" ငါ့မွေးနေ့နောက်အပတ်ပဲ လာမယ်မလား ?"
" မလာတဲ့နှစ် ရှိဖူးလို့လား ?"
မင်ဟိုက အထူးအဆန်းပုံစံနဲ့လာမေးနေလေသည်။ ပျတ်ကွက်ခဲ့တဲ့နှစ်ရော ရှိခဲ့လို့လား ? ။ ကျောင်းလည်း ပြီးတော့မယ်ဖြစ်တာမို့ ထယ်ယောင်းကတော့ အလုပ်ကိုသာ တန်း၀င်ရတော့မယ်ဆိုပေမဲ့ တစ်နစ်လောက်တော့ ပေပေတေ့တေ့နဲ့ နေနေချင်သေးသည်။လူငယ်ဘ၀ရဲ့ အရသာကို လွတ်လွတ်လပ်လပ် ခံစားကြည့်ချင်သေးသည် ။ဒယ်ဒီကတော့ ဥဏ္ဍဌနေရာကို ဆက်ခံချင်နေပြီးဖြစ်လေသည်။
" ပတ်ဂျီမင်ကိုပါ ခေါ်ခဲ့ "
" ဘာလို ခေါ်ခဲ့ရမှာလဲ ..မင်းဟာမင်း ခေါ်ပေါ့ ၊ ငါ့ကို လူဌားနဲ့လာခိုင်းနေတယ် "
" ကတ်ကတ်သက်သက်နဲ့ကွာ မင်းကလဲ ?"
" ဒီအပတ် ဘူဂေးရီးယားကို သွားမလား ?"
ထယ်ယောင်းက မင်ဟိုကို မေးလိုက်တော့ မင်ဟိုက ချက်ချင်းခေါင်းညိတ်သည်။ ဘာလိုဆို ဘူဂေးရီးယားမှာ အပျိုစင်ရောင်းပွဲတော်ရှိတာမို့ ဖြစ်သည်။ ကိုယ်လိုချင်တဲ့ အပျိုစင်ကို ဈေးပေးပြီး၀ယ်လို့ရတာဖြစ်သည်။ အခုခေတ် လူငယ်တွေက ထိုရိုးရာဓလေ့ကို သဘောမကျ ၊ ခေတ်နောက်ကျနေပြီးဟူ၍ ဖျောက်ဖျတ်ခြင်းပေမဲ့ အခုထိတိုင် ထိုရိုးရာဓလေ့ကတော့ စည်စည်ကားကားနဲ့ ရှိနေတုန်းပင်ဖြစ်လေသည်။
" သွားမှာပေါ့...အဆင်ပြေရင်တစ်ယောက်လောက် ၀ယ်ခဲ့မယ် "
" ဒီကောင်တော့ ..."
ထယ်ယောင်းခေါင်းခါလိုက်ပြီး ပြတင်းပေါက်နားမှာ သွားရပ်တော့ ခြံထဲမှာ ပန်းပင်တွေကို ဟိုရွေ့ဒီရွေ့ လုပ်နေတဲ့ ပတ်ဂျီမင်ကို တွေ့ရသည်။ ဘောင်းဘီအိတ်ထဲက ဆေးလိပ်ကို ထုတ်လိုက်ပြီး နူတ်ခမ်းမှာ တေ့လိုက်သည်။
" ငါတို့နိင်ငံမှာရော မိဘက သားသမီးကို ငွေကြေးနဲ့ အရောင်းအ၀ယ်လုပ်ချင်တယ်ဆိုတာ ဖြစ်နိင်လား ?"
မင်ဟိုက ခေါင်းကုတ်သွားသည်။ မင်ဟိုတို့ရဲ့မိဘတွေက တစ်ယာက်ကိုတစ်ယာက်ချစ်လို ယူထားတာဖြစ်ပြီး မင်ဟိုကိုလည်း လူကောင်းတစ်ယောက်ဖြစ်အာင် ပျိုးထောင်ပေးထားလေသည်။ ဒါဆိုရင် ပတ်ဂျီမင်လည်း လူကောင်းပဲမလား ? ။ ဒါမှမဟုတ် သူ့မျက်လုံးမှာ ထင်ရှားနေအောင်အတွက် တမင်လုပ်ပြနေတာလား ? ။ ဒါဆိုရင် ဘာလိုတိုက်ခန်းကို ပြောင်းဖို့ ကြိုးစားနေသေးတာလဲ ? ။
" ငါတော့ မမြင်ဖူးဘူး ၊ ဘူဂေးရီးယားကတော့ သူ့ရိုးရာဓလေ့မို့လို့ မဟုတ်လား .. အစိုးရကတောင် တရား၀င်ဈေးကွက်အနေနဲ့ သတ်မှတ်ပေးထားတာကို "
" ထားပါ ..ဟယ်ဆန်းက ငါ့တို့ရဲ့ဆောက်လုပ် ရေးဘက်ကို မင်းတာ၀န်ယူပေးပါလား ..အဲမှာ အလုပ်သမားတွေ အဆင်မပြေဖြစ်နေလို့ "
" အေး ရတယ်လေ ..ငါသွားလိုက်ရမလား ..?"
" မင်းအားရင် သွားလိုက် ..ပြီးရင် ပိုက်ဆံကိစ္စလည်း စုံစမ်းပေးအုံး "
" အေးအေး ..ဒါနဲ့ ဘူဂေးရီးယားကိုဘယ်တော့ "
" မင်းပြန်လာတာနဲ့ သွားမယ် "
" အိုကေ .."
မင်ဟိုတစ်ယောက် ဘူဂေးရီးယားကို အခုမှ သွားဖူးတာလည်းမဟုတ် ၊ ဘူဂေးရီးယားလို့ ပြောလိုက်တာနဲ့တီကောင်ဆားပတ်ခံလိုက်ရသလို မင်ဟိုက ဖြစ်နေလေသည်။
.....
ဘူဂေးရီးယားကို ဂျီမင်ပါ ပါသွားရလေသည်။ ဒါက ကင်မ်ထယ်ယောင်းဒယ်ဒီရဲ့ လက်ချက်ကြောင့်ပင်ဖြစ်သည် ။ ဘာလိုဆို ပတ်ဂျီမင် မပါရင် မသွားရဘူးဆိုလို ဖြစ်သည်။ အသက် ၁၉နစ်အရွယ်တုန်းကတောင် မင်ဟိုနဲ့ နစ်ယောက်ထဲ ဥရောပတိုက်ကို ပတ်ခဲ့တာ၊ အခုတော့ ဘူဂေးရီးယားကို သွားတာလောက်နဲ့ ပတ်ဂျီမင်မပါရင် မသွားရဘူးတဲ့ ။ သူ့ဒယ်ဒီ ဘာကြံနေသလဲဆိုတာကို သူသိသည် ။ ခေါ်သွား ဆိုလည်း ခေါ်သွားရတာပေါ့ ။ မင်ဟိုနဲ့ပဲဆိုရင် ပျင်းစရာကောင်နေမှာလေ ။ ပတ်ဂျီမင်ပါတော့ အပျင်းပြေတာပေါ့ ။ ဘူဂေးရီးယားနိင်ငံ ၊ ဆိုဖီယာမြို့ကိုရောက်တာနဲ့ လာကြိုတဲ့လူက အသင့်မို့ ဟိုတယ်ကို တန်းသွားသည်။
" ဂျီမင် Over Sea ထွက်ဖူးလား ?"
မင်ဟိုက ကားပေါ်မှာထိုင်နေတုန်း ဂျီမင်ကိုမေးသည်။ ဂျီမင်က ခေါင်းခါလိုက်သည်။ သူ့မှာ ဟယ်ဆန်းနဲ့ ဆိုးလ်ပဲ ရောက်ဖူးတာဖြစ်လေသည်။ အခုတော့ လေယာဉ်စီးရတာတောင် ရင်တုန်လေသည်။အသက်လည်း ရူတာ မ၀သလို ခံစားရသည်။ အမြင့်ကြောက်လို့ ထင်ပါရက် ။ ဟိုတယ်ကိုရောက်တော့ ကြိုတက်ဘိုကင်ယူထားတာမို့ ကိုယ်အခန်းကို ကိုယ်၀င်နားကြလေသည်။ သူကတော့ နားလိုမရသေး ။ ဘာလိုဆို သူအိတ်ထဲမှာ ထယ်ယောင်းရဲ့ အင်္ကျီတွေ ပါလေသည်။ အများကြီးတော့မဟုတ် သုံး၊ လေးထည်ပင် ရှိသည် ။ ဒါပေမဲ့ သူသယ်လာပေးရတာဖြစ်လေသည်။ ထိုအခါ ကင်မ်ထယ်ယောင်းရဲ့အခန်းကို သွားပို့ရသည်။
တံခါးကို သွားခေါက်တော့ ချက်ချင်းမဖွင့်ပေးသေးချေ ၊ ဖုန်းထုတ်ကာ ဖုန်းခေါ်လိုက်တော့မှ တံခါးကိုလာဖွင့်လေသည်။ ထိုအခါ ခါးမှာ ပုဝါကိုပတ်ထားရင် တံခါးကိုလာဖွင့်တာမို့ ဂျီမင်မျက်နှာကို လွှဲလိုက်သည်။
" မင်းအင်္ကျီတွေ "
" ပို့မဲ့ပို့ အထဲထိ ပို့ "
အခန်းတံခါးကို ဖွင့်ပေးပြီး အထဲကိုပြန်၀င်သွားတော့ ဂျီမင်နောက်က လိုက်ရင်
" ငါမင်းရဲ့အစေခံနဲ့ တူနေလား ?"
