အပိုင်း(၂၄)

458 39 2
                                    

Unicode

နွေးတစ်ယောက် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်း၊အနွေးထည်ထပ်ဝတ်ပြီးတော့ အပြင်သွားဖို့ပြင်ဆင်နေမိသည်။တစ်ခါတစ်လေ သူ့ကိုယ်သူဘာလုပ်နေမှန်းမသိအောင်ထိ စိတ်တွေလွတ်နေတတ်သည်။ အကြီးမားဆုံးဆုံးရှုံးမှုကိုခံစားရပြီးတဲ့လူတစ်ယောက်ဆိုရင်သူ့လိုခံစားရမှာပါပဲ။ အိမ်အောက်ကိုဆင်းလာတော့ ရှင်းလင်းနေတဲ့အိမ်အောက်ထပ်ကြောင့် သူပျော်သွားမိသည်။ မဟုတ်ရင်နွေးကိုစိတ်မချတာနဲ့ မေမေကလိုက်ဖို့ပြောဦးမှာ။ အိမ်ကတစ်စီးတည်းသောကားကို သူမောင်းထွက်လာခဲ့သည်။ ကားစက်သံကြားမှ မေမေထွက်လာရင်လည်း သူ့ကိုတားလို့မမှီနိုင်တော့ပေ။ ‌ဘေးထိုင်ခုံပေါ်တင်ထားတဲ့ဖုန်းကထမြည်လာတော့ မေမေဖုန်းဆက်ပြီဆိုတာကိုသူသိလိုက်ပါပြီ။ ခဏပါပဲမေမေ။ ခဏပါပဲ။ ဒါတွေပြီးရင် အရင်နွေးအဖြစ်ပြန်လာခဲ့ပါ့မယ်။ မေမေ့ဖုန်းချသွားကာမှ လမ်းဘေးထိုးရပ်ကာ တစ်ယောက်ယောက်ဆီဖုန်းခေါ်လိုက်ရသည်။

“မမပိုး နွေးအကူအညီလိုနေလို့ မနေ့ညကပြောထားတာလေး”

“နွေး သေချာနားထောင်နော် နွေးပြောတာကမမတို့ဆရာဝန်တွေရဲ့စည်းမျဉ်းနဲ့ဆန့်ကျင်နေတာ မမ‌အဖေသိရင်လည်းမလွယ်ဘူး”

“မမ နွေးဘာမှမလုပ်ဘူး ဒီအတိုင်းတွေ့ချင်တယ်။စကားခဏပြောကြည့်ချင်တယ်။ ဒါပါပဲ အဲ့ဒါလေးပဲ။ ဒါပေမယ့်အဲ့ဒါလေးလုပ်ဖို့ကိုတောင်အခု နွေးလမ်းပျောက်နေရတယ်။ သူကဘယ်လိုလူမျိုးမို့လို့လဲ”

“နွေးကလည်းကွယ် သူဘယ်လိုလူမျိုးဖြစ်လို့ဆိုပြီးမပြောပြတာမဟုတ်ဘူးလေ။ ဒါကမမတို့ပြောခွင့်မရှိတာ။ ပြီးတော့ အဲ့‌caseမှာ မမမပါရဘူး။”

မမပိုးရဲ့စကားတွေကိုဆင်ခြေပေးနေတယ်ပဲထင်နေတဲ့သူ့အတွက် ဆက်နားမထောင်ချင်တော့။ ကိုကို့ဆီအကူအညီတောင်းရအောင်ကလည်း နိုင်ငံခြားကလူကိုသပ်သပ်သွားရှုပ်သလိုဖြစ်ဦးမယ်။ ကိုယ့်ကိစ္စမို့ကိုယ့်ဘာသာပဲဖြေရှင်းချင်တာလည်းပါသည်။

“ရတယ်လေ မမမကူညီရင် နွေးအခု ဦးလေးဆီသွားမယ်။ ဦးလေးမပြောပြောအောင်နွေးလုပ်နိုင်ပါတယ်။”

မဆုံသောမျဉ်းပြိုင်Where stories live. Discover now