အပိုင်း(၂၁)

472 33 2
                                    

Unicode

Lamborghini Aventador ကားဖြူလေးဟာ ဇွန်လရဲ့ ခပ်ဖွဲဖွဲကျနေသော မိုးစက်များကို အံတုလျက် ရန်ကုန်မြို့လမ်းမများအထက် ဖြတ်သန်းလာခဲ့သည်။ မိုးစက်တွေကိုငေးရတာလည်းခပ်ဆွေးဆွေး ခံစားချက်ကြီးနဲ့ပင်။ မဒီကားပြတင်းအပြင်ကမြင်ကွင်း‌ တွေကိုငေးရင်းပါလာခဲ့သည်။ ရှိုင်းကလည်းတိတ်ဆိတ်နေသလို သူကိုယ်တိုင်ကလည်း ပြောစရာတွေပျောက်ရှနေသည်။ အတွေးတွေကလည်းကယောက်ကယက်ပါပဲ။ အပြင်ဘက်ငေးနေရာကနေအကြည့်ခွာလိုက်ရင်း ကားစီရီယာတိုင်ပေါ်က လက်ချောင်းတွေဆီအကြည့်ရောက်သွားသည်။ လက်ပန်းကုံးတွေ ပိုညိုနေသလိုပဲ။ အခုရက်ပိုင်းတွေမှာ ဟိုအရင်ကထက်နည်းနည်းထူထူထောင်ထောင်ရှိလာပေမယ့် အရမ်းကြီးကောင်းနေတာမျိုးတော့မဟုတ်။ ရှိုင်းကလူ့ဂွစာ။ ခေါင်းမာသည်။ သူလုပ်ချင်တာလုပ်ရမှကြိုက်သည်။ ခုလည်း ဘယ်သူမှတားမရတဲ့အခါ ခွင့်ပြုပေးရပြီး မဒီကိုယ်တိုင်လည်း လိုက်ပါလာရသည်။ မဒီ့ပိုက်ဆံအိတ်ထဲတွင်တော့ ဆေးဘူးတွေက ရှိုင်းအတွက်အသင့်အနေအထားအဖြစ်ရှိနေရသည်။

“မဒီ”

“ဟင် ”

တိတ်ဆိတ်လွန်းနေတဲ့အခြေအနေကို ရှိုင်းဘက်ကစတင်ဖြိုခွဲလိုက်တော့ ယောင်နနအနေအထားနဲ့ပြန်ထူးလိုက်ရသည်။

“ ကိုယ့်ကိုစိတ်ဆိုးနေတာလား”

မေးနေတဲ့လေသံက ရှိုင်းမပီသစွာခပ်ဖျော့ဖျော့။ မဒီလည်း စချင်လာတာနဲ့ ရုပ်တည်ဖြင့်ပြန်မေးလိုက်မိသည်။

“ရလို့လား”

“ဘာကြီး”

“မဒီကစိတ်ဆိုးလို့ရလို့လား”

“ရတာပေါ့ မဒီစိတ်ဆိုးရင်ကိုယ်ချော့မှာပေါ့။ စိတ်တိုအောင်လုပ်မိရင်လည်း ကိုယ်အဆူခံပါ့မယ်။ ကိုယ်ကအငယ်ပဲလေ လူကြီးကိုစိတ်ချမ်းသာအောင်ထားရမှာပေါ့။ အပျိုကြီးတွေပစိပစပ်များတာ တကယ်ဖြစ်နေတာကိုးးး”

“ဘာ...ဘာပြောတယ်!”

“ဟားဟားဟား အပျိုကြီးကလည်း စိတ်ကလည်းကြီးလိုက်တာ”

“ရှိုင်းခက်သွယ်!”

“ဗျာ...”

မဒီ့ကိုစနောက်ရင်းသွားတက်လေးပေါ်တဲ့အထိ တဟားဟားအော်ရယ်‌‌နေသည်။ ပြီးတော့ မဒီ့ကိုတစ်ချက်စောင်းကြည့်ကာ ခပ်အေးအေးပြောသည်။

မဆုံသောမျဉ်းပြိုင်Onde histórias criam vida. Descubra agora