" ကျုပ်မယူလာခိုင်းမိဘူး ၊ ခင်ဗျားဘာသာယူလာတာမလား ?"
ဒါလည်း ဟုတ်ပါတယ်။ ထယ်ယောင်းက ဘဲအိတ်တစ်လုံးကလွဲရင် ဘာမှ မယူတာကို အန်ကယ်က သူ့ကို ယူသွားပေးပါပြောလို့ သူယူလာစေခဲ့တာဆို ပိုမှန်ပါလိမ့်မည်။ ဒါကလဲ သူ့အလုပ်ကိစ္စအတွက် ကင်မ်ထယ်ယောင်းသဘောတူပေးမှ ရမှာမို့လို့ဖြစ်သည်။ ဒါကြောင့် ဒီကိုလိုက်လာဖို့ပြောတော့လည်း သူခေါင်းတောင်မခါပဲ လိုက်ခဲ့ရသည်။
" ပြောစရာရှိတယ် .."
သူယူလာပေးတဲ့ အ၀တ်ထဲက တီရှပ်ကိုယူ၀တ်လိုက်သည်။ ပြီးတော့ ဝိုင်ထည့်ထားတဲ့ ဖန်ခွက်ကိုယူကာ သောက်လိုက်ရင်
" အင်း ..ပြော "
" အန်ကယ်က မင်းဆီက ခွင့်ပြုချက်ရမှာ "
" အင်း...သိတယ် ..ခင်ဗျားကိစ္စအတွက် ကျုပ်ဆီက ခွင့်ပြုချက် လိုချင်တယ်ပေါ့ "
" အင်း ဟုတ်တယ် ၊ အန်ကယ်က မင်းအပိုင်းမို့ မင်းနဲ့ပဲဆိုင်တယ်တဲ့ .."
" ကျုပ် ခွင့်ပြုချက်မပေးရင်ကော့ "
သူ့အား မျက်လုံးတစ်မှိတ်နှိမ့်၍ မေးသည်။ သူတိုက်ခန်းမ၀ယ်နိင်သေးရင်တောင် ဌားနေဖို့အတွက် ပိုက်ဆံလိုတယ် ။ တစ်နစ်စာချုပ်က အနည်းဆုံးမို့ သူ့မှာအဲလောက်မရှိပေ။ အန်ကယ်ကသာ သူ့ဒီဇိုင်းတွေကို သဘောကျပြီး ထယ်ယောင်းကတော့ သုံးဖို့အတွက် ခွင့်ပြုချက်မပေးတာကြောင့် သူလည်းအဆင်မပြေပေ။ သူ့ရဲ့ ပထမဆုံး အလုပ်မလား ? ။ ဒါနဲ့ပတ်သက်ပြီး မေးလိုက်ရင်လည်း ကလေး အရုပ်ဆွဲတဲ့ပုံဆိုပြီး ထပ်က
ပြောလိမ့်မည်။ ဘာလို သူ့လျှောက်မဲ့လမ်းပေါ်မှာ ကင်မ်ထယ်ယောင်းက ရှိနေမှန်းကို သူမသိတော့ပါ ။
" မပေးရတဲ့အကြောင်းအရင်းကရော့ ..မင်းငါ့ကို ကြည့်မရလို့မဟုတ်လား ?"
" ဖြစ်နိင်တယ် "
" ဒါဆိုလည်း ငါ့ကိုပြန်ပေး "
အခြား Company မှာ သူပြကြည့်မှာပေါ့ ။ သူအဆင်ပြေမှာကို မနာလိုတဲ့လူက ဘာဖြစ်ဖြစ် ဖြတ်မဲ့သဘောမို့ ပြန်တောင်းလိုက်တာပဲ ကောင်းတယ် ။
" ခင်ဗျားက ဘာနေရာအရည်အချင်းမရှိလဲ သိလား ..?"
ဖန်ခွက်ကို ကိုင်ကာ သူ့နားကို ကပ်လာတဲ့ ကင်မ်ထယ်ယောင်းကြောင့် အနောက်ကို ဆုတ်လိုက်ရင်
" မရှိဘူး ၊ ငါက မင်းလို ချမ်းချမ်းသာသာ မိဘစုံစုံလင်လင်နဲ့ မနေခဲ့ရတော့ မင်းလိုမျိုးမတော်ဘူးလေ ၊မင်းလိုလည်း အရည်းအချင်းမရှိဘူး ၊ ငွေအင်အားလည်းမရှိဘူး ၊ ဒါကြောင့်မို့ ငါ့ကိုရန်စနေတာတွ ရပ်ပြီး လွှတ်ပေးလိုက်တော့ "
ကင်မ်ထယ်ယောင်းမျက်နှာတည်သွားသည်။ ဂျီမင်လည်း ပြောလက်စမို့ ဆက်သာပြောလိုက်မိသည်။
"တစ်ခုကံကောင်းတာက ငါက ဆင်းရဲပေမဲ့ မင်းလိုမျိုး အရိုင်းအစိုင်း၊ အကျင့်မကောင်းတဲ့လူ မဟုတ်လို့ပဲ "
" ဟာ့ .."
လက်တစ်ဖက်က ခါးကိုထောက်လိုက်ရင် ပါးစောင်းကို လျှာထိုးထည့်ကာ ဂျီမင်ဆီကို ခပ်ထန်တဲ့အကြည့်တွေနဲ့ ကြည့်ရင်
"အရိုင်းအစိုင်းဖြစ်တဲ့ ကျုပ်ကို ခင်ဗျားအဖေကတော့ သားမက် အရမ်းအရမ်း တော်ချင်နေတာ ဘယ်လိုလုပ်မလဲ ?"
" ဘာ ...!!"
အဖေက ..သူ့ကို ။ မဖြစ်နိင်တာ ။ အဖေက ကြမ်းတမ်းတဲ့လူတွေကို သဘောမကျတက်တာမို့ ကင်မ်ထယ်ယောင်းလို လူမျိုးကို သူနဲ့ ..။ မဖြစ်နိင်တာ ။ဘာကို မဟုတ်တာတွေ လာပြောနေတာလဲ ? ။
" မင်း ..မင်းကို ဘာလို ငါ့အဖေက သားမက်တော်ချင်ရမှာလဲ ...ပြီးတော့ ငါက ယောင်္ကျားလေးကိုသဘောကျတယ်လို့လည်း မပြောဖူးဘူး "
" ဘာတွေ မာန်တက်ပြီး ကျုပ်ကိုအနိင်ယူချင်ပြီးပြောချင်နေလဲမသိပေမဲ့ ကျုပ်က ကျုပ်ကို ကြောတယ်လို့ထင်ရင် အဲလူမလွယ်ဘူးဆိုတာကိုမမေ့နဲ့ ၊ အရိုင်းအစိုင်း ၊ အကျင့်မကောင်းတဲ့အကောင် ဟုတ်လား ..?"
ရုတ်တရက် ကင်မ်ထယ်ယောင်းလက်တွေသည် သူ့ရင်ဘတ်ကနေ ဂျိုင်းနောက်သို့သွားပြီး ကျောကို ကိုင်၍ အရှေ့သို့တွန်းသည်။ နီးကပ်သွားသော ကင်မ်ထယ်ယောင်းရဲ့ ရင်ဘတ်ကို ပြန်တွန်းရင်
" မင်း ..ဘာလုပ်တာလဲ ?"
" ရိုင်းစိုင်းတာတွေ လုပ်မလို့လေ "
ကင်မ်ထယ်ယောင်းမျက်နှာက သူ့မျက်နှာနားကို ရောက်ချလာတော့ အလျင်အမြန်ရှောင်ရင်
" ကင်မ်ထယ်ယောင်း ..လွှတ်စမ်း"
ကင်မ်ထယ်ယောင်းရဲ့ လက်တစ်ဖက်က သူ့ပုခုံးကို ညှစ်၍ ကိုင်ထားသည်။ သိပ်မဝေးလှတဲ့ ရင်ဘတ်နစ်ခုရဲ့အကွာအဝေးကို ကင်မ်ထယ်ယောင်းက ထပ်၍ ဆွဲကပ်လေသည်။ ဂျီမင်ရုန်းရင် ကင်မ်ထယ်ယောင်းက ပိုအားထည့်သည်။ ဂျီမင်မျက်နှာလိုက်ရှောင်တဲ့အတိုင်း ကင်မ်ထယ်ယောင်းမျက်နှာက လိုက်၍
" အွန့် ..."
