Impersonator Lover (complete)

Por BlackRoseTK93

93.5K 8.3K 823

Jeon Jungkook Kim Taehyung Mais

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
38
Final

37

2.2K 190 22
Por BlackRoseTK93

ဒုတိယအကြိမ် လူသိရှင်ကြားမဂ်လာဆောင်ခြင်းပထမတခါလိုပဲ Jungkook ကတော့ပျော်လို့ ဒီတခါကတော့ Taehgung ပါ ပါဝင်အားဖြည့်လာသည်..

စောင့်ဆိုင်းခန်းထဲ သူငယ်ချင်း Jimin နဲ့ အပီအပြင် ဓာတ်ပုံရိုက်နေကြသည်..model တွေတောင်အရှုံးပေးရလောက်အောင် ပို့စ်ပေါင်းသောင်းခြောက် ထောင်နဲ့ပေါ့.

" Taehyung ဒီတခါတော့အတည်ဖြစ်ပြီနော် ငါပြောသားပဲ မင်း Jeon Jungkook ကိုချစ်သွားမှာပါလို့ .ဘာတဲ့ လေကြီးလေကျယ်ပြောသေးတာက ရှိသေး Jeon Jungkook က ငါ့ Type မဟုတ်ဘူးတဲ့ ငါ့မရယ်တော့ဘူး အရမ်းပျော်နေလို့ "

" အစကတော့ ငါType မဟုတ်ဘူးကွ တဖြေးဖြေး ငါ Type ပြောင်းသွားတာတော့ ငါလည်းမသိလိုက်ဘူး "

" ဟားဟားဟား Jeon Jungkook ကြောင့် မင်း Type ပြောင်းသွားရတော့ပေါ့ "

" အေးပေါ့ "

" ဟားဟားဟား Kim Taehyung Kim Taehyung "

" ဘာ​တွေရယ်နေကြတာလည်း "

" မင်းကြောင့် "

နှစ်ယောက်ထဲရှိတဲ့ အခန်းထဲဝင်လို့လာတဲ့ Jungkook.. သူတိူ့နှစ်ယောက်ရယ်မောနေကြတော့သိချင်လို့မေးလိုက်တာကို နဂိုထဲက support man Jimin ပါးစပ်က လွှတ်ခနဲထွက်တော့မှာကို အချိန်မှီ ပါးစပ်ကိုလက်ဖြင့်အုပ်ကာပိတ်လိုက်တဲ့ Taehyung အပိတ်ခံထားရတာတောင် လက်အောက်ကနေ တဝူးဝူး တဝါးဝါးလုပ်နေသေးတာကြောင့် လက်မောင်းကနေဆွဲကာ အခန်းပြင်ကို တွန်းထုတ်လိုက်ပြီး တံခါးပိတ်လိုက်တာကြောင့်အပြင်ကနေ အော်သံကိုကြားလိုက်ရသည်.

" ရားး Kim Taehyung မင်းအကြောင်းကို မင်းဦးလေးရော မင်းယောက္ခမတွေရော မင်းအလုပ်ကလူတွေရော ငါ့ဘဲကြီးကိုရော လျှောက်ပြောပစ်မယ် ကြည့်နေ ဟွန့်"

" ကလေး ဘာဖြစ် "

" ကိုကို Taehyung ပေါ့ "

ဆိုတဲ့အစချီစကားနဲ့စလိုက်ကာ သူ့ရဲ့ လူကြီး Yoongi ကို Taehyung အကြောင်းစတင်ဖောက်သည်ချပါတော့သည်..သူပြောသမျှအားလုံးအမှန်ဆိုတဲ့ Yoongi ကတော့ ပြုံးပြုံးကြီးနဲ့နားထောင်လို့နေသည်..

Impersonator Lover

တဖတ်အခန်းထဲမှာလည်း Taehyung က Jungkook ပခုံးကို သိုင်းဖတ်ကာ Jungkook က Taehyung ရဲ့ခါးလေးနှစ်ဖတ်ကိုကိုင်လို့ထားသည်..

" သတိုးသားက ဘာလို့ဒီကိုလာတာလည်း "

" ကိုယ့်ရဲ့ သတိုးသားလေးကိုလာကြည့်တာပေါ့ "

ပိုကိုပိုတယ်လို့ပြောချင်တဲ့ပုံ မျက်စောင်းလေးထိုးလေး နှုတ်ခမ်းလေးမဲ့ပြလိုက်သည်..

