အပိုင်း(၃၄)ဇာတ်သိမ်းပိုင်း

1.2K 62 10
                                    

Unicode

မောင့်ရဲ့ကား‌ လေးခြံထဲကထွက်သွားတာ‌ သေချာတာနဲ့အိမ်ပေါ်ပြန်တက်လာခဲ့သည်။ ဒီအိမ်ကြီးထဲကို မောင့်ရဲ့အလုပ်သမားအဖြစ် စတင်ရောက်ရှိခဲ့သည်။ ပြီးတော့ မောင့်ရဲ့အတွင်းရေးမှူးအဖြစ်။ ထို့နောက်မှာတော့ မောင့်ရဲ့သက်ဆိုင်သူအဖြစ်။ ခုတော့သားရဲ့အမေအဖြစ်။ ဒီနှစ်တွေမှာ မောင့်ဘေးနားကျင်လည်ခဲ့သည်။ မောင့်ကိုပဲ ယုံချင်ပြီး ငသူ့မျက်လုံးတွေကိုမယုံချင်တော့တဲ့ သူ့ရဲ့စိတ်ကိုတော့ ဒီတစ်ခါအပြစ်တင်ချင်သည်။ တခြားမိန်းမတစ်ယောက်အတွက်နဲ့ မဒီတို့ဝေးရမှာတန်ရဲ့လားမောင်ရယ်။ ထိုနေ့ကအကြောင်း မေမေကြီးကိုပြောပြခဲ့ပါသေးသည်။ ထိုနေ့က-

“မေမေကြီး မဒီစကားခဏပြောလို့ရမလားဟင်”

ရတနာပစ္စည်းတွေနဲ့အမြဲရှုပ်နေတတ်သည့်မေမေကြီးဟာ ခေါင်းညိတ်ရုံသာညိတ်ပြသည်။

“ရှိုင်းအကြောင်းပါ”

“ပြောစရာရှိတာပြောပါဟယ် တကယ်ပဲအလုပ်ရှုပ်နေပါတယ်ဆိုမှ”

မေမေကြီးရဲ့တုံ့ပြန်မှုကြောင့် အံ့ဩခဲ့ရသည်။

“ဟုတ်~~ ရှိုင်းမနေ့က~~နွေး..နွေးနဲ့ နမ်းနေတာတွေ့ခဲ့တယ်~~”

မရှက်မကြောက်အားကိုးရမလားစိတ်ကလေးနဲ့မျက်နှာလက်နဲ့အုပ်ကာငိုကြွေးမိသည်။ သို့သော်ငြား ပြန်ကြားရတဲ့စကားကြောင့် လက်မှိုင်ချသွားရသည်။

“ညည်းအမြင်မှားတာလည်းဖြစ်မှာပေါ့ တကယ်လို့ရှိုင်းအဲ့လိုလုပ်နေရင်တောင် ဖြစ်သင့်တာပဲလေ ညည်းကအဲ့သွေး‌မတော်သားမစပ်ကလေးအနားပဲကပ်နေတာကိုဖြစ်ပြီပေါ့”

“မေမေကြီး!”

“ဘာလဲ အဲ့လေသံနဲ့လာမပြောနဲ့နော် အဲ့ဒါမို့ပြောတာ ဗီဇကပြင်မရဘူးဆိုတာလေ ရှိုင်းလေးကလည်းလေ ဘယ်လိုဟာကိုအိမ်ပေါ်ခေါ်တင်လာလဲမသိဘူး”

“မဒီ့ကိုကြိုက်တာပြော ဒါ..ဒါပေမယ့် သားကိုထိဖို့မလိုဘူး သားကိုအဲ့လိုချိုးနှိမ်ဖို့မလိုဘူး ဒါသတိပေးတာ”

ပြောပြီးလှည့်ထွက်လာခဲ့သည်။ မေမေကြီးဟာ မောင့်အရှေ့မှာပဲ သားအပေါ်ရော သူ့အပေါ်ပါသိပ်ကောင်းပြပါလားဆိုတာသဘောပေါက်ခဲ့ရပြန်သည်။ အခန်းထဲရောက်တော့ အပြစ်ကင်းတဲ့သားမျက်နှာကြောင့် ပိုအားနာမိသည်။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now