သူ့နူတ်ခမ်းဆီကို ကင်မ်ထယ်ယောင်းရဲ့နူတ်ခမ်း လာဖိကပ်တော့ ရင်ဘတ်ကို ထုရိုက်မိပေမဲ့ အချည်းအနှီးသာဖြစ်နေလေသည်။ ထိုအခါ အနမ်းနဲ့အတူ ခံစားလိုက်ရတာက ရှက်ရွံ့မူ ၊ ၀မ်းနည်းမူ ၊ ယောင်္ကျားသား တစ်ယောက်ဆီက စော်ကားခံရမူ ။ ထိုသို့အတွေးပေါင်းစုံ ၀င်မိတော့ မျက်ရည်တွေအဖြစ် အဖြေက ထွက်လာလေသည်။ သူ့ရဲ့ ပထမဆုံးအနမ်းကို ဒီလို ပစ်စလက်ခတ်နဲ့ အဆုံးသတ်သွားရလိမ့်မယ်လို့မထင်မိပေ ။
သူ့နူတ်ခမ်းပေါက်သွားတယ်လို့ ခံစားလိုက်ရတဲ့အချိန် ကင်မ်ထယ်ယောင်းရဲ့ အောက်နူတ်ခမ်းကို သူပြန်ကိုက်မိလိုက်လေသည်။ ထိုအချိန်တောင် ကင်မ်ထယ်ယောင်းက မလွှတ်ပေးသေးချေ။ သူ့ရဲ့ ရှက်စိတ်ကြာင့် မျက်ရည်တွေကလည်း ဆက်တိုက်ကို ကျလာတော့မှာ ကင်မ်ထယ်ယောင်းက လွှတ်ပေးသည်။ ဂျီမင် ထယ်ယာင်းနဲ့ ဝေးအောင်အနောက်သို့ ဆုတ်လိုက်သည်။ ကင်မ်ထယ်ယောင်းက အောက်နူတ်ခမ်းမှာ ပေါက်သွားတာမို့ လျှာနဲ့ထိုးလိုက်ပြီး လက်မနဲ့ သုတ်လိုက်သည်။
" ကိုယ့်ဟာကိုယ် သိပ်ကာကွယ်နိင်တဲ့ အင်အားရှိတယ်မထင်နဲ့ ၊ ကျုပ်က ခင်ဗျားကို ပျတ်ဆီးဖို့ အစွမ်းအစရှိတယ်ဆိုတာ သိထား "
" လူယုတ်မာ "
" အာ့ ...ယုတ်မာတာတွေပါ ထပ်ပြရမလား ?"
သူ့ရှေ့ကို ထပ်တိုးလာသော ကင်မ်ထယ်ယောင်းကြောင့် ဂျီမင် ခပ်မြန်မြန်ဆုတ်ရင်
" ဘာလုပ်နေတာလဲ နစ်ယောက်သား "
မင်ဟိုက ရောက်လာတော့ ဂျီမင်လည်း တန်းထွက်သွားလေသည်။ မင်ဟိုသည် ဂျီမင်ကို လိုက်ကြည့်ရင်
" ဘာဖြစ်သွားတာလဲ ထယ်ယောင်း ဂျီမင်က "
" သွားမေး "
ထယ်ယောင်းက ကုတင်ပေါ်တက်လှဲလိုက်ရင် ပြောလိုက်သည်။ မင်ဟိုလည်း ကင်မ်ထယ်ယောင်ဘေးနားမှာ ၀င်လှဲရင်
" မင်းနူတ်ခမ်းက ဘာဖြစ်သွားတာလဲ ..ခုနက အကောင်းကြီး "
" ရှင်းဟွာဆီက ဘာသတင်းရလဲ ?"
ကင်မ်ထယ်ယောင်းသည် မင်ဟိုကိုစကားလမ်းကြောင်းလွှဲလိုက်သည်။ ဂျီမင်နဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို သူ မပြောချင်ပါ ။
" အေး ..ဂျီမင်ရဲ့ဒီဇိုင်းနဲ့ တစ်ထပ်ထဲပဲ ၊ သူတို့က နောက်နစ်ထွက်မှာကို ငါတို့ထက် အရင် ကြေငြာလိုက်တော့ ငါတို့ဘက်က ထုတ်ရင် ခိုးတယ်လို့ပဲ အပြောခံရမှာပဲ "
ကင်မ်ထယ်ယောင်း ခေါင်းညိတ်လိုက်သည်။
" ငါတို့ဘက်ကနေ ရှင်းဟွာကို ရောင်းစားလိုက်တာလား ?"
မင်ဟိုတစ်ယောက်ထဲ စဉ်းစားနေလေသည်။ ထယ်ယောငကတော့ အဖေပြန်မပေးပေ ။
" ဒါတော့ ပြောရခက်တယ် ၊ ပတ်ဂျီမင်ကိုရော မင်းမေးပြီးပြီးလား ..ဘယ်သူ့ကို ပြသေးလဲဆိုတာ "
" မပြောတက်ဘူး ၊ သူ့အဖေကိုတော့ အရင်ပြမှာသေချာတယ် ၊ သူ့အဖေလည်း ဖြစ်နိင်တယ် "
" အဲတော့ ငါတို့ ဒီဇိုင်းကို ဖျတ်သိမ်းလိုက်ရမလား ?"
" အင်း ..မဟုတ်ရင် Company အတွက် ဆိုးဝါးသွားမယ် "
" မင်းကတော့ အမြဲ ခြေတစ်လှမ်းစောပြီး သိနေတော့တာပဲ ၊ ဒါနဲ့ ဘာလိုဂျီမင်အဖေလို့ ထင်တာလဲ ?"
" ငါ့သူ့အကြောင်းစုံစမ်းနေတယ် ၊ ဒါကြောင့်သိတာ "
" ပြသာနာ ရှိလို့လား ?"
" ဒါက ပြသာနာပဲလေ "
" မင်းဒယ်ဒီကို ပြောသင့်တယ် "
" အင်း ..အချိန်သင့်ရင်ပေါ့ "
မင်ဟိုသည် ကင်မ်ထယ်ယောင်းဘေးနားက ဖန်ခွက်ကို ယူလိုက်ရင် ဝိုင်ပုလင်းကိုယူကာ ဌဲ့လိုက်သည်။
" ဂျီမင်ရော ပါလား ?"
" သူက ငတုံး ၊ သူ့အဖေရဲ့ကိစ္စကို ဘာမှမသိဘူး "
" ဒါဆို သူတိုက်ခန်း၀ယ်ဖို့ကိစ္စက မဖြစ်နိင်ဘူးပေါ့ "
" မင်းက ဘာလိုသိ "
ထယ်ယောင်းက မင်ဟိုက ထူးဆန်းသလို မျက်လုံးနဲ့ကြည့်တော့
" ဟိုတစ်ပတ်က ငါအပြင်သွားတော့ ဂျီမင်နဲ့ဆုံတော့ သိလိုက်တာပါ ၊ မင်းကို ကြောက်လို့ဖြစ်မယ် အသဲအသန်ကို ရှာနေတာ၊ သိပ်တော့မစပါနဲ့ကွာ ၊ အမေမရှိပဲ ကြီးပျင်းလာရတဲ့အထဲ မင်းကိုပါ လန့်နေရတာကတော့ "
" ကျစ် ..မင်းလစ်လိုက်တော့ "
ကင်မ်ထယ်ယောင်း မောင်းထုတ်လည်း မင်ဟိုတို့က မပြန်ပါ ။ ဝိုင်းသောက်ရင် အလုပ်အကြောင်းစကားပြောရင်နဲ့ အချိန်ကုန်လေသည်။
နောက်နေ့မနက်တော့ သုံးယောက်သား Roma Clan ပွဲတော်ကို ဂိုက်တစ်ယောက်ကို ဌားကာ သွားလေသည်။ ဂျီမင်ကတော့ စကားမပြောပေ။ မနေ့က ကိစ္စကြောင့် တော်တော်လေးကို ဒေါသထွက်တာလား၊ ၀မ်းနည်းတာလား ..ဘာလားတော့မသိ မျက်နှာတစ်ခုလုံးလည်း နီရဲပြီး မျက်ခုံးတွေလည်း မို့နေလေသည်။ ကင်မ်ထယ်ယောင်း တစ်ချက်သာကြည့်၍ ဘာတစ်လုံးမှ မပြောပေ ။
မိဘတွေက သူတို့ရဲ့သမီးကို အလှတွေ ပြင်ဆင်ပေးကာ ထိုနေရာသို့ပို့ပြီး ထိုပွဲတော်ကို လာတဲ့ အမျိုးသားတွေက သဘောကျရင် ကြိုက်ဈေးပေးကာ ၀ယ်လို့ရလေသည်။ ထိုပွဲတော်မှာ တစ်ချို့အမျိုးသမီးလေးက ရောင်းမထွက်ရင် ၀မ်းနည်းမနေပဲ ပို၍တောင် ၀မ်းသာနေလေသည်။
" ထယ်ယောင်း ဒီတစ်ယောက်မိုက်တယ် "
မင်ဟိုထိုးပြတဲ့ကောင်မလေးကို ကြည့်လိုက်တော့ လှတယ်ဆိုတာကိုတာ့၀န်ခံပါသည်။ ဒါ ပေမဲ့ သာမန်အလှပေ။ သူ့မျက်လုံးထဲမှာတော့ ဘယ်ကောင်မလေးကိုမှ သဘောမကျပေ ။ ဒီက ကောင်မလေးတွေကိုလည်း one night step ဆိုပြီး ခေါ်လို့လဲ ရတာမဟုတ် ။ လိုချင်တဲ့ဈေးပေးပြီး အိမ်သူအဖြစ် ပေါင်းသင်းရမှာလေ ။
ဂျီမင်ကတော့ ထယ်ယောင်းတို့အနောက်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လိုက်ပါလေသည်။ ဂျီမင်ကတော့ သိပ်မသိပါ ။ ဂိုက်က ပြောပြတော့မှ ဈေးမေးပြီး ကောင်မလေးတွေကို ၀ယ်နေကြမှန်း သိသည်။ ဒီရိုးရာဓလေ့က ဘယ်လိုကြီးလဲ မသိပေမဲ့ ဒီကောင်မလေးတွေကရော အချစ်မပါပဲ ဘယ်လိုတစ်သက်လုံး ပေါင်းသင်းနေနိင်ပါ့မလဲဆိုတာကိုပေါ့။ သူလိုက်ကြည့်နေရင် ကောင်မလေးငယ်ငယ်တစ်ယောက်က သူ့လက်ကို လာဆွဲရင် စကားပြောလေသည်။ သူတော့ နားမလည်ပေ ။ ထိုအခါ ကင်မ်ထယ်ယောင်းက သူ့လက်ကိုဆွဲထားတဲ့ ထိုကောင်မလေးရဲ့ လက်ကို ဆွဲဖြုတ်လိုက်သည်။ ထိုအခါ မင်ဟိုကို ရှင်းပြနေတဲ့ ဂိုက်က ဂျီမင်တို့နားဆီလာပြီး ထိုကောင်မလေးလေးနဲ့ စကားပြောသည် ။
" အကိုင်ခံနေတာ ဘာလဲ ၀ယ်မလို့လား ?"