" အဲ့နှုတ်ခမ်းလေးနမ်းချင်တယ် "

" ဟွန့် ဘာဖြစ်နေတာလည်း "

ကိုင်ထားတဲ့ ခါးလေးကို ဖတ်ကာပင့်မလိုက်တော့ မျက်နှာခြင်းနီးကပ်လို့သွားသည်..

" ရားး ဘာ အွန့် "

Jungkook ဘက်က အနမ်းပေးနေတာကို အတင်းတွန်းထုတ်နေတဲ့ Taehyung.. တဖက်ကလည်း ခါးလေးကိုတင်းကြပ်နေအောင်ဖတ်လို့ထားပြီး ပြုံးပြုံးကြီးနမ်းကာအလွတ်မပေး..

နောက်ဆုံးအားနဲ့ဆောင့်တွန်းလိုက်တော့ အနောက်ကိုအနည်းငယ်ယိုင်သွားတာတောင် ရှေ့ကိုပြန်တိုးလာကာ နမ်းခမ်းလေးကို အသံမြည်အောင်အနမ်းလေးပေးလိုက်သေးတဲ့ Jungkook..

" ချစ်တယ် အရမ်းချစ်တယ် "

" မချစ်ဘူးသွား "

လက်ကလေးပိုက်လို့ တဖက်လှည့်ကာစိတ်ကောက်တဲ့အမှုအယာလေးလုပ်လိုက်တော့ အနောက်ကနေ ခါးလေးကိုသိုင်းဖတ်လို့ ပခုံးပေါ်မေးလေးတင်ကာ

" ချစ်ပါနော် Tae မှ မချစ်ရင် ကိုယ့်ဘဝကြီးက သဲကန္တာရထဲ ရေဆာလို့သေတော့မယ့်သူတယောက်လို Tae အချစ်တွေရမှ အသက်ရှင်နိုင်မှာပါကွာ "

တထောင်ဆစ်နဲ့ ဗိုက်ကိုထိုးလိုက်တဲ့ Taehyung.

" အာ့ "

" ဘာလည်းအရမ်းနာသွားလို့လား "

Taehyung ထိုးလိုက်တဲ့ ဗိုက်ကိုကိုင်ကာတကယ်နာသွားတဲ့ပုံကြောင့် Taehyung မှာအလန့်တကြားဗိုက်ကလေးကိုကိုင်ကာမေးလိုက်သည် ..အဲ့တော့လည်း သူကိုစိတ်ပူနေတဲ့ Taehyung ရဲ့ကိုယ်လုံးလေးရဲ့ သူရဲ့ရင်ခွင်ထဲ ဆွဲဖတ်ကာ..

" ကိုယ် တကိုယ်လုံးမှာ Tae ကိုချစ်တဲ့အချစ်တွေ
ပြည့်လျံနေလို့ ဘယ်နားထိထိနာတယ် ပြန်ချစ်ပေးမှအနာသက်သာမှာသိလား "

Taehyung မှာ ရင်ခွင်ထဲကနေခေါင်းလေးမော့ကာကြည့်လိုက်ပြီး မျက်မှောင်လေးကျုတ်ကာ

" ဘာလို့ဒီနေ့မှ အဲ့လောက်စကားတွေတက်နေတာလည်း "

" အရင်ထဲကတက်ပါတယ် ခုက တရားဝင်ဖြစ်သွားတော့ ပြောချင်ခဲ့တဲ့စကားတွေခုမှပြောရတော့တာ "

" ဘာ! ဒါဆို မင်းက အရင် 6 လက ငါချစ်တာကိုမယုံဘူးဆိုတဲ့သဘောပေါ့ ဟုတ်လား? "

" မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး "

" သွားလာမပြောနဲ့ မင်းငါ့ကိုမယုံခဲ့တာပဲ"

ဒီတခါတော့တကယ်စိတ်ကောက်သွားတဲ့ပုံ Taehyung ဟာ Jungkook ကိုတွန်းထုတ်ကာ လှည့်ထွက်သွားပြီး ထိုင်ခုံမှာထိုင်လိုက်သည်..

Jungkook ကTaehyung နားသွားကချော့မလို့ရှိသေး အခန်းတံခါးခေါက်က ဝင်လာတဲ့ ဦး​လေး Namjoon..

