တော်ဒေါက်တာ့ကိုတကယ်ကျေးဇူးတင်ပါတယ်ခုလိုကူညီပေးလို့”
“သက်သက်ကြီးကူညီတာမှမဟုတ်တာပဲ ဒီနေရာမှာတခြားလူဆိုရင်လည်း ကူညီမှာပါပဲ”
“တမျိုးမထင်ပါနဲ့ဒေါက်တာ ကျွန်တော်တစ်ခုမေးပါရစေ အလှူရှင်ကောင်လေးမိသားစုရောက်လာပြီလားမသိဘူး”
“ခုထိတော့ဆက်သွယ်လို့မရသေးဘူးအန်ကယ်လ် အက်ဆီးဒင့်ဖြစ်တဲ့နေရာမှာတင် အသက်ဆုံးရှုံးခဲ့ပုံပေါ်တယ်။ အသက်ငယ်ငယ်လေးနဲ့သနားပါတယ်ဗျာ”
“ဒါပေမယ့် သူ့ကြောင့် ကျွန်တော့်မြေးလေးအသက်ရှင်ခွင့်ရခဲ့ပါတယ်ဒေါက်တာ ကျွန်တော်သူ့မိသားစုကို ရအောင်ဆက်သွယ်ပေးပါ့မယ်”
“ဒီလိုဆိုကောင်းတာပေါ့အန်ကယ်လ် ကျွန်တော်ဂျူတီချိန်ပြန်ဝင်ရမှာမို့ ခွင့်ပြုပါဦး”
“ကောင်းပါပြီဒေါက်တာ”
ဒေါက်တာသန်းနိုင် ထွက်သွားခါမှ ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
“အေး မင်းငါ့ကိုတစ်ခုလုပ်ပေး”
“.....”
“အခု”
ငါ့မြေးလေးကိုရှင်သန်စေလို့ မင်းကိုလည်းရသင့်ရထိုက်တာတွေပေးရမှာပေါ့။ ကျေးဇူးပါကောင်လေးရာ။
“ခွပ်!”
“အား ဒီလက်ကလည်း ကုန်ပါပြီငါ့ပန်းအိုး‌လေး”
ကိုခန့်အတွက်ရည်ရွယ်ပြီးထိုးဖို့ပြင်ဆင်ထားတဲ့ ပန်းအိုးလေးမို့ တစ်စစီဖြစ်သွားတာကိုကြည့်ရင်းစိတ်ထဲလေးသွားသည်။ ဒီကြားထဲအမြန်ထိန်းလိုက်ပေမယ့်မမှီတဲ့အပြင် ဖန်ကွဲစကလာစင်၍လက်မှာလဲသွေးကထွက်သွားသည်။ နိမိတ်အကြောင်းပြောရရင်..ဟင့်အင်း ကိုခန့်ဘာမှမဖြစ်ပါစေနဲ့။
“ Whereever you go whatever you do I will be right here waiting for you  !!”
ရုတ်တရက်ကြီးထမြည်လာတဲ့ ဖုန်းသံကြောင့် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူ့နှလုံးခုန်သံတွေကဝုန်းဒိုင်းကြဲပြီး ဘာအသံမှမကြားရတော့လောက်အောင်ဆူညံလျက်ရှိသည်။ ဒီဖုန်းကိုသူကိုင်ရဖို့ကြောက်နေခဲ့တာတော့အမှန်ပင်။ ဒါပေမယ့် ကိုယ့်အတွေးကိုယ်ဖြတ်ရင်း ဖုန်းကိုင်ဖို့ကြည့်လိုက်တော့ ကိုခန့်ဖြစ်နေသည်။ ထိုအခါမှသက်ပြင်းချလိုက်မိသယောင်။
“အင်းကိုခန့် ရောက်ပြီလား နောက်ကျလိုက်တာဟာ ငါ့မှာစိတ်တွေပူနေတာ”
“ဟယ်လို ဒီဖုန်းပိုင်ရှင်ရဲ့ နောက်ဆုံးဆက်သွယ်ထားမှုတွေ့ရှိလို့ဖုန်းဆက်လိုက်တာပါ။ ဒီဖုန်းပိုင်ရှင်ကားအက်ဆီးဒင့်ဖြစ်ပြီး ***ဆေးရုံးမှာဆုံးပါးသွားပါပြီ။ အမြန်ဆုံးလိုက်ခဲ့ပေးဖို့လှမ်းဆက်ပေးတာပါ။ ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူး”