ဂျီမင်ပြန်မပြောပေ ။ မင်ဟိုနားကိုသာ သွားလိုက်သည်။ ကင်မ်ထယ်ယောင်းသည် ထိုသို့လစ်လျူရူခံရတော့ သဘောမကျပေမဲ့လည်း လူကြားထဲမှာမို့ ဘာမှတော့မပြောချေ ။
" ဂျီမင်နေကောင်းလား ငြိမ်နေတယ်နော် "
" ကောင်းပါတယ် "
" ထယ်ယောင်းကိစ္စလား ..ဟိုကိစ္စလား ?"
" ဟင့် .."
ကင်မ်ထယ်ယောင်းက သူတို့ကိုထားပြီး ဘယ်သွားလဲမသိပါ ။ သူတို့နစ်ယောက်ကတော့ ကားမှာ ကျန်ခဲ့လေသည်။
" ဂျီမင် ဒါကိုကြည့်လိုက် ၊ အဲတာဆို သိလိမ့်မယ် ၊ ကင်မ်ထယ်ယောင်းကတော့ ပြောမှာမဟုတ်ပေမဲ့ ဂျီမင်ကတော့ သိထားရမယ်လေ "
မင်ဟိုက ဖုန်းကိုဖွင့်ကာ သူ့ဆီကိုပေးသည်။ ရှင်းဟွာလုပ်ငန်းစုက သတင်းပင်ဖြစ်သည်။ နစ်စမှာအသစ်ထုတ်မဲ့ ဒီဇိုင်းတွေကိုပြတဲ့အခါ သူ့ရဲ့ ဒီဇိုင်းတွေက ပါနေလေသည်။ သူအံ့ဩသွားသည်။ ဘာလိုလုပ် သူ့ဒီဇိုင်းက ...။
" ဒီကိစ္စလေးတွေရှိနေလို့ ထယ်ယောင်းဘက်က ခွင့်ပြချက်မပေးသေးတာပါ "
မင်ဟိုထင်လိုက်တာက မနေ့က ဒီကိစ္စနဲ့ပဲ ရန်ဖြစ်ကြတယ်လို့ ထင်မိခဲ့သည်။ တစ်ယောက်နဲ့တစ်ယာက် ရန်ဖြစ်ခဲ့ကြတယ်ထင်ပါရက်နူတ်ခမ်းတွေ ကွဲနေကြတာ ။ ဒါကြောင့် သူ၀င်ရှင်းပေးတာ ။
" ဒါက ဘာလို .."
" စုံစမ်းနေပါတယ် ၊ ဂျီမင်ဘက်က ဒီအတိုင်းနေပေးရင်တော့ ခုချိန်ပိုပြီးအဆင်ပြေလိမ့်မယ် ၊ မဟုတ်ရင် ဂျီမင်ကိုပါ ထိခိုက်လိမ့်မယ် "
ဟိုတစ်ယောက် မနေ့က ဒီလိုလေးပြရင် ဘာဖြစ်မှာမို့လဲ ? ။ ဘယ်သူကရော ဘာပြောမှာမို့လဲ ? ။ မဟုတ်ပဲ လူကိုပဲ ပြသာနာ လာရှာနေတယ် ။
" ကင်မ်ထယ်ယောင်းဘက်ကလွန်ရင် ကျွန်တော်ကပဲကြားက တောင်းပန်ပါတယ် ၊ ကင်မ်ထယ်ယောင်းက စိတ်ဆက်ပေမဲ့ သဘောကောင်းပါတယ် "
ဘာသဘောကောင်းတာလဲ ? ။ ရုပ်ချာကတာလွဲရင် ဘာမှ ကောင်းတာ ရှိမနေဘူး ။ ဆိုးလိုက်တဲ့ အကျင့်စရိုက် ။
" တစ်ခုခုသွားစားရအောင် "
ကင်မ်ထယ်ယောင်းက ပြန်ရောက်လာပြီး ဂျီမင်ဘေးမှာ ၀င်ထိုင်ကာ ပြောလေသည်။ ကားမောင်းထွက်လိုက်ရင် ဂိုက်လိုက်ပြတဲ့ ဒေသအစာအစားတွေကို လိုက်စားလေသည်။ နစ်ယောက်လုံးကတော့ အစပ်စား၍မရချေ။ ဟိုတယ်ကို ပြန်တော့လည်း ကားပေါ်မျာ ကင်မ်ထယ်ယောင်းတစ်ယောက် ဘာစကားမှ မပြောပဲ အိပ်လာလေသည်။ ဂျီမင်ကတော့ ရူခင်းတွေကိုသာ လိုက်ကြည့်နေမိလေသည် ။
ဟိုတယ်ကိုပြန်ရောက်တော့လည်း မင်ဟိုက
" ထယ်ယောင်း နူတ်ခမ်းကိုဆေးထည့် ပျင်း မနေနဲ့ "
မင်ဟိုက လှမ်းသတိပေးလိုက်သည်။ ဂျီမင်လည်း ကိုယ့်အခန်းထဲကို ကိုယ်ပြန်၀င်လိုက်သည်။ ပြီးတော့ သူ့ဆီမှာရှိတဲ့ ဆေးကို ကင်မ်ထယ်ယောင်းရဲ့အခန်းရှေ့မှာ သွားချပေးကာ တံခါးခေါက်လိုက်ပြီး အခန်းကို ပြန်ခဲ့လိုက်သည်။ သူ့ရဲ့ ပြသာနာက လူတစ်ယောက်ကို လစ်လျူမရူနိင်တာဖြစ်သည်။ မုန်းရတဲ့လူဖြစ်နေရင်တောင်ပေါ့ ။
(မြို့သိမ်းတိုက်ပွဲတွေကလည်း ပြင်းထန်လာတာမို့ မလိုအင်ရင် အပြင်မထွက်ကြနဲ့နော် ၊ စစ်သားတွေ၊ ရဲတွေ ၊ရုံးတွေ ၊စခန်းနားတွေလည်း ရှောင်ပါ )
Zawgyi
" ငါ့ေမြးေန႕ေနာက္အပတ္ပဲ လာမယ္မလား ?"
" မလာတဲ့ႏွစ္ ရွိဖူးလို႔လား ?"
မင္ဟိုက အထူးအဆန္းပုံစံနဲ႕လာေမးေနေလသည္။ ပ်တ္ကြက္ခဲ့တဲ့ႏွစ္ေရာ ရွိခဲ့လို႔လား ? ။ ေက်ာင္းလည္း ၿပီးေတာ့မယ္ျဖစ္တာမို႔ ထယ္ေယာင္းကေတာ့ အလုပ္ကိုသာ တန္း၀င္ရေတာ့မယ္ဆိုေပမဲ့ တစ္နစ္ေလာက္ေတာ့ ေပေပေတ့ေတ့နဲ႕ ေနေနခ်င္ေသးသည္။လူငယ္ဘ၀ရဲ႕ အရသာကို လြတ္လြတ္လပ္လပ္ ခံစားၾကည့္ခ်င္ေသးသည္ ။ဒယ္ဒီကေတာ့ ဥ႑ဌေနရာကို ဆက္ခံခ်င္ေနၿပီးျဖစ္ေလသည္။
" ပတ္ဂ်ီမင္ကိုပါ ေခၚခဲ့ "
" ဘာလို ေခၚခဲ့ရမွာလဲ ..မင္းဟာမင္း ေခၚေပါ့ ၊ ငါ့ကို လူဌားနဲ႕လာခိုင္းေနတယ္ "
" ကတ္ကတ္သက္သက္နဲ႕ကြာ မင္းကလဲ ?"