" Jungkook ရေ ပွဲစတော့မယ် သတိုးသားကိုခေါ်နေပြီ "

" ဟုတ် ဦးလေး "

" ဘာလက်ထပ်ပွဲမှ လုပ်စရာမလိုတော့ဘူး ပွဲဖျတ်လိုက်တော့ "

အပြင်ထွက်ခါနီး အနောက်က Taehyung ရဲ့စကားကြောင့် ဦးလေးဖြစ်သူပါကြောင်သွားသည်..

Jungkook လည်း ကမန်းကတန်း Taehyung ထိုင်နေတဲ့ နား ဆောင့်ကြောင့်လေးထိုင်လို့ Taehyung ရဲ့လက်ကလေးကို ဆုပ်ကိုင်လို့ တကယ်ကိုငိုတော့မယ့်မျက်နှာလေးနဲ့ မျက်ဝန်းအိမ်ထဲ မျက်ရည်စတို့ဝိုင်းလာသည်..

" Tae ကိုယ်စကားပြောတာမှားသွားတာပါကွာ ကိုယ် မင်းအချစ်ကို ဘာလို့မယုံရမှာလည်း ကိုယ်တို့တယောက်နဲ့တယောက်ဘယ်လောက်ချစ်ခဲ့ကြလည်း သိနေတာပဲကို "

" ဘာစကားမှမကြားချင်တော့ဘူး "

NJ " Kim Taehyung ဘာအရူးထပြန်ပြီလည်း အရူးထတိုင်းကောင်းတာ Jimin နဲ့ ပဲရှိတာနော် ..ခုကအရူးထရမယ့်ကိစ္စမဟုတ်ဘူး Jungkook သွားတော့ "

" ကျွန်တော်က ဘာအရူးထနေလို့လည်း တကယ်ပြောနေတာ ကျွန်တော် အချစ်ကိုမယုံကြည်ပဲနဲ့များ.ဘာလက်ထပ်ပွဲလည်း ဘာလက်ထပ်ပွဲမှ လုပ်စရာအကြောင်းမရှိဘူး!!!"

" Kim Taehyung!!! အဲ့တောထဲက မင်းဘာလို့ခုထိမထွက်နိုင်ရသေးတာလည်းဟမ် ကြာခဲ့ပြီလေအဲ့ကိစ္စကြီးက ကြာခဲ့ပြီ ဘာလို့လူတိုင်းကို "

" ဦးလေး!!! "

Impersonator Lover

လွန်ခဲ့တဲ့ 5 နှစ်လောက်ကပေါ့ Taehyung မှာ အရမ်းသဘောကျခဲ့ရတဲ့ အမျိုးသားတယောက်ရှိခဲ့ဘူးတယ်..ထိုလူကတော့ Taehyung ကိုသူ့ညီလေးတယောက်လိုသာသဘောထားခဲ့သည်..

တနေ့ Taehyung ဘက်က သဘောကျကြောင်းဖွင့်ပြောခဲ့တယ်..သူသဘောကြတာကို တဖက်ကလည်းလက်ခံပေးကာ အဲ့လိုနဲ့ ထိုလူနဲ့သူတွဲခဲ့ကြသည် အချိန်ကာလတခုမှာ ထိုလူက သူ့အပြင်အခြားမိန်းကလေးတယောက်နဲ့ပါတွဲနေတာကို သူသိခဲ့ရသည်..

" Hyung အဲ့တာက"

" Taehyung. Hyung တို့လမ်းခွဲရအောင် "

" ဘာလို့လည်း ဘယ်လိုအကြောင်းပြချက်နဲ့လည်း "

" Hyung ယောကျားချင်းအချစ်ဆိုတာကိုမယုံဘူး Taehyung "

" ကျွန်တော် အချစ်ကိုမယုံဘူးဆိုတဲ့သဘော
လား "

" အင်း "

" ဒါဆို ဘာလို့ကျွန်တော်ကို တွဲခဲ့တာလည်း. ကျွန်တော်အချစ်ကိုမယုံကြည်ပဲ ဘာလို့တွဲခဲ့တာလည်း "

" Hyung မင်းကိုသနားလို့ "

" ဘာ! ကျွန်တော်က အဲ့လောက်သနားစရာကောင်းနေလို့လား."