နားထဲကိုဗုံးတစ်လုံးခွဲခံလိုက်ရသလို အသံကျယ်ကြီးမြည်ဟီးသွားပြီး ဘာကိုမှမသိတော့။ ကိုခန့်ဆုံးပြီတဲ့။ ကိုခန့်ဆုံးသွားပြီတဲ့။ ကားအက်ဆီးဒင့်ဖြစ်တာတဲ့။ ဟင့်အင်းမဟုတ်နိုင်ပါဘူး။ ဘာလို့ဖြစ်ရမှာလဲ။ မယုံဘူး။ အမှန်တွေမဟုတ်ဘူး။ ဒီအခိုက်အတန့်မှာအရာအားလုံးရပ်တန့်သွားသလိုပဲ။လက်ထဲကဖုန်းလေးဟာလည်းကြမ်းပြင်ပေါ်မှာ။ ဖုန်းသရဲတွေကနောက်တာလည်းဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ကိုခန့်ဖုန်းအခိုးခံရတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့်ဆေးရုံနာမည်ပြောသွားတယ်လေ။ တစ်ယောက်တည်းအတွေးတွေများနေမယ့်အစားလိုက်သွားတာကပိုသေချာမှာပဲ။ ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ထိုင်နေရာကနေ မျက်ရည်တွေကိုသုတ်လိုက်ကာ မတ်တပ်ရပ်ဖို့တော်တော်ကြိုးစားလိုက်ရသည်။ အန်တီမေ။ အန်တီမေ့ကိုပြောရမှာပေါ့။ အပေါ်ထပ်ကနေပြေးဆင်းလာရင်း ဧည့်ခန်းထဲက ဖေဖေ့ကိုလည်းမမြင်နိုင်တော့။
“သမီးငယ် ဘာဖြစ်တာလဲ ညမိုးချုပ်နေပြီ ဒါကဘယ်လဲ”
“အန်တီမေ အန်တီမေ့ဆီသွားရမယ် ဖေဖေ~~ဖေဖေ~~ကိုခန့်ဆုံးပြီတဲ့ မဟုတ်ပါဘူးနော် မဟုတ်လောက်ပါဘူးနော်~~”
ထိန်းထားသမျှစိတ်ခွန်အားတွေဟာ ပြိုကျသွားပြီ။ အရာရာမင်းစိတ်နဲ့ရှင်သန်ရတယ်ဆိုတဲ့စကားကိုသူသဘောပေါက်ပြီ။
ဖိနပ်တောင်စီးဖို့သတိမရပဲ ထိုဆေးရုံသို့ရောက်ခဲ့သည်။ အန်တီမေဆို လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ရှာ။ သူကိုယ်တိုင်ကတော့ ဖိနပ်ပင်မပါခဲ့ပါ။ ခြေဗလာနဲ့ ပြေးလွှားရင်း စိတ်တွေကဆုတစ်ခုတည်းကိုသာအထပ်ထပ်အခါခါတောင်းနေမိသည်။ မဖြစ်ပါစေနဲ့။ သို့သော် ဆုတောင်းတွေဟာအစိတ်စိတ်အမြွာမြွာပြိုကွဲသွားချေသည်။ ဒီပိတ်ဖြူလွှားခံထားရတဲ့လူက ကိုခန့်လို့အတိအကျကြီးပြောနေသံတွေအပြင် ယူကျိုးမရ‌ငိုနေတဲ့အန်တီမေ။ ဟင့်အင်း မဟုတ်နိုင်ပါဘူး။ ကိုခန့်ကသူ့ကိုထားခဲ့နိုင်တဲ့လူမျိုးမှမဟုတ်တာ။
“သမီး သတိထားလေ သမီးငယ် စိတ်တင်းမထားနဲ့ ငိုလိုက်ပါသမီးရယ်”
“မဟုတ်ဘူး~~ဒါကိုခန့်မဟုတ်ဘူး ကိုခန့်ကပြောတယ် သမီးကိုမထားခဲ့ဘူးတဲ့~~ဒါကိုခန့်မဟုတ်ဘူး~~”
“သမီးငယ် အဲ့ဒါကိုခန့်ပါ လက်ခံလိုက်ပါတော့~~”
“ကိုခန့်လွန်းသော်က သေသွားတာတောင်ကောင်းမှုတစ်ခုကိုအမိအရလုပ်နိုင်တဲ့လူပါ သူ့နှလုံးသားရှင်သန်ခွင့်ရခဲ့ပါတယ်”
အနောက်ဘက်ဆီမှ ကြားရတဲ့စကားသံကြောင့် နွေးမျက်ရည်ကျဖို့ကိုပင် မစွမ်းနိုင်တော့။
“ဘာ..ဘာပြောတယ် ဘာကိုဆိုလိုတာလဲ”
“ကိုခန့်လွန်းသော်က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလှူဒါန်းထားတဲ့အလှူရှင်ပါ။ ဒီအတွက်လိုအပ်တဲ့လူတွေဆီကိုလှူဒါန်းခဲ့နိုင်ပါတယ်။နှလုံးရော၊ မျက်ကြည်လွှာရော”
“ဘယ်မှာလဲ ဘယ်သူ့ဆီလှူခဲ့တာလဲ!”