" ဒီအပတ္ ဘူေဂးရီးယားကို သြားမလား ?"
ထယ္ေယာင္းက မင္ဟိုကို ေမးလိုက္ေတာ့ မင္ဟိုက ခ်က္ခ်င္းေခါင္းညိတ္သည္။ ဘာလိုဆို ဘူေဂးရီးယားမွာ အပ်ိဳစင္ေရာင္းပြဲေတာ္ရွိတာမို႔ ျဖစ္သည္။ ကိုယ္လိုခ်င္တဲ့ အပ်ိဳစင္ကို ေဈးေပးၿပီး၀ယ္လို႔ရတာျဖစ္သည္။ အခုေခတ္ လူငယ္ေတြက ထိုရိုးရာဓေလ့ကို သေဘာမက် ၊ ေခတ္ေနာက္က်ေနၿပီးဟူ၍ ေဖ်ာက္ဖ်တ္ျခင္းေပမဲ့ အခုထိတိုင္ ထိုရိုးရာဓေလ့ကေတာ့ စည္စည္ကားကားနဲ႕ ရွိေနတုန္းပင္ျဖစ္ေလသည္။
" သြားမွာေပါ့...အဆင္ေျပရင္တစ္ေယာက္ေလာက္ ၀ယ္ခဲ့မယ္ "
" ဒီေကာင္ေတာ့ ..."
ထယ္ေယာင္းေခါင္းခါလိုက္ၿပီး ျပတင္းေပါက္နားမွာ သြားရပ္ေတာ့ ၿခံထဲမွာ ပန္းပင္ေတြကို ဟိုေ႐ြ႕ဒီေ႐ြ႕ လုပ္ေနတဲ့ ပတ္ဂ်ီမင္ကို ေတြ႕ရသည္။ ေဘာင္းဘီအိတ္ထဲက ေဆးလိပ္ကို ထုတ္လိုက္ၿပီး ႏူတ္ခမ္းမွာ ေတ့လိုက္သည္။
" ငါတို႔နိင္ငံမွာေရာ မိဘက သားသမီးကို ေငြေၾကးနဲ႕ အေရာင္းအ၀ယ္လုပ္ခ်င္တယ္ဆိုတာ ျဖစ္နိင္လား ?"
မင္ဟိုက ေခါင္းကုတ္သြားသည္။ မင္ဟိုတို႔ရဲ႕မိဘေတြက တစ္ယာက္ကိုတစ္ယာက္ခ်စ္လို ယူထားတာျဖစ္ၿပီး မင္ဟိုကိုလည္း လူေကာင္းတစ္ေယာက္ျဖစ္အာင္ ပ်ိဳးေထာင္ေပးထားေလသည္။ ဒါဆိုရင္ ပတ္ဂ်ီမင္လည္း လူေကာင္းပဲမလား ? ။ ဒါမွမဟုတ္ သူ႕မ်က္လုံးမွာ ထင္ရွားေနေအာင္အတြက္ တမင္လုပ္ျပေနတာလား ? ။ ဒါဆိုရင္ ဘာလိုတိုက္ခန္းကို ေျပာင္းဖို႔ ႀကိဳးစားေနေသးတာလဲ ? ။
" ငါေတာ့ မျမင္ဖူးဘူး ၊ ဘူေဂးရီးယားကေတာ့ သူ႕ရိုးရာဓေလ့မို႔လို႔ မဟုတ္လား .. အစိုးရကေတာင္ တရား၀င္ေဈးကြက္အေနနဲ႕ သတ္မွတ္ေပးထားတာကို "
" ထားပါ ..ဟယ္ဆန္းက ငါ့တို႔ရဲ႕ေဆာက္လုပ္ ေရးဘက္ကို မင္းတာ၀န္ယူေပးပါလား ..အဲမွာ အလုပ္သမားေတြ အဆင္မေျပျဖစ္ေနလို႔ "
" ေအး ရတယ္ေလ ..ငါသြားလိုက္ရမလား ..?"
" မင္းအားရင္ သြားလိုက္ ..ၿပီးရင္ ပိုက္ဆံကိစၥလည္း စုံစမ္းေပးအုံး "
" ေအးေအး ..ဒါနဲ႕ ဘူေဂးရီးယားကိုဘယ္ေတာ့ "
" မင္းျပန္လာတာနဲ႕ သြားမယ္ "
" အိုေက .."
မင္ဟိုတစ္ေယာက္ ဘူေဂးရီးယားကို အခုမွ သြားဖူးတာလည္းမဟုတ္ ၊ ဘူေဂးရီးယားလို႔ ေျပာလိုက္တာနဲ႕တီေကာင္ဆားပတ္ခံလိုက္ရသလို မင္ဟိုက ျဖစ္ေနေလသည္။
.....
ဘူေဂးရီးယားကို ဂ်ီမင္ပါ ပါသြားရေလသည္။ ဒါက ကင္မ္ထယ္ေယာင္းဒယ္ဒီရဲ႕ လက္ခ်က္ေၾကာင့္ပင္ျဖစ္သည္ ။ ဘာလိုဆို ပတ္ဂ်ီမင္ မပါရင္ မသြားရဘူးဆိုလို ျဖစ္သည္။ အသက္ ၁၉နစ္အ႐ြယ္တုန္းကေတာင္ မင္ဟိုနဲ႕ နစ္ေယာက္ထဲ ဥေရာပတိုက္ကို ပတ္ခဲ့တာ၊ အခုေတာ့ ဘူေဂးရီးယားကို သြားတာေလာက္နဲ႕ ပတ္ဂ်ီမင္မပါရင္ မသြားရဘူးတဲ့ ။ သူ႕ဒယ္ဒီ ဘာႀကံေနသလဲဆိုတာကို သူသိသည္ ။ ေခၚသြား ဆိုလည္း ေခၚသြားရတာေပါ့ ။ မင္ဟိုနဲ႕ပဲဆိုရင္ ပ်င္းစရာေကာင္ေနမွာေလ ။ ပတ္ဂ်ီမင္ပါေတာ့ အပ်င္းေျပတာေပါ့ ။ ဘူေဂးရီးယားနိင္ငံ ၊ ဆိုဖီယာၿမိဳ႕ကိုေရာက္တာနဲ႕ လာႀကိဳတဲ့လူက အသင့္မို႔ ဟိုတယ္ကို တန္းသြားသည္။
" ဂ်ီမင္ Over Sea ထြက္ဖူးလား ?"
မင္ဟိုက ကားေပၚမွာထိုင္ေနတုန္း ဂ်ီမင္ကိုေမးသည္။ ဂ်ီမင္က ေခါင္းခါလိုက္သည္။ သူ႕မွာ ဟယ္ဆန္းနဲ႕ ဆိုးလ္ပဲ ေရာက္ဖူးတာျဖစ္ေလသည္။ အခုေတာ့ ေလယာဥ္စီးရတာေတာင္ ရင္တုန္ေလသည္။အသက္လည္း ႐ူတာ မ၀သလို ခံစားရသည္။ အျမင့္ေၾကာက္လို႔ ထင္ပါရက္ ။ ဟိုတယ္ကိုေရာက္ေတာ့ ႀကိဳတက္ဘိုကင္ယူထားတာမို႔ ကိုယ္အခန္းကို ကိုယ္၀င္နားၾကေလသည္။ သူကေတာ့ နားလိုမရေသး ။ ဘာလိုဆို သူအိတ္ထဲမွာ ထယ္ေယာင္းရဲ႕ အကၤ်ီေတြ ပါေလသည္။ အမ်ားႀကီးေတာ့မဟုတ္ သုံး၊ ေလးထည္ပင္ ရွိသည္ ။ ဒါေပမဲ့ သူသယ္လာေပးရတာျဖစ္ေလသည္။ ထိုအခါ ကင္မ္ထယ္ေယာင္းရဲ႕အခန္းကို သြားပို႔ရသည္။
တံခါးကို သြားေခါက္ေတာ့ ခ်က္ခ်င္းမဖြင့္ေပးေသးေခ် ၊ ဖုန္းထုတ္ကာ ဖုန္းေခၚလိုက္ေတာ့မွ တံခါးကိုလာဖြင့္ေလသည္။ ထိုအခါ ခါးမွာ ပုဝါကိုပတ္ထားရင္ တံခါးကိုလာဖြင့္တာမို႔ ဂ်ီမင္မ်က္ႏွာကို လႊဲလိုက္သည္။
" မင္းအကၤ်ီေတြ "
" ပို႔မဲ့ပို႔ အထဲထိ ပို႔ "
အခန္းတံခါးကို ဖြင့္ေပးၿပီး အထဲကိုျပန္၀င္သြားေတာ့ ဂ်ီမင္ေနာက္က လိုက္ရင္
" ငါမင္းရဲ႕အေစခံနဲ႕ တူေနလား ?"
" က်ဳပ္မယူလာခိုင္းမိဘူး ၊ ခင္ဗ်ားဘာသာယူလာတာမလား ?"