" Taehyung "

Impersonator Lover

ယခုလက်ရှိ စောင့်ဆိုင်းခန်းထဲ တူရီးနှစ်ယောက်ပြောနေတာတွေတခုမှနားမလည်တဲ့ Jungkook ကတော့ Taehyung ရဲ့ နား​မက်တပ်​ရပ်ကာ နားထောင်နေမိသည်..​

" ခု Jungkook မင်းကို ဘယ်လောက်ချစ်လည်း မင်းအသိဆုံးလေ ဘာလို့ မင်းအပေါ်မကောင်းတဲ့သူနဲ့ ယှဥ်နေရတာလည်း..မင်းချစ်တာကိုမယုံခဲ့လို့ မင်းစိတ်ဆိုးတယ်ဆို သူ့အချစ်ကိုမယုံလို့ မင်းကို Jungkook ဘက်ကလည်းစိတ်ဆိုးပိုင်ခွင့်ရှိတယ်ဆိုတာရောမင်းသိလား "

" ဆိုးလေ ဆိုးပေါ့ လက်ထပ်ပွဲဖျတ်လိုက်ရုံပဲ "

" Kim Taehyung!!! ဘာလို့အဲ့လောက်ခေါင်းကျောမာနေရတာလည်း တောက်!!!"

လက်ထပ်ပွဲဖျတ်မယ်ပြောလိုက်ပြန်တော့ Jungkook မှာ Taehyung ရဲ့နား ဒူးလေးထောက်ကာထိုင်လို့ လက်ကလေးကိုဆုပ်ကိုင်ကာ.

" Tae ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်တကယ်မှားသွားပါတယ် "

NJ "Jungkook မတောင်းပန်နဲ့ အဲ့ကောင်ကလုပ်လို့ရနေလို့ခေါင်းကျောမာနေတာ ပစ်ထားခဲ့လိုက် အဲ့တော့မှ မင်းတန်ဖိုးနားလည်မှာ "

"ကျွန်တော် ပစ်မထားနိုင်ဘူး ဦးလေးရဲ့ ..Tae ကိုယ်တောင်းပန်ပါတယ်ကွာ နော်လို့ ကိုယ်မင်းအချစ်ကိုလည်းယုံကြည်ပါတယ် မင်းကိုယ့်ကိုဘယ်လောက်ချစ်မှန်းလည်းသိပါတယ်ကွာ နော် ခွင့်လွှတ်ပါနော်"

တော်ရုံနဲ့ရောက်မလာကြတော့ Jimin ပါ အခန်းထဲသို့ပြန်ရောက်လာပြန်သည်..

Jimin "ရားးဘာလုပ်နေကြတာလည်း ပွဲချိန်ကျော်နေပြီ "

ဦးလေးဖြစ်သူပြောလိုက်တဲ့စကားကြောင့် Taehyung ကိုနိုင်တာ Jimin ပဲရှိတော့သည် .

Jimin " ဘာ အဲ့စောက်ရူးကောင်က ပါလာပြန်ပြီလား လာခဲ့ Kim Taehyung မင်း Jeon Jungkook ကို လက်မထပ်ရင် မင်းကိုငါ ကတုံးတုံးပြီး ဘုန်းကြီးပေးဝတ်တော့မယ် လာခဲ့!!! "

လက်ကနေဆောင့်ဆွဲကာ အခန်းပြင်ကိုဆွဲခေါ်လာလိုက်တဲ့ Jimin..လူကောင်သာသေးတာ ဒေါသက လူထပ်ကြီးသည်..Jimin ဆွဲခေါ်ရာနောက်ယှက်ကန်ယှက်ကန်ပါသွားတဲ့ Taehyung.

အနောက်က​နေ ဦးလေးကတော့ Jimin အကြောင်းသိနေလို့ အေးရာအေးကြောင်းလိုက်သွားပေမယ့် Jungkook ကတော့ သူဟာလေးစိတ်ထက်ဆိုးမှာကြောက်နေသည်..