“ကျွန်တော်တို့မမလေးဆီကိုပါ”
နွေးတစ်ယောက်ထပ်ဆင့်ပြောင်းလဲမှုအတွက်ထပ်မံရိုက်ချခံရပြန်သည်။
“ဘယ်သူ့ခွင့်ပြုချက်နဲ့ နင်တို့ကယူတာလဲ! ဟင်! ပြောစမ်း! ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ! နင်တို့မမလေးဘယ်မလဲ ကိုခန့်နှလုံးသားကို ဘာကိစ္စနဲ့ငါကပေးရမှာလဲ! ဘယ်မှာလဲသူ!”
မတ်တပ်ရပ်နေတဲ့ လူကို ဆွဲဆောင့်မေးရင်း ဒေါသတွေနဲ့မျက်ရည်တွေဟာ အတားအဆီးမဲ့လှစွာ။ သူဒီလိုလုပ်နေတာဟာမဖြစ်သင့်ပေမယ့် တကယ်ကြုံလာတဲ့အချိန်မှာတော့သည်းခံနိုင်ဖို့၊လက်ခံနိုင်ဖို့အတော်ပင်ခက်ခဲလေသည်။
“သမီး..သမီးငယ် မေမေ့ကိုကြည့်စမ်း! ဒါကိုခန့်ရဲ့ နောက်ဆုံးကုသိုလ်လေ သမီးငယ် အဲ့လိုမလုပ်ရဘူးလေ သံစဉ်နွေး! စိတ်ထိန်းလို့မေမေပြောနေတယ်လေ!”
ထိုရှေ့မှလူအား ဒေါသအလျောက်ပြုမူမိနေတဲ့ သူ့ကိုမေမေဟာအသံမာမာနဲ့ထိန်းပေးရင်း ငိုကြွေးစေသည်။
“မေမေ~~သမီးလက်မခံနိုင်ဘူး~~”
မေမေ့ပုခုံးပေါ် မှီရင်း ကိုခန့်ရှိရာဘက်ဆီငေးကာ ငိုကြွေးနေမိသည်။ ငါဘယ်လိုနေခဲ့ရမလဲကိုခန့်ရယ်။ အန်တီမေရောဘယ်လိုနေရတော့မလဲ။
“ဘယ်မှာလဲ ငါ့သားလေးလှူပေးခဲ့တဲ့ကလေးမ တွေ့ခင်မရရင်တောင် ခဏလောက်တော့ ကြည့်ခွင့်ရချင်တယ်ဒါတော့ မင်းကူညီပေးပါ”
အန်တီမေရဲ့အသံကြားတော့ နွေးစိတ်ထဲအင်အားတစ်ခုရလာသလို နောက်ဆုံးအတွက်ဆိုတဲ့အသိနဲ့တင်ခြေထောက်တွေပါ ယိုင်ချင်လာသည်။
“မမလေးကိုလိုက်ကြည့်လို့ရပါတယ်။ မမလေးက ခုထိတော့သတိမရသေးပါဘူး။ဒီအကြောင်းတွေမမလေးမသိတာကသူ့အတွက်အကောင်းဆုံးဖြစ်မှာပါ။ ဒီအချက်ကိုသဘောတူရင် ကျွန်တော်စီစဉ်ပေးနိုင်ပါတယ်”
“ငါ့သားလေးရဲ့နှလုံးသားတစ်ယောက်ယောက်ဆီမှာရှိပြီးရှင်သန်နေတာငါတွေ့ချင်ရုံပဲ မင်းပြောတဲ့ကိစ္စအတွက်တော့မပူပါနဲ့”
“ဟုတ်ကဲ့အန်တီ ကျွန်တော့်နောက်ကလိုက်ခဲ့ပေးပါ”
ပိတ်ဖြူအောက်က ကိုခန့်ရဲ့မျက်နှာလေးကို ‌အန်တီမေခပ်ဖွဖွကုန်းနမ်းလိုက်သည်။