ဒါလည္း ဟုတ္ပါတယ္။ ထယ္ေယာင္းက ဘဲအိတ္တစ္လုံးကလြဲရင္ ဘာမွ မယူတာကို အန္ကယ္က သူ႕ကို ယူသြားေပးပါေျပာလို႔ သူယူလာေစခဲ့တာဆို ပိုမွန္ပါလိမ့္မည္။ ဒါကလဲ သူ႕အလုပ္ကိစၥအတြက္ ကင္မ္ထယ္ေယာင္းသေဘာတူေပးမွ ရမွာမို႔လို႔ျဖစ္သည္။ ဒါေၾကာင့္ ဒီကိုလိုက္လာဖို႔ေျပာေတာ့လည္း သူေခါင္းေတာင္မခါပဲ လိုက္ခဲ့ရသည္။
" ေျပာစရာရွိတယ္ .."
သူယူလာေပးတဲ့ အ၀တ္ထဲက တီရွပ္ကိုယူ၀တ္လိုက္သည္။ ၿပီးေတာ့ ဝိုင္ထည့္ထားတဲ့ ဖန္ခြက္ကိုယူကာ ေသာက္လိုက္ရင္
" အင္း ..ေျပာ "
" အန္ကယ္က မင္းဆီက ခြင့္ျပဳခ်က္ရမွာ "
" အင္း...သိတယ္ ..ခင္ဗ်ားကိစၥအတြက္ က်ဳပ္ဆီက ခြင့္ျပဳခ်က္ လိုခ်င္တယ္ေပါ့ "
" အင္း ဟုတ္တယ္ ၊ အန္ကယ္က မင္းအပိုင္းမို႔ မင္းနဲ႕ပဲဆိုင္တယ္တဲ့ .."
" က်ဳပ္ ခြင့္ျပဳခ်က္မေပးရင္ေကာ့ "
သူ႕အား မ်က္လုံးတစ္မွိတ္ႏွိမ့္၍ ေမးသည္။ သူတိုက္ခန္းမ၀ယ္နိင္ေသးရင္ေတာင္ ဌားေနဖို႔အတြက္ ပိုက္ဆံလိုတယ္ ။ တစ္နစ္စာခ်ဳပ္က အနည္းဆုံးမို႔ သူ႕မွာအဲေလာက္မရွိေပ။ အန္ကယ္ကသာ သူ႕ဒီဇိုင္းေတြကို သေဘာက်ၿပီး ထယ္ေယာင္းကေတာ့ သုံးဖို႔အတြက္ ခြင့္ျပဳခ်က္မေပးတာေၾကာင့္ သူလည္းအဆင္မေျပေပ။ သူ႕ရဲ႕ ပထမဆုံး အလုပ္မလား ? ။ ဒါနဲ႕ပတ္သက္ၿပီး ေမးလိုက္ရင္လည္း ကေလး အ႐ုပ္ဆြဲတဲ့ပုံဆိုၿပီး ထပ္က
ေျပာလိမ့္မည္။ ဘာလို သူ႕ေလွ်ာက္မဲ့လမ္းေပၚမွာ ကင္မ္ထယ္ေယာင္းက ရွိေနမွန္းကို သူမသိေတာ့ပါ ။
" မေပးရတဲ့အေၾကာင္းအရင္းကေရာ့ ..မင္းငါ့ကို ၾကည့္မရလို႔မဟုတ္လား ?"
" ျဖစ္နိင္တယ္ "
" ဒါဆိုလည္း ငါ့ကိုျပန္ေပး "
အျခား Company မွာ သူျပၾကည့္မွာေပါ့ ။ သူအဆင္ေျပမွာကို မနာလိုတဲ့လူက ဘာျဖစ္ျဖစ္ ျဖတ္မဲ့သေဘာမို႔ ျပန္ေတာင္းလိုက္တာပဲ ေကာင္းတယ္ ။
" ခင္ဗ်ားက ဘာေနရာအရည္အခ်င္းမရွိလဲ သိလား ..?"
ဖန္ခြက္ကို ကိုင္ကာ သူ႕နားကို ကပ္လာတဲ့ ကင္မ္ထယ္ေယာင္းေၾကာင့္ အေနာက္ကို ဆုတ္လိုက္ရင္
" မရွိဘူး ၊ ငါက မင္းလို ခ်မ္းခ်မ္းသာသာ မိဘစုံစုံလင္လင္နဲ႕ မေနခဲ့ရေတာ့ မင္းလိုမ်ိဳးမေတာ္ဘူးေလ ၊မင္းလိုလည္း အရည္းအခ်င္းမရွိဘူး ၊ ေငြအင္အားလည္းမရွိဘူး ၊ ဒါေၾကာင့္မို႔ ငါ့ကိုရန္စေနတာတြ ရပ္ၿပီး လႊတ္ေပးလိုက္ေတာ့ "
ကင္မ္ထယ္ေယာင္းမ်က္ႏွာတည္သြားသည္။ ဂ်ီမင္လည္း ေျပာလက္စမို႔ ဆက္သာေျပာလိုက္မိသည္။
"တစ္ခုကံေကာင္းတာက ငါက ဆင္းရဲေပမဲ့ မင္းလိုမ်ိဳး အရိုင္းအစိုင္း၊ အက်င့္မေကာင္းတဲ့လူ မဟုတ္လို႔ပဲ "
" ဟာ့ .."
လက္တစ္ဖက္က ခါးကိုေထာက္လိုက္ရင္ ပါးေစာင္းကို လွ်ာထိုးထည့္ကာ ဂ်ီမင္ဆီကို ခပ္ထန္တဲ့အၾကည့္ေတြနဲ႕ ၾကည့္ရင္
"အရိုင္းအစိုင္းျဖစ္တဲ့ က်ဳပ္ကို ခင္ဗ်ားအေဖကေတာ့ သားမက္ အရမ္းအရမ္း ေတာ္ခ်င္ေနတာ ဘယ္လိုလုပ္မလဲ ?"
" ဘာ ...!!"
အေဖက ..သူ႕ကို ။ မျဖစ္နိင္တာ ။ အေဖက ၾကမ္းတမ္းတဲ့လူေတြကို သေဘာမက်တက္တာမို႔ ကင္မ္ထယ္ေယာင္းလို လူမ်ိဳးကို သူနဲ႕ ..။ မျဖစ္နိင္တာ ။ဘာကို မဟုတ္တာေတြ လာေျပာေနတာလဲ ? ။
" မင္း ..မင္းကို ဘာလို ငါ့အေဖက သားမက္ေတာ္ခ်င္ရမွာလဲ ...ၿပီးေတာ့ ငါက ေယာကၤ်ားေလးကိုသေဘာက်တယ္လို႔လည္း မေျပာဖူးဘူး "
" ဘာေတြ မာန္တက္ၿပီး က်ဳပ္ကိုအနိင္ယူခ်င္ၿပီးေျပာခ်င္ေနလဲမသိေပမဲ့ က်ဳပ္က က်ဳပ္ကို ေၾကာတယ္လို႔ထင္ရင္ အဲလူမလြယ္ဘူးဆိုတာကိုမေမ့နဲ႕ ၊ အရိုင္းအစိုင္း ၊ အက်င့္မေကာင္းတဲ့အေကာင္ ဟုတ္လား ..?"
႐ုတ္တရက္ ကင္မ္ထယ္ေယာင္းလက္ေတြသည္ သူ႕ရင္ဘတ္ကေန ဂ်ိဳင္းေနာက္သို႔သြားၿပီး ေက်ာကို ကိုင္၍ အေရွ႕သို႔တြန္းသည္။ နီးကပ္သြားေသာ ကင္မ္ထယ္ေယာင္းရဲ႕ ရင္ဘတ္ကို ျပန္တြန္းရင္
" မင္း ..ဘာလုပ္တာလဲ ?"
" ရိုင္းစိုင္းတာေတြ လုပ္မလို႔ေလ "
ကင္မ္ထယ္ေယာင္းမ်က္ႏွာက သူ႕မ်က္ႏွာနားကို ေရာက္ခ်လာေတာ့ အလ်င္အျမန္ေရွာင္ရင္
" ကင္မ္ထယ္ေယာင္း ..လႊတ္စမ္း"
ကင္မ္ထယ္ေယာင္းရဲ႕ လက္တစ္ဖက္က သူ႕ပုခုံးကို ညွစ္၍ ကိုင္ထားသည္။ သိပ္မေဝးလွတဲ့ ရင္ဘတ္နစ္ခုရဲ႕အကြာအေဝးကို ကင္မ္ထယ္ေယာင္းက ထပ္၍ ဆြဲကပ္ေလသည္။ ဂ်ီမင္႐ုန္းရင္ ကင္မ္ထယ္ေယာင္းက ပိုအားထည့္သည္။ ဂ်ီမင္မ်က္ႏွာလိုက္ေရွာင္တဲ့အတိုင္း ကင္မ္ထယ္ေယာင္းမ်က္ႏွာက လိုက္၍
" အြန႔္ ..."