" ရားး Park Jimin "

" မင်းငါ့ကိုပြန်မပြောနဲ့ ငါဒီတခါတော့ သူငယ်ချင်းတွေဘာတွေနားမလည်ဘူး.လုပ်တော့မှာ ရပ်နေအဲ့မှာ ဦးလေးမြန်မြန်လာ ရားးး Jeon Jungkook ဘာလုပ်နေတာလည်း သွားစင်ပေါ်တက်တော့ "

ခန်းမရှေ့ ရွာပျက်နေကြတဲ့ သူတို့လေးယောက် ခန်းမထဲကလူတွေကတော့ဘာမှမသိ..Jungkook လည်း အနောက်ကနေမြန်မြန်ပြေးဝင်သွားကာ စင်ပေါ်မှာစောင့်နေပေမယ့် ခန်းမတံခါးပွင့်လာပြီး သူရဲ့ အချစ်ကလေး မဝင်လာမခြင်း စင်ပေါ်မှာရပ်သာရပ်နေတာစိတ်မဖြောင့်..

သူစင်ပေါ်ရပ်နေပြီး မကြာခင်မှာပဲ ခန်းမတံခါးပွင့်လာကာ ဦးလေးရဲ့လက်ကိုချိတ်လို့ ဝက်လာတဲ့သူရဲ့ချစ်လှစွာသော သတိုးသားလေးကိုမြင်မှပဲ သူစိတ်အေးရတော့သည်...

နှစ်ဦးသားကတိစကားဆိုပြီးချိန် အနမ်းပေးခါနီး မျက်နှာခြင်းနီးကပ်နေတဲ့အချိန်မှာ..

" အနမ်းပေးရဲပေးကြည့် မင်းနဲ့ငါတွေ့မယ် တခါထဲအပျက်ပဲ "

Taehyung ရဲ့ ခြိမ်းခြောက်သံကြောင့် Jungkook မှာပြုံးလိုက်မိသည်.

"အင်း အိမ်ရောက်ရင်တွေ့ကြမှာပေါ့ Tae ရဲ့"

Taehyung ရဲ့ စကားလေးကိုပြန်နောက်ကာပြောလိုက်ပြီး ပါးပြင်လေးကိုအုပ်ကိုင်ကာ နှုတ်ခမ်းလေးကိုစုပ်ယူကာနမ်းရှိုက်လိုက်တော့သည်...

BlackroseTK93
Taekookforever 🐰🐯

ဒါလေးတောင်မသိမသာလေးရှည်လာတယ်နော်
ဘာလို့အဲ့လောက်ရှည်သွားလည်းမသိဘူး

zawgyi






" အေးပေါ့ "


" ဘာတွေရယ်နေကြတာလည်း "

" မင်းကြောင့် "

နှစ်ယောက်ထဲရှိတဲ့ အခန်းထဲဝင်လို့လာတဲ့ Jungkook.. သူတို့နှစ်ယောက်ရယ်မောနေကြတော့သိချင်လို့မေးလိုက်တာကို နဂိုထဲက support man Jimin ပါးစပ်က လွှတ်ခနဲထွက်တော့မှာကို အချိန်မှီ ပါးစပ်ကိုလက်ဖြင့်အုပ်ကာပိတ်လိုက်တဲ့ Taehyung အပိတ်ခံထားရတာတောင် လက်အောက်ကနေ တဝူးဝူး တဝါးဝါးလုပ်နေသေးတာကြောင့် လက်မောင်းကနေဆွဲကာ အခန်းပြင်ကို တွန်းထုတ်လိုက်ပြီး တံခါးပိတ်လိုက်တာကြောင့်အပြင်ကနေ အော်သံကိုကြားလိုက်ရသည်.


" ကလေး ဘာဖြစ် "

" ကိုကို Taehyung ပေါ့ "


Impersonator Lover






" ဟွန့် ဘာဖြစ်နေတာလည်း "


" ရားး ဘာ အွန့် "



" ချစ်တယ် အရမ်းချစ်တယ် "

" မချစ်ဘူးသွား "




" အာ့ "













" ဟုတ် ဦးလေး "









" ဦးလေး!!! "

Impersonator Lover



" Hyung အဲ့တာက"




လား "

" အင်း "




" Taehyung "

Impersonator Lover















" ရားး Park Jimin "









BlackroseTK93
Taekookforever 🐰🐯


Continuar a ler

Também vai Gostar

120K 5.5K 25
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
112K 5.6K 53
(y/n) (l/n) a girl who was born in the modern world who somewhat ends up in the taisho era of demon slayer. Her sassiness and eccentric attitude capt...
1.1M 44.4K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
138K 5K 87
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...