“အမေ့သားလေးကကွယ် နောက်ဆုံးအကြိမ်မှာတောင်ရှင်သန်နေခဲ့တာပဲ အမေ့သားလေးရဲ့နှလုံးသားလေးကောင်းကောင်းရှင်သန်နေလားဆိုတာ အမေသွားကြည့်ဦးမယ်”
ပိုက်ဆံရှိအသိုင်းအဝိုင်းမှန်းသိသာစေတဲ့ ပုံစံတွေနဲ့ လူနာအခန်း။ အဝင်ဝမှန်အကြည်လေးကိုဖြတ်ပြီးမြင်နေရတဲ့ကုတင်ထက်ဖြူဖြူဖျော့ဖျော့ကောင်မလေးတစ်ယောက်လဲလျောင်းနေသည်။ ဘေးနားမှာ ဆေးဘက်ဆိုင်ရာစက်တွေအစီအရီ။ အောက်ဆီဂျင်ပိုက်တန်းလန်းအပြင် ‌လက်တွေမှာလည်းဆေးပိုက်တွေများစွာ။
“ငါ့သားလေးနှလုံးကမင်းဆီမှာကို”
သက်ပြင်းချကာ ‌မျက်နှာတောင်သေချာမမြင်ရတဲ့ ထိုကောင်မလေးအခန်းရှေ့မှလှည့်ထွက်လာခဲ့သည်။ တစ်ဦးတည်းသောသားနဲ့တစ်ဦးတည်းသောအမေအဖြစ်ရပ်တည်နေခဲ့တဲ့ ထောက်တိုင်လိုဘဝတွေ။ ခုတော့ ဒီအမေရဲ့လက်တွေက သားဆိုတဲ့ကလေးကို လူ့လောကထဲကထွက်သွားဖို့ခွင့်ပေးရတော့မယ်။ ဒီလောကကြီးထဲသားစစရောက်လာချင်းတုန်းက ကမ္ဘာပေါ်မှာအပျော်ဆုံးနဲ့အချမ်းမြေ့ရဆုံးက သားအဖေနဲ့ ဟောဒီအမေပါသားရေ။ အရင်ဆုံးသားအဖေလောကကြီးကိုကျောခိုင်းတုန်းက ငါ့သားတစ်ယောက်လုံးရှိသေးတယ်ဆိုတဲ့စိတ်နဲ့ အားအင်တွေတသီကြီးစိုက်ထုတ်ရင်းရှင်သန်ခဲ့တယ်။ ခုအမေဘာလုပ်ရမလဲ။ အမေရဲ့ထောက်တိုင်လေးက အမေ့ကိုထားခဲ့တယ်။ လောကကြီးထဲကအရင်ထွက်သွားရတဲ့သားအဖေကကံကောင်းလိုက်တာ။ ခု‌လို ပူလောင်ခြင်းကိုသူမခံစားရဘူး။ လောကကြီးထဲဆွဲခေါ်ခဲ့တဲ့ဒီအမေ ခုတော့ငါ့သားကိုထွက်သွားခွင့်ပေးရတော့မယ်။ သွားပေဦးတော့သားရေ။ ငါ့သားလူတော်လေးကြောင့် အမေ့တစ်ဘဝလုံးချမ်းမြေ့ခဲ့ပါပြီသားရေ။ နောက်ဘဝမှာလဲ အမေ့သားလေးအဖြစ်ပဲပြန်ဆုံချင်ပါတယ်ကွယ်။
၁ပတ်ခန့်ကြာသော်...
“ငါကမင်းမို့လို့ သေချာဂရုစိုက်ပေးပါ အကောင်းဆုံးရှင်သန်ပါ ငါသွားပြီ”
ထိုနောက်ကျောပြင်။ထိုစကားသံ။ဒါကိုပဲထပ်မြင်ရတဲ့အချိန်။ ထိုသူ့အနောက်ပြေးလိုက်ရင်း မမှီနိုင်တဲ့ခြေလှမ်းတွေ။
“နေ...နေဦးး~~”
အသံခပ်ယဲ့ယဲ့လေးကြားလိုက်တာကြောင့် ဒေါ်ခက်ခက်မိုးတစ်ယောက် ထိုင်နေရာမှအသဲအသန်ကုတင်ဆီပြေးသွားသည်။
“ရှိုင်း ရှိုင်းလေး သတိရလာပြီ..”