သူ႕ႏူတ္ခမ္းဆီကို ကင္မ္ထယ္ေယာင္းရဲ႕ႏူတ္ခမ္း လာဖိကပ္ေတာ့ ရင္ဘတ္ကို ထုရိုက္မိေပမဲ့ အခ်ည္းအႏွီးသာျဖစ္ေနေလသည္။ ထိုအခါ အနမ္းနဲ႕အတူ ခံစားလိုက္ရတာက ရွက္႐ြံ႕မူ ၊ ၀မ္းနည္းမူ ၊ ေယာကၤ်ားသား တစ္ေယာက္ဆီက ေစာ္ကားခံရမူ ။ ထိုသို႔အေတြးေပါင္းစုံ ၀င္မိေတာ့ မ်က္ရည္ေတြအျဖစ္ အေျဖက ထြက္လာေလသည္။ သူ႕ရဲ႕ ပထမဆုံးအနမ္းကို ဒီလို ပစ္စလက္ခတ္နဲ႕ အဆုံးသတ္သြားရလိမ့္မယ္လို႔မထင္မိေပ ။
သူ႕ႏူတ္ခမ္းေပါက္သြားတယ္လို႔ ခံစားလိုက္ရတဲ့အခ်ိန္ ကင္မ္ထယ္ေယာင္းရဲ႕ ေအာက္ႏူတ္ခမ္းကို သူျပန္ကိုက္မိလိုက္ေလသည္။ ထိုအခ်ိန္ေတာင္ ကင္မ္ထယ္ေယာင္းက မလႊတ္ေပးေသးေခ်။ သူ႕ရဲ႕ ရွက္စိတ္ၾကာင့္ မ်က္ရည္ေတြကလည္း ဆက္တိုက္ကို က်လာေတာ့မွာ ကင္မ္ထယ္ေယာင္းက လႊတ္ေပးသည္။ ဂ်ီမင္ ထယ္ယာင္းနဲ႕ ေဝးေအာင္အေနာက္သို႔ ဆုတ္လိုက္သည္။ ကင္မ္ထယ္ေယာင္းက ေအာက္ႏူတ္ခမ္းမွာ ေပါက္သြားတာမို႔ လွ်ာနဲ႕ထိုးလိုက္ၿပီး လက္မနဲ႕ သုတ္လိုက္သည္။
" ကိုယ့္ဟာကိုယ္ သိပ္ကာကြယ္နိင္တဲ့ အင္အားရွိတယ္မထင္နဲ႕ ၊ က်ဳပ္က ခင္ဗ်ားကို ပ်တ္ဆီးဖို႔ အစြမ္းအစရွိတယ္ဆိုတာ သိထား "
" လူယုတ္မာ "
" အာ့ ...ယုတ္မာတာေတြပါ ထပ္ျပရမလား ?"
သူ႕ေရွ႕ကို ထပ္တိုးလာေသာ ကင္မ္ထယ္ေယာင္းေၾကာင့္ ဂ်ီမင္ ခပ္ျမန္ျမန္ဆုတ္ရင္
" ဘာလုပ္ေနတာလဲ နစ္ေယာက္သား "
မင္ဟိုက ေရာက္လာေတာ့ ဂ်ီမင္လည္း တန္းထြက္သြားေလသည္။ မင္ဟိုသည္ ဂ်ီမင္ကို လိုက္ၾကည့္ရင္
" ဘာျဖစ္သြားတာလဲ ထယ္ေယာင္း ဂ်ီမင္က "
" သြားေမး "
ထယ္ေယာင္းက ကုတင္ေပၚတက္လွဲလိုက္ရင္ ေျပာလိုက္သည္။ မင္ဟိုလည္း ကင္မ္ထယ္ေယာင္ေဘးနားမွာ ၀င္လွဲရင္
" မင္းႏူတ္ခမ္းက ဘာျဖစ္သြားတာလဲ ..ခုနက အေကာင္းႀကီး "
" ရွင္းဟြာဆီက ဘာသတင္းရလဲ ?"
ကင္မ္ထယ္ေယာင္းသည္ မင္ဟိုကိုစကားလမ္းေၾကာင္းလႊဲလိုက္သည္။ ဂ်ီမင္နဲ႕ ဘာျဖစ္ခဲ့တယ္ဆိုတာကို သူ မေျပာခ်င္ပါ ။
" ေအး ..ဂ်ီမင္ရဲ႕ဒီဇိုင္းနဲ႕ တစ္ထပ္ထဲပဲ ၊ သူတို႔က ေနာက္နစ္ထြက္မွာကို ငါတို႔ထက္ အရင္ ေၾကျငာလိုက္ေတာ့ ငါတို႔ဘက္က ထုတ္ရင္ ခိုးတယ္လို႔ပဲ အေျပာခံရမွာပဲ "
ကင္မ္ထယ္ေယာင္း ေခါင္းညိတ္လိုက္သည္။
" ငါတို႔ဘက္ကေန ရွင္းဟြာကို ေရာင္းစားလိုက္တာလား ?"
မင္ဟိုတစ္ေယာက္ထဲ စဥ္းစားေနေလသည္။ ထယ္ေယာငကေတာ့ အေဖျပန္မေပးေပ ။
" ဒါေတာ့ ေျပာရခက္တယ္ ၊ ပတ္ဂ်ီမင္ကိုေရာ မင္းေမးၿပီးၿပီးလား ..ဘယ္သူ႕ကို ျပေသးလဲဆိုတာ "
" မေျပာတက္ဘူး ၊ သူ႕အေဖကိုေတာ့ အရင္ျပမွာေသခ်ာတယ္ ၊ သူ႕အေဖလည္း ျဖစ္နိင္တယ္ "
" အဲေတာ့ ငါတို႔ ဒီဇိုင္းကို ဖ်တ္သိမ္းလိုက္ရမလား ?"
" အင္း ..မဟုတ္ရင္ Company အတြက္ ဆိုးဝါးသြားမယ္ "
" မင္းကေတာ့ အၿမဲ ေျခတစ္လွမ္းေစာၿပီး သိေနေတာ့တာပဲ ၊ ဒါနဲ႕ ဘာလိုဂ်ီမင္အေဖလို႔ ထင္တာလဲ ?"
" ငါ့သူ႕အေၾကာင္းစုံစမ္းေနတယ္ ၊ ဒါေၾကာင့္သိတာ "
" ျပသာနာ ရွိလို႔လား ?"
" ဒါက ျပသာနာပဲေလ "
" မင္းဒယ္ဒီကို ေျပာသင့္တယ္ "
" အင္း ..အခ်ိန္သင့္ရင္ေပါ့ "
မင္ဟိုသည္ ကင္မ္ထယ္ေယာင္းေဘးနားက ဖန္ခြက္ကို ယူလိုက္ရင္ ဝိုင္ပုလင္းကိုယူကာ ဌဲ့လိုက္သည္။
" ဂ်ီမင္ေရာ ပါလား ?"
" သူက ငတုံး ၊ သူ႕အေဖရဲ႕ကိစၥကို ဘာမွမသိဘူး "
" ဒါဆို သူတိုက္ခန္း၀ယ္ဖို႔ကိစၥက မျဖစ္နိင္ဘူးေပါ့ "
" မင္းက ဘာလိုသိ "
ထယ္ေယာင္းက မင္ဟိုက ထူးဆန္းသလို မ်က္လုံးနဲ႕ၾကည့္ေတာ့
" ဟိုတစ္ပတ္က ငါအျပင္သြားေတာ့ ဂ်ီမင္နဲ႕ဆုံေတာ့ သိလိုက္တာပါ ၊ မင္းကို ေၾကာက္လို႔ျဖစ္မယ္ အသဲအသန္ကို ရွာေနတာ၊ သိပ္ေတာ့မစပါနဲ႕ကြာ ၊ အေမမရွိပဲ ႀကီးပ်င္းလာရတဲ့အထဲ မင္းကိုပါ လန႔္ေနရတာကေတာ့ "
" က်စ္ ..မင္းလစ္လိုက္ေတာ့ "
ကင္မ္ထယ္ေယာင္း ေမာင္းထုတ္လည္း မင္ဟိုတို႔က မျပန္ပါ ။ ဝိုင္းေသာက္ရင္ အလုပ္အေၾကာင္းစကားေျပာရင္နဲ႕ အခ်ိန္ကုန္ေလသည္။
ေနာက္ေန႕မနက္ေတာ့ သုံးေယာက္သား Roma Clan ပြဲေတာ္ကို ဂိုက္တစ္ေယာက္ကို ဌားကာ သြားေလသည္။ ဂ်ီမင္ကေတာ့ စကားမေျပာေပ။ မေန႕က ကိစၥေၾကာင့္ ေတာ္ေတာ္ေလးကို ေဒါသထြက္တာလား၊ ၀မ္းနည္းတာလား ..ဘာလားေတာ့မသိ မ်က္ႏွာတစ္ခုလုံးလည္း နီရဲၿပီး မ်က္ခုံးေတြလည္း မို႔ေနေလသည္။ ကင္မ္ထယ္ေယာင္း တစ္ခ်က္သာၾကည့္၍ ဘာတစ္လုံးမွ မေျပာေပ ။