“~~~”
အသက်ရှူသံပုံမှန်မဟုတ်နေတဲ့ရှိုင်းကြောင့် တစ်ကိုယ်လုံးပူထူသွားမိသည်။
“ရှိုင်း ရှိုင်း! သတိထားလေသမီး ဒေါက်တာ ဒေါက်တာ! ”
အရေးပေါ်ခလုတ်ကိုလှမ်းနှိပ်လိုက်တော့မှ ဒေါက်တာတွေရောက်လာကြသည်။ နှလုံးနဲ့ခန္ဓာကိုယ်ဟာအသားကျဖို့ အချိန်လိုတာရော လေ့ကျင့်ပေးဖို့လိုတာရောကြောင့်ဒီလိုအရေးပေါ်အခြေအနေတွေဟာဖြစ်တတ်ကြောင်းရှင်းပြသည်။
“သတိပြန်ရလာပြီဆိုတော့ စိုးရိမ်ရတဲ့အခြေအနေကတော့လွတ်ပါပြီ ခန္ဓာကိုယ်နဲ့နှလုံးနဲ့အသားကျသွားဖို့ပဲကြိုးစားရတော့မယ်။ တစ်နေ့နည်းနည်းချင်းလေ့ကျင့်ရမှာပေါ့။ ”
“ဒါနဲ့ရှိုင်းကဘယ်သူလဲ”
ရှိုင်းဆီကထူးထူးဆန်းဆန်းအမေးစကားကြောင့် ဒေါ်ခက်ခက်မိုးရောဒေါက်တာတွေပါ ထူးဆန်းကုန်ကြသည်။
“ဘာ..ဘာတွေပြောနေတာလဲ ရှိုင်းရဲ့ ရှိုင်းကရှိုင်းလေ မာမီ့ကိုကြည့်စမ်း မာမီလေ မာမီ့ကိုမှတ်မိလား”
ခေါင်းရမ်းပြလိုက်တဲ့ဒီခဏက ‌သူ့အတွက်ဒီလောက်ပင်ပန်းစေလိမ့်မယ်ဆိုတာ သူမသိခဲ့ပါ။ မာမီ့ကိုနာကြည်းလွန်းလို့မေ့သွားတာတော့မဟုတ်ဘူးမလား။
“လူနာကဦးခေါင်းဒဏ်ရာပါရခဲ့တာဆိုတော့ ယာယီအတိတ်မေ့တာတို့ဖြစ်တတ်ပါတယ်။ ဒါကလည်းခဏတာပါ။ ကြာရင်လည်းကြာသွားနိုင်တာပေါ့လေ။ ဓာတ်မှန်ရိုက်ကြည့်လိုက်ရက်တော့အဖြေထွက်လာမှာပါ။ အရမ်းကြီးမစိုးရိမ်ပါနဲ့။ အသက်အန္တရာယ်တော့ကင်းပါတယ်”
ဒေါက်တာ့စကားဟာ အစိုးရိမ်လျော့စေကောင်းလျော့စေပေမယ့် သူ့အတွက်တော့စိုးရိမ်နေရမြဲ။ ဘာကြောင့် သူဘာလို့ တစ်ခုမှမမှတ်မိရတော့တာလဲ။ သူကဘယ်သူလဲ။ ရှိုင်းတဲ့။ နာမည်ကတစ်လုံးထဲလား။ မာမီဆိုတော့ အဲ့အဒေါ်ကြီးကသူ့အမေပေါ့။ ဖြေးဖြေးချင်းလှည့်ကြည့်လိုက်တော့မျက်ရည်တွေခိုးသုတ်တာတွေ့ရသည်။
“ဘာလိုချင်လို့လဲသမီး ရေ ရေသောက်ချင်လို့လား ခဏလေးနော် မာမီတိုက်မယ်”
ခေါင်းညိတ်ပြရင်း မျက်နှာကျက်ဖွေးဖွေးကိုသာ သူစိုက်ငေးနေဖြစ်ခဲ့သည်။ တကယ်ပဲ သူကဘယ်သူပါလိမ့်။သူဘာတွေဖြစ်ခဲ့တာပါလိမ့်။ အဖြေဟာတစ်နေရာ‌ရာမှာတော့ရှိလောက်မှာပါ။ မာမီ့ကိုမေးကြည့်ရမလား။သို့သော်ညှိုးခွေနေတဲ့မာမီ့သဏ္ဍာန်ကြောင့်မမေးရက်တော့ပေ။
*****
ဘာဆက်ဖြစ်‌မလဲ???
Zawgyi
လူနာရှင်တွေ ..
သမီးမဒီ..
တီဆွေ~~
မမလေး..မမလေး..
ဟုတ်ကဲ့ အစ်မ