မိဘေတြက သူတို႔ရဲ႕သမီးကို အလွေတြ ျပင္ဆင္ေပးကာ ထိုေနရာသို႔ပို႔ၿပီး ထိုပြဲေတာ္ကို လာတဲ့ အမ်ိဳးသားေတြက သေဘာက်ရင္ ႀကိဳက္ေဈးေပးကာ ၀ယ္လို႔ရေလသည္။ ထိုပြဲေတာ္မွာ တစ္ခ်ိဳ႕အမ်ိဳးသမီးေလးက ေရာင္းမထြက္ရင္ ၀မ္းနည္းမေနပဲ ပို၍ေတာင္ ၀မ္းသာေနေလသည္။
" ထယ္ေယာင္း ဒီတစ္ေယာက္မိုက္တယ္ "
မင္ဟိုထိုးျပတဲ့ေကာင္မေလးကို ၾကည့္လိုက္ေတာ့ လွတယ္ဆိုတာကိုတာ့၀န္ခံပါသည္။ ဒါ ေပမဲ့ သာမန္အလွေပ။ သူ႕မ်က္လုံးထဲမွာေတာ့ ဘယ္ေကာင္မေလးကိုမွ သေဘာမက်ေပ ။ ဒီက ေကာင္မေလးေတြကိုလည္း one night step ဆိုၿပီး ေခၚလို႔လဲ ရတာမဟုတ္ ။ လိုခ်င္တဲ့ေဈးေပးၿပီး အိမ္သူအျဖစ္ ေပါင္းသင္းရမွာေလ ။
ဂ်ီမင္ကေတာ့ ထယ္ေယာင္းတို႔အေနာက္မွာ တိတ္တိတ္ဆိတ္ဆိတ္နဲ႕ လိုက္ပါေလသည္။ ဂ်ီမင္ကေတာ့ သိပ္မသိပါ ။ ဂိုက္က ေျပာျပေတာ့မွ ေဈးေမးၿပီး ေကာင္မေလးေတြကို ၀ယ္ေနၾကမွန္း သိသည္။ ဒီရိုးရာဓေလ့က ဘယ္လိုႀကီးလဲ မသိေပမဲ့ ဒီေကာင္မေလးေတြကေရာ အခ်စ္မပါပဲ ဘယ္လိုတစ္သက္လုံး ေပါင္းသင္းေနနိင္ပါ့မလဲဆိုတာကိုေပါ့။ သူလိုက္ၾကည့္ေနရင္ ေကာင္မေလးငယ္ငယ္တစ္ေယာက္က သူ႕လက္ကို လာဆြဲရင္ စကားေျပာေလသည္။ သူေတာ့ နားမလည္ေပ ။ ထိုအခါ ကင္မ္ထယ္ေယာင္းက သူ႕လက္ကိုဆြဲထားတဲ့ ထိုေကာင္မေလးရဲ႕ လက္ကို ဆြဲျဖဳတ္လိုက္သည္။ ထိုအခါ မင္ဟိုကို ရွင္းျပေနတဲ့ ဂိုက္က ဂ်ီမင္တို႔နားဆီလာၿပီး ထိုေကာင္မေလးေလးနဲ႕ စကားေျပာသည္ ။
" အကိုင္ခံေနတာ ဘာလဲ ၀ယ္မလို႔လား ?"
ဂ်ီမင္ျပန္မေျပာေပ ။ မင္ဟိုနားကိုသာ သြားလိုက္သည္။ ကင္မ္ထယ္ေယာင္းသည္ ထိုသို႔လစ္လ်ဴ႐ူခံရေတာ့ သေဘာမက်ေပမဲ့လည္း လူၾကားထဲမွာမို႔ ဘာမွေတာ့မေျပာေခ် ။
" ဂ်ီမင္ေနေကာင္းလား ၿငိမ္ေနတယ္ေနာ္ "
" ေကာင္းပါတယ္ "
" ထယ္ေယာင္းကိစၥလား ..ဟိုကိစၥလား ?"
" ဟင့္ .."
ကင္မ္ထယ္ေယာင္းက သူတို႔ကိုထားၿပီး ဘယ္သြားလဲမသိပါ ။ သူတို႔နစ္ေယာက္ကေတာ့ ကားမွာ က်န္ခဲ့ေလသည္။
" ဂ်ီမင္ ဒါကိုၾကည့္လိုက္ ၊ အဲတာဆို သိလိမ့္မယ္ ၊ ကင္မ္ထယ္ေယာင္းကေတာ့ ေျပာမွာမဟုတ္ေပမဲ့ ဂ်ီမင္ကေတာ့ သိထားရမယ္ေလ "
မင္ဟိုက ဖုန္းကိုဖြင့္ကာ သူ႕ဆီကိုေပးသည္။ ရွင္းဟြာလုပ္ငန္းစုက သတင္းပင္ျဖစ္သည္။ နစ္စမွာအသစ္ထုတ္မဲ့ ဒီဇိုင္းေတြကိုျပတဲ့အခါ သူ႕ရဲ႕ ဒီဇိုင္းေတြက ပါေနေလသည္။ သူအံ့ဩသြားသည္။ ဘာလိုလုပ္ သူ႕ဒီဇိုင္းက ...။
" ဒီကိစၥေလးေတြရွိေနလို႔ ထယ္ေယာင္းဘက္က ခြင့္ျပခ်က္မေပးေသးတာပါ "
မင္ဟိုထင္လိုက္တာက မေန႕က ဒီကိစၥနဲ႕ပဲ ရန္ျဖစ္ၾကတယ္လို႔ ထင္မိခဲ့သည္။ တစ္ေယာက္နဲ႕တစ္ယာက္ ရန္ျဖစ္ခဲ့ၾကတယ္ထင္ပါရက္ႏူတ္ခမ္းေတြ ကြဲေနၾကတာ ။ ဒါေၾကာင့္ သူ၀င္ရွင္းေပးတာ ။
" ဒါက ဘာလို .."
" စုံစမ္းေနပါတယ္ ၊ ဂ်ီမင္ဘက္က ဒီအတိုင္းေနေပးရင္ေတာ့ ခုခ်ိန္ပိုၿပီးအဆင္ေျပလိမ့္မယ္ ၊ မဟုတ္ရင္ ဂ်ီမင္ကိုပါ ထိခိုက္လိမ့္မယ္ "
ဟိုတစ္ေယာက္ မေန႕က ဒီလိုေလးျပရင္ ဘာျဖစ္မွာမို႔လဲ ? ။ ဘယ္သူကေရာ ဘာေျပာမွာမို႔လဲ ? ။ မဟုတ္ပဲ လူကိုပဲ ျပသာနာ လာရွာေနတယ္ ။
" ကင္မ္ထယ္ေယာင္းဘက္ကလြန္ရင္ ကြၽန္ေတာ္ကပဲၾကားက ေတာင္းပန္ပါတယ္ ၊ ကင္မ္ထယ္ေယာင္းက စိတ္ဆက္ေပမဲ့ သေဘာေကာင္းပါတယ္ "
ဘာသေဘာေကာင္းတာလဲ ? ။ ႐ုပ္ခ်ာကတာလြဲရင္ ဘာမွ ေကာင္းတာ ရွိမေနဘူး ။ ဆိုးလိုက္တဲ့ အက်င့္စရိုက္ ။
" တစ္ခုခုသြားစားရေအာင္ "
ကင္မ္ထယ္ေယာင္းက ျပန္ေရာက္လာၿပီး ဂ်ီမင္ေဘးမွာ ၀င္ထိုင္ကာ ေျပာေလသည္။ ကားေမာင္းထြက္လိုက္ရင္ ဂိုက္လိုက္ျပတဲ့ ေဒသအစာအစားေတြကို လိုက္စားေလသည္။ နစ္ေယာက္လုံးကေတာ့ အစပ္စား၍မရေခ်။ ဟိုတယ္ကို ျပန္ေတာ့လည္း ကားေပၚမ်ာ ကင္မ္ထယ္ေယာင္းတစ္ေယာက္ ဘာစကားမွ မေျပာပဲ အိပ္လာေလသည္။ ဂ်ီမင္ကေတာ့ ႐ူခင္းေတြကိုသာ လိုက္ၾကည့္ေနမိေလသည္ ။
ဟိုတယ္ကိုျပန္ေရာက္ေတာ့လည္း မင္ဟိုက
" ထယ္ေယာင္း ႏူတ္ခမ္းကိုေဆးထည့္ ပ်င္း မေနနဲ႕ "
မင္ဟိုက လွမ္းသတိေပးလိုက္သည္။ ဂ်ီမင္လည္း ကိုယ့္အခန္းထဲကို ကိုယ္ျပန္၀င္လိုက္သည္။ ၿပီးေတာ့ သူ႕ဆီမွာရွိတဲ့ ေဆးကို ကင္မ္ထယ္ေယာင္းရဲ႕အခန္းေရွ႕မွာ သြားခ်ေပးကာ တံခါးေခါက္လိုက္ၿပီး အခန္းကို ျပန္ခဲ့လိုက္သည္။ သူ႕ရဲ႕ ျပသာနာက လူတစ္ေယာက္ကို လစ္လ်ဴမ႐ူနိင္တာျဖစ္သည္။ မုန္းရတဲ့လူျဖစ္ေနရင္ေတာင္ေပါ့ ။
(ၿမိဳ႕သိမ္းတိုက္ပြဲေတြကလည္း ျပင္းထန္လာတာမို႔ မလိုအင္ရင္ အျပင္မထြက္ၾကနဲ႕ေနာ္ ၊ စစ္သားေတြ၊ ရဲေတြ ၊႐ုံးေတြ ၊စခန္းနားေတြလည္း ေရွာင္ပါ )